Zawgyi
ဝမ်ရိပေါ်နှင့်ရှောင်ကျန့်တို့ မြို့တွင်းရှိတိတ်
ဆိတ်သော cafe ဆိုင်အတွင်းဝယ်ရောက်နေကြသည်။ရှေ့ရေးအတွက်တိုင်ပင်ရန်အဘို့ငှာရောက်နေကြသော်လည်း နှစ်ယောက်သားမျက်လုံးချင်းပင်မဆုံ အေးစက်စွာထိုင်နေမိကြ၏။ထိုသို့အေးစက်လွန်းသောအခြေအနေအားနေသားမကျစွာဝမ်ရိပေါ်မှစဖြိုခွင်းလိုက်သည်။" ကျန့်ကော "
ရှပ်အင်္ကျီအဖြူရောင်အားစတိုင်ပင်န်နှင့်တွဲဝတ်ထားကာ မတိုမရှည်ဆံပင်တို့အား အလယ်မကျတကျခွဲထားသေးသည့်ထိုလူသားမှာခန့်ညားခြင်းတို့စုဝေးရာ ၊ နို့နှစ်ရောင်အသားအရေမှာတိုဖူးဖြူလေးများကဲ့သို့ချောမွတ်ကာနူးညံ့နေလေသည်။မက်မွန်ပွင့်သဏ္ဍန်မျက်လုံးများမှာပုလဲနှင့်မဟူရာပေါင်းစပ်ထားသည့်နှယ် ကြည်တောက်
တောက်နှင့်တစ်ခါတစ်ရံစူးရှနေတတျသေးသညျ။တစ်ခုခုအားအာရုံစိုက်နေချိန်ဆိုလျှင်
သေးငယ်သောသွေးကြောမျှင်စိမ်းတို့ယှက်ဖြာနေသည့်လက်တွင်နေရာယူထားသောလက်သည်းတို့အားကိုက်ထားတတ်သည့်ပန်းဖျော့ဖျော့နှုတ်ခမ်းပါးလေးနှင့် မှည့်နက်လေးသည်လည်း ရယ်လိုက်တိုင်းပေါ်လာတတ်သောသွားဖြူဖြူလေးတို့အားအထောက်အကူပြုနေလေသည်။ရှေ့သွားအနည်းငယ်ကြီးသောထိုလူသားမှာ တစ်ခါတစ်လေ ယုန်ကလေးများကဲ့သို့ဖြူစင်စွာရယ်မောတတ်သေးသည်။ထိုအချိန်များတွင်ဝမ်ရိပေါ်တစ်မေ့တစ်မောငေးကြည့်ခဲ့ဖူးသည်။ရင့်ကျက်လာသည့်နောက်ပိုင်းတွင်ထိုအပြုံးတို့အားမြင်ရဖို့အတော်လေးကိုခဲယဉ်းသွားခဲ့သည်။ယခုလည်းထိုလူသားပြုံးနေသည်။သို့သော် တစ်ခုခုအားကွယ်ဝှက်ထားပုံပေါ်သည့်အပြုံး။မှန်ပြတင်းအပြင်သို့မျှော်ကြည့်နေသည့်ထိုလူသားမှာဝမ်ရိပေါ်ဘက်လှည့်ကာ
" ဘာပြောမို့လဲ ရိပေါ် "
ချိုသည်။အမှန်တကယ်ချိုသာလှသောအသံပင်။ကြံသကာလိုချိုမြိန်ခြင်းလား။ဟင့်အင်းမဟုတ်သေးဘူး။မည်သူ့ကိုမျှဘေးဥပါဒ်မဖြစ်စေသည့်ပျားရည်လိုချိုမြိန်ခြင်းမျိုး။
ငယ်ကတည်းကကြားခဲ့ရသည့်အချိုသာဆုံးသောအသံမှာယခုအချိန်ထိမပြောင်းလဲပါပေ။
YOU ARE READING
မောင့်ကိုချစ်ဖို့မွေးဖွားလာပါတယ် ( Born To Love You Mg )