မောင့်ကိုချစ်ဖို့မွေးဖွားလာပါ...

Od blfmxyz

41.1K 2K 376

နက်ရှိုင်းလှတဲ့အမုန်းတရားတွေကို ရင်ဝယ်ပိုက်လို့ မောင်သာပျော်မယ်ဆိုအဆုံးအထိရက်စက်လှည့်ပါ 'မောင် ' * အခါးကြိုက... Viac

အသိပေးခြင်း💌
Part 1
Part 3
သိစေချင်🌻
Part 4
Part 5
No update 🌻
Part 6
Part 7
Part 8
Part 9
Part 10
part 11
Part 12
part 13
Part 14
part 15
Part 16
Part 17
Paet 18
Part 19
မှိုမည်းလေးပြန်လာပါပြီ😁
Part 20
Part 21
Part 22
Part -23
Part 24

Part 2

1.7K 103 3
Od blfmxyz

Zawgyi
ခမ္းနားႀကီးမားလွေသာ္လည္းဝမ္းနည္းဖြယ္အရိပ္အေယာင္မ်ားႏွင့္အက်ည္းတန္ေနေသာက်င္းအိမ္ေတာ္အတြင္း လူအဝင္အထြက္အေတာ္မ်ားေနေလသည္။လူကုန္ထံအသိုင္းအဝိုင္းတစ္ခုမွျဖစ္သည့္ က်င္းသခင္မေလး၏စာပနပြဲမွာ လူအေတာ္စည္သည္ဟုဆိုရမည္။မ်က္ႏွာလိုခ်င္၍လာေရာက္သူတစ္မ်ိဳး ဝမ္းနည္းေၾကကြဲျခင္းျဖင့္လာေသာသူမ်ားတစ္ဖုံ ။ ဤသို႔ေသာလူၾကားတြင္ ေရွာင္မိသားစုမွာ မလာမျဖစ္၍သာလာခဲ့ျခင္းျဖစ္သည္ ။ စီးပြားေရးေလာက၌ အၿမဲတစ္ေစမ်က္မွန္းတန္းမိေနသူမ်ားျဖစ္
၍မ်က္ႏွာမပ်က္လို ။ထို႔အတူဝမ္မိသားစုမွာလည္းမေတာ္ခ်င္သည့္ၾကားမွမေတာ္လိုက္ရသည့္ေခြၽးမေလာင္း၏စာပန၌ မ်က္ႏွာလာျပရေလသည္ ။ က်င္းသခင္မႀကီးမွာေတာ့ သမီးျဖစ္သူ၏႐ုပ္အေလာင္းေဘးတြင္ထိုင္ကာ ငိုၿမဲငိုေနေလသည္။အနားတြင္မူ ေလာင္းကစားဝိုင္း၌အၿမဲလိုလိုစုဖြဲ႕မိတတ္ေသာမိတ္ေဆြအမည္ခံေရေပၚဆီသူေဌးကေတာ္မ်ားကစိတ္ထဲကမပါေသာ္ျငားလည္းသခင္မႀကီးအား အားေပးစကားေျပာေနၾကေလသည္။ဝမ္ရိေပၚမေတာ္လိုက္ရသည့္ေယာကၡမေလာင္းအားႏႈတ္ခြန္းဆက္ကာ လွပေသာအဆင္အယင္မ်ားျပဳလုပ္ထားသည့္ မွန္ေဘာင္ထဲတြင္ၿငိမ္သက္စြာလဲေလ်ာင္းေနေသာခ်စ္ရသူအားအေၾကာင္းျပခ်က္မရွိၾကည့္ေနမိသည္။အလွအပႀကိဳက္လြန္းေသာခ်စ္ရသူမွ အဘယ္ေၾကာင့္မ်ားဤသို႔မ်က္ႏွာမ်ားဖူးေယာင္ကာ ေသဆုံးရပါသနည္း။ဝမ္ရိေပၚမွာ ခ်စ္သူအားၾကည့္ကာျဖင့္ ကတိတစ္ခုအားျပဳလိုက္ေလသည္။

' ေပါင္ေပါင္းကိုအခုလိုျဖစ္ေစခဲ့တဲ့သူ တစ္ဘဝလုံးနာက်င္မႈေတြနဲ႕အသက္ဆက္ေစရမယ္ '

" ရိေပၚ "

ခ်ိဳသာေသာအသံတစ္ခုၾကားမွဝမ္ရိေပၚအသိဝင္လာကာ

" အမ္ ေျပာေလ က်န႔္ေကာ "

" မားေခၚခိုင္းလိုက္လို႔ ျပန္ၾကရေအာင္တဲ့ "

အခမ္းအနားမၿပီးေသးေသာ္လည္းက်င္းမိသားစုႏွင့္သိပ္ပက္သက္ခ်င္ပုံမရေသာဝမ္အိမ္ေတာ္မွာ ပထမပိုင္းသာပါဝင္ၿပီး ျပန္ရန္ဆုံးျဖတ္ခဲ့ၾကသည္။ခ်စ္ရသူအားေျမခ်သည့္ေနရာထိလိုက္ခ်င္ပါေသာ္လည္းရင္ဘတ္ထဲကတင္းၾကပ္လွေသာခံစားခ်က္ႀကီးေၾကာင့္ေရွာင္က်န႔္ေခၚေဆာင္ရာေနာက္သို႔သာဝမ္ရိေပၚတိတ္ဆိတ္စြာလိုက္ပါလာခဲ့ေလသည္။ငယ္စဥ္ကတည္းကႏွစ္အိမ့္တစ္အိမ္လိုျဖစ္ေနသည့္ မိသားစုႏွစ္စုၾကားတြင္ သူတို႔ႏွစ္ေယာက္အလြန္ရင္းႏွီးခဲ့ဖူးသည္။ေရွာင္က်န႔္ကအႀကီးျဖစ္သည့္အေလ်ာက္ ဝမ္ရိေပၚမေျဖရွင္းနိုင္ေသာျပႆနာမ်ားအားေရွာင္က်န႔္သာကူညီေျဖရွင္းေပးခဲ့သည္ ။ေက်ာင္းသြားေက်ာင္းျပန္ အတူတူ ၊ အားလပ္ခ်ိန္တြင္ ဂိမ္းေဆာ့လည္းအတူတူ ၊ မည္သည့္ကိစၥကိုမဆိုအတူတူတိုင္ပင္ကာ ေျဖရွင္းခဲ့ၾကသည့္ရင္းႏွီးမႈမ်ားသည္ အထက္တန္းၿပီးဆုံး၍ တကၠသိုလ္တက္ခ်ိန္ တစ္နည္းအားျဖင့္ဝမ္ရိေပၚရည္းစားရသြားခ်ိန္မွစ ကြဲျပားသြားၾကသည္ ။ ဝမ္ရိေပၚလည္းကိစၥတစ္ခုခုသာမရွိလွ်င္ မဆက္သြယ္သကဲ့သို႔ ေရွာင္က်န႔္သည္လည္းေရွာင္ေနျခင္းမဟုတ္ေသာ္လည္း အေထြအထူးေတြ႕ကာစကားမေျပာမိေတာ့ ။ တစ္စထက္တစ္စေအးစက္လာေသာဆက္ဆံေရးတစ္ခုတြင္ ႐ုတ္တရက္ဆန္စြာျဖင့္ မထင္မွတ္ထားေသာကိစၥႀကီးျဖစ္ပ်က္ခဲ့သည္ ။

" သားလက္မခံနိုင္ဘူး မား "

ဖခင္၏ေၾကျငာခ်က္အၿပီးထြက္ေပၚလာေသာျငင္းဆိုခ်က္ ။

" ဘာလို႔လဲသား "

ေရွာင္က်န႔္၏မိခင္မွာ ျငင္းဆိုလာေသာသားျဖစ္သူေၾကာင့္အံ့ဩရသည္။ငယ္ငယ္တည္းကတိတိေလးတိတိေလးႏွင့္အၿမဲအေလွ်ာ့ေပးကာခ်စ္ရွာေသာသားေလးမွာ လပ္ထက္ဖို႔ကိစၥကိုျငင္းပယ္သည္တဲ့။ၿပီးေတာ့သူမသိသေလာက္ သူမသားသည္လည္း~~~~~~~

" မား သားတို႔ႏွစ္ေယာက္လုံးကေယာက္်ားေလးေတြဆိုတာမားေမ့ေနတာလား ရိေပၚလည္းလက္ခံနိုင္မွာမဟုတ္ဘူး ၿပီးေတာ့ရိေပၚမွာရည္းစားရွိတာကိုမားတို႔လည္းအသိဘဲဟာ "

" ဒါေပမယ့္မားမွ သူမကိုသေဘာမက်တာ "

႐ုတ္တရက္ဆန္စြာထြက္လာေသာအသံေၾကာင့္ေရွာင္က်န႔္တို႔သားအမိအေနာက္သို႔လွည့္ၾကည့္မိေတာ့ ဝိုင္တစ္ခြက္အားလႈပ္လီလႈပ္လဲ့ျဖင့္ကိုင္ကာရပ္ေနပါေသာဝမ္ကေတာ္ လီဟြားဟြား ။ထူထဲလွျခင္းမရွိဘဲအနည္းငယ္ေသာမ်က္ႏွာေခ်မဳန့္မ်ားကိုသာလိမ္းျခယ္ထားေသာသူမမ်က္ႏွာမွာမီးေရာင္ေအာက္တြင္ ဝင္းေနကာအၿပဳံးႏုႏုလည္းခ်ိတ္ဆြဲထားလွ်က္ ။တန္ဖိုးႀကီးမားသည့္အနက္ေရာင္ဒူးဖုံးဂါဝန္ရွည္ေလးဝတ္ဆင္ထားေသာသူမမွာ အသက္ ေလးဆယ္ ေက်ာ္ဟုမထင္မွတ္ရေလေအာင္ပင္ႏုပ်ိဳကာက်က္သေရရွိစြာလွေနေလသည္။

" မားတို႔ရဲ႕အသိုင္းအဝိုင္းထဲကိုစာရိတၱပ်က္ျပားေနတဲ့မိန္းကေလးတစ္ေယာက္ကိုအဝင္မခံနိုင္ဘူးအားက်န႔္ ၿပီးေတာ့ေဆးပညာေတြတိုးတက္ေနတဲ့ေခတ္မွာ မားတို႔ကေယာက္်ားေလးမို႔မ်ိဳးဆက္မရနိုင္ဘူးဆိုတဲ့စကားေတြကိုေဘးဖယ္ထားတယ္အားက်န႔္ မားကေလ ရိေပၚေလးကိုသားနဲ႕ဘဲစိတ္ခ်တာ "

ေလးနက္စြာေျပာေနေသာဝမ္ကေတာ္
၏မ်က္ႏွာေပၚတြင္ ၿခိမ္းေျခာက္ျခင္းတို႔မပါအားကိုးယုံၾကည္ျခင္းႏွင့္အကူအညီေတာင္းခံျခင္းတို႔အထင္းသား။ငယ္စဥ္ကတည္းကေရွာင္က်န႔္အားလည္းသားအရင္းလိုဂ႐ုစိုက္ကာ မား ဟုသာေခၚတြင္ေစခဲ့သည္။

ရိေပၚႏွင့္ရင္းရင္းႏွီးႏွီးရွိေစလို၍ ေရွာင္က်န႔္ထက္ႏွစ္ႏွစ္ငယ္ေသာဝမ္ရိေပၚအားေရွာင္က်န႔္တက္ေနသည့္ေက်ာင္းတြင္သာတက္ေစခဲ့သည္။ညဆိုလွ်င္လည္းတစ္ျခားေသာဂိုက္ဆရာမ်ားမငွား ဝမ္ရိေပၚႏွင့္စာအတူလုပ္ေပးပါရန္ ေရွာင္က်န႔္အားသာအကူအညီေတာင္းခဲ့သည္။

ေရွာင္က်န႔္လုပ္ခ်င္သည့္တစ္ခုခုဆိုလွ်င္ေရွာင္မားကခြင့္မျပဳလွ်င္ပင္ ဝမ္မားအားခြၽဲလိုက္ပါက ခ်က္ခ်င္းရေစရမည္။ထိုမွ်အထိေရွာင္က်န႔္အားခ်စ္ပါသည္။

" ကြၽန္ေတာ္ ..."

" ၿပီးေတာ့ သားရဲ႕မားေျပာတာ သားလည္း ရိေပၚေလးကိုသေဘာက်တယ္ဆို "

" အဲဒါက .. ဘယ္လို.."

ေရွာင္က်န႔္မ်က္လုံးတို႔ျပဴးက်ယ္သြားရသည္။တစ္ေယာက္တည္းသိုသိပ္လွစြာဆယ္ႏွစ္နီးပါးေလာက္ဖုံးကြယ္ထားခဲ့သည့္အေၾကာင္းအရာအားမားကဘယ္လိုမ်ားသိသြားပါသနည္း ။မဟုတ္မွ မားသူ႕ရဲ႕ဒိုင္ယာရီခိုးဖတ္ခဲ့တာလား ။

" မား "

" လက္ခံလိုက္ပါသားရယ္ ဒါကမားရဲ႕ဆႏၵလည္းျဖစ္သလို သားအေဖရဲ႕ဆႏၵလည္းဟုတ္တယ္ "

" ဒါေပမယ့္ ရိေပၚမွသားကိုမခ်စ္တာ "

တိုးေဖ်ာ့သြားေသာစကားသံႏွင့္အတူသိသိသာသာပ်က္ယြင္းသြားေသာမ်က္ႏွာအားၾကည့္၍ ဝမ္မားရင္ေမာရသည္။

" သံေယာဇဥ္ေတြရစ္တြယ္ခဲ့ၿပီးသားဘဲအားက်န႔္ရယ္ အေနနီးရင္ခ်စ္လာမွာပါ "

" ကြၽန္ေတာ္စဥ္းစားၾကည့္ပါအုံးမယ္ ရိေပၚလည္းဒီကိစၥေၾကာင့္ေတာ္ေတာ္စိတ္ဖိစီးေနမွာ သူ႕ကိုအတင္းအက်ပ္မေျပာပါနဲ႕ေနာ္ မား "

သူမလက္အားအုပ္ကိုင္ကာ အကူအညီေတာင္းေလေတာ့သူမၿပဳံးမိသည္။သားအရင္းတစ္ေယာက္ကဲ့သို႔ခ်စ္ရပါေသာအားက်န႔္ေလးမ်ာမိမိသားအားခ်စ္ေနပါသည္ဟုၾကားရေသာအခါကသူမအလြန္ေပ်ာ္႐ႊင္သြားရသည္မွာ ဖုံးကြယ္လို႔မရသည့္အမွန္တရားတစ္ခုပင္ျဖစ္သည္။ယခုတြင္လည္း ကိုယ့္ဆႏၵထက္သူမသားဆႏၵအားသာဦးစားေပးေသာေကာင္ေလးမွာ သူမသားအေပၚမည္မွ်ခ်စ္ေၾကာင္းသူမခံစားမိသည္။ ထို႔ေၾကာင့္ အားက်န႔္ေလးအလိုက်သဴမေခါင္းသာၿငိမ့္ျပလိုက္သည္။

" ဟုတ္ပါၿပီ "

" ဟင္းးး"

အျဖစ္အပ်က္တို႔အားျပန္လည္ေတြးမိေတာ့ ရင္ေမာစြာသက္ျပင္းခ်ရျပန္သည္။

" ဘာျဖစ္တာလဲက်န႔္ေကာ "

" အာ ဘာမွမျဖစ္ပါဘူး မားတို႔ေစာင့္ေနၿပီျမန္ျမန္ျပန္ၾကစို႔ေလ "

စာပနပြဲမွျပန္လာေသာလမ္းတစ္ေလွ်ာက္ဝမ္ရိေပၚ၏စိတ္မ်ားေလးလံေနကာ ေရွာင္က်န႔္သည္လည္းသက္ျပင္းတစ္ခ်ခ်။မၾကာခင္တြင္ျဖစ္ေပၚလာေတာ့မည့္ကိစၥမ်ားအတြက္ရင္ေလးလြန္းလွသည္။

ႀကီးမားေသာၿခံဝင္းအတြင္းသို႔အျဖဴေရာင္ကားႏွစ္စီးဝင္လာသည့္ႏွင့္အလိုအလ်ာက္စနစ္ျဖစ္ေသာတံခါးမွာအလိုက္တသိဖြင့္ကာျပန္ပိတ္သြားေခ်ၿပီ။ေငြေရးေၾကး
ေရး၌ေျပာစရာမလိုေအာင္ပင္ႂကြယ္ဝခ်မ္းသာလြန္းလွသည့္ေရွာင္မိသားစုပိုင္အိမ္မွာေရွးေဟာင္းတ႐ုတ္ရိုးရာအေငြ႕အသက္တို႔ျပည့္ႏွက္လြန္းလွသည္။

ၿခံထဲ၌ျဖဴစြတ္စြတ္ႏွင္းပန္းမ်ားႏွင့္ ပန္းေဖ်ာ့ေဖ်ာ့ခ်ယ္ရီပင္မ်ားကိုလည္းစိုက္ထားေသးသည္။အိမ္အဝင္ဝ၌ ကံေကာင္းျခင္းမီးပုံးကေလးမ်ားဆြဲထားကာ အိမ္တြင္းပရိေဘာဂမ်ားမွာလည္းယဥ္ေက်းမႈအေမြအႏွစ္တစ္ရပ္အားထိန္းသိမ္းထားသကဲ့သို႔။

" သားတို႔ကိုေျပာထားတဲ့ကိစၥကိုစဥ္းစားၿပီးၾကၿပီထင္ပါတယ္ "

အစခ်ီလာသည့္ဝမ္သခင္ႀကီး၏စကားအဆုံးတြင္ ေရွာင္က်န႔္ဆီမွ

" ကြၽန္ေတာ္ကေတာ့ ဘယ္လိုျဖစ္ျဖစ္အဆင္ေျပပါတယ္ ရိေပၚရဲ႕သေဘာအတိုင္းပါဘဲ ႏွစ္ေယာက္လုံးရဲ႕ဆႏၵကအေရးႀကီးတယ္ဆိုေပမယ့္ကြၽန္ေတာ့ရဲ႕ဆႏၵကရိေပၚရဲ႕ဆႏၵမို႔ "

ဝမ္ရိေပၚမွာ

" ဒီေန႕မွျဖစ္မွာလား "

" ဝမ္ရိေပၚ "

ဝမ္ကေတာ္၏သတိေပးသံအဆုံးတြင္ေတာ့ ဝမ္ရိေပၚၿငိမ္ေနလိုက္သည္။ျငင္းဆန္လို႔မရသည့္အေျခအေနတြင္လက္ခံလိုက္႐ုံမွတစ္ပါးဘာမ်ားတတ္နိုင္မည္နည္း။ေ႐ြးခ်ယ္ျခင္းမမည္တဲ့ဖိအားေပးျခင္းတို႔ၾကားလုပ္ပိုင္ခြင့္တို႔ေပ်ာက္ဆုံးခဲ့ရသည္။ဒါေတာင္ခုလိုခ်စ္သူ၏စာပနေန႕တြင္မွမဆုံးျဖတ္၍မျဖစ္တာလား။ဝမ္ရိေပၚရဲ႕ႏွလုံးသားကတစ္ကယ္ကိုတန္ဖိုးမရွိတာလား။ငယ္ကတည္းကအတူတိုင္ပင္ေဖာ္တိုင္ပင္ဖက္ျဖစ္ခဲ့သည့္က်န႔္ေကာသည္လည္းမိမိဆႏၵသာအေရးႀကီးသည္တဲ့။ထို႔ျပင္ထိုလူသား၏မ်က္ႏွာတြင္ စိတ္ရႈပ္ျခင္းတို႔မရွိပကတိတည္ၿငိမ္လွ်က္။ဝမ္ရိေပါ်သာလက်ခံလျှင်ရှေ့နေဆိုသည့်ဂုဏ်ကိုပင်မထောက်ယောက်ျားတစ်ယောက်နှင့်လက်ထပ်ကာသားလိမ္မာအဖြစ်ရပ်တည်တော့မည့်ပုံစံမျိုး။ခင်ဗျားစိတ်ကနားလည်ရခက်လိုက်တာ။ဝမ်ရိပေါ်စိတ်ရှုပ်စွာဖြင့်ဆံပင်များအားဖွာကာ

" ကြၽန္ေတာ္လက္ခံပါတယ္ "

ႏွစ္ဖက္မိဘမ်ား၏မ်က္ဝန္း၌ေက်နပ္ျခင္းအရိပ္အေယာင္တို႔ယွက္ေျပးသြားၾကသည္။သို႔ေသာ္ထိုလူသား၏မ်က္ဝန္းတို႔မွာတည္ၿငိမ္ျခင္းတို႔ကိန္းဝပ္လွ်က္။လက္ထပ္ျခင္းအမႈအားကေလးကစားစရာတစ္ခုကဲ့သို႔သတ္မွတ္ထားသည္ေလာ ။သို႔တည္းမဟုတ္ က်န႔္ေကာက gay တစ္ေယာက္လား။ဝမ္ရိေပၚတြင္ေမးခြန္းတို႔မ်ားသြားရသည္။

" ဒါဆို ငါတို႔ေတြသတ္မွတ္ထားတဲ့ရက္ဘဲအတည္ျပဳလိုက္ၾကတာေပါ့ "

" မ..မျမန္လြန္းဘူး ..ဟို က်န႔္ေကာနဲ႕ကြၽန္ေတာ္တို႔ စိတ္ေတြကိုအရင္နားလည္ေအာင္လုပ္သင့္တယ္မဟုတ္ဘူးလား "

" ငယ္ကတည္းကေပါင္းလာတဲ့သူငယ္ခ်င္းေတြဘဲကိုဘာေတြမ်ားေလ့လာဖို႔လိုအုံးမွာလဲ
သားရယ္ နားလည္ၿပီးသားဘဲမဟုတ္လား "

နားမလည္လို႔ေပါ့မားရယ္ဟုေရွာင္က်န႔္ေျပာလိုက္ခ်င္ပါသည္။ဝမ္ရိေပၚအားတိတ္တခိုးသာခ်စ္ခဲ့ရသည့္ေရွာင္က်န္အားဝမ္ရိေပၚနားမလည္ခဲ့ပါ ။ သူ႕ရဲ႕ခံစားခ်က္ေတြကိုဘယ္ေသာအခါမွနားလည္ခဲ့ျခင္းမရွိခဲ့ပါ။ငယ္ကတည္းကေနအခုခ်ိန္ထိေလ။

" ကြၽန္ေတာ္ေျပာခ်င္တာက အခ်င္းခ်င္းခ်စ္ျခင္းဖလွယ္ၿပီးမွလက္ထပ္တာပိုေကာင္းမယ္လို႔ပါ ခ်စ္ျခင္းမပါတဲ့အိမ္ေထာင္ေရးတစ္ခုက ၾကာရွည္မခံနိုင္ဘူးမို႔လား "

တကယ္ပါ ။ အခ်စ္မပါတဲ့အိမ္ေထာင္ေရးတစ္ခုအားထူေထာင္ဖို႔ဝမ္ရိေပၚဘဝတြင္တစ္ခါမွ စိတ္ကူးမၾကည့္ခဲ့ဖူးပါ။အဆိုးဆုံးကေတာ့ ယခုကဲ့သို႔ေယာက္်ားတစ္ေယာက္ႏွင့္ျဖစ္ေနလိမ့္မည္ဟု အိပ္မက္ပင္မမက္ခဲ့ဖူးပါ။အိမ္ေထာင္တစ္ခုမွာ အခ်စ္ပါမွသာေရရွည္ေပ်ာ္႐ႊင္မႈရနိုင္သည္မဟုတ္ပါလား။

အခ်စ္မပါဘူးတဲ့လားေမာင္ရယ္။ဒီကလူကေမာင့္ကိုခ်စ္လိုက္တာမွ႐ူးမတတ္ပါေမာင္ရယ္။ေမာင္သာျမင္ေအာင္မၾကည့္ခဲ့တာပါ။ေမာင္မသိနိုင္တဲ့က်န႔္ရဲ႕ရင္တြင္းျဖစ္ေပါ့။

" ဘယ္သူေျပာလို႔လဲ "

႐ုတ္တရက္ဝမ္ရိေပၚ၏မိခင္ဆီမွထြက္လာေသာအသံေၾကာင့္ႏွစ္ေယာက္လုံးအေတြးစျပတ္သြားခဲ့သည္။

" မားနဲ႕ပါးလည္းခ်စ္လို႔ယူခဲ့ၾကတာမဟုတ္ဘူး မားတို႔ဆိုပိုေတာင္ဆိုးေသးတယ္ ရင္းႏွီးမႈမရွိမိဘေတြရဲ႕ဆႏၵနဲ႕ စီးပြားအတြက္လက္ထပ္ခဲ့ၾကတာေတာင္ၾကာရင္သံေယာဇဥ္တြယ္ၿပီးခ်စ္မိသြားလို႔ သားေတာင္ဒီအ႐ြယ္ေရာက္လာၿပီမို႔လား တကယ္ေတာ့အိမ္ေထာင္တစ္ခုကိုစတင္တာကအခ်စ္ပါမွမဟုတ္ပါဘူး နားလည္မႈတစ္ခုတည္းနဲ႕စတင္ခဲ့ရင္ေတာင္ ရင္ပတ္လာမယ့္သံေယာဇဥ္ေတြနဲ႕ေပ်ာ္႐ႊင္နိုင္ပါတယ္ သား "

" ရိေပၚကိုအရမ္းႀကီးဖိအားမေပးပါနဲ႕မား ကြၽန္ေတာ္ကဘယ္လိုျဖစ္ျဖစ္အဆင္ေျပတာမို႔ သူေအးေဆးဆုံးျဖတ္ပါေစ ရိေပၚကဘြဲ႕လည္းမရေသးဘူးေလ ဒါေၾကာင့္ေတြေဝေနတာေနမွာပါ ၿပီးေတာ့ကြၽန္ေတာ္တို႔ဆက္ဆံေရးကလည္းအရင္လိုမဟုတ္ဘဲေအးစက္လြန္းတာေၾကာင့္လည္းပါပါလိမ့္မယ္ "

" ဟုတ္ၿပီေလ ဒါဆို ဘြဲ႕ယူၿပီးမွစီစဥ္ၾကတာေပါ့ ၾကားထဲမွာ ၅ လအခ်ိန္ရတာဘဲ တစ္ေယာက္နဲ႕တစ္ေယာက္ဆက္ဆံေရးပိုၿပီးႏြေးေထြးလာေအာင္အခ်ိန္ယူၾကတာေပါ့ ေယာက္်ားဆိုတာေပးထားတဲ့ကတိကိုတည္ရတယ္ဆိုတာသိတယ္မလား "

" ကြၽန္ေတာ္နားလည္ပါတယ္ပါး "

ကသိကေအာက္ျဖစ္စရာအေျခအေနမွာသူ႕အတြက္အခ်ိန္ဆြဲေပးခဲ့ေသာက်န႔္ေကာအားေက်းဇူးတင္မိသည္။ငယ္စဥ္ကဘယ္ေလာက္ပင္ရင္းႏွီးခဲ့သည္ဆိုေစကာမူအသက္အ႐ြယ္ရလာေတာ့အၿမဲတပူးပူးတစ္တြဲတြဲျဖစ္ေနေသာသူတို႔ႏွစ္ေယာက္အားတစ္ခ်ိဳ႕ကကပ္တိုးေလးေျပာတာေတြကိုၾကားခဲ့ရသည္။အထက္တန္းၿပီးဆုံး၍ တကၠသိုလ္တက္ခ်ိန္မွာေတာ့ ဝမ္ရိေပၚတစ္ေယာက္ခ်စ္သူေကာက္ရသြားသလို က်န႔္ေကာသည္လည္းသူ႕အေပၚေအးစက္သြားခဲ့သည္။ႏွစ္ေယာက္သားအတူေက်ာင္းသြားသည့္ေန႕ရက္မ်ားအစား တစ္ေယာက္တည္းသီခ်င္းနားေထာင္ရင္းျဖတ္သန္းျခင္းကအစားထိုးဝင္ေရာက္လာသည္။တျဖည္းျဖည္းေဝးသထက္ေဝးလာခဲ့ေသာဆက္ဆံေရးမွာ ခ်က္ခ်င္းလက္ငင္း လက္တြဲရမည့္ကိစၥတစ္ခုေၾကာင့္ျပန္လည္အစေဖာ္ရေပေတာ့မည္။ေလာေလာလတ္လတ္တြင္မွခ်စ္သူအားဆုံးရႈံးထားေသာဝမ္ရိေပၚမွာ စိတ္ရႈပ္မႈတို႔သာျပည့္ႏွက္ေနေတာ့သည္။

Monica

ဖတ္ရႈေပးၾကတဲ့ ဘီဘီေလးတို႔ကိုေက်းဇူးတင္ပါတယ္။ feedback ေလးေတြေမွ်ာ္ေနတယ္ေနာ္။တာ့တာ ☺️☺️🤗🤗
{ 🌟💬🙆 }

9 Jun 2022

Unicode
ခမ်းနားကြီးမားလှသော်လည်းဝမ်းနည်းဖွယ်အရိပ်အ‌ယောင်များနှင့်အကျည်းတန်နေသောကျင်းအိမ်တော်အတွင်း လူအဝင်အထွက်အတော်များနေလေသည်။လူကုန်ထံအသိုင်းအဝိုင်းတစ်ခုမှဖြစ်သည့်  ကျင်းသခင်မလေး၏စာပနပွဲမှာ လူအတော်စည်သည်ဟုဆိုရမည်။မျက်နှာလိုချင်၍လာရောက်သူတစ်မျိုး ဝမ်းနည်းကြေကွဲခြင်းဖြင့်လာသောသူများတစ်ဖုံ ။ ဤသို့သောလူကြားတွင် ရှောင်မိသားစုမှာ မလာမဖြစ်၍သာလာခဲ့ခြင်းဖြစ်သည် ။ စီးပွားရေးလောက၌ အမြဲတစ်စေမျက်မှန်းတန်းမိနေသူများဖြစ်
၍မျက်နှာမပျက်လို ။ထို့အတူဝမ်မိသားစုမှာလည်းမတော်ချင်သည့်ကြားမှမတော်လိုက်ရသည့်ချွေးမလောင်း၏စာပန၌ မျက်နှာလာပြရလေသည် ။ ကျင်းသခင်မကြီးမှာတော့ သမီးဖြစ်သူ၏ရုပ်အလောင်းဘေးတွင်ထိုင်ကာ ငိုမြဲငိုနေလေသည်။အနားတွင်မူ လောင်းကစားဝိုင်း၌အမြဲလိုလိုစုဖွဲ့မိတတ်သောမိတ်ဆွေအမည်ခံရေပေါ်ဆီသူဌေးကတော်များကစိတ်ထဲကမပါသော်ငြားလည်းသခင်မကြီးအား အားပေးစကားပြောနေကြလေသည်။ဝမ်ရိပေါ်မတော်လိုက်ရသည့်ယောက္ခမလောင်းအားနှုတ်ခွန်းဆက်ကာ လှပသောအဆင်အယင်များပြုလုပ်ထားသည့် မှန်ဘောင်ထဲတွင်ငြိမ်သက်စွာလဲလျောင်းနေသောချစ်ရသူအားအကြောင်းပြချက်မရှိကြည့်နေမိသည်။အလှအပကြိုက်လွန်းသောချစ်ရသူမှ အဘယ်ကြောင့်များဤသို့မျက်နှာများဖူးယောင်ကာ သေဆုံးရပါသနည်း။ဝမ်ရိပေါ်မှာ ချစ်သူအားကြည့်ကာဖြင့် ကတိတစ်ခုအားပြုလိုက်လေသည်။

' ပေါင်ပေါင်းကိုအခုလိုဖြစ်စေခဲ့တဲ့သူ တစ်ဘဝလုံးနာကျင်မှုတွေနဲ့အသက်ဆက်စေရမယ် '

" ရိပေါ် "

ချိုသာသောအသံတစ်ခုကြားမှဝမ်ရိပေါ်အသိဝင်လာကာ

" အမ် ပြောလေ ကျန့်ကော "

" မားခေါ်ခိုင်းလိုက်လို့ ပြန်ကြရအောင်တဲ့ "

အခမ်းအနားမပြီးသေးသော်လည်းကျင်းမိသားစုနှင့်သိပ်ပက်သက်ချင်ပုံမရသောဝမ်အိမ်တော်မှာ ပထမပိုင်းသာပါဝင်ပြီး ပြန်ရန်ဆုံးဖြတ်ခဲ့ကြသည်။ချစ်ရသူအားမြေချသည့်နေရာထိလိုက်ချင်ပါသော်လည်းရင်ဘတ်ထဲကတင်းကြပ်လှသောခံစားချက်ကြီးကြောင့်ရှောင်ကျန့်ခေါ်ဆောင်ရာနောက်သို့သာဝမ်ရိပေါ်တိတ်ဆိတ်စွာလိုက်ပါလာခဲ့လေသည်။ငယ်စဉ်ကတည်းကနှစ်အိမ့်တစ်အိမ်လိုဖြစ်နေသည့် မိသားစုနှစ်စုကြားတွင် သူတို့နှစ်ယောက်အလွန်ရင်းနှီးခဲ့ဖူးသည်။ရှောင်ကျန့်ကအကြီးဖြစ်သည့်အလျောက် ဝမ်ရိပေါ်မဖြေရှင်းနိုင်သောပြဿနာများအားရှောင်ကျန့်သာကူညီဖြေရှင်းပေးခဲ့သည် ။ကျောင်းသွားကျောင်းပြန် အတူတူ ၊ အားလပ်ချိန်တွင် ဂိမ်းဆော့လည်းအတူတူ ၊ မည်သည့်ကိစ္စကိုမဆိုအတူတူတိုင်ပင်ကာ ဖြေရှင်းခဲ့ကြသည့်ရင်းနှီးမှုများသည် အထက်တန်းပြီးဆုံး၍ တက္ကသိုလ်တက်ချိန် တစ်နည်းအားဖြင့်ဝမ်ရိပေါ်ရည်းစားရသွားချိန်မှစ ကွဲပြားသွားကြသည် ။ ဝမ်ရိပေါ်လည်းကိစ္စတစ်ခုခုသာမရှိလျှင် မဆက်သွယ်သကဲ့သို့ ရှောင်ကျန့်သည်လည်းရှောင်နေခြင်းမဟုတ်သော်လည်း အထွေအထူးတွေ့ကာစကားမပြောမိတော့ ။ တစ်စထက်တစ်စအေးစက်လာသောဆက်ဆံရေးတစ်ခုတွင် ရုတ်တရက်ဆန်စွာဖြင့် မထင်မှတ်ထားသောကိစ္စကြီးဖြစ်ပျက်ခဲ့သည် ။

" သားလက်မခံနိုင်ဘူး မား "

ဖခင်၏ကြေငြာချက်အပြီးထွက်ပေါ်လာသောငြင်းဆိုချက် ။

" ဘာလို့လဲသား "

ရှောင်ကျန့်၏မိခင်မှာ ငြင်းဆိုလာသောသားဖြစ်သူကြောင့်အံ့ဩရသည်။ငယ်ငယ်တည်းကတိတိလေးတိတိလေးနှင့်အမြဲအလျှော့ပေးကာချစ်ရှာသောသားလေးမှာ လပ်ထက်ဖို့ကိစ္စကိုငြင်းပယ်သည်တဲ့။ပြီးတော့သူမသိသလောက် သူမသားသည်လည်း~~~~~~~

" မား သားတို့နှစ်ယောက်လုံးကယောက်ျားလေးတွေဆိုတာမားမေ့နေတာလား ရိပေါ်လည်းလက်ခံနိုင်မှာမဟုတ်ဘူး ပြီးတော့ရိပေါ်မှာရည်းစားရှိတာကိုမားတို့လည်းအသိဘဲဟာ "

" ဒါပေမယ့်မားမှ သူမကိုသဘောမကျတာ "

ရုတ်တရက်ဆန်စွာထွက်လာသောအသံကြောင့်ရှောင်ကျန့်တို့သားအမိအနောက်သို့လှည့်ကြည့်မိတော့ ဝိုင်တစ်ခွက်အားလှုပ်လီလှုပ်လဲ့ဖြင့်ကိုင်ကာရပ်နေပါသောဝမ်က‌တော် လီဟွားဟွား ။ထူထဲလှခြင်းမရှိဘဲအနည်းငယ်‌သောမျက်နှာ‌ချေမုန့်များကိုသာလိမ်းခြယ်ထားသောသူမမျက်နှာမှာမီးရောင်အောက်တွင် ဝင်းနေကာအပြုံးနုနုလည်းချိတ်ဆွဲထားလျှက် ။တန်ဖိုးကြီးမားသည့်အနက်ရောင်ဒူးဖုံးဂါဝန်ရှည်လေးဝတ်ဆင်ထားသောသူမမှာ အသက် လေးဆယ် ကျော်ဟုမထင်မှတ်ရလေအောင်ပင်နုပျိုကာကျက်သရေရှိစွာလှနေလေသည်။

" မားတို့ရဲ့အသိုင်းအဝိုင်းထဲကိုစာရိတ္တပျက်ပြားနေတဲ့မိန်းကလေးတစ်ယောက်ကိုအဝင်မခံနိုင်ဘူးအားကျန့် ပြီးတော့ဆေးပညာတွေတိုးတက်နေတဲ့ခေတ်မှာ မားတို့ကယောက်ျားလေးမို့မျိုးဆက်မရနိုင်ဘူးဆိုတဲ့စကားတွေကိုဘေးဖယ်ထားတယ်အားကျန့် မားကလေ ရိပေါ်လေးကိုသားနဲ့ဘဲစိတ်ချတာ "

လေးနက်စွာပြောနေသောဝမ်ကတော်
၏မျက်နှာပေါ်တွင် ခြိမ်းခြောက်ခြင်းတို့မပါအားကိုးယုံကြည်ခြင်းနှင့်အကူအညီတောင်းခံခြင်းတို့အထင်းသား။ငယ်စဉ်ကတည်းကရှောင်ကျန့်အားလည်းသားအရင်းလိုဂရုစိုက်ကာ မား ဟုသာခေါ်တွင်စေခဲ့သည်။

ရိပေါ်နှင့်ရင်းရင်းနှီးနှီးရှိစေလို၍ ရှောင်ကျန့်ထက်နှစ်နှစ်ငယ်သောဝမ်ရိပေါ်အားရှောင်ကျန့်တက်နေသည့်ကျောင်းတွင်သာတက်စေခဲ့သည်။ညဆိုလျှင်လည်းတစ်ခြားသောဂိုက်ဆရာများမငှား ဝမ်ရိပေါ်နှင့်စာအတူလုပ်ပေးပါရန် ရှောင်ကျန့်အားသာအကူအညီတောင်းခဲ့သည်။

ရှောင်ကျန့်လုပ်ချင်သည့်တစ်ခုခုဆိုလျှင်ရှောင်မားကခွင့်မပြုလျှင်ပင် ဝမ်မားအားချွဲလိုက်ပါက ချက်ချင်းရစေရမည်။ထိုမျှအထိရှောင်ကျန့်အားချစ်ပါသည်။

" ကျွန်တော် ..."

" ပြီးတော့ သားရဲ့မားပြော‌တာ သားလည်း ရိပေါ်လေးကိုသဘောကျတယ်ဆို "

" အဲဒါက .. ဘယ်လို.."

ရှောင်ကျန့်မျက်လုံးတို့ပြူးကျယ်သွားရသည်။တစ်ယောက်တည်းသိုသိပ်လှစွာဆယ်နှစ်နီးပါးလောက်ဖုံးကွယ်ထားခဲ့သည့်အကြောင်းအရာအားမားကဘယ်လိုများသိသွားပါသနည်း ။မဟုတ်မှ မားသူ့ရဲ့ဒိုင်ယာရီခိုးဖတ်ခဲ့တာလား ။

" မား "

" လက်ခံလိုက်ပါသားရယ် ဒါကမားရဲ့ဆန္ဒလည်းဖြစ်သလို သားအဖေရဲ့ဆန္ဒလည်းဟုတ်တယ် "

" ဒါပေမယ့် ရိပေါ်မှသားကိုမချစ်တာ "

တိုးဖျော့သွားသောစကားသံနှင့်အတူသိသိသာသာပျက်ယွင်းသွားသောမျက်နှာအားကြည့်၍ ဝမ်မားရင်မောရသည်။

" သံယောဇဉ်တွေရစ်တွယ်ခဲ့ပြီးသားဘဲအားကျန့်ရယ် အနေနီးရင်ချစ်လာမှာပါ "

" ကျွန်တော်စဉ်းစားကြည့်ပါအုံးမယ် ရိပေါ်လည်းဒီကိစ္စကြောင့်တော်တော်စိတ်ဖိစီးနေမှာ သူ့ကိုအတင်းအကျပ်မပြောပါနဲ့နော် မား "

သူမလက်အားအုပ်ကိုင်ကာ အကူအညီတောင်းလေတော့သူမပြုံးမိသည်။သားအရင်းတစ်ယောက်ကဲ့သို့ချစ်ရပါသောအားကျန့်လေးမျာမိမိသားအားချစ်နေပါသည်ဟုကြားရသောအခါကသူမအလွန်ပျော်ရွှင်သွားရသည်မှာ ဖုံးကွယ်လို့မရသည့်အမှန်တရားတစ်ခုပင်ဖြစ်သည်။ယခုတွင်လည်း ကိုယ့်ဆန္ဒထက်သူမသားဆန္ဒအားသာဦးစားပေးသောကောင်လေးမှာ သူမသားအပေါ်မည်မျှချစ်ကြောင်းသူမခံစားမိသည်။ ထို့ကြောင့် အားကျန့်လေးအလိုကျသူမခေါင်းသာငြိမ့်ပြလိုက်သည်။

" ဟုတ်ပါပြီ "

" ဟင်းးး"

အဖြစ်အပျက်တို့အားပြန်လည်တွေးမိတော့ ရင်မောစွာသက်ပြင်းချရပြန်သည်။

" ဘာဖြစ်တာလဲကျန့်ကော "

" အာ ဘာမှမဖြစ်ပါဘူး မားတို့စောင့်နေပြီမြန်မြန်ပြန်ကြစို့လေ "

စာပနပွဲမှပြန်လာသောလမ်းတစ်လျှောက်ဝမ်ရိပေါ်၏စိတ်များလေးလံနေကာ ရှောင်ကျန့်သည်လည်းသက်ပြင်းတစ်ချချ။မကြာခင်တွင်ဖြစ်ပေါ်လာတော့မည့်ကိစ္စများအတွက်ရင်လေးလွန်းလှသည်။

ကြီးမားသောခြံဝင်းအတွင်းသို့အဖြူရောင်ကားနှစ်စီးဝင်လာသည့်နှင့်အလိုအလျာက်စနစ်ဖြစ်သောတံခါးမှာအလိုက်တသိဖွင့်ကာပြန်ပိတ်သွားချေပြီ။ငွေရေးကြေး
ရေး၌ပြောစရာမလိုအောင်ပင်ကြွယ်ဝချမ်းသာလွန်းလှသည့်ရှောင်မိသားစုပိုင်အိမ်မှာရှေးဟောင်းတရုတ်ရိုးရာအငွေ့အသက်တို့ပြည့်နှက်လွန်းလှသည်။

ခြံထဲ၌ဖြူစွတ်စွတ်နှင်းပန်းများနှင့် ပန်းဖျော့ဖျော့ချယ်ရီပင်များကိုလည်းစိုက်ထားသေးသည်။အိမ်အဝင်ဝ၌ ကံကောင်းခြင်းမီးပုံးကလေးများဆွဲထားကာ အိမ်တွင်းပရိဘောဂများမှာလည်းယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အားထိန်းသိမ်းထားသကဲ့သို့။

" သားတို့ကိုပြောထားတဲ့ကိစ္စကိုစဉ်းစားပြီးကြပြီထင်ပါတယ် "

အစချီလာသည့်ဝမ်သခင်ကြီး၏စကားအဆုံးတွင် ရှောင်ကျန့်ဆီမှ

" ကျွန်တော်ကတော့ ဘယ်လိုဖြစ်ဖြစ်အဆင်ပြေပါတယ် ရိပေါ်ရဲ့သဘောအတိုင်းပါဘဲ နှစ်ယောက်လုံးရဲ့ဆန္ဒကအရေးကြီးတယ်ဆိုပေမယ့်ကျွန်တော့ရဲ့ဆန္ဒကရိပေါ်ရဲ့ဆန္ဒမို့ "

ဝမ်ရိပေါ်မှာ

" ဒီနေ့မှဖြစ်မှာလား "

" ဝမ်ရိပေါ် "

ဝမ်ကတော်၏သတိပေးသံအဆုံးတွင်တော့ ဝမ်ရိပေါ်ငြိမ်နေလိုက်သည်။ငြင်းဆန်လို့မရသည့်အခြေအနေတွင်လက်ခံလိုက်ရုံမှတစ်ပါးဘာများတတ်နိုင်မည်နည်း။ရွေးချယ်ခြင်းမမည်တဲ့ဖိအားပေးခြင်းတို့ကြားလုပ်ပိုင်ခွင့်တို့ပျောက်ဆုံးခဲ့ရသည်။ဒါတောင်ခုလိုချစ်သူ၏စာပနနေ့တွင်မှမဆုံးဖြတ်၍မဖြစ်တာလား။ဝမ်ရိပေါ်ရဲ့နှလုံးသားကတစ်ကယ်ကိုတန်ဖိုးမရှိတာလား။ငယ်ကတည်းကအတူတိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ်ခဲ့သည့်ကျန့်ကောသည်လည်းမိမိဆန္ဒသာအရေးကြီးသည်တဲ့။ထို့ပြင်ထိုလူသား၏မျက်နှာတွင် စိတ်ရှုပ်ခြင်းတို့မရှိပကတိတည်ငြိမ်လျှက်။ဝမ်ရိ‌ေပါ်သာလက်ခံလျှင်ရှေ့နေဆိုသည့်ဂုဏ်ကိုပင်မထောက်ယောက်ျားတစ်ယောက်နှင့်လက်ထပ်ကာသားလိမ္မာအဖြစ်ရပ်တည်တော့မည့်ပုံစံမျိုး။ခင်ဗျားစိတ်ကနားလည်ရခက်လိုက်တာ။ဝမ်ရိပေါ်စိတ်ရှုပ်စွာဖြင့်ဆံပင်များအားဖွာကာ

" ကျွန်တော်လက်ခံပါတယ် "

နှစ်ဖက်မိဘများ၏မျက်ဝန်း၌ကျေနပ်ခြင်းအရိပ်အယောင်တို့ယှက်ပြေးသွားကြသည်။သို့သော်ထိုလူသား၏မျက်ဝန်းတို့မှာတည်ငြိမ်ခြင်းတို့ကိန်းဝပ်လျှက်။လက်ထပ်ခြင်းအမှုအားကလေးကစားစရာတစ်ခုကဲ့သို့သတ်မှတ်ထားသည်လော ။သို့တည်းမဟုတ် ကျန့်ကောက gay တစ်ယောက်လား။ဝမ်ရိပေါ်တွင်မေးခွန်းတို့များသွားရသည်။

" ဒါဆို ငါတို့တွေသတ်မှတ်ထားတဲ့ရက်ဘဲအတည်ပြုလိုက်ကြတာပေါ့ "

" မ..မမြန်လွန်းဘူး ..ဟို ကျန့်ကောနဲ့ကျွန်တော်တို့ စိတ်တွေကိုအရင်နားလည်အောင်လုပ်သင့်တယ်မဟုတ်ဘူးလား "

" ငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းတွေဘဲကိုဘာတွေများလေ့လာဖို့လိုအုံးမှာလဲ
သားရယ် နားလည်ပြီးသားဘဲမဟုတ်လား "

နားမလည်လို့ပေါ့မားရယ်ဟုရှောင်ကျန့်ပြောလိုက်ချင်ပါသည်။ဝမ်ရိပေါ်အားတိတ်တခိုးသာချစ်ခဲ့ရသည့်ရှောင်ကျန်အားဝမ်ရိပေါ်နားမလည်ခဲ့ပါ ။ သူ့ရဲ့ခံစားချက်တွေကိုဘယ်သောအခါမှနားလည်ခဲ့ခြင်းမရှိခဲ့ပါ။ငယ်ကတည်းကနေအခုချိန်ထိလေ။

" ကျွန်တော်ပြောချင်တာက အချင်းချင်းချစ်ခြင်းဖလှယ်ပြီးမှလက်ထပ်တာပိုကောင်းမယ်လို့ပါ ချစ်ခြင်းမပါတဲ့အိမ်ထောင်ရေးတစ်ခုက ကြာရှည်မခံနိုင်ဘူးမို့လား "

တကယ်ပါ ။ အချစ်မပါတဲ့အိမ်ထောင်ရေးတစ်ခုအားထူထောင်ဖို့ဝမ်ရိပေါ်ဘဝတွင်တစ်ခါမှ စိတ်ကူးမကြည့်ခဲ့ဖူးပါ။အဆိုးဆုံးကတော့ ယခုကဲ့သို့ယောက်ျားတစ်ယောက်နှင့်ဖြစ်နေလိမ့်မည်ဟု အိပ်မက်ပင်မမက်ခဲ့ဖူးပါ။အိမ်ထောင်တစ်ခုမှာ အချစ်ပါမှသာရေရှည်ပျော်ရွှင်မှုရနိုင်သည်မဟုတ်ပါလား။

အချစ်မပါဘူးတဲ့လားမောင်ရယ်။ဒီကလူကမောင့်ကိုချစ်လိုက်တာမှရူးမတတ်ပါမောင်ရယ်။မောင်သာမြင်အောင်မကြည့်ခဲ့တာပါ။မောင်မသိနိုင်တဲ့ကျန့်ရဲ့ရင်တွင်းဖြစ်ပေါ့။

" ဘယ်သူပြောလို့လဲ "

ရုတ်တရက်ဝမ်ရိပေါ်၏မိခင်ဆီမှထွက်လာသောအသံကြောင့်နှစ်ယောက်လုံးအတွေးစပြတ်သွားခဲ့သည်။

" မားနဲ့ပါးလည်းချစ်လို့ယူခဲ့ကြတာမဟုတ်ဘူး မားတို့ဆိုပိုတောင်ဆိုးသေးတယ် ရင်းနှီးမှုမရှိမိဘတွေရဲ့ဆန္ဒနဲ့ စီးပွားအတွက်လက်ထပ်ခဲ့ကြတာတောင်ကြာရင်သံယောဇဉ်တွယ်ပြီးချစ်မိသွားလို့ သားတောင်ဒီအရွယ်ရောက်လာပြီမို့လား တကယ်တော့အိမ်ထောင်တစ်ခုကိုစတင်တာကအချစ်ပါမှမဟုတ်ပါဘူး နားလည်မှုတစ်ခုတည်းနဲ့စတင်ခဲ့ရင်တောင် ရင်ပတ်လာမယ့်သံယောဇဉ်တွေနဲ့ပျော်ရွှင်နိုင်ပါတယ် သား "

" ရိပေါ်ကိုအရမ်းကြီးဖိအားမပေးပါနဲ့မား ကျွန်တော်ကဘယ်လိုဖြစ်ဖြစ်အဆင်ပြေတာမို့ သူအေးဆေးဆုံးဖြတ်ပါစေ ရိပေါ်ကဘွဲ့လည်းမရသေးဘူးလေ ဒါကြောင့်တွေဝေနေတာနေမှာပါ ပြီးတော့ကျွန်တော်တို့ဆက်ဆံရေးကလည်းအရင်လိုမဟုတ်ဘဲအေးစက်လွန်းတာကြောင့်လည်းပါပါလိမ့်မယ် "

" ဟုတ်ပြီလေ ဒါဆို ဘွဲ့ယူပြီးမှစီစဉ်ကြတာပေါ့ ကြားထဲမှာ ၅ လအချိန်ရတာဘဲ တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးပိုပြီးနွေးထွေးလာအောင်အချိန်ယူကြတာပေါ့ ယောက်ျားဆိုတာပေးထားတဲ့ကတိကိုတည်ရတယ်ဆိုတာသိတယ်မလား "

" ကျွန်တော်နားလည်ပါတယ်ပါး "

ကသိကအောက်ဖြစ်စရာအခြေအနေမှာသူ့အတွက်အချိန်ဆွဲပေးခဲ့သောကျန့်ကောအားကျေးဇူးတင်မိသည်။ငယ်စဉ်ကဘယ်လောက်ပင်ရင်းနှီးခဲ့သည်ဆိုစေကာမူအသက်အရွယ်ရလာတော့အမြဲတပူးပူးတစ်တွဲတွဲဖြစ်နေသောသူတို့နှစ်ယောက်အားတစ်ချို့ကကပ်တိုးလေးပြောတာတွေကိုကြားခဲ့ရသည်။အထက်တန်းပြီးဆုံး၍ တက္ကသိုလ်တက်ချိန်မှာတော့ ဝမ်ရိပေါ်တစ်ယောက်ချစ်သူကောက်ရသွားသလို ကျန့်ကောသည်လည်းသူ့အပေါ်အေးစက်သွားခဲ့သည်။နှစ်ယောက်သားအတူကျောင်းသွားသည့်နေ့ရက်များအစား တစ်ယောက်တည်းသီချင်းနားထောင်ရင်းဖြတ်သန်းခြင်းကအစားထိုးဝင်ရောက်လာသည်။တဖြည်းဖြည်းဝေးသထက်ဝေးလာခဲ့သောဆက်ဆံရေးမှာ ချက်ချင်းလက်ငင်း လက်တွဲရမည့်ကိစ္စတစ်ခုကြောင့်ပြန်လည်အစဖော်ရပေတော့မည်။လောလောလတ်လတ်တွင်မှချစ်သူအားဆုံးရှုံးထားသောဝမ်ရိပေါ်မှာ စိတ်ရှုပ်မှုတို့သာပြည့်နှက်နေတော့သည်။

Monica

ဖတ်ရှုပေးကြတဲ့ ဘီဘီလေးတို့ကိုကျေးဇူးတင်ပါတယ်။ feedback လေးတွေမျှော်နေတယ်နော်။တာ့တာ ☺️☺️🤗🤗
{ 🌟💬🙆 }

9 Jun 2022

Pokračovať v čítaní

You'll Also Like

53.4M 379K 66
Stay connected to all things Wattpad by adding this story to your library. We will be posting announcements, updates, and much more!
28.3K 2K 49
𝐭𝐡𝐞 𝟐𝐧𝐝 𝐛𝐨𝐨𝐤 𝐨𝐟 𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬 𝐚𝐛𝐨𝐮𝐭 𝐨𝐥𝐢𝐯𝐢𝐚 𝐫𝐨𝐝𝐫𝐢𝐠𝐨 𝐚𝐧𝐝 𝐲/𝐧'𝐬 𝐦𝐞𝐞𝐭-𝐜𝐮𝐭𝐞𝐬/𝐥𝐨𝐯𝐞 𝐬𝐭𝐨𝐫𝐢�...
31.5K 3.1K 60
A college going girl.. 👩 She is sweet and innocent always helping others... A guy in her college... She was always having crush on him from the very...
36.7K 856 90
Continuation of Modesto story who happens to intercourse with friends,mature,classmates,strangers and even family...