ဖြစ်ခဲ့ပြီးသောအခြေအနေအချို့ကိုမျက်ကွယ်ပြုကြရင်း ပဲရစ် ကိုပြန်ရောက်တာတောင် ၁ ပတ်လောက်ရှိရောပေါ့။စကော်လာရှစ်ကျောင်းသားတစ်ယောက်အနေနဲ့ ကျောင်းတော့တက်ပြပြီး စာလုပ်ပြရဦးမည်ဖြစ်သည်။
ပျင်းရိရိမဖြစ်နေပေမဲ့ အချစ်စွမ်းအားကြောင့် ချစ်ရသူဘေးမှမဖဝါးတောင်မသွားချင်။
နေရောင်ခြည်ဘယ်လောက်ပဲဆူးနေပါစေ..။ဘေးနားကဟောက်သံလေးကိုမသိမသာ နားထောင်ချင်သေးသည်မို့နေရှိရာဘက်ကိုဆက်ပြီးမျက်နှာမူရင်း ဆောင်ကိုဖတ်ကာ ကွေးနေမိသည်။
"ကျောင်းသွားရမယ်...ထတော့"
ရုတ်တရပ်ဟောက်သံလေးဟာ ရပ်သွားပြီး သူ့အားသတိပေးစက်အဖြစ်ပြောင်းသွားပြန်သည်။
"ကျွန်တော်က ကျောင်းသွားရမှာမှန်ပေမဲ့ အီဟီဆွန်းရဲ့ အလုပ်သမားမို့ အလုပ်ပဲလုပ်ပါမယ်!"
ကျောဆက်ခိုင်းထားပြီး အီသန်ပြောသည့် အိပ်ချင်မူးတူး အသံဖြင့်တစ်သံထဲဖြစ်အောင်တုန့်ပြန်လိုက်သည်။အသဲ့သဲ့တော့ခိုးရီရသည်ပေါ့။
တစ်ဘက်ကကျေနပ်သည် မကျေနပ်သည်ကိုတော့သူမသိချင်တော့..။
"၁ ၂ ၃ လို့ကိုယ်ရေမယ်... အဲ့အတွင်းထရင် ညနေကျောင်းပြန်တာနဲ့ Eiffel ပေါ်လိုက်ပို့ပေးမယ်!"
အီသန်အမိန့်သံမာန်ပါပါနှင့်ပြောလိုက်သည်။တစ်ဘက်က ကလေးကတော့ဘာတုန့်ပြန်မှုမှမလာပေ။ထိုတော့ ၁ ၂ ၃ ရေတွက်ရန်ပြင်ရသည်ပေါ့။
"၁"
"....."
"၂..."
"ထပြီ ထပြီ ဒါမဲ့ယောကျာ်းစကားအတိုင်း ညနေကြရင်တော့ Eiffel ကိုလိုက်ပို့ရမယ် အီဟီဆွန်း!"
၂ ရေဖို့ပြင်ထဲက အိပ်ရာပေါကထလာတာမြင်ပေမဲ့ နှုတ်ခမ်းထော်ခါးထောက်ပြီး ရန်တွေ့တဲ့မျက်ဝန်းတွေနဲ့သူ့ကိုအဲ့လိုပြောမယ်တော့သူမထင်ထားဘူးလေ။ အိပ်ရာနိုးနိုးခြင်းဖြစ်တော့ ရှုပ်ပွနေတဲ့ဆံပင်လေးနဲ့ သန်းထားလို့ တစ်စို့နေတဲ့မျက်ရည်စလေးတွေကလဲ တကယ့်ချစ်စရာအာပေတူးလေးဆိုတာပိုသိသာစသည်။
"ဟုတ်ပါပြီ ကိုယ်လိုက်ပို့မှာပါ ဒီနေ့ meeting ရှိလို့ ကိုယ်လိုက်မပို့နိုင်ဘူးနော်"
လှည့်ထွက်လို့ အိပ်ခန်းတံခါးနားကနေပြန်လှည့်လာပြီးမှမေးသည်...
"အီဟီဆွန်းကဘာကြီးလဲ?.."
"ဟင်? ကိုယ်က လူလေ ဘာလဲ ကိုယ်အရမ်းချောနေလို့လား? အာ့ဆိုလဲကျေးဇူး-"
သူစကားပြာလို့မဆုံးခင်မှာပဲ သူ့ပါးစပ်ကိုလက်ဖြင့် အုပ်ကာမျက်လုံးပြူးပြရင်း..
"No! ပြောချင်တာကကွာ အီဟီဆွန်းက Chicago မှာလဲအလုပ်တွေရှိတယ်ပြောတယ်၊ အမ်း...စားသောက်ဆိုင်လဲဖွင့်ထားတယ်၊ပြီးတော့ Paris မှာလဲ design Comapny ရှိတယ်ဆိုတော့...နဲနဲစဉ်းစားစရာပဲ! ပြီးတော့ ဝတ္ထုတွေ၊ရုပ်ရှင်တွေထဲကလို အီဟီဆွန်းကို ဂျာနယ်တွေ၊စာစောင်တွေ၊တီဗွီတွေ၊ ဆိုရှယ်မီဒီရာတွေ မှာလဲထည့်မရေးဘူး။ပြီးတော့ အီဟီဆွန်းကို ဓါတ်ပုံလိုက် ဇာတ်လမ်းတွေထဲကလိုလိုက်မရိုက်ဘူး။ အဲ့ဒါဘာလို့လဲ?"
များပြားလှပါသော စာအုပ်ရူး၊ရုပ်ရှင်ရူး လေးရဲ့မေးသမျှ အမေးနဲ့ information တွေအကုန်လုံးကို မနဲလိုက်ဖမ်းပြီး ခေါင်းစဉ်စီလိုက်ရင် main point က သူဘာလို့နာမည်မကြီးတာလဲ ဆိုတာဖ့စ်သည်။
"အဲ့ဒါ ရုပ်ရှင်နဲ့၊စာအုပ်လေ ကောင်လေးရဲ့ Chicago မှာတော့ Ethan Lee ဆိုတာဘယ်သူလဲဆိုတာတော့သိတာပေါ့ ပရောဂျက်တော်တော်များများ ကိုယ်မပါရင်မှမပြီးတာ...
အခုကလဲ ကိုယ် Paris မှာအချိန်လာကုန်နေတာက ထိမ်းသိမ်းထားရတာတစ်ခုကြောင့်ရယ် ဒီတစ်ခေါက်ပွဲမှာ ကိုယ်တိုင်design ရေးပေးချင်လို့ရယ်။ပြီးတော့ ရုပ်ရှင်တွေ၊ဝတ္ထုတွေထဲကလို အပြင်လောကမှာ သူဌေးတွေကို အပြင်လူတွေ.. အထူးသဖြင့် မီဒီရာတွေကတောင် စောင့်ကြည့်တာ မရှိသလောက်ပဲ။
ဘာလို့လဲဆိုတော့ ကိုယ်တို့လို စီပွါးရေးသမားတွေက လူတွေထဲက လူဖြစ်သလို celebrities တွေလဲမဟုတ်ကြဘူးလေ။ ရုပ်ရှင်တွေ၊ဝတ္ထုတွေက ပေါပင် အထင်ကြီးအောင်ရေးကြတာပါ"
သူ့အဖြေကို သဘောမကျဟန်။အဲ့ကောင်လေးမျှော်လင့်တေတာက ဂျာနယ်တွေစာစောင်တွေမှာ ထင်ပေါ်ကျော်ကြားစေချင်သလိုမျိုးပင်။ အဲ့ကိစ္စကို လျစ်လျူရှု့ဖိုါပြောပြီး ရေချိုးခန်းထဲအဆင်းထည့်ပေးလိုက်သည်။ သူကတော့မနက်စာပြင်ဖို့လုပ်ရမယ်။
မနက်စာကိုတော့သိပ်ပြီးထွေထွေထူးထူးသူမလုပ်ချင်ဘူး။အိမ်မှာရှိတဲ့နို့တွေခဲချည်နေလောက်ပြီမို့ မျက်စောင်းထိုးဆိုင်က ပေါင်မုန့်ကိုသွားဝယ်ပြီး ကော်ဖီဖျော်ကာထားပေးထားလိုကသည်။
ရေ၊မိုးချိုး အဝတ်စားလဲပြီးထွက်လာတဲ့ကောင်လေးကို ထိုင်ရန်ခုံလေးထုပ်ပေးလိုက်ပြီး သူကတော့အမြန်ရေချိုးခန်းထဲဝင်သွားလိုက်သည်။
➖
မစီးရတာကြာတဲ့ bus ကိုပြန်စီးရတော့ခေါင်းတောင်မူးလာသည်။ ကယ်တော်မူကြပါသူ့အဖြစ်ကို! ချက်ချင်းပြစ်ချခံလိုက်သလိုမျိုးကြီး။ဒါမဲ့လဲ ညနေကြ Eiffel ပေါ်သွားမယ်ဆိုတော့လဲ စိတ်လျှော့ပေးလိုက်ပါတယ်လေ။
စာသေချာလိုက်မကြည့်ဖြစ်တာအနဲငယ်ကြာပြီဖြစ်သည်။ ဒီနှစ်ကိုပဲစကော်လာရထားတာဆိုတော့လဲ အနဲငယ် စာလုပ်ပေးလိုက်ပါဦးမည်။ နောက်နှစ်ကြရင်တော့ သူကျောင်းစားရိတ်နဲ့ နေဖို့ စားဖို့ သူလုံလောက်အောင်ရှာဖွေတက်နေပြီဖြစ်သည်။နောက်နှစ်မေဂျာပြောင်းဖို့လဲစဉ်းစားထားသည်။ဝါဿနာပါသည့် Sale & Marketing အပိုင်းကိုပြောင်းမည်။အဲ့လိုမဟုတ်ရင်လဲ အီဟီဆွန်းကို အပိုင်ကြံမယ်! ဘဝအပျက်ခံပြီးအပိုင်ကြံကာ Chicago အထိလိုက်သွားမည်ဟုဆုံးဖျက်လိုက်သည်။
အခုလောလောဆယ်တော့ စကော်လာကျောင်းသားဆိုတဲ့နာမည်နဲ့ အတန်းရဲ့ အာရုံကိုဟန်ပြခံရမည်။
အခန်းရဲ့အရှေ့ဆုံးမှာထိုင်ပြီး အလယ်တန်းတုန်းက စာတွေပြန်သင်နေရတာပေါ့။
(ကိုရီးယားစာပေ ပါ UFL) မဟုတ်ပါဘူး။
အတန်းချိန်တစ်ချိန်၊တစ်ချိန် ကိုဖင်ပူကြိမ်းနေအောင်ကိုထိုင်ရပြီး ပျင်းရိရိနဲ့မို့ မောက်အိပ်လိုက်ချင်ပေမဲ့လဲ လျှာရည်ပြီး အရှေ့ဆုံးမှာသူထိုင်ခဲ့မိသည်လေ။
Breaktime မှာလဲ သူအပြင်မထွက်ပဲ ပြတင်းပေါက်မှာခိုနားနေတဲ့ငှက်ကလေရတွေကိုငေးကြည့်နေလိုက်တယ်။ အဲ့ငှက်က အရမ်းရုပ်ဆိုးပေမဲ့ အီဟီဆွန်းနဲ့တူတယ် ဟူပြီးစိတ်ထဲကြိတ်မှတ်လိုက်သည်။
နောက်ထပ်အချိန်ကိုကြည့်လိုက်တော့ ပြင်သစ်သမိုင်း တဲ့လေ။ သူစိတ်အဝင်စားဆုံးဘာသာရပ်တစ်ခုပေါ့။
➖
ဆောင်းဦးမို့ ကျောင်းထိပ်ရှေ့ကသစ်ပင်မှာ မေပယ်လ်ရွက်တွေ ထိန်ထိန်စီနေသည်။သူ Eiffel သွားရတော့မယ်။အိမ်မက်တစ်ခုလိုပဲ ဒီဟာကအိမ်မက်ဆိုရင် နိုးမဖို့မျှော်လင့်တယ် ချစ်ရတဲ့ ပဲရစ်ရော၊နှလုံးသားထဲက အီသန်ရော။
တီတီ*
ကားအနက်လေးတစ်စီးဟာ သူ့ရှေ့ကိုအညှင်အသာထိုးရပ်ပြီး ဟွန်းတီးကထဲကိုက သူသိလိုက်ပါပြီ နှစ်ယောက်မရှိသော ထက်မြက်တဲ့သူ့ အီဟီဆွန်းပေါ့။
နှစ်ခါလောက်တွေဝေမနေပဲနဲ့ ချက်ချင်း ကားပေါ်ပြေးတက်ကာ စိတ်လှုပ်တရှား ခြေထောက်ကိုလှုပ်နေမိသည်။
"Eiffel သွားမယ် မောင်းလေ"
ကားမမောင်းပဲ သူ့အပြုအမှုကိုကြောင်တောင်တောင်နဲ့ကြည့်နေတဲ့ အီဟီဆွန်းကို သူပိတ်ထုချင်လာပြီရယ်။ Eiffel လိုက်ပို့ချင်ဘူးထင်တယ်။ သူမပို့ချင်လဲ ရအောင်သွားဖို့စဉ်းစားပြီးသားမို့ မျက်နှာတင်းတင်းပြောင်ပြောင်နေကာခပ်တည်တည် အရှေ့ကိုသာခေ့င်းလှုပ်ကြည့်နေလိုက်သည်။
"မောင်းမှာပါ ငြိမ်ငြိမ်လိုက်ကြားလား?"
"စွာလိုက်တာ"
➖
"ရောက်ပြီဆင်း"
သူအလုပ် လုပ်ဖူးခဲ့တဲ့စားသောက်ဆိုင်ရှေ့ကားထိုးရပ်လိုက်ပြီး ကားပေါ်ကနေမှဆင်းခိုင်းလာသည်။ဘာလဲ အီဟီဆွန်းဆိုတဲ့လူသူ့ကိုမလိမ့်တပတ်လုပ်သွားသည်လား?
"မဆင်းဘူး ဒါကအီဟီဆွန်းဆိုင် Eiffel မဟုတ်ဘူး"
အီသန်ဟာ စိတ်အကျပ်ရိုက်သွားပေမဲ့လဲ မငြီးမငြူရက်စွာ ပင်။
"ဒီမှာကားရပ်ခဲ့ပြီး Eiffel ကိုလမ်းလျှောက်သွားမယ်လေ Eiffel ကိုနောက်ခံထားပြီးဓါတ်ပုံလှလှလေးလဲရိုက်ကြရတာပေါ့"
မသိချင်ယောင်ဆောင်ပြီး ကားတံခါးကိုဝုန်းခနဲပိတ်ကာထွက်သွားခဲ့ပြန်သည်။ထိမ်းသိမ်းရအတော်ခပ်တဲ့ကောင်လေးကို လက်လွှတ်ပေးလိုက်ရရင်တော့လေ...။
တကယ်တမ်းကြတော့လဲ သူမလုပ်နိုင်။
"ဟေးးး စောင့်ဦး"
လမ်းကြားထဲကနေ လမ်းမအထိ အပြေးထွက်သွားသော ကြောင်ပေါက်အားလိုက်တားရမည်။မတော်တဆဆိုသည်ကမြင်၊ထိရသောအရာမဟုတ်တာမို့ ဒီကောင်းလေးတစ်ခုခုဖြစ်ရင် အားလုံးရင်ကျိုးရချည်ရဲ့။
တဇွတ်ထိုးဆန်တဲ့ကောင်လေးကသူ့စကားနားမထောင်ရှာဘူး။ထဇွတ်ထိုးလေးကလဲ ချစ်ဖို့ပဲကောင်းနေတော့တာပဲ။
အီသန်အနောက်ကနေပြေးလိုက်သွားကာပုခုံးလေရကိုဖတ်လိုက်တော့လှည့်တောင်ကြည့်မလာခဲ့ဘူး။
"လူဆိုးလေး"
"ခများကမှအရူး"
"ဟောဗျာ"
ရှေ့သို့ဆက်မလျှောက်သွားကြပဲ အီသန်ဟာ ဂျောင်ဝန်းပုခုံးကိုဆွဲလှည့်လိုက်ကာ သူ့ထက်အနဲငယ်အရပ်ပုနေသောဂျောင်ဝန်းကို မေးထိုးငုံ့ကြည့်လိုက်သည်။ သူ့အကြည့်တွေကိုဂျောင်ဝန်းမရှောင်လွဲသွားခဲ့ပဲ တစ်စိမ့်စိမ့်ကြည့်နေသည်။
သူ...ဒီလောက််ဆိုသဘောပေါက်သွားပြီ။
အိုး..ကောင်လေးရယ်။
"သွားရအောင် အချိန်ရှိတုန်းလေး"
"အင်း"
➖
Tower ဖို့တက်ဖို့ ဓါတ်လှေကား စောင့်နေချိန်မှာ စောနက အကြည့်တွေကြောင့် ရင်ပူရတဲ့သူ ပူ၊ ကြိတ်ကျေနပ်နေသူက နပ်နေရောပေါ့။ ဒီဟာသာပြိုင်ပွဲသာဆို ဘယ်သူနိုင်မလဲ?
လူများလှစွာသောဓါတ်လှေကားကို အမြင့်ဆုံးထိရောက်အောင်စီးနိုင်ဖို့သတ္တိသူ့စီမှာရှိမနေ။ ဓါတ်လှေကားဘေးက ရိုးရိုးလှေကားနှင့်သာသူတက်မည်။
"အီဟီဆွန်း ကျွန်တော် ဓါတ်လှေကားမစီးရဲဘူး"
အကြောက်တရားကိုရင်မှာပိုက်၍ပြောလိုက်ရတာကို သူနားလည်ပါစေ။
"အင်း...သွားကြတာပေါ့"
လှေကားလေးနဲ့ တစ်ထပ်ပြီးတစ်ထပ်တက်လာခဲ့ကြတယ်။တဖြည်းဖြည်းနဲ့နိမ့်ကျန်နေခဲ့တဲ့မြေပြင်နဲ့ မြေပြင်ပေါ်က ဝတ္ထုတွေဟာ ပိုပိုပြီးကြည့်လို့ကောင်းလာခဲ့တယ်။ တဟူးဟူး တိုက်ခက်တဲ့လေအေးလေးတွေက လွှင့်လွှင့်လေး။ကြောက်လို့သာ လှေကားနဲ့တက်ခဲ့ရတာ မောလိုက်တာ...။
ဟော ခနဲမြည်တဲ့အထိအသံရှုသံတွေဟာပုံမှန်မဟုတ်တဲ့ကောင်လေးကိုသတိထားမိလာသည်။
"အဆင်ပြေရဲ့လား"
"အင်းပြေ..ပြေပါတယ် ဆက်တက်ကြစို့"
မောဟိုက်နေပေမဲ့လဲ စိတ်လျှော့ချရင်းပြောလိုက်သည်။ မောနေရင်တောင် ချစ်ရသူနဲ့ အတူရှိရချိန် စက္ကန့်တိုင်းကိုမြတ်နိုးတာမို့ ဒါလေးကတော့ အေးဆေး။
300m လောက်မြင့်တဲ့အမြင့်တစ်ခုကိုလမ်းလျှောက်တက်လာခဲ့ရပေမဲ့မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ တကယ်အမောပြေစေသည်။
လှမ်းမြင်နေရတဲ့ စိန် မြစ်နဲ့ ခေတ်ဟောင်း အဆောက်အဦးတွေ... အသေးအမွှားလေးတွေအနေနဲ့သာမြင်နေရသည်။
ထိုမြင်နေရတဲ့ အဆောက်အအုံတွေရဲ့ လမ်းကြားအချို့မှာ သူနဲ့ အီဟီဆွန်း ခြေရာတွေ ထင်ဟပ်နေပါဦးမည်။
ကိုယ့်အတွေးနဲ့ကိုယ်သာကြည်နူးနေမိရင်း လှပတဲ့တိမ်တိုက်တွေနဲ့ မြင်နေရတဲ့ မြင်ကွင်းကျယ်ကျယ်ဟာ အမည်မသိတဲ့အေးချမ်းမှု့ကိုပေးသည်။
အေးမြသောလေအေးအေးကိုရှုရှိုင့်လိုက်ပြီး ဘေးဘီကိုကြည့်မိတော့ အီဟီဆွန်းကိုသူမတွေ့တော့။စိတ်ပူပါသည်။လူကြီးပုံစံနဲ့ ကလေးစိတ်နဲ့ ထိုလူကြီးကိုသူတကယ်စိတ်ပူပါသည်။ဟိုတစ်ခေါက်ကလို Chicago မှာအရေးကြီးကိစ္စဆိုပြီးထပ်ပျောက်သွားတာလဲဖြစ်နိုင်တယ်လား?။လူဆိုးတွေဖမ်းသွားတယ်ဆိုရင်ရော?
တွေးရင်း တောရင်း မျက်ရည်ဝဲလာမိကာ ထိုနေရာမှာတင်ထိုင်ငိုလိုက်ချင်သည်။စိတ်ကိုပြန်ပြီးတည်တည်ငြိမ်ငြိမ်ထားရင်း အနောက်မှာရှိတဲ့ ကော်ဖီဆိုင်အချို့ကိုကြည့်မိလိုက်သည်။
ဆရာသမားဟာ အခန့်သား ကော်ဖီနှစ်ခွက်ကိုအေးဆေးကိုင်လာကာ ပြုံးပြုံးကြီး သူ့ဆီကို စတိုင်မလိုင်အပြည့်နှင့်လျှောက်လာသည်။
အပြုံးကြီးကလဲ မုန်းချင်စရာကြီး။
"ဟွန်း!"
"ဟောဗျာ?"
လက်ထဲမှကော်ဖီကိုယူလိုက်ကာ တစ်ဖက်သို့ပြန်လှည့်ပြီးနေမိသည်။ဘယ်လောက်ကြည့်ကြည့်မရိုးသွားသည့်ထဲမှာ Eiffel ပေါ်ကကြည့်ရတဲ့ Paris မြို့လဲ ပါသည်။
အရင်က သူထင်ခဲ့တာ အီဟီဆွန်းတစ်ယောက်ထဲသာ။
"ကိုယ်မနက်ဖြန် Chicago ခနပြန်ရမယ်။တစ်ပတ်လောက်ကြာမယ်ထင်တယ်"
"ပြန်ပေါ့"
ပေါ့ပေါ့ပါးပါးနှင့်အာရုံမရပုံနှင့်သာပြောလိုက်ရတာ စိတ်ထဲမှာတော့ မတင်မကျကြီး။ဘယ်သူ့အကျင့်မှန်းသူမသိပေမဲ့ ဆူထွက်လာတဲ့နှုတ်ခမ်းငယ်ကို မသိမသာပြန်ဖုံးနေရသည်။
"ကောင်လေးကိုယ့်ကိုယ်ကြည့်ပါဦး"
မျက်နှာပေးချေချေနှင့်ပြန်ကြည့်လိုက်သည်။တစ်ဖက်ကတော့ ခပ်ပြုံးပြုံးရယ်သာ။မုန်းလာပြီ အဲ့အပြုံးကို။
"ပြော"
"ကိုယ်ချက်ချင်းပြန်လာမှာမို့ စိတ်မဆိုးနဲ့ ကိုယ်မရှိတဲ့ရက်တွေကောင်းကောင်းနေ၊ကောင်းကောင်းစား၊ကျောင်းကောင်းကောင်းသွား"
"အင်းအင်း"
"ဟော"
မျက်ခွံလှန်ကာကြည့်ပြီး ဟိုဘက်လှည့်ကာနေမိလိုက်သည်။
ပန်းရောင်သန်းနေသော မိုးသားကောင်းကင်ရယ်၊ခေတ်ဟောင်းအဆောက်အဦးတွေရယ်၊စိန်မြစ်ရယ်၊ကော်ဖီပူပူရယ်၊ ရင်ထဲမှ အမျိုးသားရယ်...။ Eiffel ကတော့ ဇာတ်ဆောင်ပေါ့။
/////////////
2370
မဗယ်လ်
31/10/22
Zawgyi
"၁"
"....."
"၂..."
"အီဟီဆွန်းကဘာကြီးလဲ?.."
➖
➖
တီတီ*
"စွာလိုက်တာ"
➖
"ရောက်ပြီဆင်း"
"ဟေးးး စောင့်ဦး"
"လူဆိုးလေး"
"ခများကမှအရူး"
"ဟောဗျာ"
သူ...ဒီလောက်ဆိုသဘောပေါက်သွားပြီ။
အိုး..ကောင်လေးရယ်။
"အင်း"
➖
"အင်း...သွားကြတာပေါ့"
"အဆင်ပြေရဲ့လား"
"ဟွန်း!"
"ဟောဗျာ?"
"ပြန်ပေါ့"
"ပြော"
"အင်းအင်း"
"ဟော"
/////////////
2370
31/10/22