အခန်း(၁၅၅) မြေအောက်ခန်းထဲမှာဖမ်းပြီး ထာဝရပိတ်လှောင်ထားမယ်
ကုလင်ရဲ့အမေးကြောင့် ကျိုးယွမ်ဖုန်းရဲ့မျက်ဝန်းတွေက လေးနက်သွားပြီး သူက ပြုံးရင်းပင် ပြန်ဖြေလိုက်သည်။
"အင်း အဲ့လိုခံစားမိတာလား။ လေယာဉ်ပေါ်က အနံ့ဖြစ်မှာပါ။"
"ကျွန်တော် မယုံဘူး။ အနံ့က အကို တစ်ခြားတစ်ယောက်နဲ့ရှိနေတယ်' ဆိုတဲ့ အနံ့မျိုးပဲ ".....
"မင်း ဒီကုမ္ပဏီကို ပြန်လာတာလား။ " ကုလင်ရဲ့စကားကိုကြားဖြတ်ပြီး ကျိုးယွမ်ဖုန်းကိုကြည့်ကာ ကုယျန်ရှန်းက သုန်သုန်မှုန်မှုန်နှင့် မေးလိုက်သည်။
"ခနလောက်ပဲ ပြန်လာတာပါ။ တစ်ချို့ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကို ဖြေရှင်းဖို့ "
ကျိုးယွမ်ဖုန်းက ဆိုဖာမှာထိုင်လိုက်ပြီး ကုယျန်ရှန်းရဲ့တွန့်ဆုတ်နေတဲ့ အမူအရာကိုကြည့်ကာ တစ်ခုခုပြောစရာရှိနေမှန်း အလိုလို ခန့်မှန်းမိလိုက်သည်။
"ကုလင် .... မင်း အရင်သွားနှင့် "
ကုလင်ထွက်သွားပြီးနောက် ကျိုးယွမ်ဖုန်းက သက်ပြင်းချလိုက်ပြီး ကုယျန်ရှန်းကို မေးလိုက်သည်။
"မင်း ငါ့ကို မေးစရာ ဘာမှမရှိဘူးလား။ "
"ငါ ချန်းလုံအန်းကို ကုကျွမ်းဆီ ပို့ထားတယ်။ မင်းနဲ့ အမေက ငါ့ကို ဘာလို့ ဖုံးကွယ်ထားခဲ့တာလဲ။ " မျက်ဝန်းထဲ လျှံကျနေတဲ့ခံစားချက်တွေကို ပြန်လည်သိမ်းဆည်းပြီး မှုန်ကုပ်နေသော မျက်နှာထားဖြင့် ကုယျန်ရှန်း မေးလိုက်သည်။
ထိုစကားကြောင့် ကျိုးယွမ်ဖုန်းရဲ့ခေါင်းက ဆတ်ကနဲလှည့်လာပြီး တအံ့တဩနှင့် မေးလိုက်သည်။
"မင်း .... အရင်ကဖြစ်ခဲ့တာတွေကို သိသွားပြီလား။ အကုန်လုံးကို သိသွားပြီလား။ "
"အကုန်လုံးဖြစ်မယ်လို့ ထင်တာပဲ .... ဒါပေမယ့် ချန်းလုံအန်း ငါ့ကို ဖုံးကွယ်ထားတာ ရှိအုံးမလားတော့ ငါလည်း သေချာမပြောနိုင်သေးဘူး။ "
"မင်းကို ဖုံးကွယ်ထားဖို့ ငါတို့လည်း မရည်ရွယ်ခဲ့ပါဘူး။ နျဲ့နျန်က မင်းဆီက တာဝန်ဆိုတဲ့ တုံ့ပြန်မှုတွေကို မလိုချင်တာကြောင့် အခုလို လုပ်ခဲ့ရတာ။ သူက မင်း သူ့ကိုတကယ်ချစ်လာတာကိုပဲ လိုချင်ခဲ့တာ .. အဲ့တာကြောင့် လွန်ခဲ့တဲ့နှစ်တွေတုန်းက သူ အများကြီးကြိုးစားခဲ့တယ် ဒါပေမယ့် ချန်းလုံအန်းပြန်ရောက်လာတော့ မင်းက လွန်လွန်ကြူးကြူးတွေလုပ်ခဲ့တယ်လေ။ အဲ့တာတွေကြောင့်လည်း သူ့ကို ပိုပြီး ဝေးကွာသထက် ဝေးကွာအောင် လုပ်သလိုဖြစ်ခဲ့တယ်။ "
"ငါ့ကိုကယ်ဖို့အတွက် ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေရခဲ့ပြီး အသက်သေမတတ်ဖြစ်ခဲ့တာကို ငါသိတယ်။ ငါ အခု ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာတွေအပြည့်ဖြစ်နေတဲ့ သူ့ရဲ့ ပုံစံကို ညတိုင်းအိမ်မက်မက်နေတယ်.... ။ ငါ ဘယ်လို့များ သူ့ကို အဲ့လိုမျိုး ဆက်ဆံခဲ့တာလဲ .... ငါ .... " အသက်ကိုပြင်းပြင်းရှူကာ လက်သီးကိုလည်း ဆုပ်ထားရင်း ကုယျန်ရှန်း ပြောလိုက်သည်။
"သိပြီးတော့ မင်းဘာလုပ်ခဲ့လဲ။ သူ့ဆီ သွားခဲ့လား။ "
"သွားခဲ့တယ် .. ဒါပေမယ့် သူ ငါ့ကို လစ်လျူရှူထားတယ်။ သူ့အနားကိုတောင် ပေးမကပ်ဘူး။ ငါ သူ့ကိုတောင်းပန်ပြီး သူ့ကိုစကားပြောချင်တယ် ဒါပေမယ့် သူ ငါ့ကို မုန်းနေတယ်....။ အခု ဘာလိုလုပ်ရမလဲ ငါမသိတော့ဘူး။ မနေ့က ဧည့်ခံပွဲမှာလည်း ငါ အနားကပ်လာတာကို အပြင်းအထန်ခုခံတယ်။ ငါ ....."
ကုယျန်ရှန်းက ဒီရက်တွေမှာ ဝမ်နျဲ့နျန်နဲ့ပတ်သတ်ပြီး သူလုပ်ခဲ့တဲ့ အကြောင်းအရာမှန်သမျှကို ကျိုးယွမ်ဖုန်းကို အားလုံးပြောပြလိုက်သည်။
ကျိုးယွမ်ဖုန်းက သူ့အရှေ့မှာရှိနေတဲ့ ကိုယ်အလေးချိန်အများကြီးကျသွားတဲ့ သူငယ်ချင်းဖြစ်သူကို သက်ပြင်းချရင်း ကြည့်နေခဲ့သည်။
"မင်းက တကယ့် emotional idiot ပဲနော်။ ဒီနှစ်တွေမှာ ဆိုးရွားတဲ့ကိစ္စတွေအများကြီး မင်းလုပ်ခဲ့တယ်. သာမန်လူတစ်ယောက်က မင်း ကြိုက်တယ်'လို့ ပြောရုံနဲ့ ခွင့်လွှတ်နိုင်မယ် ထင်လို့လား။ "
ကုယျန်ရှန်းက ကိုက်ခဲနေတဲ့ သူ့ရဲ့ခေါင်းကို လက်ဖြင့် ဖိပွတ်နေပြီး မျက်ဝန်းထဲ၌လည်း ရှုပ်ထွေးမှုများပြည့်နေသည်။
"ငါ့စိတ်ကို ငါမထိန်းနိုင်ဘူး။ ငါ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး။ ငါ သူ့ကို တကယ်တွေ့ချင်တယ် ဒါပေမယ့် ငါ သူ့ရှေ့ရောက်တာနဲ့ သူ အရမ်းဒေါသထွက်တော့တာပဲ။ အဲ့လိုဆိုပြီး သူ့ကိုမတွေ့ဘဲနဲ့ ဘယ်လိုလုပ်ပြီး သူ့ဆီက ခွင့်လွှတ်မှုကိုရအောင် ငါလုပ်ရမလဲ။ ဘယ် လို လုပ်ပြီးတော့လဲ။ "
တစ်နေ့မှာ ကုယျန်ရှန်းနှုတ်က ခွင့်လွှတ်မှုကို ဘယ်လိုတောင်းခံရမလဲ' ဆိုသည့် စကားမျိုး ကြားရလိမ့်မယ် လို့ ကျိုးယွမ်ဖုန်း ဘယ်တုန်းအခါကမှ မတွေးခဲ့ဖူးပေ။
"မင်းရဲ့ပြောင်းလဲမှုတွေကို မပြဘဲနဲ့ သူ မင်းကို ဘယ်လိုခွင့်လွှတ်မလဲ။ အားရှန် ...... နျဲ့နျန်က စိတ်ထား အရမ်းကောင်းတယ် ဒါပေမယ့် မင်းလုပ်သမျှအားလုံးက အလဟသ ဖြစ်နေမှာပဲ ။ မင်းလုပ်သမျှ အရာထင်ချင်ရင် မင်းက သူ့အပေါ်ကောင်းပါတယ်' ဆိုတဲ့ ခံစားချက်မျိုး သူ ခံစားမိအောင် လုပ်လေ။ "
ကုယျန်ရှန်းက သူ့အရှေ့ရှိ ကျိုးယွမ်ဖုန်းကို ဗလာချည်းသက်သက်ဖြစ်နေသော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
"ဒါဆို ___ ငါ သူ့အပေါ် ထားတာ ခံစားချက်အမှန်တွေပဲဆိုတာကို သူ သိအောင် ဘယ်လိုလုပ်ရမလဲ။ "
"မင်း လုပ်တာတွေ မှန်ကန်ဖို့ ငါက နည်းပဲပေးလို့ရမှာ ... ဘယ်လိုလုပ်ဆိုပြီး ပြောလို့မရဘူး။ အားလုံးက မင်း အပေါ်မှာပဲ မူတည်တယ်"
"ငါ သိ ပါတယ် ...."
"အားရှန်း .... " ကျိုးယွမ်ဖုန်းက သူ့လက်ထဲမှာကိုင်ထားတဲ့ မျက်မှန်ဘူးကိုကြည့်ပြီး တည်ကြည်လေးနက်သောအကြည့်များဖြင့် စကားဆက်လိုက်သည်။
"တကယ်တော့ နျဲ့နျန်က အခု ကောင်းကောင်းမွန်မွန်နေနေပြီ။ သူ့သဘောကျတဲ့အလုပ်နဲ့ အေးချမ်းတဲ့ဘဝမှာ သူ့သူငယ်ချင်းနဲ့အတူ ဖြတ်သန်းနေပြီ။ မင်းတို့က ကွာရှင်းပြီးပြီးလေ .... ဖြစ်နိုင်တာက ...."
"ဖြစ်နိုင်တာက ဘာဖြစ်လဲ။ သူဖြစ်ချင်တာတွေပြည့်ဝဖို့ မင်းက ငါ့ကို လက်လွှတ်ပေးလိုက်စေချင်တာလား။ မရဘူး ! သူက ငါ့အပိုင် ! ကု ယျန်ရှန်း တစ်ယောက်တည်းကပဲ သူ့ကို ပိုင်ဆိုင်ခွင့် ရှိရမယ် ! ဘယ်လိုလုပ်ပြီး ငါက .... သူ့ကို တစ်ခြားသူလက်ထဲ ထည့်လိုက်ရမလဲ။ "
"သူ နာကျင်အောင် မင်း အများကြီးလုပ်ခဲ့ပြီးပြီး၊ သူ လက်ခံနိုင်မှာ မဟုတ် ဘူး ...... "
"တော်တော့ "
ကုယျန်ရှန်းက ချက်ချင်းမတ်တပ်ထရပ်ပြီး စိတ်အလိုမကျသောအမူအရာဖြင့် စားပွဲပေါ်ရှိပြာခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။
"ငါ့ရဲ့ ကိစ္စတွေမှာ မင်းရဲ့စွတ်ဖက်မှုတွေကို မလိုအပ်ဘူး။ ငါကိုယ်တိုင် .... ရှေ့ဆက်မယ် ၊ ငါ့ရဲ့ပြောင်းလဲမှုတွေကို သူမြင်အောင် လုပ်မယ် "
"မင်းရဲ့မျက်နှာက တော်တော်လေးဆိုးရွားနေတယ်။ အိမ်မက်ဆိုးတွေမက်ပြီး အိပ်မပျော်ဖြစ်နေရင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ သွားပြသင့်တယ်။ နောက်ပြီး မင်းရဲ့ စိတ်တို ဒေါသထွက်လွယ်နေတာကိုပါ ထိန်းချုပ်နိုင်ဖို့ "
ကျိုးယွမ်ဖုန်းက ကုယျန်ရှန်းကို စိုက်ကြည့်ပြီး တစ်ဖက်သို့လှည့်ကာ တံခါးဆီသို့ ထွက်သွားခဲ့သည်။ သို့ပေမယ့် တံခါးဝနားအရောက်မှာ သူ ခနမျှရပ်တန့်သွားခဲ့သည်။
"မင်း ပြန်ဖို့ ကုလင်ကို လိုက်ပို့ခိုင်းလိုက် "
ကားပါကင်နေရာ၌ ကုလင်က ကားနောက်ခန်းတွင်ထိုင်နေပြီး သူ့ပေါင်ပေါ်၌ လက်ပ်တော့ကိုတင်ကာ ဗီဒီယိုတစ်ခုကို ကြည့်နေခဲ့သည်။
ထို ဗီဒီယိုထဲ၌ ကုယျန်ရှန်းက လုယွင်နဲ့အတူ သူ့ရဲ့ ဆယ့်ခုနစ်နှစ်ပြည့်မွေးနေ့ပွဲတွင် ကိတ်မုန့်လှီးနေပြီး ရှားရှားပါးပါး ပြုံးရယ်နေသည့် အပြုအမူက သိပ်ကို အံ့ဩစရာလည်း ဖြစ်ခဲ့သည်။
ကုလင်က သူ့နှုတ်ခမ်းပါးကို အနည်းငယ်တွန့်ကွေးပြီး ကားပြတင်းပေါက်မှန်ကိုကြည့်ကာ ပြုံးနေခဲ့သည်။ တစ်ပုံစံတည်း တူညီသည့် မျက်နှာအမူအရာကို ရဖို့အတွက် သူ ကြိုးစားနေခြင်းပင်။
ကားပါကင်သို့ရောက်တော့ ကျိုးယွမ်ဖုန်းက ကားထဲဝင်ထိုင်လိုက်ပြီး နောက်ကြည့်မှန်မှတစ်ဆင့် ကုလင်ရဲ့ပုံစံကိုမြင်တော့ မျက်မှောင်ကြုပ်ကာ မေးလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ "
"ကျွန်တော့်အကိုနဲ့ တူအောင် လုပ်နေတာ .... ကျွန်တော် အခု__ သူ့နဲ့ တူတယ်လို့ ထင်လား။"
"တူတယ် .... အရမ်းကို တူတယ် "
"အကိုပြောကြည့် ... အခုလိုပုံစံမျိုးနဲ့ အကိုနျဲ့နျန်ကို သွားတွေရင် သူ ..... "
ကုလင်ရဲ့စကားမဆုံးခင်မှာပဲ ကျိုးယွမ်ဖုန်းထံမှ ဖုန်းသံမြည်လာခဲ့သည်။ ကျိုးယွမ်ဖုန်းရဲ့ ပုံစံက အရမ်းကိုပျာယာခတ်သွားပြီး သူက ဖုန်းကိုချကာ အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။
ကုလင်မျက်နှာပေါ်ရှိ အပြုံးကလည်း သိသိသာသာ လျော့နည်းသွားသည်။ " အကို ဘယ်သူ့နဲ့ ချစ်နေတာလဲ။ အတူတူနေကြတာလား။ အဲ့ဒီမျက်မှန်ကရော သူ့အတွက်လား။ "
"မဟုတ်ပါဘူး .... ငါ ဝတ်ဖို့ လေ "
"အို .... လိမ်နေတာပဲ။ ကျွန်တော် မေးခွန်းသုံးခုမေးပေမယ့် အကိုကတော့ တစ်ခုပဲ ပြန်ဖြေတယ်။ ဟင်း ........ တကယ်ကို အချစ်နဲ့တွေ့နေတာပဲ .... ကျွန်တော်လည်း ကစားဖို့ အရုပ်တစ်ရုပ်လောက်ရှာချင်တယ် "
( ________ )
ရုတ်တရက်ဆိုသလိုပဲ လက်ပ်တော့မှ ကျယ်လောင်သော အသိပေးသံတစ်ခုမြည်လာပြီး ကုလင်ရဲ့ မျက်နှာအမူအရာလည်း ချက်ချင်းပြောင်းလဲသွားခဲ့ကာ သူက ပြတ်ပြတ်ထင်ထင်ပင် ပြောခဲ့သည်။
"မြန်မြန်သွားတော့ ! ကုကျွမ်းဆီကို မြန်မြန်သွားစစ်ကြည့်ရမယ် မြန်မြန် !"
ကျိုးယွမ်ဖုန်းလည်း ကုကျွမ်းဆီ၌ ဆိုးဆိုးရွားရွားဖြစ်နေပြီကို ခန့်မှန်းမိပြီး ကားကို အရှိန်တင်ကာ မောင်းထွက်သွားတော့သည်။ သူတို့ ကုကျွမ်းဆီရောက်တဲ့အချိန်မှာ အိမ်တော်အတွင်းသို့ အမြန်ဆုံးပြေးဝင်သွားခဲ့ပေမယ့် လက်နက်ပစ္စည်းများဖြင့် ဖျက်ဆီးခြင်းခံထားရသည့် ဝင်ပေါက်ကိုသာ တွေ့လိုက်ရသည်။
"သတိထား သူတို့က အခုထိ ရှိနေနိုင်သေးတယ်"
ကုလင်က သူ့ရဲ့လက်ပ်တော့ကိုထုတ်ပြီး ခလုတ်တစ်ချို့ကို လျင်လျင်မြန်မြန်နှိပ်လိုက်သည်။ ထိုအခါ ကုကျွမ်းအိမ်ပတ်ပတ်လည်၌ တပ်ဆင်ထားတဲ့ ကင်မရာမှမြင်ကွင်းအားလုံးပေါ်လာပေမယ့် အားလုံးက ဖျက်ဆီးခံထားရတာကြောင့် မှုန်ဝါးနေခဲ့သည်။
ကုလင်က ဘေးရှိတုတ်တစ်ချောင်းကိုကောက်ယူပြီး တံခါးကိုပြင်းပြင်းထန်ထန်ရိုက်ဖျက်ကာ မြေအောက်ခန်းထဲသို့ ပြေးဝင်သွားခဲ့သည်။ သို့ပေမယ့် မြေအောက်ခန်းထဲ၌ ဘာမှမရှိတော့ချေ။ .....
သူကောက်ယူခဲ့တဲ့ တံခါးသော့ကိုကြည့်ပြီး ကုလင်ရဲ့မျက်နှာက မဲမှောင်လာကာ အကြည့်သည်လည်း အေးစက်ခက်ထန်လာခဲ့သည်။
"သူ တကယ်လွတ်သွားတာပဲ ။ ကြည့်ရတာ တစ်ယောက်ယောက်က ကျွန်တော့်နောက် လိုက်နေတာ ဖြစ်မယ် .... စိတ်ဝင်စားစရာပဲ "
"ချန်းလုံအန်း လွတ်သွားပြီး စောင့်ကြည့်ကင်မရာအားလုံးလည်း ပျက်စီးသွားတယ်' လို့ ကျွန်တော့် အကိုကို ပြောလိုက်။ ဘယ်သူလုပ်သွားလဲ မသိနိုင်ပေမယ့် ကျွန်တော် သေချာပေါက် ဖော်ထုတ်မယ် "
"အင်း ..."
ကျိုးယွမ်ဖုန်းက မြေအောက်ခန်းကြမ်းပြင်ပေါ်ရှိ သွေးစီးကြောင်းကိုကြည့်ပြီး ဖျော့တော့စွာ ပြန်ဖြေလိုက်သည်။
*******
[ကုယျန်ရှန်းရဲ့ ချစ်သူအသစ် ပေါ်လာပြီ ]
[ ကု အဖွဲ့အစည်းမှာ နောက်ထပ် ပစ်ချက်တစ်ခုပေါ်လာပြီ။ ချစ်သူအသစ်တဲ့ ! သူတို့က ကျန်းမိသားစုဧည့်ခံပွဲကိုအတူသွားပြီး ပြန်တော့လည်း လက်ချင်းချိတ်သွားကြတယ် !]
[ဒါက ငါ အိပ်ရာထထချင်း မြင်လိုက်ရတဲ့အရာလား။ ဥက္ကဌကုရဲ့ hot search ပေါ့လေ ]
[လူသိမခံဘဲ တစ်သီးတစ်သန့်နေတတ်တဲ့ ကုမိသားစုရဲ့ မင်းသားက အခု လူရမ်းကားတစ်ယောက်ဖြစ်လာပြီး နောက်ထပ် ချစ်သူတစ်ယောက်ပါ ရှိနေပြန်တာလား။ ]
[CP ပါတီရေ .... မင်းတို့အခုထိ ဖော်ထုတ်နေတုန်းလား။ နောက်ထပ် ချစ်သူတစ်ယောက် ? ထပ်ပြီး ဘယ်နှယောက်လောက်ထွက်လာအုံးမလဲ ငါတော့ မသိတော့ဘူး ]
[ညီအစ်မတို့အတွက် တူးဖော်ခြင်းပါ ! ဒီတစ်ယောက်လည်း ချန်းလုံအန်းလို စရိုက်ပါလာ လားလို့ ကြည့်ရမယ် ! ]
တစ်စုံတစ်ယောက်အတွက် သူတို့ပြောနေတဲ့ ချစ်သူလေးရဲ့ မျက်နှာပါတဲ့ပုံကို တင်ဖို့က အချိန်အကြာကြီး ယူစရာပင် မလိုခဲ့ပေ။ ပုံထဲ၌ ကုလင်က ကလေးဆန်ဆန်မျက်နှာထားနဲ့ အချိုသာဆုံးပြုံးကာ ကင်မရာရှိရာဘက်သို့ ကြည့်နေခဲ့သည်။ ထိုပုံကို ကူးယူပြီး ဖြန့်ဝေဖို့ကလည်းမကြာမြင့်ခဲ့သလို လူတိုင်းရဲ့ အကောင့်တွေထဲ တင်ခဲ့ကြသည်။
[ဒီကုယျန်ရှန်းကတော့ တော်တော်လွန်သွားပြီ ! သူက အကြီးစားမျိုးမစစ်ကောင်ပဲ ! ]
[ဒီလူရဲ့ ပုံစံအစစ်ကဘာလဲ။ သူ့နဲ့ပတ်သတ်ပြီး ဘာတစ်ခုမှရှာလို့မရတာက ထူးဆန်းတယ် ]
[သူက သေချာပေါက် မစ္စတာကု ရဲ့ သားပဲ ..... တော်တော်လေးကို ချစ်ဖို့ကောင်းတယ် ]
[ယုတ္တိမဆန်လိုက်တာ ၊ အားလုံးက ကန်းနေတာများလား။ သူက ကုယျန်ရှန်းရဲ့သားဆိုရင် မစ္စတာကု အသက်ရှစ်နှစ်တုန်းက မွေးခဲ့တာပဲ ဖြစ်တော့မယ် ]
[ထပ်ပြီးတော့လား .... ငါ WE အတွက် စိတ်မကောင်းလိုက်တာ။ အဲ့ဒီကုက တော်တော် လူမဆန်တာပဲ ]
_______________
<ချင် အိမ်တော်>
"ဒီကုလင်က ဧည့်ခန်းပွဲမှာတောင် သူ့မျက်နှာကို ပြရဲတယ် ... တကယ့် ပြဿနာကြီးပဲ"
ဧည့်ခန်းထဲ၌ ချန်းထျင်ဟောင်က ဝိုင်ခွက်ကိုလှုပ်ရမ်းရင်း လှောင်ပြောင်ကာ ပြောနေခဲ့သည်။
"ကုကျီမို သေတော့ လုယွင်က သူတစ်ယောက်တည်း ကုမိသားစုတာဝန်တွေကို ထမ်းခဲ့တာ။ လူတွေအားလုံးကလည်း ကုမိသားစုရဲ့ တစ်ဦးတည်းသောသားအပေါ်ပဲ ပစ်မှတ်ထား စိုက်ကြည့်ခဲ့ကြတယ်။ ကုမိသားစုရဲ့ ဆက်ခံသူသာ မရှိတော့ရင် ကိစ္စအားလုံး ပြီးသွားပြီဆိုပေမယ့် သူက ကုယျန်ရှန်းကို တိတ်တိတ်လေးနိုင်ငံခြားပို့ပြီး သူ့သားနဲ့တူတဲ့ကလေးတစ်ယောက်ကို ရှာခဲ့တယ်လေ။ ဘယ်သူမှ မထင်ထားတဲ့ကိစ္စကို သူလုပ်ခဲ့တာ။ " ဥက္ကဌချင်က ဝိုင်ခွက်ကိုစိုက်ကြည့်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
ချန်းထျင်ဟောင်က ခေါင်းညိမ့်ကာ ထောက်ခံလိုက်သည်။
"ကုလင်က ကုမိသားစုရဲ့ဆက်ခံသူအစစ်အပေါ်ကျရောက်မယ့် ကျည်ကိုကာဖို့သုံးထားတဲ့ အစားထိုးသက်သက်ပဲ"
"အစားထိုးဆို ..... အဲ့ဒီအချိန်တုန်းက ကုယျန်ရှန်းက အသက်ငယ်ငယ်ပဲရှိသေးပြီး လူတော်တော်များများကလည်း သူ့ကို မြင်မှမမြင်ဖူးကြပဲ။ လုယွင်က သူ့သားနဲ့တူတဲ့ကလေးတစ်ယောက်ကိုရှာတွေ့ခဲ့ပြီး ဧည့်ခံပွဲတော်တော်များကိုခေါ်သွားတယ်။ ဆိုတော့ ကုယျန်ရှန်းအပေါ်ကျရောက်မယ့် အန္တရာယ်အားလုံးက အစားထိုးထားတဲ့ ကုအတုအပေါ် စုပြုံသွားတာပေါ့"
"လုယွင်က တော်တော်လည်းရက်စက်တယ်။ သူ့သားပြန်ရောက်လာတော့ ကုလင်ကို ကုကျွမ်းဆီသွားဖို့ ပြောခဲ့တယ်လေ"
"ကုလင်ရဲ့အရည်အချင်းကလည်း နေရာတကာမှာ ထက်ထက်မြက်မြက်ရှိတယ်။ ပြီးတော့ ကုမိသားစုရဲ့ ချွန်ထက်နေတဲ့ ဓားတစ်ချောင်းလိုပဲ !"
ထိုစကားကိုနားထောင်နေရင်း ချန်းလုံအန်းကိုပြန်တွေ့တဲ့နေ့က သူတွေ့ခဲ့တဲ့ ကိုယ်ပေါ်က သေစေနိုင်လောက်တဲ့ ဒဏ်ရာတွေကိုပြန်စဉ်းစားမိပြီး ချန်းထျင်ဟောင် နည်းနည်းတော့ အံ့ဩသွားခဲ့သည်။ ဆရာဝန်က ပြင်းထန်တဲ့ဒဏ်ရာတွေမဟုတ်ပေမယ့် နာကျင်မှုက ပိုနေနိုင်တယ်' ဟု ပြောခဲ့သည်။
"ဒီတစ်ခေါက်ရခဲ့တဲ့ ချန်းလုံအန်းရဲ့ဒဏ်ရာက တော်ရုံတန်ရုံမဟုတ်ဘူး။ သူ့ခန္ဓာကိုယ်က ဘာမှအသုံးမဝင်တော့တဲ့အထိဘဲ သူ့မှာ အသုံးဝင်တယ်' ဆိုတာ ဘာမှမရှိတော့ဘူး။ သူ နိုးလာတဲ့အခါကျရင် ခိုးသွားတဲ့ ပစ္စည်းတွေကို ဘယ်မှာဖွက်ထားလဲလို့ မေးလိုက် "
ချန်းထျင်ဟောင်ရဲ့မျက်ဝန်းတွေက လင်းလက်သွားပြီး " ဟုတ်ကဲ့ပါ။ မစ္စတာချင်ကို ဒုက္ခပေးမိပြီ၊ ဒါပေမယ့် ကျွန်တော့်ဘက်က တစ်ခုခုကို လက်ခံရရှိနေသ၍ ကျွန်တော်ကလည်း မစ္စတာချင်အတွက် ကျည်တွေပေးနေမှာပါ"
ထိုစဉ်၌ ရေထည့်ဖို့အတွက် အပေါ်ထပ်သို့တက်လာသော ချင်ချီပိုင်ကို သူတို့နှစ်ယောက်လုံး သတိမထားခဲ့မိပေ။
"ချန်းလုံအန်းက အခု ..... ငါ့ အိမ်မှာရှိနေတာလား။ "
ထို့နောက်ဆက်၍ ချန်းလုံအန်းကြောင့် ကြမ်းပြင်တွင်လိမ့်ကာ ကုယျန်ရှန်း၏ထိုးနှက်ခြင်း ခံခဲ့ရသည့် သူ့ရဲ့အဖြစ်ကို ပြန်အမှတ်ရသွားခဲ့သည်။ ထို့အပြင် အဲ့ဒီခွေးသားက သူ့ကိုလူမှားပြီးဖမ်းခေါ်သွားရအောင် လုပ်ခဲ့ပြီး သူလည်း သူ့အဖေ၏အပြစ်ပေးခြင်းကို ခံခဲ့ရသည်။
"ရှောင်ချီဟောင် ! မင်း ဘယ်သွားနေတာလဲ ၊ ရှောင်ချီဟောင် ? " ချင်ချီပိုင်က တံခါးနားသို့ သွားပြီး အော်ခေါ်လိုက်သည်။
"ဘာဖြစ်လို့လဲ သခင်လေး" ရှောင်ချီဟောင်က အခန်းထဲမှထွက်လာပြီး မေးလိုက်သည်။
"သွားမယ် .... အခုက ပျော်ရမယ့်အချိန်ပဲ၊ နောက်ဆုံးတော့ ငါ လက်စားချေနိုင်ပြီ ..... "
"နျန်နျန် .... နျန်နျန် .... ငါ့ကို ခွင့်လွှတ်ပေးနိုင်မလား။ နျန်နျန် ! ပြန်လာခဲ့ ! ငါမင်းကို မြေအောက်ခန်းထဲမှာ ထာဝရပိတ်လှောင်ထားမယ် ..... ! "
"မလုပ်နဲ့ ! ! "
အိပ်ရာပေါ်ရှိလူက ရုတ်တရက်မျက်လုံးပွင့်လာပြီး ထထိုင်လိုက်သည်။ သူ့မျက်ဝန်းတွေ၌ ကြောက်ရွံ့မှုများပြည့်နေပြီး အသက်ကိုပြင်းပြင်းရှူကာ သူ့ကိုယ်သူ တည်ငြိမ်သွားအောင် ပြုလုပ်နေခဲ့သည်။
ကုယျန်ရှန်းရဲ့ သူ့ကို ဝမ်နျဲ့နျန်အထင်ဖြင့် အော်ခေါ်နေတဲ့အသံကိုကြားတဲ့အချိန်မှာ သူ့ရဲ့ပထမဦးဆုံးတုံ့ပြန်မှုက ကြောက်ရွံ့ခြင်းဖြစ်နေခဲ့ပြီး .... ကုယျန်ရှန်းရဲ့ အသံကို ကြားရမှာကို သူကြောက်နေခဲ့သည်။
*****
ရုတ်တရက်မြည်လာတဲ့ ဖုန်းသံကြောင့် ဝမ်နျဲ့နျန်လန့်သွားပြီး ဖုန်းကိုလှမ်းယူလိုက်သည်။
"ဟုတ်ကဲ့ .... ဘယ်သူပါလဲ"
"ဒါက မစ္စတာ WE ၊ ဝမ် ဟုတ်ပါသလား။ "
"ဟုတ်ပါတယ် ... ဒါနဲ့ ခင်များက ..... "
"ဟုတ်ကဲ့ ကျွန်တော်တို့က အရင်ဗုဒ္ဓဟူးနေတုန်းက အသံသွင်းဖို့ အချိန်ယူခဲ့ပေမယ့် ရွှေ့ဆိုင်းလိုက်ရတယ်လေ။ အဲ့တာ အခုများ အဆင်ပြေမလားလို့ပါ။ ကျွန်တော်တို့ဘက်က မစ္စတာဝမ်ကို ထပ်ပြီး ဖိတ်ကြားလို့ ရနိုင်မလား။ "
ဝမ်နျဲ့နျန်က သူ့ခြေထောက်ကို မသိမသာကြည့်လိုက်ပြီး တစ်စုံတစ်ရာအသိပေးနေသလို မျက်ဝန်းတွေက လင်းလက်နေခဲ့သည်။ သူ့ရဲ့ အတိတ်မှတ်ဉာဏ်တွေထဲမှာ ဒီထက်ပိုပြီး ပိတ်လှောင်မနေတော့ဘူး။ သူ့မှာ သူချစ်တဲ့ သီချင်းနဲ့ ပရိတ်သတ်တွေ ရှိနေပြီပဲ။
"ရပါတယ်"
"ဒါဆို သိပ်ကောင်းတာပေါ့။ ကျွန်တော်တို့အစီအစဉ်က တိုက်ရိုက်ထုတ်လွှင့်ပြီး ပရိတ်သတ်တွေနဲ့လည်း တိုက်ရိုက်ဖြေကြားရတဲ့ အစီအစဉ်ပါ။ ကျွန်တော်တို့ဘက်က Weibo မှာ စာရင်းကောက်ပြီး သူတို့ခံစားရသမျှ စာတိုတွေရေးခိုင်းမှာပါ ၊ ပြီးရင် နတ်ဘုရား WE က အဲ့ဒီစာတွေကို ဖတ်ပေးရမှာပါ။ ဆိုတော့ Lianmai ကနေပဲ အနိုင်ရတဲ့သူတွေကို မစ္စတာဝမ် စကားပြောလိုက်လို့ ရပါတယ် "
ဝမ်နျဲ့နျန် ခနမျှကြောင်အသွားခဲ့သည်။ " တိုက်ရိုက်ထုတ်လွှင့်တဲ့အစီအစဉ်က အပြန်အလှန်စကားပြောရင်း လုပ်မှာလား။ "
"ဟုတ်ပါတယ်"
"ကောင်းပါပြီ"
ထို့နောက် အစီအစဉ်တင်ဆက်သည့် official blog မှ ဗုဒ္ဓဟူးနေ့တွင် သူတို့ရဲ့အစီအစဉ်၌ WE က ဧည့်သည်အဖြစ် ပါဝင်သွားမည့်အကြောင်းကို စာရေးပြီးတင်ခဲ့သည်။ ထို့အပြင် Lianmai* ကိုအသုံးပြုပြီး တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ကာ ဖန်တွေနဲ့လည်း အပြန်အလှန်စကားပြောမည့်အကြောင်း ကြေညာခဲ့သည်။
DAWN website ၌ ဖန်တွေပြန်တင်ထားသည့် ပို့စ်ကို ကုယျန်ရှန်းတွေ့ခဲ့ပြီး ပုံထဲ၌ရေးထားသည့် 'Lianmai' ဆိုသည့်စကားလုံးကြောင့် သူ့မျက်ဝန်းတို့မှာ တောက်ပသောအလင်းများဖြင့် လဲ့နေခဲ့သည်။
Live Lianmai ... WE ထံသို့ပို့မယ့် အူလှိုက်သည်းလှိုက်ဖြစ်စေမည့် စာတိုများကို သင်တို့ရေးနိုင်ပါတယ်။
©©©©©©©©©©©©©©©©©
A/n: [Lianmai (က Shangmai လို့လည်း ခေါ်ပါတယ်) သူက live လွှင့်ရင်သုံးတဲ့ app တစ်ခုပါ။
Black 🌻 Lotus
Words-3442
Apr/19/2022
Wine
________________
For my lovely zawgyi readers
______________
အခန္း(၁၅၅) ေျမေအာက္ခန္းထဲမွာဖမ္းၿပီး ထာဝရပိတ္ေလွာင္ထားမယ္
ကုလင္ရဲ႕အေမးေၾကာင့္ က်ိဳးယြမ္ဖုန္းရဲ႕မ်က္ဝန္းေတြက ေလးနက္သြားၿပီး သူက ၿပဳံးရင္းပင္ ျပန္ေျဖလိုက္သည္။
"အင္း အဲ့လိုခံစားမိတာလား။ ေလယာဥ္ေပၚက အနံ႕ျဖစ္မွာပါ။"
"ကြၽန္ေတာ္ မယုံဘူး။ အနံ႕က အကို တစ္ျခားတစ္ေယာက္နဲ႕ရွိေနတယ္' ဆိုတဲ့ အနံ႕မ်ိဳးပဲ ".....
"မင္း ဒီကုမၸဏီကို ျပန္လာတာလား။ " ကုလင္ရဲ႕စကားကိုၾကားျဖတ္ၿပီး က်ိဳးယြမ္ဖုန္းကိုၾကည့္ကာ ကုယ်န္ရွန္းက သုန္သုန္မႈန္မႈန္ႏွင့္ ေမးလိုက္သည္။
"ခနေလာက္ပဲ ျပန္လာတာပါ။ တစ္ခ်ိဳ႕ကိုယ္ေရးကိုယ္တာ ကိစၥေလးေတြကို ေျဖရွင္းဖို႔ "
က်ိဳးယြမ္ဖုန္းက ဆိုဖာမွာထိုင္လိုက္ၿပီး ကုယ်န္ရွန္းရဲ႕တြန႔္ဆုတ္ေနတဲ့ အမူအရာကိုၾကည့္ကာ တစ္ခုခုေျပာစရာရွိေနမွန္း အလိုလို ခန႔္မွန္းမိလိုက္သည္။
"ကုလင္ .... မင္း အရင္သြားႏွင့္ "
ကုလင္ထြက္သြားၿပီးေနာက္ က်ိဳးယြမ္ဖုန္းက သက္ျပင္းခ်လိဳက္ၿပီး ကုယ်န္ရွန္းကို ေမးလိုက္သည္။
"မင္း ငါ့ကို ေမးစရာ ဘာမွမရွိဘူးလား။ "
"ငါ ခ်န္းလုံအန္းကို ကုကြၽမ္းဆီ ပို႔ထားတယ္။ မင္းနဲ႕ အေမက ငါ့ကို ဘာလို႔ ဖုံးကြယ္ထားခဲ့တာလဲ။ " မ်က္ဝန္းထဲ လွ်ံက်ေနတဲ့ခံစားခ်က္ေတြကို ျပန္လည္သိမ္းဆည္းၿပီး မႈန္ကုပ္ေနေသာ မ်က္ႏွာထားျဖင့္ ကုယ်န္ရွန္း ေမးလိုက္သည္။
ထိုစကားေၾကာင့္ က်ိဳးယြမ္ဖုန္းရဲ႕ေခါင္းက ဆတ္ကနဲလွည့္လာၿပီး တအံ့တဩႏွင့္ ေမးလိုက္သည္။
"မင္း .... အရင္ကျဖစ္ခဲ့တာေတြကို သိသြားၿပီလား။ အကုန္လုံးကို သိသြားၿပီလား။ "
"အကုန္လုံးျဖစ္မယ္လို႔ ထင္တာပဲ .... ဒါေပမယ့္ ခ်န္းလုံအန္း ငါ့ကို ဖုံးကြယ္ထားတာ ရွိအုံးမလားေတာ့ ငါလည္း ေသခ်ာမေျပာနိုင္ေသးဘူး။ "
"မင္းကို ဖုံးကြယ္ထားဖို႔ ငါတို႔လည္း မရည္႐ြယ္ခဲ့ပါဘူး။ န်ဲ့န်န္က မင္းဆီက တာဝန္ဆိုတဲ့ တုံ႕ျပန္မႈေတြကို မလိုခ်င္တာေၾကာင့္ အခုလို လုပ္ခဲ့ရတာ။ သူက မင္း သူ႕ကိုတကယ္ခ်စ္လာတာကိုပဲ လိုခ်င္ခဲ့တာ .. အဲ့တာေၾကာင့္ လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက သူ အမ်ားႀကီးႀကိဳးစားခဲ့တယ္ ဒါေပမယ့္ ခ်န္းလုံအန္းျပန္ေရာက္လာေတာ့ မင္းက လြန္လြန္ၾကဴးၾကဴးေတြလုပ္ခဲ့တယ္ေလ။ အဲ့တာေတြေၾကာင့္လည္း သူ႕ကို ပိုၿပီး ေဝးကြာသထက္ ေဝးကြာေအာင္ လုပ္သလိုျဖစ္ခဲ့တယ္။ "
"ငါ့ကိုကယ္ဖို႔အတြက္ ျပင္းထန္တဲ့ထိခိုက္ဒဏ္ရာေတြရခဲ့ၿပီး အသက္ေသမတတ္ျဖစ္ခဲ့တာကို ငါသိတယ္။ ငါ အခု ခႏၶာကိုယ္တစ္ခုလုံး ဒဏ္ရာေတြအျပည့္ျဖစ္ေနတဲ့ သူ႕ရဲ႕ ပုံစံကို ညတိုင္းအိမ္မက္မက္ေနတယ္.... ။ ငါ ဘယ္လို႔မ်ား သူ႕ကို အဲ့လိုမ်ိဳး ဆက္ဆံခဲ့တာလဲ .... ငါ .... " အသက္ကိုျပင္းျပင္းရႉကာ လက္သီးကိုလည္း ဆုပ္ထားရင္း ကုယ်န္ရွန္း ေျပာလိုက္သည္။
"သိၿပီးေတာ့ မင္းဘာလုပ္ခဲ့လဲ။ သူ႕ဆီ သြားခဲ့လား။ "
"သြားခဲ့တယ္ .. ဒါေပမယ့္ သူ ငါ့ကို လစ္လ်ဴရႉထားတယ္။ သူ႕အနားကိုေတာင္ ေပးမကပ္ဘူး။ ငါ သူ႕ကိုေတာင္းပန္ၿပီး သူ႕ကိုစကားေျပာခ်င္တယ္ ဒါေပမယ့္ သူ ငါ့ကို မုန္းေနတယ္....။ အခု ဘာလိုလုပ္ရမလဲ ငါမသိေတာ့ဘူး။ မေန႕က ဧည့္ခံပြဲမွာလည္း ငါ အနားကပ္လာတာကို အျပင္းအထန္ခုခံတယ္။ ငါ ....."
ကုယ်န္ရွန္းက ဒီရက္ေတြမွာ ဝမ္န်ဲ့န်န္နဲ႕ပတ္သတ္ၿပီး သူလုပ္ခဲ့တဲ့ အေၾကာင္းအရာမွန္သမွ်ကို က်ိဳးယြမ္ဖုန္းကို အားလုံးေျပာျပလိုက္သည္။
က်ိဳးယြမ္ဖုန္းက သူ႕အေရွ႕မွာရွိေနတဲ့ ကိုယ္အေလးခ်ိန္အမ်ားႀကီးက်သြားတဲ့ သူငယ္ခ်င္းျဖစ္သူကို သက္ျပင္းခ်ရင္း ၾကည့္ေနခဲ့သည္။
"မင္းက တကယ့္ emotional idiot ပဲေနာ္။ ဒီႏွစ္ေတြမွာ ဆိုး႐ြားတဲ့ကိစၥေတြအမ်ားႀကီး မင္းလုပ္ခဲ့တယ္. သာမန္လူတစ္ေယာက္က မင္း ႀကိဳက္တယ္'လို႔ ေျပာ႐ုံနဲ႕ ခြင့္လႊတ္နိုင္မယ္ ထင္လို႔လား။ "
ကုယ်န္ရွန္းက ကိုက္ခဲေနတဲ့ သူ႕ရဲ႕ေခါင္းကို လက္ျဖင့္ ဖိပြတ္ေနၿပီး မ်က္ဝန္းထဲ၌လည္း ရႈပ္ေထြးမႈမ်ားျပည့္ေနသည္။
"ငါ့စိတ္ကို ငါမထိန္းနိုင္ဘူး။ ငါ ဘာလုပ္ရမွန္းေတာင္ မသိေတာ့ဘူး။ ငါ သူ႕ကို တကယ္ေတြ႕ခ်င္တယ္ ဒါေပမယ့္ ငါ သူ႕ေရွ႕ေရာက္တာနဲ႕ သူ အရမ္းေဒါသထြက္ေတာ့တာပဲ။ အဲ့လိုဆိုၿပီး သူ႕ကိုမေတြ႕ဘဲနဲ႕ ဘယ္လိုလုပ္ၿပီး သူ႕ဆီက ခြင့္လႊတ္မႈကိုရေအာင္ ငါလုပ္ရမလဲ။ ဘယ္ လို လုပ္ၿပီးေတာ့လဲ။ "
တစ္ေန႕မွာ ကုယ်န္ရွန္းႏႈတ္က ခြင့္လႊတ္မႈကို ဘယ္လိုေတာင္းခံရမလဲ' ဆိုသည့္ စကားမ်ိဳး ၾကားရလိမ့္မယ္ လို႔ က်ိဳးယြမ္ဖုန္း ဘယ္တုန္းအခါကမွ မေတြးခဲ့ဖူးေပ။
"မင္းရဲ႕ေျပာင္းလဲမႈေတြကို မျပဘဲနဲ႕ သူ မင္းကို ဘယ္လိုခြင့္လႊတ္မလဲ။ အားရွန္ ...... န်ဲ့န်န္က စိတ္ထား အရမ္းေကာင္းတယ္ ဒါေပမယ့္ မင္းလုပ္သမွ်အားလုံးက အလဟသ ျဖစ္ေနမွာပဲ ။ မင္းလုပ္သမွ် အရာထင္ခ်င္ရင္ မင္းက သူ႕အေပၚေကာင္းပါတယ္' ဆိုတဲ့ ခံစားခ်က္မ်ိဳး သူ ခံစားမိေအာင္ လုပ္ေလ။ "
ကုယ်န္ရွန္းက သူ႕အေရွ႕ရွိ က်ိဳးယြမ္ဖုန္းကို ဗလာခ်ည္းသက္သက္ျဖစ္ေနေသာ အၾကည့္မ်ားျဖင့္ စိုက္ၾကည့္လိုက္သည္။
"ဒါဆို ___ ငါ သူ႕အေပၚ ထားတာ ခံစားခ်က္အမွန္ေတြပဲဆိုတာကို သူ သိေအာင္ ဘယ္လိုလုပ္ရမလဲ။ "
"မင္း လုပ္တာေတြ မွန္ကန္ဖို႔ ငါက နည္းပဲေပးလို႔ရမွာ ... ဘယ္လိုလုပ္ဆိုၿပီး ေျပာလို႔မရဘူး။ အားလုံးက မင္း အေပၚမွာပဲ မူတည္တယ္"
"ငါ သိ ပါတယ္ ...."
"အားရွန္း .... " က်ိဳးယြမ္ဖုန္းက သူ႕လက္ထဲမွာကိုင္ထားတဲ့ မ်က္မွန္ဘူးကိုၾကည့္ၿပီး တည္ၾကည္ေလးနက္ေသာအၾကည့္မ်ားျဖင့္ စကားဆက္လိုက္သည္။
"တကယ္ေတာ့ န်ဲ့န်န္က အခု ေကာင္းေကာင္းမြန္မြန္ေနေနၿပီ။ သူ႕သေဘာက်တဲ့အလုပ္နဲ႕ ေအးခ်မ္းတဲ့ဘဝမွာ သူ႕သူငယ္ခ်င္းနဲ႕အတူ ျဖတ္သန္းေနၿပီ။ မင္းတို႔က ကြာရွင္းၿပီးၿပီးေလ .... ျဖစ္နိုင္တာက ...."
"ျဖစ္နိုင္တာက ဘာျဖစ္လဲ။ သူျဖစ္ခ်င္တာေတြျပည့္ဝဖို႔ မင္းက ငါ့ကို လက္လႊတ္ေပးလိုက္ေစခ်င္တာလား။ မရဘူး ! သူက ငါ့အပိုင္ ! ကု ယ်န္ရွန္း တစ္ေယာက္တည္းကပဲ သူ႕ကို ပိုင္ဆိုင္ခြင့္ ရွိရမယ္ ! ဘယ္လိုလုပ္ၿပီး ငါက .... သူ႕ကို တစ္ျခားသူလက္ထဲ ထည့္လိုက္ရမလဲ။ "
"သူ နာက်င္ေအာင္ မင္း အမ်ားႀကီးလုပ္ခဲ့ၿပီးၿပီး၊ သူ လက္ခံနိုင္မွာ မဟုတ္ ဘူး ...... "
"ေတာ္ေတာ့ "
ကုယ်န္ရွန္းက ခ်က္ခ်င္းမတ္တပ္ထရပ္ၿပီး စိတ္အလိုမက်ေသာအမူအရာျဖင့္ စားပြဲေပၚရွိျပာခြက္ကို ၾကမ္းျပင္ေပၚသို႔ ပစ္ေပါက္လိုက္သည္။
"ငါ့ရဲ႕ ကိစၥေတြမွာ မင္းရဲ႕စြတ္ဖက္မႈေတြကို မလိုအပ္ဘူး။ ငါကိုယ္တိုင္ .... ေရွ႕ဆက္မယ္ ၊ ငါ့ရဲ႕ေျပာင္းလဲမႈေတြကို သူျမင္ေအာင္ လုပ္မယ္ "
"မင္းရဲ႕မ်က္ႏွာက ေတာ္ေတာ္ေလးဆိုး႐ြားေနတယ္။ အိမ္မက္ဆိုးေတြမက္ၿပီး အိပ္မေပ်ာ္ျဖစ္ေနရင္ စိတ္က်န္းမာေရးဆရာဝန္နဲ႕ သြားျပသင့္တယ္။ ေနာက္ၿပီး မင္းရဲ႕ စိတ္တို ေဒါသထြက္လြယ္ေနတာကိုပါ ထိန္းခ်ဳပ္နိုင္ဖို႔ "
က်ိဳးယြမ္ဖုန္းက ကုယ်န္ရွန္းကို စိုက္ၾကည့္ၿပီး တစ္ဖက္သို႔လွည့္ကာ တံခါးဆီသို႔ ထြက္သြားခဲ့သည္။ သို႔ေပမယ့္ တံခါးဝနားအေရာက္မွာ သူ ခနမွ်ရပ္တန႔္သြားခဲ့သည္။
"မင္း ျပန္ဖို႔ ကုလင္ကို လိုက္ပို႔ခိုင္းလိုက္ "
ကားပါကင္ေနရာ၌ ကုလင္က ကားေနာက္ခန္းတြင္ထိုင္ေနၿပီး သူ႕ေပါင္ေပၚ၌ လက္ပ္ေတာ့ကိုတင္ကာ ဗီဒီယိုတစ္ခုကို ၾကည့္ေနခဲ့သည္။
ထို ဗီဒီယိုထဲ၌ ကုယ်န္ရွန္းက လုယြင္နဲ႕အတူ သူ႕ရဲ႕ ဆယ့္ခုနစ္ႏွစ္ျပည့္ေမြးေန႕ပြဲတြင္ ကိတ္မုန႔္လွီးေနၿပီး ရွားရွားပါးပါး ၿပဳံးရယ္ေနသည့္ အျပဳအမူက သိပ္ကို အံ့ဩစရာလည္း ျဖစ္ခဲ့သည္။
ကုလင္က သူ႕ႏႈတ္ခမ္းပါးကို အနည္းငယ္တြန႔္ေကြးၿပီး ကားျပတင္းေပါက္မွန္ကိုၾကည့္ကာ ၿပဳံးေနခဲ့သည္။ တစ္ပုံစံတည္း တူညီသည့္ မ်က္ႏွာအမူအရာကို ရဖို႔အတြက္ သူ ႀကိဳးစားေနျခင္းပင္။
ကားပါကင္သို႔ေရာက္ေတာ့ က်ိဳးယြမ္ဖုန္းက ကားထဲဝင္ထိုင္လိုက္ၿပီး ေနာက္ၾကည့္မွန္မွတစ္ဆင့္ ကုလင္ရဲ႕ပုံစံကိုျမင္ေတာ့ မ်က္ေမွာင္ၾကဳပ္ကာ ေမးလိုက္သည္။
"မင္း ဘာလုပ္ေနတာလဲ "
"ကြၽန္ေတာ့္အကိုနဲ႕ တူေအာင္ လုပ္ေနတာ .... ကြၽန္ေတာ္ အခု__ သူ႕နဲ႕ တူတယ္လို႔ ထင္လား။"
"တူတယ္ .... အရမ္းကို တူတယ္ "
"အကိုေျပာၾကည့္ ... အခုလိုပုံစံမ်ိဳးနဲ႕ အကိုန်ဲ့န်န္ကို သြားေတြရင္ သူ ..... "
ကုလင္ရဲ႕စကားမဆုံးခင္မွာပဲ က်ိဳးယြမ္ဖုန္းထံမွ ဖုန္းသံျမည္လာခဲ့သည္။ က်ိဳးယြမ္ဖုန္းရဲ႕ ပုံစံက အရမ္းကိုပ်ာယာခတ္သြားၿပီး သူက ဖုန္းကိုခ်ကာ အိတ္ထဲသို႔ ျပန္ထည့္လိုက္သည္။
ကုလင္မ်က္ႏွာေပၚရွိ အၿပဳံးကလည္း သိသိသာသာ ေလ်ာ့နည္းသြားသည္။ " အကို ဘယ္သူ႕နဲ႕ ခ်စ္ေနတာလဲ။ အတူတူေနၾကတာလား။ အဲ့ဒီမ်က္မွန္ကေရာ သူ႕အတြက္လား။ "
"မဟုတ္ပါဘူး .... ငါ ဝတ္ဖို႔ ေလ "
"အို .... လိမ္ေနတာပဲ။ ကြၽန္ေတာ္ ေမးခြန္းသုံးခုေမးေပမယ့္ အကိုကေတာ့ တစ္ခုပဲ ျပန္ေျဖတယ္။ ဟင္း ........ တကယ္ကို အခ်စ္နဲ႕ေတြ႕ေနတာပဲ .... ကြၽန္ေတာ္လည္း ကစားဖို႔ အ႐ုပ္တစ္႐ုပ္ေလာက္ရွာခ်င္တယ္ "
( ________ )
႐ုတ္တရက္ဆိုသလိုပဲ လက္ပ္ေတာ့မွ က်ယ္ေလာင္ေသာ အသိေပးသံတစ္ခုျမည္လာၿပီး ကုလင္ရဲ႕ မ်က္ႏွာအမူအရာလည္း ခ်က္ခ်င္းေျပာင္းလဲသြားခဲ့ကာ သူက ျပတ္ျပတ္ထင္ထင္ပင္ ေျပာခဲ့သည္။
"ျမန္ျမန္သြားေတာ့ ! ကုကြၽမ္းဆီကို ျမန္ျမန္သြားစစ္ၾကည့္ရမယ္ ျမန္ျမန္ !"
က်ိဳးယြမ္ဖုန္းလည္း ကုကြၽမ္းဆီ၌ ဆိုးဆိုး႐ြား႐ြားျဖစ္ေနၿပီကို ခန႔္မွန္းမိၿပီး ကားကို အရွိန္တင္ကာ ေမာင္းထြက္သြားေတာ့သည္။ သူတို႔ ကုကြၽမ္းဆီေရာက္တဲ့အခ်ိန္မွာ အိမ္ေတာ္အတြင္းသို႔ အျမန္ဆုံးေျပးဝင္သြားခဲ့ေပမယ့္ လက္နက္ပစၥည္းမ်ားျဖင့္ ဖ်က္ဆီးျခင္းခံထားရသည့္ ဝင္ေပါက္ကိုသာ ေတြ႕လိုက္ရသည္။
"သတိထား သူတို႔က အခုထိ ရွိေနနိုင္ေသးတယ္"
ကုလင္က သူ႕ရဲ႕လက္ပ္ေတာ့ကိုထုတ္ၿပီး ခလုတ္တစ္ခ်ိဳ႕ကို လ်င္လ်င္ျမန္ျမန္ႏွိပ္လိုက္သည္။ ထိုအခါ ကုကြၽမ္းအိမ္ပတ္ပတ္လည္၌ တပ္ဆင္ထားတဲ့ ကင္မရာမွျမင္ကြင္းအားလုံးေပၚလာေပမယ့္ အားလုံးက ဖ်က္ဆီးခံထားရတာေၾကာင့္ မႈန္ဝါးေနခဲ့သည္။
ကုလင္က ေဘးရွိတုတ္တစ္ေခ်ာင္းကိုေကာက္ယူၿပီး တံခါးကိုျပင္းျပင္းထန္ထန္ရိုက္ဖ်က္ကာ ေျမေအာက္ခန္းထဲသို႔ ေျပးဝင္သြားခဲ့သည္။ သို႔ေပမယ့္ ေျမေအာက္ခန္းထဲ၌ ဘာမွမရွိေတာ့ေခ်။ .....
သူေကာက္ယူခဲ့တဲ့ တံခါးေသာ့ကိုၾကည့္ၿပီး ကုလင္ရဲ႕မ်က္ႏွာက မဲေမွာင္လာကာ အၾကည့္သည္လည္း ေအးစက္ခက္ထန္လာခဲ့သည္။
"သူ တကယ္လြတ္သြားတာပဲ ။ ၾကည့္ရတာ တစ္ေယာက္ေယာက္က ကြၽန္ေတာ့္ေနာက္ လိုက္ေနတာ ျဖစ္မယ္ .... စိတ္ဝင္စားစရာပဲ "
"ခ်န္းလုံအန္း လြတ္သြားၿပီး ေစာင့္ၾကည့္ကင္မရာအားလုံးလည္း ပ်က္စီးသြားတယ္' လို႔ ကြၽန္ေတာ့္ အကိုကို ေျပာလိုက္။ ဘယ္သူလုပ္သြားလဲ မသိနိုင္ေပမယ့္ ကြၽန္ေတာ္ ေသခ်ာေပါက္ ေဖာ္ထုတ္မယ္ "
"အင္း ..."
က်ိဳးယြမ္ဖုန္းက ေျမေအာက္ခန္းၾကမ္းျပင္ေပၚရွိ ေသြးစီးေၾကာင္းကိုၾကည့္ၿပီး ေဖ်ာ့ေတာ့စြာ ျပန္ေျဖလိုက္သည္။
*******
[ကုယ်န္ရွန္းရဲ႕ ခ်စ္သူအသစ္ ေပၚလာၿပီ ]
[ ကု အဖြဲ႕အစည္းမွာ ေနာက္ထပ္ ပစ္ခ်က္တစ္ခုေပၚလာၿပီ။ ခ်စ္သူအသစ္တဲ့ ! သူတို႔က က်န္းမိသားစုဧည့္ခံပြဲကိုအတူသြားၿပီး ျပန္ေတာ့လည္း လက္ခ်င္းခ်ိတ္သြားၾကတယ္ !]
[ဒါက ငါ အိပ္ရာထထခ်င္း ျမင္လိုက္ရတဲ့အရာလား။ ဥကၠဌကုရဲ႕ hot search ေပါ့ေလ ]
[လူသိမခံဘဲ တစ္သီးတစ္သန႔္ေနတတ္တဲ့ ကုမိသားစုရဲ႕ မင္းသားက အခု လူရမ္းကားတစ္ေယာက္ျဖစ္လာၿပီး ေနာက္ထပ္ ခ်စ္သူတစ္ေယာက္ပါ ရွိေနျပန္တာလား။ ]
[CP ပါတီေရ .... မင္းတို႔အခုထိ ေဖာ္ထုတ္ေနတုန္းလား။ ေနာက္ထပ္ ခ်စ္သူတစ္ေယာက္ ? ထပ္ၿပီး ဘယ္ႏွေယာက္ေလာက္ထြက္လာအုံးမလဲ ငါေတာ့ မသိေတာ့ဘူး ]
[ညီအစ္မတို႔အတြက္ တူးေဖာ္ျခင္းပါ ! ဒီတစ္ေယာက္လည္း ခ်န္းလုံအန္းလို စရိုက္ပါလာ လားလို႔ ၾကည့္ရမယ္ ! ]
တစ္စုံတစ္ေယာက္အတြက္ သူတို႔ေျပာေနတဲ့ ခ်စ္သူေလးရဲ႕ မ်က္ႏွာပါတဲ့ပုံကို တင္ဖို႔က အခ်ိန္အၾကာႀကီး ယူစရာပင္ မလိုခဲ့ေပ။ ပုံထဲ၌ ကုလင္က ကေလးဆန္ဆန္မ်က္ႏွာထားနဲ႕ အခ်ိဳသာဆုံးၿပဳံးကာ ကင္မရာရွိရာဘက္သို႔ ၾကည့္ေနခဲ့သည္။ ထိုပုံကို ကူးယူၿပီး ျဖန႔္ေဝဖို႔ကလည္းမၾကာျမင့္ခဲ့သလို လူတိုင္းရဲ႕ အေကာင့္ေတြထဲ တင္ခဲ့ၾကသည္။
[ဒီကုယ်န္ရွန္းကေတာ့ ေတာ္ေတာ္လြန္သြားၿပီ ! သူက အႀကီးစားမ်ိဳးမစစ္ေကာင္ပဲ ! ]
[ဒီလူရဲ႕ ပုံစံအစစ္ကဘာလဲ။ သူ႕နဲ႕ပတ္သတ္ၿပီး ဘာတစ္ခုမွရွာလို႔မရတာက ထူးဆန္းတယ္ ]
[သူက ေသခ်ာေပါက္ မစၥတာကု ရဲ႕ သားပဲ ..... ေတာ္ေတာ္ေလးကို ခ်စ္ဖို႔ေကာင္းတယ္ ]
[ယုတၱိမဆန္လိုက္တာ ၊ အားလုံးက ကန္းေနတာမ်ားလား။ သူက ကုယ်န္ရွန္းရဲ႕သားဆိုရင္ မစၥတာကု အသက္ရွစ္ႏွစ္တုန္းက ေမြးခဲ့တာပဲ ျဖစ္ေတာ့မယ္ ]
[ထပ္ၿပီးေတာ့လား .... ငါ WE အတြက္ စိတ္မေကာင္းလိုက္တာ။ အဲ့ဒီကုက ေတာ္ေတာ္ လူမဆန္တာပဲ ]
_______________
<ခ်င္ အိမ္ေတာ္>
"ဒီကုလင္က ဧည့္ခန္းပြဲမွာေတာင္ သူ႕မ်က္ႏွာကို ျပရဲတယ္ ... တကယ့္ ျပႆနာႀကီးပဲ"
ဧည့္ခန္းထဲ၌ ခ်န္းထ်င္ေဟာင္က ဝိုင္ခြက္ကိုလႈပ္ရမ္းရင္း ေလွာင္ေျပာင္ကာ ေျပာေနခဲ့သည္။
"ကုက်ီမို ေသေတာ့ လုယြင္က သူတစ္ေယာက္တည္း ကုမိသားစုတာဝန္ေတြကို ထမ္းခဲ့တာ။ လူေတြအားလုံးကလည္း ကုမိသားစုရဲ႕ တစ္ဦးတည္းေသာသားအေပၚပဲ ပစ္မွတ္ထား စိုက္ၾကည့္ခဲ့ၾကတယ္။ ကုမိသားစုရဲ႕ ဆက္ခံသူသာ မရွိေတာ့ရင္ ကိစၥအားလုံး ၿပီးသြားၿပီဆိုေပမယ့္ သူက ကုယ်န္ရွန္းကို တိတ္တိတ္ေလးနိုင္ငံျခားပို႔ၿပီး သူ႕သားနဲ႕တူတဲ့ကေလးတစ္ေယာက္ကို ရွာခဲ့တယ္ေလ။ ဘယ္သူမွ မထင္ထားတဲ့ကိစၥကို သူလုပ္ခဲ့တာ။ " ဥကၠဌခ်င္က ဝိုင္ခြက္ကိုစိုက္ၾကည့္ၿပီး ေလးနက္ေသာ ေလသံျဖင့္ ေျပာလိုက္သည္။
ခ်န္းထ်င္ေဟာင္က ေခါင္းညိမ့္ကာ ေထာက္ခံလိုက္သည္။
"ကုလင္က ကုမိသားစုရဲ႕ဆက္ခံသူအစစ္အေပၚက်ေရာက္မယ့္ က်ည္ကိုကာဖို႔သုံးထားတဲ့ အစားထိုးသက္သက္ပဲ"
"အစားထိုးဆို ..... အဲ့ဒီအခ်ိန္တုန္းက ကုယ်န္ရွန္းက အသက္ငယ္ငယ္ပဲရွိေသးၿပီး လူေတာ္ေတာ္မ်ားမ်ားကလည္း သူ႕ကို ျမင္မွမျမင္ဖူးၾကပဲ။ လုယြင္က သူ႕သားနဲ႕တူတဲ့ကေလးတစ္ေယာက္ကိုရွာေတြ႕ခဲ့ၿပီး ဧည့္ခံပြဲေတာ္ေတာ္မ်ားကိုေခၚသြားတယ္။ ဆိုေတာ့ ကုယ်န္ရွန္းအေပၚက်ေရာက္မယ့္ အႏၲရာယ္အားလုံးက အစားထိုးထားတဲ့ ကုအတုအေပၚ စုၿပဳံသြားတာေပါ့"
"လုယြင္က ေတာ္ေတာ္လည္းရက္စက္တယ္။ သူ႕သားျပန္ေရာက္လာေတာ့ ကုလင္ကို ကုကြၽမ္းဆီသြားဖို႔ ေျပာခဲ့တယ္ေလ"
"ကုလင္ရဲ႕အရည္အခ်င္းကလည္း ေနရာတကာမွာ ထက္ထက္ျမက္ျမက္ရွိတယ္။ ၿပီးေတာ့ ကုမိသားစုရဲ႕ ခြၽန္ထက္ေနတဲ့ ဓားတစ္ေခ်ာင္းလိုပဲ !"
ထိုစကားကိုနားေထာင္ေနရင္း ခ်န္းလုံအန္းကိုျပန္ေတြ႕တဲ့ေန႕က သူေတြ႕ခဲ့တဲ့ ကိုယ္ေပၚက ေသေစနိုင္ေလာက္တဲ့ ဒဏ္ရာေတြကိုျပန္စဥ္းစားမိၿပီး ခ်န္းထ်င္ေဟာင္ နည္းနည္းေတာ့ အံ့ဩသြားခဲ့သည္။ ဆရာဝန္က ျပင္းထန္တဲ့ဒဏ္ရာေတြမဟုတ္ေပမယ့္ နာက်င္မႈက ပိုေနနိုင္တယ္' ဟု ေျပာခဲ့သည္။
"ဒီတစ္ေခါက္ရခဲ့တဲ့ ခ်န္းလုံအန္းရဲ႕ဒဏ္ရာက ေတာ္႐ုံတန္႐ုံမဟုတ္ဘူး။ သူ႕ခႏၶာကိုယ္က ဘာမွအသုံးမဝင္ေတာ့တဲ့အထိဘဲ သူ႕မွာ အသုံးဝင္တယ္' ဆိုတာ ဘာမွမရွိေတာ့ဘူး။ သူ နိုးလာတဲ့အခါက်ရင္ ခိုးသြားတဲ့ ပစၥည္းေတြကို ဘယ္မွာဖြက္ထားလဲလို႔ ေမးလိုက္ "
ခ်န္းထ်င္ေဟာင္ရဲ႕မ်က္ဝန္းေတြက လင္းလက္သြားၿပီး " ဟုတ္ကဲ့ပါ။ မစၥတာခ်င္ကို ဒုကၡေပးမိၿပီ၊ ဒါေပမယ့္ ကြၽန္ေတာ့္ဘက္က တစ္ခုခုကို လက္ခံရရွိေနသ၍ ကြၽန္ေတာ္ကလည္း မစၥတာခ်င္အတြက္ က်ည္ေတြေပးေနမွာပါ"
ထိုစဥ္၌ ေရထည့္ဖို႔အတြက္ အေပၚထပ္သို႔တက္လာေသာ ခ်င္ခ်ီပိုင္ကို သူတို႔ႏွစ္ေယာက္လုံး သတိမထားခဲ့မိေပ။
"ခ်န္းလုံအန္းက အခု ..... ငါ့ အိမ္မွာရွိေနတာလား။ "
ထို႔ေနာက္ဆက္၍ ခ်န္းလုံအန္းေၾကာင့္ ၾကမ္းျပင္တြင္လိမ့္ကာ ကုယ်န္ရွန္း၏ထိုးႏွက္ျခင္း ခံခဲ့ရသည့္ သူ႕ရဲ႕အျဖစ္ကို ျပန္အမွတ္ရသြားခဲ့သည္။ ထို႔အျပင္ အဲ့ဒီေခြးသားက သူ႕ကိုလူမွားၿပီးဖမ္းေခၚသြားရေအာင္ လုပ္ခဲ့ၿပီး သူလည္း သူ႕အေဖ၏အျပစ္ေပးျခင္းကို ခံခဲ့ရသည္။
"ေရွာင္ခ်ီေဟာင္ ! မင္း ဘယ္သြားေနတာလဲ ၊ ေရွာင္ခ်ီေဟာင္ ? " ခ်င္ခ်ီပိုင္က တံခါးနားသို႔ သြားၿပီး ေအာ္ေခၚလိုက္သည္။
"ဘာျဖစ္လို႔လဲ သခင္ေလး" ေရွာင္ခ်ီေဟာင္က အခန္းထဲမွထြက္လာၿပီး ေမးလိုက္သည္။
"သြားမယ္ .... အခုက ေပ်ာ္ရမယ့္အခ်ိန္ပဲ၊ ေနာက္ဆုံးေတာ့ ငါ လက္စားေခ်နိဳင္ၿပီ ..... "
"န်န္န်န္ .... န်န္န်န္ .... ငါ့ကို ခြင့္လႊတ္ေပးနိုင္မလား။ န်န္န်န္ ! ျပန္လာခဲ့ ! ငါမင္းကို ေျမေအာက္ခန္းထဲမွာ ထာဝရပိတ္ေလွာင္ထားမယ္ ..... ! "
"မလုပ္နဲ႕ ! ! "
အိပ္ရာေပၚရွိလူက ႐ုတ္တရက္မ်က္လုံးပြင့္လာၿပီး ထထိုင္လိုက္သည္။ သူ႕မ်က္ဝန္းေတြ၌ ေၾကာက္႐ြံ႕မႈမ်ားျပည့္ေနၿပီး အသက္ကိုျပင္းျပင္းရႉကာ သူ႕ကိုယ္သူ တည္ၿငိမ္သြားေအာင္ ျပဳလုပ္ေနခဲ့သည္။
ကုယ်န္ရွန္းရဲ႕ သူ႕ကို ဝမ္န်ဲ့န်န္အထင္ျဖင့္ ေအာ္ေခၚေနတဲ့အသံကိုၾကားတဲ့အခ်ိန္မွာ သူ႕ရဲ႕ပထမဦးဆုံးတုံ႕ျပန္မႈက ေၾကာက္႐ြံ႕ျခင္းျဖစ္ေနခဲ့ၿပီး .... ကုယ်န္ရွန္းရဲ႕ အသံကို ၾကားရမွာကို သူေၾကာက္ေနခဲ့သည္။
*****
႐ုတ္တရက္ျမည္လာတဲ့ ဖုန္းသံေၾကာင့္ ဝမ္န်ဲ့န်န္လန႔္သြားၿပီး ဖုန္းကိုလွမ္းယူလိုက္သည္။
"ဟုတ္ကဲ့ .... ဘယ္သူပါလဲ"
"ဒါက မစၥတာ WE ၊ ဝမ္ ဟုတ္ပါသလား။ "
"ဟုတ္ပါတယ္ ... ဒါနဲ႕ ခင္မ်ားက ..... "
"ဟုတ္ကဲ့ ကြၽန္ေတာ္တို႔က အရင္ဗုဒၶဟူးေနတုန္းက အသံသြင္းဖို႔ အခ်ိန္ယူခဲ့ေပမယ့္ ေ႐ႊ႕ဆိုင္းလိုက္ရတယ္ေလ။ အဲ့တာ အခုမ်ား အဆင္ေျပမလားလို႔ပါ။ ကြၽန္ေတာ္တို႔ဘက္က မစၥတာဝမ္ကို ထပ္ၿပီး ဖိတ္ၾကားလို႔ ရနိုင္မလား။ "
ဝမ္န်ဲ့န်န္က သူ႕ေျခေထာက္ကို မသိမသာၾကည့္လိုက္ၿပီး တစ္စုံတစ္ရာအသိေပးေနသလို မ်က္ဝန္းေတြက လင္းလက္ေနခဲ့သည္။ သူ႕ရဲ႕ အတိတ္မွတ္ဉာဏ္ေတြထဲမွာ ဒီထက္ပိုၿပီး ပိတ္ေလွာင္မေနေတာ့ဘူး။ သူ႕မွာ သူခ်စ္တဲ့ သီခ်င္းနဲ႕ ပရိတ္သတ္ေတြ ရွိေနၿပီပဲ။
"ရပါတယ္"
"ဒါဆို သိပ္ေကာင္းတာေပါ့။ ကြၽန္ေတာ္တို႔အစီအစဥ္က တိုက္ရိုက္ထုတ္လႊင့္ၿပီး ပရိတ္သတ္ေတြနဲ႕လည္း တိုက္ရိုက္ေျဖၾကားရတဲ့ အစီအစဥ္ပါ။ ကြၽန္ေတာ္တို႔ဘက္က Weibo မွာ စာရင္းေကာက္ၿပီး သူတို႔ခံစားရသမွ် စာတိုေတြေရးခိုင္းမွာပါ ၊ ၿပီးရင္ နတ္ဘုရား WE က အဲ့ဒီစာေတြကို ဖတ္ေပးရမွာပါ။ ဆိုေတာ့ Lianmai ကေနပဲ အနိုင္ရတဲ့သူေတြကို မစၥတာဝမ္ စကားေျပာလိုက္လို႔ ရပါတယ္ "
ဝမ္န်ဲ့န်န္ ခနမွ်ေၾကာင္အသြားခဲ့သည္။ " တိုက္ရိုက္ထုတ္လႊင့္တဲ့အစီအစဥ္က အျပန္အလွန္စကားေျပာရင္း လုပ္မွာလား။ "
"ဟုတ္ပါတယ္"
"ေကာင္းပါၿပီ"
ထို႔ေနာက္ အစီအစဥ္တင္ဆက္သည့္ official blog မွ ဗုဒၶဟူးေန႕တြင္ သူတို႔ရဲ႕အစီအစဥ္၌ WE က ဧည့္သည္အျဖစ္ ပါဝင္သြားမည့္အေၾကာင္းကို စာေရးၿပီးတင္ခဲ့သည္။ ထို႔အျပင္ Lianmai* ကိုအသုံးျပဳၿပီး တိုက္ရိုက္ထုတ္လႊင့္မွာျဖစ္ကာ ဖန္ေတြနဲ႕လည္း အျပန္အလွန္စကားေျပာမည့္အေၾကာင္း ေၾကညာခဲ့သည္။
DAWN website ၌ ဖန္ေတြျပန္တင္ထားသည့္ ပို႔စ္ကို ကုယ်န္ရွန္းေတြ႕ခဲ့ၿပီး ပုံထဲ၌ေရးထားသည့္ 'Lianmai' ဆိုသည့္စကားလုံးေၾကာင့္ သူ႕မ်က္ဝန္းတို႔မွာ ေတာက္ပေသာအလင္းမ်ားျဖင့္ လဲ့ေနခဲ့သည္။
Live Lianmai ... WE ထံသို႔ပို႔မယ့္ အူလွိုက္သည္းလွိုက္ျဖစ္ေစမည့္ စာတိုမ်ားကို သင္တို႔ေရးနိုင္ပါတယ္။
©©©©©©©©©©©©©©©©©
A/n: [Lianmai (က Shangmai လို႔လည္း ေခၚပါတယ္) သူက live လႊင့္ရင္သုံးတဲ့ app တစ္ခုပါ။
Black 🌻 Lotus
Words-3442
Apr/19/2022
Wine
________________