အခန်း(၈၅) မင်းတို့သာ တွန်းအားမပေးခဲ့ရင် ငါအခုလိုရူးသွားမှာ မဟုတ်ဘူး။

9.9K 1.6K 231
                                    

အခန်းထဲဝင်ပြီးနောက် ကုယျန်ရှန်းက သူ့ကို ပို့လာပေးသည့် ဓာတ်ပုံတစ်ခုချင်းစီကို နှိပ်ကြည့်လိုက်ပြီး ထိုဓာတ်ပုံတွေကိုမြင်တဲ့အခါ ကုယျန်ရှန်းရဲ့ မျက်ဝန်းတွေက ကြောက်စရာကောင်းလောက်အောင် အေးစက်သွားသည်။

ဓာတ်ပုံထဲမှာပါလာတဲ့ ဝမ်နျဲ့နျန်ကို ပြုံးပြီးစကားတွေပြောနေတဲ့သူကို ကုယျန်ရှန်း တစ်ခါမှမမြင်ဖူးပေ။ ထိုသူရဲ့အမူအရာက နူးညံ့မှုတွေပြည့်နှက်နေပြီး ထိုသူကိုစကားပြောနေတဲ့ ဝမ်နျဲ့နျန်၏ပုံစံမှာလည်း စိတ်ပေါ့ပါးနေသည်။ သူတို့နှစ်ယောက်ရဲ့ ပုံစံကအရမ်းကို ရင်းနှီးနေပုံရပြီး အတူယှဉ်ပြီး အခန်းတစ်ခုထဲသို့ ဝင်သွားသည့် ပုံတွေလည်း ပါလာသည်။

ထိုအခန်းထဲဝင်သွားတဲ့ ပုံကိုကြည့်ပြီး ကုယျန်ရှန်းက သူ့ဖုန်းကိုယူပြီး ဓာတ်ပုံတွေပို့ပေးတဲ့သူကို ဖုန်းဆက်လိုက်သည်။

"ငါ မင်းကို မေးမယ် နျဲ့နျန် အဲ့ဒီအခန်းထဲဝင်သွားပြီး ဘယ်လောက်ကြာမှ ပြန်ထွက်လာလဲ။"

တစ်ဖက်ကအဖြေကိုလည်း ကြားရော ဖုန်းကိုချက်ချင်းချလိုက်ပြီး ခက်ထန်နေသော မျက်ဝန်းများဖြင့် ဓာတ်ပုံထဲက လူနှစ်ယောက်ကို တစ်ဖန်ပြန်ကြည့်လိုက်သည်။

"ဟက် . အခန်းထဲမှာ သုံးနာရီကြာအောင်တောင် နေခဲ့တာ ဝမ်နျဲ့နျန် မင်းက တကယ့်ကို အံ့ဩစရာပါပဲ "

အိမ်အောက်ထပ်တွင် ဝမ်နျဲ့နျန်က သူ့ရှေ့မှာရှိတဲ့ ထိုင်ခုံနေရာကို ငေးကြည့်နေပြီး တံခါးကိုဆောင့်ဖွင့်ကာ အခန်းထဲမှ ထွက်လာပြီး ဒေါသကြောင့် မဲမှောင်နေသည့် မျက်နှာဖြင့် လှေကားမှဆင်းလာသည့် ကုယျန်ရှန်းကို သတိမထားမိပေ။

ဝမ်နျဲ့နျန်က ထိုင်ခုံမှထလိုက်ပြီး သူ့လက်မှာဝတ်ထားတဲ့ လက်ထပ်လက်စွပ်ကို ကြည့်နေသည်။ ထိုအချိန်အထိ ကုယျန်ရှန်းက အနောက်မှာရောက်နေတာကို မသိဘဲ ရုတ်တရက် အနောက်သို့ လှည့်လိုက်မှသာ အေးစက်စွာစိုက်ကြည့်နေသည့် ကုယျန်ရှန်းကို တွေ့လိုက်ရသည်။

"မင်း "

ဝမ်နျဲ့နျန်၏စကားမဆုံးခင် ကုယျန်ရှန်းက သူ့ရှေ့မှာရှိတဲ့ ထမင်းစားပွဲကို ဆွဲမှောက်ပစ်လိုက်သည်။ စားပွဲပေါ်ကပြုတ်ကျသွားသော ပန်းကန်တွေ၏ ကျကွဲသံကြောင့် တစ်အိမ်လုံးက ဆူညံသွားသည်ပြီး ထိုအရာတွေကို အံ့ဩမှင်သက်စွာ စိုက်ကြည့်နေသူက ဝမ်နျဲ့နျန် တစ်ယောက်တည်းသာ။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now