Part 22

1.8K 69 10
                                    

Zawgyi
တိတ်ဆိတ်သောညဉ့်ယံဝယ် တိမ်ကင်းစင်သောကောင်းကင်ကြီးမှာလည်းကြယ်များထွက်ပေါ်နေပေသည်။နွရောသီဖြစ်သည့်အ
လျောက် ညအချိန်ခါမှသာအေးမြသောလေထုအားခံစားနိုင်ကြသည်ဖြစ်၍ လေလာရာလမ်းကြောင်းအားမျက်နှာမူထားပါသည့်ခေါင်မိုးထပ်ဟင်းလင်းပြင်ကြီးဝယ်လေညင်းခံနေကြသည့်ကောင်လေးနှစ်ယောက်မှာတိတ်ဆိတ်လျှက်။

ထိုသို့အေးစက်နေသောအခြေအနေမှာ နှစ်ယောက်အတွက်ဖြစ်စဉ်ဖြစ်ရိုးတစ်ခုလိုပင်ဖြစ်သော်လည်းယခုတွင်မူ အကြောင်းအရာမတူသကဲ့သို့ ခံစားချက်လည်းမတူပါချေ။ထိုကောင်လေးနှစ်ယောက်ကြားတွင်စကားသံများတိတ်ဆိတ်နေခြင်းမှာ ပြောစရာစကားမရှိပေ၍လား။သို့သော်ထိုသို့မဟုတ် ။ဝမ်ရိပေါ်အားဂရုမစိုက်အားလေဘဲ ကောင်းကင်သို့မော့ကြည့်နေသည့်ရှောင်ကျန့်ဟူသောအနှီလူသားမှာ လရောင်အောက်တွင်ရိုးရှင်းစွာလှပနေလေသည်။ထိုသူမှာဝမ်ရိပေါ်အားမည်သောအခါမှ အပူများဖြင့်မတောက်လောင်စေခဲ့ပါ။အေးချမ်းမှုများသာ ပေးဆောင်ခဲ့သောလူသားဖြစ်ချေ၏။ဝမ်ရိပေါ်၏အကြည်
ဓာတ်လေးမှာပိုင်ဆိုင်ခွင့်ရှိနေပါရက်နဲ့ အ
ဘယ်ကြောင့်များဆုံးရှုံးရတော့မယောင်ခံစားနေရပါလိမ့်။ဒီလိုငေးကြည့်ရခြင်းတွေသာထာဝရအတွက်မဟုတ်ခဲ့ရင် ဝမ်ရိပေါ်မိမိကိုယ်မိမိ အပြစ်တင်ဆုံးမည်မဟုတ်တော့။

" တောင်းပန်ပါတယ် ကျန့် "

ဝမ်ရိပေါ်စကားကြားတော့ ရှောင်ကျန့်မှာ ကောင်းကင်ယံသို့မော့ကြည့်နေရာမှသည် ဝမ်ရိပေါ်ထံသို့အကြည့်ပို့လာလေသည်။ထို့နောက် ချိုသာသောအသံဖြင့်

" ဘာဖြစ်လို့လဲ မောင် "

" တောင်းပန်ပါတယ် မောင်အခုနောက်မကျသေးဘူးမလား ကျန့်ရဲ့ခွင့်လွတ်မှုကိုရဖို့မောင်နောက်မကျသေးဘူးမလား "

" အော် ဘာများလဲလို့မောင်ရယ် ကျန့်ကမောင့်ကိုဘယ်တုန်းကမှအပြစ်မမြင်ခဲ့တာမို့ ခွင့်လွတ်ဖို့လည်းမလိုလောက်ဘူးထင်တာဘဲ "

" ကျန့် မောင့်အပေါ်မှာဖုံးကွယ်ထားတာတစ်
ခုခုများရှိလား "

ဝမ်ရိပေါ်စကားကြားတော့ရှောင်ကျန့်မျက်ဆံတစ်ချက်မျှလှုပ်ရှားသွားသွားရသည်။သို့သော်လည်း ဘာမှမဖြစ်ဟန်အနူးညံ့ဆုံးပြုံးကာ

မောင့်ကိုချစ်ဖို့မွေးဖွားလာပါတယ် ( Born To Love You Mg )Where stories live. Discover now