အခန်း(၁၅၆) ကုယျန်ရှန်းက နျဲ့နျန်ရဲ့ live မှာ ပါဝင်ခဲ့တယ်

5.8K 756 35
                                    

အခန်း(၁၅၆) ကုယျန်ရှန်းက နျဲ့နျန်ရဲ့ live မှာပါဝင်ခဲ့တယ်။

ဒီနေ့က စနေ တနင်္ဂနွေပိတ်ရက်ဖြစ်ပြီး စတူဒီယို၌ ဝမ်နျဲ့နျန်တစ်ယောက်တည်း ရှိနေသည်။ အစီအစဉ်ရိုက်ကူးမယ့်လူက သီချင်းအနည်းငယ်ပြင်ဆင်ထားပေးဖို့ ပြောခဲ့တာကြောင့် စတူဒီယိုသို့ ဝမ်နျဲ့နျန်ရောက်လာခဲ့ခြင်းပင်။

စတူဒီယိုတံခါးရှိခေါင်းလောင်းက ရုတ်တရက်အသံမြည်လာခဲ့ပြီး ဝမ်နျဲ့နျန်လည်း ထိုင်ရာမှထကာ စစ်ဆေးကြည့်ဖို့ အခန်းအပြင်သို့ ထွက်သွားခဲ့သည်။ သို့ပေမယ့် တံခါးဝတွင်ရပ်နေတဲ့ သူကိုမြင်ပြီး သူ့ခြေလှမ်းတွေက ရပ်တန့်ကာ တောင့်တောင့်ကြီးဖြစ်နေခဲ့သည်။

"ဟိုင်း .... အကို နျဲ့နျန် !" ကုလင်က တံခါးဝ၌ ရုတ်တရက်ပေါ်လာပြီး လက်ကိုဝှေ့ယမ်းကာ ဝမ်နျဲ့နျန်အား ပြုံးပြနေခဲ့သည်။

ဝမ်နျဲ့နျန်က ကုလင်ရဲ့မျက်နှာကို မိန်းမောစွာငေးကြည့်နေခဲ့သည်။ ကုလင်ရဲ့အပြုံးက အထက်တန်းကျောင်းတုန်းက သူမြင်ဖူးတဲ့ ကုယျန်ရှန်း၏အပြုံးနှင့် တထပ်တည်း တူညီနေသည်။

"မင်း ...... မင်းက ကုမိသားစုဝင်လား။ "

ကုလင်က ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးလျှောက်လာပြီး ပတ်ပတ်လည်သို့လိုက်ကြည့်ကာ ခေါင်းတညိမ့်ညိမ့်နှင့် ပြုံးနေခဲ့သည်။

"အင်း .... ကျွန်တော့်နာမည်က ကုလင်ပါ ။ ကုယျန်ရှန်းရဲ့ ညီလေ။ နျန်ကော ..... အကို့ရဲ့စတူဒီယိုအပြင်အဆင်က တော်တော်လှတာပဲ။ ကျွန်တော် လိုက်ကြည့်လို့ရလား။"

"ရတယ်"

ပြီးနောက် ကုလင်က စန္ဒရားခန်းထဲသို့ ဝင်သွားပြီး ဟိုဟိုဒီဒီလိုက်ကြည့်နေခဲ့သည်။ ဝမ်နျဲ့နျန်ကတော့ ထိုနေရာတွင်ပဲ တောင့်တောင့်ကြီးရပ်ကျန်နေပြီး စိတ်ထဲ၌ ဘာလုပ်ရမှန်းမသိသည့် ဆုံးရှုံးသွားသလိုခံစားချက်မျိုးရနေကာ လက်ဖြင့် နဖူးကိုအသာအယာထောက်ထားခဲ့သည်။

ထိုမျက်နှာကဲ့သို့သော ပြုံးနေသည့်မျက်နှာက တစ်ချိန်က သူ့ကို အလွန်အကြူးယစ်မူးမှုကို ဖြစ်စေခဲ့သည်။ ဘတ်စကတ်ဘောကွင်း၌ ထိုအပြုံးကို ပထမဦးဆုံးမြင်ခဲ့ရပြီး တစ်သက်တာအတွက် သူဘယ်တုန်းကမှ မမေ့နိုင်ခဲ့ပေ။ သို့ပေမယ့် ထိုအချိန်တုန်းက ထိုအပြုံးက ...... ချန်းလုံအန်းအတွက် ဖြစ်ခဲ့သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now