Part 4

1.2K 103 12
                                    

Zawgyi
စီးပွားရေးလောကတွင်ထိပ်တန်းဖြစ်သော ဝမ်နှင့်ရှောင် တို့၏မင်္ဂလာပွဲကျင်းပရာဝမ်ကျဲဟိုတယ်တွင် ကားများလည်းပြည့်ကျပ်နေကာခမ်းနားလှသည်။ ထို့အတူလူစည်လှသည်မှာပြောစရာပင်မလို ။ မင်္ဂလာပွဲပါဝင်သူများမှာလည်းတန်ဖိုးကြီးသောလက်ဖွဲ့အမျိုးမျိုးဖြင့်လာရောက်ဂုဏ်ပြုကြသည်။

ႀကီးမားလွေသာ အထပ်ဆုံးဆယ်ခန့်ရှိဟိုတယ်၏ပဥ္စမအထပ်တွင်ကျင်းပပြီး နှင်းဆီဖြူများဖြင့်အသည်းပုံဖော်ထားသောဝင်ပေါက်မှ အဖြူရောင် suit နှင့်နတ်သားလေးတစ်ဖွယ်ဝင်လာသောရှောင်ကျန့်မှာနှုတ်ခမ်းဖျားတွင် အပြုံးချိုချိုတစ်ခုနှင့် မြင်သူတစ်ကာရင်အားအေးမြစေနိုင်၏ ။

ယောက်ျားတစ်ယောက်နှင့်လက်ထပ်ခြင်းမှာသိပ်ကိုကသိကအောက်နိုင်လိမ့်မည်ဟုထင်မှတ်ထားသော်လည်း မိမိအားစောင့်ကြို
နေသော အဖြူရောင်ဖြင့်ခန့်ညားလှသော ချစ်ရသူအားတွေ့တော့ အနေရခက်ခြင်းများတွင်ကြည်နူးခြင်းတို့အစားထိုးဝင်ရောက်ချေသည်။

မောင်ဆိုတဲ့ဒီလူသားလေးဟာရှောင်ကျန့်အတွက်သိပ်ကိုတန်ဖိုးရှိလွန်းလှသည်။ဖခင်ဖြစ်သူ၏လက်အားကိုင်ထားသောရှောင်ကျန့်အားလျှောက်လမ်းအဆုံး ဝမ်ရိပေါ်၏လက်ထဲသို့လွဲပြောင်းပေးကာ အခမ်းအနားစတင်ခဲ့သည်။

ရှောင်ကျန့်၏လက်အားနူးညံ့စွာကိုင်ထားသောဝမ်ရိပေါ်၏ အတွေးတို့မှာအရိုင်းဆန်လျှက်။ဒီနေ့တစ်ရက်ဘဲ ရှောင်ကျန့် ။ကျုပ်ရဲ့နူးညံ့ခြင်းတွေကခင်ဗျားအတွက်ဒီနေ့တစ်ရက်ထဲဘဲ ။ ဒါတွေအားလုံးကိုခင်ဗျားကိုယ်တိုင်ဖန်တီးခဲ့တာမို့ခင်ဗျားလက်ကိုလက်ခံနိုင်ရမယ်။

" အာ့ "

ရုတ်တရက်ဖျစ်ညစ်ခံလိုက်ရသည့်လက်ကြောင့်ရှောင်ကျန့်တိုးညှင်းစွာတစ်ချက်ညည်းမိသွားသည်။ဝမ်ရိပေါ်မှာကဗျာကယာဖြင့် ရှောင်ကျန့်လက်အားပွတ်သပ်ကာတောင်းပန်စကားဆိုသည်။

" ဖွ..ဖွ ဆောရီးကျန့်ကော ကျွန်တော်စိတ်လှုပ်ရှားနေလို့ "

ဝမ်ရိပေါ်ပြုံးကာပြောလေတော့ရှောင်ကျန့်နှစ်ခြိုက်စွာပြုံးမိပြန်သည်။ ကမ္ဘာပေါ်မှာအလှဆုံးက မိုနာလီဇာအပြုံးတဲ့ ဟက်သူမရဲ့အပြုံးကကျုပ်သိပ်မုန်းတဲ့ခင်ဗျားရဲ့အပြုံးကိုတော့ဘယ်မှီလိမ့်မလဲဗျာ ။လှတယ် ခင်ဗျားကသိပ်ကိုလှတယ် ။ ဒါပေမယ့်လူမဆန်တဲ့ခင်ဗျားကရက်စက်လွန်းတာခက်တယ်။ကျုပ်မုန်းဖို့လုံလောက်တဲ့အထိခင်ဗျားကရက်စက်ခဲ့တာမို့ ကျုပ်မလွန်ဘူးမလား။

မောင့်ကိုချစ်ဖို့မွေးဖွားလာပါတယ် ( Born To Love You Mg )Where stories live. Discover now