မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...
De ma_roses_are_blue
86.5K 10.3K 163
The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... Mais
Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶
အပိုင်း(၇)
1.6K 197 2
De ma_roses_are_blue
သူကတော့ မင်းသားလို့သိကြတယ်
လုရှန်ရဲ့ gangလိုမဟုတ်ဘဲ သူတို့အိုင်ဒေါကို တွေ့ရင် မျက်လုံးတလတ်လတ်နဲ့ ကားလစ်ကို ကမ္ဘာပေါ်မှာ အယဉ်ကျေးဆုံး စိတ်ထားးရှိသူလို ဆက်ဆံကြတဲ့ လူတစ်စုလဲရှိသေးသည်
"သင်တို့ ဒီနေရာကို သစ္စာရှိအချိန်ကိုမြုတ်နှံထားတဲ့ စစ်သည်တယောက်အတွက် မအားတဲ့ကြားတဲ့က လာခဲ့ကြတာပဲ အိမ်ရှေ့မင်းသားရဲ့ စေတနာကို ငါ အံအားသင့်မိတယ်"
"ငါလဲသိတယ်"
သေချာတာပေါ့ ဒါက အကြင်နာမဲ့မြှောက်ပင့်စကားသာ မဟုတ်ပေ
ကားလစ်ပေါ်မှာရှိနေတဲ့ သူတို့မျက်လုံးတွေက ရိုသေလေးစားမှုနှင့် သဘောကျမှုတို့ ရောနှောပါ၀င်နေလေသည်
သေချာတာပေါ့ အဲ့လူတွေထဲမှာ မိန်းမတွေလဲအများကြီးပါ၀င်လေသည် ကားလစ်ကို အကြောက်တရားကင်းကင်း မျက်လုံးတွေပြူးပြီး ကြည့်နေကြသည်
'အက်ဘေး ရှင်တို့သိတဲ့အတိုင်းပဲ ညီအမတို့ရေ သူတို့က အမျိုးသမီးဇာတ်လိုက်မဟုတ်ရင် မကြည့်ချင်တဲ့သူ ရှင်တို့အသက်ရှည်ရှည်နေချင်ရင် သူနဲ့ဝေးဝေးနေရမယ်'
ထင်တဲ့အတိုင်းပင် အမူအရာမရှိတဲ့ကားလစ်က တနေရာထဲကိုသာ တချိန်လုံး အာရုံစိုက်နေခဲ့သည်
အဲ့ဒါကတော့ အက်စတယ်လာပဲပေါ့
သူမအတွက် ကြင်နာမြတ်နိုးမှုတွေအပြည့်ဖြည့်ထားတဲ့ လူစုလူဝေးတစ်ခုလဲရှိသေးသည် လိင်အမျိုးအစားအရဆို အမျိုးသားများက အမျိုးသမီးများထက်ပင်ပိုများနေသည်
သေချာပေါက်ပဲလေ သူမက အမျိုးသမီးဇာတ်လိုက်ပဲဟာ
ကောင်းပြီ သူမသာအမျိုးသားတယောက်ဆိုရင်လဲ ယောကျာ်းနှစ်ယောက်ကြောင့် သာမာန်လူတွေ ရေဘဝဲဘ၀အဖြစ်သို့ ဖြစ်သွားတာထက်စာရင် ဒါက အက်စတယ်လာအတွက် ပိုပြီးကောင်းမွန်လေသည် (squid ဆိုတာက ရုပ်ဆိုးတယ်ဆိုတဲ့ ဗန်းစကားပါ)
သူမ နူးညံတယ် ညင်သာတယ် လှပါတယ် နှစ်လိုဖွယ်ကောင်းသော သူတော်စင်ပင်
သေချာတာပေါ့ သူမလဲ ခံစားမိတယ်ဆိုပေမဲ့ သူမ အမျိုးသားဇာတ်လိုက်ရှေ့ အမျိုးသမီးဇာတ်လိုက်နား ဘယ်တော့မှ ဝိုင်း‌နေမှာမဟုတ်ပေ 'ဟိုနားမှာ စုဝေးနေတဲ့ ယောကျာ်းတွေ ရှင်တို့ သူ့အကြည့်ကို တကယ်မခံစားမိတာလား'
ကားလစ်ရဲ့အကြည့်က သူ့‌နဲ့ခြေလှမ်းဝေးဝေးကနေတင် အရမ်းရက်စက်ပုံပေါက်နေသည်ကို ခံစားနိုင်သည်
ဒါပေမဲ့ ထိုယောင်္ကျားတွေကတော့ မန်းမှုတ်ခံထားရသလို အက်စတယ်လာကို ပြုံးပြရင်း အလုပ်ရှုပ်နေကြသည်
ကားလစ်မျက်လုံးတွေက မကွဲမပြားဖြစ်နေသည်
'သူမကို ဖလစ်နေလိုက်ကြတာ သူတို့အသက်ဆက်ရှင်ဖို့အတွက် စိတ်မပူကြဘူးလား'
'ရှင်ရင်ထဲမှာ ဆူပွက်နေပြီမလား ဘာမှလဲသွားမပြောနိုင်ဘူး သူမကိုချစ်နေတယ်ဆိုတာငြင်းဆန်နေတာကို ဆန့်ကျင့်မိသွားသလိုဖြစ်သွားမှာဆိုးလို့လေ'
ထင်တဲ့အတိုင်း a**hole အမျိုးသားဇာတ်လိုက်တစ်ယောက် ရုန်းကန်လှုပ်ရှားနေရတာကို ကြည့်ရတာ ပိုပျော်စရာကောင်းနေသည်
တခြားတစ်ဖက်က လုရှန်မှာတော့ အံဩစရာကောင်းလောက်အောင် အက်စတယ်လာကို အာရုံပင်စိုက်မထားပေ
လူတွေနဲ့ တည်တည်ငြိမ်ငြိမ် စကားပြောနေလေသည်
'ရှင် ခံစားချက်တွေထုတ်ပြဖို့ မကြိုးစားတော့ဘူးလား အရူးကောင်'
သူမ စပျစ်သီးတွေ ဝါးစားနေရင်း သူ့အပြုအမူကိုကြည့်ရင်း မချင့်မရဲဖြစ်လာသည်
ထို့နောက် ထက်ရှတဲ့အသံတစ်ခုထွက်ပေါ်လာသည်
"ဟမ့် သူက သူတော်စင်တယောက်ဖြစ်နေနေ ဘာဖြစ်နေနေ ဒီနေရာကို ဟောင်းနွမ်းနေတဲ့အ၀တ်အစားနဲ့လာတာကတော့ သူက အဆိုးရွားဆုံးပဲ"
သူမကိုင်ထားတဲ့စပျစ်သီးတွေတောင် စားပွဲပေါ် ကျကုန်သည်
" ‌တော်၀င်မျိုးနွယ်တယောက်ရဲ့စေ့စပ်ပွဲကို သူက ဘယ်လိုများတွေးထားတာလဲ ငါတော့နားမလည်နိုင်ဘူး သာမန်လူတန်းစားတွေဘာတွေတွေးနေတယ်ဆိုတာကို"
သူမ ပတ်လည်က ထိုသုံးယောက်မှလွဲ၍ ဘယ်သူရှိမှာလဲ
ပါနေးရားတွေပေါ့
တခြားစကားနဲ့ဆို သူတို့က အပိုဗီလိန်တွေလေ
ထိုမိန်းမတွေ သူမအား ဗီလိန်မျက်နှာတွေနဲ့မေးလေသည်
"လေဒီပါနေးရားရော အဲ့လိုပဲလဲ ထင်မိလား"
'မဟုတ်ဘူးလေ သေချာပေါက်မဟုတ်ဘူးလေ'
သူမ ပြန်မပြောချင်မှာပဲ ထိုအမျိုးသမီးတွေက ဆက်ပြီးငြီးတွားလေသည်
"ကျွန်မကြားထားတယ် သူတော်စင်မက အိမ်ရှေ့စံမင်းသားရဲ့ အခန်းကို ခွင့်ပြုချက်မရှိဘဲ ၀င်သွားတယ်တဲ့"
"ဟုတ်တယ် သူမက မင်းသားရဲ့ အနာကို ကုသဖို့ကြိုးစားတာလို့ စကားပေါ်ထွက်လာတာ ဒါပေမဲ့ အရှင် အိမ်ရှေ့မင်းသားအခန်းကို ဒီအကြောင်းလေးနဲ့သွားတာကတော့ ကောင်းတဲ့စိတ်ကူးတော့မဟုတ်ဘူး ပြီးတော့ မိန်းကလေးတစ်ယောက်ထဲ၀င်သွားတာတဲ့"
"ဒါက အရော၀င်ပြီး မိုက်မဲလွန်းဖူးလား"
'လေဒီတို့ရေ ရှင်တို့ရူးနေကြတာလား'
သူတို့ တမင်ရည်ရွယ်ပြီး လျှောက်ပြောနေခြင်းပင်
အက်စတယ်လာက ခြေလှမ်းအနည်းငယ်သာဝေးတာကြောင့် ကြားသွားနိုင်သည်
အက်စတယ်လာက အနည်းငယ် တုန်လှုပ်အံအားသင့်သွားပေမဲ့ တည်ငြိမ်နေဆဲပင်
ပထမနေရာမှာတင် ဒီစကားတွေကြားပြီး စိတ်တိုသူက သူမတယောက်ထဲမဟုတ်ပေ
ပြဿနာက သူမမဟုတ်ပေမဲ့ a**hole mlနဲ့ ဒုတိယmlတို့က yandere tendencyရှိသူများပင်
တချိန်ထဲမှာပင် လူနှစ်ယောက်ရဲ့အကြည့်များ သူမတို့နေရာသို့ ကြည့်လာသည်ကို ခံစားရသည်
အခြေအနေမကောင်းတဲ့စိတ်အခြေအနေရှိနှင့်ပြီး ကားလစ်ကတော့ ဒါဆင်လောက်ရှိသော လူများကို သတ်ခဲ့ဖူးသော လူသတ်သမားတစ်ယောက်ပုံစံပင်ရှိနေသည်
လုရှန်ကလဲ ကြည့်ကောင်းတဲ့ပုံစံရှိမနေပေ
ထိုယောကျာ်းနှစ်ယောက်ရဲ့ မျက်နှာတွေကိုကြည့်ရင်း ထိတ်ထိတ်ပျာပျာတွေးမိသွားသည်
'စိတ်ငြိမ်ငြိမ်ထားစမ်း ပါနေးရား အခြေအနေကပိုကြီးမားလာရင်လဲ အရင်ပါနေးရားက ဒီနေရာမှာမသေခဲ့ဘူး အနည်းဆုံးတော့ သူတို့နှစ်ယောက် ဒီနေရာမှာ ငါကိုမသတ်လောက်ဘူး'
'ဒါကြောင့် နင်တနည်းနည်းတော့ ရွေးထုတ်နိုင်မှာပါ'
'မြန်မြန်လုပ်စမ်း'
အိုင်ဒေါရဲ့ concertအတွက် လက်မှတ်ရအောင် ၀ယ်ဖို့ အမြန်အလျင်လိုတာထက် ပိုမြန်မြန်လုပ်နေရသည်
သူမ အသံကျယ်ကျယ်နဲ့အော်မိသွားသည်
"မဟုတ်ဘူး ငါထင်တာတော့ သူတော်စင်က တကယ်မိုက်တယ်လို့ထင်တယ်"
'အို တကယ်တော့ ငါလဲမသိဘူး'
ချိန်ကိုက်ဗုံးလိုယောကျာ်းနှစ်ယောက်နှင့် အက်စတယ်လာရဲ့စိတ်အခြေအနေတို့က မြန်မြန် ပိုကောင်းလာခဲ့သည်
သူမ အသက်မရှုပဲ ပါးစပ်ကိုဆက်ဖွင့်လိုက်သည်
"အရှင်တော်၀င်အိမ်ရှေ့စံမင်းသားက သူနေမကောင်းဖြစ်တာကို လွယ်လွယ်နဲ့ထုတ်မပြတတ်ဘူးလေ ဒါကြောင့် တော်၀င်ဆရာ၀န်တွေတောင် သူဒီနေ့ နေမကောင်းဘူးဆိုတာ မသိဘူးလေ သူတော်စင်တယောက်ကသာ အဲ့ဒါကို သတိထားမိပြီး ကုသဖို့ သူ့အခန်းထဲ၀င်သွားတာဖြစ်ရမယ် သူမ အလွယ်တကူ၀င်ခွင့်မပေးတတ်တဲ့စစ်သည်တွေရဲ့ ခြိမ်းခြောက်မှု ရင်ဆိုင်ရင်တောင် ရင်တိုင်ရမှာပေါ့ ဘယ်လောက်တောင် သဘောကောင်းပြီး ရဲရင့်လိုက်တဲ့နှလုံးသားပိုင်ရှင်လဲ"
ဒီကိုယ်ထဲမှာ စကားတအားများတဲ့သူတယောက်ရဲ့ သွေး‌တွေကို စီးဆင်းနေတာကို တခါမှ အသိအမှတ်မပြုခဲ့ပေ
ဖြစ်နိုင်သမျှ ရိုးသားတဲ့ပုံစံပေါက်ချင်ပြီး သူမမျက်လုံးတွေကို ကွေးရင်းပြောလိုက်သည်
"သူမက အကောင်းဆုံးပဲ"
သူမ လက်မထောင်ပြလိုက်လေသည်
အခုလိုလုပ်မိတာက ဟာသတစ်ခုလိုဖြစ်သွားမှာကိုလဲ သူမကြောက်မိလေသည်
ပွဲခန်းမအတွင်းဘက်က တဖြည်းဖြည်း ငြိမ်သက်လာလေသည်
လူတွေအားလုံးက သူမကို ကို့ရို့ကားယားပုံစံနှင့် ကြည့်နေလေသည်
လုရှန် အက်စတယ်လာနှင့် ကားလစ်တို့ကလဲ ထပ်တူထပ်မျှပင် ကြည့်နေလေသည်
သူမဘေးမှာဝိုင်းနေသော အမျိုးသမီးများကလဲ ကွဲပြားခြင်းမရှိပေ
"နင် ငါတို့ကို ဘယ်လိုတောင် သစ္စာဖောက်ရဲရတာလဲ" (မရီပဲမနေနိုင်တော့ဘူး အတင်းချနေပါတယ်ဆိုမှ mcကထဖောက်တော့ သူတို့လဲကို့ရို့ကားယား သောက်စခွီ🤣)
ထိုအမျိုးသမီးတွေဆီမှ သတ်ချင်သည့်အကြည့်တွေ ထပ်အကြည့်မခံရခင် သူမ အက်စတယ်လာဆီသို့ အမြန်ပြေးသွားလိုက်သည်
"သူတော်စင် ကျွန်မစာထဲမှာမေးထားတဲ့ ကောင်းချီးမင်္ဂလာအကကို အခုကပေးနိုင်မလား"
"ကောင်းပါပြီ"
အက်စတယ်လာ မျက်လုံးတွေကျယ်ကျယ်ဖွင့်ရင်း ခေါင်းကိုညိမ့်လိုက်သည်
အက်စတယ်လာနှင့် သူမ လက်တွေကိုင်လိုက်ကြသည်
ထိုအချိန်ရောက်မှသာ သူမ စိတ်အေးသွားသလို ခံစားရသည်
'သင်သာ အမျိုးသမီးဇာတ်လိုက်နှင့် ရှိနေလျှင် ဘာကိုမှကြောက်နေစရာမလိုတော့ပေ'
တကယ်လို့ အခွင့်အရေးရှိရင် ဥက္ကာခဲပြုတ်ကျပြီး ကုန်းမြေတစ်၀က်လောက်ပျောက်ကွယ်သွားရင်တောင်မှ အမျိုးသမီးဇာတ်လိုက်ဘေးတဝိုက် ငါးဆယ်စင်တီမီတာအချင်း၀က်လောက်က လုံခြုံလေသည်
ထိုအမျိုးသားနှစ်ယောက်အတွက်ဆိုရင် ပိုပြီးလုံခြုံလေသည်
ဗလာနတ္တိ မျက်တောင်‌ခတ်နေတဲ့ သူမအဖေက မြန်မြန် လက်ဟန်ခြေဟန်ပြပြီးနောက် တီးလုံးကစတင်ခဲ့လေသည်
အရင်ကဖွင့်ခဲ့တဲ့ ဖန်စီဆန်တဲ့ သံစဉ်နှင့်လုံး၀ကွဲပြားခြားနားလေသည် ယခုသံစဉ်က နူးညံပြီး ညင်သာသည်
ပြောရရင် ဒါက ကောင်းချီးမင်္ဂလာအက သိပ်မဟုတ်ပေ ပုံမှန် waltzသာ
ကွာခြားချက်တစ်ခုက အကပါတနာက သူတော်စင်ဖြစ်နေသည်ပင်
"ကျွန်မက ရှင့်ထက် အရပ်ပိုရှည်တယ် ဒါကြောင့် ကျွန်မကဦးဆောင်လိုက်မယ်"
“အိုခေ" (မီက အက်စတယ်လာနဲ့ ပါနေးရားကို ကြိတ်shipနာ👉👈)
အက်စတယ်လာက သူမထက်အနည်းငယ် ပုသောကြောင့် သူမက ငုံကြည့်နေရသည်
'ချစ်ဖို့ကောင်းတာပဲ' (သူကွေးနာ)
ဘာကြောင့်များ ယောကျာ်းတွေ အရပ်ပုတဲ့အမျိုးသမီးဇာတ်လိုက်တွေကို ချစ်ကြတယ်ဆိုတာကို သူမသိလိုက်ပြီထင်သည်
'ငါဘယ်လိုပြောသင့်လဲ'
သူမခေါင်းထိပ်ဝိုင်းဝိုင်းလေးလား ဒါမှမဟုတ် သူမပေါ်ကနေမြင်နေရတဲ့မျက်နှာလေးကိုလား ကလေးတယောက်လို ချစ်‌ဖို့ကောင်းနေလေသည်
"သူတို့က ဗီလိန် အုပ်စုတစ်ခုဖြစ်နေရင်တောင်မှ ဒီလိုချစ်စရာကောင်းတဲ့ သူတော်စင်မလေးကို အခုလိုပြောတာက တအားရိုင်းစိုင်းတာပဲ"
'နင်တို့က ယုတ်မာလိုက်ကြတာ တအားဆိုးတာပဲ'
သူမ အက်စတယ်လာကို ပြောလိုက်သည် သံစဉ်အတိုင်း ခြေလှမ်းလှမ်းရင်း
"သူတို့ ခုနကပြောတာတွေကို ရှင်မကျေနပ်ဘူး ဟုတ်တယ်မလား"
အက်စတယ်လာ မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ရင်း သူမမျက်ခုံးတွေအောက်ချရင်ပြုံးလိုက်သည်
"ကျွန်မအဆင်ပြေပါတယ် ခုနက အရာမျိုး ဘယ်တုန်းကမှ မကြားခဲ့ဖူးဘူး"
သူမ ဒီကိစ္စအတွက် အသဲကွဲမိသွား‌သည်
အက်စတယ်လာ အဓိကဇာတ်လိုက် အမျိုးသမီးတစ်ယောက်အနေ ဆင်းရဲဒုက္ခမျိုးစုံ ခံစားဖူးလေသည်
သူမက သာမန်လူတန်းစားတယောက်ဖြစ်တာကြောင့် နှိပ်ကွက်ခံရခြင်း အထင်သေးခံရခြင်း အထင်လွဲခံရခြင်း  လျှို့ဝှက်ကြံစည်ခံရခြင်းတို့ကို ကြုံတွေ့ ခဲ့ရသည်
အရာအားလုံး သူမပေါ် ပုံချခံရခဲ့သည်
ဘာလို့လဲဆိုတော့ သူမကသူတော်စင်ဖြစ်တာကြောင့်ပင်
'ဒါပေမဲ့ ရှင်သိရဲ့လား ရှင်အခုလိုသာဆက်နေသွားရင် ကင်ဆာရောဂါတောင် ရသွားလိမ့်မယ် အက်စတယ်လာ'
သူဘာပြောဆိုချင်တယ်ဆိုတာကို သတိထားပြီး နေထိုင်ရန် လိုသောလူတယောက်ပင်
သူမ လက်တစ်ဖက်နှင့် အက်စတယ်လာ‌လက်ကောက်၀တ်ကို ထိန်းကိုင်ထားရင်း ပြောလိုက်လေသည်
"ရှင် နေတိုင်းမကြားရတာကြောင့် သူတို့်မပြောကြဘူးလို့ မဆိုလိုဘူးလေ အခုပဲကြည့်လေ"
“………”
"ငရဲလို နာကျင်ရတယ် ကျွန်မကတော့ အဲ့ဒါကို မုန်းတယ်"
ပါ‌နေးရား သူမကိုလှည့်ရင်း ပြောလေသည်
"ဒါကြောင့်မို့ သိပ်ပြီး စိတ်ထဲထည့်မထားပဲ ဒီလိုစိတ်ရှုပ်စရာအရာတွေကို ဝါးထုတ်ပစ်လိုက်"
သူမလက်မောင်းထဲ၀င်လာတဲ့ အက်စတယ်က သူမကို မျက်လုံးပြူးကြီးတွေနဲ့ ကြည်နေခဲ့လေသည် (👉👈)
အယ်စတယ်လာ သူမကို တုန်လှုပ်သွားသလို ကြည့်နေခဲ့ပြီး မက်မွန်သီးရောင် ပါးမို့မို့တွေနဲ့ ပြောလိုက်လေသည်
"မစ်ပါနေးရားက ကျွန်မကို အခုလို ပြောပေးတာ ပထမဆုံးလူပဲ"
'ဟမ် ဒီစာကြောင်း ငါ အရင်ကကြားဖူးသလိုပဲ'
ဂန္တ၀င် စိတ်ကူးယဉ်ဆန်တဲ့ စာကြောင်းတွေ "ငါ မင်းလိုမိန်းကလေးမျိုး တခါမှမတွေ့ခဲ့ဖူးဘူး"ကဲ့သို့ စာကြောင်းတွေလို အရာတွေက အမျိုးသားဇာတ်လိုက် မြင်မြင်ချင်းသဘောကျသွားမဲ့ အမျိုးသမီးဇာတ်လိုက်ကိုပြောမဲ့အရာမျိုးပင်
'genreတော့ ပြောင်းမသွားဘူးမလား ဟုတ်တယ်မလား' (ဟိဟိ:3)
ကံကောင်းစွာနှင့် အက်စတယ်လာက ထိုနေရာ၌ ဘယ်အရာမှမလုပ်ခဲ့ချေ
သူမ နောက်ဆုံးနှုတ်ဆက်မှုကို အပြုံးလေးနှင့်လုပ်ခဲ့လေသည်
တခဏချင်းစိတ်ရှုပ်ထွေးရလောက်အောင် ပြောင်းလဲသွားသော genreရဲ့ခြိမ်းခြောက်မှုကြောင့် ထွက်ခွာသွားဖို့လုပ်နေတဲ့ အက်စတယ်လာအား လှမ်းဆွဲလိုက်သည်
"သူတော်စင် ဒီမှာ ရှင်နဲ့ တွဲကရမဲ့ လူတယောက်ကျန်သေးတယ်လေ"
"အို ဟုတ်သားပဲ"
သူမ အဝေးတနေရာကနေ သူတို့ကိုငေးကြည့်နေတဲ့လုရှန်ကို လှမ်းခေါ်လိုက်သည်
"အရှင်ကာဒီယမ် ရှင်လဲ မြင့်မြတ်တဲ့သူတော်စင်ရဲ့ကောင်းချီးကို လိုချင်မှာပဲ"
တုံ့ဆိုင်းနေတဲ့ လုရှန်တယောက်ကို တိုက်တွန်းလိုက်သည်
"ဒီ ကို လာ ခဲ့"
သူမရဲ့ တောက်လောင်နေတဲ့မျက်လုံးတွေက အနည်းငယ် အရိပ်အမြွတ်ပြနေသလိုပင်
ဒါပေမဲ့ အဲ့ဒါက ခြိမ်းခြောက်ခြင်းတစ်ခုပေ
'ရှင်အခုမလာဘူးဆိုရင် ရှင် ကျွန်မရူးသွားတာ မြင်ရလိမ့်မယ်'
ကံ‌အားလျော်စွာ လုရှန်ကထွက်မပြေးဘဲ သူမနားချဉ်းကပ်လာသည်
သူမ လုရှန်ကို အက်စတယ်လာရှေ့သို့ တွန်းထုတ်လိုက်သည်
"ဟုတ်ပြီ ရှင်တို့နှစ်ယောက် အချိန်ကောင်းကောင်းတွေပိုင်ဆိုင်ပါစေ"
သူမ အတွဲချိတ်ပေးသူတယောက်အနေနဲ့ blind dateတစ်ခုစီစဉ်ပေးရင်း တစ်ချို့အရာတွေအကြောင်း ပြောရင်း rapနေခဲ့သည်
သူမနှင့် အက်စတယ်လာ ရှိနေသော နေရာ၌ အက်စတယ်လာနှင့် လုရှန်ရပ်နေခဲ့သည်
သူတို့နှစ်ယောက် အချင်းချင်း မျက်နှာချင်းဆိုင်နေတာမြင်လိုက်ရသောအချိန်၌ သူမငိုမိမတတ်ပင်
'မင်္ဂလာပွဲတွင် အဖေတယောက်က သမီးဖြစ်သူကို သမက်ဖြစ်သူလက်ထဲ အပ်လိုက်သောအခါ ခံစားရသော အရာမျိုးလား'
သူမ ၀မ်းနည်း ပျော်ရွှင် ဂုဏ်ယူမိသည် ခံစားချက်အတော်များများ ရောထွေးနေခဲ့သည်
လက်ကိုင်ပါဝါကို သူမမျက်လုံးပေါ်ဖိထားရင် ပြုံးမိလေသည်
'သူတို့က တကယ်လိုက်ဖက်တာပဲ'
လေလိုရွေ့လျားနေတဲ့ ငွေမင်ရောက်ဆံပင်တွေနဲ့လုရှန်နှင့် လှိုင်းတွေလိုရွေ့လျားနေတဲ့ ရွှေရောင်ဆံနွယ်ပိုင်ရှင် အက်စတယ်လာ
ဒုတိယဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့အတွက် ချစ်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်နေခဲ့သည်
ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အမည်မသိအရာတစ်ခု၀င်ရောက်လာခဲ့သည်
ထိုအရာက ကြောက်စရာမျက်လုံးတွေနဲ့ ထိုနှစ်ယောက်အား ကြည်နေသော လုရှန်ပင်
'God damn it ဒီ ဇာတ်လိုက်မင်းသားကတော့'
အလွန်အံအားသင်နေသောပုံစံလုပ်ရင်း ပါးစပ်ကို ဖွင့်မိလိုက်သည်
ကားလစ် အက်စတယ်လာလက်ကောက်၀တ်ကို ကိုင်လိုက်ပြီး သူမကို အနောက်သို့ ဆွဲလိုက်သည်
"အရှင်မင်းသား?"
အက်စတယ်လာ ကားလစ်ကို သူမမျက်လုံးကြီးကြီးတွေနှငိ့ ကြည့်နေခဲ့သည် တချိန်ထဲမှာပဲ လုရှန်လဲ လှုပ်ရှားလိုက်သည်
လုရှန် လက်လှမ်းလိုက်ပြီး ကားလစ်ရဲ့လက်ကိုကိုင်လိုက်သည် ကားလစ်ရဲ့မျက်နှာက အမူအရာပျက်ယွင်းနေလေသည်
"အခု မင်း ဘယ်သူ့လက်တွေကို လာကိုင်နေတာလဲ"
"ကျွန်တော် ပြီးမှ အပြစ်ပေးချက်ခံယူပါမယ် အက်စတယ်လာလက်ကို လွှတ်လိုက်ပါ"
"လုရှန် ကာဒီယမ်"
ဘွန်း ကားလစ်ဆီမှ ဒေါသတချို့ ပေါက်ကွဲထွက်လာခဲ့သည် သူဘေးတဝိုက်က လေထုကလဲ တုန်ခါနေခဲ့သည် ဒါပေမဲ့ လုရှန်ကလဲ တုန်လှုပ်နေသည်
ဘယ်လောက်ပဲ သူရဲ့ အမူအရာကအေးစက်နေပါစေ ကားလစ်ကတော့ နောက်ဆုတ်လိမ့်မည်မဟုတ်ပေ
မဆွေးမနွေးပဲ ဆက်ထားမယ်ဆိုရင် သူတို့နှစ်ယောက် ကြားတွင် ကြောက်စရာကောင်းတဲ့ တိုက်ပွဲဖြစ်ပွားလိမ့်မည်
မနာလိုနေတဲ့ a**hole ဇာတ်လိုက်ရဲ့ ထင်ရှားတဲ့ပြယုဂ်ကို အချိန်မရွေး ဖြန်ဖြေနိုင်ဖို့ သူမစိတ်ထဲတွင်တွေးထားသင့်ခဲ့သည် ဒါပေမဲ့သူမ အလွန် သတိမဲ့ခဲ့သည်
သူမ သူတို့နှစ်ယောက်ကိုကြည့်ရင်း ဘာလုပ်ရမလဲဆိုတဲ့အကြောင်းတွေးမိပြီး ခေါင်းရှုပ်နေရင်း ကြည်လင်တဲ့အသံတသံကို ကြားလိုက်ရသည်
"ကျွန်မအဆင်ပြေပါတယ်"
ပြောလိုက်သူက အက်စတယ်လာပင်
အက်စတယ်လာ မျက်လုံးတွေက လုရှန်ဆီကို ညွှန်ရင်း
"ဒါကြောင့် လွှတ်လိုက် လုရှန်"
Continue lendo
Você também vai gostar
298K 23.1K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
1.1M 132K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
1.7M 208K 165
3M 193K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022