𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်း...

miss_candle tarafından

243K 20.4K 1.2K

အသက်ကိုသိပ်ချစ်၏>.< ‼️အချိုချည်းပါ၊ third wheel, childတွေပါလာနိုင်တာမို့ အဆင်ပြေမှဖတ်ပါရှင့်။ စာရေးသူ၏စိတ်ကူး... Daha Fazla

I
II
III
IV
V
VI
VII
VIII
IX
X
XI
XII
XIII
XIV
XV
XVI
XVII
XVIII
XIX
XXI
XXII
XXIII
XXIV End
Extra (U)
Extra (Z)
please read>.<
ဖြေရှင်းခြင်း!!

XX

6.3K 582 48
miss_candle tarafından

Unicode

ရာသီတွေအလီလီပြောင်းလာလိုက်တာ နောက်တစ်ချိန်မိုးရာသီတောင် ပြန်လည်ရောက်ရှိလာပြီ။ ရှောင်းကျန့် ဝရံတာနဲ့အခန်းထဲကိုဆက်ထားတဲ့တံခါးဝမှာပိတ်ထိုင်နေပြီး စာအုပ်ထိုင်ဖတ်နေသည်။ ဝရံတာကြမ်းပြင်တစ်ခုလုံးမှာလဲ မိုးရေတွေရွဲစိုလို့၊ ရှောင်းကျန့် သူ့ဘေးမှာကော်ဖီခွက်လေးချပြီး စာဖတ်လိုက် ကော်ဖီသောက်လိုက် မိုးရေတွေကိုလှမ်းကြည့်လိုက်နဲ့။ တစ်ချက်တစ်ချက်လေပြင်းတိုက်လိုက်ရင် သူ့ဆံပင်တွေလွင့်ကာ စာရွက်တွေလဲ တစ်ဖက်ဖက်လန်ကုန်ကြသည်။ သူဒီကိုရောက်လာတာ သုံးနှစ်တောင်ပြည့်တော့မယ်၊ ဒီနှစ်ဆောင်းတွင်းဝင်ရင် သူရောက်တာသုံးနှစ်ပြည့်ပြီလေ။ အချိန်တွေကုန်တာတအားကိုပဲမြန်တယ်။ အဲလိုပဲ သူလဲရင်တမမနဲ့။ မေ့ချင်ရင်တောင်သူမမေ့ရဲဘူး၊ အဲဒါဘယ်အချိန်သူ့ရဲ့မူလနေရာကိုပြန်ရမလဲဆိုတာပဲ။ အရာအားလုံးအဆင်ပြေနေရင်တောင် အပြည့်အဝတော့ဘယ်ပျော်ရမလဲလေနော်။

ရိပေါ်စာထိုင်ဖတ်နေတဲ့ရှောင်းကျန့်နားကိုသွားလိုက်ပြီး အနောက်ကနေအနွေးထည်ကိုလွှမ်းခြုံပေးလိုက်ကာ ရှောင်းကျန့်ရဲ့အနောက်မှာဝင်ထိုင်ပြီး သိုင်းဖက်ထားလိုက်သည်။ ရှောင်းကျန့်ကလဲ စာအုပ်ကိုဘေးချလိုက်ပြီး ရိပေါ်ရဲ့ရင်ခွင်ထဲကို မှီချလိုက်တယ်။

"အိမ်ကလူရဲ့ရင်ခွင်ထဲမှီထားရတာ သက်သောင့်သက်သာရှိလိုက်တာ"

ရိပေါ်ကရှောင်းကျန့်ကိုပိုတင်းအောင်ဖက်ထားလိုက်ပြီး

"လေတွေတိုက်နေတာကို ဒီမှာဘာလို့လာထိုင်နေတာလဲ ဖျားဦးမယ်"

"မဖျားပါဘူးအိမ်ကလူရဲ့ အပြင်ကိုကြည့်မိုးရွာနေတာဘယ်လောက်လှလဲ အသက်ရှူသွင်းကြည့် အနံ့ရရဲ့လားမြေသင်းနံ့လေး အဲဒါကမိုးရာသီမှာပဲရနိုင်တဲ့အရာတွေဗျ"

ရိပေါ်ကရှောင်းကျန့်ရဲ့ခေါင်းလေးပေါ် မေးတင်ပြီး အပြင်ကိုစိုက်ကြည့်နေသည်။ သူဒီလိုအရာတွေကိုမခံစားဖြစ်တာတောင်ကြာပေါ့။ ရိပေါ်ရှောင်းကျန့်နဲ့တူတူမိုးရွာတာကိုထိုင်ကြည့်တာ ဘယ်လောက်ကြာသွားမှန်းတောင် မသိလိုက်။ ရိပေါ်ရှောင်းကျန့်ကိုငုံ့ကြည့်လိုက်တော့ အသက်ရှူသံမှန်မှန်လေးနဲ့ရိပေါ်ရဲ့ရင်ခွင်ထဲမှာ ရှောင်းကျန့်ကအိပ်ပျော်နေပြီ။ ရိပေါ်ပြုံးလိုက်မိတယ်။ ဒီကလေးကတော့။

ရိပေါ်ရှောင်းကျန့်ကိုပွေ့ချီလိုက်ပြီး ကုတင်ပေါ်သေချာတင်ပေးကာ စောင်ခြုံပေးလိုက်သည်။ ခနနေကန်ထုတ်ထားမှာသိပေမယ့်ပေါ့။ တံခါးဝမှာကျန်နေခဲ့တဲ့ စာအုပ်လေးနဲ့ နည်းနည်းသာကျန်တော့တဲ့ကော်ဖီခွက်လေးကို ယူပြီး စားပွဲပေါ်တင်ထားလိုက်သည်။ ပြီးနောက်ရိပေါ်လဲရှောင်းကျန့်ဘေးဝင်ပြီးလှဲကာ ရှောင်းကျန့်ကိုဖက်ထားလိုက်ပြီး မိုးသံလေးနဲ့ သူလဲအိပ်လိုက်တော့တယ်။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

ရှောင်းကျန့်နဲ့ရိပေါ်ညစာစားချိန် အိမ်အောက်ထပ်ကိုတူတူဆင်းလာလိုက်သည်။ ရိပေါ်ကရှောင်းကျန့်ရဲ့ခါးလေးကိုဖက်ကာ ထမင်းစားခန်းထဲကို စကားတပြောပြောလုပ်နေတဲ့ရှောင်းကျန့်ကိုကြည့်ရင်း ဝင်လာလိုက်ကြသည်။ သူတို့ထမင်းစား စားပွဲမှာဝင်ထိုင်လိုက်တာနဲ့ ကြီးတော်မေက ထမင်းပန်းကန်ထဲကို ထမင်းခူးထည့်ပေးနေပြီ။ ရှောင်းကျန့်ရိပေါ်ရဲ့ ထမင်းပန်းကန်ထဲကို ဟင်းခပ်ထည့်ပေးလိုက်ပြီး သူလဲခပ်ထည့်ကာ စားလိုက်တယ်။ ဘေးကရပ်စောင့်နေတဲ့ ကြီးတော်မေကို လက်မလေးထောင်ပြပြီး

"ကြီးတော်မေချက်တာ မကောင်းဘူးဆိုတာကိုမရှိဘူး ဟီးဟီး"

"သခင်လေးကြိုက်ရင် များများထည့်စားနော်"

ရှောင်းကျန့်ခေါင်းငြိမ့်ပြလိုက်ပြီး ဆက်စားနေလိုက်သည်။ ထမင်းစားသောက်ပြီးသွားတော့ ရိပေါ်နဲ့ရှောင်းကျန့်ဧည့်ခန်းမှာသွားထိုင်ကြတယ်။ ခနနေတော့ကြီးတော်မေက ပန်းသီးစိပ်လေးထည့်ထားတဲ့ပန်းကန်တစ်ချက်ကိုကိုင်ပြီး ရှောင်းကျန့်တို့ရှေ့လာချပေးသွားသည်။

"သခင်လေးတို့လိုတာရှိရင် ကြီးတော်ကိုခေါ်လိုက်နော်"

"ဟုတ်ကဲ့ကြီးတော်မေ"

ရိပေါ်ကရှောင်းကျန့်ရဲ့ပုခုံးကိုဖက်ထားပြီး ရှောင်းကျန့်ကရိပေါ်ရဲ့ပုခုံးကိုပြန်မှီထားကာ old TVကြီးကလာနေတဲ့ အစီအစဉ်ကိုကြည့်နေကြသည်။ ရှောင်းကျန့်စားပွဲပေါ်ကပန်းကန်ထဲကပန်းသီးတစ်စိပ်ကိုယူလိုက်ပြီး သူ့ပါးစပ်တစ်စိပ်ထည့်လိုက်ကာ နောက်တစ်စိပ်ယူပြီး ရိပေါ်ကိုခွံ့လိုက်တယ်။ ရှောင်းကျန့်ရိပေါ်ပန်းသီးစိပ်ဝါးနေတာကိုကြည့်ပြီး ခေါင်းလေးငြိမ့်ပြကာ

"ပန်းသီးကချိုတယ်နော်"

"အင်း"

ရိပေါ်ကလဲခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။ ပြီးနောက်ရှောင်းကျန့်ကရိပေါ်ပုခုံးကိုပြန်မှီလာသည်။ ရိပေါ်ကရှောင်းကျန့်ရဲ့ခေါင်းလေးကိုငုံ့နမ်းလာတော့ ရှောင်းကျန့်ကလဲရိပေါ်ကိုပြန်မော့ကြည့်ကာ ရိပေါ်ရဲ့နှုတ်ခမ်းလေးကိုနမ်းလိုက်သည်။

"အသက်.."

"ဗျာ.."

"ကျုပ်မနက်ဖြန်အတွက်လက်မှတ်ဝယ်ထားတယ်"

"ဟင် ဘာလက်မှတ်လဲ"

"ပြဇာတ်ရုံလက်မှတ်လေ အသက်ကြည့်ချင်တယ်လို့ဟိုတစ်နေ့ကပြောတယ်မလား"

ရှောင်းကျန့်ရိပေါ်စကားကြောင့်အံ့ဩသွားပြီး ရိပေါ်ပုခုံးကိုမှီထားရာက ခေါင်းပြန်မတ်လိုက်ကာ ရိပေါ်ဘက်ကိုစောင်းကြည့်ပြီး

"ကျွန်တော်ကဒီတိုင်းပြောလိုက်တာပါ ဝယ်လိုက်တာလား"

"အင်း ဝယ်လိုက်တယ်"

"အိမ်ကလူ အဲပြဇာတ်ရုံလတ်မှတ်ကဒီလောက်ဈေးကြီးတာကို ဘာလို့ဝယ်လိုက်တာလဲ"

"အသက်ကြည့်ချင်နေလို့လေ အဲလောက်လဲမကြီးပါဘူးကွာ အရမ်းတွေးမနေနဲ့
မနက်ဖြန်ညနေ၅နာရီစမှာ ကျုပ်ကတော့အဲကပဲစောင့်နေလိုက်မယ် အိမ်ကိုကားလွှတ်ပေးလိုက်မယ်"

"အင်းပါ"

ရှောင်းကျန့်ကပြောမရတဲ့သူကိုပြောမနေတော့ပဲ ရိပေါ်ရဲ့ပုခုံးပေါ်သာမှီပြီးနေလိုက်တော့သည်။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

ရှောင်းကျန့်ပြင်ဆင်ပြီး သူ့အိပ်ခန်းထဲမှာ စာအုပ်ဖတ်ရင်းထိုင်စောင့်နေသည်။ ခနနေတော့ ကောင်မလေးတစ်ယောက်က တံခါးလာခေါက်သည်။ ရှောင်းကျန့်စာအုပ်လေးကို စားပွဲပေါ်တင်ပြီး တံခါးဖွင့်ကာ မေးလိုက်တယ်။

"ဘာလို့လဲ"

"သခင်ကြီးဖုန်းဆက်လာတယ်သခင်လေး သခင်လေးကိုခေါ်ခိုင်းလိုက်လို့"

"အင်းအင်း အကိုလာမယ်"

ရှောင်းကျန့်ပြောပြီးတော့ ကောင်မလေးကဆင်းသွားပြီ။ ရှောင်းကျန့်လဲစားပွဲပေါ်တင်ထားတဲ့ပိုက်ဆံအိတ်ကို ဘောင်းဘီအိတ်ထဲထည့်လိုက်ပြီး အောက်ထပ်ကိုဆင်းလာလိုက်တယ်။ ဧည့်ခန်းထဲသွားကာ ဖုန်းကိုင်လိုက်ပြီး

"ဟယ်လို အိမ်ကလူ.."

☎️အင်းအသက် ပြင်ဆင်ပြီးပြီလား☎️

"ဟုတ်ကဲ့ ပြင်ပြီးပြီ"

☎️အင်း ကျုပ်ယန်ယန်ကိုလွှတ်လိုက်တယ် ခနနေရောက်လောက်မှာ☎️

"ဟုတ်ကဲ့ အိမ်ကလူ
အိမ်ကလူပြဇာတ်ရုံရောက်နေပြီလား"

☎️ရောက်နေပြီ အေးဆေးလာခဲ့ ကျုပ်စောင့်နေမယ်☎️

"ဟုတ်ကဲ့ ဒါဆိုဒါပဲနော် ချစ်တယ်"

☎️ကျုပ်ကပိုချစ်တယ်☎️

ရှောင်းကျန့်ဖုန်းချလိုက်ပြီး အပြင်ထွက်မလို့ပြင်တော့ ကောင်မလေးတစ်ယောက်ဘေးရောက်လာပြီး

"သခင်လေး ဖိနပ်စီးပေးမယ်"

"နေနေ အကို့ဘာသာစီးလိုက်မယ်"

ရှောင်းကျန့်ဖိနပ်စီးပြီး ခြံထဲကဒန်းမှာထိုင်ပြီးစောင့်နေလိုက်သည်။ နောက်ဆယ်မိနစ်လောက်နေတော့ ခြံထဲကိုကားလေးဝင်လာပြီး ယန်ယန်ကကားပေါ်ကဆင်းကာ ရှောင်းကျန့်ကိုလာခေါ်သည်။

"သခင်လေး သွားလို့ရပါပြီ"

"အင်း သွားကြတာပေါ့"

ရှောင်းကျန့်ကိုယန်ယန်ကကားတံခါးဖွင့်ပေးတော့ ဝင်ထိုင်လိုက်ပြီး ယန်ယန်လဲကားမောင်းသူနေရာဝင်ထိုင်ကာ ကားစက်နှိုးလိုက်ပြီး ကားလေးကခြံထဲကထွက်ခွာ၍ စောင့်နေတဲ့သူဆီသို့.....

ပြဇာတ်ရုံရှေ့တွင် ရိပေါ်ကဘောင်းဘီအိတ်ကပ်ထဲ လက်တစ်ဖက်ထည့်ကာ နောက်တစ်ဖက်ကအဖြူရောင်နှင်းဆီပန်းစည်းလေးကိုကိုင်ထားသည်။ မိုးရာသီရောက်နေပြီမို့  ကောင်းကင်ကြီးကအုပ်မှိုင်းနေပြီး ဘယ်တော့မိုးထရွာမလဲမသိ။ ခနနေတော့ ရှောင်းကျန့်ရောက်လာပြီ။ အဖြူရောင်ရှပ်လက်ရှည်လေးနဲ့ အနက်ရောင်စတိုင်ပန်ကို တွဲဖက်ဝတ်ဆင်ထားပြီး ကော်လံမှာတွဲချီထားတဲ့ အဖြူရောင်ကြိုးစလေးကလေအတိုက်မှာတလွင့်လွင့်နဲ့ ကားပေါ်ကဆင်းလာတဲ့ရှောင်းကျန့်က တကယ်ကိုနှစ်လိုဖွယ်ကောင်းတဲ့အလှနတ်ဘုရားလေး။

ရိပေါ်အနားရောက်တော့ ရှောင်းကျန့်ကယုန်သွားလေးပေါ်သည်အထိရယ်ပြလာသည်။ ရိပေါ်အိတ်ကပ်ထဲထည့်ထားတဲ့ သူ့လက်တစ်ဖက်ကိုထုတ်ကာ ရှောင်းကျန့်ရဲ့ခါးကိုဖက်ပြီး သူ့နားကိုဆွဲကပ်လိုက်ရင်း နှုတ်ခမ်းကိုဖိကပ်နမ်းလိုက်တယ်။ ရိပေါ်ရဲ့ရုတ်တရက်ဆန်မှုကြောင့် ရှောင်းကျန့်ရဲ့လက်နှစ်ဖက်က ရိပေါ်ရဲ့ရင်ဘတ်ပေါ်မှာ၊ ရိပေါ်ပေးလာတဲ့အနမ်းကို မျက်လုံးလေးမှိတ်ကာ ရှောင်းကျန့်ခံစားလိုက်သည်။ ခနနေတော့ ရိပေါ်ကနှုတ်ခမ်းကိုလွှတ်ပေးလိုက်ပြီး သူ့လက်ထဲကပန်းစည်းကိုရှောင်းကျန့်စီကမ်းပေးကာ

"အသက်အတွက် လက်ဆောင်"

ရှောင်းကျန့်ရယ်ကာ ပန်းစည်းလေးကိုယူလိုက်ပြီး အထဲကနှင်းဆီဖြူလေးတွေကိုနမ်းလိုက်ကာ

"ကျေးဇူး အိမ်ကလူ"

ရိပေါ်ကထပ်ပြီးရှောင်းကျန့်ရဲ့နဖူးလေးကိုနမ်းကာ ခါးလေးကိုဖက်လိုက်ပြီး ပြဇာတ်ရုံထဲကိုအတူတူဝင်ခဲ့လိုက်ကြသည်။ ရိပေါ်ကရှောင်းကျန့်ကိုနမ်းရတာ သိပ်ကိုသဘောကျတဲ့ပုံပါပဲ။

ရိပေါ်တို့အထဲရောက်တော့ ပြဇာတ်ရုံပိုင်ရှင်ကနှုတ်ဆက်လာတယ်။

"မင်္ဂလာပါ မြို့ပိုင်မင်းနဲ့ မြို့ပိုင်မင်းကတော်"

ရိပေါ်ကခေါင်းပဲငြိမ့်ပြလိုက်ကာ ရှောင်းကျန့်ကတော့ပြုံးပြုံးလေးနဲ့ခေါင်းငြိမ့်ပြလိုက်သည်။ သူတကယ်ပဲမင်းကတော်အမူအကျင့်တွေရှိနေပုံရတယ်။

"ကျွန်တော်တို့ပြဇာတ်ကို မြို့ပိုင်မင်းတို့လာကြည့်မယ်လို့ မမျှော်လင့်ထားဘူးဗျာ"

"ကျုပ်အမျိုးသားလေးကကြည့်ချင်တယ်ပြောထားလို့ရောက်လာတာ အဆင်ပြေတယ်မဟုတ်လား"

နာမည်ကြီးပြဇာတ်ရုံကအဆင်မပြေစရာအကြောင်းမရှိပေမယ့် ရိပေါ်ကမြို့ပိုင်မင်းတစ်ယောက်အနေနဲ့ မေးလိုက်သည်။

"ဟုတ်ကဲ့မြို့ပိုင်မင်း အဆင်ပြေပြေနဲ့လည်ပတ်နေပါတယ်"

"ဈေးလေးနည်းနည်းလျော့ရင် ပိုတောင်အဆင်ပြေသွားမှာ"

ရှောင်းကျန့်ထပြောတဲ့စကားကြောင့် ပြဇာတ်ရုံပိုင်ရှင်ကမျက်နှာအနည်းငယ်ပျက်သွားပေမယ့် ရိပေါ်ကတော့ပြုံးစိစိဖြစ်သွားသည်။ သူ့အသက်ကပိုက်ဆံနဲ့ပတ်သက်ရင်အရမ်းနှမြောပြီး ကပ်စီးနှဲပဲ။ ကောင်းတာလုပ်မယ်ဆိုရင်တော့ ရှိသမျှကုန်ရင်ကုန်ပစေဆိုတဲ့လူမျိုး။

"အာ.. အဲဒါကတော့မြို့ပိုင်မင်းကတော်ရယ်..."

စကားကိုဆက်ဖို့ခက်နေတဲ့ပြဇာတ်ရုံပိုင်ရှင်ကြောင့် ရိပေါ်ကပဲ

"ကျုပ်တို့ထိုင်ရမယ့်နေရာလိုက်ပြပေးပါ အသက်ညောင်းနေပြီလား"

ရှောင်းကျန့်မတ်တပ်ရပ်တာမကြာသေးပေမယ့် ရိပေါ်ကမေးလိုက်သည်။ သူများတွေအမြင်မှာအပိုဖြစ်နိုင်ပေမယ့် သူ့အတွက်တော့ ရှောင်းကျန့်နဲ့ပတ်သက်ရင် အပိုဆိုတာကိုမရှိဘူး။

ပြဇာတ်ရုံပိုင်ရှင်က ရိပေါ်နဲ့ရှောင်းကျန့်ကို ပရိတ်သတ်တွေထိုင်ဖို့ခုံတန်းတွေ့ရဲ့ အရှေ့ဆုံးတန်းမှာထိုင်စေသည်။ သူတို့ကိုနေရာပေးပြီး ပိုင်ရှင်ကနှုတ်ဆက်ကာထွက်သွားတယ်။ ပွဲမစသေးတာမို့ ရှောင်းကျန့်ကရိပေါ်ရဲ့ပုခုံးပေါ်ခေါင်းမှီတင်ပြီး သူ့ပေါင်ပေါ်ကပန်းစည်းထဲကနှင်းဆီပန်းတစ်ပွင့်စီကိုကိုင်ကြည့်နေသည်။ ရုတ်တရက်ပဲ ရှောင်းကျန့်ကရိပေါ်ရဲ့ပါးလေးနှစ်ဖက်ကိုအုပ်ကိုင်ပြီး သူ့ဘက်ကိုမျက်နှာလှည့်စေကာ နှုတ်ခမ်းတို့ကိုနမ်းလိုက်တယ်။ ရိပေါ်ရုတ်တရက်မို့ကြောင်သွားပေမယ့် တုံ့ပြန်အနမ်းပြန်ပေးမယ်လုပ်တော့ ရှောင်းကျန့်ကနှုတ်ခမ်းတွေကိုခွာလိုက်ပြီး ရိပေါ်ပုခုံးပေါ်ပြန်မှီလာသည်။ ရိပေါ်မကျေနပ်ပဲ ရှောင်းကျန့်ကိုပြန်နမ်းမလို့လုပ်တော့ ပိတ်ကားကပွင့်လာတာကြောင့် ရိပေါ်မျက်နှာပျက်သွားသည်။ ဒါကိုသိတဲ့ရှောင်းကျန့်က 'အိမ်ကလူရယ်'  ဆိုကာ တခစ်ခစ်နဲ့ရယ်နေတော့တယ်။

"အသက် ခဗျားကလေသိပ်ဆိုးတာပဲ"

"ဘာလဲ အိမ်ကလူကငြိုငြင်နေတာလား"

"မငြိုငြင်ရက်ပါဘူးဗျာ အသက်ရဲ့အိမ်ကလူဆိုတဲ့ခေါ်သံနဲ့တင် ကျုပ်မှာအခါခါသေပါတယ်"

ရိပေါ်ထိုသို့ပြောလိုက်တော့ ရှောင်းကျန့်ကရယ်နေပြန်သည်။ ပွဲကစနေပြီမို့ ရိပေါ်ရောရှောင်းကျန့်ရော ပွဲကိုအာရုံစိုက်လိုက်ကြတယ်။ ပြဇာတ်မှာပါတဲ့ အကတွေ ဇာတ်ဝင်ခန်းလေးတွေကို ဂရုတစိုက်နဲ့ကို ရှောင်းကျန့်ကလိုက်ကြည့်နေတာ။ ပွဲကြာချိန်သုံးနာရီကြာသွားပြီ။ အခုဆိုဖျော်ဖြေဖို့ နောက်ဆုံးဇာတ်ဝင်ခန်းတစ်ပုဒ်သာကျန်တော့သည်။

ထိုဇာတ်ဝင်ခန်းမှာ မင်းသမီးကကောင်းကင်ဘုံကလာတဲ့နတ်သမီးတစ်ပါး မင်းသားကတော့လူ့ပြည်ကမြင်းလှည်းမောင်းတဲ့သူ။ နတ်သမီးကလူယောင်ဆောင်ပြီးလူ့ပြည်ကလူသားတွေကိုလေ့လာဖို့ဆင်းသက်လာသည်။ နတ်သမီးကလူပြည်လာတဲ့အချိန် ဘယ်အရာမှာသူ့အတွက်အဆင်မပြေခဲ့ဘူး၊ အမြဲအလွဲလွဲအချော်ချော်။ တစ်နေ့တော့မြင်းလှည်းမောင်းဆရာလေးနဲ့သွားတွေ့ပြီး မြင်းလှည်းမောင်းဆရာလေးက သူမကိုကယ်တင်လိုက်သည်။ သူက သူမကိုသူ့အိမ်မှာပဲနေစေပြီး သူမနားမလည် မသိသမျှကိုစိတ်ရှည်ရှည်နဲ့သင်ကြားပေးကာ ဂရုစိုက်ပေးခဲ့သည်။ နှစ်တွေကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် မေတ္တာမျှခဲ့ကြသည်။ မြင်းလှည်းဆရာလေးဟာ သူမကိုသိပ်ချစ်ပြီး ဂရုစိုက်လွန်းတယ်။ အဲလိုပဲသူမကလဲသိပ်ကိုချစ်ပါတယ်။ သူကလူသားတစ်ယောက်မဟုတ်ဘူးဆိုတာကိုမေ့နေတဲ့အထိပေါ့။ တစ်နေ့မှာနတ်သမီးရဲ့မိခင်ကလူ့ပြည်ကိုဆင်းလာပြီး သူမသမီးနဲ့လာတွေ့သည်။

"သမီးတော် ပြန်လာဖို့အချိန်ရောက်ပြီလေ သမီးတော်ဒီမှာနေနေတာကြာပြီ သမီးတော်ဒီလိုနေနေလို့မဖြစ်ဘူးဆိုတာသိတယ်မဟုတ်လား သမီးတော်ကဒီကလူမဟုတ်ဘူး မယ်တော်တို့ဆီပြန်လာတော့ လူသားလေးနဲ့အမြန်ဆုံးအဆက်ဖြတ်ပြီး ပြန်လာပါသမီးတော် မယ်တော်တို့စောင့်နေမယ်"

"မယ်တော် သမီးတော်ကိုအချိန်ခနပေးပါ"

သူ့မယ်တော်ပျောက်သွားတဲ့အချိန်မှာ နတ်သမီးကမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျကာ ငိုလာတော့သည်။ သူ့ချစ်သူနဲ့မခွဲနိုင်ဘူး။ သိပ်ကိုချစ်ရတာမို့။ ဒီလိုနဲ့မြင်းလှည်း မောင်းဆရာလေးပြန်လာတော့ သူမကဘာမှမဖြစ်သလိုနေလိုက်သည်။ တစ်ပတ် ဒီလိုနဲ့တစ်လ သူမရသလောက်လူ့ပြည်မှာနေနေခဲ့သည်။ တစ်နေ့တော့ သူမမိခင်ပြန်ရောက်လာခဲ့သည်။

"သမီးတော် မယ်တော့်ရဲ့စကားကိုအာခံချင်နေတာလား ဒီလိုလုပ်နေလို့အကျိုးမရှိဘူးဆိုတာ သမီးတော်သိတယ်မဟုတ်လား သမီးတော်ဒီလိုသာဆက်နေနေမယ်ဆို လူသားလေး‌အတွက်မကောင်းဘူးဆိုတာသိပါ"

"သမီးတော် နောက်သုံးရက်နေရင် ပြန်လာခဲ့ပါ့မယ်"

သူမကတိပြုလိုက်ပြီးပြီ၊ မပြန်လို့မရတော့။ သူမသူ့ချစ်ရသူကိုနှုတ်ဆက်ဖို့ပဲတတ်နိုင်တော့သည်။ ‌မြင်းလှည်းမောင်းဆရာလေးက မြင်းလှည်းထွက်ပြီး အိမ်ကိုပြန်လာသည်။

"ညီမ အကိုဗိုက်ဆာနေတာ ထမင်းဝိုင်းပြင်ပေးထားတာပဲ"

မြင်းလှည်းမောင်းဆရာလေးက ထမင်းဝိုင်းမှာဝင်ထိုင်ပြီး ကောင်မလေးနဲ့အတူထမင်းထိုင်စားလိုက်သည်။ သူ့ချစ်သူမျက်နှာမကောင်းနေတာကို သူသတိထားမိနေခဲ့ပါတယ်။ သုံးရက်မြောက်နေ့ကိုရောက်လာခဲ့ပြီ။ သူမပေါင်ပေါ်မှာခေါင်းတင်ကာမှိန်းနေတဲ့သူမချစ်ရသူရဲ့ဆံပင်လေးကိုသပ်ပေးကာ

"အကို ညီမတို့လမ်းခွဲကြရအောင်"

မြင်းလှည်းဆရာလေးဟာ မျက်လုံးမှိတ်ထားရာကနေ သူမစကားကြောင့်မျက်နှာပျက်ပြီးမျက်ရည်တွေစီးကျလာတော့သည်။ သူမသူ့ချစ်သူရဲ့မျက်ရည်တွေကိုသုတ်ပေးလိုက်တော့ မြင်းလှည်းဆရာလေးကထထိုင်လာသည်။

"ပြန်လာခေါ်နေပြီလား"

သူမအနည်းငယ်လန့်သွားတယ်။ သူမချစ်ရသူသိနေလိမ့်မယ်လို့မထင်ထား။ နောက်တော့သူမလဲမျက်ရည်တွေကျကာ ခေါင်းငြိမ့်ပြလိုက်သည်။

"ညီမတို့ကမဖြစ်နိုင်ပါဘူးအကို တောင်းပန်ပါတယ် ညီမအမှားတွေပါ အကိုနဲ့အနေမနီးခဲ့ရမှာ"

"ဟင့်အင်း အကိုညီမကိုအရမ်းချစ်တယ် မသွားပါနဲ့ အကို့နားမှာပဲနေပါ ကျေးဇူးပြုပြီး"

နတ်သမီးဟာ သူမချစ်ရသူကိုမျက်ရည်တွေနဲ့တဖွဖွတောင်းပန်ကာ ပျောက်ကွယ်သွားတော့သည်။ မြင်းလှည်း‌မောင်းဆရာလေးဟာလဲ သူမကိုသိပ်ချစ်တာမို့ ထိုနေရာမှာတင်ပဲ‌ငိုနေရင်းနဲ့ ရင်ကွဲနာကြကာ သေဆုံးသွားခဲ့သည်။ ဒီအကြောင်းကောင်းကင်ဘုံကနတ်သမီးလေးကလဲသိသွားတော့ သူ့အစွမ်းတွေကိုချိတ်ပိတ်ကာ သေဆုံးသွားတော့တယ်။ နတ်သက်ကြွေသွားတဲ့နတ်သမီးလေးရဲ့ကြယ်ပွင့်လေး‌ဟာကြွေသွားပြီး မြေပြင်ပေါ်သို့ကျရောက်ခဲ့သည်။ အဲနေရာကသူတို့နှစ်ယောက်အတူနေခဲ့တဲ့အိမ်လေးရဲ့အရှေ့ဘက်မှာဖြစ်ပြီး အဲနေရာလေးမှာပဲ ပန်းပွင့်လေးတစ်ပွင့်ပေါ်လာခဲ့သည်။

ဖျော်ဖြေသွားတဲ့မင်းသားနဲ့မင်းသမီးဟာ သရုပ်ဆောင်ကောင်းလွန်းတယ်။ ကြည့်ရတဲ့ပရိတ်သတ်တွေအဖို့ရင်ထဲမှာစွဲပြီးနင့်ကာကျန်နေခဲ့သည်။ ဇာတ်လမ်းပြီးသွားတဲ့နောက်မှာ ပြဇာတ်ရုံတစ်ရုံလုံးကပရိတ်သတ်တွေဟာ လက်ခုပ်‌ဩဘာများနဲ့ချီးမြှင့်ကြသည်။ ရှောင်းကျန့်ကတော့မျက်ရည်တွေစီးကျပြီး ရိပေါ်ကိုလှည့်ကြည့်လိုက်တော့ ရိပေါ်ကလဲသူ့ကိုမျက်ရည်ဝဲကာကြည့်နေသည်။ ရှောင်းကျန့်မျက်ရည်တွေကိုသုတ်ကာ ပြုံးပြလိုက်တော့ ရိပေါ်ကရှောင်းကျန့်ကိုဆွဲဖက်လိုက်တယ်။

"ကျုပ် အသက်ကိုအရမ်းချစ်တယ်နော်"

ရိပေါ်ရဲ့အသံတိုးတိုးလေးကြောင့် ရှောင်းကျန့်ပြုံးလိုက်သည်။

"အင်း ကျွန်တော်လဲအိမ်ကလူကိုချစ်တယ်"

သူတို့နှစ်ယောက်ဖက်ထားရာကနေခွာလိုက်ပြီး ပြဇာတ်ရုံပိုင်ရှင်နဲ့အတူ နောက်ဆုံးဇာတ်ဝင်ခန်းကိုကပြသွားတဲ့မင်းသားနဲ့မင်းသမီးဟာလာတွေ့ကြသည်။ ရိပေါ်ကသူတို့ကိုဆုကြေးချီးမြှင့်တော့လက်မခံ‌တာကြောင့်

"ယူလိုက်ပါ ခဗျားတို့ကတကယ်တော်တယ် ကျွန်တော့်ကိုမျက်ရည်ကျအောင်လုပ်နိုင်တယ်"

ရှောင်းကျန့်ကရယ်ရယ်မောမောနဲ့ပြောတော့ ထိုနှစ်ယောက်ဟာကရိပေါ်လက်ထဲကပိုက်ဆံကိုယူကာ

"ကျေးဇူးတင်ပါတယ် ‌မြို့ပိုင်မင်းနဲ့မြို့ပိုင်မင်းကတော် နောက်များအချိန်ရရင်ကျွန်မတို့ပြဇာတ်ကိုလာကြည့်ကြပါဦးနော်"

"ဟုတ်ကဲ့"

ရိပေါ်တို့နှစ်ယောက်နှုတ်ဆက်ပြီး ထွက်လာခဲ့ကြသည်။ ဒီနေ့ကြည့်ခဲ့ရတဲ့ဇာတ်လမ်းလေးကတော့ ရှောင်းကျန့်တွက်မေ့နိုင်မယ်မထင်တော့။

ပြဇာတ်ရုံရဲ့ဘေးဘက်တွင် ဓာတ်ပုံရိုက်တဲ့‌ဆိုင်ရှိတာမို့ ရှောင်းကျန့်ရိပေါ်ကိုဆွဲကာ ထိုဓာတ်ပုံဆိုင်ထဲကိုဝင်သွားလိုက်သည်။ ဓာတ်ပုံဆရာကသူတို့ကို ဘယ်လိုပုံစံနေဖို့ကိုပြောလာသည်။ အခုဆို ရိပေါ်ရဲ့လက်တစ်ဖက်ကရှောင်းကျန့်ရဲ့ခါးပေါ်မှာဖြစ်ပြီး နောက်လက်တစ်ဖက်ကရှောင်းကျန့်ရဲ့လက်သွယ်သွယ်လေးကိုဆုပ်ကိုင်ထားသည်။ ဓာတ်ပုံဆရာကရိပေါ်ကိုအရှေ့ကြည့်ခိုင်းပေမယ့် ရိပေါ်ကတော့ရှောင်းကျန့်ကိုကြည့်နေရာကနေမခွာလာဘူး။ နောက်တော့ဓာတ်ပုံဆရာကထိုအတိုင်းသာရိုက်လိုက်တော့သည်။

ထွက်လာတဲ့ဓာတ်ပုံလေးကိုကြည့်ပြီး ရှောင်းကျန့်ကရယ်နေသည်။ ရိပေါ်ကတော့ဘေးကနေ ရှောင်းကျန့်ကိုပျောက်သွားမှာဆိုးသည့်အလား၊ အကြည့်တို့ကိုရှောင်းကျန့်ဆီကနေလုံးဝမခွာပဲ ခါးကိုလဲတင်းနေအောင်ဖက်ထားသေးသည်။ ရိပေါ်ရဲ့စာကြည့်ခန်းထဲကစားပွဲပေါ်မှာ ဓာတ်ပုံလေးတစ်ပုံတိုးလာတော့တယ်။

ဆက်ရန်~~~~

Original artistကို fully creditပေးပါတယ်🤍

Zawgyi

ရာသီေတြအလီလီေျပာင္းလာလိုက္တာ ေနာက္တစ္ခ်ိန္မိုးရာသီေတာင္ ျပန္လည္ေရာက္ရွိလာၿပီ။ ေရွာင္းက်န႔္ ဝရံတာနဲ႕အခန္းထဲကိုဆက္ထားတဲ့တံခါးဝမွာပိတ္ထိုင္ေနၿပီး စာအုပ္ထိုင္ဖတ္ေနသည္။ ဝရံတာၾကမ္းျပင္တစ္ခုလုံးမွာလဲ မိုးေရေတြ႐ြဲစိုလို႔၊ ေရွာင္းက်န႔္ သူ႕ေဘးမွာေကာ္ဖီခြက္ေလးခ်ၿပီး စာဖတ္လိုက္ ေကာ္ဖီေသာက္လိုက္ မိုးေရေတြကိုလွမ္းၾကည့္လိုက္နဲ႕။ တစ္ခ်က္တစ္ခ်က္ေလျပင္းတိုက္လိုက္ရင္ သူ႕ဆံပင္ေတြလြင့္ကာ စာ႐ြက္ေတြလဲ တစ္ဖက္ဖက္လန္ကုန္ၾကသည္။ သူဒီကိုေရာက္လာတာ သုံးႏွစ္ေတာင္ျပည့္ေတာ့မယ္၊ ဒီႏွစ္ေဆာင္းတြင္းဝင္ရင္ သူေရာက္တာသုံးႏွစ္ျပည့္ၿပီေလ။ အခ်ိန္ေတြကုန္တာတအားကိုပဲျမန္တယ္။ အဲလိုပဲ သူလဲရင္တမမနဲ႕။ ေမ့ခ်င္ရင္ေတာင္သူမေမ့ရဲဘူး၊ အဲဒါဘယ္အခ်ိန္သူ႕ရဲ႕မူလေနရာကိုျပန္ရမလဲဆိုတာပဲ။ အရာအားလုံးအဆင္ေျပေနရင္ေတာင္ အျပည့္အဝေတာ့ဘယ္ေပ်ာ္ရမလဲေလေနာ္။

ရိေပၚစာထိုင္ဖတ္ေနတဲ့ေရွာင္းက်န႔္နားကိုသြားလိုက္ၿပီး အေနာက္ကေနအေႏြးထည္ကိုလႊမ္းၿခဳံေပးလိုက္ကာ ေရွာင္းက်န႔္ရဲ႕အေနာက္မွာဝင္ထိုင္ၿပီး သိုင္းဖက္ထားလိုက္သည္။ ေရွာင္းက်န႔္ကလဲ စာအုပ္ကိုေဘးခ်လိဳက္ၿပီး ရိေပၚရဲ႕ရင္ခြင္ထဲကို မွီခ်လိဳက္တယ္။

"အိမ္ကလူရဲ႕ရင္ခြင္ထဲမွီထားရတာ သက္ေသာင့္သက္သာရွိလိုက္တာ"

ရိေပၚကေရွာင္းက်န႔္ကိုပိုတင္းေအာင္ဖက္ထားလိုက္ၿပီး

"ေလေတြတိုက္ေနတာကို ဒီမွာဘာလို႔လာထိုင္ေနတာလဲ ဖ်ားဦးမယ္"

"မဖ်ားပါဘူးအိမ္ကလူရဲ႕ အျပင္ကိုၾကည့္မိုး႐ြာေနတာဘယ္ေလာက္လွလဲ အသက္ရႉသြင္းၾကည့္ အနံ႕ရရဲ႕လားေျမသင္းနံ႕ေလး အဲဒါကမိုးရာသီမွာပဲရနိုင္တဲ့အရာေတြဗ်"

ရိေပၚကေရွာင္းက်န႔္ရဲ႕ေခါင္းေလးေပၚ ေမးတင္ၿပီး အျပင္ကိုစိုက္ၾကည့္ေနသည္။ သူဒီလိုအရာေတြကိုမခံစားျဖစ္တာေတာင္ၾကာေပါ့။ ရိေပၚေရွာင္းက်န႔္နဲ႕တူတူမိုး႐ြာတာကိုထိုင္ၾကည့္တာ ဘယ္ေလာက္ၾကာသြားမွန္းေတာင္ မသိလိုက္။ ရိေပၚေရွာင္းက်န႔္ကိုငုံ႕ၾကည့္လိုက္ေတာ့ အသက္ရႉသံမွန္မွန္ေလးနဲ႕ရိေပၚရဲ႕ရင္ခြင္ထဲမွာ ေရွာင္းက်န႔္ကအိပ္ေပ်ာ္ေနၿပီ။ ရိေပၚၿပဳံးလိုက္မိတယ္။ ဒီကေလးကေတာ့။

ရိေပၚေရွာင္းက်န႔္ကိုေပြ႕ခ်ီလိုက္ၿပီး ကုတင္ေပၚေသခ်ာတင္ေပးကာ ေစာင္ၿခဳံေပးလိုက္သည္။ ခနေနကန္ထုတ္ထားမွာသိေပမယ့္ေပါ့။ တံခါးဝမွာက်န္ေနခဲ့တဲ့ စာအုပ္ေလးနဲ႕ နည္းနည္းသာက်န္ေတာ့တဲ့ေကာ္ဖီခြက္ေလးကို ယူၿပီး စားပြဲေပၚတင္ထားလိုက္သည္။ ၿပီးေနာက္ရိေပၚလဲေရွာင္းက်န႔္ေဘးဝင္ၿပီးလွဲကာ ေရွာင္းက်န႔္ကိုဖက္ထားလိုက္ၿပီး မိုးသံေလးနဲ႕ သူလဲအိပ္လိုက္ေတာ့တယ္။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

ေရွာင္းက်န႔္နဲ႕ရိေပၚညစာစားခ်ိန္ အိမ္ေအာက္ထပ္ကိုတူတူဆင္းလာလိုက္သည္။ ရိေပၚကေရွာင္းက်န႔္ရဲ႕ခါးေလးကိုဖက္ကာ ထမင္းစားခန္းထဲကို စကားတေျပာေျပာလုပ္ေနတဲ့ေရွာင္းက်န႔္ကိုၾကည့္ရင္း ဝင္လာလိုက္ၾကသည္။ သူတို႔ထမင္းစား စားပြဲမွာဝင္ထိုင္လိုက္တာနဲ႕ ႀကီးေတာ္ေမက ထမင္းပန္းကန္ထဲကို ထမင္းခူးထည့္ေပးေနၿပီ။ ေရွာင္းက်န႔္ရိေပၚရဲ႕ ထမင္းပန္းကန္ထဲကို ဟင္းခပ္ထည့္ေပးလိုက္ၿပီး သူလဲခပ္ထည့္ကာ စားလိုက္တယ္။ ေဘးကရပ္ေစာင့္ေနတဲ့ ႀကီးေတာ္ေမကို လက္မေလးေထာင္ျပၿပီး

"ႀကီးေတာ္ေမခ်က္တာ မေကာင္းဘူးဆိုတာကိုမရွိဘူး ဟီးဟီး"

"သခင္ေလးႀကိဳက္ရင္ မ်ားမ်ားထည့္စားေနာ္"

ေရွာင္းက်န႔္ေခါင္းၿငိမ့္ျပလိုက္ၿပီး ဆက္စားေနလိုက္သည္။ ထမင္းစားေသာက္ၿပီးသြားေတာ့ ရိေပၚနဲ႕ေရွာင္းက်န႔္ဧည့္ခန္းမွာသြားထိုင္ၾကတယ္။ ခနေနေတာ့ႀကီးေတာ္ေမက ပန္းသီးစိပ္ေလးထည့္ထားတဲ့ပန္းကန္တစ္ခ်က္ကိုကိုင္ၿပီး ေရွာင္းက်န႔္တို႔ေရွ႕လာခ်ေပးသြားသည္။

"သခင္ေလးတို႔လိုတာရွိရင္ ႀကီးေတာ္ကိုေခၚလိုက္ေနာ္"

"ဟုတ္ကဲ့ႀကီးေတာ္ေမ"

ရိေပၚကေရွာင္းက်န႔္ရဲ႕ပုခုံးကိုဖက္ထားၿပီး ေရွာင္းက်န႔္ကရိေပၚရဲ႕ပုခုံးကိုျပန္မွီထားကာ old TVႀကီးကလာေနတဲ့ အစီအစဥ္ကိုၾကည့္ေနၾကသည္။ ေရွာင္းက်န႔္စားပြဲေပၚကပန္းကန္ထဲကပန္းသီးတစ္စိပ္ကိုယူလိုက္ၿပီး သူ႕ပါးစပ္တစ္စိပ္ထည့္လိုက္ကာ ေနာက္တစ္စိပ္ယူၿပီး ရိေပၚကိုခြံ႕လိုက္တယ္။ ေရွာင္းက်န႔္ရိေပၚပန္းသီးစိပ္ဝါးေနတာကိုၾကည့္ၿပီး ေခါင္းေလးၿငိမ့္ျပကာ

"ပန္းသီးကခ်ိဳတယ္ေနာ္"

"အင္း"

ရိေပၚကလဲေခါင္းၿငိမ့္ကာ ျပန္ေျဖလိုက္သည္။ ၿပီးေနာက္ေရွာင္းက်န႔္ကရိေပၚပုခုံးကိုျပန္မွီလာသည္။ ရိေပၚကေရွာင္းက်န႔္ရဲ႕ေခါင္းေလးကိုငုံ႕နမ္းလာေတာ့ ေရွာင္းက်န႔္ကလဲရိေပၚကိုျပန္ေမာ့ၾကည့္ကာ ရိေပၚရဲ႕ႏႈတ္ခမ္းေလးကိုနမ္းလိုက္သည္။

"အသက္.."

"ဗ်ာ.."

"က်ဳပ္မနက္ျဖန္အတြက္လက္မွတ္ဝယ္ထားတယ္"

"ဟင္ ဘာလက္မွတ္လဲ"

"ျပဇာတ္႐ုံလက္မွတ္ေလ အသက္ၾကည့္ခ်င္တယ္လို႔ဟိုတစ္ေန႕ကေျပာတယ္မလား"

ေရွာင္းက်န႔္ရိေပၚစကားေၾကာင့္အံ့ဩသြားၿပီး ရိေပၚပုခုံးကိုမွီထားရာက ေခါင္းျပန္မတ္လိုက္ကာ ရိေပၚဘက္ကိုေစာင္းၾကည့္ၿပီး

"ကြၽန္ေတာ္ကဒီတိုင္းေျပာလိုက္တာပါ ဝယ္လိုက္တာလား"

"အင္း ဝယ္လိုက္တယ္"

"အိမ္ကလူ အဲျပဇာတ္႐ုံလတ္မွတ္ကဒီေလာက္ေဈးႀကီးတာကို ဘာလို႔ဝယ္လိုက္တာလဲ"

"အသက္ၾကည့္ခ်င္ေနလို႔ေလ အဲေလာက္လဲမႀကီးပါဘူးကြာ အရမ္းေတြးမေနနဲ႕
မနက္ျဖန္ညေန၅နာရီစမွာ က်ဳပ္ကေတာ့အဲကပဲေစာင့္ေနလိုက္မယ္ အိမ္ကိုကားလႊတ္ေပးလိုက္မယ္"

"အင္းပါ"

ေရွာင္းက်န႔္ကေျပာမရတဲ့သူကိုေျပာမေနေတာ့ပဲ ရိေပၚရဲ႕ပုခုံးေပၚသာမွီၿပီးေနလိုက္ေတာ့သည္။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

ေရွာင္းက်န႔္ျပင္ဆင္ၿပီး သူ႕အိပ္ခန္းထဲမွာ စာအုပ္ဖတ္ရင္းထိုင္ေစာင့္ေနသည္။ ခနေနေတာ့ ေကာင္မေလးတစ္ေယာက္က တံခါးလာေခါက္သည္။ ေရွာင္းက်န႔္စာအုပ္ေလးကို စားပြဲေပၚတင္ၿပီး တံခါးဖြင့္ကာ ေမးလိုက္တယ္။

"ဘာလို႔လဲ"

"သခင္ႀကီးဖုန္းဆက္လာတယ္သခင္ေလး သခင္ေလးကိုေခၚခိုင္းလိုက္လို႔"

"အင္းအင္း အကိုလာမယ္"

ေရွာင္းက်န႔္ေျပာၿပီးေတာ့ ေကာင္မေလးကဆင္းသြားၿပီ။ ေရွာင္းက်န႔္လဲစားပြဲေပၚတင္ထားတဲ့ပိုက္ဆံအိတ္ကို ေဘာင္းဘီအိတ္ထဲထည့္လိုက္ၿပီး ေအာက္ထပ္ကိုဆင္းလာလိုက္တယ္။ ဧည့္ခန္းထဲသြားကာ ဖုန္းကိုင္လိုက္ၿပီး

"ဟယ္လို အိမ္ကလူ.."

☎️အင္းအသက္ ျပင္ဆင္ၿပီးၿပီလား☎️

"ဟုတ္ကဲ့ ျပင္ၿပီးၿပီ"

☎️အင္း က်ဳပ္ယန္ယန္ကိုလႊတ္လိုက္တယ္ ခနေနေရာက္ေလာက္မွာ☎️

"ဟုတ္ကဲ့ အိမ္ကလူ
အိမ္ကလူျပဇာတ္႐ုံေရာက္ေနၿပီလား"

☎️ေရာက္ေနၿပီ ေအးေဆးလာခဲ့ က်ဳပ္ေစာင့္ေနမယ္☎️

"ဟုတ္ကဲ့ ဒါဆိုဒါပဲေနာ္ ခ်စ္တယ္"

☎️က်ဳပ္ကပိုခ်စ္တယ္☎️

ေရွာင္းက်န႔္ဖုန္းခ်လိဳက္ၿပီး အျပင္ထြက္မလို႔ျပင္ေတာ့ ေကာင္မေလးတစ္ေယာက္ေဘးေရာက္လာၿပီး

"သခင္ေလး ဖိနပ္စီးေပးမယ္"

"ေနေန အကို႔ဘာသာစီးလိုက္မယ္"

ေရွာင္းက်န႔္ဖိနပ္စီးၿပီး ၿခံထဲကဒန္းမွာထိုင္ၿပီးေစာင့္ေနလိုက္သည္။ ေနာက္ဆယ္မိနစ္ေလာက္ေနေတာ့ ၿခံထဲကိုကားေလးဝင္လာၿပီး ယန္ယန္ကကားေပၚကဆင္းကာ ေရွာင္းက်န႔္ကိုလာေခၚသည္။

"သခင္ေလး သြားလို႔ရပါၿပီ"

"အင္း သြားၾကတာေပါ့"

ေရွာင္းက်န႔္ကိုယန္ယန္ကကားတံခါးဖြင့္ေပးေတာ့ ဝင္ထိုင္လိုက္ၿပီး ယန္ယန္လဲကားေမာင္းသူေနရာဝင္ထိုင္ကာ ကားစက္ႏွိုးလိုက္ၿပီး ကားေလးကၿခံထဲကထြက္ခြာ၍ ေစာင့္ေနတဲ့သူဆီသို႔.....

ျပဇာတ္႐ုံေရွ႕တြင္ ရိေပၚကေဘာင္းဘီအိတ္ကပ္ထဲ လက္တစ္ဖက္ထည့္ကာ ေနာက္တစ္ဖက္ကအျဖဴေရာင္ႏွင္းဆီပန္းစည္းေလးကိုကိုင္ထားသည္။ မိုးရာသီေရာက္ေနၿပီမို႔  ေကာင္းကင္ႀကီးကအုပ္မွိုင္းေနၿပီး ဘယ္ေတာ့မိုးထ႐ြာမလဲမသိ။ ခနေနေတာ့ ေရွာင္းက်န႔္ေရာက္လာၿပီ။ အျဖဴေရာင္ရွပ္လက္ရွည္ေလးနဲ႕ အနက္ေရာင္စတိုင္ပန္ကို တြဲဖက္ဝတ္ဆင္ထားၿပီး ေကာ္လံမွာတြဲခ်ီထားတဲ့ အျဖဴေရာင္ႀကိဳးစေလးကေလအတိုက္မွာတလြင့္လြင့္နဲ႕ ကားေပၚကဆင္းလာတဲ့ေရွာင္းက်န႔္က တကယ္ကိုႏွစ္လိုဖြယ္ေကာင္းတဲ့အလွနတ္ဘုရားေလး။

ရိေပၚအနားေရာက္ေတာ့ ေရွာင္းက်န႔္ကယုန္သြားေလးေပၚသည္အထိရယ္ျပလာသည္။ ရိေပၚအိတ္ကပ္ထဲထည့္ထားတဲ့ သူ႕လက္တစ္ဖက္ကိုထုတ္ကာ ေရွာင္းက်န႔္ရဲ႕ခါးကိုဖက္ၿပီး သူ႕နားကိုဆြဲကပ္လိုက္ရင္း ႏႈတ္ခမ္းကိုဖိကပ္နမ္းလိုက္တယ္။ ရိေပၚရဲ႕႐ုတ္တရက္ဆန္မႈေၾကာင့္ ေရွာင္းက်န႔္ရဲ႕လက္ႏွစ္ဖက္က ရိေပၚရဲ႕ရင္ဘတ္ေပၚမွာ၊ ရိေပၚေပးလာတဲ့အနမ္းကို မ်က္လုံးေလးမွိတ္ကာ ေရွာင္းက်န႔္ခံစားလိုက္သည္။ ခနေနေတာ့ ရိေပၚကႏႈတ္ခမ္းကိုလႊတ္ေပးလိုက္ၿပီး သူ႕လက္ထဲကပန္းစည္းကိုေရွာင္းက်န႔္စီကမ္းေပးကာ

"အသက္အတြက္ လက္ေဆာင္"

ေရွာင္းက်န႔္ရယ္ကာ ပန္းစည္းေလးကိုယူလိုက္ၿပီး အထဲကႏွင္းဆီျဖဴေလးေတြကိုနမ္းလိုက္ကာ

"ေက်းဇူး အိမ္ကလူ"

ရိေပၚကထပ္ၿပီးေရွာင္းက်န႔္ရဲ႕နဖူးေလးကိုနမ္းကာ ခါးေလးကိုဖက္လိုက္ၿပီး ျပဇာတ္႐ုံထဲကိုအတူတူဝင္ခဲ့လိုက္ၾကသည္။ ရိေပၚကေရွာင္းက်န႔္ကိုနမ္းရတာ သိပ္ကိုသေဘာက်တဲ့ပုံပါပဲ။

ရိေပၚတို႔အထဲေရာက္ေတာ့ ျပဇာတ္႐ုံပိုင္ရွင္ကႏႈတ္ဆက္လာတယ္။

"မဂၤလာပါ ၿမိဳ႕ပိုင္မင္းနဲ႕ ၿမိဳ႕ပိုင္မင္းကေတာ္"

ရိေပၚကေခါင္းပဲၿငိမ့္ျပလိုက္ကာ ေရွာင္းက်န႔္ကေတာ့ၿပဳံးၿပဳံးေလးနဲ႕ေခါင္းၿငိမ့္ျပလိုက္သည္။ သူတကယ္ပဲမင္းကေတာ္အမူအက်င့္ေတြရွိေနပုံရတယ္။

"ကြၽန္ေတာ္တို႔ျပဇာတ္ကို ၿမိဳ႕ပိုင္မင္းတို႔လာၾကည့္မယ္လို႔ မေမွ်ာ္လင့္ထားဘူးဗ်ာ"

"က်ဳပ္အမ်ိဳးသားေလးကၾကည့္ခ်င္တယ္ေျပာထားလို႔ေရာက္လာတာ အဆင္ေျပတယ္မဟုတ္လား"

နာမည္ႀကီးျပဇာတ္႐ုံကအဆင္မေျပစရာအေၾကာင္းမရွိေပမယ့္ ရိေပၚကၿမိဳ႕ပိုင္မင္းတစ္ေယာက္အေနနဲ႕ ေမးလိုက္သည္။

"ဟုတ္ကဲ့ၿမိဳ႕ပိုင္မင္း အဆင္ေျပေျပနဲ႕လည္ပတ္ေနပါတယ္"

"ေဈးေလးနည္းနည္းေလ်ာ့ရင္ ပိုေတာင္အဆင္ေျပသြားမွာ"

ေရွာင္းက်န႔္ထေျပာတဲ့စကားေၾကာင့္ ျပဇာတ္႐ုံပိုင္ရွင္ကမ်က္ႏွာအနည္းငယ္ပ်က္သြားေပမယ့္ ရိေပၚကေတာ့ၿပဳံးစိစိျဖစ္သြားသည္။ သူ႕အသက္ကပိုက္ဆံနဲ႕ပတ္သက္ရင္အရမ္းႏွေျမာၿပီး ကပ္စီးႏွဲပဲ။ ေကာင္းတာလုပ္မယ္ဆိုရင္ေတာ့ ရွိသမွ်ကုန္ရင္ကုန္ပေစဆိုတဲ့လူမ်ိဳး။

"အာ.. အဲဒါကေတာ့ၿမိဳ႕ပိုင္မင္းကေတာ္ရယ္..."

စကားကိုဆက္ဖို႔ခက္ေနတဲ့ျပဇာတ္႐ုံပိုင္ရွင္ေၾကာင့္ ရိေပၚကပဲ

"က်ဳပ္တို႔ထိုင္ရမယ့္ေနရာလိုက္ျပေပးပါ အသက္ေညာင္းေနၿပီလား"

ေရွာင္းက်န႔္မတ္တပ္ရပ္တာမၾကာေသးေပမယ့္ ရိေပၚကေမးလိုက္သည္။ သူမ်ားေတြအျမင္မွာအပိုျဖစ္နိုင္ေပမယ့္ သူ႕အတြက္ေတာ့ ေရွာင္းက်န႔္နဲ႕ပတ္သက္ရင္ အပိုဆိုတာကိုမရွိဘူး။

ျပဇာတ္႐ုံပိုင္ရွင္က ရိေပၚနဲ႕ေရွာင္းက်န႔္ကို ပရိတ္သတ္ေတြထိုင္ဖို႔ခုံတန္းေတြ႕ရဲ႕ အေရွ႕ဆုံးတန္းမွာထိုင္ေစသည္။ သူတို႔ကိုေနရာေပးၿပီး ပိုင္ရွင္ကႏႈတ္ဆက္ကာထြက္သြားတယ္။ ပြဲမစေသးတာမို႔ ေရွာင္းက်န႔္ကရိေပၚရဲ႕ပုခုံးေပၚေခါင္းမွီတင္ၿပီး သူ႕ေပါင္ေပၚကပန္းစည္းထဲကႏွင္းဆီပန္းတစ္ပြင့္စီကိုကိုင္ၾကည့္ေနသည္။ ႐ုတ္တရက္ပဲ ေရွာင္းက်န႔္ကရိေပၚရဲ႕ပါးေလးႏွစ္ဖက္ကိုအုပ္ကိုင္ၿပီး သူ႕ဘက္ကိုမ်က္ႏွာလွည့္ေစကာ ႏႈတ္ခမ္းတို႔ကိုနမ္းလိုက္တယ္။ ရိေပၚ႐ုတ္တရက္မို႔ေၾကာင္သြားေပမယ့္ တုံ႕ျပန္အနမ္းျပန္ေပးမယ္လုပ္ေတာ့ ေရွာင္းက်န႔္ကႏႈတ္ခမ္းေတြကိုခြာလိုက္ၿပီး ရိေပၚပုခုံးေပၚျပန္မွီလာသည္။ ရိေပၚမေက်နပ္ပဲ ေရွာင္းက်န႔္ကိုျပန္နမ္းမလို႔လုပ္ေတာ့ ပိတ္ကားကပြင့္လာတာေၾကာင့္ ရိေပၚမ်က္ႏွာပ်က္သြားသည္။ ဒါကိုသိတဲ့ေရွာင္းက်န႔္က 'အိမ္ကလူရယ္'  ဆိုကာ တခစ္ခစ္နဲ႕ရယ္ေနေတာ့တယ္။

"အသက္ ခဗ်ားကေလသိပ္ဆိုးတာပဲ"

"ဘာလဲ အိမ္ကလူကၿငိဳျငင္ေနတာလား"

"မၿငိဳျငင္ရက္ပါဘူးဗ်ာ အသက္ရဲ႕အိမ္ကလူဆိုတဲ့ေခၚသံနဲ႕တင္ က်ဳပ္မွာအခါခါေသပါတယ္"

ရိေပၚထိုသို႔ေျပာလိုက္ေတာ့ ေရွာင္းက်န႔္ကရယ္ေနျပန္သည္။ ပြဲကစေနၿပီမို႔ ရိေပၚေရာေရွာင္းက်န႔္ေရာ ပြဲကိုအာ႐ုံစိုက္လိုက္ၾကတယ္။ ျပဇာတ္မွာပါတဲ့ အကေတြ ဇာတ္ဝင္ခန္းေလးေတြကို ဂ႐ုတစိုက္နဲ႕ကို ေရွာင္းက်န႔္ကလိုက္ၾကည့္ေနတာ။ ပြဲၾကာခ်ိန္သုံးနာရီၾကာသြားၿပီ။ အခုဆိုေဖ်ာ္ေျဖဖို႔ ေနာက္ဆုံးဇာတ္ဝင္ခန္းတစ္ပုဒ္သာက်န္ေတာ့သည္။

ထိုဇာတ္ဝင္ခန္းမွာ မင္းသမီးကေကာင္းကင္ဘုံကလာတဲ့နတ္သမီးတစ္ပါး မင္းသားကေတာ့လူ႕ျပည္ကျမင္းလွည္းေမာင္းတဲ့သူ။ နတ္သမီးကလူေယာင္ေဆာင္ၿပီးလူ႕ျပည္ကလူသားေတြကိုေလ့လာဖို႔ဆင္းသက္လာသည္။ နတ္သမီးကလူျပည္လာတဲ့အခ်ိန္ ဘယ္အရာမွာသူ႕အတြက္အဆင္မေျပခဲ့ဘူး၊ အၿမဲအလြဲလြဲအေခ်ာ္ေခ်ာ္။ တစ္ေန႕ေတာ့ျမင္းလွည္းေမာင္းဆရာေလးနဲ႕သြားေတြ႕ၿပီး ျမင္းလွည္းေမာင္းဆရာေလးက သူမကိုကယ္တင္လိုက္သည္။ သူက သူမကိုသူ႕အိမ္မွာပဲေနေစၿပီး သူမနားမလည္ မသိသမွ်ကိုစိတ္ရွည္ရွည္နဲ႕သင္ၾကားေပးကာ ဂ႐ုစိုက္ေပးခဲ့သည္။ ႏွစ္ေတြၾကာလာတာနဲ႕အမွ် တစ္ေယာက္နဲ႕တစ္ေယာက္ ေမတၱာမွ်ခဲ့ၾကသည္။ ျမင္းလွည္းဆရာေလးဟာ သူမကိုသိပ္ခ်စ္ၿပီး ဂ႐ုစိုက္လြန္းတယ္။ အဲလိုပဲသူမကလဲသိပ္ကိုခ်စ္ပါတယ္။ သူကလူသားတစ္ေယာက္မဟုတ္ဘူးဆိုတာကိုေမ့ေနတဲ့အထိေပါ့။ တစ္ေန႕မွာနတ္သမီးရဲ႕မိခင္ကလူ႕ျပည္ကိုဆင္းလာၿပီး သူမသမီးနဲ႕လာေတြ႕သည္။

"သမီးေတာ္ ျပန္လာဖို႔အခ်ိန္ေရာက္ၿပီေလ သမီးေတာ္ဒီမွာေနေနတာၾကာၿပီ သမီးေတာ္ဒီလိုေနေနလို႔မျဖစ္ဘူးဆိုတာသိတယ္မဟုတ္လား သမီးေတာ္ကဒီကလူမဟုတ္ဘူး မယ္ေတာ္တို႔ဆီျပန္လာေတာ့ လူသားေလးနဲ႕အျမန္ဆုံးအဆက္ျဖတ္ၿပီး ျပန္လာပါသမီးေတာ္ မယ္ေတာ္တို႔ေစာင့္ေနမယ္"

"မယ္ေတာ္ သမီးေတာ္ကိုအခ်ိန္ခနေပးပါ"

သူ႕မယ္ေတာ္ေပ်ာက္သြားတဲ့အခ်ိန္မွာ နတ္သမီးကမ်က္ရည္ေတြပိုးပိုးေပါက္ေပါက္က်ကာ ငိုလာေတာ့သည္။ သူ႕ခ်စ္သူနဲ႕မခြဲနိုင္ဘူး။ သိပ္ကိုခ်စ္ရတာမို႔။ ဒီလိုနဲ႕ျမင္းလွည္း ေမာင္းဆရာေလးျပန္လာေတာ့ သူမကဘာမွမျဖစ္သလိုေနလိုက္သည္။ တစ္ပတ္ ဒီလိုနဲ႕တစ္လ သူမရသေလာက္လူ႕ျပည္မွာေနေနခဲ့သည္။ တစ္ေန႕ေတာ့ သူမမိခင္ျပန္ေရာက္လာခဲ့သည္။

"သမီးေတာ္ မယ္ေတာ့္ရဲ႕စကားကိုအာခံခ်င္ေနတာလား ဒီလိုလုပ္ေနလို႔အက်ိဳးမရွိဘူးဆိုတာ သမီးေတာ္သိတယ္မဟုတ္လား သမီးေတာ္ဒီလိုသာဆက္ေနေနမယ္ဆို လူသားေလး‌အတြက္မေကာင္းဘူးဆိုတာသိပါ"

"သမီးေတာ္ ေနာက္သုံးရက္ေနရင္ ျပန္လာခဲ့ပါ့မယ္"

သူမကတိျပဳလိုက္ၿပီးၿပီ၊ မျပန္လို႔မရေတာ့။ သူမသူ႕ခ်စ္ရသူကိုႏႈတ္ဆက္ဖို႔ပဲတတ္နိုင္ေတာ့သည္။ ‌ျမင္းလွည္းေမာင္းဆရာေလးက ျမင္းလွည္းထြက္ၿပီး အိမ္ကိုျပန္လာသည္။

"ညီမ အကိုဗိုက္ဆာေနတာ ထမင္းဝိုင္းျပင္ေပးထားတာပဲ"

ျမင္းလွည္းေမာင္းဆရာေလးက ထမင္းဝိုင္းမွာဝင္ထိုင္ၿပီး ေကာင္မေလးနဲ႕အတူထမင္းထိုင္စားလိုက္သည္။ သူ႕ခ်စ္သူမ်က္ႏွာမေကာင္းေနတာကို သူသတိထားမိေနခဲ့ပါတယ္။ သုံးရက္ေျမာက္ေန႕ကိုေရာက္လာခဲ့ၿပီ။ သူမေပါင္ေပၚမွာေခါင္းတင္ကာမွိန္းေနတဲ့သူမခ်စ္ရသူရဲ႕ဆံပင္ေလးကိုသပ္ေပးကာ

"အကို ညီမတို႔လမ္းခြဲၾကရေအာင္"

ျမင္းလွည္းဆရာေလးဟာ မ်က္လုံးမွိတ္ထားရာကေန သူမစကားေၾကာင့္မ်က္ႏွာပ်က္ၿပီးမ်က္ရည္ေတြစီးက်လာေတာ့သည္။ သူမသူ႕ခ်စ္သူရဲ႕မ်က္ရည္ေတြကိုသုတ္ေပးလိုက္ေတာ့ ျမင္းလွည္းဆရာေလးကထထိုင္လာသည္။

"ျပန္လာေခၚေနၿပီလား"

သူမအနည္းငယ္လန႔္သြားတယ္။ သူမခ်စ္ရသူသိေနလိမ့္မယ္လို႔မထင္ထား။ ေနာက္ေတာ့သူမလဲမ်က္ရည္ေတြက်ကာ ေခါင္းၿငိမ့္ျပလိုက္သည္။

"ညီမတို႔ကမျဖစ္နိုင္ပါဘူးအကို ေတာင္းပန္ပါတယ္ ညီမအမွားေတြပါ အကိုနဲ႕အေနမနီးခဲ့ရမွာ"

"ဟင့္အင္း အကိုညီမကိုအရမ္းခ်စ္တယ္ မသြားပါနဲ႕ အကို႔နားမွာပဲေနပါ ေက်းဇူးျပဳၿပီး"

နတ္သမီးဟာ သူမခ်စ္ရသူကိုမ်က္ရည္ေတြနဲ႕တဖြဖြေတာင္းပန္ကာ ေပ်ာက္ကြယ္သြားေတာ့သည္။ ျမင္းလွည္း‌ေမာင္းဆရာေလးဟာလဲ သူမကိုသိပ္ခ်စ္တာမို႔ ထိုေနရာမွာတင္ပဲ‌ငိုေနရင္းနဲ႕ ရင္ကြဲနာၾကကာ ေသဆုံးသြားခဲ့သည္။ ဒီအေၾကာင္းေကာင္းကင္ဘုံကနတ္သမီးေလးကလဲသိသြားေတာ့ သူ႕အစြမ္းေတြကိုခ်ိတ္ပိတ္ကာ ေသဆုံးသြားေတာ့တယ္။ နတ္သက္ေႂကြသြားတဲ့နတ္သမီးေလးရဲ႕ၾကယ္ပြင့္ေလး‌ဟာေႂကြသြားၿပီး ေျမျပင္ေပၚသို႔က်ေရာက္ခဲ့သည္။ အဲေနရာကသူတို႔ႏွစ္ေယာက္အတူေနခဲ့တဲ့အိမ္ေလးရဲ႕အေရွ႕ဘက္မွာျဖစ္ၿပီး အဲေနရာေလးမွာပဲ ပန္းပြင့္ေလးတစ္ပြင့္ေပၚလာခဲ့သည္။

ေဖ်ာ္ေျဖသြားတဲ့မင္းသားနဲ႕မင္းသမီးဟာ သ႐ုပ္ေဆာင္ေကာင္းလြန္းတယ္။ ၾကည့္ရတဲ့ပရိတ္သတ္ေတြအဖို႔ရင္ထဲမွာစြဲၿပီးနင့္ကာက်န္ေနခဲ့သည္။ ဇာတ္လမ္းၿပီးသြားတဲ့ေနာက္မွာ ျပဇာတ္႐ုံတစ္႐ုံလုံးကပရိတ္သတ္ေတြဟာ လက္ခုပ္‌ဩဘာမ်ားနဲ႕ခ်ီးျမႇင့္ၾကသည္။ ေရွာင္းက်န႔္ကေတာ့မ်က္ရည္ေတြစီးက်ၿပီး ရိေပၚကိုလွည့္ၾကည့္လိုက္ေတာ့ ရိေပၚကလဲသူ႕ကိုမ်က္ရည္ဝဲကာၾကည့္ေနသည္။ ေရွာင္းက်န႔္မ်က္ရည္ေတြကိုသုတ္ကာ ၿပဳံးျပလိုက္ေတာ့ ရိေပၚကေရွာင္းက်န႔္ကိုဆြဲဖက္လိုက္တယ္။

"က်ဳပ္ အသက္ကိုအရမ္းခ်စ္တယ္ေနာ္"

ရိေပၚရဲ႕အသံတိုးတိုးေလးေၾကာင့္ ေရွာင္းက်န႔္ၿပဳံးလိုက္သည္။

"အင္း ကြၽန္ေတာ္လဲအိမ္ကလူကိုခ်စ္တယ္"

သူတို႔ႏွစ္ေယာက္ဖက္ထားရာကေနခြာလိုက္ၿပီး ျပဇာတ္႐ုံပိုင္ရွင္နဲ႕အတူ ေနာက္ဆုံးဇာတ္ဝင္ခန္းကိုကျပသြားတဲ့မင္းသားနဲ႕မင္းသမီးဟာလာေတြ႕ၾကသည္။ ရိေပၚကသူတို႔ကိုဆုေၾကးခ်ီးျမႇင့္ေတာ့လက္မခံ‌တာေၾကာင့္

"ယူလိုက္ပါ ခဗ်ားတို႔ကတကယ္ေတာ္တယ္ ကြၽန္ေတာ့္ကိုမ်က္ရည္က်ေအာင္လုပ္နိုင္တယ္"

ေရွာင္းက်န႔္ကရယ္ရယ္ေမာေမာနဲ႕ေျပာေတာ့ ထိုႏွစ္ေယာက္ဟာကရိေပၚလက္ထဲကပိုက္ဆံကိုယူကာ

"ေက်းဇူးတင္ပါတယ္ ‌ၿမိဳ႕ပိုင္မင္းနဲ႕ၿမိဳ႕ပိုင္မင္းကေတာ္ ေနာက္မ်ားအခ်ိန္ရရင္ကြၽန္မတို႔ျပဇာတ္ကိုလာၾကည့္ၾကပါဦးေနာ္"

"ဟုတ္ကဲ့"

ရိေပၚတို႔ႏွစ္ေယာက္ႏႈတ္ဆက္ၿပီး ထြက္လာခဲ့ၾကသည္။ ဒီေန႕ၾကည့္ခဲ့ရတဲ့ဇာတ္လမ္းေလးကေတာ့ ေရွာင္းက်န႔္တြက္ေမ့နိုင္မယ္မထင္ေတာ့။

ျပဇာတ္႐ုံရဲ႕ေဘးဘက္တြင္ ဓာတ္ပုံရိုက္တဲ့‌ဆိုင္ရွိတာမို႔ ေရွာင္းက်န႔္ရိေပၚကိုဆြဲကာ ထိုဓာတ္ပုံဆိုင္ထဲကိုဝင္သြားလိုက္သည္။ ဓာတ္ပုံဆရာကသူတို႔ကို ဘယ္လိုပုံစံေနဖို႔ကိုေျပာလာသည္။ အခုဆို ရိေပၚရဲ႕လက္တစ္ဖက္ကေရွာင္းက်န႔္ရဲ႕ခါးေပၚမွာျဖစ္ၿပီး ေနာက္လက္တစ္ဖက္ကေရွာင္းက်န႔္ရဲ႕လက္သြယ္သြယ္ေလးကိုဆုပ္ကိုင္ထားသည္။ ဓာတ္ပုံဆရာကရိေပၚကိုအေရွ႕ၾကည့္ခိုင္းေပမယ့္ ရိေပၚကေတာ့ေရွာင္းက်န႔္ကိုၾကည့္ေနရာကေနမခြာလာဘူး။ ေနာက္ေတာ့ဓာတ္ပုံဆရာကထိုအတိုင္းသာရိုက္လိုက္ေတာ့သည္။

ထြက္လာတဲ့ဓာတ္ပုံေလးကိုၾကည့္ၿပီး ေရွာင္းက်န႔္ကရယ္ေနသည္။ ရိေပၚကေတာ့ေဘးကေန ေရွာင္းက်န႔္ကိုေပ်ာက္သြားမွာဆိုးသည့္အလား၊ အၾကည့္တို႔ကိုေရွာင္းက်န႔္ဆီကေနလုံးဝမခြာပဲ ခါးကိုလဲတင္းေနေအာင္ဖက္ထားေသးသည္။ ရိေပၚရဲ႕စာၾကည့္ခန္းထဲကစားပြဲေပၚမွာ ဓာတ္ပုံေလးတစ္ပုံတိုးလာေတာ့တယ္။

ဆက္ရန္~~~~

Original artistကို fully creditေပးပါတယ္🤍

Okumaya devam et

Bunları da Beğeneceksin

161K 23.6K 43
You will get a heache when your dads are fudanshi🙄😑
123K 6.4K 12
​ေဝ့ဝူ႐ွန္​႔ ----------------- မင္​းခ်စ္​တဲ့သူသာ႐ွင္​သန္​မယ္​ဆို မင္​းသာ​ေပ်ာ္​ရႊင္​မယ္​ဆိုရင္​ ငါ့ရဲ႕ႏွလံုးသားတင္​မဟုတ္​ဘူး ငါ့ဘဝတစ္​ခုလံုးပါ​ေပးအပ္...
256K 26.2K 26
နတ်ဆိုးရဲ့တောင်ပံတွေအောက်က ဘယ်တော့မှ့ လွတ်မြောက်ခွင့်ရမှာလဲ ...... နတ္ဆိုးရဲ႕ေတာင္ပံေတြေအာက္က ဘယ္ေတာ့မွ႕ လြတ္ေျမာက္ခြင့္ရမွာလဲ ...... Start Date -3.9...
550K 52.8K 42
ကျိုးနိုင်ငံမှ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်သော ကျိုးနိုင်ငံရဲ့အချစ်တော်လေးဖြစ်တဲ့ အလိုလိုက်ခံမင်းသားလေးကျန့်ကျန့်... အင်အားကြီးမားကာ လက်အောက်ခ...