အငြိမ်းစားဗီလိန်မမှ အမြှောက်စ...

By Cup-Of-Luckiness

164K 21.6K 915

အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေ... More

Story Description
RVTIACF Chapter-(1)
RVTIACF Chapter-(2)
RVTIACF Chapter-(3)
RVTIACF Chapter-(4)
RVTIACF Chapter-(5)
RVTIACF Chapter-(6)
RVTIACF Chapter-(7)
RVTIACF Chapter-(8)
RVTIACF Chapter-(9)
RVTIACF Chapter-(10)
RVTIACF Chapter-(11)
RVTIACF Chapter-(12)
RVTIACF Chapter-(13)
RVTIACF Chapter-(14)
RVTIACF Chapter-(15)
RVTIACF chapter-(16)
RVTIACF chapter-(17)
RVTIACF Chapter-(18)
RVTIACF chapter-(19)
RVTIACF chapter-(20)
RVTIACF chapter(21)
RVTIACF chapter-(22)
RVTIACF chapter-(23)
RVTIACF chapter-(24)
RVTIACF chapter-(25)
RVTIACF chapter-(27)
RVTIACF chapter-(28)
RVTCF Chapter-(29)
RVTIACF chapter-(30)
RVTIACF chapter-(31)
RVTIACF Chapter-(32)
RVTIACF chapter-(33)
RVTIACF Chapter-34
RVTIACF chapter-(35)
RVTIACF Chapter-(36)
RVTIACF chapter-(37)
RVTIACF chapter-38
RVTIACF Chapter-(39)
RVTIACF Chapter-(40)
RVTIACF Chapter-(41)
RVTIACF Chapter-(42)
RVTIACF Chapter-(43)
RVTIACF Chapter-(44+45)
RVTIACF Chapter-(46)
RVTIACF Chapter-(47)
RVTIACF Chapter-(48)
RVTIACF Chapter-(49)
RVTIACF Chapter-(50)
RVTIACF Chapter-(51 + 52)
RVTIACF Chapter-(53)🍭
RVTIACF Chapter-(54)
RVTIACF Chapter-(55)
RVTIACF Chapter-(56)
RVTIACF Chapter-(57)
RVTIACF-(58)
RVTIACF-(59)

RVTICF Chapter-(26)

3.1K 480 17
By Cup-Of-Luckiness

CHAPTER-(26)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ရှောင်းဟန် ခေါင်းငြိမ့်၏။

"ကျွန်တော်တို့ ရှောင်းအုပ်စုရဲ့အင်အား အများစုကိုဒီပရောဂျက်မှာ မြုပ်နှံဖို့ခန့်ခွဲထားပြီးသားပါ။ ဒီပူးပေါင်းမှုလိုမျိူး တကယ်အရေးကြီးတာတွေကို ပရောဂျက်မှာ တွဲပေးထားပါတယ်။ အနာဂတ်မှာလည်း ကျွန်တော်တို့ရဲ့ပူးပေါင်းမှူနဲ့ ဖွံဖြိုးမှုအတွက် အကောင်းဆုံးနည်းတွေရှာဖွေနေပါတယ်။"

ချူရှောင်းနဲ့ရှောင်းဟန် ကိုယ်စီရင်းနှီးမြုပ်နှံမှု အစီအစဥ်တွေဆွေးနွေးကာ ပရောဂျက်ရဲ့လူအင်အား ခွဲဝေမှုကိုလည်းပြောဖြစ်ကြသည်။ ရှောင်းဟန်က ဒီအရာတွေသိနေတာ သဘာဝကျသည်။ နောက်ဆုံးတော့လည်း သူကစီးပွားရေးရဲ့ အကောင်းတကာအကောင်းဆုံးသူသာ။

သို့သော်လည်း အဲ့တာတွေအကြောင်း ချူရှောင်းအသိအမြင် များလိမ့်မယ်လို့တော့ ရှောင်းဟန်မျှော်လင့်မထား။ ပရောဂျက်ကို လုံးဝကြီးနားမလည်ရင်တောင် ချူရှောင်းရဲ့နားလည်မှုက နှစ်ယောက်ကြားစကားဝိုင်းကို ဆက်ထိန်းထားနိုင်သည်။

သူတီးမိခေါက်မိသလောက် ချူတုံ့ချီနဲ့ဖန်ချင်းက သူတို့သမီးကိုအလွန် ချစ်သည်။ သူတို့ကကျန်းမာပြီး အလုပ်ကိုလည်းမြတ်နိုးတာကြောင့် သူတို့သမီးကိုလေ့ကျင့်ပြီး ကုမ္ပဏီကိုလွှဲယူခိုင်းဖို့ အလျင်မလိုကြပေ။

အဲ့အစား သူတို့သမီးလေး ငယ်ရွယ်မှုနဲ့လွတ်လပ်မှုကို ခံစားစေချင်ကြောင်း ကြားရ၏။ ဒါကြောင့် သူမဘွဲ့ရပြီးမှ ကုမ္ပဏီကိုဝင်လာဖို့ စီစဥ်ထားကြသည်။

ချူရှောင်းယိချန်နဲ့ လမ်းခွဲလိုက်တာသိပ်မကြာသေးဘဲ ဆေးရုံတတ်လိုက်ရသည်။ ကိစ္စအပြီးမှာ ချူမိသားစုကယိမိသားစုနဲ့ အဆက်ဖြတ်ပြီးပူးပေါင်းဖို့ ငြင်းလိုက်၏။.အဲ့အစား ချူမိသားစုက ရှောင်းမိသားစုကို ပူးပေါင်းမှုအတွက် ဆက်သွယ်လာသည်။

သူကပုဂ္ဂလိက ရင်းနှီးမြုပ်နှံသူကို မငှားပေမယ့် ပူးပေါင်းတော့မယ် ဆိုကတည်းက သူတို့ရဲ့အချက်အလက် တစ်ချို့ကိုစုထားဖို့ လိုအပ်သည်။ ဒါကြောင့် ချူရှောင်းကကုမ္ပဏီမှာ အလုပ်သင်စလုပ်တာ ရက်အနည်းငယ်ပဲ ရှိသေးတယ်ဆိုတာ သူသိထားသည်။

ဒါကြောင့် ပရောဂျက်ရဲ့ အသေးစိတ်ကိုဖတ်ဖို့ သူမအချိန်အများကြီးမရပေ။ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ခန့်ထားရုံနဲ့ပရောဂျက်ကို ဒီလောက်ထိနားလည်သွားဖို့မှာ အလွန်ခက်ခဲ၏။

သူမနဲ့လူကိုယ်တိုင်မတွေ့ခင်က ချူရှောင်းကိုယောက်ျားတစ်ယောက်ကြောင့် အယ်ကိုဟောလ်မှာနစ်မွန်းနေတဲ့ သန့်စင်ရိုးရှင်းသူ ကောလိပ်ကျောင်းသူလေးအနေနဲ့ တွေးခဲ့မိ၏။ စီးပွားရေးလောကကို ဝင်ရောက်လာတဲ့အခါ သူမမှာမွေးရာပါ ပါရမီရှိပြီး အချစ်ကြောင့်သူမကိုယ်သူမ အယ်လ်ကိုဟောမှာ နစ်မွန်းခံမယ့်သူနဲ့မတူပေ။

ချူရှောင်းရဲ့ပါရမီကို ဖျတ်ခနဲမြင်လိုက်ရတာက သူ့ကိုတစ်ခုတော့ ယုံကြည်သွားစေသည်။အဲ့တာက ချူရှောင်းလက်ထဲက တုံ့ဖန်အုပ်စုကစီးပွားရေးလောကမှာ ဘယ်တော့မှကျဆင်းမသွားဟူ၍သာ။ တုံ့ဖန်အုပ်စုနဲ့ပူးပေါင်းတာ ကောင်းမွန်တဲ့ရွေးချယ်မှုလို့ သူယုံကြည်မိသည်။

နှစ်ဦးသား ဖန်ချင်းနဲ့အထူးလက်ထောက်လင်း ရောက်လာတဲ့အထိ ဆယ်မိနစ်ကြာ စကားပြောနေကြ၏။ ရှောင်းဟန်က ဖန်ချင်းကိုအရင်နှုတ်ဆက်လိုက်ပြီးပူးပေါင်းမှုအရ တရားဝင်ဆွေးနွေးမှုမစခင် နှစ်ဖက်စလုံးယဥ်ကျေးတဲ့စကားတွေ အပြန်အလှန် ဖလှယ်ကြသည်။

ချုရှောင်းနဲ့ရှောင်းဟန်ရဲ့ စောနကဆွေးနွေးမှူက နှစ်ဘက်လုံးကအခြေအနေတွေကို ရှင်းရှင်းလင်းလင်း ဖြစ်ပြီးဖြစ်တာမို့ ဖန်ချင်းရဲ့အချိန်တွေကို အတော်လေးချွေတာ
မိစေသည်။ ဖန်ချင်းနဲ့ရှောင်းဟန်တို့ ပရောဂျက်ရဲ့အသေးစိတ်တွေဆီသာ တိုက်ရိုက်ဦးတည်လိုက်တော့သည်။

ချူရှောင်းက လောလောဆယ်မလိုတော့ပေ။ သူမကအထူးလက်ထောက်လင်း ဘေးဘက်မှာထိုင်ပြီး သူမဘာလုပ်တယ်ဆိုတာ ဂရုတစိုက်လေ့လာနေသည်။ သူမက ဖန်ချင်းနဲ့ရှောင်းဟန်ကြားက ဆွေးနွေးမှုရဲ့စကားလုံးတွေကို ကီးဘုတ်ပေါ်မှာ လက်ချောင်းတွေဝဲရင်း မှတ်သားနေ၏။

သူမရဲ့လက်တော့ပ်မှာလည်း သူတိူ့စကားဝိုင်းရဲ့ အရေးကြီးတဲ့အချက်အလက်တွေအကြောင်း မှတ်တမ်းယူနေသည်။ သူတို့လက်ဖက်ရည် ကုန်သွားတိုင်းသူမလက်ဖက်ရည်ထပ်နှပ်ပြီး သူတို့လက်ဖက်ရည်ခွက်တွေထဲ ပြည့်ဖြည့်ပေးမည်သာ။

ရှောင်းဟန်ကအကုန် တွေ့ပြီးသားဖြစ်တာကြောင့် သူထွက်သွားတုန်း ချူရှောင်းလက်တော့ပ်ဆီ အမှတ်တမဲ့ကြည့်လိုက်ရင်း ဆွေးနွေးမှုကိုအသေးစိတ် မှတ်တမ်းယူထားတာကို တွေ့လိုက်ရသည်။

ဆွေးနွေးမှုမှတ်တမ်းတစ်ချို့မှာ သူမမှတ်ချက်တွေထည့်ထားပြီး မှတ်ချက်တစ်ချို့မှာ မေးခွန်းတွေပင်စွက်လိုက်သေးသည်။ ဒါကအလွယ်တကူ သင်လို့ရတဲ့ အရာမျိုးမဟုတ်ပေ။

ရှောင်းဟန်မနေနိုင်ဘဲ ချူရှောင်းဆီ ပြန်ဝေ့ကြည့်မိသည်။ ချူရှောင်းက ပစ္စည်းတွေသိမ်းနေရင်း သူ့အကြည့်ကိုသတိထားမိတဲ့အခါ ပြန်လည့်ပြီးပြုံးပြလာသည်။

ရှောင်းဟန် သူ့ဘာသာ တွေးလိုက်မိ၏။

ဒီမမလေးက အရမ်းလုပ်နိုင်စွမ်းရှိပြီး ပြံးရတာကြိုက်တာ သေချာတယ်။ သူမလုပ်သလို အစည်းအဝေးရဲ့ အသေးစိတ်အကြောင်းအရာကို မှတ်တမ်းယူနိုင်ဖို့ဆိုအဲ့လူက စာအမြန်ရိုက်နိုင်ရုံတင်မကဘဲ သာမန်လူမှတ်နိုင်တာထက်ပိုတဲ့ မှတ်ညဏ်မျိုးလိုတယ်။

ဒါ့ပြင် ဆွေးနွေးပွဲအကြောင်းအရာကို ဆက်မှတ်နေတုန်းမှာ စာရိုက်ရင်းမေးခွန်းတွေလည်း ပေါ်လာသေးတယ်။

ဒီမမလေးက သူ့အသက်မွေးဝမ်းကြောင်းကို ပိုအားထည့်ရင် အနာဂတ်မှာထိပ်တန်း အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် ဖြစ်လာမှာအသေအချာပဲ။

21.4.2022💖

CHAPTER-(26)
Title: ခင္ပြန္းေလာင္းကအိမ္အကူရဲ႕သမီးနဲ႕ခ်စ္မိသြားတယ္

ေရွာင္းဟန္ ေခါင္းၿငိမ့္၏။

"ကြၽန္ေတာ္တို႔ ေရွာင္းအုပ္စုရဲ႕အင္အား အမ်ားစုကိုဒီပေရာဂ်က္မွာ ျမဳပ္ႏွံဖို႔ခန့္ခြဲထားၿပီးသားပါ။ ဒီပူးေပါင္းမႈလိုမ်ိဴး တကယ္အေရးႀကီးတာေတြကို ပေရာဂ်က္မွာ တြဲေပးထားပါတယ္။ အနာဂတ္မွာလည္း ကြၽန္ေတာ္တို႔ရဲ႕ပူးေပါင္းမႉနဲ႕ ဖြံၿဖိဳးမႈအတြက္ အေကာင္းဆုံးနည္းေတြရွာေဖြေနပါတယ္။"

ခ်ဴေရွာင္းနဲ႕ေရွာင္းဟန္ ကိုယ္စီရင္းႏွီးျမဳပ္ႏွံမႈ အစီအစဥ္ေတြေဆြးႏြေးကာ ပေရာဂ်က္ရဲ႕လူအင္အား ခြဲေဝမႈကိုလည္းေျပာျဖစ္ၾကသည္။ ေရွာင္းဟန္က ဒီအရာေတြသိေနတာ သဘာဝက်သည္။ ေနာက္ဆုံးေတာ့လည္း သူကစီးပြားေရးရဲ႕ အေကာင္းတကာအေကာင္းဆုံးသူသာ။

သို႔ေသာ္လည္း အဲ့တာေတြအေၾကာင္း ခ်ဴေရွာင္းအသိအျမင္ မ်ားလိမ့္မယ္လို႔ေတာ့ ေရွာင္းဟန္ေမွ်ာ္လင့္မထား။ ပေရာဂ်က္ကို လုံးဝႀကီးနားမလည္ရင္ေတာင္ ခ်ဴေရွာင္းရဲ႕နားလည္မႈက ႏွစ္ေယာက္ၾကားစကားဝိုင္းကို ဆက္ထိန္းထားနိုင္သည္။

သူတီးမိေခါက္မိသေလာက္ ခ်ဴတုံ႕ခ်ီနဲ႕ဖန္ခ်င္းက သူတို႔သမီးကိုအလြန္ ခ်စ္သည္။ သူတို႔ကက်န္းမာၿပီး အလုပ္ကိုလည္းျမတ္နိုးတာေၾကာင့္ သူတို႔သမီးကိုေလ့က်င့္ၿပီး ကုမၸဏီကိုလႊဲယူခိုင္းဖို႔ အလ်င္မလိုၾကေပ။

အဲ့အစား သူတို႔သမီးေလး ငယ္႐ြယ္မႈနဲ႕လြတ္လပ္မႈကို ခံစားေစခ်င္ေၾကာင္း ၾကားရ၏။ ဒါေၾကာင့္ သူမဘြဲ႕ရၿပီးမွ ကုမၸဏီကိုဝင္လာဖို႔ စီစဥ္ထားၾကသည္။

ခ်ဴေရွာင္းယိခ်န္နဲ႕ လမ္းခြဲလိုက္တာသိပ္မၾကာေသးဘဲ ေဆး႐ုံတတ္လိုက္ရသည္။ ကိစၥအၿပီးမွာ ခ်ဴမိသားစုကယိမိသားစုနဲ႕ အဆက္ျဖတ္ၿပီးပူးေပါင္းဖို႔ ျငင္းလိုက္၏။.အဲ့အစား ခ်ဴမိသားစုက ေရွာင္းမိသားစုကို ပူးေပါင္းမႈအတြက္ ဆက္သြယ္လာသည္။

သူကပုဂၢလိက ရင္းႏွီးျမဳပ္ႏွံသူကို မငွားေပမယ့္ ပူးေပါင္းေတာ့မယ္ ဆိုကတည္းက သူတို႔ရဲ႕အခ်က္အလက္ တစ္ခ်ိဳ႕ကိုစုထားဖို႔ လိုအပ္သည္။ ဒါေၾကာင့္ ခ်ဴေရွာင္းကကုမၸဏီမွာ အလုပ္သင္စလုပ္တာ ရက္အနည္းငယ္ပဲ ရွိေသးတယ္ဆိုတာ သူသိထားသည္။

ဒါေၾကာင့္ ပေရာဂ်က္ရဲ႕ အေသးစိတ္ကိုဖတ္ဖို႔ သူမအခ်ိန္အမ်ားႀကီးမရေပ။ လြန္ခဲ့တဲ့ရက္အနည္းငယ္ေလာက္က ခန့္ထား႐ုံနဲ႕ပေရာဂ်က္ကို ဒီေလာက္ထိနားလည္သြားဖို႔မွာ အလြန္ခက္ခဲ၏။

သူမနဲ႕လူကိုယ္တိုင္မေတြ႕ခင္က ခ်ဴေရွာင္းကိုေယာက္်ားတစ္ေယာက္ေၾကာင့္ အယ္ကိုေဟာလ္မွာနစ္မြန္းေနတဲ့ သန႔္စင္ရိုးရွင္းသူ ေကာလိပ္ေက်ာင္းသူေလးအေနနဲ႕ ေတြးခဲ့မိ၏။ စီးပြားေရးေလာကကို ဝင္ေရာက္လာတဲ့အခါ သူမမွာေမြးရာပါ ပါရမီရွိၿပီး အခ်စ္ေၾကာင့္သူမကိုယ္သူမ အယ္လ္ကိုေဟာမွာ နစ္မြန္းခံမယ့္သူနဲ႕မတူေပ။

ခ်ဴေရွာင္းရဲ႕ပါရမီကို ဖ်တ္ခနဲျမင္လိုက္ရတာက သူ႕ကိုတစ္ခုေတာ့ ယုံၾကည္သြားေစသည္။အဲ့တာက ခ်ဴေရွာင္းလက္ထဲက တုံ႕ဖန္အုပ္စုကစီးပြားေရးေလာကမွာ ဘယ္ေတာ့မွက်ဆင္းမသြားဟူ၍သာ။ တုံ႕ဖန္အုပ္စုနဲ႕ပူးေပါင္းတာ ေကာင္းမြန္တဲ့ေ႐ြးခ်ယ္မႈလို႔ သူယုံၾကည္မိသည္။

ႏွစ္ဦးသား ဖန္ခ်င္းနဲ႕အထူးလက္ေထာက္လင္း ေရာက္လာတဲ့အထိ ဆယ္မိနစ္ၾကာ စကားေျပာေနၾက၏။ ေရွာင္းဟန္က ဖန္ခ်င္းကိုအရင္ႏႈတ္ဆက္လိုက္ၿပီးပူးေပါင္းမႈအရ တရားဝင္ေဆြးႏြေးမႈမစခင္ ႏွစ္ဖက္စလုံးယဥ္ေက်းတဲ့စကားေတြ အျပန္အလွန္ ဖလွယ္ၾကသည္။

ခ်ဳေရွာင္းနဲ႕ေရွာင္းဟန္ရဲ႕ ေစာနကေဆြးႏြေးမႉက ႏွစ္ဘက္လုံးကအေျခအေနေတြကို ရွင္းရွင္းလင္းလင္း ျဖစ္ၿပီးျဖစ္တာမို႔ ဖန္ခ်င္းရဲ႕အခ်ိန္ေတြကို အေတာ္ေလးေခြၽတာ
မိေစသည္။ ဖန္ခ်င္းနဲ႕ေရွာင္းဟန္တို႔ ပေရာဂ်က္ရဲ႕အေသးစိတ္ေတြဆီသာ တိုက္ရိုက္ဦးတည္လိုက္ေတာ့သည္။

ခ်ဴေရွာင္းက ေလာေလာဆယ္မလိုေတာ့ေပ။ သူမကအထူးလက္ေထာက္လင္း ေဘးဘက္မွာထိုင္ၿပီး သူမဘာလုပ္တယ္ဆိုတာ ဂ႐ုတစိုက္ေလ့လာေနသည္။ သူမက ဖန္ခ်င္းနဲ႕ေရွာင္းဟန္ၾကားက ေဆြးႏြေးမႈရဲ႕စကားလုံးေတြကို ကီးဘုတ္ေပၚမွာ လက္ေခ်ာင္းေတြဝဲရင္း မွတ္သားေန၏။

သူမရဲ႕လက္ေတာ့ပ္မွာလည္း သူတိူ႕စကားဝိုင္းရဲ႕ အေရးႀကီးတဲ့အခ်က္အလက္ေတြအေၾကာင္း မွတ္တမ္းယူေနသည္။ သူတို႔လက္ဖက္ရည္ ကုန္သြားတိုင္းသူမလက္ဖက္ရည္ထပ္ႏွပ္ၿပီး သူတို႔လက္ဖက္ရည္ခြက္ေတြထဲ ျပည့္ျဖည့္ေပးမည္သာ။

ေရွာင္းဟန္ကအကုန္ ေတြ႕ၿပီးသားျဖစ္တာေၾကာင့္ သူထြက္သြားတုန္း ခ်ဴေရွာင္းလက္ေတာ့ပ္ဆီ အမွတ္တမဲ့ၾကည့္လိုက္ရင္း ေဆြးႏြေးမႈကိုအေသးစိတ္ မွတ္တမ္းယူထားတာကို ေတြ႕လိုက္ရသည္။

ေဆြးႏြေးမႈမွတ္တမ္းတစ္ခ်ိဳ႕မွာ သူမမွတ္ခ်က္ေတြထည့္ထားၿပီး မွတ္ခ်က္တစ္ခ်ိဳ႕မွာ ေမးခြန္းေတြပင္စြက္လိုက္ေသးသည္။ ဒါကအလြယ္တကူ သင္လို႔ရတဲ့ အရာမ်ိဳးမဟုတ္ေပ။

ေရွာင္းဟန္မေနနိုင္ဘဲ ခ်ဴေရွာင္းဆီ ျပန္ေဝ့ၾကည့္မိသည္။ ခ်ဴေရွာင္းက ပစၥည္းေတြသိမ္းေနရင္း သူ႕အၾကည့္ကိုသတိထားမိတဲ့အခါ ျပန္လည့္ၿပီးၿပဳံးျပလာသည္။

ေရွာင္းဟန္ သူ႕ဘာသာ ေတြးလိုက္မိ၏။

ဒီမမေလးက အရမ္းလုပ္နိုင္စြမ္းရွိၿပီး ၿပံးရတာႀကိဳက္တာ ေသခ်ာတယ္။ သူမလုပ္သလို အစည္းအေဝးရဲ႕ အေသးစိတ္အေၾကာင္းအရာကို မွတ္တမ္းယူနိုင္ဖို႔ဆိုအဲ့လူက စာအျမန္ရိုက္နိုင္႐ုံတင္မကဘဲ သာမန္လူမွတ္နိုင္တာထက္ပိုတဲ့ မွတ္ညဏ္မ်ိဳးလိုတယ္။

ဒါ့ျပင္ ေဆြးႏြေးပြဲအေၾကာင္းအရာကို ဆက္မွတ္ေနတုန္းမွာ စာရိုက္ရင္းေမးခြန္းေတြလည္း ေပၚလာေသးတယ္။

ဒီမမေလးက သူ႕အသက္ေမြးဝမ္းေၾကာင္းကို ပိုအားထည့္ရင္ အနာဂတ္မွာထိပ္တန္း အမ်ိဳးသမီးစီးပြားေရးလုပ္ငန္းရွင္ ျဖစ္လာမွာအေသအခ်ာပဲ။

21.4.2022💖

Continue Reading

You'll Also Like

27.9K 2.8K 19
Title-Transmigrating to become the boss's little fairy Genre-comedy,drama,josei,romance,school life,slice of life Author-Chun Dao Han Chapters-98chap...
18.8K 1.9K 36
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
149K 16.5K 128
Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Chapters -106(complet...
850K 14.8K 12
"ငါ အိပ္​မက္​တစ္​ခု မက္​ခဲ့တယ္​... အေတာ္​ အေတာ္​့ကို ရွည္​တဲ့ အိပ္​မက္​... အခ်စ္​ဆိုတဲ့ အရာအေၾကာင္​း အိပ္​မက္​..." "ငါ့ အိပ္​မက္​ထဲမွာ အဲ့ဒီ့လူဟာ အေ...