မည်á€ļနက်ရက်စက်သေီဒá€Ŋတိယဇီတ်လိá€Ŋက...

By ma_roses_are_blue

86.5K 10.3K 163

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy ęđ€ë―€ė‚ Artist(s) Sol (solminator0) Yea... More

Description
အပိá€Ŋင်á€ļ(၀၀)
အပိá€Ŋင်á€ļ(၁)
အပိá€Ŋင်á€ļ(၂)
အပိá€Ŋင်á€ļ(၃)
အပိá€Ŋင်á€ļ(၅)
အပိá€Ŋင်á€ļ(၆)
အပိá€Ŋင်á€ļ(၇)
အပိá€Ŋင်á€ļ(၈)
အပိá€Ŋင်á€ļ(၉)
အပိá€Ŋင်á€ļ(၁၀)
အပိá€Ŋင်á€ļ(၁၁)
အပိá€Ŋင်á€ļ(၁၂)
အပိá€Ŋင်á€ļ(၁၃)
အပိá€Ŋင်á€ļ(၁၄)
အပိá€Ŋင်á€ļ(၁၅)
အပိá€Ŋင်á€ļ(၁၆)
အပိá€Ŋင်á€ļ(၁၇)
အပိá€Ŋင်á€ļ(၁၈)
အပိá€Ŋင်á€ļ(၁၉)
အပိá€Ŋင်á€ļ(၂၀)
အပိá€Ŋင်á€ļ(၂၁)
အပိá€Ŋင်á€ļ(၂၂)
အပိá€Ŋင်á€ļ(၂၃)
အပိá€Ŋင်á€ļ(၂၄)
အပိá€Ŋင်á€ļ(၂၅)
အပိá€Ŋင်á€ļ(၂၆)
အပိá€Ŋင်á€ļ(၂၇)
အပိá€Ŋင်á€ļ(၂၈)
အပိá€Ŋင်á€ļ(၂၉)
အပိá€Ŋင်á€ļ(၃၀)
အပိá€Ŋင်á€ļ(၃၁)
Notice
အပိá€Ŋင်á€ļ(၃၂)
အပိá€Ŋင်á€ļ(၃၃)
အပိá€Ŋင်á€ļ(၃၄)
အပိá€Ŋင်á€ļ(၃၅)
အပိá€Ŋင်á€ļ(၃၆)
အပိá€Ŋင်á€ļ(၃၇)
အပိá€Ŋင်á€ļ(၃၈)
အပိá€Ŋင်á€ļ(၃၉)
အပိá€Ŋင်á€ļ(၄၀)
အပိá€Ŋင်á€ļ(၄၁)
အပိá€Ŋင်á€ļ(၄၂)
အပိá€Ŋင်á€ļ(၄၃)
အပိá€Ŋင်á€ļ(၄၄)
အပိá€Ŋင်á€ļ(၄၅)
အပိá€Ŋင်á€ļ(၄၆)
အပိá€Ŋင်á€ļ(၄၇)
အပိá€Ŋင်á€ļ(၄၈)
အပိá€Ŋင်á€ļ(၄၉)
အပိá€Ŋင်á€ļ(၅၀)
အပိá€Ŋင်á€ļ(၅၁)
အပိá€Ŋင်á€ļ(၅၂)
အပိá€Ŋင်á€ļ(၅၃)
အပိá€Ŋင်á€ļ(၅၄)
အပိá€Ŋင်á€ļ(၅၅)
အပိá€Ŋင်á€ļ(၅၆)
အပိá€Ŋင်á€ļ(၅၇)
အပိá€Ŋင်á€ļ(၅၈)
အပိá€Ŋင်á€ļ(၅၉)
အပိá€Ŋင်á€ļ(၆၀)
အပိá€Ŋင်á€ļ(၆၁)
အပိá€Ŋင်á€ļ(၆၂)
အပိá€Ŋင်á€ļ(၆၃)
အပိá€Ŋင်á€ļ(၆၄)
အပိá€Ŋင်á€ļ(၆၅)
အပိá€Ŋင်á€ļ(၆၆)
အပိá€Ŋင်á€ļ(၆၇)
အပိá€Ŋင်á€ļ(၆၈)
အပိá€Ŋင်á€ļ(၆၉)
အပိá€Ŋင်á€ļ(၇၀)
အပိá€Ŋင်á€ļ(၇၁)
အပိá€Ŋင်á€ļ(၇၂)
အပိá€Ŋင်á€ļ(၇၃)
အပိá€Ŋင်á€ļ(၇၄)
အပိá€Ŋင်á€ļ(၇၅)
အပိá€Ŋင်á€ļ(၇၆)
အပိá€Ŋင်á€ļ(၇၇)
အပိá€Ŋင်á€ļ(၇၈)
အပိá€Ŋင်á€ļ(၇၉)
အပိá€Ŋင်á€ļ(၈၀)
အပိá€Ŋင်á€ļ(၈၁)
အပိá€Ŋင်á€ļ(၈၂)
အပိá€Ŋင်á€ļ(၈၃)
ðŸŦķ

အပိá€Ŋင်á€ļ(၄)

1.7K 214 1
By ma_roses_are_blue

"......Awesome?"

လုရှန် မသိတာတခုခုကြားလိုက်ရသလို ပုံစံနှင့် မျက်တောင်တွေခတ်နေခဲ့သည်

သူလုပ်နေတဲ့ရုပ်ကိုကြည့်ရင်း သူမသိလိုက်သည် ဒါက အတော်တုန်လှုပ်စရာတခုပဲ

"ကျွန်တော် မသိသေးတဲ့ အဆင်မြင့်စကားလုံးရှိသေးတာလား ဒါက နိုင်ငံခြားဘာသာစကားလား?"

သူတုံပြန်တာ တအားပိုလွန်းတယ်လို့ သူမခံစားမိတယ် ဒါကြောင့်မို့ သူမမြန်မြန် အဓိပ္ပာယ်ကိုရှင်းပြလိုက်သည်

"အို အရှင်ကာဒီယမ်မသိတာက ရှင်ကစစ်မြေပြင်ကို အကြာကြီးထွက်သွားရတာကြောင့်လေ ဒီစကားလုံးက အခုတလော တော်၀င်မျိုးနွယ်တွေကြားမှာ အတော်ရေပန်းစားနေတာ လေးစားသဘောကျတဲ့နေရာမှာသုံးတဲ့ ကောင်းတဲ့စကားလုံးလေးပါ"
" ကျွန်တော်သိပြီ"

သူကိုကြည့်ရတာ ဒါကိုသံသယဖြစ်နေတဲ့ပုံပဲ ဒါပေမဲ့ ဒါက ဟာသမှမဟုတ်ပဲ
'ဒီမှာတော့ ရေပန်းမစားပေမဲ့ တခြားကမ္ဘာမှာတော့ ရေပန်းစားတဲ့စကား‌လုံးလေ'

သူမ စကားကို တတ်နိုင်သလောက် တည်ငြိမ်အောင်ပြောဖို့ကြိုးစားလိုက်သည်

"ကျွန်မဆိုလိုတာက အရှင်ကာဒီယမ်ရဲ့ ၀န်ခံမှုကို ဘယ်သူကမှ ‌မကျေမနပ်ဖြစ်မှာမဟုတ်ဘူး ဒါကြောင့်မို့ မရှက်ပဲ ပြေးသွားလိုက်ပါ"
'လက်ထပ်ထားတဲ့မိန်းမတယောက်မဟုတ်သရွေ့ ဒါက သူတော်စင် တယောက်လား ဒါမှမဟုတ် သီလရှင်တစ်ယောက်လားတွေးမနေပဲ တည့်တည့်သာပြောလိုက် ရှက်နေတဲ့ကောင်လေးရေ'
သူ နားလည်တာမလည်တာတော့ သူမမသိပေမဲ့ လုရှန်က သူမကိုအချိန်ကြာကြာ တိတ်တိတ်ကလေး ငေးကြည့်နေခဲ့သည်
ထို့နောက် သူမျက်လုံးတွေကို အောက်စိုက်ကြည့်နေရင်း တိတ်တိတ်ကလေးပြောလိုက်သည်

"လေဒီပါနေရား မင်းကတကယ်ကိုပဲ"

'ဟုတ်တယ် ငါသိတယ် ဒါက ရူးမိုက်တယ်ဆိုတာ'
ဒီမှာတင် ရပ်လိုက်ပါတော့'

ကံအားလျော်စွာ သူကတော့ သူမအတွေးတွေကို မကြားနိုင်ခဲ့ပေ
* * * *
"မင်း ဒီနေ့စောစောရောက်လာတာပဲ"

လုရှန်ရဲ့ စံအိမ်ကို သူမရောက်သွားခဲ့သည်မှာ ရက်အတော်ပင်ကြာနေခဲ့ပြီမို့ စံအိမ်အရွယ်အစားကြီးနဲ့ အကျင့်သားပင်ရလာခဲ့ပြီဖြစ်သည်
သူက ပေါလ်, လုရှန်ရဲ့လက်ထောက်

"Welcome မစ်ပါနေးရား ကျွန်တော် ခင်ဗျားကို ဟောခန်းဆီလိုက်ပို့မယ်"

လုရှန်က လူတွေကိုသဘောမကျ‌တာကြောင့် သူစံအိမ်ထဲတွင် အလုပ်သမားသိပ်မရှိပေ ဒါကြောင့်မို့ ပေါလ်က စံအိမ်ကြီးကို စီမံတာရော စောင့်ရှောက်တာပါလုပ်နေရသည်ပင်
သူ့ဘော့စ်ရဲ့ အလုပ်နဲ့ နေ့စဉ်ဘ၀ကို ‌ဂရုစိုက်ပေးနေရတဲ့ သစ္စာရှိအစေခံတယောက်ဖြစ်သော်လည်း သူ့တွင် အားနည်းချက်တစ်ခုရှိသည်
အဲ့တာက အရင်ပါနေးရားရဲ့ ပင်ကိုစရိုက်ကို သိနေသည့်အချက်ပင်

ဒီနေ့ သူမျက်လုံးတွေက ခက်ထန်နေသည်
ပေါလ်ရဲ့စိတ်ပူမှုတွေပြည့်နေတဲ့မျက်နှာက သူဘာတွေးနေသည်ကို သူမ‌အားပြောပြနေသည် "ဒီမိန်းမ ဘာလို့ အရှင့်ကိုတွေ့ဖို့ နေတိုင်းလာနေတာလဲ"ဟု၍ပင်

သူမပွဲခန်းမရှိရာကို ပေါလ်အားဖြတ် လျှောက်သွားရင်း ပြောလိုက်သည်

"ပေါလ်"
"Yes."
"ရှင်ကတော့ ယုံမှာမဟုတ်ပေမဲ့ ကျွန်မဒီကို လာနေရတာက အရှင်ကာဒီယမ်ကို ကူညီဖို့ စိတ်သန့်သန့်ပါ ဒါကြောင့်မို့ သိပ်စိတ်ပူမနေပါနဲ့"

ပေါလ်နဲ့ သူမဆီကိုလက်ညှိုးထိုးရင်း စက်ဝိုင်းပုံလှည့်လိုက်သည်
'ရှင်နဲ့ကျွန်မက တလှေထဲစီးနေတာပါ အိုကေလား'

ပေါလ် မျက်မှောင်ကြုပ်ရင်း သူမကိုကြည့်နေခဲ့သည် သူရုပ်က "ဒီမိန်းမတကယ်ရူးနေတာလား"ဟူ၍ ပြောနေသည်ပုံစံပင်

"ရုတ်တရက်ဆိုတော့ ခင်ဗျားဘာဆိုလိုတယ်ဆိုတာ ကျွန်တော်မသိဘူး ကျွန်တော်ရှင်းရှင်းလင်းလင်းမှတ်မိတာက လွန်ခဲ့သောလေးနှစ်က လေဒီ အရှင့်ကို လူတွေကြားထဲမှာ ဘာပြောခဲ့တယ်ဆိုတာပဲ"

ပေါလ်က ပါနေးရားဆီကနေအတုခိုးထားသလို အဆိပ်ပြင်းပြင်းအကြည့်နဲ့ ဆက်ပြောလိုက်သည်

"ခင်ဗျားပြောခဲ့တယ် 'သာမန်လူတန်းစားကနေ မွေးဖွားလာတဲ့ မွန်းစတား အငယ်ဆုံးသူရဲကောင်းလို့နာမည်တတ်ထားတဲ့ နတ်ဆိုးကျိန်စာတိုက်ခံထားရတဲ့သူကို လက်မခံနိုင်ဘူး"လို့လေ"

'ပါနေးရားရေ နင်ဘာလို့ ဒီလိုလုပ်ခဲ့ရတာလဲ'
ဘာဆိုဘာမှမကြောက်တဲ့ ရက်စက်တဲ့၀န်လိုစိတ်ရှိတဲ့ ပါနေးရားအကြောင်းတွေးရင်း သူမမျက်‌ရည်တွေတောင် ကျလာမိတယ်

ပေါလ် အကြင်အနာမဲ့တဲ့ပုံစံကိုတောင် မဖုံးကွယ်ပဲဆက်ပြောလိုက်သည်
"အခုတော့ လေဒီရဲ့စိတ်ကို ယုံပေးဖို့ ကျွန်တော့်ကို လာမပြောပါနဲ့တော့"

ပြီးတဲ့နောက် ပေါလ်တယောက် ဟောခန်းရဲ့တံခါးကို ခပ်ပြင်းပြင်း ပိတ်ပြီး ထွက်သွားတော့သည်

'အရမ်းတည့်တိုးဆန်တာပဲ ဘာနေနေ ဒါကအတိတ်ပဲလေ အခုငါက လုရှန်ရဲ့big fanလေ'

လုရှန်ရဲ့ အော်ဖစ်ရှယ် ဖန်ကလပ် ခေါင်းဆောင်နေရာအတွက် ပေါလ်နဲ့ ပြိုင်နေတာကို စိတ်ကူးကြည့်ရင်း ဟောခန်းမထဲ‌သို့ ၀င်လာခဲ့သည်
တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်ထဲရှိနေတာက ကို့ရို့ကားယားခံစားခဲ့ရတာက ပထမရက်အနည်းငယ်ကသာဖြစ်သည်
အခုတော့ အလွန်သက်တောင့်သက်သာဖြစ်လာခဲ့သည်
ဒီနေရာမှာ အစေခံတွေရဲ့ မျက်လုံးတွေကို အာရုံစိုက်‌နေစရာ မလိုပေ
သူမပါးစပ်ထဲ စားပွဲပေါ်က စပျစ်သီးကိုပါးစပ်ထဲထည့်ရင်း ခြေလှမ်းတလှမ်း လှမ်းလိုက်သည်

'သူဘယ်သွားနေတာလဲ'

ထုံးစံအတိုင်း ဒီမှာက သူမကို ပုဂ္ဂိုလ်ရေးအရ နှုတ်ဆက်မဲ့သူမရှိပေ
မကြာခင်မှာပဲ သူမလုရှန်ကိုရှာတွေ့ခဲ့သည်
ထောင့်မှာရှိတဲ့‌ဆိုဖာပေါ်တွင် အိပ်ပျော်နေလေသည်

'အိုး မိုင် အိုး ဝါး'

ဒါပထမဆုံးအကြိမ်ပဲ သူအိမ်ပျော်နေတာကို မြင်ရတာပင်
သူမမျက်လုံးတွေပြူးကျယ်မိသွားပြီး ပါးစပ်ကိုမြန်မြန်ပိတ်လိုက်သည် သူမအသံတချို့ထွက်မိသွားတာကြောင့်ပင်
'ငါဘာလို့ ဒီလိုဆုကြီးကို လွှတ်ထားရမှာလဲ' (ငမ်းသာငမ်း)
သူမျက်နှာက အံဩစရာကောင်းလောက်အောင် အပြစ်ကင်းစင်ပေသည် ဒါပေမဲ့ သူက အခြေခံအားဖြင့် ကံကောင်းကောင်း အပြုမူကောင်းကောင်း ရှိသော ယောင်္ကျားတစ်ယောက်ပင်
ပြီးတော့ ဒီလိုမျက်နှာမြင်ရတာ သူမအတွက်ပထမဆုံးအကြိမ်ဖြစ်သည်

ပြတင်းပေါက်ကိုဖြတ်လာတဲ့နေရောင်ခြည်အောက်တွင် သူရဲ့ငွေမင်အောင်ဆံပင်တွေက ကျောက်မျက်ရတနာတစ်ခုလို တဖိတ်ဖိတ်တောက်နေခဲ့သည်
ရှည်လျားတဲ့ငွေမင်ရောင် မျက်တောင်မွှေးတွေကလဲ ပျော့ပျောင်းနေသည်

'လှပတယ် ဒါပေမဲ့ သူကိုကြည့်ရတာ စိတ်နည်းနည်းပင်ပန်းနေသလိုပဲ'
သူစစ်မြေပြင်ကပြန်လာပြီးနောက် သူမ သူနဲ့သွားတွေ့တဲ့အချိန်တုန်းက လန်းဆန်းနေတဲ့လုရှန်မျက်နှာက အခုတော့ ပင်ပန်းနွမ်းနယ်နေသည်
သူမအကြောင်းအရင်းကိုသိပါသည်

"မနေ့ညကလဲ တညလုံး လေ့ကျင်နေခဲ့မဲ့ပုံပဲ"

သူက ဆိုးရွားတဲ့အကသမားတယောက်ဖြစ်ရတာက နတ်ဆိုးရဲ့ကျိန်စာကြောင့်လို့သူမထင်ခဲ့မိသည် ဒါပေမဲ့ နောက်တနေ့မှာတော့ သူရဲ့ရွေ့လျားမှုတွေက သိသိသာသာတိုးတတ်လာခဲ့သည်
ဒါကတအားသိသာပါတယ် သူမ မနေ့ကအိမ်ပြန်သွားတဲ့အချိန်ကထဲက သူတချိန်လုံးလေ့ကျင်နေခဲ့တာပင်
ဒါတွေအားလုံးက ဖြစ်နိုင်တာက

ဖြစ်နိုင်တာက အက်စတယ်လာရှေ့မှာ ကြည့်ကောင်းစေဖို့များလား

ဒါကသိသာပါတယ် စေ့စပ်ပွဲအခမ်းအနားအတွက် သူအနည်းငယ်လေးတောင် စိတ်မပူပဲ သူစိတ်ပူတာတခုထဲက အကပင်

သူကိုကြည့်ရင်း သူမရေရွတ်မိသည်
"ကျွန်မဆုတောင်းပေးတယ် အက်စတယ်လာအတွက် ရှင့်ရဲ့ခံစားချက်တွေအတွက် ပိုပြီးရဲရင့်လာဖို့"
နောက်ကျရင် အက်စတယ်လာ သူနှလုံးသားကိုလက်ခံသည် လက်မခံသည်က ပြဿနာတခုမဟုတ်တော့ပေ။

အချိန်ကြာကြာထိန်းထားတဲ့သူ့စိတ် ထပ်ပြီးပျက်စီးသွားမှာ သူမမဖြစ်စေချင်တော့ပေ သူမအပေါ် ထားတဲ့ခံစားချက်တွေ အနည်းဆုံး နည်းနည်းလောက်ဖြစ်ဖြစ် ပေးသိစေချင်သည်
သူမ ဒါကိုရည်ရွယ်ထားမိသည်
* * *
*ညင်သာသောအသံ*

အသက်ရှုသံသေးသေးလေးကြောင့် သူမ ခေါင်းကိုလှည့်မိသည်

ဆိုဖာပေါ်မှာလှဲနေတဲ့ လုရှန်က မျက်စိမပွင့်တပွင့်နဲ့ သူမကိုငေးကြည့်နေသည်

'တစ်၀က်အိပ်ပျော်နေတာများလား'
အဲ့ပုံစံလေးက တအားချစ်ဖို့ကောင်းတာကြောင့် သူမရီမိသွားသည်

"ရှင်ကောင်းကောင်းအိပ်ပျော်ရဲ့လား"
"အွန်း"
"ရှင် ထပ်ပြီးအိပ်ချင်သေးလား"
"အင်း"
"အဲ့ဒါဆိုလဲ ရှင်ဆက်အိပ်တော့"
"အိုခေ"
ကြောင်ပေါက်လေးတကောင်အိပ်နေတဲ့ သူမျက်လုံးတွေ ထပ်ပိတ်သွားသည် ခဏကြာတော့ ပြန်ပွင့်လာခဲ့သည်
အိပ်ချင်မူးတူးဖြစ်နေတာ မရှိတော့ပဲ အံအားသင့်သွားတဲ့ပုံစံနဲ့ ထလာခဲ့သည်
"အို ဘယ်ကထဲကရောက်နေတာလဲ"
"လွန်ခဲ့သောတစ်နာရီလောက်က"

လုရှန်ရဲ့နီရဲရဲ မျက်လုံးတွေ ပြင်းပြင်းထန်ထန် ပြူးကျယ်သွားခဲ့သည်

"ကျွန်တော်တောင်းပန်ပါတယ် ဧည့်သည်ကို ရိုင်းပြမိသွားပြီ"
"ရပါတယ် ရှင့်ကိုကျေးဇူးတယ်ရမယ် ကျွန်မ ကောင်းတာတခုခုတွေ့လိုက်ရတယ်လေ"
"ကောင်းတာတခုခုမြင်လိုက်ရတယ်?"

သူမပြောတာကို မျက်တောင်တခက်ထက်လုပ်နေတဲ့သူကိုကြည့်ရင်း အပြုံးလေးနဲ့ ပြန်ဖြေလိုက်သည်

သူမကို ရှုပ်ထွေးတဲ့အကြည့်နဲ့ ကြည့်နေတဲ့ သူကိုကြည့်လိုက်တော့ မျက်နှာမှာ နီရဲရဲ ရှက်သွေးဖြာနေလေသည်

"ကျွန်တော်ပုံစံက ရှုပ်ပွနေတယ်ထင်နယ် ခဏစောင့် ကျွန်တော်ပြန်လာခဲ့ပါမယ်"

'မဟုတ်ဘူးလေ အဲ့လိုမဟုတ်ဘူး'
သူမ ခေါင်းကို ခါရမ်းမိသွားခဲ့သည် သူမ လုရှန်ကို ‌မတော်တဆ ရှက်အောင်လုပ်မိလိုက်ပြီ ထင်သည်

"ရှင်လုပ်စရာမလိုပါဘူး ဒီနေ့လဲ ရှင်ကြည့်ကောင်းနေတုန်းပါပဲ"
သူမ အခုလို လုရှန်သတိလပ်လွတ်အိပ်နေတာကို မြင်မိသွားခဲ့တာပင်
သူမ လည်ချောင်းကိုရှင်းလိုက်ပြီး သူ့အနားတိုးကပ်သွားလိုက်သည်

"ကျွန်တော် ဘယ်လောက်တောင်အိပ်ပျော်သွားတာလဲ ဆံပင်မသပ်မရပ်ဖြစ်နေမှာပဲ"

သူမလက်ကို လုပ်နေကြဖြစ်နေသလို သူခေါင်းပေါ်သို့ မြှောက်လိုက်သည်
လုရှန် သူမ၏ရည်ရွယ်ချက်ကို သတိထားမိသွားသောအခါ တခဏ တွန့်မိသွားခဲ့သည် ဒါပေမဲ့ သူမ၏ လက်ကိုတော့ မရှောင်ခဲ့ပေ
ထိရတာလွယ်အောင် ဒူးခေါင်းတွေကို အနည်းငယ်ပင်ကွေးပေးလိုက်သေးသည်
ဒါက ထင်ရှားတဲ့ ခွင့်ပြုချက်ပင်

သူမအတွေးထဲမှာ ဟူးရေး ဆိုပြီးအော်နေမိသည်

နေရောင်ထဲမှာ တောက်ပနေတဲ့ ငွေမင်ရောင်ဆံပင်တွေကို ထိတွေ့ချင်နေခဲ့တာကြောင့်ပင်
သူမထင်ထားတဲ့အတိုင်းပင်

"ရှင့်ဆံပင်က ပင်ကူအိမ်အမျှင်တွေလိုပဲ ပါးပြီး နူးညံ‌တယ် ကျွန်မဆံပင်တွေက ကြမ်းတယ်ပြီးတော့ ကောက်နေသေးတယ် ဒါကြောင့် ကျွန်မဆံပင်တွေကိုမကြိုက်ဘူး"

"တကယ်လား"
သူမရိုးရိုးသားသားပြန်ဖြေလိုက်သည်
"ဟုတ်တယ် ကျွန်မ ရှင့်ကို မနာလိုဖြစ်မိတယ်"

လုရှန် သူနဲ့မကိုက်တဲ့ ချီးကျူးစကားကြားလိုက်ရသလို စဉ်းစားရခက်နေပုံပင်

သူမရဲ့အထိအတွေ့ကို ညင်ညင်သာသာလက်ခံရင်း ‌လုရှန်ပြောလိုက်သည်

"လေဒီက ကျွန်တော် ဘယ်တုန်းကမှ မကြားဘူးတာတွေအမြဲပြောတာပဲ"
"ရှင်စိတ်မကျေမနပ်ဖြစ်နေတာလား"

သူမျက်လုံးတွေ ငြင်သာစွာ ကွေး‌လိုက်ရင်း
'No,'
သူရဲ့တိုတို တုပ်တုပ်အဖြေကို စိတ်ကျေနပ်မိသွားသည်

သူက အတိတ်က ပါနေးရားကို ကြည့်နေတဲ့ပုံမဟုတ်ပဲ အခု လက်ရှိသူမကို ကြည့်နေတာလို့ သူမထင်မိသည်

* * *
နောက်ဆုံးမှာတော့ စေ့စပ်ပွဲနေ့က ရောက်ရှိလာခဲ့သည်

"လေဒီ ဘယ်လောက်တောင် လှလိုက်သလဲ"
အန်နီစကားတွေက ရိုင်းစိုင်းတဲ့ကာရိုက်တာနဲ့ မိန်းကလေးအတွက် မြှောက်ပင့်နေခြင်းမဟုတ်ပေ
မှန်တဲ့က ပုံရိပ်ယောင်ကို သူမငေးကြည့်နေမိလိုက်သည်

"အိုဝါး"

ပါနေးရားက အလှကလေးတစ်ယောက်ပင် ဒါပေမဲ သူမက သာမန်ဆန်တဲ့အလှကလေးတစ်ယောက်ပင်
ဒါပေမဲ့ မိတ်ကပ် အ၀တ်အစား လက်၀တ်လက်စား သုံးထပ်လောက်ပြင်လိုက်တော့ သာမန်ဆန်တဲ့အလှအပက အလွန်လှတဲ့အလှကလေးတယောက်အဖြစ်ပြောင်းသွားခဲ့သည်

ထင်ရှားတဲ့ခရမ်းပြာရောင်ဆံပင်တွေကို ညီညီညာညာကောက်ထားပြီး အစိမ်းရောင်မျက်လုံးတွေက မျက်၀န်း တဝိုက်မှာ ခြယ်ထားတဲ့ ခရမ်းရောင်အိုင်းရှဲဒိုးကြောင့် ထင်းလင်းနေသည်
ခပ်မြင့်မြင့်မျက်လုံးတွေနဲ့ နီရဲရဲနှုတ်ခမ်းတွေက အရမ်းဆွဲဆောင်မှုရှိနေလေသည်
သူမအဖေ ခြစ်ကုတ်ပြီးရထားတဲ့ပိုက်ဆံနဲ့ ၀ယ်ထားတဲ့ အနီရောင် ၀တ်စုံကို ၀တ်ထားခြင်းက သူမကို ပိုပြီးမောက်မာတဲ့ပုံပေါ်စေသည်

"တအားခေတ်ဆန်တာပဲ ငါကြိုက်တယ်"
ပျော်ရွှင်နေသောပုံစံနှင့် မှန်ကို ကြည့်နေရင်း သူမခေါင်းကို အန်နီဘက်လှည့်လိုက်သည်
သူမက မိတ်ကပ်ကို ကိုယ်တိုင်လိမ်းသည် ဒါပေမဲ့ တခြားအရာတွေမှာတော့ အန်နီက ကူညီပေးသည် သူမကို အလျော်ပေးရမည်

"အလုပ်ကောင်းကောင်းလုပ်ခဲ့တယ် အန်နီ ကျွန်မ ရှင့်ကို ဘောနပ်စ်နဲ့ အားလပ်ရက်ပေးလိုက်မယ် ရှင်ကြိုက်တဲ့နေရာကို သွားလိုက်ပါ"
အန်နီတယောက် ပျော်ရွှင်နေတဲ့မျက်နှာနှင့် ပြန်ဖြေလိုက်သည်
"ကျွန်မဘ၀တလျှောက်လုံး အကောင်းဆုံးကြိုးစားသွားပါ့မယ် ကျွန်မရဲ့လေဒီလေး"
အလုပ်သမားတယောက်အတွက် ဂုဏ်ယူနေတဲ့ ကောင်းတဲ့တုံပြန်မှုတစ်ခုပင်

အန်နီတယောက် နီရဲရဲဖြစ်နေတဲ့မျက်နှာနှင့် ပြောလိုက်သည်

"ဒီနေ့တော့ လေဒီဆီကနေ မျက်လုံးတွေလွှဲရဲတဲ့သူတောင်ရှိမှာမဟုတ်ဘူး အသင့်ရဲ့ ယောကျာ်းလောင်း‌မပြောနဲ့ ကျွန်မသေချာတယ် သူတော့ အသင့်ကို ပထမအကြည့်မှာတင် fall in loveသွားမယ်ဆိုတာ"

သူမဒီမှတ်ချက်ကို ရီမိသွားသည်
သေချာတာပေါ့ သူမ၀န်ခံလိုက်သည် အခုလက်ရှိသူမက ခမ်းခမ်းနားနားဖြစ်အောင်၀တ်ဆင်ထားပေမဲ့ လုရှန် သူမနဲ့အချစ်မှာကျရှုံးဖို့ကံကြမ္မာက သူ တနေ့မှာ dance machineဖြစ်လာမယ်ဆိုတဲ့ကံကြမ္မာထက် ဖြစ်နိုင်ချေပိုနည်းသည်

"၀မ်းနည်းစရာတဖက်သတ်အချစ်တွေနဲ့တစုံတယောက်က ဘယ်လိုများ တခြားမိန်းမတယောက်ကို ကြည့်နိုင်မှာလဲ"
ထပ်ပေါင်းပြောရရင် အယ်စတယ်လာက ကမ္ဘာပေါ်မှာ စွဲဆောင်မှုတွေအားလုံးရှိတဲ့မိန်းမ‌တယောက်လေ
သူမျက်လုံးတွေရွေ့အောင်လုပ်နိုင်မယ်လို့ သူမ ယုံကြည်ချက်လေးတအောင်စတောင်မရှိပေ
ရှင်တို့ ဖြစ်နိုင်တာတစ်ခုခုကိုသာ မျှော်လင့်သင့်တယ်

သူမ စေ့စပ်ပွဲကို လုံး၀စိတ်၀င်စားခြင်းမရှိပေ သူမတခုထဲစိတ်၀င်စားတာက လုရှန်ပင် သူ့ကိုတွန်းအားပေးဖို့ သူမတတ်နိုင်သလောက် အကောင်းဆုံးလုပ်ပြီးပြီပင်
[အနီရောင်မျက်လုံးတွေက ကျိန်စာရဲ့သင်္ကေတဖြစ်ဝောာ့ဘာအရေးလဲ သာမန်လူတွေလဲရှိနိုင်တာပဲ ချောမောတဲ့ယောကျာ်းတယောက်မှာ ရှိကြည့်ပါလား ဒါကဆွဲဆောင်မှုရှိတဲ့ပွိုင့်တခုပဲ]

[လေဒီရဲ့ စကားတွေအတွက်ကျေးဇူးတင်ပါတယ် ကျွန်တော်က လေဒီပြောသလို မချောမောပါဘူး]

သူမ မှန်ကို သူဆီပေးလိုက်ပြီး ဘာစကားမှမပြောပဲ သူမျက်နှာကို ကိုင်လိုက်သည်
[အခု မှန်ထဲက မျက်နှာကို ငါးစက္ကန့်လောက်ကြည့်လိုက် ပြီးရင်ဟိုနားက ပြတင်းပေါက်မှာရှိနေတဲ့ ပေါလ်ကို ကြည့်လိုက် ဘယ်လိုခံစားရလဲ]

ပေါလ်အတွက် သူမ၀မ်းနည်းမိပေမဲ့ ဒ့ါက လုရှန်အတွက် တည့်တိုးဆန်တဲ့ရိုက်ချက်တစ်ခုပင်
သူမ ဘာအဖြေမှမပြောနိုင်တဲ့ လုရှန်ကိုပြောလိုက်သည်

[သိပ်ပြီးမအံဩပါနဲ့ ကျွန်မကလဲ ရေဘဝဲနဲ့တူတယ် သိပ်ပြီးလဲစိုးရိမ်မနေပါနဲ့ ရှင်ကိုယ်ရှင်နဲ့ ပေါလ်ကိုသာ ဆက်ကြည့်နေလိုက် ဘယ်လိုထင်လဲ ရှင်ကချောတယ်လို့ထင်တယ်မလား မဟုတ်ဘူးလား]

သူထပ်ပြီးမငြင်းနိုင်တော့ပေ
T/N 1st time translationမို့ ထောက်တာ‌တို့ အမှားပါတာတို့ရှိရင် ဒီကဘလူအာအမှားပါQAQ

Continue Reading

You'll Also Like

15.2K 514 34
Type - bl Genre - Fantasy, Romance ဂရိနတ္ဘá€Ŋရီá€ļဒဏá€đဍီရá€Ūá€á€―á€ąá€€á€­á€Ŋ အခှေခá€ķပှá€Ūá€ļ ရေá€ļá€–á€žá€…á€šá€žá€―á€Žá€ļတá€ē့ အခá€ŧစ္ဇီတ္လမ္á€ļလေá€ļတစ္ပá€Ŋဒ္ပá€Ŧ။ ရိá€Ŋá€ļရိá€Ŋá€ļလေá€ļပá€Ŧပá€ē။ ဟိá€Ŋá€ļရá€ūေá€ļရá€ūေá€ļတá€Ŋန်á€ļက...
3.6M 538K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~â™Ĩ~ Type- OWN CRE...
3M 193K 103
ဘá€Ŋန်á€ļပသညယ့ခá€ŧမ်á€ļဟန်ဆိá€Ŋတီ ခá€ŧမ်á€ļ, တစ်ယေီက် တည်á€ļရá€ē့ဥမညယနဎမပá€ēဖှစ်စရေမယ်...။ 1.10.2021 >> 6.2.2022