" အရိုးအက်သွားတာ ၊ သုံးလလောက်ကျောက်ပတ်တီးစည်းရင်ရတယ် "
" ခွင့်က တစ်လတည်းရတာလေ..!"
" မင်းဦးလေးကိုသွားပြောလေ။ လက်နာလို့နားချင်တာကနည်းနည်း ဟိုကောင်လေးနားကပ်ချင်ချင်တာကများများ.. ! "
Screen မှ Scan အားကြည့်ကာကျော်ဇေယံထွဋ်မဲ့နေသည့်ကြားက၊ဆရာဝန်၏စကားကြောင့်ပြုံးမိသွားသည်။ ဖြစ်ခဲ့သည့်မတော်တဆဖြစ်ရပ်တွင်အနည်းနှင့်အများထိခိုက်မှုတွေရှိခဲ့ကြ၏။
နံရံကပ်TVမှလာနေသောသတင်းတွေမှာထိုအကြောင်းအရာတွေသာဖြစ်ကာ၊ပျက်စီးကာ၊လက်တလောပြုပြင်နေကြောင်းကိုသာချန်နယ်မျိုးစုံမှသတင်းထောက်ပေါင်းများစွာကရေပတ်မဝင်အောင်ပြောဆိုနေကြကာ၊ဖြစ်ရပ်တွင်ပါဝင်သောဆရာဝန်တွေမှာလည်းတမနက်လုံးဖြေရှင်း၍မနိုင်။
" ဒေါက်တာ သတင်းထောက်ကဆရာ့ကိုမေးခွန်းလေးမေးချင်လို့တဲ့ "
" လက်အရိုးအက်သွားလို့စကားမပြောနိုင်ဘူးလို့ပြောလိုက်ပါ ဗျ "
" ဆရာထွဋ်ကတော့လုပ်ပြီ.. !"
ကျော်ဇေယံထွဋ်သက်သောင့်သက်သာရှိသောအပြုံးကိုပြုံးပြလိုက်ကာ၊ဆုံလည်ထိုင်ခုံအားအရိုးအကြောဆရာဝန်ဘက်ပြန်လှည့်လိုက်၏။
" ၁၅ရက်လောက်နေရင်ပတ်တီးလာပြန်လဲလိုက်လေ "
" အိုကေ "
" ကိုထွဋ် တမျိုးတော့မထင်နဲ့ကွာ ငါမေးစရာလေးရှိလို့ "
သူငယ်ချင်းဆရာဝန်သည်ဘေးဘီပတ်ဝန်ကျင်အားလူရှင်းကြောင်းအရင်အကဲခတ်လေသည်။ စာရေးစားပွဲပေါ်စုံတင်ထားသောလက်တွေအားပူးကပ်ကာစိတ်အနည်းငယ်လှုပ်ရှားနေဟန်။
ကျော်ဇေယံထွဋ်၏သတင်းမှာအတွင်းသတင်းဆိုပေမဲ့၊မသိတဲ့လူကတော့မရှိသလောက်ပင်။ သဘောကျတဲ့လူရှိသလို၊ကဲ့ရဲ့တဲ့လူလည်းရှိ၏။ ကိုထွဋ်ကြားတာဖြစ်နိုင်သလို၊မကြားတာလည်းဖြစ်နိုင်ပေမဲ့သူ့ပုံစံကတော့အေးအေးဆေးဆေးပင်ဖြစ်သည်။
ချီးမွမ်းခြင်းဆိုချန်လှပ်လို့၊ကဲ့ရဲ့ရှုပ်ချခြင်းကိုအာသီသဖြစ်သောလူမှုပတ်ဝန်းကျင်တွင်ပုံမှန်ကိုအာခံလို့လောကဓံအားဆန့်ကျင်ရဲရအောင်ကိုထွဋ်ကိုဘာတွေကများခွန်အားပေးသိချင်မိသည်။
" အဲ့ကောင်လေး ... မင်းရဲ့နွေးပေါ့။သူကိုဘာလို့သဘောကျတာလဲ ။ မင်းအနားမှာတခြားသူမပြောနဲ့၊လရိပ်သွင်လိုမိန်းကလေးမျိုးတွေတောင်ရှိနေတာပဲလေ ၊ နေသက်နွေးကချစ်စရာကောင်းတယ်ဆိုပေမဲ့ယောကျာ်းလေးကလည်းဖြစ်နေသေးတယ် "
ကိုထွဋ်ထံမှစိတ်ခုသည့်အရိပ်အယောင်မမြင်မှ သူရသက်ပြင်းချနိုင်သည်။ ကျော်ဇေယံထွဋ်သူ့လက်မှစည်းထားသောကျောက်ပတ်တီးအားပွတ်သပ်ကာဒေါက်တာသူရ၏အမေးအားတုံ့ပြန်လာ၏။
" လူမရောက် မြင့်မိုရ်တောင် ၊ခွေးမရောက်အိမ်ခေါင်တဲ့ ၊ ထူးဆန်းဖြစ်စဥ်တော့မဟုတ်ပေမဲ့ ငါ့ရင်ထဲကိုတော့နွေးပဲရောက်ခဲ့တာ "
" ဒါဆို Bed On Case တွေကျတော့ရော.."
ရယ်ကျဲကျဲနှင့်ပြောလာတဲ့သူငယ်ချင်း၏စကားကြောင့်နှစ်ယောက်စလုံးရှိူးတိုးရှမ်းတန်းဖြင့်ရယ်မိသွားကြသည် ။
" ငါကတော့အဲ့ကိစ္စကို ဆားပေါ့နေတဲ့ဟင်းတစ်ခွက်လို့မြင်တယ် ။ စားရတာပေါ့ပေမဲ့ကျန်းမာရေးနဲ့ညီညွှတ်တယ်လေ။အဲ့တာကြောင့်'ဆား'က မထည့်မဖြစ်တဲ့အရာတော့လည်းဟုတ်မနေဘူး"
" ဆိုတော့ အငံတွေဘယ်တော့စ,စားမှာလဲ "
" ငါ့နှလုံးသားက အငံဓာတ်တွေလက်ခံနိုင်တဲ့တစ်နေ့ပေါ့ .."
~
ဒေါ်မြင့်တို့အိမ်ကိုရောက်ချိန် တစ်ယောက်ကကျောက်ပတ်တီးနှင့်၊တစ်ယောက်ကတော့ရိုးရိုးပတ်တီးနှင့်။သူတို့ပုံစံမှာဒုက္ခသည်မောင်နှံနှင့်တောင်တူနေသေးသည်။
နေသက်နွေး အိမ်ထဲမဝင်ခင်ခြေလှမ်းလေးတန့်သွားတာကြောင့်ကျော်ဇေယံထွဋ်လှည့်ကြည့်၏။
" ခြေထောက်ကနာနေလို့လား "
နေသက်နွေးကခေါင်းခါပြ၏။ထို့နောက်အိမ်ထဲကိုတချက်ကြည့်ကာကျော်ဇေယံထွဋ်အနားတိုးကပ်သွားလေသည်။
" အမေ့ကိုစိတ်မပူပါနဲ့ ... နွေးကိုမဆူပါဘူး ဆူလည်းကိုယ်ပဲအဆူခံမှာပေါ့"
ထို့နောက်သေးသွယ်သည့်လက်ချောင်းတွေကြားရှည်လျားနုနယ်သည့်လက်ချောင်းလေးတွေဝင်ရောက်လာခဲ့၏။
နေသက်နွေးကျော်ဇေယံထွဋ်ထိုကဲ့သို့သူ့လက်အားဆုပ်ကိုင်တာမျိုးကိုသဘောကျသည်။ နွေးထွေးပြီးအားအင်အပြည့်နှင့်မို့၊စိတ်လုံခြုံမှုကိုဖြစ်ပေါ်စေသည်။
" ကို ... ကို "
" အင်း ... "
" ချစ် ... ချစ် တယ် "
ကျော်ဇေယံထွဋ်ရင်ထဲ၏ရင်ဘက်ထဲပင်လယ်လှိုင်းလေးကမ်းခြေအားညင်သာစွာရိုက်ခတ်သည့်နှယ်ငြိမ့်ခနဲ။
ဒီရက်တွေမှာနွေးဟာသူ့နားသိပ်ကပ်နေ၏။အိမ်ပြန်ချင်တဲ့အကြောင်းလည်းသိပ်မပြောသလို၊သက်စွေအကြောင်းလည်းသိပ်မတွေးတော့သလိုပင်။
~
နေသက်နွေးသူ့နံဘေးကပ်ထိုင်စဥ်ရလိုက်တဲ့ရနံ့လေးမှာမွှေးမွှေးအီအီလေးမို့ကျော်ဇေယံထွဋ်မနေနိုင်စွာ၊နှာဖျားအားလည်ပင်းလေးဆီတိုးဝှေ့လိုက်တော့ 'အဲ့'ခနဲယောင်သံလေးထွက်ပေါ်လာ၏။
ထို့နောက်ကောင်လေး၏နားရွက်ကလေးတွေနီရဲသွားပြန်သည်။
" ရေချိုးဆပ်ပြာပြောင်းထားတာလားနွေး "
" ဟို ...ဟို.. ဘက်အိမ်က... ကောင်လေးက... အနံ့က.. အနံ့က... ကလေးဆန်...လို့တဲ့ "
ဟုတ်လည်းဟုတ်သည်။ကလေးတွေတွင်သုံးသောအနံ့ဖြစ်ကာ၊ရိုးရိုးရှင်းရှင်းနှင့်နို့နံ့သင်းသင်းလေးဖြစ်၏။
" အဲ့ဘက်အိမ်ကကောင်လေးကအသက်ဘယ်လောက်မို့လဲ "
" ခြောက်....ခြောက်နှစ် "
" ..... "
အဲ့တာက လူကြီးမို့လို့လား။အခုခေတ်ကလေးတွေတကယ်လည်သည်။သူ့ကလေးလေးကိုရောင်းစားသွားရင်ဒုက္ခ။
" အပေါင်းအသင်းမှားမယ်နော်"
နေသက်နွေးကတော့မျက်လုံးလေးကလည်ကလည်ဖြင့်သာ။ ကျော်ဇေယံထွဋ်၏စကားအားစဥ်းစားနေရှာ၏။
~
" ကို ...ကို ၊ ကို ...ကို "
နေသက်နွေးလှုပ်နှိုးလိုက်တဲ့အခါကျော်ဇေယံထွဋ်ဝေဝေဝါးဝါးသာအသံပြုလာသည်။ အသားတွေပူကျစ်နေသောကြောင့်နေသက်နွေးဘာလုပ်ရမှန်းမသိ။
" ပူ ...ပူ "
ဖျားနေတာကိုသိသော်လည်းသူလုပ်ပေးနိုင်တာဘာမှမရှိ။ နံဘေးတွင်ခပ်ကျုံ့ကျုံ့လေးထိုင်ကာ၊ပူကျစ်နေသောလက်ဖဝါးတွေထဲသူ့လက်တွေယှက်သိုင်းလိုက်၏။
ပူနေတုန်းပဲ၊တဖြေးဖြေးနဲ့ပိုပြီးပူနေတုန်းပဲ ။ နေသက်နွေးပိုပြီးတင်းတင်းလေးကိုင်ထားလိုက်မိသည်။
" အဲ့ ... "
ရုတ်တရက်လက်မှဆွဲဆောင့်ဆွဲခံလိုက်ရကာ၊လူတစ်ကိုယ်လုံးပူလောင်နေသောရင်ခွင်ထဲဝင်ရောက်သွားရချေသည်။
အပြင်တွင်ခပ်ဖွဲဖွဲမိုးရေပေါက်လေးတွေကျဆင်းနေတုန်းဖြစ်၏။ သစ်ရွက်လေးတွေဟာမိုးရေပေါက်လေးတင်ရိုက်သည့်ဒဏ်မခံနိုင်စွာညွှတ်ကျလို့၊မြေပြင်နှင့်မိုးရေရိုက်သံမှာ'ပေါက်ခနဲ၊ပေါက်ခနဲ'။
ပူ၏ ၊ ကိုကို့နှုတ်ခမ်းတွေကလည်းသိပ်ပူ၏။ ဝေဝါးသောအသံလေးအားနားစွင့်လိုက်လျှင် 'နွေး 'ဟူသောခေါ်သံလေးသာဖြစ်သည်။
စိမ်းသက်သောအပူလှိုင်းသည်ရင်းနှီးတွယ်တာရပါသောလူထံမှကူးလူးဝင်ရောက်လာခဲ့သည်။ ခေါ်သံအဆင့်ဆင့်အားပြန်လည်ထူးချင့်ပါသော်လည်း၊နှုတ်မဟသာ ၊ ကိုကိုဟာလှုပ်ရှားမှုတိုင်းတွင်သူ့အားဝိုးတဝါးခေါ်ဆိုနေခဲ့သည်။
" နွေး "
" နွေး "
" ကိုယ့်ရဲ့ နွေး "
မိုးဟာတဖြေးဖြေးသည်းထန်လာခဲ့၏။ခေါ်သံတွေအားစွင့်ရင်းဖုံးကွယ်ထားသောအရှက်တရားလေးတွေအခွာခံထားရသည်တောင်သတိမထားမိ။
သေချာသတိထားမိကာမှ၊ကိုကိုကသူ့အပေါ်တွင် ...
မိုးရေကျသံများထဲရောထွေးနေသည့် ငိုသံသဲ့သဲ့၊ နာကျင်လို့မဟုတ်၊ဖြစ်လာတဲ့ခံစားချက်တွေအားမထိန်းနိုင်စွာငိုရိူက်မိပြီးမှ ... ထူးဆန်းသလိုခံစားရသည့်တိုင် ...ငိုနေမိဆဲ။
~
သူ့အဖျားကရိုးရိုးအဖျားမဟုတ်ပါဘူး °~°
ငါ့နှယ်! !
Zawgyi Version.
" အရိုးအက္သြားတာ ၊ သုံးလေလာက္ေက်ာက္ပတ္တီးစည္းရင္ရတယ္ "
" ခြင့္က တစ္လတည္းရတာေလ..!"
" မင္းဦးေလးကိုသြားေျပာေလ။ လက္နာလို႔နားခ်င္တာကနည္းနည္း ဟိုေကာင္ေလးနားကပ္ခ်င္ခ်င္တာကမ်ားမ်ား.. ! "
Screen မွ Scan အားၾကည့္ကာေက်ာ္ေဇယံထြဋ္မဲ့ေနသည့္ၾကားက၊ဆရာဝန္၏စကားေၾကာင့္ၿပဳံးမိသြားသည္။ ျဖစ္ခဲ့သည့္မေတာ္တဆျဖစ္ရပ္တြင္အနည္းႏွင့္အမ်ားထိခိုက္မႈေတြရွိခဲ့ၾက၏။
နံရံကပ္TVမွလာေနေသာသတင္းေတြမွာထိုအေၾကာင္းအရာေတြသာျဖစ္ကာ၊ပ်က္စီးကာ၊လက္တေလာျပဳျပင္ေနေၾကာင္းကိုသာခ်န္နယ္မ်ိဳးစုံမွသတင္းေထာက္ေပါင္းမ်ားစြာကေရပတ္မဝင္ေအာင္ေျပာဆိုေနၾကကာ၊ျဖစ္ရပ္တြင္ပါဝင္ေသာဆရာဝန္ေတြမွာလည္းတမနက္လုံးေျဖရွင္း၍မနိုင္။
" ေဒါက္တာ သတင္းေထာက္ကဆရာ့ကိုေမးခြန္းေလးေမးခ်င္လို႔တဲ့ "
" လက္အရိုးအက္သြားလို႔စကားမေျပာနိုင္ဘူးလို႔ေျပာလိုက္ပါ ဗ် "
" ဆရာထြဋ္ကေတာ့လုပ္ၿပီ.. !"
ေက်ာ္ေဇယံထြဋ္သက္ေသာင့္သက္သာရွိေသာအၿပဳံးကိုၿပဳံးျပလိုက္ကာ၊ဆုံလည္ထိုင္ခုံအားအရိုးအေၾကာဆရာဝန္ဘက္ျပန္လွည့္လိုက္၏။
" ၁၅ရက္ေလာက္ေနရင္ပတ္တီးလာျပန္လဲလိုက္ေလ "
" အိုေက "
" ကိုထြဋ္ တမ်ိဳးေတာ့မထင္နဲ႕ကြာ ငါေမးစရာေလးရွိလို႔ "
သူငယ္ခ်င္းဆရာဝန္သည္ေဘးဘီပတ္ဝန္က်င္အားလူရွင္းေၾကာင္းအရင္အကဲခတ္ေလသည္။ စာေရးစားပြဲေပၚစုံတင္ထားေသာလက္ေတြအားပူးကပ္ကာစိတ္အနည္းငယ္လႈပ္ရွားေနဟန္။
ေက်ာ္ေဇယံထြဋ္၏သတင္းမွာအတြင္းသတင္းဆိုေပမဲ့၊မသိတဲ့လူကေတာ့မရွိသေလာက္ပင္။ သေဘာက်တဲ့လူရွိသလို၊ကဲ့ရဲ႕တဲ့လူလည္းရွိ၏။ ကိုထြဋ္ၾကားတာျဖစ္နိုင္သလို၊မၾကားတာလည္းျဖစ္နိုင္ေပမဲ့သူ႕ပုံစံကေတာ့ေအးေအးေဆးေဆးပင္ျဖစ္သည္။
ခ်ီးမြမ္းျခင္းဆိုခ်န္လွပ္လို႔၊ကဲ့ရဲ႕ရႈပ္ခ်ျခင္းကိုအာသီသျဖစ္ေသာလူမႈပတ္ဝန္းက်င္တြင္ပုံမွန္ကိုအာခံလို႔ေလာကဓံအားဆန့္က်င္ရဲရေအာင္ကိုထြဋ္ကိုဘာေတြကမ်ားခြန္အားေပးသိခ်င္မိသည္။
" အဲ့ေကာင္ေလး ... မင္းရဲ႕ႏြေးေပါ့။သူကိုဘာလို႔သေဘာက်တာလဲ ။ မင္းအနားမွာတျခားသူမေျပာနဲ႕၊လရိပ္သြင္လိုမိန္းကေလးမ်ိဳးေတြေတာင္ရွိေနတာပဲေလ ၊ ေနသက္ႏြေးကခ်စ္စရာေကာင္းတယ္ဆိုေပမဲ့ေယာက်ာ္းေလးကလည္းျဖစ္ေနေသးတယ္ "
ကိုထြဋ္ထံမွစိတ္ခုသည့္အရိပ္အေယာင္မျမင္မွ သူရသက္ျပင္းခ်နိဳင္သည္။ ေက်ာ္ေဇယံထြဋ္သူ႕လက္မွစည္းထားေသာေက်ာက္ပတ္တီးအားပြတ္သပ္ကာေဒါက္တာသူရ၏အေမးအားတုံ႕ျပန္လာ၏။
" လူမေရာက္ ျမင့္မိုရ္ေတာင္ ၊ေခြးမေရာက္အိမ္ေခါင္တဲ့ ၊ ထူးဆန္းျဖစ္စဥ္ေတာ့မဟုတ္ေပမဲ့ ငါ့ရင္ထဲကိုေတာ့ႏြေးပဲေရာက္ခဲ့တာ "
" ဒါဆို Bed On Case ေတြက်ေတာ့ေရာ.."
ရယ္က်ဲက်ဲႏွင့္ေျပာလာတဲ့သူငယ္ခ်င္း၏စကားေၾကာင့္ႏွစ္ေယာက္စလုံးရွိူးတိုးရွမ္းတန္းျဖင့္ရယ္မိသြားၾကသည္ ။
" ငါကေတာ့အဲ့ကိစၥကို ဆားေပါ့ေနတဲ့ဟင္းတစ္ခြက္လို႔ျမင္တယ္ ။ စားရတာေပါ့ေပမဲ့က်န္းမာေရးနဲ႕ညီၫႊတ္တယ္ေလ။အဲ့တာေၾကာင့္'ဆား'က မထည့္မျဖစ္တဲ့အရာေတာ့လည္းဟုတ္မေနဘူး"
" ဆိုေတာ့ အငံေတြဘယ္ေတာ့စ,စားမွာလဲ "
" ငါ့ႏွလုံးသားက အငံဓာတ္ေတြလက္ခံနိုင္တဲ့တစ္ေန႕ေပါ့ .."
~
ေဒၚျမင့္တို႔အိမ္ကိုေရာက္ခ်ိန္ တစ္ေယာက္ကေက်ာက္ပတ္တီးႏွင့္၊တစ္ေယာက္ကေတာ့ရိုးရိုးပတ္တီးႏွင့္။သူတို႔ပုံစံမွာဒုကၡသည္ေမာင္ႏွံႏွင့္ေတာင္တူေနေသးသည္။
ေနသက္ႏြေး အိမ္ထဲမဝင္ခင္ေျခလွမ္းေလးတန့္သြားတာေၾကာင့္ေက်ာ္ေဇယံထြဋ္လွည့္ၾကည့္၏။
" ေျခေထာက္ကနာေနလို႔လား "
ေနသက္ႏြေးကေခါင္းခါျပ၏။ထို႔ေနာက္အိမ္ထဲကိုတခ်က္ၾကည့္ကာေက်ာ္ေဇယံထြဋ္အနားတိုးကပ္သြားေလသည္။
" အေမ့ကိုစိတ္မပူပါနဲ႕ ... ႏြေးကိုမဆူပါဘူး ဆူလည္းကိုယ္ပဲအဆူခံမွာေပါ့"
ထို႔ေနာက္ေသးသြယ္သည့္လက္ေခ်ာင္းေတြၾကားရွည္လ်ားႏုနယ္သည့္လက္ေခ်ာင္းေလးေတြဝင္ေရာက္လာခဲ့၏။
ေနသက္ႏြေးေက်ာ္ေဇယံထြဋ္ထိုကဲ့သို႔သူ႕လက္အားဆုပ္ကိုင္တာမ်ိဳးကိုသေဘာက်သည္။ ႏြေးေထြးၿပီးအားအင္အျပည့္ႏွင့္မို႔၊စိတ္လုံၿခဳံမႈကိုျဖစ္ေပၚေစသည္။
" ကို ... ကို "
" အင္း ... "
" ခ်စ္ ... ခ်စ္ တယ္ "
ေက်ာ္ေဇယံထြဋ္ရင္ထဲ၏ရင္ဘက္ထဲပင္လယ္လွိုင္းေလးကမ္းေျခအားညင္သာစြာရိုက္ခတ္သည့္ႏွယ္ၿငိမ့္ခနဲ။
ဒီရက္ေတြမွာႏြေးဟာသူ႕နားသိပ္ကပ္ေန၏။အိမ္ျပန္ခ်င္တဲ့အေၾကာင္းလည္းသိပ္မေျပာသလို၊သက္ေစြအေၾကာင္းလည္းသိပ္မေတြးေတာ့သလိုပင္။
~
ေနသက္ႏြေးသူ႕နံေဘးကပ္ထိုင္စဥ္ရလိုက္တဲ့ရနံ႕ေလးမွာေမႊးေမႊးအီအီေလးမို႔ေက်ာ္ေဇယံထြဋ္မေနနိုင္စြာ၊ႏွာဖ်ားအားလည္ပင္းေလးဆီတိုးေဝွ႕လိုက္ေတာ့ 'အဲ့'ခနဲေယာင္သံေလးထြက္ေပၚလာ၏။
ထို႔ေနာက္ေကာင္ေလး၏နား႐ြက္ကေလးေတြနီရဲသြားျပန္သည္။
" ေရခ်ိဳးဆပ္ျပာေျပာင္းထားတာလားႏြေး "
" ဟို ...ဟို.. ဘက္အိမ္က... ေကာင္ေလးက... အနံ႕က.. အနံ႕က... ကေလးဆန္...လို႔တဲ့ "
ဟုတ္လည္းဟုတ္သည္။ကေလးေတြတြင္သုံးေသာအနံ႕ျဖစ္ကာ၊ရိုးရိုးရွင္းရွင္းႏွင့္နို႔နံ႕သင္းသင္းေလးျဖစ္၏။
" အဲ့ဘက္အိမ္ကေကာင္ေလးကအသက္ဘယ္ေလာက္မို႔လဲ "
" ေျခာက္....ေျခာက္ႏွစ္ "
" ..... "
အဲ့တာက လူႀကီးမို႔လို႔လား။အခုေခတ္ကေလးေတြတကယ္လည္သည္။သူ႕ကေလးေလးကိုေရာင္းစားသြားရင္ဒုကၡ။
" အေပါင္းအသင္းမွားမယ္ေနာ္"
ေနသက္ႏြေးကေတာ့မ်က္လုံးေလးကလည္ကလည္ျဖင့္သာ။ ေက်ာ္ေဇယံထြဋ္၏စကားအားစဥ္းစားေနရွာ၏။
~
" ကို ...ကို ၊ ကို ...ကို "
ေနသက္ႏြေးလႈပ္ႏွိုးလိုက္တဲ့အခါေက်ာ္ေဇယံထြဋ္ေဝေဝဝါးဝါးသာအသံျပဳလာသည္။ အသားေတြပူက်စ္ေနေသာေၾကာင့္ေနသက္ႏြေးဘာလုပ္ရမွန္းမသိ။
" ပူ ...ပူ "
ဖ်ားေနတာကိုသိေသာ္လည္းသူလုပ္ေပးနိုင္တာဘာမွမရွိ။ နံေဘးတြင္ခပ္က်ဳံ႕က်ဳံ႕ေလးထိုင္ကာ၊ပူက်စ္ေနေသာလက္ဖဝါးေတြထဲသူ႕လက္ေတြယွက္သိုင္းလိုက္၏။
ပူေနတုန္းပဲ၊တေျဖးေျဖးနဲ႕ပိုၿပီးပူေနတုန္းပဲ ။ ေနသက္ႏြေးပိုၿပီးတင္းတင္းေလးကိုင္ထားလိုက္မိသည္။
" အဲ့ ... "
႐ုတ္တရက္လက္မွဆြဲေဆာင့္ဆြဲခံလိုက္ရကာ၊လူတစ္ကိုယ္လုံးပူေလာင္ေနေသာရင္ခြင္ထဲဝင္ေရာက္သြားရေခ်သည္။
အျပင္တြင္ခပ္ဖြဲဖြဲမိုးေရေပါက္ေလးေတြက်ဆင္းေနတုန္းျဖစ္၏။ သစ္႐ြက္ေလးေတြဟာမိုးေရေပါက္ေလးတင္ရိုက္သည့္ဒဏ္မခံနိုင္စြာၫႊတ္က်လိဳ႕၊ေျမျပင္ႏွင့္မိုးေရရိုက္သံမွာ'ေပါက္ခနဲ၊ေပါက္ခနဲ'။
ပူ၏ ၊ ကိုကို႔ႏႈတ္ခမ္းေတြကလည္းသိပ္ပူ၏။ ေဝဝါးေသာအသံေလးအားနားစြင့္လိုက္လွ်င္ 'ႏြေး 'ဟူေသာေခၚသံေလးသာျဖစ္သည္။
စိမ္းသက္ေသာအပူလွိုင္းသည္ရင္းႏွီးတြယ္တာရပါေသာလူထံမွကူးလူးဝင္ေရာက္လာခဲ့သည္။ ေခၚသံအဆင့္ဆင့္အားျပန္လည္ထူးခ်င့္ပါေသာ္လည္း၊ႏႈတ္မဟသာ ၊ ကိုကိုဟာလႈပ္ရွားမႈတိုင္းတြင္သူ႕အားဝိုးတဝါးေခၚဆိုေနခဲ့သည္။
" ႏြေး "
" ႏြေး "
" ကိုယ့္ရဲ႕ ႏြေး "
မိုးဟာတေျဖးေျဖးသည္းထန္လာခဲ့၏။ေခၚသံေတြအားစြင့္ရင္းဖုံးကြယ္ထားေသာအရွက္တရားေလးေတြအခြာခံထားရသည္ေတာင္သတိမထားမိ။
ေသခ်ာသတိထားမိကာမွ၊ကိုကိုကသူ႕အေပၚတြင္ ...
မိုးေရက်သံမ်ားထဲေရာေထြးေနသည့္ ငိုသံသဲ့သဲ့၊ နာက်င္လို႔မဟုတ္၊ျဖစ္လာတဲ့ခံစားခ်က္ေတြအားမထိန္းနိုင္စြာငိုရိူက္မိၿပီးမွ ... ထူးဆန္းသလိုခံစားရသည့္တိုင္ ...ငိုေနမိဆဲ။
~
သူ႕အဖ်ားကရိုးရိုးအဖ်ားမဟုတ္ပါဘူး ~
ငါ့ႏွယ္! !