ဗီလိန်ကြီးက ငါ့ကို ငမ်းငမ်းတက...

By pcy_s_hoodie

95.2K 10.2K 476

System လေး နောက်တစ်ပုဒ်ပြန်ထားတာပါ♡ ဖတ်ပေးကြပါဦး😍 Eng Title_The Villain has been coveting me for a long time... More

Prologue
1 (Arc 1_အရိုးတိုက်စားပန်း)
2
3
4
5
6
8
9
10
11
12
13
14
15
16 [Arc 2_အချိန်၏ လျှို့ဝှက်ချက်]
17
18
19
20
21
22
23
24
25
26[Arc 3_ဟေး,မင်းက ဘယ်အဝါရောင်ငါးပုတ်သင်လေးလဲ?]
27
28
29
30
31

7

3K 481 47
By pcy_s_hoodie

[Unicode]

"ပရိသတ်များအားလုံး မင်္ဂလာနံနက်ခင်းပါခင်ဗျာ။ JJTV မနက်ခင်း သတင်းမှ ကြိုဆိုပါတယ်။ ကျွန်တော်ကတော့ အစီအစဉ်တင်ဆက်သူ A ပါ။"

"သတင်း‌ပေးပို့ချက်အရ ပြင်ပအရာ၀တ္ထုတစ်ခုကို မတော်တဆ မျိုချမိလို့ အမျိုးသားတစ်ဦးဟာ ဆေးကုသမှုခံယူဖို့ ဆေးရုံကို သွားခဲ့ရကြောင်းနဲ့ အဲ့အရာက မျက်နှာပေါင်းတင်တဲ့ဗူး ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။အခု ကျွန်ုပ်တို့ရဲ့ ကြည့်ရှုသူများကို သတိပေးချင်တာကတော့ ကျေးဇူးပြုပြီး နိုင်ငံခြားက အရာဝတ္ထုများကို ပါးစပ်ထဲကို မထည့်ပါနဲ့။"

[T/N: Mask Stick ပါ]

"နောက်တစ်ခုကတော့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အရက် ခံနိုင်ရည် နည်းပါးမှုကြောင့် အရက်ရှိန်တက်ကာ စိတ်လွတ်ပြီး ညဘက်မှာအရက်မူးနေတာဖြစ်ပါတယ်။ သူမက ရေမြောင်းအဖုံးကြီးကို သယ်ပြီး ဒေါသတကြီးနဲ့ လမ်းမပေါ်မှာ မီတာရာနှင့်ချီ ပြေးခဲ့တာဖြစ်ပါတယ်"

"ညဉ့်နက်ပိုင်းမှာ သည်းထိတ်ရင်ဖိုရုပ်ရှင်ကြည့်နေတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ ကြောက်လန့်တကြား မူးမေ့လဲသွားခဲ့ပါတယ်။ဒါကြောင့် ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား အမျိုးအစား ခွဲခြားမှုကို တတ်နိုင်သမျှ အမြန်ဆုံး အဆင့်မြှင့်တင်သွားမယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်"
........

ရှန်ဖုန်းယွဲ့ က ဒီနေ့ မနက်စောစောထ‌တာမလို့ မနက်သတင်းကြည့်ဖို့ TV ဖွင့်ထားလိုက်တယ်။ လာနေတဲ့ဟာတွေကလည်း ဒီလိုထူးထူးဆန်းဆန်း သတင်းတွေချည်းပဲ။ သူက ပိတ်လိုက်တော့မယ့် အချိန်မှာပဲ ကြားကနေဖြတ်ပြီးပြောလိုက်တဲ့ အစီအစဉ်တင်ဆက်သူရဲ့ အသံကိုကြားလိုက်ရတယ်။

"အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်၊ ကျွန်တော်တို့မှာ အရေးပေါ်သတိပေးချက်တစ်ခု ရထားပါတယ်။ ကျင်ကျန်း လူနေရပ်ကွက်ရဲ့ လမ်းကြားအတွင်းမှာ အမျိုးသား အလောင်းတစ်လောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သေဆုံးသူရဲ့ ကိုယ်ရေးအချက်အလက်ကို ယခု အတည်ပြုထားပြီးဖြစ်ပါတယ်။ သူကတော့ ကျင်ကျန်း အထက်တန်းကျောင်းမှ ဝူယူ အမည်ရတဲ့ ကျောင်းသားဖြစ်ပြီး သူ့မိသားစုက အလောင်းကို လွှဲယူဖို့ လာခဲ့ပါတယ်။"

ဝူယူ သေပြီ...

ရှန်ဖုန်းယွဲ့ က ပါးစပ်က ဝါးနေတာကို ရပ်လိုက်ပြီး တီဗီဖန်သားပြင်ကို စူးစူးစိုက်စိုက်ကြည့်ကာ ဂရုတစိုက်နဲ့ နားထောင်လိုက်တယ်။

"စုံစမ်းစစ်ဆေးမှုအရ သေဆုံးသူဟာ ညဘက်မှာ ကျင်ကျန်း ခရိုင်မှာရှိတဲ့ လမ်းကြားအတွင်းထဲမှာ အသတ်ခံခဲ့ရတာပါ။ လူသတ်သမားဟာ ရက်စက်ကြမ်းကြုတ်ပြီး သေဆုံးသူရဲ့ ခန္ဓာကိုယ်ပေါ်မှာ သေစေနိုင်တဲ့ ဒဏ်ရာပေါင်းများစွာ ချန်ရစ်ခဲ့တဲ့အပြင် သေဆုံးသူရဲ့ နှုတ်ခမ်းကိုလည်း အပ်ချည်နဲ့ ချုပ်ထားခဲ့တာဖြစ်ပါတယ်"

ဖန်သားပြင်ပေါ်တွင် မှုန်ဝါးပေးထားတဲ့ လူပုံ‌စံပေါ်လာခဲ့ပြီး အရေပြား တော်တော်များများနဲ့ သွေးအကွက်လိုက်ကြီးကို မြင်နေရတယ်။ သေရတာ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲနော်။

"ရဲများက စုံစမ်းစစ်ဆေးမှုတွေကို နက်နက်နဲနဲ စတင်လုပ်ဆောင်နေပြီး ညဥ့်နက်ပိုင်းအပြင်ထွက်တာကို ရှောင်ပြီး လုံခြုံအောင်နေဖို့ တောင်းဆိုထားပါတယ်။"

"မနက်ခင်း သတင်းကို ဒီလောက်နဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။ နားထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ နောက်တစ်ခါမှာ ထပ်တွေ့ကြပါမယ်"

သတင်းတွေ ပြီးသွားတာနဲ့ ကြော်ငြာတွေက ပြန်ပြီး နေရာယူလာခဲ့တယ်။ TV ပေါ်မှာလာနေတဲ့ ကြော်ငြာတွေက နည်းနည်းအသံကျယ်‌နေပေမယ့် တကယ့်လက်ရှိမှာတော့ အရမ်းကိုငြိမ်သက်နေခဲ့တယ်။ ရှန်ဖုန်းယွဲ့ နဲ့ System ရဲ့ တိတ်ဆိတ်နေမှုက ပတ်၀န်းကျင်ကို ခဏတာလောက် အနည်းငယ် လေးလံသွားစေပြီးတော့ မသက်မသာနဲ့ ခြောက်ကပ်ကပ်ကြီးဖြစ်သွားစေခဲ့တယ်။

ခဏလောက်အကြာမှာ ရှန်ဖုန်းယွဲ့ က ပြောလာခဲ့တယ် "System, ဇာတ်ကြောင်းက နောက်ဆုံးတော့ စလာခဲ့ပြီ"

"အင်း"

ရှန်ဖုန်းယွဲ့ ကတော့ ရုတ်တရက်ကြီး သူ့ရဲ့ အစား,စားချင်စိတ်တွေ ပျောက်ဆုံးသွားခဲ့တယ်။ သူက System နဲ့ ပေါင်းပြီးတော့ ဒီရက်တွေမှာ ငါးဆားနယ်တစ်‌ကောင်လို နေနေရင်းနဲ့ ဒီလိုမျိုး အငြိမ်းစားဘ၀လေးကို လက်ခံလိုက်တော့မဲ့အချိန်မှာပဲ နောက်ဆုံးတော့ ကောင်းကင်ဘုံက ဆက်ပြီး ကြည့်မ‌နေနိုင်တော့ဘူး ထင်ပါတယ်။ ဇာတ်ကြောင်း က ကောင်းကင်ကနေ ချက်ခြင်းပြုတ်ကျသလိုမျိုး ဖုတ်ခနဲ ကျလာ‌တော့တာပဲ။ မူလက စိတ်အေးလက်အေးနဲ့ သက်တောင့်သက်သာရှိတဲ့ လေထုလေးကတော့ ချက်ချင်းပဲ ထိတ်လန့်တုန်လှုပ်စရာ သည်းထိတ်ရင်ဖိုဖွယ် လေထုအဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်။

ရှန်ဖုန်းယွဲ့ က တူ တွေကို ချလိုက်ပြီး စားပွဲပေါ်ကို သူ့လက်ချောင်းတွေနဲ့ ဖြည်းဖြည်းချင်း တို့ခေါက်ထိရင်းနဲ့ လေးလေးနက်နက် စဉ်းစားတွေးတောနေမိတယ်။

"‌ဒေါက်"

"‌ဒေါက်"

"‌ဒေါက်"

ရုတ်တရက် တံခါးခေါက်သံသုံးချက်က ရှန်ဖုန်းယွဲ့ကို သူ့အတွေးထဲက နိုးထလာအောင် လှုပ်နှိုးလိုက်ပြီး သူ က ဘယ်သူများပါလိမ့်လို့ တံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ ယူနီဖောင်းဝတ် ရဲသားနှစ်ယောက်ကို တွေ့လိုက်ရတယ်။ ရဲတွေက သူ့ကို တရား၀င် အထောက်အထား ပြပြီးတဲ့‌နောက် စုံစမ်းစစ်ဆေးဖို့အတွက် သူတို့နဲ့အတူ လိုက်ခဲ့ဖို့ ပြောလာခဲ့တယ်။

ရှန်ဖုန်းယွဲ့ "??"

သူတစ်ခုခုများကျူးလွန်မိခဲ့လို့လား?

အနှစ်နှစ်ဆယ်ကျော်နေထိုင်ပြီး ဥပဒေကို အမြဲလိုက်နာခဲ့တဲ့ သူ့လို နိုင်ငံသားကောင်းတစ်ဦး အနေဖြင့် ဒါက ရှန်ဖုန်းယွဲ့ အတွက် ပြည်သူ့လုံခြုံရေးဗျူရိုကို ပထမဆုံးအကြိမ် ရောက်လာရတာဖြစ်ပြီး သူ့ကို ရဲတပ်ဖွဲ့ဝင် နှစ်ဦးက တစ်ဖက်တစ်ချက်ဆီက ထိန်းကိုင်ထားတာဖြစ်တယ်။ ဒီထိန်းသိမ်းထားတဲ့ ပုံစံအနေအထားက နိုင်ငံသားငယ်လေးကို ကြောက်လန့်စေဖို့တော့ လုံလောက်တယ်လေ။

သူက သေသေချာချာထိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ ခြေချောင်းတွေကို ကွေးထားမိတဲ့အပြင် နှုတ်ခမ်းတွေကိုလည်း စေ့စေ့ပိတ်ထားမိတယ်။

သူနဲ့ မျက်နှာချင်းဆိုင်ဘက်မှာ ရဲနှစ်ယောက်ထိုင်နေပြီး အသက်ကြီးကြီးတစ်ယောက်နဲ့ လူငယ်တစ်ယောက် ဖြစ်တယ်။ ရှန်ဖုန်း‌ယွဲ့ တစ်ယောက် အလွန်အမင်း တုန်လှုပ်နေတာကို မြင်နေရတဲ့ အတွေ့အကြုံရှိတဲ့ ရဲအရာရှိကြီးက လေထုကို သက်တောင့်သက်သာ ဖြစ်အောင်လို့ ပြုံးပြလိုက်တယ်။

"မင်း အရမ်းကြီး စိတ်ပူစရာမလိုပါဘူး၊ ငါတို့ မင်းကို မေးခွန်းနည်းနည်းလောက် မေးဖို့ ခေါ်လိုက်တာပါ" အသက်ကြီးကြီးရဲအရာရှိက ပြောလိုက်တယ်။

ရှန်ဖုန်းယွဲ့ က ခေါင်းညိတ်လိုက်ပြီး ပြောခဲ့တယ်,"မေးချင်တာ မေးပါခင်ဗျ၊ ကျွန်တော် ခင်ဗျားကို အကုန်လုံး အမှန်အတိုင်းပဲ ပြောမှာပါ"

ရဲအရာရှိကြီးက စားပွဲပေါ်က အချက်အလက်တွေကို လှန်ကြည့်ပြီး မေးလိုက်တယ် "မင်း ဝူယူ ကို သိတယ်နော်၊ ဟုတ်သလား?"

"ဟုတ်ပါတယ်"

"မင်း နဲ့ သူ ရဲ့ ဆက်ဆံရေးကဘာလဲ?"

ရှန်ဖုန်းယွဲ့ က ပြန်ဖြေလိုက်တယ်"ကျွန်‌တော်တို့ တစ်ယောက်ကို တစ်ယောက် ကောင်းကောင်းတောင် မသိကြပါဘူး၊ ရိုးရိုးသားသား ပြောရရင် ချင်းယွမ် ကို အနိုင်ကျင့်နေလို့ သူ့ကို ပညာပေးလိုက်တဲ့ အချိန်တုန်းကကြောင့်သာ မဟုတ်ရင် သူ့လို လူရှိမှန်း‌တောင် သိမှာ မဟုတ်ပါဘူး"

"မင်းတို့တွေ ရန်ဖြစ်ခဲ့တာလား?"

"ဟုတ်ပါတယ်။ အရင်တုန်းက ကျွန်တော် ကျောင်းကနေ အိမ်ပြန်တဲ့လမ်းမှာ လူတစ်ယောက်ကို ဝိုင်းအနိုင်ကျင့်နေတဲ့ ငနဲ တစ်စုကို တွေ့လိုက်ရတယ်လေ။ကျွန်‌တော်လည်း ဒီတိုင်းလက်ပိုက်ပြီး ကြည့်မ‌နေနိုင်တာကြောင့် အကူအညီပေးဖို့ သွားလိုက်ပြီးတော့ ဝူယူနဲ့အခြားလူတွေကို ဆော်ပလော်တီးပြီး မောင်းထုတ်လိုက်တာ။ ပြီးတော့ ကျွန်တော် ချင်းယွမ် နဲ့လည်း တိုက်တိုက်ဆိုင်ဆိုင် ရင်းနှီးသွားခဲ့တာ‌ပဲ"

ရဲအရာရှိကြီးက ခေါင်းညိတ်လိုက်ပြီး စာရေးဖို့အတွက် သူ့ဘောပင်ကိုလှုပ်ရှားလိုက်တယ် "မင်း မနေ့က ဘာတွေ လုပ်နေခဲ့တာလဲ?"

" ပြဇာတ်တစ်ခု တင်ဆက်ခဲ့ပြီးတော့ ကျန်တာက ကျောင်းသားတစ်ယောက်ရဲ့ နေ့စဉ် အချိန်ဇယားအတိုင်းပါပဲ"

"ဘာမှထူးထူးခြားခြား မရှိခဲ့ဘူးပေါ့?" ရဲအရာရှိကြီး လက်ထဲက ဘောပင်က ရပ်တန့်သွားပြီး စာရွက်ပေါ်မှာ အနက်ရောင်အစက်လေးတွေ အများကြီး ပေါ်လာခဲ့တယ်။

ရှန်ဖုန်းယွဲ့ က ခဏလောက်စဉ်းစားပြီး ပြောလိုက်တယ် "ဘာမှထူးထူးခြားခြားတော့မဟုတ်ပါဘူး။နေ့လယ်ခင်းမှာ ကျွန်တော် ရည်းစားစာတစ်စောင်ပဲ ရခဲ့တာပါ"

"ရည်းစားစာလား?" ရဲအရာရှိကြီးက ဆက်ပြောတယ်, "ဘာ‌များရေးထားတာလဲ?"

"မင်းက ငါ့ဘဝရဲ့အလင်းရောင်ပါ"

"..."

ရဲအရာရှိကြီးက ရုတ်တရက် စကား ပြောတာရပ်သွားတယ်၊ သူ့ဘေးနားက မှတ်စုလိုက်မှတ်နေတဲ့ ရဲအရာရှိငယ်လေး ကလည်း တုန်လှုပ်သွားဟန်‌ပေါ်နေခဲ့တယ်။ရှန်ဖုန်းယွဲ့ က အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရတယ်, ဒါနဲ့ပတ်သတ်ပြီး တစ်ခုခုကတော့ မှားနေပြီ။

"ဘာဖြစ်လို့လဲ? ဒါက ရိုးရိုးတန်းတန်း ရည်းစားစာ လေးပါပဲ,အာ"

ခဏတာ‌ တွေးတောချိန်ဆပြီးတဲ့နောက် ရဲအရာရှိကြီးက ရုတ်တရက် ခေါင်းကိုမော့ပြီး ရှန်ဖုန်းယွဲ့ကို ကြည့်လိုက်တယ်။သူ့ရဲ့ စူးရှထက်မြက်ပြီး နက်ရှိုင်းတဲ့ မျက်လုံးတွေက အသွားထက်တဲ့ ဓားတစ်ချောင်းနဲ့တူပြီး ရှန်ဖုန်းယွဲ့ ကို စိုက်ကြည့်နေတာကြောင့် သူ့ကို အနေကျပ်လာစေခဲ့တယ်။ ရဲအရာရှိကြီးက သူ့ဖိုင်ထဲက ဓာတ်ပုံတစ်ပုံကို ဆွဲထုတ်လိုက်ကာ ရှန်ဖုန်းယွဲ့ ရှေ့မှာ ထားလိုက်ပြီး ပြောလိုက်တယ် : "ပုံမှန်အခြေအနေမှာတော့ ဒါက သာမန်မထင်မရှား ရည်းစားစာလေးပေမယ့် အခုကတော့ အဲ့လို မဟုတ်ဘူး"

"သေဆုံးသူရဲ့ဘေးမှာ ကတ်တစ်ကတ် ကျန်နေခဲ့တယ် ,တစ်ချက်လောက် ကြည့်လိုက်ပါဦး"

ရှန်ဖုန်းယွဲ့ က ဓာတ်ပုံထဲက ကတ်ပေါ်ရှိ စကားလုံးတွေကို မြင်လိုက်တဲ့အချိန်မှာ ရုတ်တရက် သူ့သူငယ်အိမ်တွေတောင် ပြူးကျယ်သွားမိတယ်။အင်မတန် ရင်းနှီးလွန်းတဲ့ အဖွင့်စာကြောင်းက သူ့ကို ရေခဲတစ်မျှ အေးစက်နေတဲ့ အအေးခန်းထဲကို ပြုတ်ကျသွားသလို ဖြစ်စေခဲ့တယ်။

【မင်းက ငါ့ဘဝရဲ့အလင်းရောင်ပါ။ မင်းက ငါနဲ့ မနီးစပ်ချင်ဘူးဆိုရင် ငါကပဲ မင်းအနားကို လာခဲ့ပါမယ်။

ချစ်ရသော အရမ်းကြင်နာတတ်တဲ့ မင်းက ငါ့အပေါ်ကိုလည်း ကြင်နာဖို့သင့်တယ်။

မင်းအတွက် ငါ့နှလုံးသားကို မြှုပ်နှံထားပြီး မင်းအပေါ်ထားတဲ့ ငါရဲ့ တူညီတဲ့ ချစ်ခြင်းမေတ္တာလိုမျိုး မင်းရဲ့နှုတ်ခမ်းကနေ ဖွင့်ဟလာတာကို ငါ ကြားရဖို့မျှော်လင့်တယ်】

မင်းက ငါ့ဘဝရဲ့အလင်းရောင်ပါ...

မနေ့က သူရခဲ့တဲ့ ရည်းစားစာမှာ ဒီစာကြောင်းကို ရှင်းရှင်းလင်းလင်းကြီး ရေးထားခဲ့တာ‌လေ။

ဆိုလိုချင်တာက...

"သူက မင်းဘေးမှာပဲရှိတယ်" ရဲအရာရှိကြီးက ပြောလိုက်တယ်။

ဇာတ်လမ်းကတော့ တကယ်ကြီး စ‌တင်ပြီဖြစ်ပြီး ဒီတစ်ခါမှာတော့ လူသတ်သမားက သူ့ဘေးနားမှာတင် ပုန်းနေတာတဲ့လေ။ သူက မူလပိုင်ရှင်ရဲ့ ကံကြမ္မာကို သတိရသွားပြီး ထိန်းမရဘဲ တုန်ရီသွားရတယ်။

System လည်းပဲ ထိတ်လန့်သွားခဲ့တယ်။ တစ်ခါတည်း သုံးခွန်းဆက်တိုက် ဆဲပြီးတဲ့နောက် System က ထိတ်လန့်တာတစ်ဝက် ဂုဏ်ယူတာတစ်၀က်နဲ့ ပြောလာခဲ့တယ်: "မင်းက‌တော့ ပစ်မှတ်ထားခံနေရပြီ,သူက မင်းအပေါ်ထားတဲ့ သူ့အချစ်တွေကို ကမ္ဘာကြီးသိသွား‌အောင်ပြနေတာပဲ!"

ရှန်ဖုန်းယွဲ့ က ခေါင်းခါလိုက်တယ်: "မဟုတ်ဘူး,ဒီလိုအချစ်မျိုးကို ငါ လက်မခံဘူး"

"ကြည့်ရတာ ဒီလူသတ်မှုမှာ မင်း ပါဝင်ပတ်သက်မိတဲ့ပုံပဲ။" ရဲအရာရှိကြီးက ဓာတ်ပုံပေါ်ရှိ စာလုံးတွေကို ထိလိုက်တယ်, "ဒါက 'သူ' ကနေ မင်းအတွက်ပေးတဲ့ ဒုတိယမြောက် ရည်းစားစာပဲ။ ပြီးတော့ ဒီစကားလုံးတွေထဲမှာ ဒေါသတွေ အများကြီးပါနေတယ်။ မင်း အရင်က ဘာ‌လုပ်ခဲ့လို့လဲ?"

ရှန်ဖုန်းယွဲ့ က ရိုးရိုးသားသား ပြန်ဖြေတယ် ,"ကျွန်တော် ရည်းစားစာကို လွှင့်ပစ်လိုက်တာ"

ရဲအရာရှိကြီးက သူ့ရဲ့ ကြိုတင်မှန်းဆချက်က မှန်သွားတာမလို့ ခေါင်းညိတ်ပြီး ဆက်‌ပြောခဲ့တယ်:

"မင်းက သူ့ကို ဒေါသထွက်စေခဲ့တဲ့ပုံပဲ။ အခု မင်းက ဒီကိစ္စမှာ အရေးကြီးတဲ့ အကြောင်းရင်းဖြစ်တာကြောင့် မင်းရဲ့ဘေးကင်းလုံခြုံရေးကို သေချာစေဖို့ ငါတို့ အကောင်းဆုံး ကြိုးစားမှာပါ။ လူသတ်သမားက မင်းဆီကို စာတွေဆက်ရေးနေမယ်လို့ ခန့်မှန်းယူဆရတာကြောင့် ငါတို့တွေ ဆက်လက် လုပ်ဆောင်နေချိန်မှာ အဆက်အသွယ်မပြတ်စေဖို့ မျှော်လင့်ပါတယ်။ ဒါက ငါ့ရဲ့ ဆက်သွယ်မှု အချက်အလက်ပါ။"

ရဲအရာရှိကြီးက သူ့အား နာမည်ကတ်ပြားတစ်ခု ပေးကာ လက်ကို ကမ်းပေးလိုက်တယ်။

"မင်းနဲ့ ပူးပေါင်းဆောင်ရွက်ရတာ ဝမ်းသာပါတယ်။"

"ပူးပေါင်းဆောင်ရွက်ရလို့ ဝမ်းသာပါတယ်" ရှန်ဖုန်းယွဲ့ ကလည်း သူ့လက်ကို မြှောက်ကာ ရဲအရာရှိကြီး နဲ့ လက်ဆွဲနှုတ်ဆက်လိုက်တယ်။

သူ ဒါကို စဉ်းစားပြီးရင်း စဉ်းစားခဲ့တယ်။ဇာတ်ကြောင်းက အစောကြီးကတည်းက စပြီးနေမှတော့ သူက ဒီတိုင်းထိုင်နေပြီး ငါးဆားနယ်လို လုပ်နေလို့မရတော့ဘူးလေ။ သူက bug (ကွန်ပျူတာစက်ချို့ယွင်းမှု)လို့ သံသယရှိတဲ့ လူသတ်သမားကို ဖယ်ရှားဖို့အတွက် ရဲတပ်ဖွဲ့ရဲ့အာဏာကို အသုံးပြုဖို့ အစီအစဉ်ချလိုက်တယ်။ မစ်ရှင်လုပ်ဖို့က ဒီလိုမျိုး တွေးလိုက်တော့လည်း အတော်လေးကိုလွယ်သားဟ။

"ဘယ်လိုလဲကွ,ပထမကမ္ဘာက ဖြေရှင်းရတာ တော်တော်လွယ်တယ်လို့ ခံစားရတယ်။"

System ကလည်း သူ့ကို ချီးကျူးလိုက်တယ် "မင်း က တကယ်ကိုဟာသဉာဏ်ရှိသားပဲ။ ဖြစ်နိုင်တယ် လို့တော့ ငါ ထင်ပါတယ်"

ရှန်ဖုန်းယွဲ့ က စစ်ဆေးမေးမြန်းတဲ့အခန်းက ထွက်လာတဲ့အချိန်မှာပဲ အခုလေးတင် စစ်ဆေးမေးမြန်းတာ ပြီးသွားလို့ ထွက်လာကြတဲ့ ချင်းယွမ် ရယ် ဝူယူရဲ့ အောက်ဆွဲလေးတွေနဲ့ ချက်ချင်း တွေ့လိုက်ရတယ်။

ချင်းယွမ် ကတော့ အခြေအနေသိပ်ကောင်းပုံမပေါ်ဘူး။ သူက ခေါင်းငိုက်စိုက်ချကာ နည်းနည်း ဝိညာဉ်မဲ့နေသလိုမျိုး ခံစားနေရတယ်။ ရှန်ဖုန်းယွဲ့ က အဲ့အ‌ကြောင်း တွေးမိပြီးတော့ တုံ့ပြန်လိုက်တယ်။ ချင်းယွမ် က အမြဲတမ်း ရှက်ရွံ့နေတတ်တဲ့သူဆိုတော့ ဒီစစ်ဆေးမေးမြန်းမှုက သူ့ကို သေချာပေါက် ကြောက်လန့်စေလိမ့်မှာပဲ။

သူက ချင်းယွမ်ကို ပွေ့ဖက်ကာ နှစ်သိမ့်ပေးလိုက်တယ်: "မကြောက်ပါနဲ့ အစ်ကို ရန် ဒီမှာရှိပါတယ်"

"ရန် , အစ်ကိုရန်" ချင်းယွမ် က သူ့လက်တွေနဲ့ ရှန်ဖုန်းယွဲ့ ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်တယ်။ သူ့ခေါင်းကို ရှန်ဖုန်းယွဲ့ရဲ့ လည်ပင်းအချိုင့်လေးပေါ်မှာ တင်ထားလိုက်ပြီး ခပ်နွေးနွေးအရည်တွေက ရှန်ဖုန်းယွဲ့ လည်ပင်းပေါ်ကို စီးကျလာခဲ့တယ်။ချင်းယွမ် က ဆို့နင့်နေတဲ့ အသံနဲ့ ပြောလာခဲ့တယ်,"အစ်ကိုရန်၊ ကျွန်တော်ကြောက်တယ်"

ရှန်ဖုန်းယွဲ့ က သူ့ခေါင်း‌လေးကိုကိုင်မော့လိုက်ပြီး မျက်ရည်တွေကို သုတ်‌ပေးရင်း သူ့ကို ပြုံးပြလာခဲ့တယ်: "ဘာကိုကြောက်နေတာလဲ? အစ်ကိုရန်က ဒီနေရာမှာ အစ်ကို ရှိတယ်လို့ မပြောခဲ့ဘူးလား?ပြီးတော့ မင်းက အရွယ်ရောက်နေတဲ့ ကောင်လေးပဲဟာကို ၊ ဘာမှ ငိုစရာမလိုတဲ့ကိစ္စမှာ ဘာအတွက်များငိုနေရတာလဲ?နောက်ကြရင် ဇနီးလေးရှာဖို့ခက်‌နေလိမ့်မယ်‌နော်။ အငိုသန်တဲ့ကလေးလေးတွေကို ကြိုက်တဲ့ ဘယ်မိန်းကလေးကိုများ မင်းတွေ့ဖူးလို့လဲ?"

အဲဒီနောက် သူ က ချင်းယွမ် နဲ့ ကျောင်းကိုပြန်လာတဲ့ လမ်းတစ်လျှောက်လုံး စကားတွေပြောလာခဲ့ပြီး အဲ့အချိန်အတွင်းမှာ ပုံမှန်မဟုတ်တာဘာတစ်ခုမှ မဖြစ်ခဲ့ဘူး။သူက လူသတ်သမားဆီက အာရုံစိုက် ပစ်မှတ်ထားခံရတာကြောင့်ပဲ အရမ်းကို စိုးရိမ်ပူပန်နေခဲ့တယ်။သူက အတန်းချိန်အတောအတွင်း ငေးကြောင်နေခဲ့ပြီးတော့ System နဲ့ ဆွေးနွေး အကြံထုတ်နေခဲ့တယ်။

ရှန်ဖုန်းယွဲ့ : "အခုလတ်တလော ငါတို့ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ?"

System : "မင်းဆုံးဖြတ်တာ ပိုကောင်းမယ်လို့ ငါထင်တယ်။"

ရှန်ဖုန်းယွဲ့ : "ညနေစာကျက်ချိန်ပြီးရင် မှုခင်းဖြစ်တဲ့နေရာကို သွားရအောင်, ဘယ်လိုလဲ?"

System၊ "အဆင်ပြေမယ်ထင်တယ်။"

တစ်ဖက်တွင် ချင်းယွမ်က ခေါင်းငုံ့ကာ သင်ခန်းစာကို နားထောင်နေသလို ဟန်ဆောင်နေခဲ့ပြီး တကယ့် လက်တွေ့မှာတော့ သူက သူရဲ့မှတ်စုစာအုပ်ထဲမှာ 'ကျန်းရန်' ရဲ့ နာမည်ကို တစ်လုံးပြီးတစ်လုံး ရေးနေခဲ့ခြင်းဖြစ်သည်။ "ကျန်းရန်" ဆိုတဲ့စာလုံးတွေ အပြည့်ဖြစ်နေတဲ့ စာမျက်နှာကို ကြည့်လိုက်ပြီး ဆံပင်ရှည်တွေနဲ့ ဖုံးအုပ်ထားတဲ့ သူ့မျက်လုံးတွေက ကျေနပ်မှုကြောင့် ကွေးညွှတ်သွားခဲ့တယ်။ သူက စာမျက်နှာအသစ်ကို လှန်လိုက်ပြီး စာမျက်နှာအလွတ်ပေါ်မှာ စာကြောင်းတစ်ကြောင်းကို ချရေးလိုက်တယ်။

[ငါ သူ့ကို ပိုပိုပြီး သဘောကျလာပြီ။]

ညနေခင်း စာ‌လေ့လာချိန်ပြီးတဲ့နောက် ရှန်ဖုန်းယွဲ့ က စုံစမ်းဖို့သွားတော့မှာဖြစ်ပြီး ချင်းယွမ်ကို ခေါ်သွားဖို့က သူ့အတွက် အဆင်မပြေတာကြောင့် သူ့မှာ လုပ်စရာ တစ်ခုခုရှိတဲ့ပုံမျိုး ဟန်ဆောင်လိုက်ပြီး သူတို့နှစ်ဦးက လမ်းခွဲခဲ့လိုက်ကြတယ်။

လမ်းမပေါ်ရှိ လမ်းမီးတိုင်အချို့က ပျက်နေတာကြောင့် အချို့နေရာတွေက မှောင်မိုက်နေခဲ့တယ်။ လမ်းကြားထဲမှာတော့ လမ်းမီးတိုင်‌တွေမရှိတဲ့အတွက် ဘေးနားပတ်ဝန်းကျင်ထက် ပိုမှောင်‌နေပြီးတော့ အသူရာချောက်နက်ကြီးတစ်ခုအတိုင်းပဲ။

လမ်းကြား အဝင်၀မှာရပ်နေတဲ့ ရှန်ဖုန်းယွဲ့ က သူ့ရှေ့က မှောင်မိုက်နေတဲ့လမ်းကြားကို ကြည့်လိုက်တဲ့အခါမှာ အကြောင်းပြချက်မရှိဘဲ သူ့စိတ်ထဲမှာ ရုတ်တရက် စာကြောင်းတစ်ကြောင်း ပေါ်လာခဲ့တယ်။

- [အသူရာချောက်နက်ထဲကို မင်း စူးစိုက်ကြည့်လိုက်တဲ့အခါမှာ အသူရာချောက်နက်ကြီး ကလည်း မင်းကို ပြန်စူးစိုက်ကြည့်လိမ့်မယ်။]

ထိုအချိန်မှာပဲ ညရဲ့ အေးမြမှုကို သယ်ဆောင်လာတဲ့ ညဥ့်လေပြေ က ရှန်ဖုန်းယွဲ့ ရဲ့ ခန္ဓာကိုယ်ကို ဖြတ်သန်းတိုက်ခတ်သွားပြီးတော့ ရှန်ဖုန်းယွဲ့ ခမျာ ခေါင်းအစ ခြေအဆုံး ကြက်သီးတွေ တဖြန်းဖြန်း ထသွားရတယ်။ ရုတ်တရက် ​ခြေ​ထောက်​​တွေ ​ပျော့ခွေချင်လာသလို ခံစားနေရပြီး သူ ​ပြန်ပဲ‌ပြေးချင်မိတော့တယ်။ သူ System ကို စကားပြောချင်နေတဲ့အချိန်မှာပဲ၊ System က သူ့ရဲ့အတွေးတွေကို ထိုးထွင်းသိနေပုံရတယ်:

"မင်း ကြောက်နေတာလား?"

ရှန်ဖုန်းယွဲ့ , "..." မင်းက ငါ့ဗိုက်ထဲက သန်ကောင်များလား?!

System : "ဟုတ်တယ်မလား?"

ရှန်ဖုန်းယွဲ့ က သူ့ရဲ့ အေးစက်နေတဲ့ လက်မောင်းကို ထိလိုက်ရင်း ဒေတာတစ်ခုရှေ့မှာ ဝန်ခံလိုက်ပြီးတော့ ယောက်ျားတစ်ယောက်အ‌နေနဲ့ သူ့ဂုဏ်သိက္ခာကို အဆုံးရှုံးခံလို့မရဘူးလို့ ခံစားလိုက်ရတယ်!သူ ဒီ System နဲ့ ရန်ဖြစ်ဖို့အတွက် လေကုန်မခံသင့်ဘူး, ယောက်ျားတစ်ယောက် အ‌နေနဲ့ သူပြောပြီးပြီးသားအရာကို သူလုပ်ကိုလုပ်သင့်တယ်!

သူက မျက်နှာကို တည်တည်ထားကာ ဖုန်းအလင်းမီးကိုဖွင့်လိုက်ရင်း အေးအေးဆေးဆေး ပြောလိုက်တယ် :"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ,သွားမယ်,၀င်သွားပြီးတော့ တစ်ချက်လောက်ကြည့်ကြတာ‌ပေါ့"

ဖုန်း ရဲ့ အလင်းမီးက ထုတ်ပေးတဲ့အလင်းရောင်က အရမ်းကို ပါးလွှာပြီးတော့ မြင်နိုင်တဲ့အကွာအဝေးက အရမ်းကို သေးငယ်တယ်။ ရှန်ဖုန်းယွဲ့ က ဖုန်းကို ကိုင်ထားပြီး အပေါ်နဲ့ အောက်ကို မြှောက်ရင်းချရင်းနဲ့ ခြေလှမ်းတွေကို ခပ်စိပ်စိပ်လေးပဲ လှမ်းလျှောက်နေခဲ့အပြီးမှာတော့ မသွားနိုင်တော့ဘဲ ရပ်ပြီးခဏစောင့်နေလိုက်‌တယ်။

သိသိသာသာကိုပဲ ညက အရမ်းမနက်သေးတဲ့အပြင် အဝေးကလူတွေရဲ့ ဆူညံသံတွေတောင်ကြားနေရပေမဲ့ ဒီသီးခြားဆန်တဲ့နေရာက ကမ္ဘာကြီးကနေ ပိုင်းခြား ခွဲထုတ်ခံထားရတဲ့ပုံ‌ပေါ်နေပြီး အဆုံးမဲ့တဲ့အမှောင်ထုနဲ့ တိတ်ဆိတ်မှုကိုသာ ချန်ထားခဲ့တယ်။

အမှောင်ထုက မသိခြင်းများကို ကိုယ်စားပြုပြီး မသိနားမလည်မှု က တစ်ခါတစ်ရံ လူသားတွေရဲ့ နှလုံးသားအတွင်းက အနက်ရှိုင်းဆုံး အကြောက်တရားလည်း ဖြစ်သည်။

ရုတ်တရက် တိုက်လာတဲ့ လေက ပလပ်စတစ်အိတ်ကို မြေပြင်ပေါ် မှာ နှစ်ပတ်လောက်လှိမ့်သွားစေပြီး 'ရှဲ_ရှဲ_ဂျစ်_ဂျစ်' ဆိုတဲ့ အသံတွေ ထွက်လာစေတယ်။ ရှန်ဖုန်းယွဲ့ က အရမ်းထိတ်လန့်သွားတာကြောင့် သူ့ အသက်ရှုသံ‌တွေ ရပ်သွားခဲ့သလို သူငယ်အိမ်တွေလည်း ချက်ချင်း ပြူးကျယ်လာပြီးတော့ နှလုံးခုန်သံတွေ တဒိန်းဒိန်းနဲ့ တဟုန်ထိုး ခုန်မလာခင်မှာပဲ တစ်ချက်လောက် ရပ်သွားခဲ့တယ်။ ခဏလေးအတွင်းမှာ ချွေးအေးတွေ ထွက်လာပြီး သူ့နောက်ကျောက အဝတ်တွေ စိုစွတ်လာခဲ့သလို အနည်းငယ် ထုံကျင်နေသလိုမျိုး ခံစားလိုက်ရတယ်။

သူက အသက်ရှုဖို့ မေ့နေခဲ့တာကြောင့် အောက်ဆီဂျင် ပြတ်လပ်နေတဲ့ အခြေအနေထဲမှာ ရှိနေခဲ့တယ်။ သူ့ 'နား' တစ်၀ိုက်မှာ ကြမ်းတမ်း စူးရှတဲ့ တဝီဝီမြည်သံတွေ ကြားနေရပြီးတော့ သူ့မှာ 'နားထဲမှာ မြည်သံတွေကြားရတဲ့ လက္ခဏာ' ရှိနေတဲ့အတိုင်းပဲ။

[T/N : အဲ့ဒီလက္ခဏာနာမည်ကို Tinnitus လို့ခေါ်ပါတယ်။ရောဂါလို့တော့ မပြောကြပါဘူး။သူက နားထဲက ဦးနှောက်နဲ့ ဆက်သွယ်ထားတဲ့ အကြားအာရုံနဲ့ဆိုင်တဲ့စနစ်မှာ မှားနေတာရှိလို့ ပေါ်လာတဲ့ လက္ခဏာပါ။တစ်ခါတစ်လေ တစ်ခြားသောရောဂါတွေကြောင့် ရှေ့ပြေး ဖြစ်ပွားတာလည်း ဖြစ်နိုင်ပါတယ်။ ပြင်ပက အသံတွေကြားရတာထက် ခန္ဓာကိုယ်ထဲက လာတဲ့အသံတွေကို နားထဲမှာ ကြားရတာပါ။အများစုကတော့ ပိုးကောင်တွေပျံတဲ့အသံ၊တရှူးရှူး တဝေါဝေါမြည်တဲ့အသံ၊ဟိန်းသံတွေ၊စက်သွားသံတွေ ကြားရတတ်ပါတယ်။]

သူ ကြီးမားတဲ့ အကြောက်တရားထဲကို ကျရောက်နေခဲ့ပြီ: သူ ရှင်းရှင်းလင်းလင်း သိပေမဲ့လည်း ပြောင်းလဲဖို့အတွက်တော့ အင်အားမဲ့နေခဲ့ပြီ။

"ရှန်ဖုန်းယွဲ့ !"

"ရှန်ဖုန်းယွဲ့ !"

System က သူနဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေတာကို သတိပြုမိသွားပြီး နှစ်ကြိမ်တိုင်တိုင်ခေါ်လိုက်တာတောင် တုံ့ပြန်မှုမရှိတာကို တွေ့သွားပြီး‌တော့ စိတ်ပူလာခဲ့တယ်: "အဲဒါက ပလတ်စတစ်အိတ်လေး တစ်လုံးပါကွ! သောက်ဖုတ်ပဲ! လုပ်စမ်းပါ! အသက်ရှူ! အသက်ရှူမကျပ်စေနဲ့!"

System ရဲ့ စကားတွေကိုကြားပြီးနောက် ရှန်ဖုန်းယွဲ့ က အသက်ပြင်းပြင်းရှူလိုက်ပြီး နှလုံးမှာ စူးခနဲ နာကျင်မှုနဲ့အတူ ဆို့နင့်နေခဲ့တယ်။ အကြိမ်ပေါင်းများစွာ အသက်ရှုသွင်းပြီး နောက်မှာတော့ တဖြည်းဖြည်း ပြန်လည်သက်သာလာခဲ့တယ်။ သူက သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက် ညစ်ပတ်သွားမှာ‌တွေ ဘာတွေ ဂရုမစိုက်တော့ဘဲ ခဏလောက် အနားယူဖို့အတွက် နံရံကို မှီချလိုက်တော့တယ်။

သူက လက်ကိုလှုပ်လိုက်ပြီး ဖုန်း မီးနဲ့ ပလတ်စတစ်အိတ် ပေါ်ကို ထိုးကြည့်လိုက်တယ် ။ အဲ့အရာက တကယ့် ပလတ်စတစ်အိတ်ဖြစ်ကြောင်း တွေ့လိုက်ရတဲ့နောက်မှ သူ လုံး၀ စိတ်သက်သာရာ ရသွားရတယ်။

သူက ချောင်းဆိုးပြီး လည်ချောင်းကို ရှင်းလိုက်တယ်
"ငါ အဆင်ပြေပါတယ်" သူ့နှာခေါင်းသံက ငိုသံ နည်းနည်း ပေါက်နေပြီး ကြမ်းရှရှဖြစ်နေခဲ့တယ်။

System : "......"

System က ဘာမှ ထပ်ပြီးကို မပြောချင်တော့ဘူး။ သူ ထပ်ပြောလိုက်တဲ့ စကားတွေက ဒီငကြောက်ကောင်ကို ခြောက်လန့်မိသလိုဖြစ်သွားမှာကို သူကြောက်မိပါတယ်။

ရှန်ဖုန်းယွဲ့ က နံရံကို မှီကာ ထလိုက်ရင်းနဲ့ ဆုံးဖြတ်ချက်တစ်ခုကို အမြန်ချလိုက်တယ်။အခု သူလှမ်းတဲ့ ခြေလှမ်းတွေက အရင်ကထက် နည်းနည်းပိုကြီးလာပြီး ခြေလှမ်းအနည်းငယ် လျှောက်အပြီးမှာပဲ မှုခင်းဖြစ်ပွားတဲ့နေရာကို ရောက်သွားခဲ့တယ်။

အခင်းဖြစ်ပွားတဲ့နေရာမှာ အနီရင့်ရင် သွေးကွက်‌တွေကလွဲလို့ ဘာမှမကျန်တော့ဘူး ။သွေးစွန်းကွက်အကြီးကြီး တစ်ခုရှိနေပြီးတော့ အချိန်နည်းနည်းကြာပြီဖြစ်တာကြောင့် အချို့‌နေရာတွေက မြေကြီးထဲကိုစိမ့်ဝင်နေပြီဖြစ်တယ်။ ဖန်ကွဲ အစအန အချို့လည်းရှိပြီး အဲဒါတွေကလွဲလို့‌တော့ အခြားဘာမှမရှိဘူး။

ရှန်ဖုန်းယွဲ့ က ဒီကနေ သူပြန်ထွက်မသွားခင်လေးမှာ လူသတ်မှုရဲ့ သဲလွန်စတွေ မကျန်ခဲ့ဘူး ဆိုတာကို ထပ်ခါတလဲလဲ အတည်ပြုခဲ့တယ်။ သူ ဒီမှာ စိတ်တထင့်ထင့်နဲ့ နေစရာမလိုတော့ဘူးလို့ တွေးလိုက်ပြီး နည်းနည်း စိတ်အေးလက်အေးဖြစ်သွားသလို ခံစားလိုက်ရတယ်။ ပြီးတာနဲ့ ဖုတ်ပူမီးတိုက် ကမန်းကတန်း အမူအရာနဲ့ ခြေလှမ်းတွေကို မြန်မြန်လျှောက်ခဲ့တယ်။

"ရှပ်,ရှပ်,ရှပ်,ရှပ်"

ဖုန်းမီးအလင်းရောင်က တုန်ခါနေပြီး လမ်းကြားထဲက ကြားနေရတဲ့ တစ်ခုတည်းသော အသံက အမြန်လျှောက်နေတဲ့ ခြေသံ‌တွေပဲဖြစ်တယ်။

"ရှပ်,ရှပ်,ရှပ်,ရှပ်"

"ရှပ်,ရှပ်,ရှပ်,ရှပ်"

မှားနေပြီ!

"ရှပ်,ရှပ်,ရှပ်,ရှပ်"

မှားနေပြီ!

"ရှပ်,ရှပ်,ရှပ်,ရှပ်"

မှားနေပြီ! မှားနေပြီ! တစ်ခုခုတော့မှားနေပြီ!

မကောင်းတဲ့ အတိတ်နိမိတ်တစ်ခု ရနေတယ်။ ဒီအမှောင်ထုရဲ့ အနက်ရှိုင်းဆုံး အတွင်းဘက်မှာ သူ့ကို ပေါ်ပေါ်တင်တင် စောင့်ကြည့်နေတဲ့ ပုန်းအောင်းနေတဲ့ မျက်လုံးတစ်စုံ ရှိနေတယ်လို့ အမြဲတမ်း ခံစားနေရတယ်။ သူ လှည့်ကြည့်လိုက်တဲ့အချိန်မှာ မျက်လုံးစိမ်းကြီးနှစ်လုံးက ပိုပြီး ပိုပြီး ထင်ရှားလာခဲ့ပြီး သူ့ နှလုံးသားကလည်း စတင်ပြီး သွေးရူးသွေးတန်း ခုန်ပေါက်လာခဲ့တယ်။

"ဒုတ်_ဒုတ်_ဒုတ်_ဒုတ်..."

နောက်အခိုက်အတန့်မှာ သူ့နှလုံးက လည်ချောင်းထဲက ခုန်ထွက်လာမှာကိုတောင် သူ ကြောက်မိတယ်။

မကောင်းတဲ့ ခံစားချက်က ပိုပိုပြီးပြင်းထန်လာတယ်။ စိုက်ကြည့်ခံ‌နေရလို့ စိတ်မသက်မသာဖြစ်ရတဲ့ ခံစားချက်ကြီးက ခြေမျက်စိရိုးထဲမှာ လောက်တွေရှိနေတဲ့အတိုင်းပဲ။

[T/N: "ခြေမျက်စိရိုးထဲက လောက်တွေ" က တရုတ်‌ဒေသိယ စကားဖြစ်ပြီး အရမ်းဆိုးရွားပေမယ့် ဖယ်ရှားဖို့ခက်ခဲတဲ့ အရာတစ်ခု လို့ အဓိပ္ပါယ်ရပါတယ်]

သူ က အရှိန်ကို နည်းနည်း နှေးလိုက်ပြီး အသံကို နားထောင်ဖို့ နားကို စောင်းလိုက်တယ်။

"ရှပ်,ရှပ်,ရှပ်"

သူ့ခြေလှမ်းနောက်မှာ လိုက်ပါနေတဲ့ တိုးဖွပေမဲ့ ပြတ်သားတဲ့ "ဒေါက်,ဒေါက်,ဒေါက်" ဆိုတဲ့ အသံ ကိုကြားနေရတယ်။

"ရှပ်,ရှပ်,ရှပ်"

"ဒေါက်,ဒေါက်,ဒေါက်"

"ရှပ်,ရှပ်,ရှပ်,ရှပ်"

"ဒေါက်,ဒေါက်"

........

"ရှပ်"

"‌ ဒေါက်-"

လူတစ်ယောက်က ​တစ်​​ယောက်​ထဲ ညဘက်မှာ လမ်း​လျှောက်​တဲ့အခါ ​အဲ့ဒီလူတစ်ယောက်တည်းရဲ့ ခြေသံတွေပဲ ကြားနေရသင့်တာ မဟုတ်လား?

ဒါဆို အပို အသံတစ်ခု ရှိနေခဲ့ရင်ကော?

သေချာတာပေါ့။

မင်းနောက်ကို လိုက်နေတဲ့လူတစ်ယောက်ရှိ‌နေပြီလေ။

"ရှပ်,ရှပ်"

"ဒေါက်,ဒေါက်"

အဲဒီ့လူက အေးအေးဆေးဆေး သက်တောင့်သက်သာနဲ့ လိုက်လာခဲ့ပြီး ရုတ်တရက် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်တယ်။ အဆိုပါ "ထိခတ်သံ"က မှောင်မိုက် တိတ်ဆိတ်တဲ့ ညကို ရုတ်ခြည်း ခြောက်လှန့်လိုက်သလို ဖြစ်သွားပြီး၊ အဲဒါကြောင့်ပဲ သူ့ကိုယ်သူ ဖော်ထုတ်လိုက်မိမှန်း သိသွားတာမို့ စပြီးတော့ ထိုသူက ခပ်မြန်မြန် လမ်းလျှောက်လာခဲ့တယ်။

"တာ-တာ-တာ-တာ-တာ".

ရှန်ဖုန်းယွဲ့ က တစ်ဖက်လူရဲ့ခြေသံတွေ မြန်လာတာကို ကြားပြီးတဲ့နောက် သူ က ရှိသမျှ ခွန်အားအကုန်သုံးပြီးတော့ ချက်ချင်း ပြေးတော့တယ်။ ရုတ်တရတ် တရှိန်ထိုးပြေးသွားတာကြောင့် သူ့ အသက်ရှုနှုန်း‌တွေ မြန်လာခဲ့ပြီး မူလက တိုတောင်းတဲ့လမ်းက အခုအချိန်မှာတော့ အဆုံးမရှိသလိုမျိုး နှိုင်းယှဉ်လို့မရလောက်အောင် ရှည်လျားလာခဲ့သလိုပဲ။ စိတ်ပျက်စရာ ကောင်းလောက်အောင်ကို ရှည်လွန်းတယ်။

ရှန်ဖုန်းယွဲ့ ခမျာ ချွေးသီးချွေးပေါက်တွေ ထွက်လာခဲ့တယ်။ သူ က အစကတည်းက ထိတ်လန့်တုန်လှုပ်နေတာဖြစ်ပြီး အနောက်က လိုက်လာတဲ့ ခြေသံတွေ ထွက်လာတာကို ကြားလိုက်ရတဲ့အခါမှာ ပိုပြီးတော့တောင် ကြောက်လန့်တကြား ဖြစ်သွားရတယ်။ သူက အဲဒီလူ ကို ပြန်လည်း လှည့်မကြည့်ဝံ့တဲ့အပြင် ရှန်ဖုန်းယွဲ့ တစ်ယောက် ရုတ်တရက် အတွေးပေါင်းများစွာကို တွေးမိလိုက်တယ် :
သူ့ နောက်ကို လိုက်တဲ့သူက သံကြိုးလွှကြီးနဲ့ အရူးကောင်ကြီးများ ဖြစ်နေမလား၊ ခြေတံရှည် လက်တံရှည်ကြီးနဲ့ မကောင်းဆိုးဝါး တစ်ကောင်၊ တဏှာရူး နှာဘူး လူသတ်သမား၊ ပုပ်ပွနေတဲ့ အလောင်းကောင်ကြီးလား...

"သေစမ်း! ရှန်ဖုန်းယွဲ့ရေ မင်းကို ကယ်တင်ဖို့ ငါ ဒီမှာ ရှိတယ်!" System ဆီက အော်ဟစ်သံ ကြားလိုက်ပြီးတဲ့နောက်၊ ရှန်ဖုန်းယွဲ့ က ရုတ်တရက် ပျံလွှားတစ်ကောင်အတိုင်း ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး သူ့ရဲ့ ပြေးနှုန်းကလည်း System ရဲ့ အကူအညီနဲ့ နှစ်ဆပိုမြန်လာပြီး သူ့နောက်က လူနဲ့ ဝေးရာကို ဝှီးခနဲ ပြေးထွက်ခဲ့လိုက်တယ်။

သူ့နောက်က ကြားနေရတဲ့ ခြေသံတွေ တိုးဖျော့လာပြီး ပျောက်ကွယ်သွားတော့မှပဲ နောက်ဆုံး ရှန်ဖုန်းယွဲ့ က အရှိန်လျှော့လိုက်ပြီး သူ့ရှေ့နားမှာတော့ အလင်းရောင်တစ်ခု ရှိနေခဲ့တယ်။ ထိုအရာက လမ်းမီးတိုင်က မှိန်ဖျော့ဖျော့ အလင်းရောင် ဖြစ်ပေမဲ့လည်း ရှန်ဖုန်းယွဲ့ ရဲ့ မျက်လုံးတွေထဲမှာတော့ အရမ်းကိုဖော်ရွေပြီး တောက်ပနေတဲ့ မျှော်လင့်ချက်တစ်ခုလိုမျိုး မြင်နေရသလိုပဲ။

ထွက်ပေါက်ပဲ! ငါ မကြာခင် ရောက်တော့မယ်!

သူရဲ့ အရှိန်ကို မြှင့်လိုက်ပြီး ပြေးထွက်သွားခဲ့တယ်။ ရှေ့မလှမ်းမကမ်းမှာတော့ သူ့ကိုနောက်ကျော‌ပေးပြီး လမ်းလျှောက်နေတဲ့ ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရတယ်။ သူ မြန်မြန်ပဲ လှမ်းအော်လိုက်တယ် : "ကူညီပါဦး!-"

သူ့အော်သံကိုကြားပြီးတဲ့နောက်မှာ ထိုလူက ရပ်သွားပြီး သူ့မျက်နှာပေါ်က မှန်းဆမရတဲ့လျှို့ဝှက်တဲ့ အပြုံးတစ်ခုနဲ့အတူ သူ့ကို နောက်ပြန် လှည့်ကြည့်လာခဲ့တယ်။

ဟား။

                       ✧✧✧✧✧✧

Thanks for reading♡

[Zawgyi]

"ပရိသတ္မ်ားအားလုံး မဂၤလာနံနက္ခင္းပါခင္ဗ်ာ။ JJTV မနက္ခင္း သတင္းမွ ႀကိဳဆိုပါတယ္။ ကြၽန္ေတာ္ကေတာ့ အစီအစဥ္တင္ဆက္သူ A ပါ။"

"သတင္း‌ေပးပို႔ခ်က္အရ ျပင္ပအရာ၀တၳဳတစ္ခုကို မေတာ္တဆ မ်ိဳခ်မိလို႔ အမ်ိဳးသားတစ္ဦးဟာ ေဆးကုသမႈခံယူဖို႔ ေဆး႐ုံကို သြားခဲ့ရေၾကာင္းနဲ႔ အဲ့အရာက မ်က္ႏွာေပါင္းတင္တဲ့ဗူး ျဖစ္ေၾကာင္း ေတြ႕ရွိခဲ့ရပါတယ္။အခု ကြၽႏ္ုပ္တို႔ရဲ႕ ၾကည့္ရႈသူမ်ားကို သတိေပးခ်င္တာကေတာ့ ေက်းဇူးျပဳၿပီး ႏိုင္ငံျခားက အရာဝတၳဳမ်ားကို ပါးစပ္ထဲကို မထည့္ပါနဲ႔။"

[T/N: Mask Stick ပါ]

"ေနာက္တစ္ခုကေတာ့ အမ်ိဳးသမီးတစ္ဦးဟာ သူမရဲ႕ အရက္ ခံႏိုင္ရည္ နည္းပါးမႈေၾကာင့္ အရက္ရွိန္တက္ကာ စိတ္လြတ္ၿပီး ညဘက္မွာအရက္မူးေနတာျဖစ္ပါတယ္။ သူမက ေရေျမာင္းအဖုံးႀကီးကို သယ္ၿပီး ေဒါသတႀကီးနဲ႔ လမ္းမေပၚမွာ မီတာရာႏွင့္ခ်ီ ေျပးခဲ့တာျဖစ္ပါတယ္"

"ညဥ့္နက္ပိုင္းမွာ သည္းထိတ္ရင္ဖို႐ုပ္ရွင္ၾကည့္ေနတဲ့ အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးဟာ ေၾကာက္လန႔္တၾကား မူးေမ့လဲသြားခဲ့ပါတယ္။ဒါေၾကာင့္ ႐ုပ္ရွင္နဲ႔ ႐ုပ္ျမင္သံၾကား အမ်ိဳးအစား ခြဲျခားမႈကို တတ္ႏိုင္သမွ် အျမန္ဆုံး အဆင့္ျမႇင့္တင္သြားမယ္လို႔ သက္ဆိုင္ရာ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္"
........

ရွန္ဖုန္းယြဲ႕ က ဒီေန႔ မနက္ေစာေစာထ‌တာမလို႔ မနက္သတင္းၾကည့္ဖို႔ TV ဖြင့္ထားလိုက္တယ္။ လာေနတဲ့ဟာေတြကလည္း ဒီလိုထူးထူးဆန္းဆန္း သတင္းေတြခ်ည္းပဲ။ သူက ပိတ္လိုက္ေတာ့မယ့္ အခ်ိန္မွာပဲ ၾကားကေနျဖတ္ၿပီးေျပာလိုက္တဲ့ အစီအစဥ္တင္ဆက္သူရဲ႕ အသံကိုၾကားလိုက္ရတယ္။

"အဆင္မေျပမႈအတြက္ ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ္တို႔မွာ အေရးေပၚသတိေပးခ်က္တစ္ခု ရထားပါတယ္။ က်င္က်န္း လူေနရပ္ကြက္ရဲ႕ လမ္းၾကားအတြင္းမွာ အမ်ိဳးသား အေလာင္းတစ္ေလာင္းကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ ေသဆုံးသူရဲ႕ ကိုယ္ေရးအခ်က္အလက္ကို ယခု အတည္ျပဳထားၿပီးျဖစ္ပါတယ္။ သူကေတာ့ က်င္က်န္း အထက္တန္းေက်ာင္းမွ ဝူယူ အမည္ရတဲ့ ေက်ာင္းသားျဖစ္ၿပီး သူ႔မိသားစုက အေလာင္းကို လႊဲယူဖို႔ လာခဲ့ပါတယ္။"

ဝူယူ ေသၿပီ...

ရွန္ဖုန္းယြဲ႕ က ပါးစပ္က ဝါးေနတာကို ရပ္လိုက္ၿပီး တီဗီဖန္သားျပင္ကို စူးစူးစိုက္စိုက္ၾကည့္ကာ ဂ႐ုတစိုက္နဲ႔ နားေထာင္လိုက္တယ္။

"စုံစမ္းစစ္ေဆးမႈအရ ေသဆုံးသူဟာ ညဘက္မွာ က်င္က်န္း ခ႐ိုင္မွာရွိတဲ့ လမ္းၾကားအတြင္းထဲမွာ အသတ္ခံခဲ့ရတာပါ။ လူသတ္သမားဟာ ရက္စက္ၾကမ္းၾကဳတ္ၿပီး ေသဆုံးသူရဲ႕ ခႏၶာကိုယ္ေပၚမွာ ေသေစႏိုင္တဲ့ ဒဏ္ရာေပါင္းမ်ားစြာ ခ်န္ရစ္ခဲ့တဲ့အျပင္ ေသဆုံးသူရဲ႕ ႏႈတ္ခမ္းကိုလည္း အပ္ခ်ည္နဲ႔ ခ်ဳပ္ထားခဲ့တာျဖစ္ပါတယ္"

ဖန္သားျပင္ေပၚတြင္ မႈန္ဝါးေပးထားတဲ့ လူပုံ‌စံေပၚလာခဲ့ၿပီး အေရျပား ေတာ္ေတာ္မ်ားမ်ားနဲ႔ ေသြးအကြက္လိုက္ႀကီးကို ျမင္ေနရတယ္။ ေသရတာ ဘယ္ေလာက္ေတာင္ ေၾကာက္ဖို႔ေကာင္းလိုက္မလဲေနာ္။

"ရဲမ်ားက စုံစမ္းစစ္ေဆးမႈေတြကို နက္နက္နဲနဲ စတင္လုပ္ေဆာင္ေနၿပီး ညဥ့္နက္ပိုင္းအျပင္ထြက္တာကို ေရွာင္ၿပီး လုံၿခဳံေအာင္ေနဖို႔ ေတာင္းဆိုထားပါတယ္။"

"မနက္ခင္း သတင္းကို ဒီေလာက္နဲ႔ပဲ နိဂုံးခ်ဳပ္လိုက္ပါတယ္။ နားေထာင္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္၊ ေနာက္တစ္ခါမွာ ထပ္ေတြ႕ၾကပါမယ္"

သတင္းေတြ ၿပီးသြားတာနဲ႔ ေၾကာ္ျငာေတြက ျပန္ၿပီး ေနရာယူလာခဲ့တယ္။ TV ေပၚမွာလာေနတဲ့ ေၾကာ္ျငာေတြက နည္းနည္း အသံက်ယ္‌ေနေပမယ့္ တကယ့္လက္ရွိမွာေတာ့ အရမ္းကို ၿငိမ္သက္ေနခဲ့တယ္။ ရွန္ဖုန္းယြဲ႕ နဲ႔ System ရဲ႕ တိတ္ဆိတ္ေနမႈက ပတ္၀န္းက်င္ကို ခဏတာေလာက္ အနည္းငယ္ ေလးလံသြားေစၿပီးေတာ့ မသက္မသာနဲ႔ ေျခာက္ကပ္ကပ္ႀကီးျဖစ္သြားေစခဲ့တယ္။

ခဏေလာက္အၾကာမွာ ရွန္ဖုန္းယြဲ႕ က ေျပာလာခဲ့တယ္ "System, ဇာတ္ေၾကာင္းက ေနာက္ဆုံးေတာ့ စလာခဲ့ၿပီ"

"အင္း"

ရွန္ဖုန္းယြဲ႕ ကေတာ့ ႐ုတ္တရက္ႀကီး သူ႔ရဲ႕ အစား,စားခ်င္စိတ္ေတြ ေပ်ာက္ဆုံးသြားခဲ့တယ္။ သူက System နဲ႔ ေပါင္းၿပီးေတာ့ ဒီရက္ေတြမွာ ငါးဆားနယ္တစ္‌ေကာင္လို ေနေနရင္းနဲ႔ ဒီလိုမ်ိဳး အၿငိမ္းစားဘ၀ေလးကို လက္ခံလိုက္ေတာ့မဲ့အခ်ိန္မွာပဲ ေနာက္ဆုံးေတာ့ ေကာင္းကင္ဘုံက ဆက္ၿပီး ၾကည့္မ‌ေနႏိုင္ေတာ့ဘူး ထင္ပါတယ္။ ဇာတ္ေၾကာင္း က ေကာင္းကင္ကေန ခ်က္ျခင္းျပဳတ္က်သလိုမ်ိဳး ဖုတ္ခနဲ က်လာ‌ေတာ့တာပဲ။ မူလက စိတ္ေအးလက္ေအးနဲ႔ သက္ေတာင့္သက္သာရွိတဲ့ ေလထုေလးကေတာ့ ခ်က္ခ်င္းပဲ ထိတ္လန႔္တုန္လႈပ္စရာ သည္းထိတ္ရင္ဖိုဖြယ္ ေလထုအျဖစ္သို႔ ေျပာင္းလဲသြားခဲ့တယ္။

ရွန္ဖုန္းယြဲ႕ က တူ ေတြကို ခ်လိုက္ၿပီး စားပြဲေပၚကို သူ႔လက္ေခ်ာင္းေတြနဲ႔ ျဖည္းျဖည္းခ်င္း တို႔ေခါက္ထိရင္းနဲ႔ ေလးေလးနက္နက္ စဥ္းစားေတြးေတာေနမိတယ္။

"‌ေဒါက္"

"‌ေဒါက္"

"‌ေဒါက္"

႐ုတ္တရက္ တံခါးေခါက္သံသုံးခ်က္က ရွန္ဖုန္းယြဲ႕ကို သူ႔အေတြးထဲက ႏိုးထလာေအာင္ လႈပ္ႏႈိးလိုက္ၿပီး သူ က ဘယ္သူမ်ားပါလိမ့္လို႔ တံခါးကို ဖြင့္လိုက္တဲ့အခ်ိန္မွာ ယူနီေဖာင္းဝတ္ ရဲသားႏွစ္ေယာက္ကို ေတြ႕လိုက္ရတယ္။ ရဲေတြက သူ႔ကို တရား၀င္ အေထာက္အထား ျပၿပီးတဲ့‌ေနာက္ စုံစမ္းစစ္ေဆးဖို႔အတြက္ သူတို႔နဲ႔အတူ လိုက္ခဲ့ဖို႔ ေျပာလာခဲ့တယ္။

ရွန္ဖုန္းယြဲ႕ "??"

သူတစ္ခုခုမ်ားက်ဴးလြန္မိခဲ့လို႔လား?

အႏွစ္ႏွစ္ဆယ္ေက်ာ္ေနထိုင္ၿပီး ဥပေဒကို အၿမဲလိုက္နာခဲ့တဲ့ သူ႔လို ႏိုင္ငံသားေကာင္းတစ္ဦး အေနျဖင့္ ဒါက ရွန္ဖုန္းယြဲ႕ အတြက္ ျပည္သူ႔လုံၿခဳံေရးဗ်ဴ႐ိုကို ပထမဆုံးအႀကိမ္ ေရာက္လာရတာျဖစ္ၿပီး သူ႔ကို ရဲတပ္ဖြဲ႕ဝင္ ႏွစ္ဦးက တစ္ဖက္တစ္ခ်က္ဆီက ထိန္းကိုင္ထားတာျဖစ္တယ္။ ဒီထိန္းသိမ္းထားတဲ့ ပုံစံအေနအထားက ႏိုင္ငံသားငယ္ေလးကို ေၾကာက္လန႔္ေစဖို႔ေတာ့ လုံေလာက္တယ္ေလ။

သူက ေသေသခ်ာခ်ာထိုင္လိုက္ၿပီး စိတ္လႈပ္ရွားစြာနဲ႔ ေျခေခ်ာင္းေတြကို ေကြးထားမိတဲ့အျပင္ ႏႈတ္ခမ္းေတြကိုလည္း ေစ့ေစ့ပိတ္ထားမိတယ္။

သူနဲ႔ မ်က္ႏွာခ်င္းဆိုင္ဘက္မွာ ရဲႏွစ္ေယာက္ထိုင္ေနၿပီး အသက္ႀကီးႀကီး တစ္ေယာက္နဲ႔ လူငယ္တစ္ေယာက္ ျဖစ္တယ္။ ရွန္ဖုန္း‌ယြဲ႕ တစ္ေယာက္ အလြန္အမင္း တုန္လႈပ္ေနတာကို ျမင္ေနရတဲ့ အေတြ႕အႀကဳံရွိတဲ့ ရဲအရာရွိႀကီးက ေလထုကို သက္ေတာင့္သက္သာ ျဖစ္ေအာင္လို႔ ၿပဳံးျပလိုက္တယ္။

"မင္း အရမ္းႀကီး စိတ္ပူစရာမလိုပါဘူး၊ ငါတို႔ မင္းကို ေမးခြန္းနည္းနည္းေလာက္ ေမးဖို႔ ေခၚလိုက္တာပါ" အသက္ႀကီးႀကီးရဲအရာရွိက ေျပာလိုက္တယ္။

ရွန္ဖုန္းယြဲ႕ က ေခါင္းညိတ္လိုက္ၿပီး ေျပာခဲ့တယ္,"ေမးခ်င္တာ ေမးပါခင္ဗ်၊ ကြၽန္ေတာ္ ခင္ဗ်ားကို အကုန္လုံး အမွန္အတိုင္းပဲ ေျပာမွာပါ"

ရဲအရာရွိႀကီးက စားပြဲေပၚက အခ်က္အလက္ေတြကို လွန္ၾကည့္ၿပီး ေမးလိုက္တယ္ "မင္း ဝူယူ ကို သိတယ္ေနာ္၊ ဟုတ္သလား?"

"ဟုတ္ပါတယ္"

"မင္း နဲ႔ သူ ရဲ႕ ဆက္ဆံေရးကဘာလဲ?"

ရွန္ဖုန္းယြဲ႕ က ျပန္ေျဖလိုက္တယ္"ကြၽန္‌ေတာ္တို႔ တစ္ေယာက္ကို တစ္ေယာက္ ေကာင္းေကာင္းေတာင္ မသိၾကပါဘူး၊ ႐ိုး႐ိုးသားသား ေျပာရရင္ ခ်င္းယြမ္ ကို အႏိုင္က်င့္ေနလို႔ သူ႔ကို ပညာေပးလိုက္တဲ့ အခ်ိန္တုန္းကေၾကာင့္သာ မဟုတ္ရင္ သူ႔လို လူရွိမွန္း‌ေတာင္ သိမွာ မဟုတ္ပါဘူး"

"မင္းတို႔ေတြ ရန္ျဖစ္ခဲ့တာလား?"

"ဟုတ္ပါတယ္။ အရင္တုန္းက ကြၽန္ေတာ္ ေက်ာင္းကေန အိမ္ျပန္တဲ့လမ္းမွာ လူတစ္ေယာက္ကို ဝိုင္းအႏိုင္က်င့္ေနတဲ့ ငနဲ တစ္စုကို ေတြ႕လိုက္ရတယ္ေလ။ကြၽန္‌ေတာ္လည္း ဒီတိုင္းလက္ပိုက္ၿပီး ၾကည့္မ‌ေနႏိုင္တာေၾကာင့္ အကူအညီေပးဖို႔ သြားလိုက္ၿပီးေတာ့ ဝူယူနဲ႔အျခားလူေတြကို ေဆာ္ပေလာ္တီးၿပီး ေမာင္းထုတ္လိုက္တာ။ ၿပီးေတာ့ ကြၽန္ေတာ္ ခ်င္းယြမ္ နဲ႔လည္း တိုက္တိုက္ဆိုင္ဆိုင္ ရင္းႏွီးသြားခဲ့တာ‌ပဲ"

ရဲအရာရွိႀကီးက ေခါင္းညိတ္လိုက္ၿပီး စာေရးဖို႔အတြက္ သူ႔ေဘာပင္ကိုလႈပ္ရွားလိုက္တယ္ "မင္း မေန႔က ဘာေတြ လုပ္ေနခဲ့တာလဲ?"

" ျပဇာတ္တစ္ခု တင္ဆက္ခဲ့ၿပီးေတာ့ က်န္တာက ေက်ာင္းသားတစ္ေယာက္ရဲ႕ ေန႔စဥ္ အခ်ိန္ဇယားအတိုင္းပါပဲ"

"ဘာမွထူးထူးျခားျခား မရွိခဲ့ဘူးေပါ့?" ရဲအရာရွိႀကီး လက္ထဲက ေဘာပင္က ရပ္တန႔္သြားၿပီး စာ႐ြက္ေပၚမွာ အနက္ေရာင္အစက္ေလးေတြ အမ်ားႀကီး ေပၚလာခဲ့တယ္။

ရွန္ဖုန္းယြဲ႕ က ခဏေလာက္စဥ္းစားၿပီး ေျပာလိုက္တယ္ "ဘာမွထူးထူးျခားျခားေတာ့မဟုတ္ပါဘူး။ေန႔လယ္ခင္းမွာ ကြၽန္ေတာ္ ရည္းစားစာတစ္ေစာင္ပဲ ရခဲ့တာပါ"

"ရည္းစားစာလား?" ရဲအရာရွိႀကီးက ဆက္ေျပာတယ္, "ဘာ‌မ်ားေရးထားတာလဲ?"

"မင္းက ငါ့ဘဝရဲ႕အလင္းေရာင္ပါ"

"..."

ရဲအရာရွိႀကီးက ႐ုတ္တရက္ စကား ေျပာတာရပ္သြားတယ္၊ သူ႔ေဘးနားက မွတ္စုလိုက္မွတ္ေနတဲ့ ရဲအရာရွိငယ္ေလး ကလည္း တုန္လႈပ္သြားဟန္‌ေပၚေနခဲ့တယ္။ရွန္ဖုန္းယြဲ႕ က အနည္းငယ္ ထူးဆန္းသလို ခံစားလိုက္ရတယ္, ဒါနဲ႔ပတ္သတ္ၿပီး တစ္ခုခုကေတာ့ မွားေနၿပီ။

"ဘာျဖစ္လို႔လဲ? ဒါက ႐ိုး႐ိုးတန္းတန္း ရည္းစားစာ ေလးပါပဲ,အာ"

ခဏတာ‌ ေတြးေတာခ်ိန္ဆၿပီးတဲ့ေနာက္ ရဲအရာရွိႀကီးက ႐ုတ္တရက္ ေခါင္းကိုေမာ့ၿပီး ရွန္ဖုန္းယြဲ႕ကို ၾကည့္လိုက္တယ္။သူ႔ရဲ႕ စူးရွထက္ျမက္ၿပီး နက္ရႈိင္းတဲ့ မ်က္လုံးေတြက အသြားထက္တဲ့ ဓားတစ္ေခ်ာင္းနဲ႔တူၿပီး ရွန္ဖုန္းယြဲ႕ ကို စိုက္ၾကည့္ေနတာေၾကာင့္ သူ႔ကို အေနက်ပ္လာေစခဲ့တယ္။ ရဲအရာရွိႀကီးက သူ႔ဖိုင္ထဲက ဓာတ္ပုံတစ္ပုံကို ဆြဲထုတ္လိုက္ကာ ရွန္ဖုန္းယြဲ႕ ေရွ႕မွာ ထားလိုက္ၿပီး ေျပာလိုက္တယ္ : "ပုံမွန္အေျခအေနမွာေတာ့ ဒါက သာမန္မထင္မရွား ရည္းစားစာေလးေပမယ့္ အခုကေတာ့ အဲ့လို မဟုတ္ဘူး"

"ေသဆုံးသူရဲ႕ေဘးမွာ ကတ္တစ္ကတ္ က်န္ေနခဲ့တယ္ ,တစ္ခ်က္ေလာက္ ၾကည့္လိုက္ပါဦး"

ရွန္ဖုန္းယြဲ႕ က ဓာတ္ပုံထဲက ကတ္ေပၚရွိ စကားလုံးေတြကို ျမင္လိုက္တဲ့အခ်ိန္မွာ ႐ုတ္တရက္ သူ႔သူငယ္အိမ္ေတြေတာင္ ျပဴးက်ယ္သြားမိတယ္။အင္မတန္ ရင္းႏွီးလြန္းတဲ့ အဖြင့္စာေၾကာင္းက သူ႔ကို ေရခဲတစ္မွ် ေအးစက္ေနတဲ့ အေအးခန္းထဲကို ျပဳတ္က်သြားသလို ျဖစ္ေစခဲ့တယ္။

【မင္းက ငါ့ဘဝရဲ႕အလင္းေရာင္ပါ။ မင္းက ငါနဲ႔ မနီးစပ္ခ်င္ဘူးဆိုရင္ ငါကပဲ မင္းအနားကို လာခဲ့ပါမယ္။

ခ်စ္ရေသာ အရမ္းၾကင္နာတတ္တဲ့ မင္းက ငါ့အေပၚကိုလည္း ၾကင္နာဖို႔သင့္တယ္။

မင္းအတြက္ ငါ့ႏွလုံးသားကို ျမႇဳပ္ႏွံထားၿပီး မင္းအေပၚထားတဲ့ ငါရဲ႕ တူညီတဲ့ ခ်စ္ျခင္းေမတၱာလိုမ်ိဳး မင္းရဲ႕ႏႈတ္ခမ္းကေန ဖြင့္ဟလာတာကို ငါ ၾကားရဖို႔ေမွ်ာ္လင့္တယ္】

မင္းက ငါ့ဘဝရဲ႕အလင္းေရာင္ပါ...

မေန႔က သူရခဲ့တဲ့ ရည္းစားစာမွာ ဒီစာေၾကာင္းကို ရွင္းရွင္းလင္းလင္းႀကီး ေရးထားခဲ့တာ‌ေလ။

ဆိုလိုခ်င္တာက...

"သူက မင္းေဘးမွာပဲရွိတယ္" ရဲအရာရွိႀကီးက ေျပာလိုက္တယ္။

ဇာတ္လမ္းကေတာ့ တကယ္ႀကီး စ‌တင္ၿပီျဖစ္ၿပီး ဒီတစ္ခါမွာေတာ့ လူသတ္သမားက သူ႔ေဘးနားမွာတင္ ပုန္းေနတာတဲ့ေလ။ သူက မူလပိုင္ရွင္ရဲ႕ ကံၾကမၼာကို သတိရသြားၿပီး ထိန္းမရဘဲ တုန္ရီသြားရတယ္။

System လည္းပဲ ထိတ္လန႔္သြားခဲ့တယ္။ တစ္ခါတည္း သုံးခြန္းဆက္တိုက္ ဆဲၿပီးတဲ့ေနာက္ System က ထိတ္လန႔္တာတစ္ဝက္ ဂုဏ္ယူတာတစ္၀က္နဲ႔ ေျပာလာခဲ့တယ္: "မင္းက‌ေတာ့ ပစ္မွတ္ထားခံေနရၿပီ,သူက မင္းအေပၚထားတဲ့ သူ႔အခ်စ္ေတြကို ကမာၻႀကီးသိသြား‌ေအာင္ျပေနတာပဲ!"

ရွန္ဖုန္းယြဲ႕ က ေခါင္းခါလိုက္တယ္: "မဟုတ္ဘူး,ဒီလိုအခ်စ္မ်ိဳးကို ငါ လက္မခံဘူး"

"ၾကည့္ရတာ ဒီလူသတ္မႈမွာ မင္း ပါဝင္ပတ္သက္မိတဲ့ပုံပဲ။" ရဲအရာရွိႀကီးက ဓာတ္ပုံေပၚရွိ စာလုံးေတြကို ထိလိုက္တယ္, "ဒါက 'သူ' ကေန မင္းအတြက္ေပးတဲ့ ဒုတိယေျမာက္ ရည္းစားစာပဲ။ ၿပီးေတာ့ ဒီစကားလုံးေတြထဲမွာ ေဒါသေတြ အမ်ားႀကီးပါေနတယ္။ မင္း အရင္က ဘာ‌လုပ္ခဲ့လို႔လဲ?"

ရွန္ဖုန္းယြဲ႕ က ႐ိုး႐ိုးသားသား ျပန္ေျဖတယ္ ,"ကြၽန္ေတာ္ ရည္းစားစာကို လႊင့္ပစ္လိုက္တာ"

ရဲအရာရွိႀကီးက သူ႔ရဲ႕ ႀကိဳတင္မွန္းဆခ်က္က မွန္သြားတာမလို႔ ေခါင္းညိတ္ၿပီး ဆက္‌ေျပာခဲ့တယ္:

"မင္းက သူ႔ကို ေဒါသထြက္ေစခဲ့တဲ့ပုံပဲ။ အခု မင္းက ဒီကိစၥမွာ အေရးႀကီးတဲ့ အေၾကာင္းရင္းျဖစ္တာေၾကာင့္ မင္းရဲ႕ေဘးကင္းလုံၿခဳံေရးကို ေသခ်ာေစဖို႔ ငါတို႔ အေကာင္းဆုံး ႀကိဳးစားမွာပါ။ လူသတ္သမားက မင္းဆီကို စာေတြဆက္ေရးေနမယ္လို႔ ခန႔္မွန္းယူဆရတာေၾကာင့္ ငါတို႔ေတြ ဆက္လက္ လုပ္ေဆာင္ေနခ်ိန္မွာ အဆက္အသြယ္မျပတ္ေစဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒါက ငါ့ရဲ႕ ဆက္သြယ္မႈ အခ်က္အလက္ပါ။"

ရဲအရာရွိႀကီးက သူ႔အား နာမည္ကတ္ျပားတစ္ခု ေပးကာ လက္ကို ကမ္းေပးလိုက္တယ္။

"မင္းနဲ႔ ပူးေပါင္းေဆာင္႐ြက္ရတာ ဝမ္းသာပါတယ္။"

"ပူးေပါင္းေဆာင္႐ြက္ရလို႔ ဝမ္းသာပါတယ္" ရွန္ဖုန္းယြဲ႕ ကလည္း သူ႔လက္ကို ေျမႇာက္ကာ ရဲအရာရွိႀကီး နဲ႔ လက္ဆြဲႏႈတ္ဆက္လိုက္တယ္။

သူ ဒါကို စဥ္းစားၿပီးရင္း စဥ္းစားခဲ့တယ္။ဇာတ္ေၾကာင္းက အေစာႀကီးကတည္းက စၿပီးေနမွေတာ့ သူက ဒီတိုင္းထိုင္ေနၿပီး ငါးဆားနယ္လို လုပ္ေနလို႔မရေတာ့ဘူးေလ။ သူက bug (ကြန္ပ်ဴတာစက္ခ်ိဳ႕ယြင္းမႈ)လို႔ သံသယရွိတဲ့ လူသတ္သမားကို ဖယ္ရွားဖို႔အတြက္ ရဲတပ္ဖြဲ႕ရဲ႕အာဏာကို အသုံးျပဳဖို႔ အစီအစဥ္ခ်လိုက္တယ္။ မစ္ရွင္လုပ္ဖို႔က ဒီလိုမ်ိဳး ေတြးလိုက္ေတာ့လည္း အေတာ္ေလးကိုလြယ္သားဟ။

"ဘယ္လိုလဲကြ,ပထမကမာၻက ေျဖရွင္းရတာ ေတာ္ေတာ္လြယ္တယ္လို႔ ခံစားရတယ္။"

System ကလည္း သူ႔ကို ခ်ီးက်ဴးလိုက္တယ္ "မင္း က တကယ္ကိုဟာသဉာဏ္ရွိသားပဲ။ ျဖစ္ႏိုင္တယ္ လို႔ေတာ့ ငါ ထင္ပါတယ္"

ရွန္ဖုန္းယြဲ႕ က စစ္ေဆးေမးျမန္းတဲ့အခန္းက ထြက္လာတဲ့အခ်ိန္မွာပဲ အခုေလးတင္ စစ္ေဆးေမးျမန္းတာ ၿပီးသြားလို႔ ထြက္လာၾကတဲ့ ခ်င္းယြမ္ ရယ္ ဝူယူရဲ႕ ေအာက္ဆြဲေလးေတြနဲ႔ ခ်က္ခ်င္း ေတြ႕လိုက္ရတယ္။

ခ်င္းယြမ္ ကေတာ့ အေျခအေနသိပ္ေကာင္းပုံမေပၚဘူး။ သူက ေခါင္းငိုက္စိုက္ခ်ကာ နည္းနည္း ဝိညာဥ္မဲ့ေနသလိုမ်ိဳး ခံစားေနရတယ္။ ရွန္ဖုန္းယြဲ႕ က အဲ့အ‌ေၾကာင္း ေတြးမိၿပီးေတာ့ တုံ႔ျပန္လိုက္တယ္။ ခ်င္းယြမ္ က အၿမဲတမ္း ရွက္႐ြံ႕ေနတတ္တဲ့သူဆိုေတာ့ ဒီစစ္ေဆးေမးျမန္းမႈက သူ႔ကို ေသခ်ာေပါက္ ေၾကာက္လန႔္ေစလိမ့္မွာပဲ။

သူက ခ်င္းယြမ္ကို ေပြ႕ဖက္ကာ ႏွစ္သိမ့္ေပးလိုက္တယ္: "မေၾကာက္ပါနဲ႔ အစ္ကို ရန္ ဒီမွာရွိပါတယ္"

"ရန္ , အစ္ကိုရန္" ခ်င္းယြမ္ က သူ႔လက္ေတြနဲ႔ ရွန္ဖုန္းယြဲ႕ ကို တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္လိုက္တယ္။ သူ႔ေခါင္းကို ရွန္ဖုန္းယြဲ႕ရဲ႕ လည္ပင္းအခ်ိဳင့္ေလးေပၚမွာ တင္ထားလိုက္ၿပီး ခပ္ေႏြးေႏြးအရည္ေတြက ရွန္ဖုန္းယြဲ႕ လည္ပင္းေပၚကို စီးက်လာခဲ့တယ္။ခ်င္းယြမ္ က ဆို႔နင့္ေနတဲ့ အသံနဲ႔ ေျပာလာခဲ့တယ္,"အစ္ကိုရန္၊ ကြၽန္ေတာ္ေၾကာက္တယ္"

ရွန္ဖုန္းယြဲ႕ က သူ႔ေခါင္း‌ေလးကိုကိုင္ေမာ့လိုက္ၿပီး မ်က္ရည္ေတြကို သုတ္‌ေပးရင္း သူ႔ကို ၿပဳံးျပလာခဲ့တယ္: "ဘာကိုေၾကာက္ေနတာလဲ? အစ္ကိုရန္က ဒီေနရာမွာ အစ္ကို ရွိတယ္လို႔ မေျပာခဲ့ဘူးလား?ၿပီးေတာ့ မင္းက အ႐ြယ္ေရာက္ေနတဲ့ ေကာင္ေလးပဲဟာကို ၊ ဘာမွ ငိုစရာမလိုတဲ့ကိစၥမွာဘာအတြက္မ်ားငိုေနရတာလဲ?ေနာက္ၾကရင္ ဇနီးေလးရွာဖို႔ခက္‌ေနလိမ့္မယ္‌ေနာ္။ အငိုသန္တဲ့ကေလးေလးေတြကို ႀကိဳက္တဲ့ ဘယ္မိန္းကေလးကိုမ်ား မင္းေတြ႕ဖူးလို႔လဲ?"

အဲဒီေနာက္ သူ က ခ်င္းယြမ္ နဲ႔ ေက်ာင္းကိုျပန္လာတဲ့ လမ္းတစ္ေလွ်ာက္လုံး စကားေတြေျပာလာခဲ့ၿပီး အဲ့အခ်ိန္အတြင္းမွာ ပုံမွန္မဟုတ္တာဘာတစ္ခုမွ မျဖစ္ခဲ့ဘူး။သူက လူသတ္သမားဆီက အာ႐ုံစိုက္ ပစ္မွတ္ထားခံရတာေၾကာင့္ပဲ အရမ္းကို စိုးရိမ္ပူပန္ေနခဲ့တယ္။သူက အတန္းခ်ိန္အေတာအတြင္းေငးေၾကာင္ေနခဲ့ၿပီးေတာ့ System နဲ႔ ေဆြးေႏြး အႀကံထုတ္ေနခဲ့တယ္။

ရွန္ဖုန္းယြဲ႕ : "အခုလတ္တေလာ ငါတို႔ ဘာလုပ္သင့္တယ္လို႔ မင္းထင္လဲ?"

System : "မင္းဆုံးျဖတ္တာ ပိုေကာင္းမယ္လို႔ ငါထင္တယ္။"

ရွန္ဖုန္းယြဲ႕ : "ညေနစာက်က္ခ်ိန္ၿပီးရင္ မႈခင္းျဖစ္တဲ့ေနရာကို သြားရေအာင္, ဘယ္လိုလဲ?"

System၊ "အဆင္ေျပမယ္ထင္တယ္။"

တစ္ဖက္တြင္ ခ်င္းယြမ္က ေခါင္းငုံ႔ကာ သင္ခန္းစာကို နားေထာင္ေနသလို ဟန္ေဆာင္ေနခဲ့ၿပီး တကယ့္ လက္ေတြ႕မွာေတာ့ သူက သူရဲ႕မွတ္စုစာအုပ္ထဲမွာ 'က်န္းရန္' ရဲ႕ နာမည္ကို တစ္လုံးၿပီးတစ္လုံး ေရးေနခဲ့ျခင္းျဖစ္သည္။ "က်န္းရန္" ဆိုတဲ့စာလုံးေတြ အျပည့္ျဖစ္ေနတဲ့ စာမ်က္ႏွာကို ၾကည့္လိုက္ၿပီး ဆံပင္ရွည္ေတြနဲ႔ ဖုံးအုပ္ထားတဲ့ သူ႔မ်က္လုံးေတြက ေက်နပ္မႈေၾကာင့္ ေကြးၫႊတ္သြားခဲ့တယ္။ သူက စာမ်က္ႏွာအသစ္ကို လွန္လိုက္ၿပီး စာမ်က္ႏွာအလြတ္ေပၚမွာ စာေၾကာင္းတစ္ေၾကာင္းကို ခ်ေရးလိုက္တယ္။

[ငါ သူ႔ကို ပိုပိုၿပီး သေဘာက်လာၿပီ။]

ညေနခင္း စာ‌ေလ့လာခ်ိန္ၿပီးတဲ့ေနာက္ ရွန္ဖုန္းယြဲ႕ က စုံစမ္းဖို႔သြားေတာ့မွာျဖစ္ၿပီး ခ်င္းယြမ္ကို ေခၚသြားဖို႔က သူ႔အတြက္ အဆင္မေျပတာေၾကာင့္ သူ႔မွာ လုပ္စရာ တစ္ခုခုရွိတဲ့ပုံမ်ိဳး ဟန္ေဆာင္လိုက္ၿပီး သူတို႔ႏွစ္ဦးက လမ္းခြဲခဲ့လိုက္ၾကတယ္။

လမ္းမေပၚရွိ လမ္းမီးတိုင္အခ်ိဳ႕က ပ်က္ေနတာေၾကာင့္ အခ်ိဳ႕ေနရာေတြက ေမွာင္မိုက္ေနခဲ့တယ္။ လမ္းၾကားထဲမွာေတာ့ လမ္းမီးတိုင္‌ေတြမရွိတဲ့အတြက္ ေဘးနားပတ္ဝန္းက်င္ထက္ ပိုေမွာင္‌ေနၿပီးေတာ့ အသူရာေခ်ာက္နက္ႀကီးတစ္ခုအတိုင္းပဲ။

လမ္းၾကား အဝင္၀မွာရပ္ေနတဲ့ ရွန္ဖုန္းယြဲ႕ က သူ႔ေရွ႕က ေမွာင္မိုက္ေနတဲ့လမ္းၾကားကို ၾကည့္လိုက္တဲ့အခါမွာ အေၾကာင္းျပခ်က္မရွိဘဲ သူ႔စိတ္ထဲမွာ ႐ုတ္တရက္ စာေၾကာင္းတစ္ေၾကာင္း ေပၚလာခဲ့တယ္။

- [အသူရာေခ်ာက္နက္ထဲကို မင္း စူးစိုက္ၾကည့္လိုက္တဲ့အခါမွာ အသူရာေခ်ာက္နက္ႀကီး ကလည္း မင္းကိုျပန္စူးစိုက္ၾကည့္လိမ့္မယ္။]

ထိုအခ်ိန္မွာပဲ ညရဲ႕ ေအးျမမႈကို သယ္ေဆာင္လာတဲ့ ညဥ့္ေလေျပ က ရွန္ဖုန္းယြဲ႕ ရဲ႕ ခႏၶာကိုယ္ကို ျဖတ္သန္းတိုက္ခတ္သြားၿပီးေတာ့ ရွန္ဖုန္းယြဲ႕ ခမ်ာ ေခါင္းအစ ေျခအဆုံး ၾကက္သီးေတြ တျဖန္းျဖန္း ထသြားရတယ္။ ႐ုတ္တရက္ ​ေျခ​ေထာက္​​ေတြ ​ေပ်ာ့ေခြခ်င္လာသလို ခံစားေနရၿပီး သူ ​ျပန္ပဲ‌ေျပးခ်င္မိေတာ့တယ္။ သူ System ကို စကားေျပာခ်င္ေနတဲ့အခ်ိန္မွာပဲ၊ System က သူ႔ရဲ႕အေတြးေတြကို ထိုးထြင္းသိေနပုံရတယ္:

"မင္း ေၾကာက္ေနတာလား?"

ရွန္ဖုန္းယြဲ႕ , "..." မင္းက ငါ့ဗိုက္ထဲက သန္ေကာင္မ်ားလား?!

System : "ဟုတ္တယ္မလား?"

ရွန္ဖုန္းယြဲ႕ က သူ႔ရဲ႕ ေအးစက္ေနတဲ့ လက္ေမာင္းကို ထိလိုက္ရင္း ေဒတာတစ္ခုေရွ႕မွာ ဝန္ခံလိုက္ၿပီးေတာ့ ေယာက္်ားတစ္ေယာက္အ‌ေနနဲ႔ သူ႔ဂုဏ္သိကၡာကို အဆုံးရႈံးခံလို႔မရဘူးလို႔ ခံစားလိုက္ရတယ္!သူ ဒီ System နဲ႔ ရန္ျဖစ္ဖို႔အတြက္ ေလကုန္မခံသင့္ဘူး, ေယာက္်ားတစ္ေယာက္ အ‌ေနနဲ႔ သူေျပာၿပီးၿပီးသားအရာကို သူလုပ္ကိုလုပ္သင့္တယ္!

သူက မ်က္ႏွာကို တည္တည္ထားကာ ဖုန္းအလင္းမီးကိုဖြင့္လိုက္ရင္း ေအးေအးေဆးေဆး ေျပာလိုက္တယ္ :
"ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ,သြားမယ္,၀င္သြားၿပီးေတာ့ တစ္ခ်က္ေလာက္ၾကည့္ၾကတာ‌ေပါ့"

ဖုန္း ရဲ႕ အလင္းမီးက ထုတ္ေပးတဲ့အလင္းေရာင္က အရမ္းကို ပါးလႊာၿပီးေတာ့ ျမင္ႏိုင္တဲ့အကြာအေဝးက အရမ္းကို ေသးငယ္တယ္။ ရွန္ဖုန္းယြဲ႕ က ဖုန္းကို ကိုင္ထားၿပီး အေပၚနဲ႔ ေအာက္ကို ေျမႇာက္ရင္းခ်ရင္းနဲ႔ ေျခလွမ္းေတြကို ခပ္စိပ္စိပ္ေလးပဲ လွမ္းေလွ်ာက္ေနခဲ့အၿပီးမွာေတာ့ မသြားႏိုင္ေတာ့ဘဲ ရပ္ၿပီးခဏေစာင့္ေနလိုက္‌တယ္။

သိသိသာသာကိုပဲ ညက အရမ္းမနက္ေသးတဲ့အျပင္ အေဝးကလူေတြရဲ႕ ဆူညံသံေတြေတာင္ၾကားေနရေပမဲ့ ဒီသီးျခားဆန္တဲ့ေနရာက ကမာၻႀကီးကေန ပိုင္းျခား ခြဲထုတ္ခံထားရတဲ့ပုံ‌ေပၚေနၿပီး အဆုံးမဲ့တဲ့အေမွာင္ထုနဲ႔ တိတ္ဆိတ္မႈကိုသာ ခ်န္ထားခဲ့တယ္။

အေမွာင္ထုက မသိျခင္းမ်ားကို ကိုယ္စားျပဳၿပီး မသိနားမလည္မႈ က တစ္ခါတစ္ရံ လူသားေတြရဲ႕ ႏွလုံးသားအတြင္းက အနက္ရႈိင္းဆုံး အေၾကာက္တရားလည္း ျဖစ္သည္။

႐ုတ္တရက္ တိုက္လာတဲ့ ေလက ပလပ္စတစ္အိတ္ကို ေျမျပင္ေပၚ မွာ ႏွစ္ပတ္ေလာက္လွိမ့္သြားေစၿပီး 'ရွဲ_ရွဲ_ဂ်စ္_ဂ်စ္' ဆိုတဲ့ အသံေတြ ထြက္လာေစတယ္။ ရွန္ဖုန္းယြဲ႕ က အရမ္းထိတ္လန႔္သြားတာေၾကာင့္ သူ႔ အသက္ရႈသံ‌ေတြ ရပ္သြားခဲ့သလို သူငယ္အိမ္ေတြလည္း ခ်က္ခ်င္း ျပဴးက်ယ္လာၿပီးေတာ့ ႏွလုံးခုန္သံေတြ တဒိန္းဒိန္းနဲ႔ တဟုန္ထိုး ခုန္မလာခင္မွာပဲ တစ္ခ်က္ေလာက္ ရပ္သြားခဲ့တယ္။ ခဏေလးအတြင္းမွာ ေခြၽးေအးေတြ ထြက္လာၿပီး သူ႔ေနာက္ေက်ာက အဝတ္ေတြ စိုစြတ္လာခဲ့သလို အနည္းငယ္ ထုံက်င္ေနသလိုမ်ိဳး ခံစားလိုက္ရတယ္။

သူက အသက္ရႈဖို႔ ေမ့ေနခဲ့တာေၾကာင့္ ေအာက္ဆီဂ်င္ ျပတ္လပ္ေနတဲ့ အေျခအေနထဲမွာ ရွိေနခဲ့တယ္။ သူ႔ 'နား' တစ္၀ိုက္မွာ ၾကမ္းတမ္း စူးရွတဲ့ တဝီဝီျမည္သံေတြ ၾကားေနရၿပီးေတာ့ သူ႔မွာ 'နားထဲမွာ ျမည္သံေတြၾကားရတဲ့ လကၡဏာ' ရွိေနတဲ့အတိုင္းပဲ။

[T/N : အဲ့ဒီလကၡဏာနာမည္ကို Tinnitus လို႔ေခၚပါတယ္။ေရာဂါလို႔ေတာ့ မေျပာၾကပါဘူး။သူက နားထဲက ဦးေႏွာက္နဲ႔ ဆက္သြယ္ထားတဲ့ အၾကားအာ႐ုံနဲ႔ဆိုင္တဲ့စနစ္မွာ မွားေနတာရွိလို႔ ေပၚလာတဲ့ လကၡဏာပါ။တစ္ခါတစ္ေလ တစ္ျခားေသ ာေရာဂါေတြေၾကာင့္ ေရွ႕ေျပး ျဖစ္ပြားတာလည္း ျဖစ္ႏိုင္ပါတယ္။ ျပင္ပက အသံေတြၾကားရတာထက္ ခႏၶာကိုယ္ထဲက လာတဲ့အသံေတြကို နားထဲမွာ ၾကားရတာပါ။အမ်ားစုကေတာ့ ပိုးေကာင္ေတြပ်ံတဲ့အသံ၊တရႉးရႉး တေဝါေဝါျမည္တဲ့အသံ၊ဟိန္းသံေတြ၊စက္သြားသံေတြ ၾကားရတတ္ပါတယ္။]

သူ ႀကီးမားတဲ့ အေၾကာက္တရားထဲကို က်ေရာက္ေနခဲ့ၿပီ: သူ ရွင္းရွင္းလင္းလင္း သိေပမဲ့လည္း ေျပာင္းလဲဖို႔အတြက္ေတာ့ အင္အားမဲ့ေနခဲ့ၿပီ။

"ရွန္ဖုန္းယြဲ႕ !"

"ရွန္ဖုန္းယြဲ႕ !"

System က သူနဲ႔ပတ္သတ္ၿပီး တစ္ခုခုမွားေနတာကို သတိျပဳမိသြားၿပီး ႏွစ္ႀကိမ္တိုင္တိုင္ေခၚလိုက္တာေတာင္ တုံ႔ျပန္မႈမရွိတာကို ေတြ႕သြားၿပီး‌ေတာ့ စိတ္ပူလာခဲ့တယ္: "အဲဒါက ပလတ္စတစ္အိတ္ေလး တစ္လုံးပါကြ! ေသာက္ဖုတ္ပဲ! လုပ္စမ္းပါ! အသက္ရႉ! အသက္ရႉမက်ပ္ေစနဲ႔!"

System ရဲ႕ စကားေတြကိုၾကားၿပီးေနာက္ ရွန္ဖုန္းယြဲ႕ က အသက္ျပင္းျပင္းရႉလိုက္ၿပီး ႏွလုံးမွာ စူးခနဲ နာက်င္မႈနဲ႔အတူ ဆို႔နင့္ေနခဲ့တယ္။ အႀကိမ္ေပါင္းမ်ားစြာ အသက္ရႈသြင္းၿပီး ေနာက္မွာေတာ့ တျဖည္းျဖည္း ျပန္လည္သက္သာလာခဲ့တယ္။ သူက သက္ျပင္းအရွည္ႀကီး ခ်လိုက္ၿပီးေနာက္ ညစ္ပတ္သြားမွာ‌ေတြ ဘာေတြ ဂ႐ုမစိုက္ေတာ့ဘဲ ခဏေလာက္ အနားယူဖို႔အတြက္ နံရံကို မွီခ်လိုက္ေတာ့တယ္။

သူက လက္ကိုလႈပ္လိုက္ၿပီး ဖုန္း မီးနဲ႔ ပလတ္စတစ္အိတ္ ေပၚကို ထိုးၾကည့္လိုက္တယ္ ။ အဲ့အရာက တကယ့္ ပလတ္စတစ္အိတ္ျဖစ္ေၾကာင္း ေတြ႕လိုက္ရတဲ့ေနာက္မွ သူ လုံး၀ စိတ္သက္သာရာ ရသြားရတယ္။

သူက ေခ်ာင္းဆိုးၿပီး လည္ေခ်ာင္းကို ရွင္းလိုက္တယ္
"ငါ အဆင္ေျပပါတယ္" သူ႔ႏွာေခါင္းသံက ငိုသံ နည္းနည္း ေပါက္ေနၿပီး ၾကမ္းရွရွျဖစ္ေနခဲ့တယ္။

System : "......"

System က ဘာမွ ထပ္ၿပီးကို မေျပာခ်င္ေတာ့ဘူး။ သူ ထပ္ေျပာလိုက္တဲ့ စကားေတြက ဒီငေၾကာက္ေကာင္ကိုေျခာက္လန႔္မိသလိုျဖစ္သြားမွာကို သူေၾကာက္မိပါတယ္။

ရွန္ဖုန္းယြဲ႕ က နံရံကို မွီကာ ထလိုက္ရင္းနဲ႔ ဆုံးျဖတ္ခ်က္တစ္ခုကို အျမန္ခ်လိုက္တယ္။အခု သူလွမ္းတဲ့ ေျခလွမ္းေတြက အရင္ကထက္ နည္းနည္းပိုႀကီးလာၿပီး ေျခလွမ္းအနည္းငယ္ ေလွ်ာက္အၿပီးမွာပဲ မႈခင္းျဖစ္ပြားတဲ့ေနရာကို ေရာက္သြားခဲ့တယ္။

အခင္းျဖစ္ပြားတဲ့ေနရာမွာ အနီရင့္ရင္ ေသြးကြက္‌ေတြကလြဲလို႔ ဘာမွမက်န္ေတာ့ဘူး ။ေသြးစြန္းကြက္အႀကီးႀကီး တစ္ခုရွိေနၿပီးေတာ့ အခ်ိန္နည္းနည္းၾကာၿပီျဖစ္တာေၾကာင့္ အခ်ိဳ႕‌ေနရာေတြက ေျမႀကီးထဲကိုစိမ့္ဝင္ေနၿပီျဖစ္တယ္။ ဖန္ကြဲ အစအန အခ်ိဳ႕လည္းရွိၿပီး အဲဒါေတြကလြဲလို႔‌ေတာ့ အျခားဘာမွမရွိဘူး။

ရွန္ဖုန္းယြဲ႕ က ဒီကေန သူျပန္ထြက္မသြားခင္ေလးမွာ လူသတ္မႈရဲ႕ သဲလြန္စေတြ မက်န္ခဲ့ဘူး ဆိုတာကို ထပ္ခါတလဲလဲ အတည္ျပဳခဲ့တယ္။ သူ ဒီမွာ စိတ္တထင့္ထင့္နဲ႔ ေနစရာမလိုေတာ့ဘူးလို႔ ေတြးလိုက္ၿပီး နည္းနည္း စိတ္ေအးလက္ေအးျဖစ္သြားသလို ခံစားလိုက္ရတယ္။ ၿပီးတာနဲ႔ ဖုတ္ပူမီးတိုက္ ကမန္းကတန္း အမူအရာနဲ႔ ေျခလွမ္းေတြကို ျမန္ျမန္ေလွ်ာက္ခဲ့တယ္။

"ရွပ္,ရွပ္,ရွပ္,ရွပ္"

ဖုန္းမီးအလင္းေရာင္က တုန္ခါေနၿပီး လမ္းၾကားထဲက ၾကားေနရတဲ့ တစ္ခုတည္းေသာ အသံက အျမန္ေလွ်ာက္ေနတဲ့ ေျခသံ‌ေတြပဲျဖစ္တယ္။

"ရွပ္,ရွပ္,ရွပ္,ရွပ္"

"ရွပ္,ရွပ္,ရွပ္,ရွပ္"

မွားေနၿပီ!

"ရွပ္,ရွပ္,ရွပ္,ရွပ္"

မွားေနၿပီ!

"ရွပ္,ရွပ္,ရွပ္,ရွပ္"

မွားေနၿပီ! မွားေနၿပီ! တစ္ခုခုေတာ့မွားေနၿပီ!

မေကာင္းတဲ့ အတိတ္နိမိတ္တစ္ခု ရေနတယ္။ ဒီအေမွာင္ထုရဲ႕ အနက္ရႈိင္းဆုံး အတြင္းဘက္မွာ သူ႔ကို ေပၚေပၚတင္တင္ ေစာင့္ၾကည့္ေနတဲ့ ပုန္းေအာင္းေနတဲ့ မ်က္လုံးတစ္စုံ ရွိေနတယ္လို႔ အၿမဲတမ္း ခံစားေနရတယ္။ သူ လွည့္ၾကည့္လိုက္တဲ့အခ်ိန္မွာ မ်က္လုံးစိမ္းႀကီးႏွစ္လုံးက ပိုၿပီး ပိုၿပီး ထင္ရွားလာခဲ့ၿပီး သူ႔ ႏွလုံးသားကလည္း စတင္ၿပီး ေသြး႐ူးေသြးတန္း ခုန္ေပါက္လာခဲ့တယ္။

"ဒုတ္_ဒုတ္_ဒုတ္_ဒုတ္..."

ေနာက္အခိုက္အတန႔္မွာ သူ႔ႏွလုံးက လည္ေခ်ာင္းထဲက ခုန္ထြက္လာမွာကိုေတာင္ သူ ေၾကာက္မိတယ္။

မေကာင္းတဲ့ ခံစားခ်က္က ပိုပိုၿပီးျပင္းထန္လာတယ္။ စိုက္ၾကည့္ခံ‌ေနရလို႔ စိတ္မသက္မသာျဖစ္ရတဲ့ ခံစားခ်က္ႀကီးက ေျခမ်က္စိ႐ိုးထဲမွာ ေလာက္ေတြရွိေနတဲ့အတိုင္းပဲ။

[T/N: "ေျခမ်က္စိ႐ိုးထဲက ေလာက္ေတြ" က တ႐ုတ္‌ေဒသိယ စကားျဖစ္ၿပီး အရမ္းဆိုး႐ြားေပမယ့္ ဖယ္ရွားဖို႔ခက္ခဲတဲ့ အရာတစ္ခု လို႔ အဓိပၸါယ္ရပါတယ္]

သူ က အရွိန္ကို နည္းနည္း ေႏွးလိုက္ၿပီး အသံကို နားေထာင္ဖို႔ နားကို ေစာင္းလိုက္တယ္။

"ရွပ္,ရွပ္,ရွပ္"

သူ႔ေျခလွမ္းေနာက္မွာ လိုက္ပါေနတဲ့ တိုးဖြေပမဲ့ ျပတ္သားတဲ့ "ေဒါက္,ေဒါက္,ေဒါက္" ဆိုတဲ့ အသံ ကိုၾကားေနရတယ္။

"ရွပ္,ရွပ္,ရွပ္"

"ေဒါက္,ေဒါက္,ေဒါက္"

"ရွပ္,ရွပ္,ရွပ္,ရွပ္"

"ေဒါက္,ေဒါက္"

........

"ရွပ္"

"‌ ေဒါက္-"

လူတစ္ေယာက္က ​တစ္​​ေယာက္​ထဲ ညဘက္မွာ လမ္း​ေလွ်ာက္​တဲ့အခါ ​အဲ့ဒီလူတစ္ေယာက္တည္းရဲ႕ ေျခသံေတြပဲ ၾကားေနရသင့္တာ မဟုတ္လား?

ဒါဆို အပို အသံတစ္ခု ရွိေနခဲ့ရင္ေကာ?

ေသခ်ာတာေပါ့။

မင္းေနာက္ကို လိုက္ေနတဲ့လူတစ္ေယာက္ရွိ‌ေနၿပီေလ။

"ရွပ္,ရွပ္"

"ေဒါက္,ေဒါက္"

အဲဒီ့လူက ေအးေအးေဆးေဆး သက္ေတာင့္သက္သာနဲ႔ လိုက္လာခဲ့ၿပီး ႐ုတ္တရက္ ေနာက္ထပ္ ေျခတစ္လွမ္း ထပ္လွမ္းလိုက္တယ္။ အဆိုပါ "ထိခတ္သံ"က ေမွာင္မိုက္ တိတ္ဆိတ္တဲ့ ညကို ႐ုတ္ျခည္း ေျခာက္လွန္႔လိုက္သလို ျဖစ္သြားၿပီး၊ အဲဒါေၾကာင့္ပဲ သူ႔ကိုယ္သူ ေဖာ္ထုတ္လိုက္မိမွန္း သိသြားတာမို႔ စၿပီးေတာ့ ထိုသူက ခပ္ျမန္ျမန္ လမ္းေလွ်ာက္လာခဲ့တယ္။

"တာ-တာ-တာ-တာ-တာ".

ရွန္ဖုန္းယြဲ႕ က တစ္ဖက္လူရဲ႕ေျခသံေတြ ျမန္လာတာကို ၾကားၿပီးတဲ့ေနာက္ သူ က ရွိသမွ် ခြန္အားအကုန္သုံးၿပီးေတာ့ ခ်က္ခ်င္း ေျပးေတာ့တယ္။ ႐ုတ္တရတ္ တရွိန္ထိုးေျပးသြားတာေၾကာင့္ သူ႔ အသက္ရႈႏႈန္း‌ေတြ ျမန္လာခဲ့ၿပီး မူလက တိုေတာင္းတဲ့လမ္းက အခုအခ်ိန္မွာေတာ့ အဆုံးမရွိသလိုမ်ိဳး ႏႈိင္းယွဥ္လို႔မရေလာက္ေအာင္ ရွည္လ်ားလာခဲ့သလိုပဲ။ စိတ္ပ်က္စရာ ေကာင္းေလာက္ေအာင္ကို ရွည္လြန္းတယ္။

ရွန္ဖုန္းယြဲ႕ ခမ်ာ ေခြၽးသီးေခြၽးေပါက္ေတြ ထြက္လာခဲ့တယ္။ သူ က အစကတည္းက ထိတ္လန႔္တုန္လႈပ္ေနတာျဖစ္ၿပီး အေနာက္က လိုက္လာတဲ့ ေျခသံေတြ ထြက္လာတာကို ၾကားလိုက္ရတဲ့အခါမွာ ပိုၿပီးေတာ့ေတာင္ ေၾကာက္လန႔္တၾကား ျဖစ္သြားရတယ္။ သူက အဲဒီလူ ကို ျပန္လည္း လွည့္မၾကည့္ဝံ့တဲ့အျပင္ ရွန္ဖုန္းယြဲ႕ တစ္ေယာက္ ႐ုတ္တရက္ အေတြးေပါင္းမ်ားစြာကို ေတြးမိလိုက္တယ္ :
သူ႔ ေနာက္ကို လိုက္တဲ့သူက သံႀကိဳးလႊႀကီးနဲ႔ အ႐ူးေကာင္ႀကီးမ်ား ျဖစ္ေနမလား၊ ေျခတံရွည္ လက္တံရွည္ႀကီးနဲ႔ မေကာင္းဆိုးဝါး တစ္ေကာင္၊ တဏွာ႐ူး ႏွာဘူး လူသတ္သမား၊ ပုပ္ပြေနတဲ့ အေလာင္းေကာင္ႀကီးလား...

"ေသစမ္း! ရွန္ဖုန္းယြဲ႕ေရ မင္းကို ကယ္တင္ဖို႔ ငါ ဒီမွာ ရွိတယ္!" System ဆီက ေအာ္ဟစ္သံ ၾကားလိုက္ၿပီးတဲ့ေနာက္၊ ရွန္ဖုန္းယြဲ႕ က ႐ုတ္တရက္ ပ်ံလႊားတစ္ေကာင္အတိုင္း ေပါ့ပါးသြားသလို ခံစားလိုက္ရၿပီး သူ႔ရဲ႕ ေျပးႏႈန္းကလည္း System ရဲ႕ အကူအညီနဲ႔ ႏွစ္ဆပိုျမန္လာၿပီး သူ႔ေနာက္က လူနဲ႔ ေဝးရာကို ဝွီးခနဲ ေျပးထြက္ခဲ့လိုက္တယ္။

သူ႔ေနာက္က ၾကားေနရတဲ့ ေျခသံေတြ တိုးေဖ်ာ့လာၿပီး ေပ်ာက္ကြယ္သြားေတာ့မွပဲ ေနာက္ဆုံး ရွန္ဖုန္းယြဲ႕ က အရွိန္ေလွ်ာ့လိုက္ၿပီး သူ႔ေရွ႕နားမွာေတာ့ အလင္းေရာင္တစ္ခု ရွိေနခဲ့တယ္။ ထိုအရာက လမ္းမီးတိုင္က မွိန္ေဖ်ာ့ေဖ်ာ့ အလင္းေရာင္ ျဖစ္ေပမဲ့လည္း ရွန္ဖုန္းယြဲ႕ ရဲ႕ မ်က္လုံးေတြထဲမွာေတာ့ အရမ္းကိုေဖာ္ေ႐ြၿပီး ေတာက္ပေနတဲ့ ေမွ်ာ္လင့္ခ်က္တစ္ခုလိုမ်ိဳး ျမင္ေနရသလိုပဲ။

ထြက္ေပါက္ပဲ! ငါ မၾကာခင္ ေရာက္ေတာ့မယ္!

သူရဲ႕ အရွိန္ကို ျမႇင့္လိုက္ၿပီး ေျပးထြက္သြားခဲ့တယ္။ ေရွ႕မလွမ္းမကမ္းမွာေတာ့ သူ႔ကိုေနာက္ေက်ာ‌ေပးၿပီး လမ္းေလွ်ာက္ေနတဲ့ ပုံရိပ္တစ္ခုကို သူ ျမင္လိုက္ရတယ္။ သူ ျမန္ျမန္ပဲ လွမ္းေအာ္လိုက္တယ္ : "ကူညီပါဦး!-"

သူ႔ေအာ္သံကိုၾကားၿပီးတဲ့ေနာက္မွာ ထိုလူက ရပ္သြားၿပီး သူ႔မ်က္ႏွာေပၚက မွန္းဆမရတဲ့လွ်ိဳ႕ဝွက္တဲ့ အၿပဳံးတစ္ခုနဲ႔အတူ သူ႔ကို ေနာက္ျပန္ လွည့္ၾကည့္လာခဲ့တယ္။

ဟား။

                      ✧✧✧✧✧✧

Thanks for reading♡

Continue Reading

You'll Also Like

816K 16.5K 83
ကောင်မလေးကိုချစ်ပါသည်။
815K 115K 107
I Saved The Disabled Villain by Pretending to Be Pitiful Chapter 97 ချီဟန်ဟာ ညှင်းပန်း နှိပ်စက်ပြီး ​ခွေး​သွေးဆန်တဲ့ ဝတ္ထုကို တစ်ညလုံး ဖတ်ခဲ့သည်။ နာ...
9.9K 763 6
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
39.9K 3.2K 20
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...