"ရှင်ပြောတော့ အကကဖို့အတွက် ဘယ်လိုမေးရတယ်ဆိုတာ သိတယ်ဆို"
"သိတယ်လေ"
သူမ ဂါ၀န်အနားကို ဆွဲလိုက်ပြီး သူရှေ့မှာ နည်းနည်းလေးကွေးပြီး နှုတ်ဆက်လိုက်သည်
သူကလဲ သူခေါင်းကို ငုံပြီး နှုတ်ဆက်လိုက်သည်
တခါမှ အကမသင်ဘူးတဲ့လူတယောက်အတွက်တော့ ဒါက လုံး၀ကို သိမ်မွေ့နေတာပဲ
"အခုက လက်တွေကိုင်ရမဲ့အချိန်ပဲ"
လက်ကို ရှက်ကိုးရှက်ကန်းအမူအယာနဲ့ သူမ ရှေ့ထုတ်ကိုထုတ်လိုက်သည်
သူရဲ့လက်ကြီးကြီးပေါ်မှာ သူမလက်ကို တင်လိုက်သည်
သူမထင်ခဲ့တာက လက်ကနူးညံနေမယ်လို့ပေါ့ ဒါပေမဲ့ ကြမ်းနေတယ်
ပထမအထိအတွေ့မှာတော့ သူလက်က ဒဏ်ရာတွေအများကြီး ရှိနေတဲ့အစိုးရရှေ့နေတယောက်ရဲ့လက်လို့ ခံစားရစေသည်
သူမ အရင်က တခါမှ ခက်ခဲတဲ့အလုပ်ဆိုတာ မလုပ်ခဲ့ရဘူး သူမရဲ့ လက်တွေက ကလေးငယ်လေးရဲ့ နူးညံညံလက်တွေလိုပဲ
"လေဒီ ပါနေးရား"
သူ့အသံက သူမ သူရဲ့လက်ကို ငေးကြည့်နေတာကို နှောင့်ယှက်သွားလေသည်
သူမကမြန်မြန်ကြည့်ပြီးပြောလိုက်သည်
"ကျွန်မရှင့်ကို ခြေလှမ်းတွေအကြောင်းအရင်ပြောပြမယ် အဲ့ဒါက နည်းနည်းတော့ခက်တယ် ဒါပေမဲ့ ရှင်သိပ်စိတ်ပူစရာတော့မလိုပါဘူး အထက်တန်းလွှာရဲ့ အထူးချွန်ဆုံးလူတွေထဲက တယောက်က အရှင်ကာဒီယမ်ရှေ့ ရောက်နေပြီလေ"
ဒီလိုပြောလိုက်တာက ပေါက်ကရပြောနေသလိုထင်ရပေမဲ့ ဒါက အမှန်တရားလေ
ပါနေးရားက ကြမ်းတမ်းပြီး စည်းကမ်းမရှိဘူးဆိုပေမဲ့ သူမက တော်၀င်မျိုးနွယ်လေဒီတယောက်လို နူးညံသိမ်မွေ့သည်
ဒါပေမဲ့ စိတ်ကြီး၀င်တာက သူမမရှိကိုအရှိလုပ်တာတစ်ခုပဲ
ဒါပေမဲ့ တခြားတဖက်မှာတော့ လုရှန်က
"ညာဘက်ခြေထောက်က အရင်လာတယ် ဘယ်ခြေမဟုတ်ဘူး"
“အို"
"အခု ရှင့်ဘယ်ခြေထောက် ထုတ်လိုက်"
"တောင်းပန်ပါတယ်"
"ရှင်လုပ်ကမှာက ရှေ့ထွက်လာတယ် နောက်ဆုတ်တယ်လေ ဘာလို့ဒီလောက်အထိခက်ခဲနေရတာလဲ"
"ကျွန်မနေရာယူတော့မယ်"
"ကျွန်မတို့ ကတာပြီးတောင်ပြီးနေပြီလေ သီချင်းကပွင့်နေတုန်း ဒါ ကြောင်တောင်တောင်ဖြစ်မနေဘူးလား?
"ကျွန်တော်လဲအဲ့လိုထင်ပါတယ်"
သူက ကတဲ့နေရာမှာ တကယ်ဆိုးရွားတာပဲ
ဘုရားသခင် ဘယ်လိုလုပ် ဒီလိုဖြစ်လာရတာလဲ
ဒီယောကျာ်းကတအားပြီးပြည့်စုံနေတာ မသိရင် ဘုရားသခင်ကဖန်တီးထားသလိုပဲဆိုပေမဲ့ ဒီယောကျာ်းက ဆိုးရွားတဲ့အကသမားပဲ
'ဟေး စာရေးဆရာ ဒီဖန်တီးမှုက တအားကြင်နာလွန်းမနေဘူးလား'
နေ့တ၀က်လောက်လေ့ကျင်ပြီးမှာတော့ နည်းနည်းတော့ ခရီးပေါက်လာခဲ့သည်
"ကျွန်တော်တောင်းပန်ပါတယ်"
ပထမဆုံးစစသင်တုန်းက အရမ်းတတ်ကြွနေတဲ့လုရှန်တယောက် လုံး၀ကို မျှော်လင့်ချက်တွေပျောက်ဆုံးသွားခဲ့သည်
သူမမြင်နိုင်တယ် သွေးပျက်နေသလို အမြီးကြီး အောက်ကို ငိုက်ကျနေတာလေ
"ကျွန်တော် တခါမှမကခဲ့ဖူးဘူး ဒါကြောင့် ဒီလောက်အထိဆိုးရွားမယ်လို့ မသိခဲ့ဘူး"
သူအပြစ်ရှိတဲ့ပုံစံနဲ့ ပြောလိုက်သည်
"ကျွန်တော်ထင်တယ် ဒါက ကျွန်တော်နဲ့ လုံး၀မကိုက်ဘူး သင်တန်းကို ဒီမှာရပ်ဖို့အချိန်ကျပြီ"
"ဘယ်သူကသင်တန်းကို ရပ်ပြစ်မှာလဲ"
"ဘယ်လို"
သူမ သူကို အရမ်းကြင်နာပြနေတာက သူ ရက်စက်ကြမ်းကြုတ်လာမှာ သူမကြောက်တာကြောင့်ပင်
ဒါပေမဲ့ တခဏအတွင်း ကောင်းမွန်တဲ့ရွေ့လျားမှုတွေမြင်ပြီးတဲ့နောက်မှာတော့ သူမ ဒါတွေ တွေးဖို့ သည်းမခံနိုင်တော့ဘူး
သူမ လုရှန်ကို စူးစူးဝါးဝါးကြည့်လိုက်သည်
"ဒါကို စတင်တာ ကျွန်မပါ ဒါကြောင့် ကျွန်မတယောက်ထဲကသာ အဆုံးသတ်နိုင်တယ် ပြီးတော့ ကျွန်မ အခု သင်တန်းကိုရပ်ပစ်ဖို့ မပြင်ဆင်ရသေးဘူး"
ဒါက ဆိုးရွားတဲ့အကြံပဲ
ဒီလိုကိုယ်လုံးကိုယ်ပေါက်ကောင်းကောင်းနဲ့ယောကျာ်းက ပျက်နေတဲ့ အရုပ်လို ရွေ့လျားနေတယ်ဆိုတာကို သူမ မယုံနိုင်သေးဘူး
ဒါကိုအလွယ်တကူလက်မခံနိုင်သေးဘူး
"အခုချက်ချင်းထလိုက်"
အဖြစ်ချင်ဆုံးက သူမ သူကို စေ့စပ်ပွဲမှာ ရယ်စရာအဖြစ် မြင်ရမှာကို ခွင့်မပြုနိုင်ဘူး
ဘာလို့လဲဆိုတော့ သူက သူမရဲ့ favoriteပဲလေ
* * *
ရက်နည်းနည်းနဲ့ သင်လို့ပြီးမယ်လို့ထင်ခဲ့တဲ့ သင်ခန်းစာတွေက အကန့်အသတ်မရှိ ကြန့်ကြာသွားခဲ့သည်
ကံအားလျော်စွာနဲ့ လုရှန်က စစ်ပွဲပြီးကထဲက အားလပ်ရက်ရှည်ကြီးယူခဲ့သည် သူမအဖေကလဲ စေ့စပ်ပွဲအခမ်းအနားပြင်ဆင်မှုတွေအားလုံးကို ဂရုတစိုက်နေခဲ့သည် ဒါကြောင့် သူမမှာ အချိန်အများကြီးရှိနေသည်ပင်
အဲ့ဒါကိုကျေးဇူးတင်ရမယ် သူတို့ မနက်ကနေ ညနေအထိ လေ့ကျင့်လို့ရသွားခဲ့သည်
"ဟုတ်တယ် တချိန်ထဲ နောက်ကိုလှည့်"
ကမ္ဘာပေါ်မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ သူမမသိတော့ပေ ဒါပေမဲ့ အလှည့်တခုလှည့်တိုင်း သူ အလားအလာကောင်းတဲ့ ရလဒ်ကို ဖော်ပြနေခဲ့တယ်
သူမ တဖက်ကိုလှည့်ပြီ ဆုတောင်းလိုက်တယ်
ကျေးဇူးပြုပြီး ဒီတခါတော့ ကောင်းကောင်းလေးဖြစ်ပေးပါ
တပတ်လှည့်ပြီးတဲ့နောက် သူမမျက်လုံးတွေ ပြူးပြူးလာတယ် ဒါက ပထမဆုံးအကြိမ် သူနေရာတကျရှိနေတာပင်
*ငိုကြွေး*
မျက်ရည်တွေ ထွက်လုနီးပါး
ထင်တဲ့အတိုင်းပဲ လူတယောက်က ဘာမဆို လုပ်နိုင်တယ်
ဟုတ်ပြီ ခြေလှမ်းတွေက သံစဉ်နဲ့အနည်းငယ်ကီးမကိုက် မမှန်သေးပေမဲ့ အရင်ကထက် ပိုပြီးတိုးတတ်လာတယ်
ကြိုးစားအားထုတ်မှုက သင့်ကို ဘယ်တော့မှ စိတ်မပျက်စေရဘူး
'ရှင်ကောင်းကောင်းလုပ်နိုင်ခဲ့တယ်'
သူမရဲ့ချီးကျူးမှုကြောင့် သူရဲ့စိတ်ပျက်နေတဲ့အမူအယာကို လျော့ကျသွားစေသည်
"အဲ့လိုလား"
"ဟုတ်တယ် အနည်းဆိုးတော့ အကတစ်ခုနဲ့တူသေးတယ်"
"ဒါဆိုအရင်က မတူဘူးလား"
"မဟုတ်ပါဘူး ကျွန်မထင်နေခဲ့တာ ရှင်ကို ကမ္ဘာရဲ့နတ်ဆိုးဆိုပြီးခေါ်ခံနေခဲ့ရတာလေ"
“……”
လေထုက ချက်ချင်းကို ကျဆင်းသွားခဲ့သည်
သူမပါးစပ်ပိတ်ဖို့ နောက်ကျသွားခဲ့ပြီ
ဒီသောက်ပါးစပ်ကတော့ သူမ အခုတလော စည်းကမ်းကြီးတဲ့ဆရာမကာရိုက်တာထဲ တအားနစ်မြုတ်နေခဲ့သည် ဘာကအရေးကြီးဆုံးလဲဆိုတာကိုမေ့ပြီး
သူကတော့ yandere ဒုတိယဇာတ်လိုက်အဖြစ်ပြောင်းတော့မယ်ထင်တယ်
စော်ကားပုတ်ခက်တာကို ဘယ်တော့မှမလုပ်ကြပါနဲ့
သူမ ရှက်ကိုးရှက်ကန်းအပြုံးနဲ့ တခြားကိုလှည့်လိုက်မိသည်
"အာ ဖြစ်နိုင်တာက ရှင်အလုပ်ကြိုးစားတာကြောင့်ပေါ့ ကျွန်မရေဆာနေပြီ ကျွန်မတော့ အသီးဖျော်ရည်တခွက်လောက်သောက်ကြမလား"
"ကောင်းပြီ"
သူ အသံအက်အက်နဲ့ ပြန်ပြောလိုက်သည်
အခုထိ နေ့တိုင်း မျက်နှာချင်းဆိုင်ပြီး ကခဲ့တာ အကျိုးရှိပုံရတယ် သူနဲ့ သူမအကြား လည်ပတ်နေတဲ့ လေထုကလဲ ပိုပြီး ပေါ့ပါးလာခဲ့သည်
အနည်းဆုံးတော့ သူတို့ပထမဆုံးစတွေ့တဲ့နေ့ကလိုတော့ ကိုရီးယားဖတ်စာအုပ်ဖတ်နေရသလိုခံစားရသော ရှက်ကိုးရှက်ကန်းစကား၀ိုင်းလိုဖြစ်မနေတော့ပေ
လိမွန်ဖျော်ရည်ကို ဖြည်းဖြည်းချင်းသောက်ရင်း လုရှန်ကို ကြည့်လိုက်သည်
သူက မက်မွန်သီးနဲ့လုပ်ထားတဲ့ ပန်းရောင်ဖျော်ရည်ကိုသောက်နေခြင်းပင်
သူမမတတ်နိုင်ဘူး ရီမိလိုက်သည်
ချစ်ဖို့ကောင်းတယ်
၀တ္ထုထဲမှာမပါတဲ့ ဒီလိုအကြောင်းအရာသေးသေးလေးတွေကို သိလိုက်ရတာက ၀မ်းသာရတာထက်ပိုတယ်
သူမတခစ်ခစ်ရီနေချိန် လုရှန် သူမျက်လုံးတွေကို သူမဆီရွေ့လိုက်သည်
သူမကိုကြည့်ရင်း အကြည့်တွေအောက်ချရင်း သူပြောလိုက်သည်
"လေဒီပါနေးရား မေးခွန်းတစ်ခုလောက်မေးလို့ရမလား"
"ရှင်ကြိုက်သလောက်မေး"
"ဘာလို့ ကျွန်တော်ကိုကူညီဖို့ ဒီလောက်ကြိုးကြိုးစားစားလုပ်နေရတာလဲ?"
'အမှန်တရားကတော့ အမျိုးသမီးဇာတ်လိုက်အတွက် တိုးပွားလာမဲ့ရှင်အချစ်တွေကြောင့် ရက်စက်သူအဖြစ်ပြောင်းသွားစေမဲ့ ရှင့်အချစ်တွေကြောင့်'
'ကျွန်မက ရှင်ကို ဆဲတဲ့စကားတွေနဲ့ သုံးပြီး ရှင် သတ်ချင်းခံရမဲ့ဇနီးလောင်းမဖြစ်ချင်တာကြောင့်လေ ဟဟဟဟ'
သူမမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားဖို့ ရည်ရွှယ်ချက် နည်းနည်းလေးတောင်မရှိပေ
သူမ ယုတ္တိရှိတဲ့အဖြေတခုဖြေလိုက်သည် ပြောလို့ကောင်းမဲ့ စကားတစ်လုံးတောင်မရှိတာကြောင့်ပင်
"ဘာလို့လဲဆိုတော့ ရှင်က ကျွန်မအမျိုးသားလောင်းလေ တခြားသူတွေ ကျွန်မfiancè အကမကောင်းတဲ့အကြောင်းဝေဖန်နေတာကို နားမထောင်ချင်ဘူး"
သူမပြောလိုက်သောစကားတွေက သူကို အံအားသင့်သွားစေသည်
'နေအုမ်း နည်းနည်းလေး bitchyဆန်မနေဘူးလား?'
သူမက သူဘက်ကပင် ဒါပေမဲ့ ပါနေးရားရဲ့ ခပ်တည်တည်မျက်နှာ အနည်းငယ်မြှင့်တဲ့ အမြင့်သံက မယုံနိုင်လောက်အောင် ခက်ထန်တဲ့ပုံဆန်စေသည်
သူမ ပိုဝေးဝေးသွားမိပြီ
"ကျွန်မကိုအထင်မမှားပါနဲ့ အရှင်ကာဒီယမ်ကြောင့် အရှက်ရတယ်လို့ ပြောနေတာမဟုတ်ဘူး"
'ကျွန်မက ရှင့်ကိုပြောနေတာ'
သူမကို ယုံကြည်ပါစေလို့ မျှော်လင့်မိတယ် လုရှန် သူမကိုကြည့်ရင်း အနည်းငယ်ရယ်လိုက်သည်
"ကိုယ်သိပါတယ်"
“……”
"လေဒီပါနေးရားက ကိုယ်ဘက်ကဆိုတာကို"
'အို ဒါလား'
ဒါက သူဆီ ရေးလိုက်တဲ့ ပထမစာထဲက ဟာပဲ
ဒီစကားလုံး သူပါးစပ်ကနေထွက်လာလိမ့်မယ်လို့ သူမမထင်ထားပေ
'ရှင်က အဲ့လိုကြားရတာကြိုက်တာလား'
သူမ၀မ်းသာမိတယ် "ရှင့်ရဲ့ဇနီးလောင်း ပါနေးရားဆီမှ"လို့မရေးမိခြင်းကို
အတိတ်ကသူမကိုသူမ တော်တယ်လို့ချီးမွမ်းမိတယ်
အတိတ်က သူမကို ချီးမွမ်းနေစဉ် လုရှန်ရဲ့အသံကိုကြားလိုက်ရသည်
"လေဒီပါနေးရားက အဲ့လိုပြောတာ ဒုတိယတယောက်ပဲ "ကျွန်မကရှင်ဘက်က"လို့ရေးတာ ဒါကြောင့်မို့ ဒီစာက ထင်မြင်ချက်တစ်ခုရသွားစေတယ်"
"ပထမလူကဘယ်သူလဲ"
သူမမေးလိုက်တယ် ဖြေလာမဲ့နာမည်က ဘာလဲဆိုတာကို သိနေရင်း
နတ်ဆိုးရဲ့ကျိန်စာအောက်မှာမွေးဖွားလာတဲ့ ကလေးတယောက် မွေးပြီးပြီးချင်းမှာတင် စွန့်ပစ်ခံခဲ့ရတယ်
အထီးကျန်စွာရှင်သန်လာရတဲ့ သူ့အတွက် ပထမဆုံးလက်ကမ်းပေးသူ
"အက်စတယ်လာပါ"
မျှော်လင့်ထားတဲ့အဖြေဖြစ်နေသော်လည်း သူအသံက သူမအသဲကို နက်နက်တူးသွားစေသည်
သူက နာမည်လေးတစ်ခုပဲ ပြောလိုက်ရုံနဲ့
'အဲ့လိုဖြစ်လာတာကို ငါက ဘာလို့ အရမ်း၀မ်းနည်းနေရတာလဲ'
နီရဲရဲမျက်လုံးနဲ့ကလေးငယ်က တည်ငြိမ်အောင်ကြိုးစားနေခဲ့သည် ဖုံးကွယ်ဖို့လုပ်နေတဲ့ စိတ်ခံစားချက်အပိုင်းအဆတွေက ကြည့်ရသူကို အသဲနာစေသည်
"သူတော်စင်မက အရှင်ကာဒီယမ်ကို မြို့တော်ဆီခေါ်လာခဲ့တယ် ပြီးတော့ စစ်သည်ဖြစ်အောင်လုပ်ပေးခဲ့တယ် ဟုတ်တယ်မလား"
"ဟုတ်တယ်"
သူမ ဘာမှထပ်မေးနေစရာမလိုတဲ့ ရှင်းလင်းနေတဲ့ဇာတ်လမ်းတစ်ပုဒ်ပဲ
အက်စတယ်လာ အမှောင်ထဲကလူတွေ ပြည်တန်ဆာအိမ်ကလးတွေနဲ့ အင်ပါယာထဲက အိမ်မရှိတဲ့သူတွေကို ကယ်ဆယ်ပေးတဲ့သူမက ဆင်ခြေဖုံနေရာမှာကြီးပြင်းလာတဲ့ လူရှန်ကို ခေါ်လာခဲ့သည်
အက်စတယ်လာရဲ့ကာကွယ်မှုအောက်မှာ လုရှန်တယောက် လူတွေကြားတဲ့ ပထမဆုံးနေနိုင်လာခဲ့သည်
သူ စကားဘယ်လိုပြောရမယ်ဆိုတာသင်ခဲ့သည် ဘယ်လိုရေးရမယ်သင်ခဲ့သည် ဓားဘယ်လိုကိုင်ရမယ် လူတွေနဲ့ဘယ်လိုဆက်သွယ်ပြောဆိုရမယ်ဆိုတာကို သင်ယူခဲ့သည်
အဲ့လိုလူတယောက်ကို ချစ်တယ်ဆိုတာ သဘာ၀ပါပဲ
လက်ချောင်းလေး တချောင်း နဲ့တောင်မထိရက်လောက်အောင်
ခံစားချက်တွေလွှတ်ထွက်သွားမှာကြောက်စိတ်ကြောင့် စစ်မြေပြင်မှာ လှည့်လည်သွားလာနေရလောက်အောင် လုံလောက်ပါသည်
ငါမလုပ်သင့်ဘူး ဒီလိုဇာတ်ကွက်ကိုမြင်ရင်တော့ ပဲခေါက်ဆွဲမစားနိုင်ပဲ ငိုနေမိမှာပဲ ဘာလို့များ ကြမ်းတမ်းတဲ့နှလုံးသားကို ဖုံးကွယ်ထားရတာလဲ
နောက်ကျရင် သူနှလုံးသားကို မထိန်းချုပ်နိုင်တော့ပဲ နတ်ဆိုးဖြစ်လာလိမ့်မယ်
"ကျွန်မသာ အရှင်ကာဒီယမ်ဆို သူမကို ချစ်နေမိပြီလို့ တွေးမှာပဲ"
သူမရဲ့ ရုတ်တရက်ပြောလိုက်တဲ့မှတ်ချက်ကို သူအနည်းငယ် မယုံကြည်ပုံပင်
အနာကို ထိမိလိုက်သလိုပဲ
သူမ ဂရုမစိုက်ပဲ တည်တည်ငြိမ်ငြိမ်နဲ့ဆက်ပြောလိုက်သည်
"ဘာလို့လဲဆိုတော့ သူမက ကျွန်မကို ငရဲကနေကယ်ဆယ်လာခဲ့တာလေ"
“……”
"နေ့တိုင်း ကျွန်မဆိုလိုတာက မိနစ်တိုင်း စက္ကန့်တိုင်း ကျွန်မအချစ်ကို ၀န်ခံနေမှာ"
'ငါ ဒီအကြောင်း မြန်မြန်ထုတ်ပြောမိတာကို ရှင်ကတော့ တကယ်အံဩနေမှာပဲ'
'ရှင်ထင်ရင်ထင်နိုင်တယ် ရှင့်ရဲ့ထူးဆန်းတဲ့ဇနီးလောင်းက အဓိပ္ပာယ်မရှိလျှောက်ပြောနေတယ်လို့'
အခုထိ သူမ ဒီအကြောင်းကို တကယ်ပြောချင်မိခဲ့တာပင် သူမမျှော်လင့်မိတယ် ပိတ်ထားတဲ့သူ့နှလုံးသား နည်းနည်းလောက်ဖွင့်လာလိမ့်မယ်လို့
လုရှန် သူမကို မျက်လုံးပြူးကြီးနဲ့ ကြည့်နေသော သူက တောင့်တင်းနေတဲ့ရုပ်နဲ့ပြောလိုက်သည်
"မင်းကတော့နောက်နေတာပဲ လေဒီ ကျိန်စာတိုက်ခံထားရတဲ့ယောကျာ်းတယောက် အဲ့လိုစကားမျိုးပြောရင် သူတော်စင်မ ထွက်ပြေးသွားမှာတောင် ငါကြောက်မိတယ်"
"တကယ်လား"
သူပြောတာ အဓိပ္ပာယ်မရှိသလို မျက်လုံးတွေကိုကွေးပြီး ပြုံးလိုက်မိသည်
"သူမကလဲ သာမန်မိန်းမသားတယောက်ပါ သူမမှာသာ ထူးဆန်းတဲ့အရသာတွေသာမရှိရင် ကျွန်မပြောနိုင်တယ် သူမ ဒီလိုစကားမျိုး ပြန်ပြောလိမ့်မယ်"
သူမ ပါးစပ်ကို လက်နှစ်ဖက်နဲ့ကွယ်ရင်း
“Awe~~ some!”
'အို ငါဘာလို့ ဒီလိုအမြဲလုပ်မိတာလဲ'