မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...

By ma_roses_are_blue

91.8K 10.6K 167

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... More

Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶

အပိုင်း(၉)

1.5K 188 1
By ma_roses_are_blue

Side Storyကို chapter တခုအနေနဲ့ etranကရေးထားတာကြောင့် သူ့အတိုင်းလုပ်လိုက်တာပါ

ဒါပေမဲ့ ဘာက ကွဲပြားနေခဲ့တယ်ဆိုတာကတော့.....

လေးလံနေသော တိတ်ဆိတ်မှု တစ်ခု သူတို့နှစ်ယောက်ကြား ဖြစ်ပေါ်လာလေသည်
ဘာတွေပြောသင့်လဲဆိုတဲ့အကြောင်းတွေးခဲ့ပေမဲ့ ဂုဏ်သိက္ခာရှိမိသားစုတစ်ခုက မိန်းမမျိုးတယောက်ကို ပြောရန် ထိုက်တန်သော စကားများ သူလုံး၀စဉ်းစားမရတော့ပေ
သူက တိတ်ဆိတ်ခြင်းနှင့် အကျင့်သားရနေပြီ ဖြစ်ပေမဲ့ သူမကရော?

သူ တစိမ့်စိမ့်တွေးနေတုန်း သူမ မျက်လုံးတွေကို အောက်စိုက်ကြည့်ရင်း အသံကျယ်ကျယ်‌နှင့်အော်လေသည်

"ရှင် ဒဏ်ရာရထားတာပဲ"

သူမမျက်လုံးတွေက ယုန်တကောင်လို ပြူးကျယ်နေပြီး လုရှန်လည်ပင်းမှာရှိနေတဲ့ အနာသေးသေးလေးရှိသောနေရာကို အကြည့်ရောက်နေခဲ့သည်
လုရှန် အနာကို စိတ်ရှုပ်ထွေးသော‌ပုံစံနှင့် ကာထားမိသည်

သူ့တွင် အနာ‌ဒဏ်ရာတွေကို အလိုလို ကုသပေးသောစွမ်းရည်ရှိသည် ဒါပေမဲ့ သူက ဒီကိစ္စကို လူအများဆီက တတ်နိုင်သမျှ ဖုံးကွယ်ထားခဲ့သည်
သူကမွန်းစတားတကောင်ဖြစ်နေတယ် ကဲ့သို့သော သူအကြောင်း ကြောက်စရာစကားလုံးတွေနှင့် ပြောကြသည်ကို ပြန်ကြားရသည်ကို သိသောကြောင့်ပင်

"ကိစ္စအကြီးကြီးမဟုတ်ပါဘူး စိတ်ထဲမထားပါနဲ့"
သူသာ တခြားနည်းနှင့်ပြောမိလျှင် အာရုံစိုက်ခံရဖို့ ဆွဲခေါ်သလိုဖြစ်သွားမည်ဟု တွေးမိလေသည်

ဒါပေမဲ့ ပါနေးရားက သူအိတ်ငယ်ထဲက ဆေးပစ္စည်းတွေကို ထုတ်ခာပြီး သူဘေးနားက ထိုင်ခုံသို့ လာလေသည်

သူအနားသို့ ကပ်လာလာခြင်း သူမနှာခေါင်းထိပ်မှ ခပ်ပြင်းပြင်းနှင်းဆီရနံတစ်ခု ရလိုက်လေသည်
လုရှန် မသိလိုက် မသိဘာသာနှင့် ခပ်တောင့်တောင့်ဖြစ်မိသွားခဲ့သည်

စစ်မြေပြင်မှာအချိန်ကြာကြာနေခဲ့သည့် သူအတွက် သည်အနံက သူအတွက်အတော်ပြင်းလေသည်

ဘာကိုခံစားရမည်မသိဘဲ ပါနေးရား အပြစ်ကင်းသောမျက်နှာနှင့် သူလည်ပင်း၌ ပတ်တီးပတ်ပေးခဲ့သည်
သူမက သူလည်ပင်းကို လက်ချောင်းပါးပါးက‌လေးများနှင့်ဖိရင်း ပြောခဲ့လေသည်

"သေးငယ်တဲ့အနာဆိုရင်တောင်မှ ကုသဖို့လိုအပ်တယ် မဟုတ်ရင် ပိုး၀င်ပြီး ပိုနာလိမ့်မယ်"

လုရှန်မှာ အရင်က ဒီထက်ဆိုးသော အနာများ မကြာခဏပင်ရခဲ့ဘူးလေသည်

စစ်မြေပြင်တွင် သူ ခုတ်ခံရဘူးသည် အချွန်နှင့်ထိုးဖောက်ခံရဖူးသည် အရိုက်ခံရဖူးသည်
ဒါကြောင့် လက်သည်းခွံလောက်ရှိတဲ့ ဒဏ်ရာအကြောင်း သူမပြောသောအခါ သူအတော်ပင် အံဩနေခဲ့တာပင်

ထို့နောက် သူတို့ မျက်လုံးချင်းဆုံမိသွားခဲ့သည်
ပါနေးရား ထိတ်လန့်နေသော ကြောင်တကောင်လို သူ့မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ပြီး'အာ'လို့ ပြောလိုက်ရင်း သူမမျက်နှာ တည်သွားခဲ့သည်

နောက်ဆုံးတော့ သူမ သဘောပေါက်သွားခဲ့သည် သူမဘယ်လောက်ရဲဝံတယ်ဆိုတာကိုပင်

လုရှန် သူမကိုကြည့်ရင့် အပြုံးကလေးနှင့် သူမအားပြောခဲ့လေသည်

"လေဒီ ပါနေးရားက ကြားရတဲ့ ကောလဟာလတွေနဲ့ နည်းနည်းလေး ကွာခြားသလိုပဲ"
သူမအကြောင်း ပြောကြတဲ့ကောလဟာလတွေကို သူမသိသလို သူမ ၀င့်ကြွားစွာနှင့် ပြန်ဖြေခဲ့သည်

"ကောလဟာလဆိုတာ စကားများတဲ့လူတွေ ဖန်တီးထားတဲ့ဇာတ်လမ်းသာသာပါ ကောလဟာလတွေကနေ အတော်ကွာခြားတယ်မလား ဟုတ်တယ်မလား"

သူမ ထိုသူများအား ဘယ်တော့မှခွင့်မလွှတ်သလို သူမမျက်လုံးများက ပြင်းထန်နေခဲ့သည်

လုရှန် ‌ပြုံးတာနှင့် အဆုံးသတ်ခဲ့ရသည်

"ကျွန်တော်နားလည်ပြီ"

သူမသိမှာတော့မဟုတ်ပေမဲ့ အချိန်အတော်ကြာမှ သူ ပထမဆုံးအကြိမ် စစ်မှန်စွာပြုံးမိခဲ့သော အချိန်ဖြစ်သည်
* * *
လုရှန် စံအိမ်ကြီးသို့ ရောက်ရောက်ချင်း နှုတ်ဆက်သူက ပေါလ်ပင်
ပေါလ်က သူ့ဘော့စ်ရဲ့မျက်နှာကို သေသေချာချာကြည့်နေခဲ့သည်
ပေါလ်က ဘာရွှန်အဆင့် အနိမ့်စားမှုးမတ်တယောက်၏ သားတယောက်ဖြစ်သည် ဒါကြောင့် သူ ပါနေးရားကို ‌ပါတီများ၌ တစ်ခါလောက်တွေ့ဖူးသည်

သူမက လုံး၀ကို အထက်စီးဆန်သည့်  ကြောက်စရာကောင်းပုံပေါ်သည့် အထက်တန်းစား အမျိုးသမီးငယ်တယောက်ဖြစ်သည်
ဒီလို အထက်တန်းလူစားမျိုးက သူလို အဆင့်အတန်းနိမ့်သော လူများအား မုန်းကြလိမ့်မည်
သူက အင်ပါယာရဲ့ ဟီးရိုးဖြစ်ရင်တောင်မှ ကိစ္စမရှိပေ မိဘမဲ့သာမန်လူတန်းစားဖြစ်သော သူ့ဘော့စ်အား သူမ လျစ်လျှူရှုမည်မှာ သေချာပေသည်

"အရာအားလုံး အဆင်ပြေရဲ့လား"
ပေါလ်ရဲ့ သတိထားသော မေးခွန်းအား ခေါင်းညိမ့်ခဲ့သည်

"ဟုတ်တယ် မင်းပြောပြထားတာနဲ့မတူပဲ သူမက sweetဖြစ်တယ်"
Sweet?
ချိူမြိန်တယ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ် ဘယ်တုန်းကများ ပြောင်းသွားခဲ့တာလဲ ထို့နောက် လုရှန် တွေဝေနေတဲ့ ပေါလ်အားပြောလိုက်သည်

"ပြီးတော့ သူမ ငါတခါမှ မစဉ်းစားဖူးတဲ့အကြံတစ်ခုပေးခဲ့တယ် သူမက ငါ သူတော်စင်နဲ့ ကောင်းချီးမင်္ဂလာအက ကသင့်တယ်လို့ အကြံပေးသွားတယ်"

"အမ်"

ပေါလ် မျက်တောင်ခတ်နေခဲ့သည်
သေချာတာပေါ့ သူတော်စင်များအား ကောင်းချီးမင်္ဂလာအက ကပေးဖို့ မေးရသော ထူးခြားသော အခြေအနေများရှိသည်
မင်း အရွယ်ရောက်လာရင် မင်းမွေးနေ့ပွဲကျင်းပဂင် ဒါမှမဟုတ် မင်း နန်းတင်မြှောက်ခံရရင်

ဒါပေမဲ့ ‌စေ့စပ်ပွဲအခမ်းအနားမှာတော့ သူတော်စင်နဲ့ အကကတဲ့မြင်ကွင်းမျိုး သူတစ်ခါမှမမြင်ဘူးပေ
ဘယ်လောက်ပဲ ကြီးကျယ်မြင့်မြတ်တဲ့ကောင်းချီးပင်ဖြစ်ပါစေ ဘယ်မိန်းမကမှ သူရဲ့လူ တခြားမိန်းမတယောက်နဲ့ နီးကပ်နေတာကို မြင်ချင်မှာမဟုတ်ပေ

"ဒါဆို အရှင် ကမ်းလှမ်းချက်ကိုလက်ခံလိုက်တယ်လား"

"ဒါပေါ့ ငါမှာ ငြင်းဖို့ အကြောင်းပြချက်ကောင်းကောင်းမှမရှိတာ"

လုရှန်ရဲ့ မလိုလားအပ်သော အဖြေအားနားထောင်းရင်း ပေါလ် သူ့ဦးနှောက်ကို ပြင်းပြင်းထန်ထန်အလုပ်ပေးနေခဲ့သည်

'ပါနေးရား အခုလို ကမ်းလှမ်းချက်ကို ဘာကြောင့်များလုပ်ရတာလဲ ကိစ္စတခုခုတော့ရှိရမယ်'
တခဏကြာပြီးနောက် ပေါလ်ဦးနှောက်ထဲကနေ အဖြေတခုထွက်လာခဲ့သည်

ပေါလ် လုရှန်ကို အလေးအနက်ဖြစ်နေသောမျက်နှာနှင့်ပြောလိုက်သည်

"ဖြစ်နိုင်တာက အရှင် နဲ့ သူတော်စင်အကြား ခက်ခဲအောင်လုပ်မယ်လို့ဆိုလိုတာများလား"

"ဘာ"
"စေ့စပ်ပွဲနေ့ကျရင် အကောင်းဆုံး အထက်တန်းလူတန်းစားတွေအားလုံးလာကြမှာ အရှင်နဲ့သူတော်စင်သာ ကခဲ့ကြရင် ကျွန်တော်ဘယ်လိုပြောရမလဲ သူမ အရှင်တို့နှစ်ယောက်လုံးကို အောက်ကိုဆွဲချဖို့ ကြိုးစားမှာ သေချာတယ် အရှင်က သာမာန်လူတန်းစားဖြစ်တာကြောင့် အရှင် အဲ့လိုကတာကို ပြောရင်းလေ ဒါက အသင့်လက်အောက်မှာ ထိုသူတွေကို ကြိတ်ချေပစ်ချင်ရင်း သုံးတဲ့ ညစ်ပတ်တဲ့ နည်းဗျူဟာပဲ"

လုရှန်မျက်လုံးတွေ ပေါလ်ရဲ့စကားများအောက်တွင် ပြူးကျယ်သွားခဲ့သည်

"အဲ့လိုလား"

သူမ သူကို ကြည်လင်တဲ့မျက်လုံးတွေနဲ့ကြည့်နေစဉ် သူမ ထိုကဲ့သို့ရည်ရွယ်ချက်ရှိနေလိမ့်မယ်လို့ သူဘယ်တော့မှ စိတ်မကူးခဲ့ဘူး

ဒါက မထင်မှတ်ထားခဲ့ပေမဲ့ မအံဩသွားခဲ့ဘူး
သူသိပါသည် အထက်တန်းစားများက မူလအားဖြင့် အပြုံးမျက်နှာဖုံးများ ၀တ်ဆင်ထားရင်း သူတို့လက်တွေနဲ့ နှလုံးသားဆီသို့ ဓားနှင့် ထိုးမည်ဖြစ်သည်

'ဒါပေမဲ့ ဘာကြောင့်လဲ'
သူတို့တွေ့တုန်းက သူမအပြုံးက အလိမ်အညာလို့ သူခံစားလာမိသည်

"အရှင် အခုချက်ချင်းငြင်းလိုက်ပါ လေဒီပါနေးရားကြောင့် ယိမ်းယိုင်မနေသင့်ဘူး"

လုရှန် မျက်လုံးတွေကို အောက်ချရင်း

ဒါက သူ့ကိုယ်ပိုင်ပြဿနာဆိုရင် ကိစ္စမရှိပေမဲ့ အက်စတယ်လာသာပါ၀င်လာခဲ့ရင် သူဒီအတိုင်းထားလို့မဖြစ်ပေ

ထို့ကြောင့် လုရှန်ခေါင်းညိမ့်ခဲ့သည်

"အိုခေ မနက်ဖြန်မနက် ငါ သူမဆီကို စာတစောင်ပို့လိုက်မယ်"

'မင်းပြောတာကို ငါအသိအမှတ်ပြုပေမဲ့ အက်စတယ်လာနဲ့တော့ တွဲမကချင်ဘူး လေးစားမှုဖြင့် ငါ မင်းရဲ့ကမ်းလှမ်းချက်ကို ငြင်းဆန်ပါရစေ'

သူမစိတ်တိုပြီး သူလက်ခံပြီးသားကိစ္စကို ဘာကြောင့် စိတ်ပြောင်းသွားတာလဲ မေးရင် သူ့တွင်ပြောစရာမရှိပေ

ဒါပေမဲ့ ညနေခင်း၌ စာရောက်လာခဲ့သည်

ပါနေးရားဆီမှ စာတစောင်ပင်
'ငါ သူနဲ့ ဒိနေ့တင်တွေ့ခဲ့တာပါ မင်းက အခု ငါ့ဆီ စာတောင်ရေးနေပြီပေါ့လေ?'

သူ စာအိတ်ကိုဖွင့်ရင်းတွေးနေခဲ့သည်
"ဘာတွေအလျင်လိုနေတာလဲ"

စာထဲတွင် လှပတဲ့လက်ရေးနှင့် ရေးထားသော စာကြောင်းတိုတိုတခုသာ ပါရှိနေခဲ့သည်

ဘာစာမှမမြင်ပဲ

"ရှင့်ဘက်မှာ"ဆိုသော အရာတစ်ခုထဲကိုသာ သူမြင်နေခဲ့သည်
ပေါလ်က မှန်ချင်မှန်နိုင်တယ်

အထက်တန်းစားတွေက shady ဖြစ်ပြီး ရက်စက်တယ်
သူတို့က ယုံကြည်စိတ်ချရဖို့မ‌ရှိပေ

ဒါပေမဲ့

သူ့လည်ပင်းမှာရှိနေဆဲဖြစ်တဲ့ သေးငယ်သောအစည်းတခုအား ထိနေခဲ့သည်

ပတ်တီးအောက်က အနာက ပျောက်ကွယ်သွားတာ ကြာပြီဖြစ်သော်လည်း သူမချွတ်ခဲ့ပေ

ဘာကြောင့်လဲဆိုတော့

"Welcome လေဒီပါနေးရား"

သူ သူမအား အနည်းငယ်လောက် ယုံကြည့်မိချင်သောကြောင့်ပင်
* * *

ပထမနေ့တွင် ပါနေးရားမျက်လုံးတွေ လုရှန်ရဲ့ကြီးမားလှတဲ့အကစွမ်းရည်များအား အံအားသင့်နေခဲ့သည်
ပြီးတော့ လုရှန်ရော ပါပေသည်

လုရှန်မျက်လုံးထဲ၌ သူအကစွမ်းရည်များက ကြောက်စရာကောင်းနေခဲ့သည်

သူမ သူ့အား တနေ့ထဲ၌ တူညီတဲ့ကကွက်များအား အကြိမ်ပေါင်း ရာနှင့်ချီ၍ သင်ပေးခဲ့ပြီး ဘယ်အချိန်မဆို သူ ကကွက်တစ်ခုအား ပိုင်နိုင်သွားပြီဟုထင်ခဲ့ရင်တောင် နောက်တနေ့၌ သူသည် ထိုကကွက်ကို ရှုပ်ထွေးပစ်လိမ့်မည်

ဘယ်အကဆရာမလို ထွက်ပြေးလိမ့်မည်ဆိုတာ သူအ‌ခိုင်အမာယုံကြည်လေသည်

သို့သော်လည်း ပါနေးရားကတော့ တနေ့မှမနားပဲ လုရှန်အား အကသင်ကြားရန် လာခဲ့သည်

လုရှန် အံအားသင့်မိသွားခဲ့သည်
'သူမ ဘာကြောင့်များ သူ့ကိုကူညီဖို့ ဒီလောက်တောင် ကြိုးစားနေရာတာလဲ'

"ကျွန်မသာ အရှင်ကာဒီယမ်ဆို သူမကို ချစ်နေမိပြီလို့ တွေးမှာပဲ"

အဲ့အချိန်မှာ လုရှန်သဘောပေါက်သွားခဲ့သည်
သူမ သူ့ခံစားချက်တွေကို သိနေတယ်

လုရှန်က သူ့ခံစားချက်တွေကို ဖုံးကွယ်ခဲ့သည် ဒါပေမဲ့ သူခံစားချက်တွေကို သတိပြုမိသူ တစ်ချို့ကတော့ရှိစမြဲပင် ဒီကမ္ဘာပေါ်မှာ ပြီးပြည့်စုံတယ်ဆိုသော လျှို့ဝှက်ချက်ဟူ၍ မရှိ၍ပင်

သူတို့ထဲက တစ်ချို့ကတော့ သူ၏ခံစားချက်များကို ဓားစာခံဖြစ်ထားပြီး သူ့ကိုခြိမ်းခြောက်ခဲ့သည်

[ကျိန်စာတိုက်ခံထားရတဲ့တယောက်ကလေ သူတော်စင်ကို သူမမသိဘဲ ကြည့်နေတယ် သူတော်စင်သာ သိသွားရင် ပျော်စရာကောင်းမယ်ထင်တယ် မဟုတ်လိမ့်ဘူးလား]
လုရှန် ဓားတချောင်းကို သူပါးစပ်ထဲသို့ထည့်ပြီး သူ့အားသတ်ခဲ့သည်

သူ ဘယ်တော့မှ ဖော်ထုတ်မခံချင်တဲ့ လျှို့ဝှက်ချက် ဖမ်းမိသွားမှာ စိုးရိမ်မှုကြောင့်ပင် ခံစားချက်တွေ အက်စတယ်လာဆီ ထုတ်ပြောခံရမှာကြောက်စိတ်ကြောင့်ပင်

'သူမ ငါကို ဟိုလူလုပ်ခဲ့သလို ငွေညစ်ချင်တာလား ဒါမှမဟုတ် သူမ ငါ့ကို လှောင်ပြောင်ချင်တာလား'

ထိုသို့သော ရည်ရွယ်ချက်တွေ တစ်ခုကမှ စိတ်ချမ်းသာစရာမကောင်းပေ လုရှန်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်လာခဲ့သည်

လုရှန် ပါနေးကားဆီ စိတ်ခံစားချက်တွေ ပျောက်ဆုံးနေသလို အကြည့်နှင့် ကြည့်နေခဲ့သည်
စိတ်ခံစားချက် အပြောင်းအလဲကို သတိထားမိသွားပြီး သူမ အပြစ်ကင်းသော မျက်နှာနှင့် ဖျော်ရည်အား တငုံသောက်နေခဲ့သည်

ဒါပေမဲ့ သူမျှော်လင့်ထားခဲ့တာနှင့် အတော်လေး ကွဲပြားခြားနာနေခဲ့သည်

"နေ့တိုင်း ကျွန်မဆိုလိုတာက မိနစ်တိုင်း စက္ကန့်တိုင်း ကျွန်မအချစ်ကို ၀န်ခံနေခဲ့မှာ"
လုရှန် သူ့ဦးခေါင်းနောက်ဘက်ကို တူကြီးကြီးနှင့်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်

'သူမ အခု ဘာအကြောင်းပြောနေတာလဲ'
သူမဘာပြောဖို့‌ကြိုးစားနေတယ်ဆိုတာကို အနည်းငယ်ပင် သဘောမပေါက်ပေ

လုရှန် စိုးရိမ်ကြောင့်ကြမှုများအား မပြသမိစေရန် ကြိုးစားရင် ပြောခဲ့သည်
"မင်းကတော့နောက်နေတာပဲ လေဒီ ကျိန်စာတိုက်ခံထားရတဲ့ယောကျာ်းတယောက် အဲ့လိုစကားမျိုးပြောရင် သူတော်စင်မ ထွက်ပြေးသွားမှာတောင် ငါကြောက်မိတယ်"

'သေစမ်း ငါဒီလောက် အာရုံစိုက်ထားတာတောင် အသံက တုန်နေတုန်းပဲ'

ဒါပေမဲ့ ခြောက်နေတဲ့နှုတ်ခမ်းတွေကို ကိုက်နေသော လုရှန်အား သူမ ပြန်အဖြေပေးတာက ပျော်ရွှင်နေခဲ့သည်

"တကယ်လား"

ပါနေးရား ဘာမှမဖြစ်ခဲ့သလို သူမလက်တွေကို ဝှေ့ယမ်းနေခဲ့သည်

"သူမကလဲ သာမန်မိန်းမသားတယောက်ပါ သူမမှာသာ ထူးဆန်းတဲ့အကြိုက်တွေသာမရှိရင် ကျွန်မပြောနိုင်တယ် သူမ ဒီလိုစကားမျိုး ပြန်ပြောလိမ့်မယ်"
Pernia said, with her eyes wide open.
ပါနေးရား သူမမျက်လုံးများကို ကျယ်ကျယ်ဖွင့်ရင်း ပြောလိုက်သည်
“Awe~~ some!”

ပြာယာခတ်နေတဲ့ မျက်နှာတစ်ခုနှင့် ပါနေးရားက‌ သူတခါမှမကြားဖူးတဲ့ စကားလုံးကိုပြောပြီး ဆက်ပြောခဲ့သည်

"ကျွန်မဆိုလိုတာက အရှင်ကာဒီယမ်ရဲ့ ၀န်ခံမှုကို ဘယ်သူကမှ ‌မကျေမနပ်ဖြစ်မှာမဟုတ်ဘူး ဒါကြောင့်မို့ မရှက်ပဲ ပြေးသွားလိုက်ပါ"

ဘာကြောင့် ပါနေးရား ဘာကိုလုပ်ခဲ့တယ်ဆိုတာကို သိသွားခဲ့တော့သည်

သူမ သူနှလုံးသားကိုသိတာကြောင့် သူတော်စင်နှင့် ကောင်းချီမင်္ဂလာအကကဖို့မေးခဲ့ပြီး အကကိုလဲ လုံလရှိစွာ သင်ပေခဲ့သည်

သူမက သူတော်စင်ကို ချစ်မြတ်နိုးနေခဲ့တဲ့ သူ့အား အားပေးနေခဲ့သည်
သူမတယောက်ထဲကကသာ ဒီကမ္ဘာပေါ်တွင် သူ့ဘက်မှာရှိသလိုပင်

အဲ့အချိန်မှာတော့ လုရှန်ရဲ့ နှလုံးသားအစိတ်အပိုင်းတစ်ခု တလှပ်လှပ်တုန်ခါနေခဲ့သည်

သူမအား သေသေချာချာပင်မကြည့်ရဲခဲ့ပေ
* * *

စေ့စပ်ပွဲနေ့ အခမ်းအနား

လုရှန်‌ မနက်စောစော ထပြီး ပြင်ဆင်ခဲ့သည် အစေခံနှစ်ယောက်နှင့် ပေါလ်က သူ့အား ကူညီပြင်ဆင်ပေးခဲ့သည်

လုရှန်ကို ကူညီ၀တ်ဆင်ပေးရင်း တစ်ချိန်လုံး ပေါလ် ညည်းညူနေခဲ့သည် (မသိရင် သူကစေ့စပ်ရတာကြနာပဲ)

"‌ဖိအားပေးခံရတဲ့ စေ့စပ်ပွဲတစ်ပွဲလို အရာလောက် စိတ်တိုစရာမရှိဘူး အရှင် ဧကရာဇ်ကို ပြောလိုက်ပါလား ‌ဒါကို မှူးမတ်လိုင်လာနဲ့မလုပ်နိုင်တော့ကြောင်းကိုလေ ပြီးရင် အဲ့ရက်စက်တဲ့လေဒီနဲ့ စေ့စပ်ပွဲကို ဖျက်နိုင်မှာ သေချာနေတာပဲ"

အသံပေါင်းစုံလုပ်နေတဲ့ ပေါလ်တယောက်ကို သွေးမရှိတော့သလို ပါးစပ်ပိတ်သွားခဲ့သည်

လုရှန်က အေးစက်တဲ့ အကြည့်နဲ့ သူ့အားကြည့်နေသောကြောင့်ပင်

ပေါလ်လောက် လုရှန်‌အကြောင်း တခြားသူတွေထက် ပိုသိလေသည်

လုရှန် ဘယ်တုန်းကမှ စိတ်တိုခြင်းမရှိခဲ့ဘူးပေ ဒါပေမဲ့ သူမကြိုက်တာတစ်ခုခုလုပ်ခဲ့ရင်တော့ သူ အမူအရာမရှိ အေးစက်တဲ့မျက်နှာတစ်ခု လုပ်ပြလိမ့်မည်

ထို့နောက် ပေါလ် သူအမှားတစ်ခုလုပ်မိကြောင်း သဘောပေါက်ခဲ့သည် ပေါလ် ဦးခေါင်းကို နှိမ့်ရင်း ဦးညွှတ်ခဲ့သည်

"ကျွန်တော်တောင်းပန်ပါတယ် အရှင် ကျွန်တော် အသုံးမ၀င်တာတွေပြောခဲ့တယ်"

"ကိစ္စမရှိဘူး ငါကို ၀တ်ဆင်ဖို့ ဆက်လုပ်"

"ဟုတ်ကဲ့"

Continue Reading

You'll Also Like

99.1K 4.3K 62
တိမ်တွေသာတဲ့ 'နေ့' လက်ထပ်ရအောင်.....
1.8M 300K 198
ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေ ဖြစ်ကုန်ပြီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...
168K 7.9K 137
🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended date - Novel Creator- Sue Khat Pann