𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်း...

By miss_candle

254K 20.8K 1.2K

အသက်ကိုသိပ်ချစ်၏>.< ‼️အချိုချည်းပါ၊ third wheel, childတွေပါလာနိုင်တာမို့ အဆင်ပြေမှဖတ်ပါရှင့်။ စာရေးသူ၏စိတ်ကူး... More

I
II
III
IV
V
VI
VII
VIII
IX
X
XI
XII
XIII
XIV
XV
XVI
XVII
XVIII
XIX
XX
XXII
XXIII
XXIV End
Extra (U)
Extra (Z)
please read>.<
ဖြေရှင်းခြင်း!!

XXI

6.2K 661 40
By miss_candle

Unicode

အပြန်လမ်းတစ်လျောက် ရှောင်းကျန့်ကရိပေါ်ရင်ခွင်ထဲမှီကာ အပြင်ကိုကြည့်နေသည်။ တစ်လမ်းလုံးမိုးအုပ်မှိုင်းလာပြီးမှာ မေဘယ်ပင်လမ်းကိုရောက်တဲ့အချိန်မှာ မိုးရွာချလာတော့သည်။ အစကတော့ လေနဲ့အတူမိုးဖွားလေးတွေပဲကျနေပေမယ့် အိမ်နားရောက်ဖို့အနည်းငယ်သာလှမ်းတော့တဲ့အချိန်မှာ မိုးသည်းထန်စွာရွာလာသည်။ မိုးချိုမ်းသံတွေကြောင့် ရှောင်းကျန့်ကလန့်လန့်သွားတော့ ရိပေါ်ကရှောင်းကျန့်ကိုတင်းနေအောင်ဖက်ထားပေးသည်။ ရှောင်းကျန့်အပြင်ကရွာသွန်းနေတဲ့မိုးရေတွေကိုကြည့်ပြီး တစ်ခုခုကိုတွေးမိသွားတယ်။ အဲဒါကိုရိပေါ်နဲ့အတူလုပ်ချင်တယ်။ ရှောင်းကျန့်ကယန်ယန်ကို ကားရပ်ခိုင်းလိုက်တော့ ရိပေါ်ကမေးလာသည်။

"ဘာလို့လဲအသက်ရဲ့ ဘာဖြစ်လို့လဲ"

ရှောင်းကျန့်ရိပေါ်မျက်နှာလေးကိုကြည့်ပြီး

"အိမ်ကလူ ကျွန်တော်နဲ့တူတူမိုးရေထဲလမ်းလျောက်ကြရအောင်"

ရှောင်းကျန့်စကားကြောင့် ရိပေါ်အံ့ဩသွားသည်။

"အသက် မိုးရေထဲလမ်းလျောက်လို့ဖျားရင်ဘယ်လိုလုပ်မလဲ မလျောက်နဲ့နော် အိမ်ရောက်ဖို့ကို လမ်းလျောက်မယ်ဆိုရင်ကြာဦးမှာ နော်"

ရိပေါ်ကချော့ပြောနေပေမယ့် ရှောင်းကျန့်ကနှုတ်ခမ်းလေးဆူကာ ခေါင်းခါပြပြီး

"ဟင့်အင်း သွားမယ် မလိုက်ချင်လဲ ကိုယ့်ဘာသာပဲသွားတော့မယ်"

ရှောင်းကျန့်ကစိတ်မြန်စွာပဲ ကားတံခါးကိုဖွင့်မလို့လက်လှမ်းနေတော့ ရိပေါ်လက်ကိုအမြန်ဆွဲပြီးတားကာ

"အသက်ရာ.. ဟုတ်ပြီဟုတ်ပြီ လျောက်ကြမယ်
ယန်ယန်သွားနှင့်တော့ အိမ်ကကောင်မလေးတွေကို ရေချိုးဖို့ရေနွေးအဆင်သင့်စပ်ထားပေးဖို့ပြောလိုက်"

"ဟုတ်ကဲ့သခင်ကြီး"

ရိပေါ်နဲ့ရှောင်းကျန့်ကားထဲကအပြင်ကိုထွက်လိုက်တာနဲ့ သူတို့ရဲ့ခန္ဓာကိုယ်ပေါ်အပြေးအလွှားရောက်လာတဲ့ မိုးရေစက်များကြောင့် တစ်ခနအတွင်းရွဲစိုကုန်သည်။ ရိပေါ်ကားတံခါးကိုပြန်ပိတ်ပေးလိုက်ပြီး ယန်ယန်ကိုလက်ပြလိုက်တော့ ယန်ယန်ကကားလေးကိုမောင်းထွက်သွားတော့သည်။

ကားလေးကိုကြည့်ပြီး ရှောင်းကျန့်ကရိပေါ်ရဲ့လက်ကိုဆုပ်ကိုင်လာသည်။ ရိပေါ်ကလဲရှောင်းကျန့်ရဲ့လက်ကိုသေချာပြန်ဆုပ်ကိုင်ကာ လမ်းတူတူလျောက်ခဲ့ကြသည်။ မိုးရေစက်တွေကိုသူတို့ခေါင်းပေါ်ကျနေပြီး မျက်နှာပေါ်စီးကျလာတယ်။ ရှောင်းကျန့်ကသူ့မျက်နှာကိုမော့လိုက်ပြီး မိုးရေစက်များကိုခံယူသည်။ မိုးရေစက်များကသူ့မျက်နှာပေါ်အလုအရက်ကျဆင်းလာတော့ ရှောင်းကျန့်မျက်နှာလေးကပြုံးလာတယ်။ သူအမြဲဒီခံစားချက်ကိုသိချင်ခဲ့တာ။ ရိပေါ်ကတော့ရှောင်းကျန့်ရဲ့ပြုံးနေတဲ့မျက်နှာလေးကိုကြည့်ပြီး သူ့နှုတ်ခမ်းကအလိုလိုတွန့်ကွေးသွားသည်။ ရှောင်းကျန့်ရဲ့အပြုံးကတင် သူ့ကိုစိတ်ခံစားချက်မြန်မြန်ပြောင်းလဲသွားစေနိုင်တယ်။ ခုနကထိသူ့စကားနားမထောင်လို့ ရှောင်းကျန့်ကိုစိတ်ဆိုးချင်နေတာ၊ ရှောင်းကျန့်ဒီလိုပြုံးနေတာမြင်တော့လဲ ရိပေါ်ရှောင်းကျန့်ဆန္ဒကိုလိုက်လျောမိလို့ ကျေနပ်သွားသလို။ ကျေနပ်နေပေမယ့်လဲ ရိပေါ်ရှောင်းကျန့်မဖျားဖို့တော့ မျှော်လင့်ရတယ်။

သူတို့နှစ်ယောက်လက်ချင်းတွဲပြီး ဘာစကားတစ်ခွန်းမှမဆိုပဲ လျောက်လာကြသည်။ တစ်နေရာရောက်တော့ရှောင်းကျန့်ကရိပေါ်လက်ကိုလွှတ်လိုက်ပြီး အရှေ့ကိုပြေးသွားကာ ရိပေါ်နဲ့ခပ်လှမ်းလှမ်းမှာရပ်ပြီး လက်နှစ်ဖက်ကိုဆန့်တန်းကာခေါင်းကိုမော့ပြီး ခန္ဓာကိုယ်ကိုသုံးလေးပတ်လောက်လှည့်ပြီး အော်ကာရယ်နေသည်။ ရိပေါ်အလွန်ပျော်နေတဲ့သူ့အသက်ကိုကြည့်ပြီး နေရာမှာတင်တောင့်တောင့်ကြီးရပ်နေမိတယ်။ ရှောင်းကျန့်ကအနောက်ကို ခန္ဓာကိုယ်လှည့်လိုက်ပြီး မိုးသံတွေနဲ့ဆူညံနေတာကြောင့်အော်ပြောလာသည်။

"အိမ်ကလူ!! လာ!!ကျွန်တော်နဲ့ကရအောင်"

ရှောင်းကျန့်ကအော်ပြီးတာနဲ့ ရယ်ကာလက်ယက်ခေါ်နေတာမို့ ရိပေါ်လဲခပ်ဟဟရယ်ကာရှောင်းကျန့်အနားကိုပြေးသွားပြီး ရှောင်းကျန့်ကိုခါးကနေမလိုက်ကာ နှစ်ပတ်လောက်လှည့်လိုက်သည်။ ရှောင်းကျန့်ကရိပေါ်ရဲ့ပုခုံးကိုဆုပ်ကိုင်ထားပြီး ရိပေါ်ရဲ့မျက်နှာကိုကြည့်ကာရယ်နေတော့တယ်။ ရိပေါ်ပြန်ချပေးလိုက်တော့ ရှောင်းကျန့်ရဲ့နှုတ်ကနေ သံစဉ်တစ်ခုကို ညီးနေသည်။ သူညီးနေတဲ့သံစဉ်က Yirumaရဲ့ river flows in youဆိုတဲ့ pianoသံစဉ်ကို ညီးနေခဲ့တာ။ pianoသံစဉ်ကို အသံနဲ့ညီးနေတာမို့ သံစဉ်ကသိပ်မပီပြင်ရင်တောင် ရှောင်းကျန့်ရဲ့ချိုချိုအေးအေးအသံလေးကြောင့် ငြိမ့်ငြိမ့်လေးဖြစ်နေသည်။ ရှောင်းကျန့်ပင်ပန်းတဲ့ချိန်မှာနားထောင်ဖြစ်တဲ့တစ်ခုတည်းသောmusicလေး။

ရှောင်းကျန့်ကသံစဉ်ကိုညီးကာ တစ်ယောက်ထဲငြိမ့်ငြိမ့်ညောင်းညောင်းလေးခန္ဓာကိုယ်ကိုရွေ့လျားနေတော့ ရိပေါ်ကရှောင်းကျန့်ရဲ့လှုပ်ရှားမှုတိုင်းကိုလိုက်ကြည့်နေသည်။ တစ်ခါတစ်ခါမြောက်တက်သွားတတ်တဲ့လက်ချောင်းသွယ်သွယ်လေးတွေ မိုးရေတွေစိုနေလို့ အင်္ကျီကကပ်နေကာ ထင်းနေတဲ့ခါးသေးသေးလေး ရိပေါ်တစ်မေ့တစ်မောကိုငေးကြည့်နေမိတာ။ ရှောင်းကျန့်ရဲ့ငြိမ့်ငြိမ့်လေးရွေ့လျားနေတဲ့ခန္ဓာကိုယ်လေး ရှောင်းကျန့်နှုတ်ကညီးနေတဲ့သံစဉ်ချိုချိုလေး မိုးရွာသံတဖျောက်ဖျောက် အရာရာကရိပေါ်ရဲ့ဝိညာဉ်ကိုဆွဲထုတ်နေသလိုပဲ။ အသက်ရှူဖို့တောင်မေ့နေတဲ့အထိ ရှောင်းကျန့်ကိုကြည့်နေမိတယ်။ လှတယ်၊ အိမ်ကလူရဲ့အသက်ကသိပ်ကိုလှတယ်။ မင်းကြောင့်တဖြေးဖြေးရူးတော့မယ်ထင်ပါတယ် ကလေးငယ်.....

ရှောင်းကျန့်တစ်ယောက်ထဲကနေရင်း ခနနေတော့ရိပေါ်ပါ ကပွဲအသေးလေးထဲဝင်ရောက်လာသည်။ ရိပေါ်ကရှောင်းကျန့်ကိုလက်ကမ်းပေးလိုက်တော့ ရှောင်းကျန့်ကသံစဉ်ညီးနေတာကိုမရပ်ပဲ ပြုံးနေရင်းပဲ ရိပေါ်လက်ထဲကိုသူ့လက်သေးသေးလေးထည့်လိုက်တယ်။ ရိပေါ်ကကိုင်ထားတဲ့ရှောင်းကျန့်ရဲ့လက်တစ်ဖက်ကိုမြောက်လိုက်တော့ ရှောင်းကျန့်ကသူ့ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်လိုက်သည်။ ပြီးနောက် ရှောင်းကျန့်ကရိိပေါ်ဘက်ကိုမကြည့်ပဲ နောက်လက်တစ်ဖက်ကိုကားလိုက်ပြီး ရိပေါ်ကသူကိုင်ထားတဲ့လက်တစ်ဖက်ကိုအားနဲ့ပြန်ဆွဲလိုက်တော့ အလိုက်သင့်လေးရှောင်းကျန့်ကပြန်ပါလာကာ ရိပေါ်ရဲ့ရင်ဘတ်နဲ့ရှောင်းကျန့်ရဲ့ရင်ဘတ်ကကပ်ရပ်လေး။

(အဲလိုကနေပြီး အနောက်ကပြန်ဆွဲတာပါ။ ရေးပြတာသေချာမပေါ်မှာဆိုးလို့ရယ်။)

ရိပေါ်ရောရှောင်းကျန့်ရောတစ်ယောက်မျက်လုံးတစ်ယောက်ကြည့်ပြီး နဖူးထိကာရယ်နေကြသည်။ နဖူးချင်းပြန်ခွာသွားတော့ ရိပေါ်ကရှောင်းကျန့်ရဲ့နှုတ်ခမ်းလေးကို စိုက်ကြည့်နေတယ်။ ရှောင်းကျန့်ကလဲရိပေါ်ရဲ့စိတ်ကိုသိနေတာမို့ သူ့ရဲ့လက်တွေကို ရိပေါ်ရဲ့လည်ပင်းမှာသိုင်းဖက်ကာ နေရာယူလိုက်သည်နှင့် ရိပေါ်ကရှောင်းကျန့်ရဲ့ခါးကိုတင်းနေအောင်ဖက်လာကာ နှုတ်ခမ်းနှစ်ခုကိုထိကပ်လိုက်သည်။ သူတို့နှစ်ယောက် မိုးရေတွေအတူ သည်းသည်းထန်ထန်ကိုအနမ်းတို့ကိုပေးနေကြတယ်။ တစ်ယောက်နဲ့တစ်ယောက်လွတ်ထွက်သွားမှာစိုးသည့်အလား တင်းကြပ်နေအောင်ဖက်ထားပြီး အနမ်းကြမ်းတွေကို မွတ်မွတ်သိပ်သိပ်နဲ့ပေးနေသည်။ လျှာချင်းရစ်နှောင်နေတော့ မိုးရေစက်တွေပါသူတို့ပါးစပ်ထဲဝင်ရောက်လာတယ်၊ သူတို့သိပေမယ့်အနမ်းကိုရပ်တန့်ဖို့လဲစိတ်မကူး။ နှစ်ယောက်လုံးအနမ်းကြမ်းတွေကြားမောဟိုက်လာတော့ ရိပေါ်ကလွှတ်ပေးလိုက်သည်။ ရှောင်းကျန့်ကအသက်လဲရှူရင်း ရိပေါ်ရဲ့မျက်နှာလေးကိုစိုက်ကြည့်နေပြီး နောက်ရိပေါ်ရဲ့ပါးလေးတစ်ဖက်ကိုသူ့လက်လေးနဲ့အုပ်ကိုင်ကာ ရိပေါ်ရဲ့နှုတ်ခမ်းကိုဖွဖွလေးထိကပ်လိုက်တယ်။ ပြီးနောက်သူတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်ကြပြန်သည်။ တစ်ခုမှရယ်စရာပါနေလို့မဟုတ်ပဲ ဒီတိုင်း..ဒီတိုင်းလေး ပီတိဖြစ်လို့ရယ်နေမိကြတာ။

ရုတ်တရက်ရိပေါ်ကရှောင်းကျန့်ကိုပွေ့ချီလိုက်ပြီး ခန္ဓာကိုယ်ကိုလှည့်ပြန်သည်။ ခေါင်းမမူးတဲ့အတိုင်း ရိပေါ်ကလှည့်ပဲလှည့်နေတော့တာ။ ရှောင်းကျန့်ကရိပေါ်ရဲ့ပုခုံးမှာမျက်နှာအပ်ပြီး ပြုတ်ကျမှာဆိုးလို့ ရိပေါ်ကိုအတင်းဖက်တွယ်ထားကာ ရယ်နေတော့တယ်။ ရိပေါ်ကရပ်လိုက်ပြီး မောနေတဲ့ပုံစံနဲ့အသက်ကိုရှူကာ ရှောင်းကျန့်ရဲ့မျက်နှာလေးကိုငုံ့ကြည့်နေပြီး ခနနေတော့မြေပြင်ပေါ်ချပေးလိုက်သည်။ ရှောင်းကျန့်ကရိပေါ်ရဲ့နဖူးလေးကိုဖွဖွလေးထိကပ်ကာနမ်းလိုက်တော့ ရိပေါ်ကရှောင်းကျန့်ကိုတင်းနေအောင်ဖက်လာတယ်။ ရိပေါ်ရဲ့နဖူးကိုရှောင်းကျန့်နမ်းတာဒါပထမဆုံးပဲ။ ဒီအနမ်းလေးကသိပ်ကိုအဖိုးတန်တယ်။

မိုးသံတွေနဲ့ဆူညံနေတဲ့ကြားကနေ ရှောင်းကျန့်ရဲ့အသံလေးထပ်ထွက်လာသည်။

"အိမ်ကလူ.."

"ဗျာ.."

"ချစ်ရဲ့လား"

"အရမ်းပဲပေါ့ဗျာ... ကျုပ်လေအသက်ကိုသိပ်ချစ်တာ...ပြီးတော့အသက်ကလဲကျုပ်အပိုင်ပဲ"

ရိပေါ်ရဲ့စကားကြောင့်ရှောင်းကျန့်ကပြုံးကာ ရိပေါ်ရဲ့လည်ပင်းကိုသိုင်းဖက်ပြီး ပုခုံးပေါ်ကိုမျက်နှာအပ်ထားသည်။ ရှောင်းကျန့်ငိုနေခဲ့မိတယ်၊ သူ့မျက်ရည်တွေမထိန်းထားနိုင်တော့ဘူး။ ကျေးဇူးတင်စရာကောင်းတာက မိုးရေတွေရွဲနေတာမို့ ရိပေါ်ကရှောင်းကျန့်ငိုနေမှန်းမသိပဲ ရှောင်းကျန့်ကိုသာပြန်ဖက်ထားသည်။ ရိပေါ်သာသိရင် အရူးမီးဝိုင်းတော့မှာ။ သူတို့မိုးရေထဲခနနေပြီးတာနဲ့ အိမ်သို့ပြန်လာလိုက်ကြသည်။

အိမ်ရောက်တာနဲ့ရှောင်းကျန့်နဲ့ရိပေါ် အိမ်အကူမလေးစပ်ပေးထားတဲ့ bathtubထဲကရေနွေးနွေးလေးထဲမှာ အဝတ်အစားတွေချွတ်ကာ ဝင်ထိုင်လိုက်ကြသည်။ ရေနွေးနွေးလေးမို့ နှစ်ယောက်လုံးအနွေးဓာတ်ကိုခံစားလိုက်ရပေမယ့် သူတို့တစ်ယောက်နဲ့တစ်ယောက်တင်းကျပ်အောင်ဖက်ထားပြီး ရလာတဲ့အနွေးဓာတ်ကိုမမှီဘူး။ ရိပေါ်ကရှောင်းကျန့်ကိုဖျားမှာဆိုးတာကြောင့် အကြာကြီးမချိုးခိုင်းပဲ နှစ်ယောက်သားမြန်မြန်ချိုးလိုက်ကြတယ်။ ရိပေါ်ကရှောင်းကျန့်ကို bathrobeနဲ့သေချာထုတ်ထားပြီး ကုတင်ပေါ်ချီကာတင်ထားလိုက်သည်။

ရိပေါ်သူ့ရဲ့အင်္ကျီပွပွနဲ့နွေးမယ့်တစ်ထည်ကိုထုတ်လိုက်ပြီး ဘောင်းဘီရှည်ကိုထုတ်ကာ ရှောင်းကျန့်ကိုဝတ်ပေးလိုက်ရင်း ခေါင်းကိုရေခြောက်အောင်သေချာသုတ်ပေးလိုက်ပြီး စောင်နဲ့ပတ်ပေးထားလိုက်သည်။ သူလဲနွေးမယ့်အဝတ်အစားကိုထုတ်ပြီးဝတ်လိုက်တယ်။ မနက်ဖြန်ရှောင်းကျန့်ဗီရိုဖွင့်ရင်သူတော့အဆူခံရတော့မှာ ကျိန်းသေတယ်၊ ဗီရိုထဲကနွေးမယ့်အဝတ်အစားရှာရင်း သူအဝတ်တွေဖွလိုက်မိပြီလေ။ ရိပေါ်ကုတင်ပေါ်ကစောင်တွေနဲ့အလုံထုတ်လေးဖြစ်နေတဲ့ရှောင်းကျန့်နားသွားပြီး

"ဒီတိုင်းလေးနေနော် ကျုပ်ပြန်လာခဲ့မယ်"

ရိပေါ်ကရှောင်းကျန့်ရဲ့ခေါင်းလေးကိုနမ်းပြီးပြောတော့ ရှောင်းကျန့်ကမျက်လုံးဝိုင်းလေးနဲ့ ရိပေါ်ကိုကြည့်ပြီးပြောတယ်။

"အိမ်ကလူ ခေါင်းသုတ်ဦးလေ"

ရေချိုးခါစဖြစ်နေတာရော မိုးရေထဲအကြာကြီးနေပြီးချမ်းနေတာကြောင့် ရှောင်းကျန့်ရဲ့မျက်လုံးလေးကအရည်လဲ့နေပြီး နားရွက်လေးနဲ့နှာခေါင်းလေးရဲကာ နှုတ်ခမ်းလေးကအနီဖျော့ရောင်လေးသမ်းနေတယ်။ ရိပေါ်တံတွေးမျိုချလိုက်မိတယ်။ ရှောင်းကျန့်ကအရမ်းချစ်ဖို့ကောင်းတာပဲ!!!

"အင်း..ပြန်လာရင်..သုတ်မယ်"

ရိပေါ်ကအသံကိုထိန်းရင်း အခန်းထဲကထွက်သွားသည်။ ရိပေါ်အိမ်အောက်ထပ်ရောက်တော့ ထမင်းစားခန်းထဲဝင်လိုက်ကာ ကြီးတော်မေကိုရှာလိုက်ပြီး

"ကြီးတော်မေ"

"သခင်ကြီး ထမင်းစားတော့မလား"

"မစားတော့ဘူး ကျုပ်တို့အပြင်ကစားခဲ့လိုက်တယ် နွားနို့နွေးနွေးလေးတစ်ခွက်လောက်ပေးပါ"

"သခင်လေးအတွက်လားသခင်ကြီး"

"ဟုတ်ကဲ့ သူအေးနေလို့နွေးသွားအောင်တိုက်မလို့"

ကြီးတော်မေ နွားနို့နွေးနွေးလေးတစ်ခွက်ဖျော်ပေးလိုက်ပြီး ရိပေါ်ကိုပေးလိုက်သည်။ ရိပေါ်နွားနို့ခွက်လေးကိုင်ကာ အိမ်ပေါ်တက်ကိုပြန်တက်လာလိုက်တယ်။ ရိပေါ်အခန်းထဲရောက်လို့ ရှောင်းကျန့်ကိုကြည့်တော့ ရှောင်းကျန့်ကကုတင်ပေါ်မှာပဲစောင်ပတ်ထားရက်နဲ့ အပြင်ကမိုးရွာတာကိုငေးနေသည်။ ရိပေါ်ရှောင်းကျန့်ဘေးမှာဝင်ထိုင်လိုက်ပြီး ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်လေးကိုဖက်လိုက်ကာ ရှောင်းကျန့်လက်ထဲနွားနို့ခွက်လေးကိုထည့်ပေးလိုက်တယ်။

"အသက် နွေးသွားအောင်သောက်လိုက်"

"အင်း ခေါင်းသုတ်ဦး"

ရှောင်းကျန့်ကနွားနို့ခွက်လေးကိုယူလိုက်ရင်း ရိပေါ်ကိုလဲသတိပေးရတယ်။ ဒီတိုင်းကြီးနေလို့ဖျားသွားရင်ဒုက္ခ။

ရိပေါ်ခေါင်းငြိမ့်ပြကာ တဘတ်တစ်ထည်ယူလိုက်ပြီး ခေါင်းကိုခြောက်အောင်သုတ်နေလိုက်သည်။ ရိပေါ်ခေါင်းခြောက်သွားတော့ ရှောင်းကျန့်အနောက်မှာဝင်ထိုင်လိုက်တယ်။ ရှောင်းကျန့်ကသူခြုံထားတဲ့စောင်ကိုဘေးကိုဖယ်လိုက်ပြီး ရိပေါ်ရင်ခွင်ထဲကိုမှီထားလိုက်တော့ ရိပေါ်ကရှောင်းကျန့်ကိုထွေးပွေ့ထားသည်။ သူတို့နှစ်ယောက်ဘာစကားမှမပြောပဲ ထိုအတိုင်းလေးတစ်နာရီနီးပါးလောက်နေနေကြတယ်။ ပုံမှန်ဆိုရှောင်းကျန့်ဒီလိုပုံစံနဲ့ အိပ်ပျော်သွားမှာပေမယ့် ခုတော့ရိပေါ်ရဲ့ရင်ခွင်ထဲကအနွေးဓာတ်နဲ့အိပ်ချင်စိတ်တစ်စက်မှမရှိ။ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကို ရှောင်းကျန့်ရဲ့အသံတိုးတိုးလေးနဲ့ဖြိုခွင်းတယ်။

"အိမ်ကလူ.."

"ဗျာ.."

"သီချင်းဆိုပြ"

ရိပေါ်ကရှောင်းကျန့်ကိုဖက်ထားရာကနေထသွားသည်။ ရှောင်းကျန့် ရိပေါ်ရဲ့ကျောပြင်ကျယ်ကြီးကို ငေးနေမိပြန်ရော။ ရိပေါ်ကသူ့စာကြည့်ခန်းထဲမှာထောင်ထားတဲ့ ဂီတာကိုသွားယူလာပြီး အခန်းထဲပြန်ဝင်လာသည်။ ရှောင်းကျန့်နောက်မှာဝင်ထိုင်လိုက်တော့ ရှောင်းကျန့်ကရိပေါ်နဲ့မျက်နှာချင်းဆိုင်လှည့်လာတယ်။ ရိပေါ်ကဂီတာမတီးတာကြာပြီမို့ ကြိုးကိုညှိရင်း ဂီတာအသံကိုစမ်းနေတယ်။ ရှောင်းကျန့်ကတော့ရိပေါ်လုပ်သမျှကို ဒီတိုင်းလေးပဲထိုင်ကြည့်နေမိတာ။ ဂီတာလဲကြိုးညှိပြီးပြီမို့ ရိပေါ်သံစဉ်တစ်ခုကိုတီးခတ်လိုက်တယ်။ ဒီသံစဉ်ကို ရှောင်းကျန့်သိနေတာကြောင့် အံ့ဩသွားသည်။ နှစ်တွေဘယ်လောက်ကြာကြာ မမေ့သွားနိုင်တဲ့သီချင်းကောင်းတစ်ပုဒ်။ ရိပေါ်ရဲ့အသံဩဩနဲ့ သီချင်းစဆိုလိုက်တဲ့အချိန်မှာ ရှောင်းကျန့်မပြုံးမိပဲကိုမနေနိုင်၊ တကယ်ကိုနားထောင်လို့ကောင်းတယ်။

"Wise men say...
Only fools rush in...
But I can't help falling in love with you...
Shall I stay?
Would it be a sin..
If I can't help falling in love with you..."

'Falling in love with you'ဆိုတဲ့နေရာမှာ ရှောင်းကျန့်ရဲ့မျက်လုံးကိုစိုက်ကြည့်ပြီးဆိုလာတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်မျက်နှာလေးရဲလို့။ သီချင်းတစ်ပုဒ်လုံးဆုံးသွားတော့ ရိပေါ်ကဂီတာလေးကိုပိုက်ပြီး ရှောင်းကျန့်ကိုပြုံးကာကြည့်နေတယ်။ ရှောင်းကျန့်လဲဖောဖောသီသီကိုပြုံးပြလိုက်ပြီး လက်ခုပ်လေးတီးနေတော့ ရိပေါ်ကအသဲယားကာရယ်ပြီး ရှောင်းကျန့်ခေါင်းလေးကိုဆွဲဖွတယ်။

"အသက်ရာ ချစ်ဖို့ကောင်းလိုက်တာ"

"ဟီးဟီး"

ရှောင်းကျန့်ကရိပေါ်မျက်နှာကိုကြည့်ပြီး သူ့ရှေ့သွားကြီးကြီးလေးတွေပေါ်သည်အထိရယ်ပြနေတော့ ရိပေါ်ကလဲဂီတာကိုပိုက်ကာ ရှောင်းကျန့်ကိုပြုံးရင်းကြည့်နေသည်။ သူ့အကြည့်တွေထဲမှာ မြတ်နိုးမှု တန်ဖိုးထားမှုတွေကိုအတိုင်းသားမြင်နေရတယ်။ တစ်ဘဝမှာတစ်ခါလောက်ချစ်မြတ်နိုးတတ်ခဲ့ရင် နာကျင်ရသည်ဖြစ်ဖြစ် ပျော်ရွင်ရသည်ဖြစ်ဖြစ် ထိုအချိန်ကာလဟာကြည်နူးစရာကောင်းတယ်ဆိုတာ အသေအချာပါပဲ။

ဆက်ရန်~~~~

Viewတွေvoteတွေကလျော့လာတော့ စိတ်ဓာတ်တွေကျလာတယ်>.< အချိုကြီးပဲဆိုတော့ ပျင်းသွားကြတယ်ထင်ပါတယ်:") ကော်မန့်တွေအာပီမပြန်လို့ဆိုပြီးစိတ်မဆိုးကြပါနဲ့နော် အကုန်လုံးမပြန်နိုင်ပေမယ့် တစ်ခုစီထိုင်ဖတ်တယ်ဆိုတာယုံပါ:3 အော်..ဒါနဲ့သီချင်းကလေ ဂလူးဂလူးမှာရှာတာ 1961မှာထွက်တာတဲ့ အခုက1953ပဲရှိသေးတော့ ထွက်ဖို့၈နှစ်လိုသေးပါတယ်•_•

Zawgyi

အျပန္လမ္းတစ္ေလ်ာက္ ေရွာင္းက်န႔္ကရိေပၚရင္ခြင္ထဲမွီကာ အျပင္ကိုၾကည့္ေနသည္။ တစ္လမ္းလုံးမိုးအုပ္မွိုင္းလာၿပီးမွာ ေမဘယ္ပင္လမ္းကိုေရာက္တဲ့အခ်ိန္မွာ မိုး႐ြာခ်လာေတာ့သည္။ အစကေတာ့ ေလနဲ႕အတူမိုးဖြားေလးေတြပဲက်ေနေပမယ့္ အိမ္နားေရာက္ဖို႔အနည္းငယ္သာလွမ္းေတာ့တဲ့အခ်ိန္မွာ မိုးသည္းထန္စြာ႐ြာလာသည္။ မိုးခ်ိဳမ္းသံေတြေၾကာင့္ ေရွာင္းက်န႔္ကလန႔္လန႔္သြားေတာ့ ရိေပၚကေရွာင္းက်န႔္ကိုတင္းေနေအာင္ဖက္ထားေပးသည္။ ေရွာင္းက်န႔္အျပင္က႐ြာသြန္းေနတဲ့မိုးေရေတြကိုၾကည့္ၿပီး တစ္ခုခုကိုေတြးမိသြားတယ္။ အဲဒါကိုရိေပၚနဲ႕အတူလုပ္ခ်င္တယ္။ ေရွာင္းက်န႔္ကယန္ယန္ကို ကားရပ္ခိုင္းလိုက္ေတာ့ ရိေပၚကေမးလာသည္။

"ဘာလို႔လဲအသက္ရဲ႕ ဘာျဖစ္လို႔လဲ"

ေရွာင္းက်န႔္ရိေပၚမ်က္ႏွာေလးကိုၾကည့္ၿပီး

"အိမ္ကလူ ကြၽန္ေတာ္နဲ႕တူတူမိုးေရထဲလမ္းေလ်ာက္ၾကရေအာင္"

ေရွာင္းက်န႔္စကားေၾကာင့္ ရိေပၚအံ့ဩသြားသည္။

"အသက္ မိုးေရထဲလမ္းေလ်ာက္လို႔ဖ်ားရင္ဘယ္လိုလုပ္မလဲ မေလ်ာက္နဲ႕ေနာ္ အိမ္ေရာက္ဖို႔ကို လမ္းေလ်ာက္မယ္ဆိုရင္ၾကာဦးမွာ ေနာ္"

ရိေပၚကေခ်ာ့ေျပာေနေပမယ့္ ေရွာင္းက်န႔္ကႏႈတ္ခမ္းေလးဆူကာ ေခါင္းခါျပၿပီး

"ဟင့္အင္း သြားမယ္ မလိုက္ခ်င္လဲ ကိုယ့္ဘာသာပဲသြားေတာ့မယ္"

ေရွာင္းက်န႔္ကစိတ္ျမန္စြာပဲ ကားတံခါးကိုဖြင့္မလို႔လက္လွမ္းေနေတာ့ ရိေပၚလက္ကိုအျမန္ဆြဲၿပီးတားကာ

"အသက္ရာ.. ဟုတ္ၿပီဟုတ္ၿပီ ေလ်ာက္ၾကမယ္
ယန္ယန္သြားႏွင့္ေတာ့ အိမ္ကေကာင္မေလးေတြကို ေရခ်ိဳးဖို႔ေရေႏြးအဆင္သင့္စပ္ထားေပးဖို႔ေျပာလိုက္"

"ဟုတ္ကဲ့သခင္ႀကီး"

ရိေပၚနဲ႕ေရွာင္းက်န႔္ကားထဲကအျပင္ကိုထြက္လိုက္တာနဲ႕ သူတို႔ရဲ႕ခႏၶာကိုယ္ေပၚအေျပးအလႊားေရာက္လာတဲ့ မိုးေရစက္မ်ားေၾကာင့္ တစ္ခနအတြင္း႐ြဲစိုကုန္သည္။ ရိေပၚကားတံခါးကိုျပန္ပိတ္ေပးလိုက္ၿပီး ယန္ယန္ကိုလက္ျပလိုက္ေတာ့ ယန္ယန္ကကားေလးကိုေမာင္းထြက္သြားေတာ့သည္။

ကားေလးကိုၾကည့္ၿပီး ေရွာင္းက်န႔္ကရိေပၚရဲ႕လက္ကိုဆုပ္ကိုင္လာသည္။ ရိေပၚကလဲေရွာင္းက်န႔္ရဲ႕လက္ကိုေသခ်ာျပန္ဆုပ္ကိုင္ကာ လမ္းတူတူေလ်ာက္ခဲ့ၾကသည္။ မိုးေရစက္ေတြကိုသူတို႔ေခါင္းေပၚက်ေနၿပီး မ်က္ႏွာေပၚစီးက်လာတယ္။ ေရွာင္းက်န႔္ကသူ႕မ်က္ႏွာကိုေမာ့လိုက္ၿပီး မိုးေရစက္မ်ားကိုခံယူသည္။ မိုးေရစက္မ်ားကသူ႕မ်က္ႏွာေပၚအလုအရက္က်ဆင္းလာေတာ့ ေရွာင္းက်န႔္မ်က္ႏွာေလးကၿပဳံးလာတယ္။ သူအၿမဲဒီခံစားခ်က္ကိုသိခ်င္ခဲ့တာ။ ရိေပၚကေတာ့ေရွာင္းက်န႔္ရဲ႕ၿပဳံးေနတဲ့မ်က္ႏွာေလးကိုၾကည့္ၿပီး သူ႕ႏႈတ္ခမ္းကအလိုလိုတြန႔္ေကြးသြားသည္။ ေရွာင္းက်န႔္ရဲ႕အၿပဳံးကတင္ သူ႕ကိုစိတ္ခံစားခ်က္ျမန္ျမန္ေျပာင္းလဲသြားေစနိုင္တယ္။ ခုနကထိသူ႕စကားနားမေထာင္လို႔ ေရွာင္းက်န႔္ကိုစိတ္ဆိုးခ်င္ေနတာ၊ ေရွာင္းက်န႔္ဒီလိုၿပဳံးေနတာျမင္ေတာ့လဲ ရိေပၚေရွာင္းက်န႔္ဆႏၵကိုလိုက္ေလ်ာမိလို႔ ေက်နပ္သြားသလို။ ေက်နပ္ေနေပမယ့္လဲ ရိေပၚေရွာင္းက်န႔္မဖ်ားဖို႔ေတာ့ ေမွ်ာ္လင့္ရတယ္။

သူတို႔ႏွစ္ေယာက္လက္ခ်င္းတြဲၿပီး ဘာစကားတစ္ခြန္းမွမဆိုပဲ ေလ်ာက္လာၾကသည္။ တစ္ေနရာေရာက္ေတာ့ေရွာင္းက်န႔္ကရိေပၚလက္ကိုလႊတ္လိုက္ၿပီး အေရွ႕ကိုေျပးသြားကာ ရိေပၚနဲ႕ခပ္လွမ္းလွမ္းမွာရပ္ၿပီး လက္ႏွစ္ဖက္ကိုဆန႔္တန္းကာေခါင္းကိုေမာ့ၿပီး ခႏၶာကိုယ္ကိုသုံးေလးပတ္ေလာက္လွည့္ၿပီး ေအာ္ကာရယ္ေနသည္။ ရိေပၚအလြန္ေပ်ာ္ေနတဲ့သူ႕အသက္ကိုၾကည့္ၿပီး ေနရာမွာတင္ေတာင့္ေတာင့္ႀကီးရပ္ေနမိတယ္။ ေရွာင္းက်န႔္ကအေနာက္ကို ခႏၶာကိုယ္လွည့္လိုက္ၿပီး မိုးသံေတြနဲ႕ဆူညံေနတာေၾကာင့္ေအာ္ေျပာလာသည္။

"အိမ္ကလူ!! လာ!!ကြၽန္ေတာ္နဲ႕ကရေအာင္"

ေရွာင္းက်န႔္ကေအာ္ၿပီးတာနဲ႕ ရယ္ကာလက္ယက္ေခၚေနတာမို႔ ရိေပၚလဲခပ္ဟဟရယ္ကာေရွာင္းက်န႔္အနားကိုေျပးသြားၿပီး ေရွာင္းက်န႔္ကိုခါးကေနမလိုက္ကာ ႏွစ္ပတ္ေလာက္လွည့္လိုက္သည္။ ေရွာင္းက်န႔္ကရိေပၚရဲ႕ပုခုံးကိုဆုပ္ကိုင္ထားၿပီး ရိေပၚရဲ႕မ်က္ႏွာကိုၾကည့္ကာရယ္ေနေတာ့တယ္။ ရိေပၚျပန္ခ်ေပးလိုက္ေတာ့ ေရွာင္းက်န႔္ရဲ႕ႏႈတ္ကေန သံစဥ္တစ္ခုကို ညီးေနသည္။ သူညီးေနတဲ့သံစဥ္က Yirumaရဲ႕ river flows in youဆိုတဲ့ pianoသံစဥ္ကို ညီးေနခဲ့တာ။ pianoသံစဥ္ကို အသံနဲ႕ညီးေနတာမို႔ သံစဥ္ကသိပ္မပီျပင္ရင္ေတာင္ ေရွာင္းက်န႔္ရဲ႕ခ်ိဳခ်ိဳေအးေအးအသံေလးေၾကာင့္ ၿငိမ့္ၿငိမ့္ေလးျဖစ္ေနသည္။ ေရွာင္းက်န႔္ပင္ပန္းတဲ့ခ်ိန္မွာနားေထာင္ျဖစ္တဲ့တစ္ခုတည္းေသာmusicေလး။

ေရွာင္းက်န႔္ကသံစဥ္ကိုညီးကာ တစ္ေယာက္ထဲၿငိမ့္ၿငိမ့္ေညာင္းေညာင္းေလးခႏၶာကိုယ္ကိုေ႐ြ႕လ်ားေနေတာ့ ရိေပၚကေရွာင္းက်န႔္ရဲ႕လႈပ္ရွားမႈတိုင္းကိုလိုက္ၾကည့္ေနသည္။ တစ္ခါတစ္ခါေျမာက္တက္သြားတတ္တဲ့လက္ေခ်ာင္းသြယ္သြယ္ေလးေတြ မိုးေရေတြစိုေနလို႔ အကၤ်ီကကပ္ေနကာ ထင္းေနတဲ့ခါးေသးေသးေလး ရိေပၚတစ္ေမ့တစ္ေမာကိုေငးၾကည့္ေနမိတာ။ ေရွာင္းက်န႔္ရဲ႕ၿငိမ့္ၿငိမ့္ေလးေ႐ြ႕လ်ားေနတဲ့ခႏၶာကိုယ္ေလး ေရွာင္းက်န႔္ႏႈတ္ကညီးေနတဲ့သံစဥ္ခ်ိဳခ်ိဳေလး မိုး႐ြာသံတေဖ်ာက္ေဖ်ာက္ အရာရာကရိေပၚရဲ႕ဝိညာဥ္ကိုဆြဲထုတ္ေနသလိုပဲ။ အသက္ရႉဖို႔ေတာင္ေမ့ေနတဲ့အထိ ေရွာင္းက်န႔္ကိုၾကည့္ေနမိတယ္။ လွတယ္၊ အိမ္ကလူရဲ႕အသက္ကသိပ္ကိုလွတယ္။ မင္းေၾကာင့္တေျဖးေျဖး႐ူးေတာ့မယ္ထင္ပါတယ္ ကေလးငယ္.....

ေရွာင္းက်န႔္တစ္ေယာက္ထဲကေနရင္း ခနေနေတာ့ရိေပၚပါ ကပြဲအေသးေလးထဲဝင္ေရာက္လာသည္။ ရိေပၚကေရွာင္းက်န႔္ကိုလက္ကမ္းေပးလိုက္ေတာ့ ေရွာင္းက်န႔္ကသံစဥ္ညီးေနတာကိုမရပ္ပဲ ၿပဳံးေနရင္းပဲ ရိေပၚလက္ထဲကိုသူ႕လက္ေသးေသးေလးထည့္လိုက္တယ္။ ရိေပၚကကိုင္ထားတဲ့ေရွာင္းက်န႔္ရဲ႕လက္တစ္ဖက္ကိုေျမာက္လိုက္ေတာ့ ေရွာင္းက်န႔္ကသူ႕ခႏၶာကိုယ္ကိုတစ္ပတ္လွည့္လိုက္သည္။ ၿပီးေနာက္ ေရွာင္းက်န႔္ကရိိေပၚဘက္ကိုမၾကည့္ပဲ ေနာက္လက္တစ္ဖက္ကိုကားလိုက္ၿပီး ရိေပၚကသူကိုင္ထားတဲ့လက္တစ္ဖက္ကိုအားနဲ႕ျပန္ဆြဲလိုက္ေတာ့ အလိုက္သင့္ေလးေရွာင္းက်န႔္ကျပန္ပါလာကာ ရိေပၚရဲ႕ရင္ဘတ္နဲ႕ေရွာင္းက်န႔္ရဲ႕ရင္ဘတ္ကကပ္ရပ္ေလး။

(အဲလိုကေနၿပီး အေနာက္ကျပန္ဆြဲတာပါ။ ေရးျပတာေသခ်ာမေပၚမွာဆိုးလို႔ရယ္။)

ရိေပၚေရာေရွာင္းက်န႔္ေရာတစ္ေယာက္မ်က္လုံးတစ္ေယာက္ၾကည့္ၿပီး နဖူးထိကာရယ္ေနၾကသည္။ နဖူးခ်င္းျပန္ခြာသြားေတာ့ ရိေပၚကေရွာင္းက်န႔္ရဲ႕ႏႈတ္ခမ္းေလးကို စိုက္ၾကည့္ေနတယ္။ ေရွာင္းက်န႔္ကလဲရိေပၚရဲ႕စိတ္ကိုသိေနတာမို႔ သူ႕ရဲ႕လက္ေတြကို ရိေပၚရဲ႕လည္ပင္းမွာသိုင္းဖက္ကာ ေနရာယူလိုက္သည္ႏွင့္ ရိေပၚကေရွာင္းက်န႔္ရဲ႕ခါးကိုတင္းေနေအာင္ဖက္လာကာ ႏႈတ္ခမ္းႏွစ္ခုကိုထိကပ္လိုက္သည္။ သူတို႔ႏွစ္ေယာက္ မိုးေရေတြအတူ သည္းသည္းထန္ထန္ကိုအနမ္းတို႔ကိုေပးေနၾကတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္လြတ္ထြက္သြားမွာစိုးသည့္အလား တင္းၾကပ္ေနေအာင္ဖက္ထားၿပီး အနမ္းၾကမ္းေတြကို မြတ္မြတ္သိပ္သိပ္နဲ႕ေပးေနသည္။ လွ်ာခ်င္းရစ္ေႏွာင္ေနေတာ့ မိုးေရစက္ေတြပါသူတို႔ပါးစပ္ထဲဝင္ေရာက္လာတယ္၊ သူတို႔သိေပမယ့္အနမ္းကိုရပ္တန႔္ဖို႔လဲစိတ္မကူး။ ႏွစ္ေယာက္လုံးအနမ္းၾကမ္းေတြၾကားေမာဟိုက္လာေတာ့ ရိေပၚကလႊတ္ေပးလိုက္သည္။ ေရွာင္းက်န႔္ကအသက္လဲရႉရင္း ရိေပၚရဲ႕မ်က္ႏွာေလးကိုစိုက္ၾကည့္ေနၿပီး ေနာက္ရိေပၚရဲ႕ပါးေလးတစ္ဖက္ကိုသူ႕လက္ေလးနဲ႕အုပ္ကိုင္ကာ ရိေပၚရဲ႕ႏႈတ္ခမ္းကိုဖြဖြေလးထိကပ္လိုက္တယ္။ ၿပီးေနာက္သူတို႔တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး ရယ္ၾကျပန္သည္။ တစ္ခုမွရယ္စရာပါေနလို႔မဟုတ္ပဲ ဒီတိုင္း..ဒီတိုင္းေလး ပီတိျဖစ္လို႔ရယ္ေနမိၾကတာ။

႐ုတ္တရက္ရိေပၚကေရွာင္းက်န႔္ကိုေပြ႕ခ်ီလိုက္ၿပီး ခႏၶာကိုယ္ကိုလွည့္ျပန္သည္။ ေခါင္းမမူးတဲ့အတိုင္း ရိေပၚကလွည့္ပဲလွည့္ေနေတာ့တာ။ ေရွာင္းက်န႔္ကရိေပၚရဲ႕ပုခုံးမွာမ်က္ႏွာအပ္ၿပီး ျပဳတ္က်မွာဆိုးလို႔ ရိေပၚကိုအတင္းဖက္တြယ္ထားကာ ရယ္ေနေတာ့တယ္။ ရိေပၚကရပ္လိုက္ၿပီး ေမာေနတဲ့ပုံစံနဲ႕အသက္ကိုရႉကာ ေရွာင္းက်န႔္ရဲ႕မ်က္ႏွာေလးကိုငုံ႕ၾကည့္ေနၿပီး ခနေနေတာ့ေျမျပင္ေပၚခ်ေပးလိုက္သည္။ ေရွာင္းက်န႔္ကရိေပၚရဲ႕နဖူးေလးကိုဖြဖြေလးထိကပ္ကာနမ္းလိုက္ေတာ့ ရိေပၚကေရွာင္းက်န႔္ကိုတင္းေနေအာင္ဖက္လာတယ္။ ရိေပၚရဲ႕နဖူးကိုေရွာင္းက်န႔္နမ္းတာဒါပထမဆုံးပဲ။ ဒီအနမ္းေလးကသိပ္ကိုအဖိုးတန္တယ္။

မိုးသံေတြနဲ႕ဆူညံေနတဲ့ၾကားကေန ေရွာင္းက်န႔္ရဲ႕အသံေလးထပ္ထြက္လာသည္။

"အိမ္ကလူ.."

"ဗ်ာ.."

"ခ်စ္ရဲ႕လား"

"အရမ္းပဲေပါ့ဗ်ာ... က်ဳပ္ေလအသက္ကိုသိပ္ခ်စ္တာ...ၿပီးေတာ့အသက္ကလဲက်ဳပ္အပိုင္ပဲ"

ရိေပၚရဲ႕စကားေၾကာင့္ေရွာင္းက်န႔္ကၿပဳံးကာ ရိေပၚရဲ႕လည္ပင္းကိုသိုင္းဖက္ၿပီး ပုခုံးေပၚကိုမ်က္ႏွာအပ္ထားသည္။ ေရွာင္းက်န႔္ငိုေနခဲ့မိတယ္၊ သူ႕မ်က္ရည္ေတြမထိန္းထားနိုင္ေတာ့ဘူး။ ေက်းဇူးတင္စရာေကာင္းတာက မိုးေရေတြ႐ြဲေနတာမို႔ ရိေပၚကေရွာင္းက်န႔္ငိုေနမွန္းမသိပဲ ေရွာင္းက်န႔္ကိုသာျပန္ဖက္ထားသည္။ ရိေပၚသာသိရင္ အ႐ူးမီးဝိုင္းေတာ့မွာ။ သူတို႔မိုးေရထဲခနေနၿပီးတာနဲ႕ အိမ္သို႔ျပန္လာလိုက္ၾကသည္။

အိမ္ေရာက္တာနဲ႕ေရွာင္းက်န႔္နဲ႕ရိေပၚ အိမ္အကူမေလးစပ္ေပးထားတဲ့ bathtubထဲကေရေႏြးေႏြးေလးထဲမွာ အဝတ္အစားေတြခြၽတ္ကာ ဝင္ထိုင္လိုက္ၾကသည္။ ေရေႏြးေႏြးေလးမို႔ ႏွစ္ေယာက္လုံးအေႏြးဓာတ္ကိုခံစားလိုက္ရေပမယ့္ သူတို႔တစ္ေယာက္နဲ႕တစ္ေယာက္တင္းက်ပ္ေအာင္ဖက္ထားၿပီး ရလာတဲ့အေႏြးဓာတ္ကိုမမွီဘူး။ ရိေပၚကေရွာင္းက်န႔္ကိုဖ်ားမွာဆိုးတာေၾကာင့္ အၾကာႀကီးမခ်ိဳးခိုင္းပဲ ႏွစ္ေယာက္သားျမန္ျမန္ခ်ိဳးလိုက္ၾကတယ္။ ရိေပၚကေရွာင္းက်န႔္ကို bathrobeနဲ႕ေသခ်ာထုတ္ထားၿပီး ကုတင္ေပၚခ်ီကာတင္ထားလိုက္သည္။

ရိေပၚသူ႕ရဲ႕အကၤ်ီပြပြနဲ႕ေႏြးမယ့္တစ္ထည္ကိုထုတ္လိုက္ၿပီး ေဘာင္းဘီရွည္ကိုထုတ္ကာ ေရွာင္းက်န႔္ကိုဝတ္ေပးလိုက္ရင္း ေခါင္းကိုေရေျခာက္ေအာင္ေသခ်ာသုတ္ေပးလိုက္ၿပီး ေစာင္နဲ႕ပတ္ေပးထားလိုက္သည္။ သူလဲေႏြးမယ့္အဝတ္အစားကိုထုတ္ၿပီးဝတ္လိုက္တယ္။ မနက္ျဖန္ေရွာင္းက်န႔္ဗီရိုဖြင့္ရင္သူေတာ့အဆူခံရေတာ့မွာ က်ိန္းေသတယ္၊ ဗီရိုထဲကေႏြးမယ့္အဝတ္အစားရွာရင္း သူအဝတ္ေတြဖြလိုက္မိၿပီေလ။ ရိေပၚကုတင္ေပၚကေစာင္ေတြနဲ႕အလုံထုတ္ေလးျဖစ္ေနတဲ့ေရွာင္းက်န႔္နားသြားၿပီး

"ဒီတိုင္းေလးေနေနာ္ က်ဳပ္ျပန္လာခဲ့မယ္"

ရိေပၚကေရွာင္းက်န႔္ရဲ႕ေခါင္းေလးကိုနမ္းၿပီးေျပာေတာ့ ေရွာင္းက်န႔္ကမ်က္လုံးဝိုင္းေလးနဲ႕ ရိေပၚကိုၾကည့္ၿပီးေျပာတယ္။

"အိမ္ကလူ ေခါင္းသုတ္ဦးေလ"

ေရခ်ိဳးခါစျဖစ္ေနတာေရာ မိုးေရထဲအၾကာႀကီးေနၿပီးခ်မ္းေနတာေၾကာင့္ ေရွာင္းက်န႔္ရဲ႕မ်က္လုံးေလးကအရည္လဲ့ေနၿပီး နား႐ြက္ေလးနဲ႕ႏွာေခါင္းေလးရဲကာ ႏႈတ္ခမ္းေလးကအနီေဖ်ာ့ေရာင္ေလးသမ္းေနတယ္။ ရိေပၚတံေတြးမ်ိဳခ်လိဳက္မိတယ္။ ေရွာင္းက်န႔္ကအရမ္းခ်စ္ဖို႔ေကာင္းတာပဲ!!!

"အင္း..ျပန္လာရင္..သုတ္မယ္"

ရိေပၚကအသံကိုထိန္းရင္း အခန္းထဲကထြက္သြားသည္။ ရိေပၚအိမ္ေအာက္ထပ္ေရာက္ေတာ့ ထမင္းစားခန္းထဲဝင္လိုက္ကာ ႀကီးေတာ္ေမကိုရွာလိုက္ၿပီး

"ႀကီးေတာ္ေမ"

"သခင္ႀကီး ထမင္းစားေတာ့မလား"

"မစားေတာ့ဘူး က်ဳပ္တို႔အျပင္ကစားခဲ့လိုက္တယ္ ႏြားနို႔ေႏြးေႏြးေလးတစ္ခြက္ေလာက္ေပးပါ"

"သခင္ေလးအတြက္လားသခင္ႀကီး"

"ဟုတ္ကဲ့ သူေအးေနလို႔ေႏြးသြားေအာင္တိုက္မလို႔"

ႀကီးေတာ္ေမ ႏြားနို႔ေႏြးေႏြးေလးတစ္ခြက္ေဖ်ာ္ေပးလိုက္ၿပီး ရိေပၚကိုေပးလိုက္သည္။ ရိေပၚႏြားနို႔ခြက္ေလးကိုင္ကာ အိမ္ေပၚတက္ကိုျပန္တက္လာလိုက္တယ္။ ရိေပၚအခန္းထဲေရာက္လို႔ ေရွာင္းက်န႔္ကိုၾကည့္ေတာ့ ေရွာင္းက်န႔္ကကုတင္ေပၚမွာပဲေစာင္ပတ္ထားရက္နဲ႕ အျပင္ကမိုး႐ြာတာကိုေငးေနသည္။ ရိေပၚေရွာင္းက်န႔္ေဘးမွာဝင္ထိုင္လိုက္ၿပီး ေရွာင္းက်န႔္ရဲ႕ခႏၶာကိုယ္ေလးကိုဖက္လိုက္ကာ ေရွာင္းက်န႔္လက္ထဲႏြားနို႔ခြက္ေလးကိုထည့္ေပးလိုက္တယ္။

"အသက္ ေႏြးသြားေအာင္ေသာက္လိုက္"

"အင္း ေခါင္းသုတ္ဦး"

ေရွာင္းက်န႔္ကႏြားနို႔ခြက္ေလးကိုယူလိုက္ရင္း ရိေပၚကိုလဲသတိေပးရတယ္။ ဒီတိုင္းႀကီးေနလို႔ဖ်ားသြားရင္ဒုကၡ။

ရိေပၚေခါင္းၿငိမ့္ျပကာ တဘတ္တစ္ထည္ယူလိုက္ၿပီး ေခါင္းကိုေျခာက္ေအာင္သုတ္ေနလိုက္သည္။ ရိေပၚေခါင္းေျခာက္သြားေတာ့ ေရွာင္းက်န႔္အေနာက္မွာဝင္ထိုင္လိုက္တယ္။ ေရွာင္းက်န႔္ကသူၿခဳံထားတဲ့ေစာင္ကိုေဘးကိုဖယ္လိုက္ၿပီး ရိေပၚရင္ခြင္ထဲကိုမွီထားလိုက္ေတာ့ ရိေပၚကေရွာင္းက်န႔္ကိုေထြးေပြ႕ထားသည္။ သူတို႔ႏွစ္ေယာက္ဘာစကားမွမေျပာပဲ ထိုအတိုင္းေလးတစ္နာရီနီးပါးေလာက္ေနေနၾကတယ္။ ပုံမွန္ဆိုေရွာင္းက်န႔္ဒီလိုပုံစံနဲ႕ အိပ္ေပ်ာ္သြားမွာေပမယ့္ ခုေတာ့ရိေပၚရဲ႕ရင္ခြင္ထဲကအေႏြးဓာတ္နဲ႕အိပ္ခ်င္စိတ္တစ္စက္မွမရွိ။ တိတ္ဆိတ္ေနတဲ့ပတ္ဝန္းက်င္ကို ေရွာင္းက်န႔္ရဲ႕အသံတိုးတိုးေလးနဲ႕ၿဖိဳခြင္းတယ္။

"အိမ္ကလူ.."

"ဗ်ာ.."

"သီခ်င္းဆိုျပ"

ရိေပၚကေရွာင္းက်န႔္ကိုဖက္ထားရာကေနထသြားသည္။ ေရွာင္းက်န႔္ ရိေပၚရဲ႕ေက်ာျပင္က်ယ္ႀကီးကို ေငးေနမိျပန္ေရာ။ ရိေပၚကသူ႕စာၾကည့္ခန္းထဲမွာေထာင္ထားတဲ့ ဂီတာကိုသြားယူလာၿပီး အခန္းထဲျပန္ဝင္လာသည္။ ေရွာင္းက်န႔္ေနာက္မွာဝင္ထိုင္လိုက္ေတာ့ ေရွာင္းက်န႔္ကရိေပၚနဲ႕မ်က္ႏွာခ်င္းဆိုင္လွည့္လာတယ္။ ရိေပၚကဂီတာမတီးတာၾကာၿပီမို႔ ႀကိဳးကိုညွိရင္း ဂီတာအသံကိုစမ္းေနတယ္။ ေရွာင္းက်န႔္ကေတာ့ရိေပၚလုပ္သမွ်ကို ဒီတိုင္းေလးပဲထိုင္ၾကည့္ေနမိတာ။ ဂီတာလဲႀကိဳးညွိၿပီးၿပီမို႔ ရိေပၚသံစဥ္တစ္ခုကိုတီးခတ္လိုက္တယ္။ ဒီသံစဥ္ကို ေရွာင္းက်န႔္သိေနတာေၾကာင့္ အံ့ဩသြားသည္။ ႏွစ္ေတြဘယ္ေလာက္ၾကာၾကာ မေမ့သြားနိုင္တဲ့သီခ်င္းေကာင္းတစ္ပုဒ္။ ရိေပၚရဲ႕အသံဩဩနဲ႕ သီခ်င္းစဆိုလိုက္တဲ့အခ်ိန္မွာ ေရွာင္းက်န႔္မၿပဳံးမိပဲကိုမေနနိုင္၊ တကယ္ကိုနားေထာင္လို႔ေကာင္းတယ္။

"Wise men say...
Only fools rush in...
But I can't help falling in love with you...
Shall I stay?
Would it be a sin..
If I can't help falling in love with you..."

'Falling in love with you'ဆိုတဲ့ေနရာမွာ ေရွာင္းက်န႔္ရဲ႕မ်က္လုံးကိုစိုက္ၾကည့္ၿပီးဆိုလာတဲ့ရိေပၚေၾကာင့္ ေရွာင္းက်န႔္မ်က္ႏွာေလးရဲလို႔။ သီခ်င္းတစ္ပုဒ္လုံးဆုံးသြားေတာ့ ရိေပၚကဂီတာေလးကိုပိုက္ၿပီး ေရွာင္းက်န႔္ကိုၿပဳံးကာၾကည့္ေနတယ္။ ေရွာင္းက်န႔္လဲေဖာေဖာသီသီကိုၿပဳံးျပလိုက္ၿပီး လက္ခုပ္ေလးတီးေနေတာ့ ရိေပၚကအသဲယားကာရယ္ၿပီး ေရွာင္းက်န႔္ေခါင္းေလးကိုဆြဲဖြတယ္။

"အသက္ရာ ခ်စ္ဖို႔ေကာင္းလိုက္တာ"

"ဟီးဟီး"

ေရွာင္းက်န႔္ကရိေပၚမ်က္ႏွာကိုၾကည့္ၿပီး သူ႕ေရွ႕သြားႀကီးႀကီးေလးေတြေပၚသည္အထိရယ္ျပေနေတာ့ ရိေပၚကလဲဂီတာကိုပိုက္ကာ ေရွာင္းက်န႔္ကိုၿပဳံးရင္းၾကည့္ေနသည္။ သူ႕အၾကည့္ေတြထဲမွာ ျမတ္နိုးမႈ တန္ဖိုးထားမႈေတြကိုအတိုင္းသားျမင္ေနရတယ္။ တစ္ဘဝမွာတစ္ခါေလာက္ခ်စ္ျမတ္နိုးတတ္ခဲ့ရင္ နာက်င္ရသည္ျဖစ္ျဖစ္ ေပ်ာ္႐ြင္ရသည္ျဖစ္ျဖစ္ ထိုအခ်ိန္ကာလဟာၾကည္ႏူးစရာေကာင္းတယ္ဆိုတာ အေသအခ်ာပါပဲ။

ဆက္ရန္~~~~

Viewေတြvoteေတြကေလ်ာ့လာေတာ့ စိတ္ဓာတ္ေတြက်လာတယ္>.< အခ်ိဳႀကီးပဲဆိုေတာ့ ပ်င္းသြားၾကတယ္ထင္ပါတယ္:") ေကာ္မန႔္ေတြအာပီမျပန္လို႔ဆိုၿပီးစိတ္မဆိုးၾကပါနဲ႕ေနာ္ အကုန္လုံးမျပန္နိုင္ေပမယ့္ တစ္ခုစီထိုင္ဖတ္တယ္ဆိုတာယုံပါ:3 ေအာ္..ဒါနဲ႕သီခ်င္းကေလ ဂလူးဂလူးမွာရွာတာ 1961မွာထြက္တာတဲ့ အခုက1953ပဲရွိေသးေတာ့ ထြက္ဖို႔၈ႏွစ္လိုေသးပါတယ္•_•

Continue Reading

You'll Also Like

711K 51.8K 46
wang yibo💚 ခင္​ဗ်ားတု႔ိ သိၾကလားကြၽန္​​ေတာ္​ကအတၱႀကီးၿပီး အခ်စ္​န႔ဲအမုန္​းကုိမခြဲျခားတတ္​တ့ဲ အခ်စ္​႐ႈံးသမားဆုိတာ..... ခင်ဗျားတို့သိကြလားကျွန်တော်ကအတ္တ...
162K 10.9K 34
သူ့လိုလူကမြင်မြင်ခြင်းအချစ်မှာကျရှုံးလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ခဲ့ဖူးဘူး.....။မျက်လုံးတောက်တောက်လေးတွေကိုကြည့်မိလိုက်တဲ့ပထမဆုံးတွေ့ဆုံမှုကတည်းကချစ်...
99.3K 7.5K 17
Daddy ကလေ papa ရဲ့ အချစ်တွေအားလုံးကို တစ်ယောက်တည်းလိုချင်နေတာသိလား သားသားကို papaက မွ မွ ပေးရင်တောင် မနာလိုနေတာ အဲ့တော့ သားသားကလည်း daddyကို ပါးပ...
424K 88.7K 106
මේ ලෝකෙ කැතයි කියලා පාටක් නෑ... හැම පාටම ලස්සනයි.... ඔයා සුදු පාටට ආසයි... මම කලුපාටට ආසයි... සරලයි ... ඔයා ආස දේ මම ආස දේ නොවෙන්න පුලුවන් ... ඒත් මම...