အခန်း(၁၀၈) မင်းမိန်းမက တခြားယောက်ျားနောက် လိုက်သွားလို့လား...

17.8K 2.4K 365
                                    

ထျန်ရှုံး၏ဆွဲခေါ်ရာနောက်ပါသွားပြီးနောက် လူနာအခန်းထဲသို့ ရောက်သွားသည့်အခါ အရင်တစ်ခါတွေ့ဖူးသည်ထက် အများကြီးပိန်ကျသွားသော ဝမ်နျဲ့နျန်ကိုကြည့်ပြီး ငြိမ်သက်သွားခဲ့သည်။ သူ့လက်ထဲက ပန်းစည်းကို စားပွဲပေါ်တင်လိုက်ပြီး တစ်ဖက်ကခုံတွင် ထိုင်လိုက်သည်။

"မစ္စတာဝမ်ရဲ့ ဒဏ်ရာတွေပြန်ကောင်းနေပြီလား။ ခြေထောက်ကရော နာနေသေးလား။"

"ထပ်ပြီးမနာတော့ပါဘူး။"

ဝမ်နျဲ့နျန်က သူ့ခြေထောက်ကပတ်တီးကို မျက်လုံးပင့်ကာကြည့်လိုက်ပြီး ခပ်တိုးတိုးသာ ပြန်ဖြေလိုက်သည်။ ထျန်လွမ်ရွှန်းက ဝမ်နျဲ့နျန်လည်ပင်းက ဒဏ်ရာကိုစိုက်ကြည့်ပြီး တုန်လှုပ်မိသွားကာ နူးညံ့သောလေသံဖြင့် သူသိချင်သည့်အကြောင်းအရာကို ကွေ့ဝိုက်မနေပဲ ထပ်မေးလိုက်သည်။

"မစ္စတာဝမ်ရဲ့ ခြေထောက်ဒဏ်ရာက အရမ်းဆိုးတယ်လို့ ထျန်ရှုံးပြောတယ်။ ဘယ်လိုထိခိုက်ခဲ့တာလဲဆိုတာ ပြောပြလို့ရမလား။"

"အကို .."

ထျန်ရှုံးက သူ့အကိုရဲ့အမေးကို ချက်ချင်းပဲဝင်တားလိုက်ပြီး ထပ်မမေးဖို့ မျက်လုံးဖြင့် အရိပ်အယောင်ပြကာပြောလိုက်သည်။ ထို့နောက် သူက ဝမ်နျဲ့နျန်ဘက်လှည့်ပြီး အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

"နျဲ့နျန် ငါ မင်းအတွက်ဘာဝယ်လာလဲ ခန့်မှန်းကြည့် "

"ဝယ်လာတယ် ? "

ဝမ်နျဲ့နျန်က သူ့ကိုပြုံးပြီးစိုက်ကြည့်နေသော ထျန်ရှုံးကိုမော့ကြည့်ကာ ပြန်မေးလိုက်သည်။

"အင်း ဒါက ဖုန်းအသစ်ပဲ။ မင်းကိုပေးဖို့ ဒီမနက်ပဲ ငါသွားဝယ်ခဲ့တာ။"

ထျန်ရှုံးရဲ့ စကားကို နားထောင်ပြီး ဝမ်နျဲ့နျန်ကတော့ ကြောင်အနေခဲ့ကာ ထျန်ရှုံးလက်ထဲက ဖုန်းဗူးလေးနှစ်ခုကိုသာ စိုက်ကြည့်နေခဲ့သည်။

'ဖုန်း ..'

ထျန်ရှုံးက သူ့လက်ထဲက ဗူးနှစ်ဗူးကို တစ်ခုချင်းစီဖွင့်လိုက်ပြီး ဗူးထဲက အမဲရောင်နှင့် အဖြူရောင် ဖုန်းနှစ်လုံးကလည်း မြင်ကွင်းထဲ ထင်ထင်ရှားရှား ပေါ်လာသည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now