ကံ့ကော်ပွင့်ချိန်

By YaungCheNway

3.1K 257 27

Title : Kant Kaw Pwint Chain Genre : Own Creation, BL Tags : Angst , Romance Author : Yaung Che N... More

❀1
❀2
❀4
❀5
❀6
❀7
❀8
❀9
❀10
❀11
❀12

❀3

196 23 4
By YaungCheNway

Theme Song : Only You
(The Flying Pickets ) 552022

....

အပူအနည်းငယ်ကဲတာကလွဲလို့ မန္တလေးက နေလို့မဆိုးတဲ့ မြို့ထဲမှာ ပါတယ်။

တောင်ပေါ်သားတစ်ယောက်အဖို့ အစပိုင်းမှာ နေရတာ သိပ်အသားမကျပေမယ့် ရက်တွေတရွေ့ရွေ့ကုန်လာတာနဲ့အမျှ သူ့ဟာနဲ့သူ သဟဇာတဖြစ်သွားတယ်ပဲ ဆိုပါတော့။

တိုက်တန်းမှာ ရှိတဲ့ လူတချို့နဲ့တောင် အခုဆို ရင်းနှီးနေပြီ။

ဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဒီကာလမှာ ဆရာဝန်တွေက ဘယ်နေရာရောက်ရောက် ပတ်ဝန်းကျင်ရဲ့ အားကိုးခြင်းကို ခံရတယ်။

ဘေးအခန်းက မင်းလေးကလွဲလို့ တစ်တိုက်လုံးက ကိုယ့်ကို 'ဆရာ သက်ငြိမ်' 'ဆရာ သက်ငြိမ်' နဲ့ ပါးစပ်ဖျားက မချတဲ့ အထိပါပဲ။

" ဆရာရေ... ဆရာ "

ပြောရင်းဆိုရင်းပဲ အခန်းတံခါးကို အားကိုးတကြီးလာခေါက်သံကြားရတယ်။
ကိုယ့်ဆီလာတဲ့လူအားလုံးက မကျန်းမာလို့လာကြတဲ့သူတွေချည်းဆိုတော့ တံခါးခေါက်သံကြားတိုင်း ကိုယ့်မှာရင်တထိတ်ထိတ်နဲ့။

" အစ်မကြီး ဘာဖြစ်လို့လဲ "

ကိုယ်မေးလိုက်တော့ ရေးကြီးသုတ်ပျာရောက်လာတဲ့ အောက်ထပ်က ဒေါ်ရွှေမိက သက်ပြင်းတစ်ချက်ချတယ်။ပြီးတော့

" ရွှေကျေးရယ်လေ... လည်ပင်းနာတယ်ဆိုလို့... ခေါင်းမူးတယ်လည်း ပြောနေတယ်... အဲ့တာ ဟိုဒင်း.. "

ဒေါ်ရွှေမိက အသက်ကြီးမှရတဲ့ သူ့သမီးအငယ်ဆုံးလေးကို သိပ် သဲသဲလှုပ်တယ်။
နှာချေရင်တောင် သူ့မှာ အနွေးထည်ကောက်ဝတ်ပေးတတ်တာ။
အခု လည်ပင်းနာတယ်လည်းဆိုရော သူ့မှာ ပျာယာတွေကိုခတ်လို့ပဲ ။

" ဗိုင်းရပ်စ်အကူးခံရတဲ့ လက္ခဏာမဟုတ်ပါဘူး အစ်မကြီး... သိပ်မစိုးရိမ်ပါနဲ့... ကလေးက မဖျားဘူးမလား "

" ဖျားတာတော့ မဖျားဘူး... ဒါပေမယ့် ခေါင်းမူးတယ်ဆိုလို့လေ "

" နွေရာသီဆိုတော့ ချွေးထွက်များလို့ အားယုတ်ပြီး မူးတာပါ... လည်ပင်းနာတာကတော့... သူရေခဲရေ သောက်လား ဒါမှမဟုတ် အအေးစာတွေစားတာမျိုး ရှိလား"

" အယ် ဆရာပြောမှ... ဟုတ်တယ်...မနေ့က ရေခဲခြစ်တွေ ဝယ်စားကြတာလေ... သူ့အဖေနဲ့ နှစ်ယောက်သား "

" ကဲ ဒါဆို အဖြေကရှင်းပါပြီ အစ်မကြီး ... ရာသီဥတုကအရမ်းပူတော့ ကလေးကို တအားအေးတာတွေ သိပ်မစားခိုင်းပါနဲ့... မူးတာအတွက်က ဓာတ်ဆားရည်လေးတိုက်ပြီး သက်သောင့်သက်သာလေးထားလိုက်ရင် ရပါတယ်... အာသီးရောင်တာကတော့ ကျွန်တော်အရင်တခါ ဗိုင်းရပ်စ်ပိုးကာကွယ်နည်းပြောခဲ့တုန်းကလို ဆားရည်ပူနဲ့အာလုတ်ကျင်းပေး... ဘာဆေးမှမလိုဘူး နှစ်ရက် သုံးရက်ဆို သက်သာပြီ "

" ဟုတ်ဆရာ ဟုတ်... ကျွန်မ ဒီနေ့ကစ ရွှေကျေးကို ရေခဲရေလည်းမတိုက်တော့ဘူး ကြိုးလည်း မခုန်ခိုင်းတော့ဘူး... အခုတော့ ဓာတ်ဆားထုပ်လေး ပြေးဝယ်လိုက်ဦးမယ်... ကျေးဇူးပါ ဆရာသက်ငြိမ် "

ဒေါ်ရွှေမိက ပြောရင်း အောက်ထပ်ကို ရေးကြီးသုတ်ပျာ ဆင်းသွားတယ်။

သူ ဆင်းသွားပြီး မကြာဘူး ကိုယ့် အနားက ခပ်ရွဲ့ရွဲ့ အသံလေးတစ်ခု ထွက်လာလေရဲ့။

" ချုပ်ချယ်ခံရမှာနဲ့ ဖြစ်တဲ့ရောဂါနဲ့တောင် မကာမိဘူး... တခါတည်း ဗိုင်းရပ်စ်ဖြစ်လိုက်ရမှာ "

မင်းလေးကတော့လေ...

ဂျစ်တိဂျစ်ကန်နိုင်လှတဲ့ စကားသံလေးက တကယ်ကို တိုးတိုးလေးဆိုပေမယ့် ကိုယ့်မှာ ကြားဖြစ်အောင်ကြားလိုက်သေးတယ်။ ဒေါ်ရွှေမိသာကြားရင်တော့ သွေးတက်နေရော့မယ်။

အတွေးနဲ့အတူ ကိုယ် အသာလေး ရယ်လိုက်မိတယ်။

ဘာကိုမှ ဂရုစိုက်ပုံမရတဲ့ မင်းလေးကတော့ ငါးရာတန်လေးကိုင်လို့ အောက်ထပ်ကိုဆင်းသွားလေပြီ။

ကိုယ်လည်းပဲ ညစာ ထမင်းမစားချင်တာနဲ့ ပိုက်ဆံအိတ်ယူပြီး အောက်ထပ်ကိုသာ လိုက်ဆင်းလိုက်တော့တယ်။

ရာသီဥတုကပြင်းတော့ ဒီကာလ ဘယ်သူမှ ထမင်းမစားချင်ကြဘူး ။
ဒါကြောင့် တိုက်အောက်က ဆိုင်တန်း တချို့မှာ ည ဒီလိုအချိန်ဆို လူသိပ်စည်တယ်။

ဆိုင်တန်းက များများစားစားရယ်တော့ မရှိပါဘူး ။
သုံးလေးဆိုင် လောက်ပေါ့ ။

အဲ့ထဲက တစ်ဆိုင်က ခေါက်ဆွဲဆိုင် ။
မန္တလေးမှာ တရုတ်တွေရောင်းတဲ့ ရှမ်းခေါက်ဆွဲက အတော်လေး စားကောင်းတယ် ။

ခေါက်ဆွဲဆိုင်က ထုံးစံအတိုင်း လူတွေ ကြိတ်ကြိတ်တိုး။
မာလာဟင်းတွေပါ အစုံရောင်းတော့ ဆိုင်ရှင်တရုတ်မကြီးမှာ လက်ကိုမလည်ရဘူး ။

ဆိုင်ထိုင်စားသူလည်း အများကြီး ။

ဒါပေမယ့် အဲ့ဒီလူတွေ အများကြီးထဲမှာမှ မင်းက ထူးထူးခြားခြားလေး ထင်းထွက်နေတယ်။

တစ်ဆိုင်လုံးမှာ မင်းတစ်ယောက်တည်း တူကို ဘယ်လက်နဲ့ကိုင်ထားတယ်လေ ။

မင်း တူကိုင်တဲ့ပုံကြည့်ရတာ သက်သောင့်သက်သာသိပ်မရှိပေမယ့် သူ့ဟာနဲ့သူတော့ ချောမွေ့နေတယ်။

ဆိုင်မှာ တဖြည်းဖြည်းလူတွေကျဲလာတယ်။
မင်းက ခေါက်ဆွဲကို နှေးနှေးလေးစားတယ်။

ခေါက်ဆွဲတစ်ပွဲလည်း ကုန်ရော ဆိုင်ထဲက စားပွဲဝိုင်းတွေမှာ မင်းနဲ့ကိုယ်ကလွဲပြီး ဘယ်သူမှ မရှိတော့ဘူး ။

" အမား...  အမား ဒါလေးညှပ်ပေးပါဦး !"

လူကျဲသွားတော့ ဆိုင်ရှင်ရဲ့သား တရုတ်ကလေးလေးက လက်ထဲမှာ ကတ်ကြေးတစ်လက်နဲ့ စာရွက်အပိုင်းအစ တချို့ကို ကိုင်ပြီး သူ့အမေနား ကပ်ဂျီကြတယ် ။

ပါဆယ်ဝယ်မယ့် မိန်းမကြီးသုံးယောက်အုပ်စုအတွက် မာလာဟင်းပြင်ပေးနေတဲ့ တရုတ်မကြီးက မျက်မှောင်အသာကြုတ်ရင်း

" Nǐ zǒu kāi! Wǒ hěn máng!"
( ဝေးဝေးသွားနေ .. အမား အလုပ်ရှုပ်နေတယ်! )

ဧည်သည့်တချို့ရှိနေတာမို့ ဆိုင်ရှင်က သူ့ကလေးကို တရုတ်စကားနဲ့ ငေါက်တယ်။
ကလေးက မျက်နှာတစ်ချက်မဲ့သွားပေမယ့် အနားမှာ ရစ်သီရစ်သီလုပ်နေတုန်းပဲ ။

နောက် ကြံမရတဲ့အဆုံး အဲ့ဒီကလေးက အနားမှာရှိနေတဲ့ မင်းဆီကို ပြေးသွားပြီး

" အစ်ကိုကြီး...  ဒါ ညှပ်ပေးပါလား "

မျက်စိရှေ့ထိုးပေးလာတဲ့ ကတ်ကြေးကို ကြည့်ပြီး မင်း စိတ်ရှုပ်သွားတဲ့ပုံပဲ။

ကလေးမချစ်တတ်တာကြောင့်လားလို့ ထင်လိုက်မိပေမယ့် မင်းက ချက်ချင်းပဲ ကလေးလေးပါးကို ချစ်စနိုးနဲ့ ဆွဲညှစ်ပြလာတော့ ကိုယ်ဘယ်လိုကောက်ချက်ချရပါ့။

ဒါဖြင့်ရင် အစောက မျက်နှာပျက်သွားတာက... 

" အာ့... "

ကိုယ်တွေးနေတုန်းမှာပဲ မင်းဆီက နာကျင်သွားတဲ့ အာမေဋိတ်သံလေးထွက်လာတယ်။
အာ...ဟုတ်သားပဲ...  ကတ်ကြေးက...

" ဆောရီး အစ်ကို မညှပ်တတ်ဘူး "

ကတ်ကြေးကို စားပွဲပေါ်တင်ရင်း မင်းက မသက်မသာပုံလေးနဲ့ဆိုတယ်။
ပြီးတော့ ငါးရာတန်လေး စားပွဲပေါ်ထားခဲ့ပြီး ထွက်သွားတော့တာပါပဲ။

ကိုယ့်မှာ ကြည့်ရင်း ရင်ထဲ မကောင်း။

" အဲ့ဒီကောင်လေးကလေ...  ဟိုဘက်တိုက်ကိုရောက်လာတာ မကြာသေးဘူး... ရောက်စက သူ့အမေနဲ့တွေ့ဖူးတယ်... တော်တော်အလိုလိုက်ခံထားရတဲ့ပုံပဲ  ဘာမှ မလုပ်တတ်ဘူးလေ...  အခုလည်း ကြည့်ပါလား ကတ်ကြေးတောင် မညှပ်တတ်ဘူး အံ့ကိုဩရော တစ်ယောက်တည်းဘယ်လိုများနေလဲမသိဘူး"

မင်းအခက်အခဲကို မသိတဲ့ စျေးဝယ်အဒေါ်ကြီးက ထွက်သွားတဲ့မင်းကိုကြည့်ပြီး နှာခေါင်းရှုံ့ ကဲ့ရဲ့တယ်။

ကိုယ့်မှာ မင်းအစား ခံပြင်းသွားပြီး ဒေါသကို ထောင်းခနဲ ။

" ဒီမှာ...  သူက ဘယ်သန်လေ...  လက်မ, ထည့်တဲ့ ကတ်ကြေးပေါက်သေးသေးလေးမှာ သူ့လက်ချောင်းသုံးချောင်းက ဘယ်လိုလုပ် ဆံ့မှာလဲ ! "

အကဲ့ရဲ့ထူတဲ့ မိန်းမကြီးကို မျက်မှောင်ကြုတ် ရန်တွေ့ရင်း ကိုယ်လည်း မင်းလိုပဲ ပိုက်ဆံကိုစားပွဲပေါ်  ဘတ်ခနဲတင်ခဲ့ပြီး ထွက်လာခဲ့လိုက်တော့တယ်။

တခြားတိုက်တွေကတော့ ထင်ကြတော့မယ်။
ဆရာဝန် သက်ငြိမ်က အတော်ရိုင်းတာပဲလို့ ။
ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလဲ။
ကိုယ်က မင်းလေးတစ်ယောက်တည်းကိုပဲ မြင်နေမိတာလေ။

Theme Song : lyrics 🎵

Looking from a window above
It's like a story of love, can you hear me?
Came back only yesterday
We're moving farther away, want you near me

All I needed was the love you gave
All I needed for another day
And all I ever knew, only you

Sometimes when I think of your name
When it's only a game and I need you
Listening to the words that you say
It's getting harder to stay when I see you

All I needed was the love you gave
All I needed for another day
And all I ever knew, only you



The Scissor .

         ❀ ❀ ❀ ကံ့ကော်ပွင့်ချိန်  ❀ ❀ ❀

Theme Song : Only You
(The Flying Pickets ) 552022

....

အပူအနည္းငယ္ကဲတာကလြဲလို႔ မႏၲေလးက ေနလို႔မဆိုးတဲ့ ၿမိဳ႕ထဲမွာ ပါတယ္။

ေတာင္ေပၚသားတစ္ေယာက္အဖို႔ အစပိုင္းမွာ ေနရတာ သိပ္အသားမက်ေပမယ့္ ရက္ေတြတေ႐ြ႕ေ႐ြ႕ကုန္လာတာနဲ႔အမွ် သူ႔ဟာနဲ႔သူ သဟဇာတျဖစ္သြားတယ္ပဲ ဆိုပါေတာ့။

တိုက္တန္းမွာ ရွိတဲ့ လူတခ်ိဳ႕နဲ႔ေတာင္ အခုဆို ရင္းႏွီးေနၿပီ။

ဗိုင္းရပ္စ္ကပ္ေဘးေၾကာင့္ ဒီကာလမွာ ဆရာဝန္ေတြက ဘယ္ေနရာေရာက္ေရာက္ ပတ္ဝန္းက်င္ရဲ႕ အားကိုးျခင္းကို ခံရတယ္။

ေဘးအခန္းက မင္းေလးကလြဲလို႔ တစ္တိုက္လုံးက ကိုယ့္ကို 'ဆရာ သက္ၿငိမ္' 'ဆရာ သက္ၿငိမ္' နဲ႔ ပါးစပ္ဖ်ားက မခ်တဲ့ အထိပါပဲ။

" ဆရာေရ... ဆရာ "

ေျပာရင္းဆိုရင္းပဲ အခန္းတံခါးကို အားကိုးတႀကီးလာေခါက္သံၾကားရတယ္။
ကိုယ့္ဆီလာတဲ့လူအားလုံးက မက်န္းမာလို႔လာၾကတဲ့သူေတြခ်ည္းဆိုေတာ့ တံခါးေခါက္သံၾကားတိုင္း ကိုယ့္မွာရင္တထိတ္ထိတ္နဲ႔။

" အစ္မႀကီး ဘာျဖစ္လို႔လဲ "

ကိုယ္ေမးလိုက္ေတာ့ ေရးႀကီးသုတ္ပ်ာေရာက္လာတဲ့ ေအာက္ထပ္က ေဒၚေ႐ႊမိက သက္ျပင္းတစ္ခ်က္ခ်တယ္။ၿပီးေတာ့

" ေ႐ႊေက်းရယ္ေလ... လည္ပင္းနာတယ္ဆိုလို႔... ေခါင္းမူးတယ္လည္း ေျပာေနတယ္... အဲ့တာ ဟိုဒင္း.. "

ေဒၚေ႐ႊမိက အသက္ႀကီးမွရတဲ့ သူ႔သမီးအငယ္ဆုံးေလးကို သိပ္ သဲသဲလႈပ္တယ္။
ႏွာေခ်ရင္ေတာင္ သူ႔မွာ အေႏြးထည္ေကာက္ဝတ္ေပးတတ္တာ။
အခု လည္ပင္းနာတယ္လည္းဆိုေရာ သူ႔မွာ ပ်ာယာေတြကိုခတ္လို႔ပဲ ။

" ဗိုင္းရပ္စ္အကူးခံရတဲ့ လကၡဏာမဟုတ္ပါဘူး အစ္မႀကီး... သိပ္မစိုးရိမ္ပါနဲ႔... ကေလးက မဖ်ားဘူးမလား "

" ဖ်ားတာေတာ့ မဖ်ားဘူး... ဒါေပမယ့္ ေခါင္းမူးတယ္ဆိုလို႔ေလ "

" ေႏြရာသီဆိုေတာ့ ေခြၽးထြက္မ်ားလို႔ အားယုတ္ၿပီး မူးတာပါ... လည္ပင္းနာတာကေတာ့... သူေရခဲေရ ေသာက္လား ဒါမွမဟုတ္ အေအးစာေတြစားတာမ်ိဳး ရွိလား"

" အယ္ ဆရာေျပာမွ... ဟုတ္တယ္...မေန႔က ေရခဲျခစ္ေတြ ဝယ္စားၾကတာေလ... သူ႔အေဖနဲ႔ ႏွစ္ေယာက္သား "

" ကဲ ဒါဆို အေျဖကရွင္းပါၿပီ အစ္မႀကီး ... ရာသီဥတုကအရမ္းပူေတာ့ ကေလးကို တအားေအးတာေတြ သိပ္မစားခိုင္းပါနဲ႔... မူးတာအတြက္က ဓာတ္ဆားရည္ေလးတိုက္ၿပီး သက္ေသာင့္သက္သာေလးထားလိုက္ရင္ ရပါတယ္... အာသီးေရာင္တာကေတာ့ ကြၽန္ေတာ္အရင္တခါ ဗိုင္းရပ္စ္ပိုးကာကြယ္နည္းေျပာခဲ့တုန္းကလို ဆားရည္ပူနဲ႔အာလုတ္က်င္းေပး... ဘာေဆးမွမလိုဘူး ႏွစ္ရက္ သုံးရက္ဆို သက္သာၿပီ "

" ဟုတ္ဆရာ ဟုတ္... ကြၽန္မ ဒီေန႔ကစ ေ႐ႊေက်းကို ေရခဲေရလည္းမတိုက္ေတာ့ဘူး ႀကိဳးလည္း မခုန္ခိုင္းေတာ့ဘူး... အခုေတာ့ ဓာတ္ဆားထုပ္ေလး ေျပးဝယ္လိုက္ဦးမယ္... ေက်းဇူးပါ ဆရာသက္ၿငိမ္ "

ေဒၚေ႐ႊမိက ေျပာရင္း ေအာက္ထပ္ကို ေရးႀကီးသုတ္ပ်ာ ဆင္းသြားတယ္။

သူ ဆင္းသြားၿပီး မၾကာဘူး ကိုယ့္ အနားက ခပ္႐ြဲ႕႐ြဲ႕ အသံေလးတစ္ခု ထြက္လာေလရဲ႕။

" ခ်ဳပ္ခ်ယ္ခံရမွာနဲ႔ ျဖစ္တဲ့ေရာဂါနဲ႔ေတာင္ မကာမိဘူး... တခါတည္း ဗိုင္းရပ္စ္ျဖစ္လိုက္ရမွာ "

မင္းေလးကေတာ့ေလ...

ဂ်စ္တိဂ်စ္ကန္ႏိုင္လွတဲ့ စကားသံေလးက တကယ္ကို တိုးတိုးေလးဆိုေပမယ့္ ကိုယ့္မွာ ၾကားျဖစ္ေအာင္ၾကားလိုက္ေသးတယ္။ ေဒၚေ႐ႊမိသာၾကားရင္ေတာ့ ေသြးတက္ေနေရာ့မယ္။

အေတြးနဲ႔အတူ ကိုယ္ အသာေလး ရယ္လိုက္မိတယ္။

ဘာကိုမွ ဂ႐ုစိုက္ပုံမရတဲ့ မင္းေလးကေတာ့ ငါးရာတန္ေလးကိုင္လို႔ ေအာက္ထပ္ကိုဆင္းသြားေလၿပီ။

ကိုယ္လည္းပဲ ညစာ ထမင္းမစားခ်င္တာနဲ႔ ပိုက္ဆံအိတ္ယူၿပီး ေအာက္ထပ္ကိုသာ လိုက္ဆင္းလိုက္ေတာ့တယ္။

ရာသီဥတုကျပင္းေတာ့ ဒီကာလ ဘယ္သူမွ ထမင္းမစားခ်င္ၾကဘူး ။
ဒါေၾကာင့္ တိုက္ေအာက္က ဆိုင္တန္း တခ်ိဳ႕မွာ ည ဒီလိုအခ်ိန္ဆို လူသိပ္စည္တယ္။

ဆိုင္တန္းက မ်ားမ်ားစားစားရယ္ေတာ့ မရွိပါဘူး ။
သုံးေလးဆိုင္ ေလာက္ေပါ့ ။

အဲ့ထဲက တစ္ဆိုင္က ေခါက္ဆြဲဆိုင္ ။
မႏၲေလးမွာ တ႐ုတ္ေတြေရာင္းတဲ့ ရွမ္းေခါက္ဆြဲက အေတာ္ေလး စားေကာင္းတယ္ ။

ေခါက္ဆြဲဆိုင္က ထုံးစံအတိုင္း လူေတြ ႀကိတ္ႀကိတ္တိုး။
မာလာဟင္းေတြပါ အစုံေရာင္းေတာ့ ဆိုင္ရွင္တ႐ုတ္မႀကီးမွာ လက္ကိုမလည္ရဘူး ။

ဆိုင္ထိုင္စားသူလည္း အမ်ားႀကီး ။

ဒါေပမယ့္ အဲ့ဒီလူေတြ အမ်ားႀကီးထဲမွာမွ မင္းက ထူးထူးျခားျခားေလး ထင္းထြက္ေနတယ္။

တစ္ဆိုင္လုံးမွာ မင္းတစ္ေယာက္တည္း တူကို ဘယ္လက္နဲ႔ကိုင္ထားတယ္ေလ ။

မင္း တူကိုင္တဲ့ပုံၾကည့္ရတာ သက္ေသာင့္သက္သာသိပ္မရွိေပမယ့္ သူ႔ဟာနဲ႔သူေတာ့ ေခ်ာေမြ႕ေနတယ္။

ဆိုင္မွာ တျဖည္းျဖည္းလူေတြက်ဲလာတယ္။
မင္းက ေခါက္ဆြဲကို ေႏွးေႏွးေလးစားတယ္။

ေခါက္ဆြဲတစ္ပြဲလည္း ကုန္ေရာ ဆိုင္ထဲက စားပြဲဝိုင္းေတြမွာ မင္းနဲ႔ကိုယ္ကလြဲၿပီး ဘယ္သူမွ မရွိေတာ့ဘူး ။

" အမား...  အမား ဒါေလးညႇပ္ေပးပါဦး !"

လူက်ဲသြားေတာ့ ဆိုင္ရွင္ရဲ႕သား တ႐ုတ္ကေလးေလးက လက္ထဲမွာ ကတ္ေၾကးတစ္လက္နဲ႔ စာ႐ြက္အပိုင္းအစ တခ်ိဳ႕ကို ကိုင္ၿပီး သူ႔အေမနား ကပ္ဂ်ီၾကတယ္ ။

ပါဆယ္ဝယ္မယ့္ မိန္းမႀကီးသုံးေယာက္အုပ္စုအတြက္ မာလာဟင္းျပင္ေပးေနတဲ့ တ႐ုတ္မႀကီးက မ်က္ေမွာင္အသာၾကဳတ္ရင္း

" Nǐ zǒu kāi! Wǒ hěn máng!"
( ေဝးေဝးသြားေန .. အမား အလုပ္ရႈပ္ေနတယ္! )

ဧည္သည့္တခ်ိဳ႕ရွိေနတာမို႔ ဆိုင္ရွင္က သူ႔ကေလးကို တ႐ုတ္စကားနဲ႔ ေငါက္တယ္။
ကေလးက မ်က္ႏွာတစ္ခ်က္မဲ့သြားေပမယ့္ အနားမွာ ရစ္သီရစ္သီလုပ္ေနတုန္းပဲ ။

ေနာက္ ႀကံမရတဲ့အဆုံး အဲ့ဒီကေလးက အနားမွာရွိေနတဲ့ မင္းဆီကို ေျပးသြားၿပီး

" အစ္ကိုႀကီး...  ဒါ ညႇပ္ေပးပါလား "

မ်က္စိေရွ႕ထိုးေပးလာတဲ့ ကတ္ေၾကးကို ၾကည့္ၿပီး မင္း စိတ္ရႈပ္သြားတဲ့ပုံပဲ။

ကေလးမခ်စ္တတ္တာေၾကာင့္လားလို႔ ထင္လိုက္မိေပမယ့္ မင္းက ခ်က္ခ်င္းပဲ ကေလးေလးပါးကို ခ်စ္စႏိုးနဲ႔ ဆြဲညႇစ္ျပလာေတာ့ ကိုယ္ဘယ္လိုေကာက္ခ်က္ခ်ရပါ့။

ဒါျဖင့္ရင္ အေစာက မ်က္ႏွာပ်က္သြားတာက... 

" အာ့... "

ကိုယ္ေတြးေနတုန္းမွာပဲ မင္းဆီက နာက်င္သြားတဲ့ အာေမဋိတ္သံေလးထြက္လာတယ္။
အာ...ဟုတ္သားပဲ...  ကတ္ေၾကးက...

" ေဆာရီး အစ္ကို မညႇပ္တတ္ဘူး "

ကတ္ေၾကးကို စားပြဲေပၚတင္ရင္း မင္းက မသက္မသာပုံေလးနဲ႔ဆိုတယ္။
ၿပီးေတာ့ ငါးရာတန္ေလး စားပြဲေပၚထားခဲ့ၿပီး ထြက္သြားေတာ့တာပါပဲ။

ကိုယ့္မွာ ၾကည့္ရင္း ရင္ထဲ မေကာင္း။

" အဲ့ဒီေကာင္ေလးကေလ...  ဟိုဘက္တိုက္ကိုေရာက္လာတာ မၾကာေသးဘူး... ေရာက္စက သူ႔အေမနဲ႔ေတြ႕ဖူးတယ္... ေတာ္ေတာ္အလိုလိုက္ခံထားရတဲ့ပုံပဲ  ဘာမွ မလုပ္တတ္ဘူးေလ...  အခုလည္း ၾကည့္ပါလား ကတ္ေၾကးေတာင္ မညႇပ္တတ္ဘူး အံ့ကိုဩေရာ တစ္ေယာက္တည္းဘယ္လိုမ်ားေနလဲမသိဘူး"

မင္းအခက္အခဲကို မသိတဲ့ ေစ်းဝယ္အေဒၚႀကီးက ထြက္သြားတဲ့မင္းကိုၾကည့္ၿပီး ႏွာေခါင္းရႈံ႕ ကဲ့ရဲ႕တယ္။

ကိုယ့္မွာ မင္းအစား ခံျပင္းသြားၿပီး ေဒါသကို ေထာင္းခနဲ ။

" ဒီမွာ...  သူက ဘယ္သန္ေလ...  လက္မ, ထည့္တဲ့ ကတ္ေၾကးေပါက္ေသးေသးေလးမွာ သူ႔လက္ေခ်ာင္းသုံးေခ်ာင္းက ဘယ္လိုလုပ္ ဆံ့မွာလဲ ! "

အကဲ့ရဲ႕ထူတဲ့ မိန္းမႀကီးကို မ်က္ေမွာင္ၾကဳတ္ ရန္ေတြ႕ရင္း ကိုယ္လည္း မင္းလိုပဲ ပိုက္ဆံကိုစားပြဲေပၚ  ဘတ္ခနဲတင္ခဲ့ၿပီး ထြက္လာခဲ့လိုက္ေတာ့တယ္။

တျခားတိုက္ေတြကေတာ့ ထင္ၾကေတာ့မယ္။
ဆရာဝန္ သက္ၿငိမ္က အေတာ္႐ိုင္းတာပဲလို႔ ။
ဒါေပမယ့္လည္း ဘယ္တတ္ႏိုင္မလဲ။
ကိုယ္က မင္းေလးတစ္ေယာက္တည္းကိုပဲ ျမင္ေနမိတာေလ။

Theme Song : lyrics 🎵

Looking from a window above
It's like a story of love, can you hear me?
Came back only yesterday
We're moving farther away, want you near me

All I needed was the love you gave
All I needed for another day
And all I ever knew, only you

Sometimes when I think of your name
When it's only a game and I need you
Listening to the words that you say
It's getting harder to stay when I see you

All I needed was the love you gave
All I needed for another day
And all I ever knew, only you



The Scissor .

         ❀ ❀ ❀ ကံ့ေကာ္ပြင့္ခ်ိန္  ❀ ❀ ❀

Continue Reading

You'll Also Like

312K 6.8K 72
''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိ...
2.4M 155K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
327K 8.1K 78
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်