တစ်ခန်းတည်းအတူအိပ်ဖြစ်ကြတဲ့ဒုတိယည။ အတွေးတွေကိုယ်စီနဲ့တစ်ရေးမှမရတဲ့ည။
" နွေး ... "
" ဟွန် ~ "
ကျောချင်းကပ်ထားရာမှတစ်ဖက်လှည့်ကာသေးသွယ်ကျဥ်းမြောင်းသည့်ခါးသိမ်သိမ်အားဆွဲပွေ့ကာ၊ရင်ခွင်တွင်းထည့်ဖက်ထားလိုက်မိသည်။
" ကိုယ်လေ ဟိုး အဝေးကြီးကိုခရီးသွားရလိမ့်မယ် ။ နည်းနည်းလေးတော့ကြာမယ်ဆိုပေမဲ့ ... "
အဲ့တာရက်ပေါင်း သုံးရာခြောက်ဆယ့်ငါးရက်ဆိုပေမဲ့။ အတွေးနဲ့ရူးမတက်လွမ်းရမယ်ဆိုပေမဲ့ ။
နွေးသည်စကားဟမလာပါချေ။ကောင်ငယ်လေးသည်ထွေးပွေ့ထားသောခါးမှသူ၏လက်ဖမိုးအားအုံ့မိုးဆုပ်ကိုင်လာသည်မှာတင်းတင်းကြပ်ကြပ်။
" ကြာ... ကြာ ...ကြာမှာ ...လား "
" ကြာမယ်ဆိုရင်ရော နွေးကကိုယ့်ကိုစောင့်နေမှာလား "
" စောင့်....စောင့်...မှာ... ကို...ကို..လာ..လာခေါ်..လာခေါ် "
သစ်ရွက်တို့သည်လွမ်းဆွေးဖွယ်ကြွေဆင်း၏။ သစ်ရွက်တွေကြွေတဲ့ည။
အလွမ်းတွေဝေတဲ့ည။
အဲ့သည့်ည.... ကိုကို့မျက်ရည်တွေပေါပေါသီသီကြွေတဲ့ည ။
~
" သား သက်နွေး "
နေသက်နွေး၏တစ်နေ့တာသည်ပြတင်းပေါက်တွင်ကိုယ်မှီခေါင်းတင်ရင်းမျှော်ငေးနေခြင်းဖြင့်သာကုန်ဆုံးတတ်၏။
ထမင်းကိုကျွေးသလောက်စားသလို၊အပြုံးအရယ်လည်းမရှိတော့သလို၊အထစ်ထစ်အငေါ့ငေါ့စကားသံလေးဟာလည်းတော်ရုံနှင့်မကြားရတက်တော့ချေ ။
နေ့စဥ်ဓူဝလုပ်ငန်းဆောင်စဥ်တွေကိုသံပတ်ပေးထားသောစက်ရုပ်သေးသေးလေးနှယ်လှုပ်ရှားကာ၊နေသက်နွေးရဲ့ကမ္ဘာလေးဟာ၊ဆိတ်ငြိမ်ကာ၊တိတ်ဆိတ်သောတောအုပ်လေးသဖွယ်။
" အောင်သန့်စင်လာတယ် "
ဒေါ်မိုးမြတ်စံ၏အပြောတောင်မဆုံးသေးချေအောင်သန့်စင်နေသက်နွေးနံဘေးရောက်လာကာ၊သက်ပြင်းတစ်ချက်ချလေသည်။ လက်ထဲမှပိုက်ဆံအားသက်နွေးအမေထံထည့်ပေးပြီးနောက်ထိုကောင်လေးကိုထပ်ကြည့်မိသည်။
နေသက်နွေးသည်၊ခေါင်းလေးစောင်းကာပြတင်းပေါက်မှမြင်ရသောလမ်းသွယ်လေးအားငေးနေဆဲ။
တချို့ကိစ္စတွေအားသူအလုံးစုံမသိရသော်လည်းအန်တီမြင့်၏ခိုင်းစေချက်အရလစဥ်ထောက်ပံ့ကြေးငွေသည်ကိိုကိုကြီးပေးခိုင်းတာပဲဖြစ်လောက်မည်။ကိုကိုကြီးမသွားခင်၊ဖုန်းအားအသစ်လဲစေကာ၊နေသက်နွေး၏ဖုန်းSim Card ကိုလည်းနေသက်နွေးမသိခင်လဲထားစေ၏။
ကိုကိုကြီးလန်ဒန်သို့ထွက်သွားသည်မှာ၃လခန့်ကြာမြင့်နေပြီဖြစ်သည်။အဆက်အသွယ်ရ၏၊မရ၏ဆိုတာနေသက်နွေး၏ပုံစံအားကြည့်ရုံနှင့်ခန့်မှန်းလို့ရနေပြီဖြစ်သည်။
" သက်နွေးလေး ။ ပိန်သွားတယ်နော် ၊ အစားရောပုံမှန်စားရဲ့လား "
နေသက်နွေးသည် မပီမသအသံလေးသာပြုလာကာတစ်ဖက်လူအားလှည့်ပင်ကြည့်မလာခဲ့ချေ။
အောင်သန့်စင်နောက်ဆုံးတွင်ပြန်ရန်သာဆုံးဖြတ်လိုက်ရသည်။တချို့ကိစ္စတွေတွင်သူပါဝင်ပတ်သက်လို့မရနိုင်ပါချေ။ သူလည်းသူ့ဘဝနှင့်သူမဟုတ်လား။မည်သို့ပင်ဆိုစေကာမူအန်တီမြင့်သည်သူ့ကျေးဇူးရှင်သာဖြစ်၏။
အောင်သန့်စင်ပြန်သွားသည်နှင့်မိုးသက်စွေကပိုက်ဆံအုပ်အားမျက်စောင်းခဲကာ၊အမေလုပ်သူထံခပ်ပြုံးပြုံးကြည့်လာသည်။
" အမေသားကို ၃သောင်းလောက်"
" သားရယ် နင့်အဖေဆေးဖိုးကရှိသေးတယ် ဒီလတော့၁သောင်းလောက်ပဲယူပါလား "
" လဝက်လောက်ကျရင်သားပြန်ပေးပါ့မယ်။ အမေ့ချွေးမကဒီလ အိုဂျီ ပြန်ပြရမှာ "
ထိုစကားကြားတဲ့အခါဒေါ်မိုးမြတ်စံလေပူသာမှုတ်ထုတ်လိုက်မိသည်။ငယ်ငယ်ရွယ်ရွယ်နှင့်အိမ်ထောင်ကျကာ၊လောကကြီးအကြောင်းတောင်ကောင်းကောင်းမသိသေးပဲ၊ကလေးအဖေဖြစ်တော့မည့်သားငယ်လုပ်သူအစားရင်လေးမိသည်။
" အကို့သားငယ်ကမလိမ္မာဘူးအကိုရယ် "
ဦးသက်ဦး၏ကျန်းမာရေးအခြေနေသည်တိုးတက်မလာခဲ့သော်လည်း၊ဒေါ်မိုးမြင့်စံကတော့တယုတယနှင့်ပြုစုနေဆဲ။ ထိုစကားအားမျက်ရည်အဝဲသားဖြင့်ပြောပြီးမှနောင်တရမိပြန်သည်။
နေသက်နွေးရှိရာဆီမှိုင်းညှို့နေသောမျက်ဝန်းတွေဖြင့်လှမ်းကြည့်နေသောအကို့မျက်ဝန်းတွေထဲကတောင်းပန်တိုးလျှိုးသည့်အဓိပ္ပါယ်တွေကို မမြင်ရက်စွာခေါင်းကိုငုံ့ချလိုက်မိသည်။
" စိတ်လျှော့ပါတော့အကိုရယ်။သက်နွေးက...သက်နွေးကအကို့ကိုဘယ်အပြစ်မြင်ပါ့မလဲ "
" အာ ... "
မပီမသအသံဖြင့်စကားပြောရင်းမျက်ရည်တွေသည်တားဆီးမနိုင်စွာကျလာတော့နာကျင်ပြုံးဖြင့်သာသုတ်ပေးလိုက်ရသည်။
နွေးသည်လှည့်ကြည့်လာ၏။ ပြတင်းပေါက်ရှိရာမှခွာလို့ဦးသက်ဦးထံဖြည်းဖြည်းချင်းလျှောက်လှမ်းလာကာ၊ရှေ့တွင်ထိုင်လိုက်၏။ပြီးနောက်ဝိုင်းစက်နေသောမျက်ဝန်းတွေဖြင့်ကြည့်ကာ၊ခေါင်းလေးတစ်ချက်စောင်းလို့၊ဦးသက်ဦး၏ရင်ခွင်ထဲခေါင်းလေးတိုးဝှေ့လို့မှီနေသည်မှာ၊ကလေးငယ်တစ်ဦးအတိုင်း ။
" အာ... အာ .."
" တော်ပါတော့ အကိုရယ် ။ တော်ပါတော့ ..!"
အမေလည်းငိုသလို၊အဖေလည်းငို၏။နေသက်နွေးမငိုတတ်တော့။မျက်ရည်တွေလည်းကျမလာသလို၊ရင်ဘက်သည်ထုံထိုင်းကာဆွေးမြေ့ပျက်စီးသွားသည့်နှယ် ။
ညသန်းခေါင်ယံငိုကြွေးမှုတို့သည်ကျယ်လောင်စွာထွက်ပေါ်လာ၏။ အဖေ ထွက်သွားပြီ ။ နေသက်နွေးအဖေ့ရင်ခွင်ထဲတွင်ငြိမ်သက်နေစဥ်မှာပဲအဖေ့ကိုယ်သည်တဖြည်းဖြည်းချင်းအေးစက်ကာပျော့ပျောင်းလာတာဖြစ်သည်။
အဖေ့ရင်ခွင်ထဲဝင်ခိုခဲ့သည့်အမှတ်တရလေးပြန်တူးဖော်ခွင့်ရလိုက်ပေမဲ့၊အိပ်မက်ကလေးလိုခဏလေးအတွင်းလွင့်ပြယ်သွားရ၏။
အမေကငိုသည်၊ သက်စွေလည်းငိုနေသည်။နေသက်နွေးမျက်ရည်ကျမလာခဲ့၊လူတွေအားလုံးကိုဖြတ်ကျော်လို့ပြတင်းပေါက်လေးတွင်မှီငြိမ်းလိုက်သည်။
အပြင်တွင်အမှောင်ယံကကြီးစိုးနေဆဲ။အသံတွေသည်အလွန်ဆူ၏။ နေသက်နွေးခေါင်းလေးစောင်းကာ၊မျက်လုံးတွေအားတခဏတာလေးမှိတ်ချလိုက်မိသည် ။
ဘယ်သူမှမရှိတော့ ...
အဖေရော၊အမေရော၊ ကိုကို...!!
ကိုကိုကရော...
~
အားလုံးထင်နေကြတဲ့မဟုတ်လား။
ဟုတ်ပါတယ် ။ နွေးက... စိတ်ရောဂါကိုစတင်ခံစားနေရပြီ ..။
Zawgyi Version.
တစ္ခန္းတည္းအတူအိပ္ျဖစ္ၾကတဲ့ဒုတိယည။ အေတြးေတြကိုယ္စီနဲ႕တစ္ေရးမွမရတဲ့ည။
" ႏြေး ... "
" ဟြန္ ~ "
ေက်ာခ်င္းကပ္ထားရာမွတစ္ဖက္လွည့္ကာေသးသြယ္က်ဥ္းေျမာင္းသည့္ခါးသိမ္သိမ္အားဆြဲေပြ႕ကာ၊ရင္ခြင္တြင္းထည့္ဖက္ထားလိုက္မိသည္။
" ကိုယ္ေလ ဟိုး အေဝးႀကီးကိုခရီးသြားရလိမ့္မယ္ ။ နည္းနည္းေလးေတာ့ၾကာမယ္ဆိုေပမဲ့ ... "
အဲ့တာရက္ေပါင္း သုံးရာေျခာက္ဆယ့္ငါးရက္ဆိုေပမဲ့။ အေတြးနဲ႕႐ူးမတက္လြမ္းရမယ္ဆိုေပမဲ့ ။
ႏြေးသည္စကားဟမလာပါေခ်။ေကာင္ငယ္ေလးသည္ေထြးေပြ႕ထားေသာခါးမွသူ၏လက္ဖမိုးအားအုံ႕မိုးဆုပ္ကိုင္လာသည္မွာတင္းတင္းၾကပ္ၾကပ္။
" ၾကာ... ၾကာ ...ၾကာမွာ ...လား "
" ၾကာမယ္ဆိုရင္ေရာ ႏြေးကကိုယ့္ကိုေစာင့္ေနမွာလား "
" ေစာင့္....ေစာင့္...မွာ... ကို...ကို..လာ..လာေခၚ..လာေခၚ "
သစ္႐ြက္တို႔သည္လြမ္းေဆြးဖြယ္ေႂကြဆင္း၏။ သစ္႐ြက္ေတြေႂကြတဲ့ည။
အလြမ္းေတြေဝတဲ့ည။
အဲ့သည့္ည.... ကိုကို႔မ်က္ရည္ေတြေပါေပါသီသီေႂကြတဲ့ည ။
~
" သား သက္ႏြေး "
ေနသက္ႏြေး၏တစ္ေန႕တာသည္ျပတင္းေပါက္တြင္ကိုယ္မွီေခါင္းတင္ရင္းေမွ်ာ္ေငးေနျခင္းျဖင့္သာကုန္ဆုံးတတ္၏။
ထမင္းကိုေကြၽးသေလာက္စားသလို၊အၿပဳံးအရယ္လည္းမရွိေတာ့သလို၊အထစ္ထစ္အေငါ့ေငါ့စကားသံေလးဟာလည္းေတာ္႐ုံႏွင့္မၾကားရတက္ေတာ့ေခ် ။
ေန႕စဥ္ဓူဝလုပ္ငန္းေဆာင္စဥ္ေတြကိုသံပတ္ေပးထားေသာစက္႐ုပ္ေသးေသးေလးႏွယ္လႈပ္ရွားကာ၊ေနသက္ႏြေးရဲ႕ကမၻာေလးဟာ၊ဆိတ္ၿငိမ္ကာ၊တိတ္ဆိတ္ေသာေတာအုပ္ေလးသဖြယ္။
" ေအာင္သန့္စင္လာတယ္ "
ေဒၚမိုးျမတ္စံ၏အေျပာေတာင္မဆုံးေသးေခ်ေအာင္သန့္စင္ေနသက္ႏြေးနံေဘးေရာက္လာကာ၊သက္ျပင္းတစ္ခ်က္ခ်ေလသည္။ လက္ထဲမွပိုက္ဆံအားသက္ႏြေးအေမထံထည့္ေပးၿပီးေနာက္ထိုေကာင္ေလးကိုထပ္ၾကည့္မိသည္။
ေနသက္ႏြေးသည္၊ေခါင္းေလးေစာင္းကာျပတင္းေပါက္မွျမင္ရေသာလမ္းသြယ္ေလးအားေငးေနဆဲ။
တခ်ိဳ႕ကိစၥေတြအားသူအလုံးစုံမသိရေသာ္လည္းအန္တီျမင့္၏ခိုင္းေစခ်က္အရလစဥ္ေထာက္ပံ့ေၾကးေငြသည္ကိိုကိုႀကီးေပးခိုင္းတာပဲျဖစ္ေလာက္မည္။ကိုကိုႀကီးမသြားခင္၊ဖုန္းအားအသစ္လဲေစကာ၊ေနသက္ႏြေး၏ဖုန္းSim Card ကိုလည္းေနသက္ႏြေးမသိခင္လဲထားေစ၏။
ကိုကိုႀကီးလန္ဒန္သို႔ထြက္သြားသည္မွာ၃လခန့္ၾကာျမင့္ေနၿပီျဖစ္သည္။အဆက္အသြယ္ရ၏၊မရ၏ဆိုတာေနသက္ႏြေး၏ပုံစံအားၾကည့္႐ုံႏွင့္ခန့္မွန္းလို႔ရေနၿပီျဖစ္သည္။
" သက္ႏြေးေလး ။ ပိန္သြားတယ္ေနာ္ ၊ အစားေရာပုံမွန္စားရဲ႕လား "
ေနသက္ႏြေးသည္ မပီမသအသံေလးသာျပဳလာကာတစ္ဖက္လူအားလွည့္ပင္ၾကည့္မလာခဲ့ေခ်။
ေအာင္သန့္စင္ေနာက္ဆုံးတြင္ျပန္ရန္သာဆုံးျဖတ္လိုက္ရသည္။တခ်ိဳ႕ကိစၥေတြတြင္သူပါဝင္ပတ္သက္လို႔မရနိုင္ပါေခ်။ သူလည္းသူ႕ဘဝႏွင့္သူမဟုတ္လား။မည္သို႔ပင္ဆိုေစကာမူအန္တီျမင့္သည္သူ႕ေက်းဇူးရွင္သာျဖစ္၏။
ေအာင္သန့္စင္ျပန္သြားသည္ႏွင့္မိုးသက္ေစြကပိုက္ဆံအုပ္အားမ်က္ေစာင္းခဲကာ၊အေမလုပ္သူထံခပ္ၿပဳံးၿပဳံးၾကည့္လာသည္။
" အေမသားကို ၃ေသာင္းေလာက္"
" သားရယ္ နင့္အေဖေဆးဖိုးကရွိေသးတယ္ ဒီလေတာ့၁ေသာင္းေလာက္ပဲယူပါလား "
" လဝက္ေလာက္က်ရင္သားျပန္ေပးပါ့မယ္။ အေမ့ေခြၽးမကဒီလ အိုဂ်ီ ျပန္ျပရမွာ "
ထိုစကားၾကားတဲ့အခါေဒၚမိုးျမတ္စံေလပူသာမႈတ္ထုတ္လိုက္မိသည္။ငယ္ငယ္႐ြယ္႐ြယ္ႏွင့္အိမ္ေထာင္က်ကာ၊ေလာကႀကီးအေၾကာင္းေတာင္ေကာင္းေကာင္းမသိေသးပဲ၊ကေလးအေဖျဖစ္ေတာ့မည့္သားငယ္လုပ္သူအစားရင္ေလးမိသည္။
" အကို႔သားငယ္ကမလိမၼာဘူးအကိုရယ္ "
ဦးသက္ဦး၏က်န္းမာေရးအေျခေနသည္တိုးတက္မလာခဲ့ေသာ္လည္း၊ေဒၚမိုးျမင့္စံကေတာ့တယုတယႏွင့္ျပဳစုေနဆဲ။ ထိုစကားအားမ်က္ရည္အဝဲသားျဖင့္ေျပာၿပီးမွေနာင္တရမိျပန္သည္။
နေသက်နွေးရှိရာဆီမှိုင်းညှို့နေသောမျက်ဝန်းတွေဖြင့်လှမ်းကြည့်နေသောအကို့မျက်ဝန်းတွေထဲကတောင်းပန်တိုးလျှိုးသည့်အဓိပ္ပါယ်တွေကို မျမင္ရက္စြာေခါင္းကိုငုံ႕ခ်လိဳက္မိသည္။
" စိတ္ေလွ်ာ့ပါေတာ့အကိုရယ္။သက္ႏြေးက...သက္ႏြေးကအကို႔ကိုဘယ္အျပစ္ျမင္ပါ့မလဲ "
" အာ ... "
မပီမသအသံျဖင့္စကားေျပာရင္းမ်က္ရည္ေတြသည္တားဆီးမနိုင္စြာက်လာေတာ့နာက်င္ၿပဳံးျဖင့္သာသုတ္ေပးလိုက္ရသည္။
ႏြေးသည္လွည့္ၾကည့္လာ၏။ ျပတင္းေပါက္ရွိရာမွခြာလို႔ဦးသက္ဦးထံျဖည္းျဖည္းခ်င္းေလွ်ာက္လွမ္းလာကာ၊ေရွ႕တြင္ထိုင္လိုက္၏။ၿပီးေနာက္ဝိုင္းစက္ေနေသာမ်က္ဝန္းေတြျဖင့္ၾကည့္ကာ၊ေခါင္းေလးတစ္ခ်က္ေစာင္းလို႔၊ဦးသက္ဦး၏ရင္ခြင္ထဲေခါင္းေလးတိုးေဝွ႕လို႔မွီေနသည္မွာ၊ကေလးငယ္တစ္ဦးအတိုင္း ။
" အာ... အာ .."
" ေတာ္ပါေတာ့ အကိုရယ္ ။ ေတာ္ပါေတာ့ ..!"
အေမလည္းငိုသလို၊အေဖလည္းငို၏။ေနသက္ႏြေးမငိုတတ္ေတာ့။မ်က္ရည္ေတြလည္းက်မလာသလို၊ရင္ဘက္သည္ထုံထိုင္းကာေဆြးေျမ့ပ်က္စီးသြားသည့္ႏွယ္ ။
ညသန္းေခါင္ယံငိုေႂကြးမႈတို႔သည္က်ယ္ေလာင္စြာထြက္ေပၚလာ၏။ အေဖ ထြက္သြားၿပီ ။ ေနသက္ႏြေးအေဖ့ရင္ခြင္ထဲတြင္ၿငိမ္သက္ေနစဥ္မွာပဲအေဖ့ကိုယ္သည္တျဖည္းျဖည္းခ်င္းေအးစက္ကာေပ်ာ့ေပ်ာင္းလာတာျဖစ္သည္။
အေဖ့ရင္ခြင္ထဲဝင္ခိုခဲ့သည့္အမွတ္တရေလးျပန္တူးေဖာ္ခြင့္ရလိုက္ေပမဲ့၊အိပ္မက္ကေလးလိုခဏေလးအတြင္းလြင့္ျပယ္သြားရ၏။
အေမကငိုသည္၊ သက္ေစြလည္းငိုေနသည္။ေနသက္ႏြေးမ်က္ရည္က်မလာခဲ့၊လူေတြအားလုံးကိုျဖတ္ေက်ာ္လို႔ျပတင္းေပါက္ေလးတြင္မွီၿငိမ္းလိုက္သည္။
အျပင္တြင္အေမွာင္ယံကႀကီးစိုးေနဆဲ။အသံေတြသည္အလြန္ဆူ၏။ ေနသက္ႏြေးေခါင္းေလးေစာင္းကာ၊မ်က္လုံးေတြအားတခဏတာေလးမွိတ္ခ်လိဳက္မိသည္ ။
ဘယ္သူမွမရွိေတာ့ ...
အေဖေရာ၊အေမေရာ၊ ကိုကို...!!
ကိုကိုကေရာ...
~
အားလုံးထင္ေနၾကတဲ့မဟုတ္လား။
ဟုတ္ပါတယ္ ။ ႏြေးက... စိတ္ေရာဂါကိုစတင္ခံစားေနရၿပီ ..။