မည်á€ļနက်ရက်စက်သေီဒá€Ŋတိယဇီတ်လိá€Ŋက...

By ma_roses_are_blue

86.5K 10.3K 163

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy ęđ€ë―€ė‚ Artist(s) Sol (solminator0) Yea... More

Description
အပိá€Ŋင်á€ļ(၀၀)
အပိá€Ŋင်á€ļ(၁)
အပိá€Ŋင်á€ļ(၂)
အပိá€Ŋင်á€ļ(၃)
အပိá€Ŋင်á€ļ(၄)
အပိá€Ŋင်á€ļ(၅)
အပိá€Ŋင်á€ļ(၆)
အပိá€Ŋင်á€ļ(၇)
အပိá€Ŋင်á€ļ(၉)
အပိá€Ŋင်á€ļ(၁၀)
အပိá€Ŋင်á€ļ(၁၁)
အပိá€Ŋင်á€ļ(၁၂)
အပိá€Ŋင်á€ļ(၁၃)
အပိá€Ŋင်á€ļ(၁၄)
အပိá€Ŋင်á€ļ(၁၅)
အပိá€Ŋင်á€ļ(၁၆)
အပိá€Ŋင်á€ļ(၁၇)
အပိá€Ŋင်á€ļ(၁၈)
အပိá€Ŋင်á€ļ(၁၉)
အပိá€Ŋင်á€ļ(၂၀)
အပိá€Ŋင်á€ļ(၂၁)
အပိá€Ŋင်á€ļ(၂၂)
အပိá€Ŋင်á€ļ(၂၃)
အပိá€Ŋင်á€ļ(၂၄)
အပိá€Ŋင်á€ļ(၂၅)
အပိá€Ŋင်á€ļ(၂၆)
အပိá€Ŋင်á€ļ(၂၇)
အပိá€Ŋင်á€ļ(၂၈)
အပိá€Ŋင်á€ļ(၂၉)
အပိá€Ŋင်á€ļ(၃၀)
အပိá€Ŋင်á€ļ(၃၁)
Notice
အပိá€Ŋင်á€ļ(၃၂)
အပိá€Ŋင်á€ļ(၃၃)
အပိá€Ŋင်á€ļ(၃၄)
အပိá€Ŋင်á€ļ(၃၅)
အပိá€Ŋင်á€ļ(၃၆)
အပိá€Ŋင်á€ļ(၃၇)
အပိá€Ŋင်á€ļ(၃၈)
အပိá€Ŋင်á€ļ(၃၉)
အပိá€Ŋင်á€ļ(၄၀)
အပိá€Ŋင်á€ļ(၄၁)
အပိá€Ŋင်á€ļ(၄၂)
အပိá€Ŋင်á€ļ(၄၃)
အပိá€Ŋင်á€ļ(၄၄)
အပိá€Ŋင်á€ļ(၄၅)
အပိá€Ŋင်á€ļ(၄၆)
အပိá€Ŋင်á€ļ(၄၇)
အပိá€Ŋင်á€ļ(၄၈)
အပိá€Ŋင်á€ļ(၄၉)
အပိá€Ŋင်á€ļ(၅၀)
အပိá€Ŋင်á€ļ(၅၁)
အပိá€Ŋင်á€ļ(၅၂)
အပိá€Ŋင်á€ļ(၅၃)
အပိá€Ŋင်á€ļ(၅၄)
အပိá€Ŋင်á€ļ(၅၅)
အပိá€Ŋင်á€ļ(၅၆)
အပိá€Ŋင်á€ļ(၅၇)
အပိá€Ŋင်á€ļ(၅၈)
အပိá€Ŋင်á€ļ(၅၉)
အပိá€Ŋင်á€ļ(၆၀)
အပိá€Ŋင်á€ļ(၆၁)
အပိá€Ŋင်á€ļ(၆၂)
အပိá€Ŋင်á€ļ(၆၃)
အပိá€Ŋင်á€ļ(၆၄)
အပိá€Ŋင်á€ļ(၆၅)
အပိá€Ŋင်á€ļ(၆၆)
အပိá€Ŋင်á€ļ(၆၇)
အပိá€Ŋင်á€ļ(၆၈)
အပိá€Ŋင်á€ļ(၆၉)
အပိá€Ŋင်á€ļ(၇၀)
အပိá€Ŋင်á€ļ(၇၁)
အပိá€Ŋင်á€ļ(၇၂)
အပိá€Ŋင်á€ļ(၇၃)
အပိá€Ŋင်á€ļ(၇၄)
အပိá€Ŋင်á€ļ(၇၅)
အပိá€Ŋင်á€ļ(၇၆)
အပိá€Ŋင်á€ļ(၇၇)
အပိá€Ŋင်á€ļ(၇၈)
အပိá€Ŋင်á€ļ(၇၉)
အပိá€Ŋင်á€ļ(၈၀)
အပိá€Ŋင်á€ļ(၈၁)
အပိá€Ŋင်á€ļ(၈၂)
အပိá€Ŋင်á€ļ(၈၃)
ðŸŦķ

အပိá€Ŋင်á€ļ(၈)

1.5K 193 3
By ma_roses_are_blue

"မစ် အက်စတယ်လာ"
လုရှန် လှမ်းခေါ်နေခဲ့သည် ဒါပေမဲ့ အက်စတယ်လာ မျက်နှာက တည်ငြိမ်နေခဲ့သည်

"လွှတ်လိုက်"

လုရှန်မျက်နှာမှာ ဖျစ်ညစ်ခံထားရပုံပေါက်နေသည်

သူနှုတ်ခမ်းတွေကိုကိုက်လိုက်ပြီး အက်စတယ်လာကို ခံစားချက်တွေပြေးလွှားနေတဲ့မျက်နှာနှင့် လှမ်းကြည့်နေခဲ့ပြီး သူလက်ကို ကားလစ်ဆီမှ လွှတ်ချလိုက်သည်

သူမမျက်လုံးတွေ အံဩမှုကြောင့် ပြူးကျယ်သွားတော့သည်

'မဖြစ်နိုင်ဘူး'
'တယောက်လောက် မဟုတ်ဘူးလို့ပြောပေးကြပါ'
'ဘယ်လိုဖြစ်ပြီး အခုလို အဆုံးသတ်သွားရတာလဲ'

ဒါပေမဲ့ ၀မ်းနည်းစွာနှင့် ရက်စက်စရာကောင်းတဲ့ အဆုံးသတ်ဖြစ်နေခဲ့သည်

သူမလက်ကိုဆွဲထားတဲ့ ကားလစ်‌နောက်ကို လိုက်သွားရင်း အက်စတယ်လာ ကြောက်ရွံသောအမူအရာနှင့် ကပွဲခန်းမကနေ ထွက်ခွာသွားတော့သည်

အက်စတယ်လာနှင့် လုရှန်ရပ်နေခဲ့သောနေရာ၌ လုရှန်တယောက်ထဲသာ ငေးငိုင်နေသောပုံစံနှင့် အထီးကျန်စွာ မတ်တပ်ရပ်နေခဲ့တော့သည်

ထိုနေရာက ဒုတိယဇာတ်လိုက်အတွက် စီစဉ်ထားသလိုပင်

'မဖြစ်နိုင်ဘူး'

‌တိတ်ဆိတ်နေသော ဟောခန်းမအလယ် သူမ သွားတွေကိုကြိတ်နေမိခဲ့သည်

'ဒီလို အဆုံးသတ်မခံနိုင်ဘူး'

သူတို့နှစ်ယောက်နောက်ကို သူမလှည့်ပြီး လိုက်သွားလိုက်သည်

လုရှန်က အက်စတယ်လာနှင့် ကဖို့ မျှော်လင့်နေခဲ့တာ ဒါကြောင့် သူမကို ထွက်မသွားဖို့ သွားပြောင့်သင့်လား
အက်စတယ်လာက လုရှန်ကို ဂရုစိုက်တာကြောင့်ပင်

'သူ့မျက်နှာက ငါကိုသဘောကျတယ်လို့ ဖော်ပြနေတာပဲ'
သူမဆိုလိုတာက ရှင်းလင်းပါတယ်

"တော်၀င်အရှင်အိမ်ရှေ့စံမင်းသားက ဘယ်သူမှ လိုက်မလာဖို့ အမိန့်ပေးခဲ့တယ်"

ကားလစ်ရဲ့အစောင့်တွေက အနည်းငယ်တောင်မရွေ့ပေ သူမရှေ့ကို အနည်းငယ်ပင် ‌လှုပ်ရှားလို့မရပေ

"ကျွန်မ မြင့်မြတ်တဲ့သူတော်စင်ကို ‌အရေးကြီးတာ ပြောစရာရှိတယ်" သူမက ဆက်ပြောလိုက်သည်

သူမငိုမိတာတောင်မှ စစ်သည်တွေက တူညီတဲ့စကား‌တွေကိုသာ ထပ်တလဲလဲပြောနေခဲ့သည်

"ဒါကအမိန့်တစ်ခုပါ"
"ဟေး ဟိုကိုကြည့်လိုက်"

ကားလစ်နဲ့ အက်စတယ်လာတို့ ရထားလုံးထဲမှာရှိနေစဉ် သူမ စစ်သည်တွေကို ဒေါသတကြီး အော်လိုက်သည်

"ငါဘယ်သူလဲ ရှင်တို့မသိဘူးလား ငါက ပါနေးရား လိုင်လာ ဒီအင်ပါယာမှာ ငါရဲ့ရက်စက်မှုတွေက နာမည်ကြီးတယ် ရှင်တို့ ဒီရက်စက်တဲ့အမျိုးသမီးကို ဒါလေးတော့ လုပ်ခွင့်ပြုသင့်တယ်"

သူမ စစ်သည်တွေကို ဖိအားအနည်းငယ်ပေးနေခဲ့သည် ဒါပေမဲ့ သူတို့ကတော့ ဒီရက်စက်တတ်တဲ့အမျိုးသမီးငယ်အတွက် သနားညှာတာမှုပင် မပြပေ

"မရဘူး"
နောက်ဆုံးမှာတော့ ကားလစ်နှင့် အက်စတယ်လာတို့ရှိနေတဲ့ ရထားလုံးက စတင်ရွေ့လျားတော့သည်

သူမ အံဩစရာကောင်းသောအလျင်နှင့်ထွက်ခွါသွားသော ရထားလုံးကို ဗလာနတ္တိ ငေးကြည့်နေခဲ့ပြီး ကြမ်းပြင်ပေါ် အပြားလိုက် ထိုင်ချမိသွားသည်

သူမ ဒေါ‌သတွေကြောင့် ဆူပွက်နေတော့သည်

မျက်ရည်တောင်ကျမတတ် သူမ ဒေါသ  အရမ်းထွက်နေခဲ့တော့သည်
'ဒါကမမှန်သေးဘူး'

ပျက်စီးနေတဲ့ စပရင်အရုပ်လိုယောကျာ်းက အကကို ခက်ခက်ခဲခဲ ကြိုးစားလေ့ကျင့်ခဲ့သည်

မအိပ်မနေ ကြိုးစားလေ့ကျင့်ခဲ့တာကြောင့် သူရဲ့ကောင်းမွန်သောအသားအရည်ပင် ထိခိုက်ခဲ့ရသည်

သူမ အကြိမ်တစ်ထောင်လောက် အထပ်ထပ်လေ့ကျင့်ခိုင်းခဲ့တာတောင်မှ လုရှန် တီးလုံးနှင့် အညီမကနိုင်ခဲ့သေးပေ

"သူဖွင့်ပြောတော့မှာ ဒါပေမဲ့ သူမလုပ်..."

သူက အက်စတယ်လာနှင့် တစ်ကြိမ်လောက် ကချင်မိရုံသာ
မျက်ရည်တွေ နောက်ဆုံးမှာတော့ ကျဆင်းလာခဲ့သည်

ပုံမှန်အားဖြင့် ကိုယ်ရဲ့ ခံစားချက်အစစ်အမှန်ကို ဘယ်တော့မှချမပြရဘူးဆိုတာ တော်၀င်လူတန်းစားတွေအတွက် ထုတ်ပြောလို့မရတဲ့ စည်းမျဉ်းတစ်ခုသာ

သူမရဲ့ဂုဏ်သိက္ခာကို မေ့ပြီး မျက်ရည်ကျမိခဲ့သည် သူမမြင်ကွင်းရှေ့၌ မြင်ဖူးနေကြ ဖိနပ်တစ်စုံ ပေါ်လာခဲ့သည်

ဖုန်မှုန့်တစ်စက်တောင်မပါတဲ့ အသစ်စက်စက် ဖိနပ်များပင်

"လေဒီ ပါနေးရား"

ဒီလိုချိုသာတဲ့အသံပိုင်ရှင်ဟာ ဘယ်သူဆိုတာ သူမသိသည်
သူမ တစ်ခုခုပြောဖို့ အချိန်မပေးပဲ လုရှန် သူ့ဒူးတွေကိုကွေးလာခဲ့သည်

နီရဲရဲမျက်လုံးတွေ တဖြည်းဖြည်းနီးကပ်လာပြီး သူမ အကြည့်နှင့်ဆုံသောအခိုက်အတန့် ကသိကအောက်ဖြစ်မှုက သူမမျက်နှာပေါ်တွင်ပေါ်လာခဲ့သည်

မသိရင် melodramaရိုက်နေသလို ခံစားနေရသည် ဒါပေမဲ့ တခဏအကြာမှာ တကယ့်လက်တွေ့သို့ပြန်ရောက်လာခဲ့သည်

"ရှင်က ကျွန်မကို ဘာလို့အခုလိုလုပ်နေရတာလဲလို့မေးရင် ကျွန်မဘာပြန်ပြောသင့်လဲ"

တကယ်ထူးဆန်းတယ် လုရှန် အက်စတယ်လာနှင့် တွဲမကရတာကို သူမ တအားစိတ်တိုမိတာက တကယ်ထူးဆန်းပေသည်

ဒါပေမဲ့ ပိုထူးဆန်းတာက ‌အိမ်ရှေ့စံမင်းသား နဲ့ သူတော်စင် ထွက်ခွာသွားတော့ သူမငိုမိလေခြင်းပင်
သူမဘာပဲဖြေဖြေ သူမက စိတ်ရူးဖောက်နေတဲ့ ဇနီးလောင်းတယောက်နဲ့တူနေပြီးသားပင်
အခုအခြေအနေကိုဘယ်လိုဖြေရှင်းရမလဲ သူမမသိတာကြောင့် နှုတ်ခမ်းတွေဖိကိုက်ထားတဲ့ပါနေးရားကို လုရှန်ပြောလိုက်သည်

"မင်း ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတာကို သိ‌နေတယ်မလား"

မထင်မှတ်ထားတဲ့အဖြေကြောင့် သူမပါးစပ်ကိုဖွင့်မိသွားပြီး အရူးတယောက်နဲ့ပင်တူနေလေသည်

"ဘယ်လို"
သူမကို အခုလိုပုံစံမြင်လိုက်ရတော့ လုရှန် ရီသံအသေးလေးတစ်လုပ်လေသည်
"မင်းကိုသိရဖို့က ထင်ထားတာထက် ပိုပြီးလွယ်တာပဲ ကိုယ်လိုလူမျိုးတောင်မှ မင်းဘာတွေးနေတယ်ဆိုတာ သိ‌နေတယ်"

'ရှင် ဘာတွေလာပြောနေတာလဲ'
အရင်ကထက် မျက်လုံး ပိုပြူးပြရင်း သူကိုကြည့်နေလေသည်

'ဒါပေမဲ့ သူ တခုခုတော့ ပြောသင့်တယ်လေ'

သူက ငါသိတဲ့ အတွေ့အကြုံမရှိတဲ့ နူးညံတဲ့နှလုံးသားပိုင်ရှင် ဒုတိယဇာတ်လိုက်မှဟုတ်ရဲ့လား
ဘယ်လိုကြည့်ကြည့် သူက အတော်လေး ကွဲပြားနေသလိုပဲ

သူရဲ့ ထင်ရှားပြီး လှပတဲ့မျက်နှာလေးက ဒီနေရာမှာ ရှိနေဆဲဆိုပေမဲ့ ရှက်ရွံမှူကတော့ ပျောက်ကွယ်နေခဲ့ပြီး အကြည့်ကပင် အနည်းငယ် ဆက်ဆီကျနေသလိုပင်

"လေဒီပါနေးရား"
“…”

'ရှင်က ဒီမျက်နှာနဲ့ ကျွန်မနာမည်ကို ဘယ်လိုလာခေါ်နေရတာလဲ'
သူက သူမနာမည် ထုတ်ခေါ်နေရုံသာဆိုပေမဲ့ သူမနှလုံးသားကတော့ ရူးလောက်အောင် စတင်ခုန်ပေါက်နေလေသည်
လုရှန်တယောက် သူမမျက်လုံးမှ မျက်ရည်များကို သုတ်ပေး‌နေခဲ့သည် ကလေးတယောက်ကို နှစ်သိမ့်နေသကဲ့သို့ပင် လုပ်ရင်းဆက်ပြောလိုက်သည်

"ကိုယ် မင်းအကြောင်း ပိုပြီးသိချင်လာတယ်"
'ဟမ်?'
"မင်း ကိုယ်ကို ဒီအခွင့်အရေးပေးမလား"

သူမ နောက်ကျောမှ ကြက်သီးမွှေးညင်းများထလာပြီး အော်နေမိသည်
(T/N မူလ FMLကို မမုန်းကြပါနဲ့ အိုင်ဖတ်ပြီးသည့်အထိ သူမက ကောင်းတဲ့လူမလို့ပါ အခုချိန်မှာတော့ ကိုယ့်MCနဲ့ SMLကြားက romanceကတော့ 0ပါ တဖြည်းဖြည်းနဲ့ ကလိကလိဖြစ်လာမှာပါ MLက a**holeဆန်တယ်ဆိုပေမဲ့ နောက်ပိုင်းကျရင် အက်စတယ်လာကို သေအောင်ကဲသဲမဲ့သူပါ ဒီnovelက ပုံမှန်ဖတ်နေကြနဲ့မတူတာက ဇာတ်ကောင်အားလုံးက သူ့လမ်းနဲ့သူသွားနေတာပါ အဓိကလေးယောက်ရဲ့စိတ်ထားတွေက တယောက်ပေါ်တယောက်မကောင်းကြံတာမျိုးမရှိတာမို့ပါ ဖတ်ပေးသူအားလုံးကိုကျေးဇူးပါ)

Side Story (POV OF Lucian)

"‌ကျိန်စာတိုက်ခံရတဲ့ မကောင်းဆိုးဝါး"

ဒီစကားလုံးများဟာ ရန်သူတွေရဲ့ နောက်ဆုံးပြောစကားများပင်
လုရှန်က ကောက်ကျစ်သောရန်သူတွေရဲ့ ဦးခေါင်းကို တချက်ထဲနဲ့ ဖြတ်ပစ်ခဲ့သည်
အားကောင်းတဲ့ လေးတစ်ခုထဲနဲ့ ရန်သူရဲ့ ခေါင်းဆောင်ကို အသံတချက်မထွက်ပဲ သတ်ပစ်ခဲ့သည်

ရန်သူရဲ့ ဦးခေါင်းကို ကြမ်းပြင်ပေါ်မှာမြင်လိုက်ရတော့သည် သူခေါင်းဆောင်းကို ချွတ်ပြီး သူရဲ့ချွေးထွက်နေတဲ့ ငွေ‌မင်ရောင်ဆံနွယ်နှင့် ရှင်းလင်းပြီးကြည်လင်တဲ့ မျက်နှာကို ပြသနေခဲ့သည်
သူက စစ်မြေပြင်က စစ်သည်တယောက်လို့ မယုံရလောက်အောင် ချောမော‌လှပလေသည်
ခံစားချက်မပါတဲ့ နီရဲရဲမျက်လုံးတွေက သူနာမည်ပြောင် နတ်ဆိုးဆိုတဲ့အတိုင်း ကြောက်စရာကောင်းနေလေသည်

ဓားပေါ်က သွေးတွေကို သုတ်ပစ်ပြီး သူ့လက်ထောက် ပေါလ်ကို လှမ်းကြည့်လိုက်သည်

"အားလုံးသေပြီ"

ပေါလ်က သူပခုံးကို အကျောဖြေရင်း choirတစ်ခုလို ရှင်းလင်းတဲ့အသံနှင့်အော်လိုက်သည်
"ဗိုလ်ချုပ်က ရန်သူခေါင်းဆောင်ရဲ့ ခေါင်းကိုဖြတ်ပစ်လိုက်ပြီ ဒါကြောင့် အင်ပါယာအနိုင်ရခဲ့ပြီ"

ပေါလ်ရဲ့အသံက ကျယ်လောင်နေခဲ့သည်
တချိန်ထဲမှာပဲ သွေးတွေပေပွေနေတဲ့ စစ်သည်တွေကလဲ ဟိန်းဟောက်သံလုပ်ပြီး အောင်ပွဲခံနေကြသည်

သုံးနှစ်ကြာခဲ့တဲ့ စစ်ပွဲက နောက်ဆုံးမှာတော့ ပြီးဆုံးခဲ့ပြီဖြစ်သည်
ဒါပေမဲ့ လုရှန်က စစ်ပွဲကို အနိုင်ယူနိုင်ခဲ့သော်လည်း ပျော်ရွှင်ပုံမရပေ

'အခုတော့ ငါ မြို့တော်ကိုပြန်ရတော့မယ်'
စစ်မြေပြင်နှင့်ယှဉ်ရင် ထိုနေရာက ပိုပြီးရှုပ်ထွေးလေသည်

သစ္စာခံကျမ်းကျိန်ထားရတဲ့ ဧကရာဇ် အပြင်ဘက်က ပြုံးပြနေ‌ပြီး အတွင်းထဲမှာတော့ သူကို စက်ဆုတ်ရွံရှာနေ တဲ့ တော်၀င်မျိုးနွယ်တွေနှင့်

အက်စတယ်လာ

သူမအကြောင်းတွေးရုံနဲ့တင် သူအသဲ ကွဲလာသလိုပင်

သူ သူမအားသတိမရပေ
သူမရဲ့ တောက်ပနေတဲ့ ရွှေရောင်ဆံနွယ်တွေအကြောင်းတွေးမိရင်း သူ သွားတွေကို ကြိတ်မိသွားခဲ့သည်

ဒီ‌ရှည်လျားတဲ့ စစ်ပွဲမှာ သူ ကူညီတိုက်ခိုက်နေရတဲ့ ရည်ရွယ်ချက်က တစ်ခုထဲပင်
သူမကိုမြင်ရင် သူက သူမနား ပိုပြီးနီးစပ်ချင်လာတာကြောင့်ပင် သူမအပြုံးတွေပိုပြီးမြင်ချင်လာလိမ့်မည်

'ဘယ်လိုတောင် လုပ်ရဲရတာလဲ'
'ငါက နတ်ဆိုးကနေ ကျိန်စာတိုက်ခံထားရတယ်လို့ သူတို့ကများ ပြောရဲရတာလဲ'
အက်စတယ်လာက တချိန်လုံး လုရှန်နှလုံးသားထဲက ပန်းသီးကလေး ဖြစ်နေခဲ့တာပင်

'ငါပြန်လာတာ သူမသိရင် ငါကိုတွေ့ဖို့ လာလိမ့်မယ်'
သူမကို ဘယ်လိုရှောင်ရမလဲဆိုတဲ့အကြောင်းတွေးရရင် အမြဲ နာကျင်ခဲ့ရလေသည်

ထို့နောက် ပေါလ် ချဉ်းကပ်လာခဲ့သည်

''အရှင် လုရှန် မှူးမတ်လိုင်လာဆီကနေ စာရောက်နေတယ်"

မှူးမတ်လိုင်လာဆိုသော စကားလုံးကြားတော့ လုရှန်မျက်နှာခက်ထန်သွားလေသည်

လွန်ခဲ့သောနှစ်နှစ်က လုရှန်စေ့စပ်ခဲ့သည် အဲ့ဒါက ဧကရာဇ်စီစဉ်ခဲ့ခြင်းဖြစ်သည်

[လုရှန် အထက်တန်းလူတန်းစားတွေ မင်းနောက်ကွယ်မှာပြောကြတဲ့ အကြောင်းအရင်းတွေတစ်၀က်က မင်းရဲ့နီရဲရဲမျက်လုံးတွေအကြောင်း ကျန်တစ်၀က်က မင်းရဲ့အဆင့်အတန်းအကြောင်း မင်းမျက်လုံးတွေကို မပြောင်းလဲနိုင်ပေမဲ့ မင်းရဲ့အဆင်အတန်းကိုတော့ပြောင်းလဲနိုင်တယ် ငါမင်းကို ကောင်းမွန်တဲ့လက်ထပ်ပွဲတစ်ခုပေးအပ်မယ် လက်ထပ်လိုက် ပြီးရင်တော်၀င်မျိုးနွယ်တခုရဲ့ မည်မည်ရရ မိသားစု၀င်ဖြစ်သွားလိမ့်မယ်]
အဆိုပြုခံထားရတဲ့ ဇနီးလောင်းက နှောင်းပိုင်း မှူးမတ်လိုင်လာရဲ့ တဦးတည်းသော သမီး ပါနေးရားပင်

သူက ပါနေးရားရဲ့ ရုပ်ကိုပင်မသိပေ

"ငါ သူမရဲ့ ပုံတူပန်းချီ တစ်ခုကိုသာ မြင်ဖူးတာ"

ဖိအားပေးခံရတဲ့ စေ့စပ်ပွဲနေ့ရောက်တော့ ပုံတူပန်းချီရောက်လာခဲ့သည်
ခရမ်းပြာဆံပင်ကောက်ကောက်တွေနဲ့ အလှ‌ကလေးတစ်ယောက်ပင်

ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့လုပ်ပြုံးကနေပြီး ခက်ခဲတဲ့ ကိုယ်ရေးကိုယ်တာကို ခံစားနိုင်ပြီး သူမမျက်လုံးတွေက ကြောင်တကောင်လို မြင့်ထားသည်
တဖွဲ့ထဲက စစ်သည်တွေဆီကနေ သူမရဲ့အကြောင်း တချို့ ကြားခဲ့ရသည်
သူမက လူအဖွဲ့အစည်းထဲမှာ ခေတ်ဆန်တဲ့အလှကလေးများထဲကတစ်ယောက်ပင်

မှတ်ချက်တွေထဲမှာ သူတို့အမြဲပြောတာက 'ဒါပေမဲ့ သူမက အနည်းငယ်ပွင့်လင်းတယ်'တဲ့
တော်၀င်မျိုးနွယ်တွေရဲ့ယဥ်ကျေးမှူ‌နဲ့ မရင်းနှီးသော လုရှန်ပင် ထိုအဓိပ္ပာယ်ကိုသိသည်
ဆိုလိုတာက သူမက ရိုင်းစိုင်းတဲ့ personalityရှိခြင်းပင်

ဘယ်လိုနေနေ ကိစ္စတော့မရှိပါဘူး
ဖိအားပေးခံရတဲ့ စေ့စပ်မှုတစ်ခုသာသာပဲ
တော်၀င်မျိုးနွယ်အမျိုးသမီးတယောက်နဲ့ သူကဲ့သိုသော ယောကျာ်းတယောက်
ဘယ်လောက်တောင် စိတ်မသက်မသာဖြစ်လိုက်မလဲဆိုတာ သူမမြင်နိုင်
သူမအတွက်လဲ စိတ်မကောင်းဖြစ်မိတယ်
သနားစိတ် အပိုင်းအစအသေးလေးသာ

ဒါတွေ အားလုံးက လုရှန်‌သိသော ပါနေးရားအကြောင်းများပင်
* * *
ပါနေးရားနဲ့ ပထမအကြိမ်တွေ့ဆုံတဲ့နေ့၌ လုရှန်အံဩမိခဲ့ရသည်

သူကတိပြုထားသလို နာရီ၀က်စောထွက်ခဲ့ပေမဲ့ သူမက ထိုင်နေနှင့်ပြီးဖြစ်သည်

သူထင်ခဲ့တာ သူမ ဒီကိုမလာနိုင်လောက်ဘူးဟုပင်

သူမ ဒီစေ့စပ်ပွဲကို ဘယ်လောက်ဂရုစိုက်သလဲဆိုတာ သူကြားသိခဲ့တာကြောင့်ပင်

ဒါပေမဲ့ သူမစောစောရောက်နေနှင့် တောင်မှ မသက်မသာမဖြစ်ပဲ ‌လက်ဖက်ရည်ဇွန်းနှင့် ကော်ဖီတစ်ခွက်ကိုမွှေနေခဲ့သည်

မထင်မှတ်ထားတဲ့အပြုအမူကြောင့် အံဩမိသွားခဲ့ပြီး လုရှန်တယောက် ပါးစပ်ပင် ဟသွားမိခဲ့သည်
"ပထမဆုံးအကြိမ်တွေ့ရတာ၀မ်းသာပါတယ် ကျွန်တော်က လုရှန် ကာဒီယမ်ပါ"

လုရှန်အသံကြောင့် ပါနေးရား ခေါင်းကိုမော့လာခဲ့သည်

သူမ လုရှန်မျက်လုံးတွေကို ကြည့်ပြီး အပြုံးလေးနဲ့ ဖြေခဲ့သည်

"ဟယ်လို ကျွန်မက ပါနေးရား လိုင်လာပါ"

'အာ'

လုရှန် မျက်လုံးတွေ သူမဆီကနေ မခွာနိုင်‌ဖြစ်နေခဲ့သည်
'သူက ပန်းချီကားထဲကနဲ့ မတူဘူး'
ထင်းနေတဲ့ ခရမ်းပြာရောင်ဆံနွယ်တွေ ကြောင်လိုမျက်လုံး(cat-like eyes)တွေက တူနေတယ်ဆိုပေမဲ့ သူဘယ်လိုပြောပြရလဲ ခံစားရတာက

လုံး၀ကို ကွာခြားနေတာ

သူမကို ကြည့်ရတာ မှည့်နေတဲ့ စပျစ်သီးတစ်လုံးလိုပဲ

ထူထဲတဲ့နွယ်တွေဆီကနေ လောလောလတ်လတ် ခူးခံထားရတဲ့လုံး၀န်းပြီး ပြင်းထန်တဲ့အနံရှိသော ချိုတဲ့ စပျစ်သီးလိုပင်

'ငါဘာတွေတွေးနေတာလဲ' (ကောင်လေးတယောက် တွေးမိတွေးရာတွေးကုန်ပြီ:3)

စိတ်ထဲ၌ လုရှန် ခေါင်းကို ခါပြီး သူအတွေးတွေကို အံအားသင့်နေမိသည်

စစ်မြေပြင်မှာမြင်နေကြ ဓားတွေ လေးတွေ ‌အဆိပ်တွေ လူသေအလောင်းတွေအစရှိသည်တို့ကိုသာ အမြဲတွေးနေတတ်သော သူ့အတွက် အသားပေါပြီးခုန်နေတဲ့ စပျစ်သီးတစ်လုံးက ရှက်ရွံစရာ အတွေးတစ်ခုပင်

သူ့ခေါင်းထဲမှာ ပြေးလွှားနေတဲ့စပျစ်သီးတွေကို အဝေးသို့တွန်းလွှတ်ရင်း လုရှန်တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်

"ကျွန်တော် လေဒီကို အခုမှလာတွေ့ရတာ ကျွန်တော်စိတ်မကောင်းပါဘူး စစ်ပွဲက ကြာရှည်နေတာကြောင့် အိမ်ပြန်လာဖို့မလွယ်ခဲ့ဘူး"

'အမှန်တစ်၀က် အမှားတစ်၀က်နှင့်ပင်'

သူသာ သူမကို တကယ်တွေ့ချင်ရင် ဘယ်လိုဆိုနေနေ တစ်ခါလောက်တော့ လာတွေ့မည်ပင်

သူမစိတ်ဆိုးလဲ သူ မတတ်နိုင်ဘူး ဒါပေမဲ့သူမက ခါးခါးသီးသီးရယ်နေခဲ့သည်

"ကိစ္စမရှိပါဘူး"

သူမျှော်လင့်ထားတာနှင့် လုံး၀ကွဲကွဲပြားပြားပင် လုရှန် မသိလိုက်မသိဘာသာနှင့် အလျင်စလိုမျိုချမိလိုက်သည်

Continue Reading

You'll Also Like

803K 32.1K 50
ဒá€Ŋတိယအကှိမ္ ပှန္တင္ခှင္á€ļ....
3.6M 538K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~â™Ĩ~ Type- OWN CRE...
390K 27.4K 43
မိá€Ŋက်ကယ်အီဒန်မင်လá€Ŋခá€ŧက်စ် ညိá€Ŋမင်á€ļမိá€Ŋ 21.7.2023 9:20 PM.