ညနေပိုင်း ၃နာရီလောက်ဆိုညစျေးသည်တွေဆိုင်တွေစတင်ခင်းကျင်းနေကြပြီဖြစ်သည်။ နေကာအမိုးတွေတပ်ဆင်ရင်း၊ယာယီဆိုင်ခန်းလေးတွေမှာလမ်းတစ်ဖက်စီတွင်တန်းစီလို့။
ရှမ်းကျင်၏အဓိကစျေးသည်နေ့လယ်ဘက်တွေဆို၊အသား၊ငါး၊ဟင်းရွက်စတဲ့စျေးသည်တွေဖြင့်စည်ကားနေတတ်ကာ၊ညနေဘက်ဆိုလျင်တော့အစားအသောက်စျေးသည်တွေသာရှိတတ်သည်။
" ဆရာတို့နှစ်ယောက်မလာတာတောင်ကြာပြီနော် "
မကြာသေးခင်မှမိုးရွာလိုက်တာကြောင့်အအေးဆိုင်လေးမှာအရောင်းပါးရှာ၏။ ပခုံးပေါ်သဘက်အနွမ်းလေးတင်ရင်းဆိုင်ရှင်ဦးလေးကြီးမှာပြုံးရင်းဆိုလာလေသည်။
ဆိုင်လေးသည်သာမန်ဆိုင်လေးဖြစ်ကာ၊သိပ်လည်းမသားနားပါချေ။ကော်စားပွဲအပုလေးတွင်ခွေးခြေခုံအပုလေးတွေဖြင့်နှစ်စုံမျှလောက်သာရှိ၏။
ကျော်ဇေယံထွဋ်အမေ့အိမ်တွင်နေစဥ်ကအသွားအပြန်လမ်းသင့်တာကြောင့်နွေးနှင့်မကြာခဏဝင်သောက်တတ်သောဆိုင်လည်းဖြစ်ချေသည်။
" ကျွန်တော်တာဝန်နဲ့ခရီးထွက်နေရလို့။ နွေး တစ်ယောက်တည်းကျတော့လည်းစိတ်မချလို့လေ "
" ဆရာတို့ကဘာတော်တာလဲ ။ ညီအစ်ကိုလား ပြုံးလိုက်ရင်တော့ရုပ်ချင်းဆင်သလိုလိုပါပဲ "
ကျော်ဇေယံထွဋ် နောက်ဆုံးစကားကြောင့်ပြုံးလိုက်မိသည်။ ဆိုရိုးစကားတွေတောင်ရှိသည်မဟုတ်လား။ဝိဉာဉ်မိတ်ဖက်ဆိုတာ၊သွေးရင်းသားရင်းထက်ပင်ရုပ်ချင်းဆင်တူသည်တဲ့။
မိန်းမသားပီပီစပ်စုတတ်သောဆိုင်ရှင်အန်တီကြီးမှာလုပ်လက်စပင်ရပ်လို့ကျော်ဇေယံထွဋ်ထံမျှော်ကြည့်နေ၏။
" ကျွန်တော်တို့ပုံစံက ညီအစ်ကိုနဲ့တူလို့လား "
ဆိုင်ရှင်လင်မယားမှာဇဝေဇဝါဖြစ်လျက်ပင် ။
" မဟုတ်ဘူးလား ဆရာ "
" အားလုံးပါပဲ ။ ကျွန်တော်ကနွေးအတွက်၊အစ်ကိုရော၊အဖေရော၊ ပြီးတော့ ခင်ပွန်းရော ... "
နေသက်နွေးကတော့ခေါင်းလေးစောင်းကာလက်သည်းဆိတ်နေ၏။ ကျော်ဇေယံထွဋ်ဘယ်ဘက်လက်ဖြင့်ကောင်လေး၏ဆံပင်လေးတွေအားအသာယာဆွဲဖွလိုက်မိသည်။
ဆိုင်ရှင်လင်မယားသည်တိတ်ဆိတ်သွား၏။ နေသက်နွေးကအစားနည်းသလို၊အစားလည်းနှေးချေသည်။ကျော်ဇေယံထွဋ်ကအမြဲတမ်းအမှီလိုက်နှေးပေးကာစောင့်ပေးတတ်၏။
" ရခိုင်မုန့်တီသောက်ရင် အစပ်တွေသိပ်မထည့်နဲ့နော် "
" ဟုတ် .. "
~
ငါးပေါသောဒေသဖြစ်တာကြောင့်မုန့်တီ၏အရည်မှာချိုကာအရသာရှိချေသည်။ ငရုတ်သီးစိမ်းထောင်းအား၊မထည့်ခင်ကျော်ဇေယံထွဋ်အားမော့ကြည့်လာသောမျက်ဝန်းဝိုင်းဝိုင်းတွေကြောင့်မနေနိုင်စွာပင်ရယ်လိုမိသည်။
" အများကြီးမထည့်နဲ့ ... နောက်နေ့ဆို မင်းအဆင်မပြေလောက်ဘူးနော် နွေး "
" ဟွန် ~ "
ထိုစကားကြောင့်နေသက်နွေးနားမလည်သလိုအသံလေးပြုကာ၊ဝိုင်းစက်နေသောမျက်ဝန်းတွေဖြင့်စိုက်ကြည့်လာ၏ ။
ရှားပါးလှစွာပင်ကျော်ဇေယံထွဋ်၏နားရွက်တွေနီရဲလာကာ၊လက်သီးဆုပ်လေးနှုတ်ခမ်းနားတေ့လို့အရှက်ပြေချောင်းဟန့်လိုက်ရသည်။
~
မေလလယ်လောက်ရောက်တဲ့အခါမိုးကရွာလိုက်၊နေကပူလိုက်နှင့်ခြံတွင်းရှိသစ်ရွက်လေးတွေမှာရိရော်နေပြီဖြစ်သည်။
ကျော်ဇေယံထွဋ်၏ခွင့်ရက်ရှည်မှာတစ်ဝက်နီးပါးဖြစ်လာပြီဖြစ်သည်။
နေသက်နွေးအိမ်ထဲထမင်းအိုးတည်နေရင်းဆိုယ်ကယ်သံကြောင့်ကိုကိုပြန်လာပြီအထင်နဲ့အိမ်ရှေ့ထွက်လာတဲ့အခါ အန်တီမြင့်ကိုမြင်လိုက်ရသည်။
" ကို ...ကို ..ဆေး.. ရုံ.. ဆေးရုံ.. "
" ရတယ် စောင့်မယ် "
ဒေါ်မြင့်စကားအားဖြတ်ပြောလိုက်ပြီးနောက်နေသက်နွေးအားတစ်ချက်ကြည့်၏။ အောင်သန့်စင်သည်ဆိုင်ကယ်ပေါ်တွင်သာထိုင်နေခဲ့ကာ၊အပေါ်သို့တက်မလာပါချေ ။
" ဒီရက်ပိုင်း အိမ်ပြန်ဖြစ်သေးလားသက်နွေး "
နေသက်နွေးရိုကျိုး၊ရိုးရှင်းစွာပင်ခေါင်းခါပြ၏။
" ခဏပြန်လိုက်ပါအုံးလား ။ သားအမေသားကိုပြောစရာရှိနေတယ် "
နေသက်နွေး လက်ချင်းစိတ်လှုပ်ရှားစွာပွတ်သပ်လိုက်မိသည်။ခေါင်းသေးသေးလေးအားစောင်းရင်း တွန့်သွားသောပခုံးပါးလေးမှာအဆုံးတွင်တုန်ယင်လို့။
" အမေ .. "
ကျော်ဇေယံထွဋ်နေသက်နွေးအားသူ့နောက်ပို့လိုက်ကာ၊လက်လေးအားဆုပ်ကိုင်ထား၏။
အေးစက်နေသည့်လက်ဖဝါးလေးမှအထိတွေ့သည်သူ့နှလုံးသား၏ဟိုးအနက်ရှိုင်းဆုံးအထိထုံကျဥ်ကိုက်ခဲစေသည်။
" ရောက်လာပြီလား ။ ထိုင်အုံး အမေပြောစရာရှိတယ် "
ကျော်ဇေယံထွဋ်နားလည်လိုက်ပြီဖြစ်သည်။ အမေ့အကြောင်းသူ့ထက်ပိုသိတဲ့လူမရှိပါချေ ။ အမေကမြွေပွေးနှင့်တူတယ်လို့အဖေအမြဲပြောဖူးသည်။ ငြိမ်သက်နေပေမဲ့အချိန်မရွေးအဆိပ်ပြင်းသည့်လျှာတွေထုတ်သုံးလာတက်သည်တဲ့ ။
" နွေး ရှင်းသန့်နဲ့ခဏသွားနေနော်။ ပြီးရင်ကိုယ်လာခေါ်မယ် "
ဆံပင်အိအိကလေးတွေအားဖွရင်းပြောလိုက်တော့မျက်လုံးဝိုင်းဝိုင်းလေးဖြင့်တသစွာမော့ကြည့်လာ၏။
ကျော်ဇေယံထွဋ်မပြုံးပြနိုင်ခဲ့။ ရင်ထဲမွန်းကြပ်ကာမခွဲရကြေးဘာတွေပဲပေးဆပ်ရ၊ပေးဆပ်ရ။
" မြတ်သူ ပြောထားတဲ့ကိစ္စကိုသိတယ်မဟုတ်လား ။ နင်မလာဘူးဆိုတာသိလို့ ငါလိုက်လာတာ "
" အမေသားအဖြေကိုသိရဲ့သားနဲ့"
" ငါလိုချင်တဲ့အဖြေမှမဟုတ်တာ။ ငါလည်းသက်နွေးကိုချစ်ပါတယ် ။ ငါသားသမီးချင်းကိုယ်ချင်းမစာရလောက်အောင်အထိကိုယ်ကျင့်တရားမခေါင်ပါးသေးဘူးကျော်ဇေယံထွဋ်။ ဒါပေမဲ့ ကိုယ့်သားသမီး ရှေ့ရေးကိုအလေးမထားတတ်တဲ့မိဘလည်းဟုတ်မနေဘူး "
ကျော်ဇေယံထွဋ်ထိုင်ပြီးနောက်တွင်အမေ့အားကြည့်လိုက်မိသည်။
" အမေနွေးကိုမယုံတာသားသိပါတယ် ။ တကယ်လိုများ နွေးတခြားတစ်ယောက်ကိုစွဲလမ်းသွားတယ်ဆိုရင်သားမဆွဲထားရက်ပါဘူး"
" အဲ့အချိန်ကျရင် နင်ရူးသွားမှာလေ..!! "
မိခင်တစ်ယောက်အနေနဲ့ထိုစကားကိုပြောရသည်မှာရင်နာလှ၏။ နေသက်နွေး၏ရောဂါအရဒါဟာချစ်ခြင်းမေတ္တာဆိုယုံနိုင်ဖွယ်မရှိ၊အကယ်၍ပြင်ဆင်ခြင်းမရှိပါပဲထွက်သွားမည်ဆို ရူးသွပ်နေသည့်သားကိုသူမမြင်ချင်ပါချေ ။
ရူးသွားမှာ.. အဲ့ကောင်လေးရူးသွားမှာ။
" ငါအခုလိုလုပ်နေတာ သက်နွေးအတွက်မဟုတ်ဘူး..!! နင့်အတွက် ! နင့်အတွက်ဟဲ့! "
လောကတွင်ဖိတ်မဲ့ဖိတ်ကိုယ့်အိတ်ထဲကိုယ်ဖိတ်ချင်ကြတဲ့အတ္တသမားတွေပေါများကာသူကိုယ်လည်းအတ္တသမားတစ်ယောက်ပင်။ သူစိမ်းနဲ့ယှဥ်လာရင်တော့သားလုပ်ဟာအမြဲပထမပင်။
" နင်မသွားဘူးဆို ငါလုပ်စရာတစ်နည်းပဲရှိတယ် ကျော်ဇေယံထွဋ် "
~
ကိုကိုသူ့အား အချိန်အတော်ကြာမှပြန်လာခေါ်၏။ ခြေထောက်လေးတွေရမ်းလို့လည်တငင်နှင့်မို့ဒေါ်ဒေါ်ကတောင်စနေသေးသည်။
" နွေး ..."
ခေါ်သံသည်ခပ်လှမ်းလှမ်းမှထွက်ပေါ်လာကာ၊ရှည်လျားတဲ့အရိပ်လေးမြင်တာနှင့်နေသက်နွေးထိုအရိပ်လေးထံပြေးကပ်လိုက်လေသည်။
" ကို... ကို "
သူ့လက်ကိုဆုပ်ကိုင်ထားရင်းကိုကိုဟာထူးသံမပြုခဲ့။ မျက်နှာကိုသဲကွဲစွာမမြင်ရသည့်တိုင် ကိုကို့ပခုံးတွေအနည်းငယ်မျှတုန်ယင်နေကြောင်း သတိထားမိခဲ့သည်။
ရော်ရွက်ဝါတွေသည်မြေပြင်ပေါ်တဖွဲဖွဲဆင်းသက်နေဆဲ။ လေပြေသည်ငြိမ်သက်သွားခဲ့၏။ သစ်ရွက်ခြောက်ကိုနင်းမိတဲ့အခါထွက်လာသည့်အသံမှာတကျွတ် ၊ ကျွတ်ဖြင့်။
ထိုစဥ်ရိူက်သံလေးထွက်ပေါ်လာ၏။ သစ်ပင်လေးဆီကလား၊သစ်ရွက်လေးဆီကလား...။
ခြံဝန်းလေး၏ဧရိယာထဲစရောက်တာနှင့်ကိုကိုဟာသူ့အားတင်းကြပ်စွာပွေ့ဖက်လို့ပခုံးတွင်မျက်နှာအပ်လာခဲ့သည်။
ရိူက်သံသည်ကိုကို့ဆီမှဖြစ်၏။
Zawgyi Version.
ညေနပိုင္း ၃နာရီေလာက္ဆိုညေစ်းသည္ေတြဆိုင္ေတြစတင္ခင္းက်င္းေနၾကၿပီျဖစ္သည္။ ေနကာအမိုးေတြတပ္ဆင္ရင္း၊ယာယီဆိုင္ခန္းေလးေတြမွာလမ္းတစ္ဖက္စီတြင္တန္းစီလို႔။
ရွမ္းက်င္၏အဓိကေစ်းသည္ေန႕လယ္ဘက္ေတြဆို၊အသား၊ငါး၊ဟင္း႐ြက္စတဲ့ေစ်းသည္ေတြျဖင့္စည္ကားေနတတ္ကာ၊ညေနဘက္ဆိုလ်င္ေတာ့အစားအေသာက္ေစ်းသည္ေတြသာရွိတတ္သည္။
" ဆရာတို႔ႏွစ္ေယာက္မလာတာေတာင္ၾကာၿပီေနာ္ "
မၾကာေသးခင္မွမိုး႐ြာလိုက္တာေၾကာင့္အေအးဆိုင္ေလးမွာအေရာင္းပါးရွာ၏။ ပခုံးေပၚသဘက္အႏြမ္းေလးတင္ရင္းဆိုင္ရွင္ဦးေလးႀကီးမွာၿပဳံးရင္းဆိုလာေလသည္။
ဆိုင္ေလးသည္သာမန္ဆိုင္ေလးျဖစ္ကာ၊သိပ္လည္းမသားနားပါေခ်။ေကာ္စားပြဲအပုေလးတြင္ေခြးေျခခုံအပုေလးေတြျဖင့္ႏွစ္စုံမွ်ေလာက္သာရွိ၏။
ေက်ာ္ေဇယံထြဋ္အေမ့အိမ္တြင္ေနစဥ္ကအသြားအျပန္လမ္းသင့္တာေၾကာင့္ႏြေးႏွင့္မၾကာခဏဝင္ေသာက္တတ္ေသာဆိုင္လည္းျဖစ္ေခ်သည္။
" ကြၽန္ေတာ္တာဝန္နဲ႕ခရီးထြက္ေနရလို႔။ ႏြေး တစ္ေယာက္တည္းက်ေတာ့လည္းစိတ္မခ်လိဳ႕ေလ "
" ဆရာတို႔ကဘာေတာ္တာလဲ ။ ညီအစ္ကိုလား ၿပဳံးလိုက္ရင္ေတာ့႐ုပ္ခ်င္းဆင္သလိုလိုပါပဲ "
ေက်ာ္ေဇယံထြဋ္ ေနာက္ဆုံးစကားေၾကာင့္ၿပဳံးလိုက္မိသည္။ ဆိုရိုးစကားေတြေတာင္ရွိသည္မဟုတ္လား။ဝိဉာဥ္မိတ္ဖက္ဆိုတာ၊ေသြးရင္းသားရင္းထက္ပင္႐ုပ္ခ်င္းဆင္တူသည္တဲ့။
မိန္းမသားပီပီစပ္စုတတ္ေသာဆိုင္ရွင္အန္တီႀကီးမွာလုပ္လက္စပင္ရပ္လို႔ေက်ာ္ေဇယံထြဋ္ထံေမွ်ာ္ၾကည့္ေန၏။
" ကြၽန္ေတာ္တို႔ပုံစံက ညီအစ္ကိုနဲ႕တူလို႔လား "
ဆိုင္ရွင္လင္မယားမွာဇေဝဇဝါျဖစ္လ်က္ပင္ ။
" မဟုတ္ဘူးလား ဆရာ "
" အားလုံးပါပဲ ။ ကြၽန္ေတာ္ကႏြေးအတြက္၊အစ္ကိုေရာ၊အေဖေရာ၊ ၿပီးေတာ့ ခင္ပြန္းေရာ ... "
ေနသက္ႏြေးကေတာ့ေခါင္းေလးေစာင္းကာလက္သည္းဆိတ္ေန၏။ ေက်ာ္ေဇယံထြဋ္ဘယ္ဘက္လက္ျဖင့္ေကာင္ေလး၏ဆံပင္ေလးေတြအားအသာယာဆြဲဖြလိုက္မိသည္။
ဆိုင္ရွင္လင္မယားသည္တိတ္ဆိတ္သြား၏။ ေနသက္ႏြေးကအစားနည္းသလို၊အစားလည္းႏွေးေခ်သည္။ေက်ာ္ေဇယံထြဋ္ကအၿမဲတမ္းအမွီလိုက္ႏွေးေပးကာေစာင့္ေပးတတ္၏။
" ရခိုင္မုန့္တီေသာက္ရင္ အစပ္ေတြသိပ္မထည့္နဲ႕ေနာ္ "
" ဟုတ္ .. "
~
ငါးေပါေသာေဒသျဖစ္တာေၾကာင့္မုန့္တီ၏အရည္မွာခ်ိဳကာအရသာရွိေခ်သည္။ င႐ုတ္သီးစိမ္းေထာင္းအား၊မထည့္ခင္ေက်ာ္ေဇယံထြဋ္အားေမာ့ၾကည့္လာေသာမ်က္ဝန္းဝိုင္းဝိုင္းေတြေၾကာင့္မေနနိုင္စြာပင္ရယ္လိုမိသည္။
" အမ်ားႀကီးမထည့္နဲ႕ ... ေနာက္ေန႕ဆို မင္းအဆင္မေျပေလာက္ဘူးေနာ္ ႏြေး "
" ဟြန္ ~ "
ထိုစကားေၾကာင့္ေနသက္ႏြေးနားမလည္သလိုအသံေလးျပဳကာ၊ဝိုင္းစက္ေနေသာမ်က္ဝန္းေတြျဖင့္စိုက္ၾကည့္လာ၏ ။
ရွားပါးလွစြာပင္ေက်ာ္ေဇယံထြဋ္၏နား႐ြက္ေတြနီရဲလာကာ၊လက္သီးဆုပ္ေလးႏႈတ္ခမ္းနားေတ့လို႔အရွက္ေျပေခ်ာင္းဟန့္လိုက္ရသည္။
~
ေမလလယ္ေလာက္ေရာက္တဲ့အခါမိုးက႐ြာလိုက္၊ေနကပူလိုက္ႏွင့္ၿခံတြင္းရွိသစ္႐ြက္ေလးေတြမွာရိေရာ္ေနၿပီျဖစ္သည္။
ေက်ာ္ေဇယံထြဋ္၏ခြင့္ရက္ရွည္မွာတစ္ဝက္နီးပါးျဖစ္လာၿပီျဖစ္သည္။
ေနသက္ႏြေးအိမ္ထဲထမင္းအိုးတည္ေနရင္းဆိုယ္ကယ္သံေၾကာင့္ကိုကိုျပန္လာၿပီအထင္နဲ႕အိမ္ေရွ႕ထြက္လာတဲ့အခါ အန္တီျမင့္ကိုျမင္လိုက္ရသည္။
" ကို ...ကို ..ေဆး.. ႐ုံ.. ေဆး႐ုံ.. "
" ရတယ္ ေစာင့္မယ္ "
ေဒၚျမင့္စကားအားျဖတ္ေျပာလိုက္ၿပီးေနာက္ေနသက္ႏြေးအားတစ္ခ်က္ၾကည့္၏။ ေအာင္သန့္စင္သည္ဆိုင္ကယ္ေပၚတြင္သာထိုင္ေနခဲ့ကာ၊အေပၚသို႔တက္မလာပါေခ် ။
" ဒီရက္ပိုင္း အိမ္ျပန္ျဖစ္ေသးလားသက္ႏြေး "
ေနသက္ႏြေးရိုက်ိဳး၊ရိုးရွင္းစြာပင္ေခါင္းခါျပ၏။
" ခဏျပန္လိုက္ပါအုံးလား ။ သားအေမသားကိုေျပာစရာရွိေနတယ္ "
ေနသက္ႏြေး လက္ခ်င္းစိတ္လႈပ္ရွားစြာပြတ္သပ္လိုက္မိသည္။ေခါင္းေသးေသးေလးအားေစာင္းရင္း တြန့္သြားေသာပခုံးပါးေလးမွာအဆုံးတြင္တုန္ယင္လို႔။
" အေမ .. "
ေက်ာ္ေဇယံထြဋ္ေနသက္ႏြေးအားသူ႕ေနာက္ပို႔လိုက္ကာ၊လက္ေလးအားဆုပ္ကိုင္ထား၏။
ေအးစက္ေနသည့္လက္ဖဝါးေလးမွအထိေတြ႕သည္သူ႕ႏွလုံးသား၏ဟိုးအနက္ရွိုင္းဆုံးအထိထုံက်ဥ္ကိုက္ခဲေစသည္။
" ေရာက္လာၿပီလား ။ ထိုင္အုံး အေမေျပာစရာရွိတယ္ "
ေက်ာ္ေဇယံထြဋ္နားလည္လိုက္ၿပီျဖစ္သည္။ အေမ့အေၾကာင္းသူ႕ထက္ပိုသိတဲ့လူမရွိပါေခ် ။ အေမကေႁမြေပြးႏွင့္တူတယ္လို႔အေဖအၿမဲေျပာဖူးသည္။ ၿငိမ္သက္ေနေပမဲ့အခ်ိန္မေ႐ြးအဆိပ္ျပင္းသည့္လွ်ာေတြထုတ္သုံးလာတက္သည္တဲ့ ။
" ႏြေး ရွင္းသန့္နဲ႕ခဏသြားေနေနာ္။ ၿပီးရင္ကိုယ္လာေခၚမယ္ "
ဆံပင္အိအိကေလးေတြအားဖြရင္းေျပာလိုက္ေတာ့မ်က္လုံးဝိုင္းဝိုင္းေလးျဖင့္တသစြာေမာ့ၾကည့္လာ၏။
ေက်ာ္ေဇယံထြဋ္မၿပဳံးျပနိုင္ခဲ့။ ရင္ထဲမြန္းၾကပ္ကာမခြဲရေၾကးဘာေတြပဲေပးဆပ္ရ၊ေပးဆပ္ရ။
" ျမတ္သူ ေျပာထားတဲ့ကိစၥကိုသိတယ္မဟုတ္လား ။ နင္မလာဘူးဆိုတာသိလို႔ ငါလိုက္လာတာ "
" အေမသားအေျဖကိုသိရဲ႕သားနဲ႕"
" ငါလိုခ်င္တဲ့အေျဖမွမဟုတ္တာ။ ငါလည္းသက္ႏြေးကိုခ်စ္ပါတယ္ ။ ငါသားသမီးခ်င္းကိုယ္ခ်င္းမစာရေလာက္ေအာင္အထိကိုယ္က်င့္တရားမေခါင္ပါးေသးဘူးေက်ာ္ေဇယံထြဋ္။ ဒါေပမဲ့ ကိုယ့္သားသမီး ေရွ႕ေရးကိုအေလးမထားတတ္တဲ့မိဘလည္းဟုတ္မေနဘူး "
ေက်ာ္ေဇယံထြဋ္ထိုင္ၿပီးေနာက္တြင္အေမ့အားၾကည့္လိုက္မိသည္။
" အေမႏြေးကိုမယုံတာသားသိပါတယ္ ။ တကယ္လိုမ်ား ႏြေးတျခားတစ္ေယာက္ကိုစြဲလမ္းသြားတယ္ဆိုရင္သားမဆြဲထားရက္ပါဘူး"
" အဲ့အခ်ိန္က်ရင္ နင္႐ူးသြားမွာေလ..!! "
မိခင္တစ္ေယာက္အေနနဲ႕ထိုစကားကိုေျပာရသည္မွာရင္နာလွ၏။ ေနသက္ႏြေး၏ေရာဂါအရဒါဟာခ်စ္ျခင္းေမတၱာဆိုယုံနိုင္ဖြယ္မရွိ၊အကယ္၍ျပင္ဆင္ျခင္းမရွိပါပဲထြက္သြားမည္ဆို ႐ူးသြပ္ေနသည့္သားကိုသူမျမင္ခ်င္ပါေခ် ။
႐ူးသြားမွာ.. အဲ့ေကာင္ေလး႐ူးသြားမွာ။
" ငါအခုလိုလုပ္ေနတာ သက္ႏြေးအတြက္မဟုတ္ဘူး..!! နင့္အတြက္ ! နင့္အတြက္ဟဲ့! "
ေလာကတြင္ဖိတ္မဲ့ဖိတ္ကိုယ့္အိတ္ထဲကိုယ္ဖိတ္ခ်င္ၾကတဲ့အတၱသမားေတြေပါမ်ားကာသူကိုယ္လည္းအတၱသမားတစ္ေယာက္ပင္။ သူစိမ္းနဲ႕ယွဥ္လာရင္ေတာ့သားလုပ္ဟာအၿမဲပထမပင္။
" နင္မသြားဘူးဆို ငါလုပ္စရာတစ္နည္းပဲရွိတယ္ ေက်ာ္ေဇယံထြဋ္ "
~
ကိုကိုသူ႕အား အခ်ိန္အေတာ္ၾကာမွျပန္လာေခၚ၏။ ေျခေထာက္ေလးေတြရမ္းလို႔လည္တငင္ႏွင့္မို႔ေဒၚေဒၚကေတာင္စေနေသးသည္။
" ႏြေး ..."
ေခၚသံသည္ခပ္လွမ္းလွမ္းမွထြက္ေပၚလာကာ၊ရွည္လ်ားတဲ့အရိပ္ေလးျမင္တာႏွင့္ေနသက္ႏြေးထိုအရိပ္ေလးထံေျပးကပ္လိုက္ေလသည္။
" ကို... ကို "
သူ႕လက္ကိုဆုပ္ကိုင္ထားရင္းကိုကိုဟာထူးသံမျပဳခဲ့။ မ်က္ႏွာကိုသဲကြဲစြာမျမင္ရသည့္တိုင္ ကိုကို႔ပခုံးေတြအနည္းငယ္မွ်တုန္ယင္ေနေၾကာင္း သတိထားမိခဲ့သည္။
ေရာ္႐ြက္ဝါေတြသည္ေျမျပင္ေပၚတဖြဲဖြဲဆင္းသက္ေနဆဲ။ ေလေျပသည္ၿငိမ္သက္သြားခဲ့၏။ သစ္႐ြက္ေျခာက္ကိုနင္းမိတဲ့အခါထြက္လာသည့္အသံမွာတကြၽတ္ ၊ ကြၽတ္ျဖင့္။
ထိုစဥ္ရိူက္သံေလးထြက္ေပၚလာ၏။ သစ္ပင္ေလးဆီကလား၊သစ္႐ြက္ေလးဆီကလား...။
ၿခံဝန္းေလး၏ဧရိယာထဲစေရာက္တာႏွင့္ကိုကိုဟာသူ႕အားတင္းၾကပ္စြာေပြ႕ဖက္လို႔ပခုံးတြင္မ်က္ႏွာအပ္လာခဲ့သည္။
ရိူက္သံသည္ကိုကို႔ဆီမွျဖစ္၏။