🍼 မှော်ဖရဲသီး • 2 |( Uni )
အသက်ဝင်နေတဲ့ ဖိုရမ်နဲ့ယှဉ်ရရင် ဤshowရဲ့ ကြယ်ပွင့်လေး ချိယွီကမှ ပို၍ တည်ငြိမ်နေလေသည်။
သူက Omegaနှင့်Betaတို့ရဲ့ ဂုဏ်ပြုပွဲမှာ နေရာသိပ်မယူဘဲ ထွက်လာခဲ့တာဖြစ်ပြီး၊ ထို့အစား အိမ်ပြန်ရောက်တာနဲ့ -
သူ့ ပေါင်ပေ့လေးအား ချော့ရန်ကြိုးစားရတော့တယ်။
သူကိုယ်တိုင် ရှာထားတဲ့ပြဿနာတစ်ခုကြောင့်ပေါ့ ။
ယွီကျိုးလေးက အခုဆို8လရှိနေပြီဖြစ်ပြီး သူက စကားကောင်းကောင်း မပြောနိုင်သေးပေမယ့်လို့ ၊ ချိယွီပြောတဲ့စကားအချို့ကိုတော့ နားလည်နိုင်နေပြီဖြစ်တယ်။
ချိယွီက သူ့ကိုယ်က အမှတ်အသားကိုဖျက်ကာ physical examination စစ်ရန်အတွက်လည်း လာမယ့်စနေနေ့မှာ ဆေးခန်းသွားဖို့ စီစဉ်ထားတာကြောင့်ကလေးလေးရဲ့ pheromoneချို့တဲ့မှု ဘယ်လိုပြန်ကောင်းလာသလဲဆိုတာကိုပါ သိရဖို့အတွက် ယွီကျိုးလေးကိုလဲ ဆေးခန်းကို ခေါ်ချင်နေခဲ့တယ်။
ကလေးကို check upလုပ်ဖို့ အဆင်သင့်ဖြစ်စေရန်အတွက်၊ချိယွီက 'ထိုးဆေး' နဲ့ 'သောက်ဆေး' ဆိုတဲ့ စကားနှစ်ခွန်းကို ယွီကျိုးလေးရှေ့မှာ ထပ်ကာထပ်ကာ ရေရွတ်ပြလို့နေတယ်။ ထို့အပြင် သူက ယွီကျိုးလေးကို ဆေးဘယ်လိုအထိုးခံရမယ်ဆိုတာကို ပြသထားတာကအကောင်းဆုံးဖြစ်မယ်လို့ ထင်လိုက်ပြီး ယွီကျိုးလေးရဲ့ လက်မောင်းအား နှစ်ကြိမ်တိတိ ကိုက်ချပြလိုက်တယ်။
အမှန်တော့၊ ချိယွီက ကလေးလေးကို စချင်ရုံသာဖြစ်တယ်။သို့သော် ယွီကျိုးလေးက ထငိုရုံသာမက အရမ်းကိုထိတ်လန့်သွားကာ ညစာစားဖို့တောင် ငြင်းဆန်လာတော့တယ်။
သို့သော်လည်း အဆုံးမှာတော့၊ ယွီကျိုးလေးအနေနဲ့ ကာကွယ်ဆေးထိုးရန်အတွက် လတိုင်း ဆေးရုံကိုသွားရမှာသာဖြစ်တယ်။ သူ ဘယ်လိုလုပ် ချိယွီရဲ့ လုပ်ရပ်တွေကို နားမလည်ဘဲနေမှာလဲ ?
"ပါပါး အမှားပါ၊ပါပါး အမှားပါ၊ မငိုပါနဲ့တော့ "
ချိယွီက ယွီကျိုးလေးရဲ့ ကျောကိုညှင်သာစွာ ပုတ်ပေးကာ ဧည့်ခန်းကနေအိပ်ခန်းဆီ ပွေ့ချီပြီးခေါ်ဆောင်လာခဲ့တယ်။ ကံမကောင်းစွာနဲ့ဘဲ ၊ အကောင်ပေါက်လေးကတော့ သနားစရာကောင်းနေဆဲဖြစ်တယ်။
အချိန်အတော်အကြာ ချော့မြှူပြီးနောက်မှာတော့၊ ချိယွီတစ်ယောက် အရှုံးကိုလက်ခံလိုက်ရတော့တယ်။
ချိယွီခေါင်းမော့ကာ အကူအညီခေါ်ရတော့တယ်။
"အစ်မ ချမ်း-"
Nannyက မျက်နှာမှာအပြုံးတစ်ပွင့်နဲ့အတူ မီးဖိုချောင်ထဲက ထွက်လာပြီး : "သူ့ကိုသွားမစပါနဲ့လို့ ပြောထားသားဘဲ!"
"ကျွန်တော်မှားသွားပါတယ်"
ချိယွီက ယွီကျိုးလေးကို Nannyလက်မောင်းထဲထည့်ပေးလိုက်ပြီး တိုးတိတ်စွာပြောလာခဲ့တယ်။
"ကျွန်တော် နောက်တစ်ခါ ထပ်စအုံးမှာ"
Nannyက ချိယွီရဲ့စကားကြောင့် ထရယ်တော့တယ်။
တစ်လခွဲအတူနေပြီးနောက်မှာတော့ သူမနဲ့ချိယွီက အတော်လေးကိုရင်းနှီးကာ တစ်ယောက်အကြောင်းတစ်ယောက် သိလာခဲ့တယ်။ သူတို့နှစ်ယောက်က သူငယ်ချင်းဖြစ်လာကာ တစ်ခါတစ်ရံမှာ စနောက်လေ့ရှိကြပြီး အလွန်ကို သဟဇာတရှိလို့နေတယ်။
ချိယွီက အငိုသန်လွန်းတဲ့ပေါင်မုန့်လုံးလေးကို အပစ်ရှိစိတ်လုံးဝမခံစားရဘဲ Nannyဆီ လွှဲပြောင်းပေးလိုက်တယ်။
သူ့ရဲ့ လက်နှစ်ဖက်စလုံးဗလာဖြစ်သွားချိန်မှာတော့ ချိယွီစိတ်ထဲမှာ ယွီကျိုးလေးကို စနောက်ဖို့အကြံလေးတစ်ခု ထပ်ပေါ်လာခဲ့တယ်။ သို့သော်လည်း သူ့ပါးစပ်ကိုမဟနိုင်ခင်မှာဘဲ ယွီကျိုးလေးက Nannyရဲ့ပခုံးကိုမှီကာ မျက်ခုံးလေးတွေတွန့်ကွေးသွားသည်အထိ သူ့ကို ပြုံးပြလာတာကိုတွေ့လိုက်ရတယ်။
သေးငယ်တဲ့ မျက်ဝန်းအစုံက တောက်ပနေကာ အလွန်ကို ပါးနပ်ပုံပေါက်လို့နေတယ်။
ခုနကလေးတင် ဖြစ်နေခဲ့တဲ့ သနားစရာပုံစံလေး ဘယ်ရောက်သွားတာပါလိမ့်?
ချိယွီက ရွှင်မြူးစွာနဲ့ ပြောလာတယ် :
"ဟေး၊ မင်းဟန်ဆောင်နေခဲ့တာမလား?"
သူက ရယ်မောလိုက်ကာ၊ လက်ညိုးကိုဆန့်ထုတ်လိုက်ပြီး ယွီကျိုးလေးရဲ့ နှာဖျားလေးကို တို့ထိလိုက်တယ်။
" လူလိမ်လေး ၊ မင်းဒီပေါက်ကရတေကို ဘယ်ကနေသင်လာတာတုန်း ၊ ဟမ်? မင်း ထပ်ပြီး သနားစရာကောင်းချင်ယောင် ဆောင်အုံးမှာလား?"
ပေါင်မုန့်လုံးလေးကလဲ ချိယွီနဲ့အတူ ရယ်မြူးနေကာ Nannyရဲ့ လက်မောင်းထဲမှာ အပေါ် အောက် ခုန်ပေါက်လို့နေတော့တယ်။
ယွီကျိုးလေးကို ညစာစားဖို့ Nannyက ခေါ်သွားချိန်မှာတော့၊ ချိယွီလဲ အနာဂတ်အတွက် အစီအစဉ်တွေကို စတင်ပြီး စဉ်းစားရတော့တယ်။
ပြီးခဲ့တဲ့နှစ်ရက်တုန်းက သူအတော်ခက်ခက်ခဲခဲကြိုးစားခဲ့ကာ အလုပ်ရှုပ်နေခဲ့ရပြီး အခုချိန်မှာတော့ သူ့ရဲ့ အားအင်ကလဲ အတော်လေးကုန်ခမ်းလို့နေပြီဖြစ်တယ်။
သူ စာဖတ်တာနဲ့စာလေ့လာတာကို ထပ်မလုပ်ချင်တော့ဘူး။ ချိယွီက ပျင်းရိစွာနဲ့ ခဲတံတစ်ချောင်းနဲ့ notebookတစ်ခုကိုကိုင်ရင်း ဆိုဖာပေါ်လှဲချလိုက်ကာ ဖြစ်သလို ပုံလျှောက်ဆွဲတော့တယ်။
စာမေးပွဲက ပြီးသွားပြီဖြစ်တာကြောင့်၊ စာအကြောင်းတွေ ခဏခေါက်ထားလိုက်ကြတာပေါ့။
ချိယွီက သူ့ရင်ထဲမှာ ဘာစိတ်ပူပန်မှုမှမရှိစေချင်တော့ဘဲ ဖိုရမ်ပေါ်က ရူးသွပ်တဲ့အကြောင်းအရာတွေကိုလဲ ဒုက္ခရှာပြီးဖတ်မနေတော့ဘူး။
အဲ့ဒါက ကျောင်းအကြောင်းဖြစ်ဖြစ် ၊ လူအဖွဲ့အစည်းထဲက အကြောင်းအရာတွေဘဲဖြစ်ဖြစ် ၊ သူတို့အကုန်လုံးက အတူတူနဲ့အနူနူတွေချည်းဘဲဖြစ်တယ် ။
မင်း အားနည်းနေချိန်မှာ၊ မင်းရဲ့ပတ်ပတ်လည်မှာ ရန်သူတွေနဲ့ မကောင်းတဲ့သူတွေဘဲ ဝိုင်းနေလိမ့်မယ်။ မင်း အားကြီးချိန်မှာတော့ စေတနာတွေနဲ့ ဝန်းရံခံရပြီးတော့ လူတွေကမင်းရဲ့ သူငယ်ချင်းဖြစ်ဖို့ အသည်းအသန်ကြိုးစားလာကြလိမ့်မယ်။
ဒါပေမယ့်၊ စာမေးပွဲလေးတစ်ခုတည်းနဲ့ လူအများစုက သူတို့ရဲ့မျက်နှာတွေကို ပြောင်းလဲပြီးဖြစ်တယ်။
ချိယွီ ရယ်မောလိုက်ကာ ခေါင်းကိုခါရမ်းလိုက်တယ်။
ပြီးရင် ဘာလုပ်ရမယ်ဆိုတာ စဉ်းစားပြီးနောက် ချိယွီက ရှီးယွီရှင်းကိုဖုန်းခေါ်ပြီး စနေနေ့ အတူတူအပြင်ထွက်ကြဖို့ ဆုံးဖြတ်လိုက်တယ်။
ဖုန်းကိုဖြေလာတဲ့သူက ရှီးယွီရှင်းမဟုတ်မှန်း ချိယွီ မျှော်လင့်မထားခဲ့ဘူး။ရင့်ကျက်နေတဲ့လူတစ်ယောက်ရဲ့ နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိတဲ့အသံဘဲ။
သူ ဒီအသံမျိုးကိုတစ်ခါမှမကြားဖူးသလို၊ ရှီးယွီရှင်းကလဲ ဒီလူအကြောင်း သူ့ကို ပြောမပြဖူးပေ ။
ချိယွီ တောင့်ခဲသွားခဲ့တယ်။"ဘယ်သူလဲ?"
"အာ၊မင်းက သူ့ကိုရှာနေတာလား?"
ချိယွီ နားရွက်တွေက အထိမခံဖြစ်လာကာ ၊ တစ်ဖက်လူက အသံပြင်းပြင်းရှုရင်းစကားပြောနေတယ်ဆိုတာကို သတိပြုမိလိုက်တယ်။
သူ့မသိစိတ်ကနေ နံရံကနာရီကို တစ်ချက်ကြည့်လိုက်မိတော့ အချိန်က : ည9:30 ရှိနေပြီဖြစ်တယ်။
ဒီအချိန်က အရာရာကိုရှုပ်ထွေးစေနိုင်တဲ့ အချိန်ဖြစ်တယ်။
သူ ထိုအကြောင်းကိုတွေးမိလိုက်တာကြောင့် ပြောလိုက်တယ်။"ဘာမှတော့မဟုတ်ပါဘူး။ ကျွန်တော်က ဒီအတိုင်း မနက်ဖြန်လောက် သူ့ကိုအပြင်ခဏခေါ်သွားချင်လို့ပါ"
တစ်ဖက်ကနေ အသံတစ်ခုထွက်ပေါ်လာခဲ့တယ်။
အသံက တော်တော်လေးကျယ်ပြီး ဖုန်းက နူးညံ့တဲ့အရာတစ်ခုအပေါ်ပြုတ်ကျသွားပုံရတယ်။ ဆိုဖာ ဒါမှမဟုတ် အိပ်ရာ ပေါ်ပြုတ်ကျသွားပုံရပြီးနောက် ဝိုးတစ်ဝါးအသံခပ်တိုးတိုးတစ်ခုက ထွက်ပေါ်လာခဲ့ပြန်တယ်။
"မင်းသူငယ်ချင်းတဲ့"
မကြာခင်မှာဘဲ၊ဖုန်းက ပိုင်ရှင်မှ ပြန်လည်ကောက်ယူခြင်းကို ခံလိုက်ရတယ်။"ဟယ်လို၊ ချိယွီလား?"
ရှီးယွီရှင်းရဲ့အသံက ကျယ်ပြီးအသက်ဝင်ကာ၊ ပြတ်သားပြီးရှင်းလင်းလို့နေတယ်။
ချိယွီက စိတ်သက်သာရာရမှုကြောင့် သက်ပြင်းချလိုက်နိုင်ပြီး တစ်ချိန်တည်းမှာဘဲ မကောင်းတဲ့အရာတွေကို လျှောက်တွေးကာစိတ်ပူနေမိတဲ့ သူ့ကိုယ်သူလဲ ဆူပူလိုက်မိတယ်။
"မနက်ဖြန် ငါယွီကျိုးလေးနဲ့check upလုပ်ဖို့ ဆေးရုံကိုသွားရမှာ။ မင်းငါနဲ့အတူလိုက်ပေးချင်လား?"
ရှီးယွီရှင်း : "ဒီရက်ပိုင်းအတွင်း ငါ့အိမ်က ကိစ္စတစ်ချို့ရှိနေလို့၊ငါလိုက်ပေးလို့မရနိုင်လောက်ဘူး"
"အာ၊ငါလာပြီးကူပေးရအုံးမလား?"
"ရတယ် မလိုဘူး၊ ငါ့ဘာသာငါဖြေရှင်းနိုင်ပါတယ်"
ချိယွီက ခေါင်းငြိမ့်လိုက်ကာ : "ကောင်းပြီလေ၊ မင်းအလုပ်ဘဲအရင်ဂရုစိုက်လိုက်ပါ၊ ငါသူ့ကို ငါ့ဘာသာခေါ်သွားလိုက်ပါ့မယ်"
ဖုန်းချလိုက်ပြီးနောက်၊ ချိယွီက ဖုန်းထဲမှာမှတ်ထားတဲ့ တစ်ခုတည်းသော ဖုန်းနံပါတ်ကိုကြည့်လိုက်ကာ ရုတ်တရက် အနဲငယ်လွမ်းနာကျနေသလို ခံစားလိုက်ရတယ်။
သူ့ရဲ့ မူလကမ္ဘာ တုန်းကဆို ၊ သူ့မှာ သူငယ်ချင်းတွေ အများကြီးရှိခဲ့တာ ။
နေ့တိုင်း၊ သူစာလုပ်ပြီးတာနဲ့ ဘောလုံးကစားတာဘဲဖြစ်ဖြစ် mall ကိုဈေးဝယ်ထွက်တာဘဲဖြစ်ဖြစ် သူလုပ်ရမယ့်အရာက group chatထဲကို စာပို့လိုက်ရုံသာဖြစ်ပြီး အားလုံးက စာကိုတွေ့တာနဲ့ သူ့ဆီရောက်လာကြမှာဖြစ်တယ်။အခုနဲ့တော့ တူမနေဘူး--
အခုချိန်မှာ၊ သူ့မှာ သူငယ်ချင်းဆိုလို့ ရှီးယွီရှင်း တစ်ယောက်သာရှိတာဖြစ်တယ်။
တစ်ကယ့်တစ်ကယ်မှာတော့ ချိယွီနဲ့ရှီးယွီရှင်းက အချင်းချင်း သိပ်မရင်းနှီးကြပေ ။ သူတို့နှစ်ယောက်ကြားမှာ ကျောင်းသွားကျောင်းပြန် ဆက်ဆံရေးကလွဲရင် သိပ်မတွေ့ဖြစ်ကြတာများသည်။
ရှီးယွီရှင်းပြောခဲ့တဲ့ အရာတွေအတွက်ကလည်း ၊ အဲ့ဒါတွေဟာ အမှန်လားအမှားလားဆိုတာ သူ ခုထိ အဖြေမထုတ်နိုင်သေးဘူးဖြစ်တယ်။
ချိယွီက ဆိုဖာပေါ်မှာ ဒူးကွေးပြီးထိုင်ချလိုက်ကာ ပြတင်းပေါက်ကို အထီးကျန်ဆန်စွာ စိုက်ကြည့်လို့နေတယ်။
သို့သော်လည်း၊ မကြာခင်မှာဘဲ ယွီကျိုးလေးက ညစာစားပြီးတာကြောင့် သူနဲ့လာကစားကာ ချိယွီတစ်ယောက် သိပ်ပြီးအထီးမကျန်လိုက်ရပေ။
ချိယွီက ရယ်မောကာ၊ ယွီကျိုးလေးကို သူ့ရဲ့လက်မောင်းတွေထဲမှာ ပွေ့ဖက်ထားလိုက်ပြီး သက်ပြင်းချလိုက်တယ်။
"ကျေးဇူးပါ"
"အာ~" ယွီကျိုးလေးက ချိယွီရဲ့မျက်နှာလေးကိုတို့ထိလာပြီး ချိယွီရဲ့ပါးကို သူ့လက်သေးသေးလေးတွေနဲ့ ဖျစ်ညှစ်လို့နေတယ်။
ပါးဆွဲလို့အားရသွားတဲ့အခါမှာတော့ သူက ချိယွီရဲ့ရင်ဘတ်ပေါ်မှီကာ မျက်လုံးဝိုင်းဝိုင်းကြီးကြီးလေးတွေနဲ့ ချိယွီကို တောက်ပစွာ စိုက်ကြည့်လို့နေတယ်။ကလေးရဲ့မျက်ဝန်းလေးတွေက ရုတ်တရက်ဆိုသလိုဘဲ ကွေးညွတ်သွားကာ သူက ချိယွီကို ချိုသာစွာ ပြုံးပြလာခဲ့တယ်။
ချိယွီလည်း မသိစိတ်ကနေ သူ့နှုတ်ခမ်းထောင့်တွေကို တွန့်ကွေးမိသွားပြီး သူ့ရဲ့ ရင်ဘတ်ထဲက နှလုံးသားလေးဟာလဲ နွေးထွေးတဲ့တစ်စုံတစ်ခုကြောင့် ပြည့်လျှံလာကာ လစ်ဟာနေသလို ထပ်မခံစားရတော့ဘူးဖြစ်တယ်။
ချိယွီက သူ့ဘာသာသူ တွေးလိုက်မိတယ် : အား၊ငါ အသက်ပြန်ရှင်လာပြီဘဲ။
===================================
🍼 ေမွာ္ဖရဲသီး • 2 |( Zaw )
အသက္ဝင္ေနတဲ့ ဖိုရမ္နဲ႔ယွဥ္ရရင္ ဤshowရဲ႕ ၾကယ္ပြင့္ေလး ခ်ိယြီကမွ ပို၍ တည္ၿငိမ္ေနေလသည္။
သူက Omegaႏွင့္Betaတို႔ရဲ႕ ဂုဏ္ျပဳပြဲမွာ ေနရာသိပ္မယူဘဲ ထြက္လာခဲ့တာျဖစ္ၿပီး၊ ထို႔အစား အိမ္ျပန္ေရာက္တာနဲ႔ -
သူ႕ ေပါင္ေပ့ေလးအား ေခ်ာ့ရန္ႀကိဳးစားရေတာ့တယ္။
သူကိုယ္တိုင္ ႐ွာထားတဲ့ျပႆနာတစ္ခုေၾကာင့္ေပါ့ ။
ယြီက်ိဳးေလးက အခုဆို8လ႐ွိေနၿပီျဖစ္ၿပီး သူက စကားေကာင္းေကာင္း မေျပာႏိုင္ေသးေပမယ့္လို႔ ၊ ခ်ိယြီေျပာတဲ့စကားအခ်ိဳ႕ကိုေတာ့ နားလည္ႏိုင္ေနၿပီျဖစ္တယ္။
ခ်ိယြီက သူ႕ကိုယ္က အမွတ္အသားကိုဖ်က္ကာ physical examination စစ္ရန္အတြက္လည္း လာမယ့္စေနေန႔မွာ ေဆးခန္းသြားဖို႔ စီစဥ္ထားတာေၾကာင့္ကေလးေလးရဲ႕ pheromoneခ်ိဳ႕တဲ့မႈ ဘယ္လိုျပန္ေကာင္းလာသလဲဆိုတာကိုပါ သိရဖို႔အတြက္ ယြီက်ိဳးေလးကိုလဲ ေဆးခန္းကို ေခၚခ်င္ေနခဲ့တယ္။
ကေလးကို check upလုပ္ဖို႔ အဆင္သင့္ျဖစ္ေစရန္အတြက္၊ခ်ိယြီက 'ထိုးေဆး' နဲ႔ 'ေသာက္ေဆး' ဆိုတဲ့ စကားႏွစ္ခြန္းကို ယြီက်ိဳးေလးေ႐ွ႕မွာ ထပ္ကာထပ္ကာ ေရ႐ြတ္ျပလို႔ေနတယ္။ ထို႔အျပင္ သူက ယြီက်ိဳးေလးကို ေဆးဘယ္လိုအထိုးခံရမယ္ဆိုတာကို ျပသထားတာကအေကာင္းဆုံးျဖစ္မယ္လို႔ ထင္လိုက္ၿပီး ယြီက်ိဳးေလးရဲ႕ လက္ေမာင္းအား ႏွစ္ႀကိမ္တိတိ ကိုက္ခ်ျပလိုက္တယ္။
အမွန္ေတာ့၊ ခ်ိယြီက ကေလးေလးကို စခ်င္႐ုံသာျဖစ္တယ္။သို႔ေသာ္ ယြီက်ိဳးေလးက ထငို႐ုံသာမက အရမ္းကိုထိတ္လန္႔သြားကာ ညစာစားဖို႔ေတာင္ ျငင္းဆန္လာေတာ့တယ္။
သို႔ေသာ္လည္း အဆုံးမွာေတာ့၊ ယြီက်ိဳးေလးအေနနဲ႔ ကာကြယ္ေဆးထိုးရန္အတြက္ လတိုင္း ေဆး႐ုံကိုသြားရမွာသာျဖစ္တယ္။ သူ ဘယ္လိုလုပ္ ခ်ိယြီရဲ႕ လုပ္ရပ္ေတြကို နားမလည္ဘဲေနမွာလဲ ?
"ပါပါး အမွားပါ၊ပါပါး အမွားပါ၊ မငိုပါနဲ႔ေတာ့ "
ခ်ိယြီက ယြီက်ိဳးေလးရဲ႕ ေက်ာကိုညႇင္သာစြာ ပုတ္ေပးကာ ဧည့္ခန္းကေနအိပ္ခန္းဆီ ေပြ႕ခ်ီၿပီးေခၚေဆာင္လာခဲ့တယ္။ ကံမေကာင္းစြာနဲ႔ဘဲ ၊ အေကာင္ေပါက္ေလးကေတာ့ သနားစရာေကာင္းေနဆဲျဖစ္တယ္။
အခ်ိန္အေတာ္အၾကာ ေခ်ာ့ျမႇဴၿပီးေနာက္မွာေတာ့၊ ခ်ိယြီတစ္ေယာက္ အ႐ႈံးကိုလက္ခံလိုက္ရေတာ့တယ္။
ခ်ိယြီေခါင္းေမာ့ကာ အကူအညီေခၚရေတာ့တယ္။
"အစ္မ ခ်မ္း-"
Nannyက မ်က္ႏွာမွာအျပဳံးတစ္ပြင့္နဲ႔အတူ မီးဖိုေခ်ာင္ထဲက ထြက္လာၿပီး : "သူ႕ကိုသြားမစပါနဲ႔လို႔ ေျပာထားသားဘဲ!"
"ကြၽန္ေတာ္မွားသြားပါတယ္"
ခ်ိယြီက ယြီက်ိဳးေလးကို Nannyလက္ေမာင္းထဲထည့္ေပးလိုက္ၿပီး တိုးတိတ္စြာေျပာလာခဲ့တယ္။
"ကြၽန္ေတာ္ ေနာက္တစ္ခါ ထပ္စအုံးမွာ"
Nannyက ခ်ိယြီရဲ႕စကားေၾကာင့္ ထရယ္ေတာ့တယ္။
တစ္လခြဲအတူေနၿပီးေနာက္မွာေတာ့ သူမနဲ႔ခ်ိယြီက အေတာ္ေလးကိုရင္းႏွီးကာ တစ္ေယာက္အေၾကာင္းတစ္ေယာက္ သိလာခဲ့တယ္။ သူတို႔ႏွစ္ေယာက္က သူငယ္ခ်င္းျဖစ္လာကာ တစ္ခါတစ္ရံမွာ စေနာက္ေလ့႐ွိၾကၿပီး အလြန္ကို သဟဇာတ႐ွိလို႔ေနတယ္။
ခ်ိယြီက အငိုသန္လြန္းတဲ့ေပါင္မုန္႔လုံးေလးကို အပစ္႐ွိစိတ္လုံးဝမခံစားရဘဲ Nannyဆီ လႊဲေျပာင္းေပးလိုက္တယ္။
သူ႕ရဲ႕ လက္ႏွစ္ဖက္စလုံးဗလာျဖစ္သြားခ်ိန္မွာေတာ့ ခ်ိယြီစိတ္ထဲမွာ ယြီက်ိဳးေလးကို စေနာက္ဖို႔အၾကံေလးတစ္ခု ထပ္ေပၚလာခဲ့တယ္။ သို႔ေသာ္လည္း သူ႕ပါးစပ္ကိုမဟႏိုင္ခင္မွာဘဲ ယြီက်ိဳးေလးက Nannyရဲ႕ပခုံးကိုမွီကာ မ်က္ခုံးေလးေတြတြန္႔ေကြးသြားသည္အထိ သူ႕ကို ျပဳံးျပလာတာကိုေတြ႕လိုက္ရတယ္။
ေသးငယ္တဲ့ မ်က္ဝန္းအစုံက ေတာက္ပေနကာ အလြန္ကို ပါးနပ္ပုံေပါက္လို႔ေနတယ္။
ခုနကေလးတင္ ျဖစ္ေနခဲ့တဲ့ သနားစရာပုံစံေလး ဘယ္ေရာက္သြားတာပါလိမ့္?
ခ်ိယြီက ႐ႊင္ျမဴးစြာနဲ႔ ေျပာလာတယ္ :
"ေဟး၊ မင္းဟန္ေဆာင္ေနခဲ့တာမလား?"
သူက ရယ္ေမာလိုက္ကာ၊ လက္ညိဳးကိုဆန္႔ထုတ္လိုက္ၿပီး ယြီက်ိဳးေလးရဲ႕ ႏွာဖ်ားေလးကို တို႔ထိလိုက္တယ္။
" လူလိမ္ေလး ၊ မင္းဒီေပါက္ကရေတကို ဘယ္ကေနသင္လာတာတုန္း ၊ ဟမ္? မင္း ထပ္ၿပီး သနားစရာေကာင္းခ်င္ေယာင္ ေဆာင္အုံးမွာလား?"
ေပါင္မုန္႔လုံးေလးကလဲ ခ်ိယြီနဲ႔အတူ ရယ္ျမဴးေနကာ Nannyရဲ႕ လက္ေမာင္းထဲမွာ အေပၚ ေအာက္ ခုန္ေပါက္လို႔ေနေတာ့တယ္။
ယြီက်ိဳးေလးကို ညစာစားဖို႔ Nannyက ေခၚသြားခ်ိန္မွာေတာ့၊ ခ်ိယြီလဲ အနာဂတ္အတြက္ အစီအစဥ္ေတြကို စတင္ၿပီး စဥ္းစားရေတာ့တယ္။
ၿပီးခဲ့တဲ့ႏွစ္ရက္တုန္းက သူအေတာ္ခက္ခက္ခဲခဲႀကိဳးစားခဲ့ကာ အလုပ္႐ႈပ္ေနခဲ့ရၿပီး အခုခ်ိန္မွာေတာ့ သူ႕ရဲ႕ အားအင္ကလဲ အေတာ္ေလးကုန္ခမ္းလို႔ေနၿပီျဖစ္တယ္။
သူ စာဖတ္တာနဲ႔စာေလ့လာတာကို ထပ္မလုပ္ခ်င္ေတာ့ဘူး။ ခ်ိယြီက ပ်င္းရိစြာနဲ႔ ခဲတံတစ္ေခ်ာင္းနဲ႔ notebookတစ္ခုကိုကိုင္ရင္း ဆိုဖာေပၚလွဲခ်လိုက္ကာ ျဖစ္သလို ပုံေလွ်ာက္ဆြဲေတာ့တယ္။
စာေမးပြဲက ၿပီးသြားၿပီျဖစ္တာေၾကာင့္၊ စာအေၾကာင္းေတြ ခဏေခါက္ထားလိုက္ၾကတာေပါ့။
ခ်ိယြီက သူ႕ရင္ထဲမွာ ဘာစိတ္ပူပန္မႈမွမ႐ွိေစခ်င္ေတာ့ဘဲ ဖိုရမ္ေပၚက ႐ူးသြပ္တဲ့အေၾကာင္းအရာေတြကိုလဲ ဒုကၡ႐ွာၿပီးဖတ္မေနေတာ့ဘူး။
အဲ့ဒါက ေက်ာင္းအေၾကာင္းျဖစ္ျဖစ္ ၊ လူအဖြဲ႕အစည္းထဲက အေၾကာင္းအရာေတြဘဲျဖစ္ျဖစ္ ၊ သူတို႔အကုန္လုံးက အတူတူနဲ႔အႏူႏူေတြခ်ည္းဘဲျဖစ္တယ္။
မင္း အားနည္းေနခ်ိန္မွာ၊ မင္းရဲ႕ပတ္ပတ္လည္မွာ ရန္သူေတြနဲ႔ မေကာင္းတဲ့သူေတြဘဲ ဝိုင္းေနလိမ့္မယ္။ မင္း အားႀကီးခ်ိန္မွာေတာ့ ေစတနာေတြနဲ႔ ဝန္းရံခံရၿပီးေတာ့ လူေတြကမင္းရဲ႕ သူငယ္ခ်င္းျဖစ္ဖို႔ အသည္းအသန္ႀကိဳးစားလာၾကလိမ့္မယ္။
ဒါေပမယ့္၊ စာေမးပြဲေလးတစ္ခုတည္းနဲ႔ လူအမ်ားစုက သူတို႔ရဲ႕မ်က္ႏွာေတြကို ေျပာင္းလဲၿပီးျဖစ္တယ္။
ခ်ိယြီ ရယ္ေမာလိုက္ကာ ေခါင္းကိုခါရမ္းလိုက္တယ္။
ၿပီးရင္ ဘာလုပ္ရမယ္ဆိုတာ စဥ္းစားၿပီးေနာက္ ခ်ိယြီက ႐ွီးယြီ႐ွင္းကိုဖုန္းေခၚၿပီး စေနေန႔ အတူတူအျပင္ထြက္ၾကဖို႔ ဆုံးျဖတ္လိုက္တယ္။
ဖုန္းကိုေျဖလာတဲ့သူက ႐ွီးယြီ႐ွင္းမဟုတ္မွန္း ခ်ိယြီ ေမွ်ာ္လင့္မထားခဲ့ဘူး။ရင့္က်က္ေနတဲ့လူတစ္ေယာက္ရဲ႕ နက္႐ိႈင္းၿပီး ဆြဲေဆာင္မႈ႐ွိတဲ့အသံဘဲ။
သူ ဒီအသံမ်ိဳးကိုတစ္ခါမွမၾကားဖူးသလို၊ ႐ွီးယြီ႐ွင္းကလဲ ဒီလူအေၾကာင္း သူ႕ကို ေျပာမျပဖူးေပ ။
ခ်ိယြီ ေတာင့္ခဲသြားခဲ့တယ္။"ဘယ္သူလဲ?"
"အာ၊မင္းက သူ႕ကို႐ွာေနတာလား?"
ခ်ိယြီ နား႐ြက္ေတြက အထိမခံျဖစ္လာကာ ၊ တစ္ဖက္လူက အသံျပင္းျပင္း႐ႈရင္းစကားေျပာေနတယ္ဆိုတာကို သတိျပဳမိလိုက္တယ္။
သူ႕မသိစိတ္ကေန နံရံကနာရီကို တစ္ခ်က္ၾကည့္လိုက္မိေတာ့ အခ်ိန္က : ည9:30 ႐ွိေနၿပီျဖစ္တယ္။
ဒီအခ်ိန္က အရာရာကို႐ႈပ္ေထြးေစႏိုင္တဲ့ အခ်ိန္ျဖစ္တယ္။
သူ ထိုအေၾကာင္းကိုေတြးမိလိုက္တာေၾကာင့္ ေျပာလိုက္တယ္။"ဘာမွေတာ့မဟုတ္ပါဘူး။ ကြၽန္ေတာ္က ဒီအတိုင္း မနက္ျဖန္ေလာက္ သူ႕ကိုအျပင္ခဏေခၚသြားခ်င္လို႔ပါ"
တစ္ဖက္ကေန အသံတစ္ခုထြက္ေပၚလာခဲ့တယ္။
အသံက ေတာ္ေတာ္ေလးက်ယ္ၿပီး ဖုန္းက ႏူးညံ့တဲ့အရာတစ္ခုအေပၚျပဳတ္က်သြားပုံရတယ္။ ဆိုဖာ ဒါမွမဟုတ္ အိပ္ရာ ေပၚျပဳတ္က်သြားပုံရၿပီးေနာက္ ဝိုးတစ္ဝါးအသံခပ္တိုးတိုးတစ္ခုက ထြက္ေပၚလာခဲ့ျပန္တယ္။
"မင္းသူငယ္ခ်င္းတဲ့"
မၾကာခင္မွာဘဲ၊ဖုန္းက ပိုင္႐ွင္မွ ျပန္လည္ေကာက္ယူျခင္းကို ခံလိုက္ရတယ္။"ဟယ္လို၊ ခ်ိယြီလား?"
႐ွီးယြီ႐ွင္းရဲ႕အသံက က်ယ္ၿပီးအသက္ဝင္ကာ၊ ျပတ္သားၿပီး႐ွင္းလင္းလို႔ေနတယ္။
ခ်ိယြီက စိတ္သက္သာရာရမႈေၾကာင့္ သက္ျပင္းခ်လိုက္ႏိုင္ၿပီး တစ္ခ်ိန္တည္းမွာဘဲ မေကာင္းတဲ့အရာေတြကို ေလွ်ာက္ေတြးကာစိတ္ပူေနမိတဲ့ သူ႕ကိုယ္သူလဲ ဆူပူလိုက္မိတယ္။
"မနက္ျဖန္ ငါယြီက်ိဳးေလးနဲ႔check upလုပ္ဖို႔ ေဆး႐ုံကိုသြားရမွာ။ မင္းငါနဲ႔အတူလိုက္ေပးခ်င္လား?"
႐ွီးယြီ႐ွင္း : "ဒီရက္ပိုင္းအတြင္း ငါ့အိမ္က ကိစၥတစ္ခ်ိဳ႕႐ွိေနလို႔၊ငါလိုက္ေပးလို႔မရႏိုင္ေလာက္ဘူး"
"အာ၊ငါလာၿပီးကူေပးရအုံးမလား?"
"ရတယ္ မလိုဘူး၊ ငါ့ဘာသာငါေျဖ႐ွင္းႏိုင္ပါတယ္"
ခ်ိယြီက ေခါင္းၿငိမ့္လိုက္ကာ : "ေကာင္းၿပီေလ၊ မင္းအလုပ္ဘဲအရင္ဂ႐ုစိုက္လိုက္ပါ၊ ငါသူ႕ကို ငါ့ဘာသာေခၚသြားလိုက္ပါ့မယ္"
ဖုန္းခ်လိုက္ၿပီးေနာက္၊ ခ်ိယြီက ဖုန္းထဲမွာမွတ္ထားတဲ့ တစ္ခုတည္းေသာ ဖုန္းနံပါတ္ကိုၾကည့္လိုက္ကာ ႐ုတ္တရက္ အနဲငယ္လြမ္းနာက်ေနသလို ခံစားလိုက္ရတယ္။
သူ႕ရဲ႕ မူလကမ႓ာ တုန္းကဆို ၊ သူ႕မွာ သူငယ္ခ်င္းေတြ အမ်ားႀကီး႐ွိခဲ့တာ ။
ေန႔တိုင္း၊ သူစာလုပ္ၿပီးတာနဲ႔ ေဘာလုံးကစားတာဘဲျဖစ္ျဖစ္ mall ကိုေဈးဝယ္ထြက္တာဘဲျဖစ္ျဖစ္ သူလုပ္ရမယ့္အရာက group chatထဲကို စာပို႔လိုက္႐ုံသာျဖစ္ၿပီး အားလုံးက စာကိုေတြ႕တာနဲ႔ သူ႕ဆီေရာက္လာၾကမွာျဖစ္တယ္။အခုနဲ႔ေတာ့ တူမေနဘူး--
အခုခ်ိန္မွာ၊ သူ႕မွာ သူငယ္ခ်င္းဆိုလို႔ ႐ွီးယြီ႐ွင္း တစ္ေယာက္သာ႐ွိတာျဖစ္တယ္။
တစ္ကယ့္တစ္ကယ္မွာေတာ့ ခ်ိယြီနဲ႔႐ွီးယြီ႐ွင္းက အခ်င္းခ်င္း သိပ္မရင္းႏွီးၾကေပ ။ သူတို႔ႏွစ္ေယာက္ၾကားမွာ ေက်ာင္းသြားေက်ာင္းျပန္ ဆက္ဆံေရးကလြဲရင္ သိပ္မေတြ႕ျဖစ္ၾကတာမ်ားသည္။
႐ွီးယြီ႐ွင္းေျပာခဲ့တဲ့ အရာေတြအတြက္ကလည္း ၊ အဲ့ဒါေတြဟာ အမွန္လားအမွားလားဆိုတာ သူ ခုထိ အေျဖမထုတ္ႏိုင္ေသးဘူးျဖစ္တယ္။
ခ်ိယြီက ဆိုဖာေပၚမွာ ဒူးေကြးၿပီးထိုင္ခ်လိုက္ကာ ျပတင္းေပါက္ကို အထီးက်န္ဆန္စြာ စိုက္ၾကည့္လို႔ေနတယ္။
သို႔ေသာ္လည္း၊ မၾကာခင္မွာဘဲ ယြီက်ိဳးေလးက ညစာစားၿပီးတာေၾကာင့္ သူနဲ႔လာကစားကာ ခ်ိယြီတစ္ေယာက္ သိပ္ၿပီးအထီးမက်န္လိုက္ရေပ။
ခ်ိယြီက ရယ္ေမာကာ၊ ယြီက်ိဳးေလးကို သူ႕ရဲ႕လက္ေမာင္းေတြထဲမွာ ေပြ႕ဖက္ထားလိုက္ၿပီး သက္ျပင္းခ်လိုက္တယ္။
"ေက်းဇူးပါ"
"အာ~" ယြီက်ိဳးေလးက ခ်ိယြီရဲ႕မ်က္ႏွာေလးကိုတို႔ထိလာၿပီး ခ်ိယြီရဲ႕ပါးကို သူ႕လက္ေသးေသးေလးေတြနဲ႔ ဖ်စ္ညႇစ္လို႔ေနတယ္။
ပါးဆြဲလို႔အားရသြားတဲ့အခါမွာေတာ့ သူက ခ်ိယြီရဲ႕ရင္ဘတ္ေပၚမွီကာ မ်က္လုံးဝိုင္းဝိုင္းႀကီးႀကီးေလးေတြနဲ႔ ခ်ိယြီကို ေတာက္ပစြာ စိုက္ၾကည့္လို႔ေနတယ္။ကေလးရဲ႕မ်က္ဝန္းေလးေတြက ႐ုတ္တရက္ဆိုသလိုဘဲ ေကြးၫြတ္သြားကာ သူက ခ်ိယြီကို ခ်ိဳသာစြာ ျပဳံးျပလာခဲ့တယ္။
ခ်ိယြီလည္း မသိစိတ္ကေန သူ႕ႏႈတ္ခမ္းေထာင့္ေတြကို တြန္႔ေကြးမိသြားၿပီး သူ႕ရဲ႕ ရင္ဘတ္ထဲက ႏွလုံးသားေလးဟာလဲ ေႏြးေထြးတဲ့တစ္စုံတစ္ခုေၾကာင့္ ျပည့္လွ်ံလာကာ လစ္ဟာေနသလို ထပ္မခံစားရေတာ့ဘူးျဖစ္တယ္။
ခ်ိယြီက သူ႕ဘာသာသူ ေတြးလိုက္မိတယ္ : အား၊ငါ အသက္ျပန္႐ွင္လာၿပီဘဲ။
===================================