ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 291K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

124

6.7K 1.2K 52
By Melinoe_Megami

Unicode

“ရှောင်ယို့..”

သူ့ကိုအရေးမစိုက်ပဲ ထုံးစံအတိုင်း အာရုံလွင့်နေပြန်တဲ့ ကောင်လေးကိုကြည့်ရင်း ရင်းဆုယဲ့မှာ မတတ်သာတော့ပဲ ခပ်တိုးတိုး နာမည်ခေါ်လိုက်ကာ ကောင်လေးရဲ့အာရုံကို ဖမ်းဆုပ်နိုင်ရန် ကြိုးစားလိုက်တယ်။

“ရှောင်ယဲ့ယဲ့.. ကျွန်တော့်ကို ခေါ်တာလား..?”

ဝေရိရဲ့လူတွေအကုန်လုံးကို ရင်းဆုယဲ့က သတ်ပစ်လိုက်တာကြောင့် ခြံဝင်ထဲမှာ ကျန်နေတဲ့လူတေါက သူတို့လူတွေချည်းပဲ။ အပြင်လူ မရှိတောတောကြောင့် ရွှယ်ယို့ရှန်းလည်း ရင်းဆုယဲ့ရဲ့ အေးစက်စက်ပုံရိပ်ကို ကူညီထိန်းသိမ်းပေးနေစရာ မလိုတော့ဘူး။ ထို့ကြောင့် နာမည်ပြောင်ကို ပြန်ခေါ်လိုက်တယ်။

ဘယ်သူက နေရာမရွေး သူ့နာမည်ပြောင်ကို ခေါ်လို့ရပါတယ်လို့ ရင်းဆုယဲ့ကို ပြောထားလို့လဲ..? ခဏခဏ လိုက်ခေါ်နေတာ။ သူစိတ်မကောက်ပဲ ရင်းဆုယဲ့ကို မျက်နှာသာပေးပြီးပြီနော်။ အခု သူလည်း ရင်းဆုယဲ့ရဲ့ နာမည်ပြောင်ကို အကြိမ်ရေနည်းနည်း‌ ခေါ်လိုက်ပြီဆိုတော့ တရားမျှတပါတယ်လေ။

“ကိုယ့်အနားကထွက်သွားဖို့ မရွေးချယ်ခဲ့တဲ့အတွက် ကိုယ်အရမ်းပျော်တယ်..!”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို တည်ငြိမ်စွာ ငေးစိုက်ကြည့်နေခဲ့တယ်။ သူ့ရဲ့မျက်ဝန်းထဲမှာ အေးစက်မှုအစား နူးညံ့နွေးထွေးခြင်းတွေ အစားထိုးဝင်ရောက်လာခဲ့တယ်။

“ကျွန်တော်က အမိန့်ပေးခံရတာကို မုန်းတယ်..!”

စူးစူးစိုက်စိုက် ငေးမောကြည့်နေပါတဲ့ ရင်းဆုယဲ့ကြောင့် ရွှယ်ယို့ရှန်းခမျာ သူ့ကိုယ်သူ အနှီမျက်ဝန်းတွေထဲ နစ်မြုပ်သွားတော့မလို ခံစားလိုက်ရလေတယ်။ ရုတ်တရက် နေရခက်လာတာကြောင့် အကြည့်လွှဲလိုက်တယ်။

အဲ့နေရာမှာ လိမ်လိမ်မာမာနဲ့ မတ်တပ်ရပ်ပြီး အနိုင်ကျင့်ခံနေရအောင် သူက ကြာပန်းဖြူလေး၊ ဒါမှမဟုတ် Holy Mother မှ မဟုတ်တာ။ ငြိမ်ခံနေခဲ့ရင် သူရူးနေလို့ပဲ..! ဝေရိက သူ့ကို ရင်းဆုယဲ့အနားကနေ ထွက်သွားစေချင်လေ၊ သူ့စိတ်က ထွက်မသွားချင်လေပဲ၊ ဟမ့်..! ပြီးတော့………….

“ပြီးတော့ ကျွန်တော် ခင်ဗျားကို ကတိပေးခဲ့တယ်လေ.. သခင်-အစေခံစာချုပ် မပယ်ဖျက်နိုင်သေးခင်အချိန်အထိ ခင်ဗျားအနားကနေ ထွက်မသွားပါဘူးဆို..!”

ပထမဆင်ခြေက ပေါ့ပျက်ပျက်နိုင်နေသလို ခံစားလိုက်ရတာကြောင့် ရွှယ်ယို့ရှန်းလည်း တစ်ခဏတွေးတောပြီး သူထွက်မသွားရတဲ့ အကြောင်းအရင်းကို ဆက်ပြောလိုက်တယ်။ သူက ကတိပေးပြီးရင် အမြဲတမ်း တည်တတ်တယ်လေ။ ဒါပေမဲ့ စက္ကန့်အနည်းငယ်ကြာပြီးနောက် ရွှယ်ယို့ရှန်းက နောင်တရသွားပြန်တယ်။ ဒီကိစ္စကြီးက ပုံမှန်မဟုတ်သလိုပဲနော်..!

“အင်း.. ကိုယ်နားလည်ပြီ..!”

ရင်းဆုယဲ့ရဲ့ နှုတ်ခမ်းထောင့်က စိတ်ကျေနပ်စွာ တွန့်ကွေးသွားပြီး အရောင်ကွဲမျက်ဝန်းအစုံကလည်း ပျော်ရွှင်မှုတွေနဲ့ တောက်ပနေလေတယ်။ ထို့နောက် သူ့ရဲ့လက်ချောင်းတွေနဲ့ ရွှယ်ယို့ရှန်းရဲ့ဆံပင်ကို ခပ်ဖွဖွလေး ပွတ်သပ်ပေးနေခဲ့တယ်။

ရွှယ်ယို့ရှန်းတစ်ယောက် သူ့ခန္ဓာကိုယ်ထဲက သွေးအားလုံး ရပ်တန့်သွားသလို ခံစားလိုက်ရတယ်။

ဒီရင်းဆုယဲ့ကတော့ အရမ်းလွန်လွန်းနေပြီ။ မောက်မာထောင်လွှားပြီး အထက်စီးဆန်တဲ့ဗီလိန်ကြီး ဘယ်ရောက်သွားတာလဲ..? ဒီလို နူးညံ့ညင်သာပြီး အလိုလိုက်တတ်တဲ့ ဗီလိန်မျိုးကို မလိုချင်ပါဘူးနော်..!

ရင်းဆုယဲ့ရဲ့ နူးညံ့ကြင်နာတဲ့ အပြုအမူကြောင့် ရွှယ်ယို့ရှန်းက အနည်းငယ် စိတ်ဆိုးသွားတယ်။

သူနားမလည်နိုင်တော့ဘူး။ သူ့ရဲ့ဘယ်စကားလုံးက ရင်းဆုယဲ့ကို ဒီလိုမျိုး ပြောင်းလဲသွားစေတာလဲ..? သောက်ကျိုးနည်း..! စာချုပ်ကြောင့်တော့ မဟုတ်ပါဘူးနော်..?

စာချုပ်အကြောင်း တွေးလိုက်မိတဲ့အချိန် သခင်-အစေခံစာချုပ်က အတုဖြစ်နေတာကို ပြန်သတိရသွားတယ်။ သို့နှင့် ရွှယ်ယို့ရှန်းတစ်ယောက် ပြောရဲဆိုရဲ ဖြစ်လာတော့တယ်။

“အခုချိန်က ထွက်သွားတာ၊ မထွက်သွားတာကို ဆွေးနွေးနေရမယ့် အချိန်မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်.. သခင်-အစေခံစာချုပ်ကိစ္စ ပြောကြရအောင်..!”

ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ အခုချက်ချင်း သူသိချင်တယ်။ ရင်းဆုယဲ့နဲ့ စာရင်းရှင်းရမယ့်ကိစ္စပဲ။ ဘာကိစ္စပဲရှိရှိ ရင်းဆုယဲ့ဆီက ဖြေရှင်းချက်ကို နားထောင်ရမှဖြစ်မယ်..!

ထိုကိစ္စအပေါ် အရမ်းအလေးအနက်ထားကြောင်း ပေါ်လွင်စေရန်အလို့ငှာ ရွှယ်ယို့ရှန်းက ရှေ့တစ်လှမ်းတိုးပြီး ရင်းဆုယဲ့ရဲ့ အင်္ကျီလည်ပင်းကို ဆုပ်ကိုင်လိုက်ကာ အားဖြင့်ဆောင့်ဆွဲလိုက်တယ်။ ရင်းဆုယဲ့ကို ခေါင်းငုံ့စေပြီး သူ့ကို အာရုံစိုက်စေလိုက်တယ်။

ရွှယ်ယို့ရှန်းရဲ့ ခန္ဓာကိုယ်ထဲက ချိပ်စည်းတစ်ခု ပျက်ပြယ်သွားတာကြောင့် ချစ်စဖွယ်ကောင်ငယ်လေးအဖြစ်ကနေ ချောမောခန့်ညားတဲ့ လူငယ်လေးအဖြစ် ပြောင်းလဲသွားပေမယ့်လည်း သူ့ရဲ့အရပ်က ရင်းဆုယဲ့နဲ့ယှဉ်ရင် အတော်လေး ပုနေတုန်းပဲ။ နှစ်ယောက်သား အတူယှဉ်ရပ်တိုင်း ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ကို မော့ကြည့်နေရတယ်။

ထို့ကြောင့် ရွှယ်ယို့ရှန်းက သူ့ရဲ့သန်မာသောစရိုက်ကို ဖော်ပြနိုင်ဖို့အတွက် အခုလို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ပုံစံမျိုး လုပ်လိုက်တာ ဖြစ်တယ်။

“ဘယ်လို ဆွေးနွေးချင်တာလဲ..?”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းရဲ့ လှုပ်ရှားမှုအတိုင်း နာနာခံခံနဲ့ ခန္ဓာကိုယ်ကို ကွေးညွတ်ကာ အရပ်ညီအောင် ညှိပေးလိုက်တယ်။

“သခင်.. ကျွန်တော်တို့ အရင်ပြန်နှင့်ရမလား..?”

ရွှယ်ယို့ရှန်း ပြန်မဖြေခင် မြေခွေးက မျက်နှာပိုးသပ်ပြီး ရှေ့တက်လာတယ်။ တစ်ချိန်တည်းမှာပဲ မြေခွေးမျက်နှာဖုံးကို သေချာ ချိန်ညှိလိုက်သေးတယ်။ မျက်နှာဖုံးက သူ့ရဲ့မျက်နှာအမူအရာကို ဖုံးကွယ်ပေးထားကြောင်း သေချာသွားတော့မှ ကျန်သက်တော်စောင့်တွေကိုယ်စား အရင်ပြန်ခွင့်ပြုရန် ခွင့်တောင်းလိုက်တယ်။

သူတို့ရဲ့တည်ရှိမှုကို သေးငယ်နိုင်သမျှသေးငယ်အောင် အသည်းအသန် ကြိုးစားနေကြရရှာတဲ့ လျှို့ဝှက်သက်တော်စောင့်တွေခမျာ မြေခွေးရဲ့စကားကို ကြားတာနဲ့ ကပျာကယာ ခေါင်းညိတ်ပြီး ထောက်ခံကြတော့တယ်။

ရင်တုန်ရလွန်းလို့ ဒီခြံဝင်းကြီးထဲမှာ ကြာကြာဆက်မနေချင်တော့ဘူး..!

သခင်ရဲ့ မျက်နှာအပြောင်းအလဲစွမ်းရည်ကို တွေ့လိုက်ရရုံသာမက အားကြီးသန်မာလွန်းတဲ့ပုံရိပ်နဲ့ လုံးဝမလိုက်ဖက်တဲ့ နာမည်ပြောင်တစ်ခုကိုလည်း ကြားလိုက်ရသေးတယ်။ ရှောင်ယဲ့ယဲ့တဲ့လေ၊ ဘယ်လောက် ကလေးဆန်လိုက်တဲ့ နာမည်ကြီးလဲ..? ရှောင်ရင်းရင်းက ရှောင်ယဲ့ယဲ့ထက် ပိုမကောင်းဘူးလား..? မဟုတ်သေးဘူး၊ နှစ်ခုလုံး လုံးဝမကောင်းဘူး..!

ရွှယ်ယို့ရှန်းက ထိုနာမည်ပြောင်ကို ခေါ်လိုက်တဲ့အချိန် သက်တော်စောင့်တွေခမျာ သူတို့ရဲ့သခင် စိတ်မထိန်းနိုင်ဘဲ ရွှယ်ယို့ရှန်းကို သတ်ပစ်လိုက်မှာ စိုးရိမ်သွားကြတယ်။ ချွေးစေးတွေကိုတောင် တိတ်တဆိတ် သုတ်ပစ်လိုက်ရတယ်။ ရွှယ်ယို့ရှန်းနဲ့ အချိန်အတော်ကြာ အတူနေခဲ့ကြတာကြောင့် တစ်ဦးပေါ်တစ်ဦး အမြင်ကောင်းတွေ ရှိနေလေပြီ။ ထို့ကြောင့် ရွှယ်ယို့ရှန်းကို ဘာမဟုတ်တဲ့ ကိစ္စလေးကြောင့် ဝမ်းနည်းဖွယ်အဆုံးသတ်မျိုး တွေ့ကြုံမှာကို မလိုလားကြဘူး။

သို့ပေမယ့် သူတို့သခင်ကြီးရဲ့ အကျင့်စရိုက်ကို လုံးဝနားမလည်နိုင်တော့ဘူး။ သူက စိတ်မဆိုးတဲ့အပြင် ရှောင်ယဲ့ယဲ့ဆိုတဲ့ နာမည်ကိုတောင် အသံတိတ် အသိအမှတ်ပြုလိုက်သေးရဲ့..! အခုတော့ သူတို့သခင်ကြီး ရွှယ်ယို့ရှန်းအပေါ် ဘယ်လောက်အထိ အလိုလိုက်သလဲဆိုတာကို နားလည်သွားကြပြီ..!

ထိုကိစ္စပြီးနောက် နောက်ထပ်ဖြစ်ရပ်ကလည်း သက်တော်စောင့်တွေကို မျက်လုံးကျွတ်ထွက်လုမတတ် ထိတ်လန့်သွားစေပြန်တယ်။

ရွှယ်ယို့ရှန်းက သခင့်ရဲ့အင်္ကျီစကို ဆောင့်ဆွဲပြီး ခြိမ်းခြောက်ရဲတယ်..?! ဒါပေမဲ့ သခင်က နည်းနည်းလေးတောင် မကျေမနပ်ဖြစ်ပုံမပေါ်တဲ့အပြင် အလိုလိုက်အကြိုက်ဆောင်ပြီး ရွှယ်ယို့ရှန်းကို ထောင်လွှားခွင့်ပေးထားသေးတယ်..! အရင်တုန်းကဆို တစ်ယောက်ယောက်က ရွှယ်ယို့ရှန်းလိုမျိုး သခင့်ကိုဖီဆန်ရဲရင် သခင့်လက်ချက်နဲ့ အပိုင်းပိုင်း ပြတ်သွားလောက်ပြီ..!

အဲ့တော့ သူတို့ရဲ့သခင် လူလဲခံလိုက်ရတာလား..? ဒါမှမဟုတ် ရွှယ်ယို့ရှန်းက အရမ်းစွမ်းအားကြီးလွန်းနေသလား..? ဒီသက်တော်စောင့်တွေကို တစ်ယောက်ယောက် ပြောပြပေးနိုင်မလား..?

“ခွင့်ပြုတယ်..”

ရင်းဆုယဲ့က လျှို့ဝှက်သက်တော်စောင့်တွေကို အေးစက်စက် လှည့်ကြည့်ကာ သတိပေးလိုက်တယ်။

ဒီသက်တော်စောင့်တွေ ဘာတွေးနေသလဲဆိုတာ သူ,မသိဘူး မထင်လိုက်နဲ့။ တမင်သပ်သပ် ရွှယ်ယို့ရှန်းအပေါ် သူဘယ်လောက် အလိုလိုက်သလဲဆိုတာ ကြည့်ခွင့်ပေးထားခဲ့တာ။ အဲ့တော့မှ ရွှယ်ယို့ရှန်းက သူ့အတွက် အရမ်းအရေးပါတယ်ဆိုတာ သူတို့တွေ ရှင်းရှင်းလင်းလင်း သိသွားကြမှာပေါ့။ အဲ့လိုဆို သူတို့ရဲ့စိတ်ထဲမှာ ရွှယ်ယို့ရှန်းနဲ့ပက်သက်သမျှ အရာအားလုံးကို အလေးအနက်ထားလာကြလိမ့်မယ်။

ရင်းဆုယဲ့ရဲ့ခွင့်ပြုမှုကို ကြားလိုက်တာနဲ့ သက်တော်စောင့်တွေခမျာ မစောင့်နိုင်အောင် ထွက်ပြေးသွားကြတော့တယ်။

ကိစ္စတွေအများကြီး ဖြစ်ပျက်သွားခဲ့ပြီးနောက် လျှို့ဝှက်သက်တော်စောင်တွေ ဖြစ်သည့်တိုင်အောင် သူတို့မှာ တုန်လှုပ်ခြောက်ခြားနေဆဲ။ ကံကောင်းထောက်မစွာဖြင့် သူတို့ရဲ့မျက်နှာပေါ်မှာ မျက်နှာအမူအယာကို ဖုံးကွယ်ပေးနိုင်တဲ့ မျက်နှာဖုံးတွေ ရှိနေသေးလို့ပဲ။

မမြင်သင့်တာတွေ အများကြီးမြင်လိုက်ရပေမယ့် သခင်က သူတို့ကို နှုတ်ပိတ်သတ်ဖြတ်ဖို့ အစီအစဥ်ရှိပုံမပေါ်ဘူး​။ ဒါပေမဲ့ သူတို့အားလုံး ဘာကိစ္စပဲရှိရှိ အမူအယာကင်းတဲ့မျက်နှာမျိုး ဖြစ်နေအောင် ပြန်လေ့ကျင့်ရဦးမယ်။

သူတို့သခင်က ရွှယ်ယို့ရှန်းကို ဒီထက်ပိုပြီး အလိုလိုက်ဦးမှာ၊ နောင်အနာဂါတ်မှာ ဒီလိုကိစ္စရပ်မျိုးတွေ အများကြီး တွေ့ကြုံရဦးမယ်ဆိုတာ သူတို့ယုံကြည်တယ်။ အဲ့တာကြောင့် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားမှဖြစ်မယ်။ ပြီးတော့ ခုနတုန်းက ဒီနေရာမှာမရှိတဲ့ သက်တော်စောင့်တွေကိုလည်း ကြိုတင်သတိပေးထားရဦးမယ်။ ရွှယ်ယို့ရှန်းကို မရိုမသေလုပ်မိရင် သခင်က လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူးဆိုတာကိုပေါ့။

များပြားလှတဲ့ အတွေးတွေနဲ့ အလျင်အမြန် ထွက်ပြေးသွားကြတဲ့ လျှို့ဝှက်သက်တော်စောင့်တွေခမျာ အရေးကြီးကိစ္စတစ်ခုကို မေ့လျော့သွားကြတယ်။

သူတို့ရဲ့သခင်ကြီး သတိပြန်ရလာရုံသာမက ကြီးမြတ်သောဘုရင်အဆင့်အထိ အဆင့်တက်သွားတာကြောင့် သူတို့လည်း ‘ရေမြင့်လျှင် ကြာတင့်ဆိုသလို’ ရာထူးမြင့်သွားပြီဆိုတာကို လုံးလုံးလျားလျား မော့လျော့နေကြလေတယ်။

***

“သူတို့တွေသွားပြီ.. အခု ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောလို့ရပြီ..!”

ရွှယ်ယို့ရှန်းက အူကြောင်ကြောင်လေးနဲ့ မျက်တောင်ခတ်လိုက်တယ်။

သက်တော်စောင့်တွေ ပျောက်သွားတာ အရမ်းမမြန်လွန်းဘူးလား..? မျက်စိတစ်မှိတ်အတွင်း ပျောက်သွားလိုက်တာများ လေတိုက်သွားသလိုပဲ..!

“ဟိုတစ်ယောက်ကိုရော ဘယ်လိုလုပ်မှာလဲ..?”

သူ့ကို အလေးအနက် စူးစိုက်ကြည့်နေတဲ့ ရွှယ်ယို့ရှန်းကိုကြည့်ရင်း ရင်းဆုယဲ့လည်း စနောက်ချင်လာတယ်။ ထို့ကြောင့် ခြံဝင်းထဲက သစ်ပင်ကြီးအောက်မှာ ပျင်းရိပျင်းတွဲ နေရောင်ခံနေတဲ့ လွေ့ရွယ်ကို ညွှန်ပြလိုက်တယ်။

“Meow..!”

နေရောင်အောက်မှာ နေပူဆာလှုံနေတဲ့ လွေ့ရွယ်ခမျာ အန္တရာယ်အငွေ့အသက်ကို အာရုံခံလိုက်မိတာကြောင့် ကမန်းကတန်း ထရပ်ကာ သတိအနေအထား ဖြစ်သွားတယ်။ ရင်းဆုယဲ့ကို မြင်လိုက်တာနဲ့ အန္တရာယ်အငွေ့အသက်တွေရဲ့ လားရာကို အလိုလို သိလိုက်တယ်။ ထို့ကြောင့် ကြီးမားဝိုင်းစက်တဲ့ မျက်လုံးကြီးတွေနဲ့ မတုန်မလှုပ် ပြန်စိုက်ကြည့်လိုက်တယ်။

ဒီလူဆိုးကြီးက တကယ့်ကို လူကောင်းမဟုတ်ဘူး၊ ကြောင်တစ်ကောင်ကိုတောင် ကောင်းကောင်းမွန်မွန် အိပ်စက်ခွင့်မပြုဘူး..! ဒီကြောင်လေးက သခင့်ဆီမှာ တိုင်တန်းရလိမ့်မယ်..!

လွေ့ရွယ်လည်း ကျော့မော့စွာနဲ့ ရွှယ်ယို့ရှန်းဆီကို catwalk လျှောက်သွားတော့တယ်။

“လွေ့ရွယ်.. မင်းလည်းရှိနေတာလား..?”

ရွှယ်ယို့ရှန်းတစ်ယောက် လွေ့ရွယ်ရဲ့အသံကိုကြားမှ သတိပြုမိသွားပုံပေါ်တယ်။

“Meow..!”

လွေ့ရွယ်ခမျာ ရုတ်တရက် အလွန်ဝမ်းနည်းသွားသလို၊ မျှော်လင့်ချက်ကင်းမဲ့သွားသလို ခံစားလိုက်ရတယ်။

ဘယ်လိုတောင် သူ့ရဲ့တည်ရှိမှုကို သတိမပြုမိရတာလဲ..?

ဘယ်လောက်ဆိုးရွားလိုက်တဲ့ သခင်လဲ..?

လူဆိုးကြီးအကြောင်း သူ့သခင်ထံ တိုင်တန်းလို့ရပါဦးမလား..?

“လွေ့ရွယ်က လူမဟုတ်ဘူး.. အဲ့တာကြောင့် ပြဿနာမရှိဘူး..!”

ရွှယ်ယို့ရှန်းက တစ်ဖက်လှည့်ကာ လွေ့ရွယ်ရဲ့တိုင်တန်းမှုကို လျစ်လျူရှုလိုက်တယ်။ လွေ့ရွယ်နဲ့ယှဉ်ရင် ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ကို ပြစ်တင်ဆူပူနိုင်မယ့် အခွင့်အရေးဘက်ကို ပိုပြီးအားသာနေခဲ့တယ်။

ဒီအချိန်မှာတော့ လွေ့ရွယ်အတွက် ‘Sorry’ ပါပဲ။

ရင်းဆုယဲ့ကို အပြစ်ဝန်ခံလာအောင် လုပ်ပြီးရင် လွေ့ရွယ်ကို ငါးသေးသေးလေးတွေကျွေးပြီး ဆုချရမယ်..!

“Meow..!”

လွေ့ရွယ်ခမျာ ပိုပြီးဝမ်းနည်းသွားတော့တယ်။ မျက်ရည်ချောင်းစီးလုမတတ် ငိုကြွေးပစ်ချင်လာတယ်။ ထို့ကြောင့် ၄၅ ဒီဂရီခန့် ခေါင်းမော့လိုက်ကာ သူ့ရဲ့ကြောင်ဘဝကြီးကို စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်တော့တယ်။

…………………………….................

Zawgyi

“ေရွာင္ယို႔..”

သူ႔ကိုအေရးမစိုက္ပဲ ထုံးစံအတိုင္း အာ႐ုံလြင့္ေနျပန္တဲ့ ေကာင္ေလးကိုၾကည့္ရင္း ရင္းဆုယဲ့မွာ မတတ္သာေတာ့ပဲ ခပ္တိုးတိုး နာမည္ေခၚလိုက္ကာ ေကာင္ေလးရဲ႕အာ႐ုံကို ဖမ္းဆုပ္ႏိုင္ရန္ ႀကိဳးစားလိုက္တယ္။

“ေရွာင္ယဲ့ယဲ့.. ကြၽန္ေတာ့္ကို ေခၚတာလား..?”

ေဝရိရဲ႕လူေတြအကုန္လုံးကို ရင္းဆုယဲ့က သတ္ပစ္လိုက္တာေၾကာင့္ ၿခံဝင္ထဲမွာ က်န္ေနတဲ့လူေတါက သူတို႔လူေတြခ်ည္းပဲ။ အျပင္လူ မရွိေတာေတာေၾကာင့္ ႐ႊယ္ယို႔ရွန္းလည္း ရင္းဆုယဲ့ရဲ႕ ေအးစက္စက္ပုံရိပ္ကို ကူညီထိန္းသိမ္းေပးေနစရာ မလိုေတာ့ဘူး။ ထို႔ေၾကာင့္ နာမည္ေျပာင္ကို ျပန္ေခၚလိုက္တယ္။

ဘယ္သူက ေနရာမေ႐ြး သူ႔နာမည္ေျပာင္ကို ေခၚလို႔ရပါတယ္လို႔ ရင္းဆုယဲ့ကို ေျပာထားလို႔လဲ..? ခဏခဏ လိုက္ေခၚေနတာ။ သူစိတ္မေကာက္ပဲ ရင္းဆုယဲ့ကို မ်က္ႏွာသာေပးၿပီးၿပီေနာ္။ အခု သူလည္း ရင္းဆုယဲ့ရဲ႕ နာမည္ေျပာင္ကို အႀကိမ္ေရနည္းနည္း‌ ေခၚလိုက္ၿပီဆိုေတာ့ တရားမွ်တပါတယ္ေလ။

“ကိုယ့္အနားကထြက္သြားဖို႔ မေ႐ြးခ်ယ္ခဲ့တဲ့အတြက္ ကိုယ္အရမ္းေပ်ာ္တယ္..!”

ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္းကို တည္ၿငိမ္စြာ ေငးစိုက္ၾကည့္ေနခဲ့တယ္။ သူ႔ရဲ႕မ်က္ဝန္းထဲမွာ ေအးစက္မႈအစား ႏူးညံ့ေႏြးေထြးျခင္းေတြ အစားထိုးဝင္ေရာက္လာခဲ့တယ္။

“ကြၽန္ေတာ္က အမိန႔္ေပးခံရတာကို မုန္းတယ္..!”

စူးစူးစိုက္စိုက္ ေငးေမာၾကည့္ေနပါတဲ့ ရင္းဆုယဲ့ေၾကာင့္ ႐ႊယ္ယို႔ရွန္းခမ်ာ သူ႔ကိုယ္သူ အႏွီမ်က္ဝန္းေတြထဲ နစ္ျမဳပ္သြားေတာ့မလို ခံစားလိုက္ရေလတယ္။ ႐ုတ္တရက္ ေနရခက္လာတာေၾကာင့္ အၾကည့္လႊဲလိုက္တယ္။

အဲ့ေနရာမွာ လိမ္လိမ္မာမာနဲ႔ မတ္တပ္ရပ္ၿပီး အႏိုင္က်င့္ခံေနရေအာင္ သူက ၾကာပန္းျဖဴေလး၊ ဒါမွမဟုတ္ Holy Mother မွ မဟုတ္တာ။ ၿငိမ္ခံေနခဲ့ရင္ သူ႐ူးေနလို႔ပဲ..! ေဝရိက သူ႔ကို ရင္းဆုယဲ့အနားကေန ထြက္သြားေစခ်င္ေလ၊ သူ႔စိတ္က ထြက္မသြားခ်င္ေလပဲ၊ ဟမ့္..! ၿပီးေတာ့………….

“ၿပီးေတာ့ ကြၽန္ေတာ္ ခင္ဗ်ားကို ကတိေပးခဲ့တယ္ေလ.. သခင္-အေစခံစာခ်ဳပ္ မပယ္ဖ်က္ႏိုင္ေသးခင္အခ်ိန္အထိ ခင္ဗ်ားအနားကေန ထြက္မသြားပါဘူးဆို..!”

ပထမဆင္ေျခက ေပါ့ပ်က္ပ်က္ႏိုင္ေနသလို ခံစားလိုက္ရတာေၾကာင့္ ႐ႊယ္ယို႔ရွန္းလည္း တစ္ခဏေတြးေတာၿပီး သူထြက္မသြားရတဲ့ အေၾကာင္းအရင္းကို ဆက္ေျပာလိုက္တယ္။ သူက ကတိေပးၿပီးရင္ အၿမဲတမ္း တည္တတ္တယ္ေလ။ ဒါေပမဲ့ စကၠန႔္အနည္းငယ္ၾကာၿပီးေနာက္ ႐ႊယ္ယို႔ရွန္းက ေနာင္တရသြားျပန္တယ္။ ဒီကိစၥႀကီးက ပုံမွန္မဟုတ္သလိုပဲေနာ္..!

“အင္း.. ကိုယ္နားလည္ၿပီ..!”

ရင္းဆုယဲ့ရဲ႕ ႏႈတ္ခမ္းေထာင့္က စိတ္ေက်နပ္စြာ တြန႔္ေကြးသြားၿပီး အေရာင္ကြဲမ်က္ဝန္းအစုံကလည္း ေပ်ာ္႐ႊင္မႈေတြနဲ႔ ေတာက္ပေနေလတယ္။ ထို႔ေနာက္ သူ႔ရဲ႕လက္ေခ်ာင္းေတြနဲ႔ ႐ႊယ္ယို႔ရွန္းရဲ႕ဆံပင္ကို ခပ္ဖြဖြေလး ပြတ္သပ္ေပးေနခဲ့တယ္။

႐ႊယ္ယို႔ရွန္းတစ္ေယာက္ သူ႔ခႏၶာကိုယ္ထဲက ေသြးအားလုံး ရပ္တန႔္သြားသလို ခံစားလိုက္ရတယ္။

ဒီရင္းဆုယဲ့ကေတာ့ အရမ္းလြန္လြန္းေနၿပီ။ ေမာက္မာေထာင္လႊားၿပီး အထက္စီးဆန္တဲ့ဗီလိန္ႀကီး ဘယ္ေရာက္သြားတာလဲ..? ဒီလို ႏူးညံ့ညင္သာၿပီး အလိုလိုက္တတ္တဲ့ ဗီလိန္မ်ိဳးကို မလိုခ်င္ပါဘူးေနာ္..!

ရင္းဆုယဲ့ရဲ႕ ႏူးညံ့ၾကင္နာတဲ့ အျပဳအမူေၾကာင့္ ႐ႊယ္ယို႔ရွန္းက အနည္းငယ္ စိတ္ဆိုးသြားတယ္။

သူနားမလည္ႏိုင္ေတာ့ဘူး။ သူ႔ရဲ႕ဘယ္စကားလုံးက ရင္းဆုယဲ့ကို ဒီလိုမ်ိဳး ေျပာင္းလဲသြားေစတာလဲ..? ေသာက္က်ိဳးနည္း..! စာခ်ဳပ္ေၾကာင့္ေတာ့ မဟုတ္ပါဘူးေနာ္..?

စာခ်ဳပ္အေၾကာင္း ေတြးလိုက္မိတဲ့အခ်ိန္ သခင္-အေစခံစာခ်ဳပ္က အတုျဖစ္ေနတာကို ျပန္သတိရသြားတယ္။ သို႔ႏွင့္ ႐ႊယ္ယို႔ရွန္းတစ္ေယာက္ ေျပာရဲဆိုရဲ ျဖစ္လာေတာ့တယ္။

“အခုခ်ိန္က ထြက္သြားတာ၊ မထြက္သြားတာကို ေဆြးေႏြးေနရမယ့္ အခ်ိန္မဟုတ္ဘူးလို႔ ကြၽန္ေတာ္ထင္တယ္.. သခင္-အေစခံစာခ်ဳပ္ကိစၥ ေျပာၾကရေအာင္..!”

ဘာေတြျဖစ္ပ်က္ခဲ့သလဲဆိုတာ အခုခ်က္ခ်င္း သူသိခ်င္တယ္။ ရင္းဆုယဲ့နဲ႔ စာရင္းရွင္းရမယ့္ကိစၥပဲ။ ဘာကိစၥပဲရွိရွိ ရင္းဆုယဲ့ဆီက ေျဖရွင္းခ်က္ကို နားေထာင္ရမွျဖစ္မယ္..!

ထိုကိစၥအေပၚ အရမ္းအေလးအနက္ထားေၾကာင္း ေပၚလြင္ေစရန္အလို႔ငွာ ႐ႊယ္ယို႔ရွန္းက ေရွ႕တစ္လွမ္းတိုးၿပီး ရင္းဆုယဲ့ရဲ႕ အက်ႌလည္ပင္းကို ဆုပ္ကိုင္လိုက္ကာ အားျဖင့္ေဆာင့္ဆြဲလိုက္တယ္။ ရင္းဆုယဲ့ကို ေခါင္းငုံ႔ေစၿပီး သူ႔ကို အာ႐ုံစိုက္ေစလိုက္တယ္။

႐ႊယ္ယို႔ရွန္းရဲ႕ ခႏၶာကိုယ္ထဲက ခ်ိပ္စည္းတစ္ခု ပ်က္ျပယ္သြားတာေၾကာင့္ ခ်စ္စဖြယ္ေကာင္ငယ္ေလးအျဖစ္ကေန ေခ်ာေမာခန႔္ညားတဲ့ လူငယ္ေလးအျဖစ္ ေျပာင္းလဲသြားေပမယ့္လည္း သူ႔ရဲ႕အရပ္က ရင္းဆုယဲ့နဲ႔ယွဥ္ရင္ အေတာ္ေလး ပုေနတုန္းပဲ။ ႏွစ္ေယာက္သား အတူယွဥ္ရပ္တိုင္း ႐ႊယ္ယို႔ရွန္းက ရင္းဆုယဲ့ကို ေမာ့ၾကည့္ေနရတယ္။

ထို႔ေၾကာင့္ ႐ႊယ္ယို႔ရွန္းက သူ႔ရဲ႕သန္မာေသာစ႐ိုက္ကို ေဖာ္ျပႏိုင္ဖို႔အတြက္ အခုလို လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္တဲ့ပုံစံမ်ိဳး လုပ္လိုက္တာ ျဖစ္တယ္။

“ဘယ္လို ေဆြးေႏြးခ်င္တာလဲ..?”

ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္းရဲ႕ လႈပ္ရွားမႈအတိုင္း နာနာခံခံနဲ႔ ခႏၶာကိုယ္ကို ေကြးၫြတ္ကာ အရပ္ညီေအာင္ ညႇိေပးလိုက္တယ္။

“သခင္.. ကြၽန္ေတာ္တို႔ အရင္ျပန္ႏွင့္ရမလား..?”

႐ႊယ္ယို႔ရွန္း ျပန္မေျဖခင္ ေျမေခြးက မ်က္ႏွာပိုးသပ္ၿပီး ေရွ႕တက္လာတယ္။ တစ္ခ်ိန္တည္းမွာပဲ ေျမေခြးမ်က္ႏွာဖုံးကို ေသခ်ာ ခ်ိန္ညႇိလိုက္ေသးတယ္။ မ်က္ႏွာဖုံးက သူ႔ရဲ႕မ်က္ႏွာအမူအရာကို ဖုံးကြယ္ေပးထားေၾကာင္း ေသခ်ာသြားေတာ့မွ က်န္သက္ေတာ္ေစာင့္ေတြကိုယ္စား အရင္ျပန္ခြင့္ျပဳရန္ ခြင့္ေတာင္းလိုက္တယ္။

သူတို႔ရဲ႕တည္ရွိမႈကို ေသးငယ္ႏိုင္သမွ်ေသးငယ္ေအာင္ အသည္းအသန္ ႀကိဳးစားေနၾကရရွာတဲ့ လွ်ိဳ႕ဝွက္သက္ေတာ္ေစာင့္ေတြခမ်ာ ေျမေခြးရဲ႕စကားကို ၾကားတာနဲ႔ ကပ်ာကယာ ေခါင္းညိတ္ၿပီး ေထာက္ခံၾကေတာ့တယ္။

ရင္တုန္ရလြန္းလို႔ ဒီၿခံဝင္းႀကီးထဲမွာ ၾကာၾကာဆက္မေနခ်င္ေတာ့ဘူး..!

သခင္ရဲ႕ မ်က္ႏွာအေျပာင္းအလဲစြမ္းရည္ကို ေတြ႕လိုက္ရ႐ုံသာမက အားႀကီးသန္မာလြန္းတဲ့ပုံရိပ္နဲ႔ လုံးဝမလိုက္ဖက္တဲ့ နာမည္ေျပာင္တစ္ခုကိုလည္း ၾကားလိုက္ရေသးတယ္။ ေရွာင္ယဲ့ယဲ့တဲ့ေလ၊ ဘယ္ေလာက္ ကေလးဆန္လိုက္တဲ့ နာမည္ႀကီးလဲ..? ေရွာင္ရင္းရင္းက ေရွာင္ယဲ့ယဲ့ထက္ ပိုမေကာင္းဘူးလား..? မဟုတ္ေသးဘူး၊ ႏွစ္ခုလုံး လုံးဝမေကာင္းဘူး..!

႐ႊယ္ယို႔ရွန္းက ထိုနာမည္ေျပာင္ကို ေခၚလိုက္တဲ့အခ်ိန္ သက္ေတာ္ေစာင့္ေတြခမ်ာ သူတို႔ရဲ႕သခင္ စိတ္မထိန္းႏိုင္ဘဲ ႐ႊယ္ယို႔ရွန္းကို သတ္ပစ္လိုက္မွာ စိုးရိမ္သြားၾကတယ္။ ေခြၽးေစးေတြကိုေတာင္ တိတ္တဆိတ္ သုတ္ပစ္လိုက္ရတယ္။ ႐ႊယ္ယို႔ရွန္းနဲ႔ အခ်ိန္အေတာ္ၾကာ အတူေနခဲ့ၾကတာေၾကာင့္ တစ္ဦးေပၚတစ္ဦး အျမင္ေကာင္းေတြ ရွိေနေလၿပီ။ ထို႔ေၾကာင့္ ႐ႊယ္ယို႔ရွန္းကို ဘာမဟုတ္တဲ့ ကိစၥေလးေၾကာင့္ ဝမ္းနည္းဖြယ္အဆုံးသတ္မ်ိဳး ေတြ႕ႀကဳံမွာကို မလိုလားၾကဘူး။

သို႔ေပမယ့္ သူတို႔သခင္ႀကီးရဲ႕ အက်င့္စ႐ိုက္ကို လုံးဝနားမလည္ႏိုင္ေတာ့ဘူး။ သူက စိတ္မဆိုးတဲ့အျပင္ ေရွာင္ယဲ့ယဲ့ဆိုတဲ့ နာမည္ကိုေတာင္ အသံတိတ္ အသိအမွတ္ျပဳလိုက္ေသးရဲ႕..! အခုေတာ့ သူတို႔သခင္ႀကီး ႐ႊယ္ယို႔ရွန္းအေပၚ ဘယ္ေလာက္အထိ အလိုလိုက္သလဲဆိုတာကို နားလည္သြားၾကၿပီ..!

ထိုကိစၥၿပီးေနာက္ ေနာက္ထပ္ျဖစ္ရပ္ကလည္း သက္ေတာ္ေစာင့္ေတြကို မ်က္လုံးကြၽတ္ထြက္လုမတတ္ ထိတ္လန႔္သြားေစျပန္တယ္။

႐ႊယ္ယို႔ရွန္းက သခင့္ရဲ႕အက်ႌစကို ေဆာင့္ဆြဲၿပီး ၿခိမ္းေျခာက္ရဲတယ္..?! ဒါေပမဲ့ သခင္က နည္းနည္းေလးေတာင္ မေက်မနပ္ျဖစ္ပုံမေပၚတဲ့အျပင္ အလိုလိုက္အႀကိဳက္ေဆာင္ၿပီး ႐ႊယ္ယို႔ရွန္းကို ေထာင္လႊားခြင့္ေပးထားေသးတယ္..! အရင္တုန္းကဆို တစ္ေယာက္ေယာက္က ႐ႊယ္ယို႔ရွန္းလိုမ်ိဳး သခင့္ကိုဖီဆန္ရဲရင္ သခင့္လက္ခ်က္နဲ႔ အပိုင္းပိုင္း ျပတ္သြားေလာက္ၿပီ..!

အဲ့ေတာ့ သူတို႔ရဲ႕သခင္ လူလဲခံလိုက္ရတာလား..? ဒါမွမဟုတ္ ႐ႊယ္ယို႔ရွန္းက အရမ္းစြမ္းအားႀကီးလြန္းေနသလား..? ဒီသက္ေတာ္ေစာင့္ေတြကို တစ္ေယာက္ေယာက္ ေျပာျပေပးႏိုင္မလား..?

“ခြင့္ျပဳတယ္..”

ရင္းဆုယဲ့က လွ်ိဳ႕ဝွက္သက္ေတာ္ေစာင့္ေတြကို ေအးစက္စက္ လွည့္ၾကည့္ကာ သတိေပးလိုက္တယ္။

ဒီသက္ေတာ္ေစာင့္ေတြ ဘာေတြးေနသလဲဆိုတာ သူ,မသိဘူး မထင္လိုက္နဲ႔။ တမင္သပ္သပ္ ႐ႊယ္ယို႔ရွန္းအေပၚ သူဘယ္ေလာက္ အလိုလိုက္သလဲဆိုတာ ၾကည့္ခြင့္ေပးထားခဲ့တာ။ အဲ့ေတာ့မွ ႐ႊယ္ယို႔ရွန္းက သူ႔အတြက္ အရမ္းအေရးပါတယ္ဆိုတာ သူတို႔ေတြ ရွင္းရွင္းလင္းလင္း သိသြားၾကမွာေပါ့။ အဲ့လိုဆို သူတို႔ရဲ႕စိတ္ထဲမွာ ႐ႊယ္ယို႔ရွန္းနဲ႔ပက္သက္သမွ် အရာအားလုံးကို အေလးအနက္ထားလာၾကလိမ့္မယ္။

ရင္းဆုယဲ့ရဲ႕ခြင့္ျပဳမႈကို ၾကားလိုက္တာနဲ႔ သက္ေတာ္ေစာင့္ေတြခမ်ာ မေစာင့္ႏိုင္ေအာင္ ထြက္ေျပးသြားၾကေတာ့တယ္။

ကိစၥေတြအမ်ားႀကီး ျဖစ္ပ်က္သြားခဲ့ၿပီးေနာက္ လွ်ိဳ႕ဝွက္သက္ေတာ္ေစာင္ေတြ ျဖစ္သည့္တိုင္ေအာင္ သူတို႔မွာ တုန္လႈပ္ေျခာက္ျခားေနဆဲ။ ကံေကာင္းေထာက္မစြာျဖင့္ သူတို႔ရဲ႕မ်က္ႏွာေပၚမွာ မ်က္ႏွာအမူအယာကို ဖုံးကြယ္ေပးႏိုင္တဲ့ မ်က္ႏွာဖုံးေတြ ရွိေနေသးလို႔ပဲ။

မျမင္သင့္တာေတြ အမ်ားႀကီးျမင္လိုက္ရေပမယ့္ သခင္က သူတို႔ကို ႏႈတ္ပိတ္သတ္ျဖတ္ဖို႔ အစီအစဥ္ရွိပုံမေပၚဘူး​။ ဒါေပမဲ့ သူတို႔အားလုံး ဘာကိစၥပဲရွိရွိ အမူအယာကင္းတဲ့မ်က္ႏွာမ်ိဳး ျဖစ္ေနေအာင္ ျပန္ေလ့က်င့္ရဦးမယ္။

သူတို႔သခင္က ႐ႊယ္ယို႔ရွန္းကို ဒီထက္ပိုၿပီး အလိုလိုက္ဦးမွာ၊ ေနာင္အနာဂါတ္မွာ ဒီလိုကိစၥရပ္မ်ိဳးေတြ အမ်ားႀကီး ေတြ႕ႀကဳံရဦးမယ္ဆိုတာ သူတို႔ယုံၾကည္တယ္။ အဲ့တာေၾကာင့္ စိတ္ပိုင္းဆိုင္ရာ ႀကိဳတင္ျပင္ဆင္ထားမွျဖစ္မယ္။ ၿပီးေတာ့ ခုနတုန္းက ဒီေနရာမွာမရွိတဲ့ သက္ေတာ္ေစာင့္ေတြကိုလည္း ႀကိဳတင္သတိေပးထားရဦးမယ္။ ႐ႊယ္ယို႔ရွန္းကို မ႐ိုမေသလုပ္မိရင္ သခင္က လုံးဝခြင့္လႊတ္မွာ မဟုတ္ဘူးဆိုတာကိုေပါ့။

မ်ားျပားလွတဲ့ အေတြးေတြနဲ႔ အလ်င္အျမန္ ထြက္ေျပးသြားၾကတဲ့ လွ်ိဳ႕ဝွက္သက္ေတာ္ေစာင့္ေတြခမ်ာ အေရးႀကီးကိစၥတစ္ခုကို ေမ့ေလ်ာ့သြားၾကတယ္။

သူတို႔ရဲ႕သခင္ႀကီး သတိျပန္ရလာ႐ုံသာမက ႀကီးျမတ္ေသာဘုရင္အဆင့္အထိ အဆင့္တက္သြားတာေၾကာင့္ သူတို႔လည္း ‘ေရျမင့္လွ်င္ ၾကာတင့္ဆိုသလို’ ရာထူးျမင့္သြားၿပီဆိုတာကို လုံးလုံးလ်ားလ်ား ေမာ့ေလ်ာ့ေနၾကေလတယ္။

***

“သူတို႔ေတြသြားၿပီ.. အခု ကြၽန္ေတာ့္ကို ပြင့္ပြင့္လင္းလင္း ေျပာလို႔ရၿပီ..!”

႐ႊယ္ယို႔ရွန္းက အူေၾကာင္ေၾကာင္ေလးနဲ႔ မ်က္ေတာင္ခတ္လိုက္တယ္။

သက္ေတာ္ေစာင့္ေတြ ေပ်ာက္သြားတာ အရမ္းမျမန္လြန္းဘူးလား..? မ်က္စိတစ္မွိတ္အတြင္း ေပ်ာက္သြားလိုက္တာမ်ား ေလတိုက္သြားသလိုပဲ..!

“ဟိုတစ္ေယာက္ကိုေရာ ဘယ္လိုလုပ္မွာလဲ..?”

သူ႔ကို အေလးအနက္ စူးစိုက္ၾကည့္ေနတဲ့ ႐ႊယ္ယို႔ရွန္းကိုၾကည့္ရင္း ရင္းဆုယဲ့လည္း စေနာက္ခ်င္လာတယ္။ ထို႔ေၾကာင့္ ၿခံဝင္းထဲက သစ္ပင္ႀကီးေအာက္မွာ ပ်င္းရိပ်င္းတြဲ ေနေရာင္ခံေနတဲ့ ေလြ႕႐ြယ္ကို ၫႊန္ျပလိုက္တယ္။

“Meow..!”

ေနေရာင္ေအာက္မွာ ေနပူဆာလႈံေနတဲ့ ေလြ႕႐ြယ္ခမ်ာ အႏၲရာယ္အေငြ႕အသက္ကို အာ႐ုံခံလိုက္မိတာေၾကာင့္ ကမန္းကတန္း ထရပ္ကာ သတိအေနအထား ျဖစ္သြားတယ္။ ရင္းဆုယဲ့ကို ျမင္လိုက္တာနဲ႔ အႏၲရာယ္အေငြ႕အသက္ေတြရဲ႕ လားရာကို အလိုလို သိလိုက္တယ္။ ထို႔ေၾကာင့္ ႀကီးမားဝိုင္းစက္တဲ့ မ်က္လုံးႀကီးေတြနဲ႔ မတုန္မလႈပ္ ျပန္စိုက္ၾကည့္လိုက္တယ္။

ဒီလူဆိုးႀကီးက တကယ့္ကို လူေကာင္းမဟုတ္ဘူး၊ ေၾကာင္တစ္ေကာင္ကိုေတာင္ ေကာင္းေကာင္းမြန္မြန္ အိပ္စက္ခြင့္မျပဳဘူး..! ဒီေၾကာင္ေလးက သခင့္ဆီမွာ တိုင္တန္းရလိမ့္မယ္..!

ေလြ႕႐ြယ္လည္း ေက်ာ့ေမာ့စြာနဲ႔ ႐ႊယ္ယို႔ရွန္းဆီကို catwalk ေလွ်ာက္သြားေတာ့တယ္။

“ေလြ႕႐ြယ္.. မင္းလည္းရွိေနတာလား..?”

႐ႊယ္ယို႔ရွန္းတစ္ေယာက္ ေလြ႕႐ြယ္ရဲ႕အသံကိုၾကားမွ သတိျပဳမိသြားပုံေပၚတယ္။

“Meow..!”

ေလြ႕႐ြယ္ခမ်ာ ႐ုတ္တရက္ အလြန္ဝမ္းနည္းသြားသလို၊ ေမွ်ာ္လင့္ခ်က္ကင္းမဲ့သြားသလို ခံစားလိုက္ရတယ္။

ဘယ္လိုေတာင္ သူ႔ရဲ႕တည္ရွိမႈကို သတိမျပဳမိရတာလဲ..?

ဘယ္ေလာက္ဆိုး႐ြားလိုက္တဲ့ သခင္လဲ..?

လူဆိုးႀကီးအေၾကာင္း သူ႔သခင္ထံ တိုင္တန္းလို႔ရပါဦးမလား..?

“ေလြ႕႐ြယ္က လူမဟုတ္ဘူး.. အဲ့တာေၾကာင့္ ျပႆနာမရွိဘူး..!”

႐ႊယ္ယို႔ရွန္းက တစ္ဖက္လွည့္ကာ ေလြ႕႐ြယ္ရဲ႕တိုင္တန္းမႈကို လ်စ္လ်ဴရႈလိုက္တယ္။ ေလြ႕႐ြယ္နဲ႔ယွဥ္ရင္ ႐ႊယ္ယို႔ရွန္းက ရင္းဆုယဲ့ကို ျပစ္တင္ဆူပူႏိုင္မယ့္ အခြင့္အေရးဘက္ကို ပိုၿပီးအားသာေနခဲ့တယ္။

ဒီအခ်ိန္မွာေတာ့ ေလြ႕႐ြယ္အတြက္ ‘Sorry’ ပါပဲ။

ရင္းဆုယဲ့ကို အျပစ္ဝန္ခံလာေအာင္ လုပ္ၿပီးရင္ ေလြ႕႐ြယ္ကို ငါးေသးေသးေလးေတြေကြၽးၿပီး ဆုခ်ရမယ္..!

“Meow..!”

ေလြ႕႐ြယ္ခမ်ာ ပိုၿပီးဝမ္းနည္းသြားေတာ့တယ္။ မ်က္ရည္ေခ်ာင္းစီးလုမတတ္ ငိုေႂကြးပစ္ခ်င္လာတယ္။ ထို႔ေၾကာင့္ ၄၅ ဒီဂရီခန႔္ ေခါင္းေမာ့လိုက္ကာ သူ႔ရဲ႕ေၾကာင္ဘဝႀကီးကို စိတ္ပ်က္လက္ပ်က္ သက္ျပင္းခ်လိုက္ေတာ့တယ္။

…………………………….................

Continue Reading

You'll Also Like

1M 154K 178
Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47 extras (completed) Associated Names Tran...
1.5M 188K 156
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
2.5M 249K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
1.4M 157K 199
အဓိကဇာတ္ေကာင္ေတြက အမ်ိဳးသားဇာတ္လိုက္ေတြနဲ႔ ပဲေတြ႔ၾကတာလား? ေကာင္းၿပီေလ၊ စာဖတ္သူေတြကတူခဲ့ၾကတဲ့ အေတြးေတြကို သေဘာတူတာ ျငင္းဆုိၾကတာေပါ့။ ေနာက္ပိုင္းေတာ့၊...