Chapter (119) - ဝမ်းနည်းမှုများ......
အဆိပ်သင့်ခြင်းကြောင့် ရူရိရဲ့ ဆံပင်တွေ ဖြူလာတာတစ်ခုတည်းမဟုတ်ပေ။ ရူရိရဲ့ရင်သွေးလေးကို ပွေ့ထားရင်း ကလေးလေးရဲ့ မမြင်ရတဲ့ မီးခိုးရောင်မျက်ဝန်းတွေရဲ့ အကြည့်တွေကို ဝမ်းနည်းစွာ ငုံ့ကြည့်လိုက်မိသည်။
မွေးလာသည့် သားတော်လေးက မင်းသားဝူကျန့်ကဲ့သို့ မီးခိုးရင့်ရောင် မျက်ဝန်းအရောင် တူပေမယ့် တောက်ပသည့် မုန်တိုင်းထန်တဲ့ အကြည့်တွေအစား လှပတဲ့ မီးခိုးရောင်က အေးစက်စက်ဖြင့် အမြင်အာရုံဆုံးရှုံးသွားခဲ့သည်။
"အမေ စိတ်မကောင်းပါဘူး..သားလေးရယ်..."
ကလေးကို ပွေ့ဖက်ထားရင်း ရူရိရဲက နှုတ်ခမ်းကို သားလေးရဲ့ ပါးပြင်သေးသေးလေးမှာ မြုပ်နှံထား လိုက်သည်။
ထိုစဉ် ကလေးငယ်လေးရဲ့ ချိုမြိန်သော ကလေးအသံလေးက ရူရိရဲ့ နှလုံးသားကို ကြေကွဲသွားစေတော့သည်။ သူ့လက်သေးသေးလေးတွေရဲ့ နူးညံ့အေးစက်တဲ့ အထိအတွေ့က ရူရိရဲ့ စိတ်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားခဲ့သည်။
သူမကြောင့် သူမရဲ့ ကလေးဟာ မွေးရာပါ မျက်မမြင်ကလေးတစ်ယောက်ဖြစ်ခဲ့ရသည်။ သူမကြောင့် မွေးလာတဲ့ ကလေးရဲ့ ခန္ဓာကိုယ်က ရေခဲထက် ပိုအေးနေခဲ့သည်။
"ရူရိ..."
ရူရိဘေးနားက မင်းသားဝူကျန့်ကို မြင်လိုက်ရတော့ ရူရိ အရမ်းကို ရှက်သွားမိသည်။ သူမရဲ့ကလေး....သူ့ရဲ့ရင်သွေးလေး..... သူမရဲ့ ရင်ခွင်ထဲမှာ ပွေ့ပိုက်ထားသည့် ရင်သွေးလေးကို သူမ ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့မိသည်။
"ရူရိကို ခွဲမသွားပါနဲ့"
မင်းသားဝူကျန့်က ရူရိရဲ့ ပုခုံးတွေကို လက်တစ်ဖက်နဲ့ သိုင်းဖက်ကာ သူ့ရဲ့ နွေးထွေးတဲ့ ရင်ခွင်ထဲမှာ တင်းတင်းဖက်ထားကာ ဝမ်းနည်းနေသည့် ရူရိ ကို ငြင်သာစွာ ဆူပူလိုက်သည်။
ရူရိက တုန်တုန်ယင်ယင်ဖြင့် သူမရဲ့ မျက်ရည်တွေကို သူ့ရဲ့ နွေထွေးတဲ့ရင်ခွင်ထဲသို့ မြုပ်နှံကာ သိုဝှက်ထား လိုက်သည်။
"မငိုပါနဲ့"
မင်းသားဝူကျန့်က ရူရိပခုံးတစ်ဝိုက်မှာ သူ့လက်မောင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ရူရိခေါင်းပေါ် သူ့နှုတ်ခမ်းတွေကို ဖိကာ နမ်းလိုက်သည်။
"ကြည့်စမ်းပါဦးကွယ်.....ကိုယ်တို့ရဲ့သားလေးက မင်းရဲ့ ဝမ်းနည်းမှုကို ခံစားနိုင်တယ်"
မင်းသားလေးရဲ့စကားအတိုင်း ကလေးက စတင်ငိုကြွေးလာတော့သည်။
"တောင်းပန်ပါတယ်ကွယ်....." ငိုနေတဲ့ ကလေးငယ်ကို အိပ်ပျော်သွားတဲ့အထိ ရူရိက မြန်မြန်လှုပ်ကာ ချော့သိပ်လိုက်သည်။
သားလေးရဲ့ မီးခိုးရောင်မျက်လုံးတွေ မှိတ်သွားသည်ကို ကြည့်ရင်း ရူရိရဲ့ နှလုံးသားက နာကျင်စွာ ခံစားလာရသည်။
"ဒါတွေအားလုံးက ကိုယ့်ရဲ့ အပြစ်ပါ"
ဝူကျန့်ရဲ့ စကားကြောင့် ရူရိက လန့်ဖျပ်သွားပြီး ကလေးကို အပြစ်ရှိစွာ ကြည့်နေသည့် မင်းသားကို ရူရိ မော့ကြည့်လိုက်သည်။ ဝူကျန့်က အေးစက်စက်ကလေးရဲ့ပါးပြင်ကို တိတ်တိတ်လေး ထိလိုက်သည်။
"ကိုယ် မင်းကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်..."
မင်းသားက သူမနဲ့ စကားပြောနေတာလား ဒါမှမဟုတ် ကလေးကိုပြောနေသလာဆိုတာ ရူရိ သေချာမသိတော့ပေ။
"ရူရိ.....ကိုယ့်ကို မုန်းလား?"
သူ့မျက်လုံးတွေက ကလေးဆီကနေ သူမကို ကြည့်ကာ မေးလိုက်သည်။
ဝူကျန့်က သူမကို ဘာလို့အဲ့လိုမေးတာလဲ။ ရူရိက သူ့ကို ဘာလို့မုန်းရမှာလဲ။
"ကျန့် "
ရူရိက သူမ မျက်နှာကို သူ့ရင်ဘတ်ကို ပြန်မြှုပ်ထားလိုက်ပြီး သူမလက်နှစ်ဖက်ကို သိုင်းဖက်ကာ ကလေးကို အနီးကပ် ပွေ့ဖက်လိုက်သည်။
"ရူရိ က ကျန့် ကို ဘယ်တော့မှ မမုန်းနိုင်ဘူး..."
"ရူရိ ..." သူက ရူရိဆံပင်တွေကို နမ်းကာ တိုးတိုးလေးပြောလိုက်သည်။ "မင်း ကိုယ်နဲ့ တစ်သက်လုံး အတူတူ နေမှာလား?"
သူမတို့ တခြားဘယ်ကိုသွားကြမှာလဲ....။
"မင်း ကိုယ်နဲ့နေမှာလား?" သူ ထပ်ခါထပ်ခါ မေးခဲ့သည်။
ရူရိက ဝူကျန့်၏အမေးကို ခေါင်းညိတ်ကာ ဖြေလိုက်သည်။
"ကျန့် ..." ရူရိ ခေါင်းမော့ကာ သူ့မျက်လုံးတွေကို စူးစူးရဲရဲ ကြည့်လိုက်သည်။
"ရူရိ ကိုမုန်းလား...ရူရိ ကြောင့် ..... ကလေးလေး...ခုလို ဖြစ်သွားတာကြောင့်......"
"ကျွီးရိ"
ဝူကျန့် ရုတ်တရက် ပြောလိုက်သည့် အမည်ကြောင့် ရူရိ စိတ်ရှုပ်သွားသည်။ ကျွီးရိလား?
"ငါတို့သားရဲ့နာမည်ကို ကျွီးရိလို့ ပေးမယ်" မင်းသားက ရူရိကို တိုးတိုးလေးပြောကာ ပြုံးပြကာ ဆက်ပြောခဲ့သည်။ "ကျွီးရိ ဆိုတဲ့နာမည်ကို မင်းကြိုက်လား?"
ကျွီးရိ - ကြီးမားသော ပျော်ရွှင်မှု။
"ကျွီးရိလေး..." ရင်ခွင်ထဲက အိပ်ပျော်နေတဲ့ ကလေးငယ်ကို အသာလေး ခေါ်ရင်း ရူရိ ၏မျက်ဝန်းထဲမှ မျက်ရည်တွေ စီးကျလာခဲ့သည်။
မင်းသားဝူကျန့်က ရူရိရဲ့ ခေါင်းကို နမ်းလိုက်တဲ့အခါ ရူရိ လည်း သူ့အပေါ်ကို ပိုလို့တောင် မှီခိုလိုက်မိသည်။
ဝမ်းနည်းမှုဆိုတဲ့ စကားလုံးကို သူမရဲ့ကလေး ကျွီးရိ ဘယ်တော့မှ ထပ်မသိစေရဖို့ ရူရိ တိတ်တိတ်လေး ဆုတောင်းလိုက်မိသည်။
***-***
Chapter (119) - ဝမ္းနည္းမႈမ်ား......
အဆိပ္သင့္ျခင္းေႀကာင့္ ရူရိရဲ႕ ဆံပင္ေတြ ျဖဴလာတာတစ္ခုတည္းမဟုတ္ေပ။ ရူရိရဲ႕ရင္ေသြးေလးကို ေပြ႕ထားရင္း ကေလးေလးရဲ႕ မျမင္ရတဲ့ မီးခိုးေရာင္မ်က္ဝန္းေတြရဲ႕ အၾကည့္ေတြကို ဝမ္းနည္းစြာ ငုံ႕ၾကည့္လိုက္မိသည္။
ေမြးလာသည့္ သားေတာ္ေလးက မင္းသားဝူက်န္႕ကဲ့သို႕ မီးခိုးရင့္ေရာင္ မ်က္ဝန္းအေရာင္ တူေပမယ့္ ေတာက္ပသည့္ မုန္တိုင္းထန္တဲ့ အႀကည့္ေတြအစား လွပတဲ့ မီးခိုးေရာင္က ေအးစက္စက္ျဖင့္ အျမင္အာရံုဆံုးရံႈးသြားခဲ့သည္။
"အေမ စိတ္မေကာင္းပါဘူး..သားေလးရယ္..."
ကေလးကို ေပြ႕ဖက္ထားရင္း ရူရိရဲက ႏႈတ္ခမ္းကို သားေလးရဲ႕ ပါးျပင္ေသးေသးေလးမွာ ျမဳပ္နွံထား လိုက္သည္။
ထိုစဥ္ ကေလးငယ္ေလးရဲ႕ ခ်ိဳၿမိန္ေသာ ကေလးအသံေလးက ရူရိရဲ႕ ႏွလုံးသားကို ေၾကကြဲသြားေစေတာ့သည္။ သူ႔လက္ေသးေသးေလးေတြရဲ႕ ႏူးညံ့ေအးစက္တဲ့ အထိအေတြ႕က ရူရိရဲ႕ စိတ္ကို ျပင္းျပင္းထန္ထန္ ႐ိုက္ခတ္သြားခဲ့သည္။
သူမေႀကာင့္ သူမရဲ႕ ကေလးဟာ ေမြးရာပါ မ်က္မျမင္ကေလးတစ္ေယာက္ျဖစ္ခဲ့ရသည္။ သူမေၾကာင့္ ေမြးလာတဲ့ ကေလးရဲ႕ ခႏၶာကိုယ္က ေရခဲထက္ ပိုေအးေနခဲ့သည္။
"႐ူရိ..."
ရူရိေဘးနားက မင္းသားဝူက်န္႕ကို ျမင္လိုက္ရေတာ့ ရူရိ အရမ္းကို ရွက္သြားမိသည္။ သူမရဲ႕ကေလး....သူ႕ရဲ႕ရင္ေသြးေလး..... သူမရဲ႕ ရင္ခြင္ထဲမွာ ေပြ႕ပိုက္ထားသည့္ ရင္ေသြးေလးကို သူမ ကာကြယ္ေပးဖို႕ ပ်က္ကြက္ခဲ့မိသည္။
"ရူရိကို ခြဲမသြားပါနဲ႔"
မင္းသားဝူက်န္႕က ရူရိရဲ႕ ပုခုံးေတြကို လက္တစ္ဖက္နဲ႔ သိုင္းဖက္ကာ သူ႔ရဲ႕ ေႏြးေထြးတဲ့ ရင္ခြင္ထဲမွာ တင္းတင္းဖက္ထားကာ ဝမ္းနည္းေနသည့္ ရူရိ ကို ျငင္သာစြာ ဆူပူလိုက္သည္။
ရူရိက တုန္တုန္ယင္ယင္ျဖင့္ သူမရဲ႕ မ်က္ရည္ေတြကို သူ႕ရဲ႕ ေႏြေထြးတဲ့ရင္ခြင္ထဲသို႔ ျမဳပ္နွံကာ သိုဝွက္ထား လိုက္သည္။
"မငိုပါနဲ႔"
မင္းသားဝူက်န္႕က ရူရိပခုံးတစ္ဝိုက္မွာ သူ႔လက္ေမာင္းကို တင္းတင္းၾကပ္ၾကပ္ ဖက္ထားရင္း ရူရိေခါင္းေပၚ သူ႔ႏႈတ္ခမ္းေတြကို ဖိကာ နမ္းလိုက္သည္။
"ၾကည့္စမ္းပါဦးကြယ္.....ကိုယ္တို႕ရဲ႕သားေလးက မင္းရဲ႕ ဝမ္းနည္းမႈကို ခံစားႏိုင္တယ္"
မင္းသားေလးရဲ႕စကားအတိုင္း ကေလးက စတင္ငိုေႀကြးလာေတာ့သည္။
"ေတာင္းပန္ပါတယ္ကြယ္....." ငိုေနတဲ့ ကေလးငယ္ကို အိပ္ေပ်ာ္သြားတဲ့အထိ ရူရိက ျမန္ျမန္လႈပ္ကာ ေခ်ာ့သိပ္လိုက္သည္။
သားေလးရဲ႕ မီးခိုးေရာင္မ်က္လုံးေတြ မွိတ္သြားသည္ကို ၾကည့္ရင္း ရူရိရဲ႕ ႏွလုံးသားက နာက်င္စြာ ခံစားလာရသည္။
"ဒါေတြအားလံုးက ကိုယ့္ရဲ႕ အျပစ္ပါ"
ဝူက်န္႕ရဲ႕ စကားေႀကာင့္ ရူရိက လန႔္ဖ်ပ္သြားၿပီး ကေလးကို အျပစ္ရွိစြာ ႀကည့္ေနသည့္ မင္းသားကို ရူရိ ေမာ့ၾကည့္လိုက္သည္။ ဝူက်န္႕က ေအးစက္စက္ကေလးရဲ႕ပါးျပင္ကို တိတ္တိတ္ေလး ထိလိုက္သည္။
"ကိုယ္ မင္းကို ကာကြယ္ဖို႔ ပ်က္ကြက္ခဲ့တယ္..."
မင္းသားက သူမနဲ႔ စကားေျပာေနတာလား ဒါမွမဟုတ္ ကေလးကိုေျပာေနသလာဆိုတာ ရူရိ ေသခ်ာမသိေတာ့ေပ။
"ရူရိ.....ကိုယ့္ကို မုန္းလား?"
သူ႔မ်က္လုံးေတြက ကေလးဆီကေန သူမကို ႀကည့္ကာ ေမးလိုက္သည္။
ဝူက်န္႕က သူမကို ဘာလို႔အဲ့လိုေမးတာလဲ။ ရူရိက သူ႔ကို ဘာလို႔မုန္းရမွာလဲ။
"က်န္႕ "
ရူရိက သူမ မ်က္ႏွာကို သူ႔ရင္ဘတ္ကို ျပန္ျမႇဳပ္ထားလိုက္ျပီး သူမလက္ႏွစ္ဖက္ကို သိုင္းဖက္ကာ ကေလးကို အနီးကပ္ ေပြ႕ဖက္လိုက္သည္။
"ရူရိ က က်န္႕ ကို ဘယ္ေတာ့မွ မမုန္းႏိုင္ဘူး..."
"ရူရိ ..." သူက ရူရိဆံပင္ေတြကို နမ္းကာ တိုးတိုးေလးေျပာလိုက္သည္။ "မင္း ကိုယ္နဲ႕ တစ္သက္လံုး အတူတူ ေနမွာလား?"
သူမတုိ႕ တျခားဘယ္ကိုသြားႀကမွာလဲ....။
"မင္း ကိုယ္နဲ႔ေနမွာလား?" သူ ထပ္ခါထပ္ခါ ေမးခဲ့သည္။
ရူရိက ဝူက်န္႕၏အေမးကို ေခါင္းညိတ္ကာ ေျဖလိုက္သည္။
"က်န္႕ ..." ရူရိ ေခါင္းေမာ့ကာ သူ႔မ်က္လုံးေတြကို စူးစူးရဲရဲ ၾကည့္လိုက္သည္။
"ရူရိ ကိုမုန္းလား...ရူရိ ေႀကာင့္ ..... ကေလးေလး...ခုလို ျဖစ္သြားတာေႀကာင့္......"
"က်ြီးရိ"
ဝူက်န္႕ ရုတ္တရက္ ေျပာလိုက္သည့္ အမည္ေႀကာင့္ ရူရိ စိတ္ရႈပ္သြားသည္။ ကြ်ီးရိလား?
"ငါတို႔သားရဲ႕နာမည္ကို ကြ်ီးရိလို႕ ေပးမယ္" မင္းသားက ရူရိကို တိုးတိုးေလးေျပာကာ ၿပဳံးျပကာ ဆက္ေျပာခဲ့သည္။ "ကြ်ီးရိ ဆိုတဲ့နာမည္ကို မင္းႀကိဳက္လား?"
ကြ်ိီးရိ - ႀကီးမားေသာ ေပ်ာ္႐ႊင္မႈ။
"ကြ်ီးရိေလး..." ရင္ခြင္ထဲက အိပ္ေပ်ာ္ေနတဲ့ ကေလးငယ္ကို အသာေလး ေခၚရင္း ရူရိ ၏မ်က္ဝန္းထဲမွ မ်က္ရည္ေတြ စီးက်လာခဲ့သည္။
မင္းသားဝူက်န္႕က ရူရိရဲ႕ ေခါင္းကို နမ္းလိုက္တဲ့အခါ ရူရိ လည္း သူ႔အေပၚကို ပိုလို႔ေတာင္ မွီခို္လိုက္မိသည္။
ဝမ္းနည္းမႈဆိုတဲ့ စကားလံုးကို သူမရဲ႕ကေလး ကြ်ီးရိ ဘယ္ေတာ့မွ ထပ္မသိေစရဖို႕ ရူရိ တိတ္တိတ္ေလး ဆုေတာင္းလိုက္မိသည္။
***-***