แ€™แ€Šแ€บแ€ธแ€”แ€€แ€บแ€›แ€€แ€บแ€…แ€€แ€บแ€žแ€ฑแ€ฌแ€’แ€ฏแ€แ€ญแ€šแ€‡แ€ฌแ€แ€บแ€œแ€ญแ€ฏแ€€...

By ma_roses_are_blue

86.5K 10.3K 163

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy ๊น€๋ฝ€์‚ Artist(s) Sol (solminator0) Yea... More

Description
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ€แ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚แ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚แ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚แˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚แ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒแ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒแ)
Notice
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒแ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒแƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒแ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒแ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒแ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒแ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒแˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒแ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„แ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„แ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„แˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„แ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…แ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…แ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…แˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…แ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†แ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†แ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†แˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†แ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡แ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡แ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡แˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡แ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แˆแ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แˆแ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แˆแ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แˆแƒ)
๐Ÿซถ

แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ)

1.3K 134 2
By ma_roses_are_blue

"လေဒီ ပါနေးရား မင်းအဆင်ပြေရဲ့လား"
တံခါးအပြင်ဘက်က လုရှန်ရဲ့အသံကိုကြားလိုက်ရတဲ့အခိုက်အတန့် သူမနှလုံး အနည်းငယ် ခုန်လာခဲ့သည်

'ငါ့ကိုဘယ်အချိန်သတ်မလဲဆိုတာ မသိတဲ့တစုံတယောက်အတွက် ငါဒီလိုလုပ်သင့်ရဲ့လား'
သတိမထားမိလိုက်ပါပဲ သူမခန္ဓာကိုယ်က ၀မ်းနည်းစွာ တုန်လှုပ်လာခဲ့သည်

တခါထဲ လုရှန်အသံက ၀င်လာခဲ့ပြန်သည်

"လေဒီပါနေးရား မင်းစိတ်ထဲမထားရင် ကိုယ် ခဏလောက်၀င်လာလို့ရမလား"
သူမ မြန်မြန်ပြန်ဖြေလိုက်သည်

"မရဘူး"
“……..”
သူမ အထက်စီးဆန်နေသလိုပုံပေါက်နေတယ်လို့တွေးမိပြီး မြန်မြန်ထပ်ပေါင်းပြောလိုက်သည်

"ကျွန်မက အခုရှုပ်ပွနေတာ"
သူမလိမ်နေခြင်းမဟုတ်ပေ

သေချာတာပေါ့ အန်နီ စံအိမ်ကနေ အဝေးရောက်နေတဲ့ အချိန်အတွင်း ညစ်ပတ်စုတ်ပြတ်လာခဲ့ခြင်းမဟုတ်ပေ ဒါပေမဲ့ သူမအခန်းထဲမှာ ရက်အတော်အကြာအောင်းနေတာကြောင့် သူမရဲ့ပုံပန်းက သိပ်ကြည့်ကောင်းမနေပေ

"ကျွန်မ ရှင့်ကို အကြောင်းပြချက်ကောင်းကောင်းပေးပြီးပြီ ဒါကြောင့် ကျေးဇူးပြုပြီး ပြန်လိုက်ပါတော့"

သူမပြင်ပြင်းထန်ထန်မျှော်လင့်နေခဲ့သည် ဒါပေမဲ့ သူက မမျှော်လင့်ထားသော တစ်စုံတစ်ခုကို ပြောလာခဲ့သည်
"ဒါဆိုလဲ ကိုယ့်မျက်လုံးတွေကို ကာပြီး ၀င်လာခဲ့မယ်"
"ဘာ!"

သူမ ရှော့ရသွားပြီး မျက်လုံးတွေ ပြူးကျယ်လာအောင် သူက အသံတိုးတိုးလေးနှင့်ဆက်ပြောလာခဲ့သည်

"မရဘူးလား"
'နိုး လုံး၀မရဘူး'
'ဒါကြောင့်မို့ ပြန်လိုက်ပါတော့'
'ဒီ သနားစရာကောင်းတဲ့ အပိုဗီလိန်နဲ့ လာမရှုပ်ပါနဲ့တော့'

ဒါပေမဲ့ ဒီစကားလုံးတွေက သူမပါးစပ်ထဲက ထွက်မလာခဲ့ပေ
သူမ ကြားခဲ့ရသော အသံက အရမ်းသနားစဖွယ်ကောင်းနေခဲ့သည် ပိုင်ရှင်စီကနေစွန့်ပစ်ခံထားရတဲ့ ခွေးတကောင်နဲ့ တူနေလေသည်
သူမ ခေါင်းညိမ့်ဖို့ ဖိအားပေးခံရပြန်သည်

"ပြီးတာပဲ ၀င်လာခဲ့"

"ကျေးဇူးပါ လေဒီပါနေးရား"

'ဒီယောကျာ်းကတော့ အခုက ကျေးဇူးတင်ပါတယ်ပြောရမဲ့အချိန်မဟုတ်ဘူး'

'သူကို တွေ့ရတာကလဲကောင်းပါတယ်လေ'

'မဖြစ်ဘူး မင်းရဲ့အကာအကွယ်ကို လျော့ချမပစ်သင့်ဘူး'

အက်စတယ်လာ ပါ၀င်လာရင် သူက ရူးသွားလိမ့်မည်
*ခရက်*

ဖြည်းဖြည်းချင်း တံခါးက ပွင့်လာခဲ့ပြီး သူ့ဖိနပ်သံကိုပင် သူမကြားနေရသည်
ထိုအသံကိုနားထောင်ရင်း သူမ အတွေးပေါင်းစုံ ရှိနေတော့သည်

'ငါမှာ အတိတ်မေ့ရောဂါရှိတယ်လို အခုပြောလိုက်ရင်ရော? အက်စတယ်လာနဲ့ လုရှန်အကြောင်း ငါ ဘာဆိုဘာမှမသိဘူး'

'သူသာ ဆက်ရှိနေရင် နင် ဘယ်လိုလုပ်မှာလဲ'

'သူ၀င်လာလာချင်း "အိုး ရုတ်တရက်ကြီး ကိုက်လာတယ်"လို့ အော်ပြီး လှိမ့်ပစ်ရင်ရော ဒါက နည်းနည်းတော့ အလုပ်ဖြစ်နိုင်သေးတယ်'

ဒါပေမဲ့ သူ အိပ်ရာဘေးချဉ်းကပ်လာတာ မြင်လိုက်ရတဲ့အခိုက်အတန့်၌ သူမစိတ်ထဲ၀င်လာတဲ့ ရူးနှံနှံအတွေးတွေကို ဖျက်ပစ်လိုက်တော့သည်

သူက ပန်းစည်းကြီး တစ်ခုကိုင်လာခဲ့တာကြောင့်ပင်
ထင်းရှားရှား ခရမ်းရောင် pansy ပန်းတွေ(ပေါင်ဒါပန်း လို့ပြောတယ်) ရာဂဏန်းကျော် ပါတာကြောင့်ပင်

"လေဒီ ပါနေးရား မတွေ့ရတာကြာပြီနော်"

ပန်းစည်းကြီးကနေ သူမမျက်လုံး မခွာနိုင်ပဲ သူအား ဖြေးဖြေးချင်း လှမ်းကြည့်လိုက်သည်
သူက သူ့မျက်လုံးတွေကို အဖြူရောင်လက်ကိုင်ပါဝါနှင့် အုပ်ထားခဲ့သည်

ထိုမြင်ကွင်းကို မျက်တောင်ခက်ရင်းကြည့်နေခဲ့သည်
"ရှင် တကယ်ကြီး မျက်လုံးကို ကာပြီး ၀င်လာတာလား"

"ကိုယ်ကတိပေးထားတယ်လေ" ပြောရင်း သူမဆီ ပန်းစည်းကြီးအား ပေးလာခဲ့သည်

သူမမျက်နှာရှေ့၌ ပန်းစည်းကြီးမှ ပန်းတွေရဲ့ ချိုမြမြအနံတွေရနေခဲ့သည်

"ဒါက မြန်မြန်ပြန်ကောင်းစေဖို့ပေးတဲ့လက်ဆောင်ပါ"

သူမ pansyပန်းရာကျော်အားကြည့်ပြီး သူဆီမှ ယူလိုက်သည် ပန်းစည်းကို ကိုင်လိုက်ချင်း ခလုပ်တိုက်မိသွားတော့သည် ဒါကြီးက တအားလေးတာပဲ

"ဒါကြီးကတအားများလွန်းတယ် ဖျားယောင်ဆောင်တဲ့ လူနာတယောက်အတွက်ကျ"

"ဖျားယောင်ဆောင်တာကလဲ အဖျားတစ်ခုပဲလေ ကိုယ်က တအားစိုးရိမ်နေတာ"

ဒီစကားများက သူမမျက်နာအား အဖျားတတ်အောင် လုပ်နေခဲ့သည် (otherwise ရှက်ပြီး မျက်နာနီတာကိုပြောတာ)

သူမပြောလိုက်သည် သူမရဲ့နီရဲပြီး ပူနေသောမျက်နှာအား ပန်းစည်းထဲမြှုတ်ထားရင်း
"ရှင် အခု တကယ် ကျွန်မကို မမြင်နိုင်ဘူးလား"

"ဟုတ်တယ်"
"ရှင့်ကိုကြည့်ရတာ မျက်လုံးစည်းထားရတာကို အကျင့်သားရနေသလိုပဲ"
"ဒါက စစ်မြေပြင်အတွက် သွေးထားရတဲ့ စစ်သည်တယောက်ရဲ့ အာရုံခံနိုင်စွမ်းတစ်ခုပါ"

အဖြူရောင်လက်ကိုင်ပဝါအောက်မှာမြင်နေရသော လုရှန်ရဲ့ ပါးစပ်ကလေးက လှလှပပ ရွေ့လျားနေခဲ့သည်
'အမ် သူ့ရဲ့မျက်နှာတစ်၀က်က ကာထားတာတောင်မှ ဘာကြောင့်များ ယခုတိုင်အောင် ချောမောနေသေးရတာလဲ'

ပြီးတော့မှ သူမနားလည်လိုက်သည် ချောမောတဲ့ယောကျာ်းတွေက သူတို့ရဲ့နှာခေါင်းတွေနဲ့ ပါးစပ်တွေအတွက်သာ ကျော်ကြားလေသည်
သူတို့နှစ်ယောက်အကြား တခဏအကြာ ခဏရပ်ခလုတ်တစ်ခုပင်ဖြစ်သည်

သူတိုပထမဆုံးစတွေတဲ့ နေ့ကလိုပေါ့
သူမ တံတွေးမျိုချမိသွားခဲ့သည်

'ထို့အပြင် နင် လုရှန်ကို တွေ့ချင်တဲ့ဘယ်အချိန်မဆိုတွေ့ရတာမှမဟုတ်တာ ဒါကြောင့် ဒီအခွင့်အ‌ရေးကိုအသုံးချပြီး ပြောချင်တာသာပြောပစ်လိုက်တော့'

'ကျွန်မ အရမ်းမသိလိုက်ပဲ ရှင့်ကိစ္စတွေထဲ ၀င်ပါမိခဲ့တယ် အခုကနေစပြီး ဘယ်တော့မှ ထပ်လုပ်တော့မှာမဟုတ်ဘူး'
သူမအဲ့လိုသာပြောလိုက်ရင် သူမကိုဆန့်ကျင်ထားတဲ့ သူ့ရဲ့ သတိတွေ လျော့သွားနိုင်တယ်

သူမ လက်သီး တင်းတင်းဆုတ်ရင်း ပါးစပ်ကိုဖွင့်လိုက်စဉ်
"မင်း ကိုယ်ကိုရှောင်နေတာ ဟိုတနေ့ကပြောလိုက်တဲ့ စကားကြောင့်လား"
မျက်လုံးတွေ အဖြူရောင်လက်ကိုင်ပဝါနှင့် ကာထားသော လုရှန်က သူမအား ကြည့်နေခဲ့သည်
သူမမဟုတ်ကြောင်းလဲ မငြင်းနိုင်ချေ ဒါက အဖြေဖြစ်နေတာကြောင့်ပင်

သူမ အဖြေအားသိနေသလို သူမျက်လုံးများအား အောက်စိုက်ထားသည်

"ကိုယ် အဲ့လိုမပြောလိုက်သင့်ဘူးလို့ ထင်မိတယ် လေဒီရဲ့ ရှု့ထောင့်ကနေ တွေးခဲ့သင့်တယ်"
“……..”

သူပြုံးနေခဲ့တယ် ဒါပေမဲ့ ထိုအရာက သာမန်အပြုံးတစ်ခုမဟုတ်ခဲ့ပေ
သူနှုတ်ခမ်းတွေမြင့်လာအောင် ဖိအားပေးနေတဲ့ သူ့ကို ကြည့်ရတာ ကိုးရိုးကားယားနိုင်ပေသည်

'ငါသိတယ် သူဘာဆက်ပြောတော့မယ်ဆိုတာ'

'နိုး မလုပ်ပါနဲ့ '
"ကိုယ်တောင်းပန်ပါတယ် လေဒီ‌ပါနေးရား အဲ့လိုမျိုး ကိုယ်ဆီကနေ တယောက်ယောက်ကြားခဲ့မယ်ဆိုရင် သူတို့သေချာပေါက် မုန်းလိမ့်မှာပဲ"

"ကျွန်မမမုန်းပါဘူး လုံး၀ကို awesome"

'ဟဟ ငါမှာလဲရွေးချယ်စရာမရှိဘူး လုရှန်ဘက်မှာနေဖို့'

"ကျွန်မ ရှင့်ကိုပြောဖူးပါတယ် ချောမောတဲ့ယောကျာ်းတွေကို မုန်းတယ်ဆိုတဲ့မိန်းမမရှိပါဘူးလို့ အရှင်ကာဒီယမ်ကလဲ ချောမောတဲ့ယောကျာ်းတယောက်ပဲ ဒါကြောင့် အရှင်ကို မုန်းတဲ့ မိန်းမမရှိလောက်ဘူး ရှင်ပြောတော့ ရှင် ကျွန်မကိုပိုပြီးသိချင်တယ်ဆို ကျွန်မဘယ်‌လောက်စိတ်လှုပ်ရှားလိုက်သလဲဆိုတာ ရှင်ကတော့ သိမှာမဟုတ်ဘူး ရှင့်ကိုကြည့်ရတာ ကျွန်မနဲ့ ရင်းနှီးချင်သလိုပဲ"

'နင်ရူးနေလား ပါနေးရား'

ဘယ်အချိန်မှာ ပေါက်ထွက်လာမယ်မသိတဲ့ သူ့ရဲ့ ဒုတိယpersonalityကို သူမ ရပ်တန့်နိုင်မည်မဟုတ်ပေ
ဒါကြောင့်မို့ သူမ သူ့အားကြောက်ဆဲပင် သူ့ရည်ရွှယ်ချက်တွေကလဲ သံသရဖြစ်ဖွယ်ရှိနေပြန်သည်
ဒါပေမဲ့ အဲ့ဒါထက် သူထိုကဲ့သို့ဖြစ်လာမဲ့အကြောင်း ပိုပြီးစိုးရိမ်လေသည်
သူက "ငါက လူတိုင်းကြောက်ရွံကြတဲ့ လူတယောက်သာ"လို့ တွေးမဲ့တစုံတယောက်ပင်
သူ ထိုကဲ့သို့တွေးထာမျိုး မလုပ်စေချင်ပေ

လုရှန်ပြောလိုက်သည်

"တကယ်လား"
'ကျွန်မရှင့်ကိုအမှန်တွေပြောနေတာပါ ကျွန်မနှလုံးတောင် ကြောက်လွန်းလို့ ခုန်နေပြီ'
ခေါင်းကို အပြင်းအထန်ညိတ်ရင်း ထိုစကားများအား ချန်ထားခဲ့သည်
"ဟုတ်တယ်"

"ဒါဆို ဘာလို့ ကိုယ့်ကိုရှောင်နေတာလဲ"
"အဲ့ဒါက အမ် အရှင်ကာဒီယမ်က အခု ကျွန်မနဲ့စေ့စပ်လိုက်ပြီလေ အဲ့ဒါကို ကြားရတာ နည်းနည်း အံ‌‌ဩသွားလို့ ဘာကြောင့် ရှင် ကျွန်မအကြောင်းပိုသိချင်တယ်ဆိုတာ အကြောင်းအရာတစ်ခုတော့ရှိတယ်မလား

"ကိုယ်မှာရှိပါတယ်"
အကြောင်းပြချက်ကောင်းကောင်းရှိသလို တည်ငြိမ်သော အသံနှင့် လုရှန်ပြောလေသည် သူမမျက်လုံးများ ပြူးကျယ်သွားခဲ့သည်

"အကြောင်းပြချက်က ဘာလဲ"

"ဘာကြောင့်လဲဆိုတော့ ဒီစေ့စပ်ပွဲက လေဒီပါနေးရားနဲ့ ကိုယ့်ရဲ့ဆန္ဒကြောင့် လုပ်ခဲ့ရတာမဟုတ်လို့လေ"
“………”

'ဒါတော့မှန်တယ် ဘာမှတော့မဟုတ်ပေမဲ့ ဧကရာဇ်နဲ့ ငါ့အဖေ အတင်းအကျပ်လုပ်ထားတဲ့ relationshipတစ်ခုပဲ'

"ကိုယ်တို့တွေ အခုလို တရား၀င် relationshipရှိပြီ ဆိုကထဲက ကိုယ် မင်းနဲ့ ပိုပြီးပွင့်လင်းတဲ့ဆက်ဆံရေးတခု ရှိချင်တယ် ဒါကြောင့် ကိုယ် မင်းအကြောင်း သိချင်တာ"

'ဘာ ဒါက ဘာသဘောလဲ'
မထင်ထားသော ‌မှတ်ချက်ကြောင့် သူမစိတ်တွေ အနည်းငယ် လျော့လျဲကျသွားခဲ့သည် သူမခံစားမိသည် သူမရဲ့ စိုးရိမ်နေတဲ့နှလုံးသားကလဲ ba-dump* ဖြစ်သွားတော့သည် (*ကလေ အသံကိုပြောတာထင်တယ်)
.
ဒါပေမဲ့ သူမခေါင်းကိုခါမိလိုက်သည်
'နိုးထလိုက်တော့ ပါနေးရား'
'တတ်နိုင်သလောက် ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက် သူက yandere ဒုတိယဇာတ်လိုက်'

ဒါနဲ့ပတ်သတ်ပြီး ရှုပ်ထွေးသွားရတာက ကောင်းတဲ့အရာမဟုတ်ဘူး
အသံကို ညင်ညင်သာသာထွက်လာဖို့မျှော်လင့်ရင်း ပြောလိုက်သည်

"ကျွန်မ ရှင့်အတွေးတွေကို နားလည်ပါတယ် ဒါပေမဲ့ ကျွန်မတို့ အရင်ကရှိပြီသား အကွာအဝေးကိုပဲ ဆက်ထိန်းထားတာပိုကောင်းမယ်လို့ ‌ထင်တယ်"

"ဘာကြောင့်လဲ"

"ရှင်ပြောသလိုပဲ ကျွန်မတို့က နိုင်ငံရေးအရကြောင့်သာ စေ့စပ်ခဲ့ရတာ အချင်းချင်း ပိုသိလာအောင်လုပ်တာက ကောင်းတဲ့အရာ တစ်ခုမှရှိမှာမဟုတ်ဘူး အကယ်၍ ရှင်မကြိုက်တာ တစ်ခုခုသာ မြင်သွားခဲ့ရင် ရှင် လက်ထပ်ခဲ့ရတာကို မုန်းသွားလိမ့်မယ် ပြီးတော့..."

သူမ လုရှန်ကို ဖျက်ကနဲကြည်လိုက်သည်
အဖြူရောင် လက်ကိုင်ပဝါနှင့် ကာထားပေမဲ့ သူမျက်လုံးများက သူမအားကြည့်နေတယ်ဆိုတာ သူမခံစားနိုင်သည်

သူမ တံတွေးမျိုချမိသွားခဲ့သည်

"အဲ့လိုသာဖြစ်လာခဲ့ရင် စေ့စပ်မှုကို ဖျက်သိမ်းဖို့ လိုလိုလားလား စွန့်စားရဲမှာလား"
သူမထင်မှတ်တာကြားလိုက်ရသလို လုရှန်ပါးစပ်ပိတ်သွားခဲ့သည်
တခဏကြာမှ သူပြောခဲ့သည်

"သေချာတာပေါ့"
သူမ ပါးစပ်ပိတ်သွားခဲ့သည် (တယောက်တလှည့် တယောက်ပါးစပ်တယောက် ပိတ်နေကြတာ🤣)

ဆိုလိုတာက သူ ဒါမှမဟုတ် ငါက ဖျက်သိမ်းချင်ရင် သူ ဒါမှမဟုတ် ငါက ဒီစေ့စပ်မှုကို ဖျက်ပစ်နိုင်တယ်ပေါ'

"ရှင်ဘာတွေ လုပ်နေတာလဲ"
မထင်မှတ်ထားစွာဖြင့် သူထိုင်ခုံမှထလာခဲ့သည် ၀မ်းသာစရာအကကို ကနေသလို

ဘာတွေဖြစ်နေတယ်ဆိုတာ သူမသဘောမပေါက်ခင် လုရှန် သူမအနားကပ်လာခဲ့သည်
'ဖြစ်နိုင်တာက သူမမြင်ရတာကြောင့်လား' ခုံကို တစ်မူထူးခြားစွာ နီးသောအကွာအဝေးထိ ယူလာခဲ့သည်

ပါနေးရား သူဆီကနေ ရသော လက်ဆက်တဲ့ mintsအနံနှင့် သူမလက်ထဲက ပန်းတွေရဲ့ရနံကြောင့်မိန်းမောသွားခဲ့သည်

"ကိုယ်ပြောတာက ကိုယ် ဖျက်ပစ်ဖို့ စွန့်စားနိုင်လိမ့်မယ် ဒါကြောင့် ကိုယ်မင်းကိုထပ်မေးနေရတာပေါ့"
“……..."

"လေဒီက သူမအကြောင်း ပိုသိခွင့်ပေးဖို့ ကိုယ်ကို ခွင့်ပြုပေးလိမ့်မလား"
သူမ တံတွေးမျိုချမိသွားခဲ့ပြန်သည်

'အခုလို ငါတို့ ဒီဦးတည်ရာနဲ့ ဖြစ်လာမှတော့ အရင်လို လုပ်ရိုးလုပ်စဉ်နဲ့ ပြန်မသွားနိုင်တော့ဘူး'
ဒါဆို သူမသွားနိုင်တဲ့ ဦးတည်ရာတစ်ခုပဲရှိလေသည်

'သင့်တင့်မျှစွာ သူနဲ့ အချိန်ဖြုန်းပြီး သူလဲ ငါအပေါ် စိတ်၀င်စားမှုလျော့သွားမဲ့အချိန်ကျမှ စေ့စပ်မှုကို ဖျက်ပစ်ရမယ်'
သူမခေါင်းညိမ့်လိုက်သည်

"အိုကေ"

ထိုအခိုက်အတန့်၌ ကမ္ဘာပေါ်မှာ အပျော်ဆုံးစကားကြားလိုက်ရသလို သူပြုံးလာခဲ့သည်
သူပါးစပ်ရဲ့ အစွန်းတွေက သူမမျက်စိကိုဖမ်းစားထားသည်

'ဒီယောကျာ်းက အန္တရာယ်များတယ်'
တုန်ခါနေသောနှလုံးသားတစ်ခုနှင့် အမှုမဲ့အမှတ်မဲ့ နှုတ်ခမ်းအားကိုက်လိုက်မိသည် သူမနားထဲ သူ့အသံက ပဲ့တင်သံထပ်လာခဲ့သည် သူမအား အရူးတယောက်ဖြစ်အောင်လုပ်နေသလိုပင်

"ဒါဆို ကိုယ် အနာဂတ်မှာ အကောင်းဆုံးကြိုးစားပါမယ် လေဒီပါနေးရား"

သူ ဘာကို အကောင်းဆုံးလုပ်မှာလဲဆိုတာ မေးဖို့ သူမကြောက်ရွံနေခဲ့သည်
သူမျက်လုံးတွေ ကာထားခဲ့တာကလဲ ကောင်းတဲ့အရာတခုပဲ

တနည်းအားဖြင့် သူမရဲ့နီရဲနေသောမျက်နှာအား မြင်သွားလိမ့်မည် တအားနီရဲနေတာ ပေါက်ထွက်နေသလိုပုံစံနှင့်တူနေခဲ့သည်
* * *

"လေဒီပါနေးရားက ဘာတွေကြိုက်တတ်လဲ"

"လှပပြီး တောက်ပနေတဲ့ ဘယ်အရာမဆို"

"မင်းဘာတွေကိုမုန်းလဲ"

" supportingလုပ်နေရတဲ့ ဗီလိန်အပေါ် ကြမ်းတမ်းနေတဲ့ အဓိကအမျိုးသားဇာတ်လိုက်တ‌ယောက် နဲ့ ဒုတိယဇာတ်လိုက်တယောက်"
"ဟမ်?"

လုရှန် သူရဲ့အလုပ်ကြိုးစားနေတဲ့လက်တွေကို ရပ်ရင်း သူမအားကြည့်‌နေခဲ့သည်
သူမျက်လုံးများက သူမဘာကိုဆိုလိုတယ်ဆိုတာကို မေးနေသယောင်ဖြစ်နေတာကြောင့် သူမ မြန်မြန်ဖြေလိုက်သည်

"ကျွန်မက တခါတရံ အဓိပ္ပာယ်မရှိတာတွေပြောတတ်တယ် ကျွန်မပြောတာတွေကို စိတ်ထဲမထားပါနဲ့"

"ကိုယ်သိပြီ"

လုရှန်ခေါင်းကိုညိမ့်နေခဲ့သည် သူမသိတာတခုခုကို သဘောပေါက်လိုက်သလို
ပြီးနောက် မှတ်စုရေးတာ စတင်တော့လေသည်

ထိုအရာအားမြင်ပြီး သူမခေါင်းထဲ၌ ညီးညူနေခဲ့သည်

'ကျွန်မမတွေးမိခဲ့ဘူး ကျွန်မကို ပိုသိချင်တယ်ဆိုပြီး ဆိုလိုတာက ရှင် ဒါမျိုးလုပ်ချင်တာလို့'

PANSY FLOWER pic from Google


Continue Reading

You'll Also Like

1.7M 208K 165
แ€กแ€™แ€ปแ€ญแ€ฏแ€ธแ€žแ€ฌแ€ธแ€€แ€ญแ€ฏแ€šแ€บแ€แ€”แ€บแ€†แ€ฑแ€ฌแ€„แ€บ "แ€€แ€ฑแ€ฌ"แ€™แ€ปแ€ฌแ€ธแ€•แ€ซแ€แ€„แ€บแ€žแ€Šแ€บแ‹ แ€กแ€™แ€บแ€ญแ€ณแ€ธแ€žแ€ฌแ€ธแ€€แ€ญแ€ฏแ€šแ€นแ€แ€”แ€นแ€ฑแ€†แ€ฌแ€„แ€น "แ€ฑแ€€แ€ฌ"แ€™แ€บแ€ฌแ€ธแ€•แ€ซแ€แ€„แ€นแ€žแ€Šแ€นแ‹
805K 32.1K 50
แ€’แ€ฏแ€แ€ญแ€šแ€กแ€€แ€ผแ€ญแ€™แ€บ แ€•แ€ผแ€”แ€บแ€แ€„แ€บแ€แ€ผแ€„แ€บแ€ธ....
391K 27.4K 43
แ€™แ€ญแ€ฏแ€€แ€บแ€€แ€šแ€บแ€กแ€ฌแ€’แ€”แ€บแ€™แ€„แ€บแ€œแ€ฏแ€แ€ปแ€€แ€บแ€…แ€บ แ€Šแ€ญแ€ฏแ€™แ€„แ€บแ€ธแ€™แ€ญแ€ฏ 21.7.2023 9:20 PM.
743K 31.5K 85
แ€ˆแ€ฌแ€”แ€บแ€™แ€„แ€บแ€ธแ€แ€แ€ฑแ€แ€บ ร— แ€แ€ฝแ€”แ€บแ€ธแ€”แ€พแ€ฑแ€ฌแ€„แ€บแ€€แ€ผแ€ญแ€ฏแ€ธ แ€ˆแ€ฌแ€”แ€นแ€™แ€„แ€นแ€ธแ€แ€ฑแ€แ€แ€น ร— แ€แ€ผแ€”แ€นแ€ธแ€ฑแ€”แ€ฝแ€ฌแ€„แ€นแ‚€แ€€แ€ญแ€ณแ€ธ โ€ผ๏ธMale pregnancyโ€ผ๏ธ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) ๏ฟฝ...