ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 288K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

123

6.9K 1.3K 51
By Melinoe_Megami

Unicode

“သတ်.. သတ်ပစ်လိုက်ပြီ..?!”

ထိုမြင်ကွင်းကို မြင်လိုက်ရတဲ့လူတိုင်း ရင်းဆုယဲ့ရဲ့ ရုတ်တရက်ဆန်တဲ့ အပြုအမူကြောင့် မျက်လုံးကျွတ်ကျလုမတက် အံ့ဩထိတ်လန့်သွားကြတယ်။ အထူးသဖြင့် ဝေရိခေါ်လာသောလူတွေက လူသားဘုရင်အသစ် အခုလို လူသတ်လိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး။

သူတို့ဘာမှမတတ်နိုင်ခင် သူတို့ရဲ့ခေါင်းဆောင်က အသတ်ခံလိုက်ရပြီ။ လူတိုင်း မှင်သက်သွားပြီး မျက်နှာပျက်ယွင်းသွားကြတယ်။ နောက်တော့ သတ္တိအနည်းငယ်ရှိတဲ့ လူတချို့က အကြောက်တရားကို ထိန်းချုပ်ပြီး ပြင်းထန်လွန်းတဲ့ ဖိအားအောက်မှာ ရင်းဆုယဲ့ရဲ့ လူမဆန်တဲ့လုပ်ရပ်အပေါ် စတင်စွပ်စွဲကြတော့တယ်။

သူတို့ရဲ့စိတ်ထဲမှာ ရင်းဆုယဲ့ သတိလစ်နေတဲ့တစ်လျှောက် ဝေရိက ကြိုးစားပမ်းစားနဲ့ သူတို့ကို ဦးဆောင်ပြီး အရှုပ်အထွေးတွေကို ဖြေရှင်းပေးခဲ့တဲ့အတွက် မချီးမွမ်းရင်တောင် အသိအမှတ်ပြုသင့်ပါတယ်လို့ တွေးနေကြလေတယ်။

သို့ပေမယ့် ရင်းဆုယဲ့ သတိပြန်ရလာတဲ့အချိန် အရာအားလုံးကို လျစ်လျူရှုလိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့မှာလဲ?

ရင်းဆုယဲ့က အသိအမှတ်မပြုတဲ့အပြင် ဘာမဟုတ်တဲ့ စကားအနည်းငယ်ကြောင့် သူတို့ရဲ့ခေါင်း‌ဆောင်ကို ဒီအတိုင်း သတ်ပစ်လိုက်တယ်။ ထိုအခြင်းအရာက သူတို့ကို လက်မခံနိုင်အောင် ဖြစ်သွားစေတယ်။ ထို့ကြောင့် ရင်းဆုယဲ့အား မကျေမနပ် ပြောဆိုကြတော့တယ်။

“မင်းက လူသားဘုရင် မဟုတ်ဘူးလား..? ဒီလိုမျိုး မဆင်မခြင် လူသတ်လို့မရဘူးလေ..”

“ကျုပ်တို့ခေါင်းဆောင်က ဘာအမှားမှ မလုပ်ခဲ့ဘူး.. သူ့ကို ဘာလို့သေဒဏ်ပေးလိုက်တာလဲ..?”

“ကြီးမြတ်သော ဘုရင်အဆင့်ကို ရောက်နေပြီဆိုရင်တောင် ခင်ဗျားကို ဘုရင်အသစ်အဖြစ် မတင်မြှောက်ရသေးဘူး.. စွမ်းအားသုံးပြီး ထောင်လွှားနေတာ တစ်လောကလုံးကို မျက်လုံးထဲ မထည့်တော့ဘူးလား..!”

***

တစ်ယောက်က ရှေ့ထွက်ပြောလိုက်တာနဲ့ ကျန်လူတွေလည်း မျက်စိစုံမှိတ် လိုက်ပြောကြတော့တယ်။ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ စကားတွေက ရုန့်ရင်းကြမ်းတမ်းလာခဲ့တယ်။

“မင်းတို့ရော သေချင်လို့လား..?”

ဝေရိကို ရှင်းပစ်ပြီးနောက် ရင်းဆုယဲ့က အော်ဟစ်နေတဲ့ လူတွေဘက်ကို လှည့်ကြည့်လိုက်တယ်။ သူ့ရဲ့အသံက ခံစားချက်ကင်းမဲ့နေပြီး ကြားရသူတိုင်းကို နှလုံးသားရဲ့ အောက်ခြေအထိ အေးစိမ့်သွားစေတယ်။ ကြောက်မက်ဖွယ် စူးရှနေတဲ့ မျက်ဝန်းအစုံက ဤကမ္ဘာတစ်ခုလုံးကို သူ့ရဲ့ခြေဖဝါးအောက် ဖိနင်းထားသလိုမျိုး မာနတရားတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်။ ရင်းဆုယဲ့ကို ပြစ်တင်ရှုံ့ချနေကြတဲ့ လူတွေလည်း ချက်ချင်း လည်မျိုတက်နင်းခံလိုက်ရသလို တိတ်ဆိတ်သွားကြတယ်။

ရင်းဆုယဲ့ရဲ့ မျက်ဝန်းထဲကနေ လျှံကျလာတဲ့ ဖိအားအရှိန်အဝါက မိစ္ဆာတစ်ကောင်ရဲ့ အကြည့်လို့ အထင်မှားစေလောက်တယ်။ သူတို့ရဲ့နှလုံးသားထဲ တင်းကျပ်သွားရပြီး တိုင်းဆလို့မရတဲ့ အကြောက်တရားတွေ ပေါ်ထွက်လာခဲ့တယ်။

တောက်ပတဲ့နေရောင်ခြည်ကို နောက်ခံထားတဲ့ ရင်းဆုယဲ့ရဲ့ပုံစံက ‘နေမင်းအလင်းရောင်’ ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ဆန့်ကျင်နေပြီး အနွေးဓာတ်ကို မခံစားရစေရုံသာမက ငရဲမှလွတ်မြောက်လာတဲ့ မိစ္ဆာကောင်လို မွန်းကျပ်စရာကောင်းတဲ့ ခံစားချက်မျိုး ပေးစွမ်းနေလေတယ်။

“ဘာမှမပြောဘူးဆိုတော့ အသံတိတ်သဘောတူနေတာလား..?”

ရင်းဆုယဲ့က မျက်ခုံးကို အသာအယာ ပင့်တင်လိုက်တယ်။ သူ့ရဲ့မျက်ဝန်းထဲမှာတော့ လှောင်ပြောင်သရော်ရိပ်အပြည့်။

ဒီလူတွေက သူ့အရှေ့မှာတော့ ပုရွက်ဆိတ်လေးတွေလိုပဲ။ လှည့်ကြည့်ဖို့တောင် မထိုက်တန်ဘူး။ ဒီလူတွေနဲ့ အချိန်ဖြုန်းနေတာက သူ့ရဲ့ သွေးဆာလောင်နေတဲ့ လူသတ်ချင်စိတ်ကို နှစ်သိမ့်ပေးချင်လို့ပဲ။ ပြီးတော့ ဒီလူတွေကို သေခြင်းတရားက ဘယ်လောက် ကြောက်စရာကောင်းကြောင်း သိသွားစေချင်တယ်။

တကယ်တော့ အရင်ဘဝက သူ့အပေါ် သစ္စာဖောက်ခဲ့တဲ့ ဝေရိကို အခုလို လွယ်လွယ်ကူကူ သေခွင့်မပေးချင်ခဲ့ဘူး။ ဒါပေမဲ့ သူစိတ်တိုနေရင်တောင် ကောင်လေးက သွေးလွှီမ်းနေတဲ့မြင်ကွင်းတွေကို မနှစ်မြို့ကြောင်း သတိရနေတုန်းပဲ။ ထို့ကြောင့် ဝေရိကို ကောင်းကောင်းမွန်မွန် သေခွင့်ပေးလိုက်ရတယ်။

သိသာစွာပဲ ဝေရိရဲ့သေဆုံးခြင်းက ရင်းဆုယဲ့နှလုံးသားထဲက လူသတ်ချင်စိတ်ကို လျော့ချမပေးနိုင်ခဲ့ဘူး။ ထို့ကြောင့် ရင်းဆုယဲ့ရဲ့ ဒေါသတွေက ဝေရိခေါ်ဆောင်လာတဲ့ လူတွေအပေါ်ကို ပုံကျသွားတော့တယ်။

“…………”

တစ်ယောက်တည်း အမေးအဖြေလုပ်နေတဲ့ ရင်းဆုယဲ့ကြောင့် ထိုလူစုခမျာ ရင်ခံသွားရတယ်။ သူတို့က ရင်းဆုယဲ့ဆီမှာ အသနားမခံချင်လို့မဟုတ်ဘဲ ရင်းဆုယဲ့ရဲ့ ဖိအားအရှိန်အဝါကြောင့် မွန်းကျပ်ပြီး စကားမပြောနိုင်ခြင်းသာ ဖြစ်တယ်။

အခုတော့ သူတို့အားလုံး နောင်တရခဲ့ပြီ။ ရွှယ်ယို့ရှန်းကို ပြဿနာမရှာသင့်သလို ရင်းဆုယဲ့ရဲ့ ဒေါသကိုလည်း သွားမဆွခဲ့သင့်ဘူး။ အထူးသဖြင့် သူများယောင်တိုင်း လိုက်ယောင်ပြီး ရင်းဆုယဲ့ကို ဝေဖန်အပြစ်တင်တာမျိုး မလုပ်ခဲ့သင့်ဘူး။

ဒါပေမဲ့ လက်တွေ့ဘဝက သူတို့ကို နောင်တရခွင့်မပြုတော့ပါဘူး။

ရင်းဆုယဲ့ လက်မြှောက်လာတာကို အသံတိတ် ငေးကြည့်နေခဲ့ရတယ်။ ရင်းဆုယဲ့ရဲ့ လက်ညှိုးညွှန်ရာအတိုင်း သူတို့ရဲ့ မျက်လုံးထဲက အကြောက်တရား၊ စိတ်ပျက်အားငယ်ခြင်းတွေနဲ့အတူ ထာဝရ ပိတ်ကျသွားတော့တယ်။

“အဲ့တာဆို သေလိုက်တော့..”

သွေးဆာလောင်စိတ်ဆိုတာ စိတ်ရိုင်းဝင်ပြီးနောက်ပိုင်း ရင်းဆုယဲ့ရဲ့ စရိုက်လက္ခဏာတစ်ခု ဖြစ်လာခဲ့တယ်။ အထူးသဖြင့် တိုက်ပွဲဝင်နေတဲ့အချိန်မှာ သူ့ရဲ့စိတ်က မတည်မငြိမ်ဖြစ်နေလေ၊ သွေးဆာလောင်စိတ်က ပိုပြီးသိသာလေပါပဲ။

ပြီးတော့ ‘ကျားကို တောအုပ်ထဲ ပြန်မလွှတ်နိုင်’ ဆိုတဲ့ သူ့ရဲ့စည်းမျဉ်းအတိုင်း ရင်းဆုယဲ့က ‘ကျူပင်ခုတ် ကျူငုတ်ပါမကျန်’အောင် အမြဲတမ်း ရှင်းပစ်တတ်တယ်။ ‘လေနဲ့အတူ ပြန်ပြီးရွက်လွှင့်ခွင့် မပြုနိုင်ဘူး’။

ထို့ကြောင့် ဝေရိခေါ်ဆောင်လာသမျှလူတိုင်းကို သတ်ပစ်လိုက်ခြင်း ဖြစ်တယ်။

ကံကောင်းထောက်မစွာနဲ့ သူ့ရဲ့နှလုံးသားထဲမှာ လူသတ်လိုစိတ်တွေ ပြည့်လျှံနေတဲ့အချိန် ရွှယ်ယို့ရှန်းက သူ့ရဲ့နောက်မှာ ရပ်နေခဲ့တယ်။ ထို့ကြောင့် ထိုလူများတွေကို ရက်စက်ဆိုးဝါးတဲ့ နည်းလမ်းတွေနဲ့ မသတ်ပစ်ဘဲ မျက်စိတစ်မှိတ်အတွင်း လက်စတုန်းပစ်လိုက်ရတယ်။

ရင်းဆုယဲ့က ဝေရိရဲ့လူတွေ တစ်ယောက်ပြီးတစ်ယောက် လဲပြိုကျသွားတာကို ထူးမခြားနားတဲ့ မျက်နှာထားနဲ့ စိုက်ကြည့်နေခဲ့လေတယ်။ သူ့ရဲ့ဟန်ပန်က အေးစက်ပြီး ရက်စက်ကြမ်းကြုတ်ပေမယ့် ကြည့်ကောင်းနေတုန်းပဲ။

“…………”

ရွှယ်ယို့ရှန်းခမျာ သူ့ကိုယ်သူ ကယ်တင်လို့မရနိုင်တော့သလို ခံစားလိုက်ရတယ်။

‘တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး’ဆိုတာ တကယ်ကြီးဟ..!

ဗီလိန်ကြီးရင်းဆုယဲ့ဘေးမှာ နေတာကြာသွားတော့ အခုဆိုရင် ရင်းဆုယဲ့ သတ်ဖြတ်နေတာကို မြင်နေရတာတောင် သိပ်မကြောက်တော့ဘူး။ ဧကန္တ ဒီကမ္ဘာကို ရောက်တာကြာသွားလို့ နေသားကျသွားတာများလား..?

ဒါမှမဟုတ် ရင်းဆုယဲ့သတ်လိုက်တဲ့ လူတွေအားလုံးက ရန်သူတွေဆိုတော့ သူတို့အပေါ် ကိုယ်ချင်းစာစိတ် မရှိတော့တာများလား..?

ဒါမှမဟုတ် ရင်းဆုယဲ့ရဲ့ လူသတ်နည်းက သွေးတစ်စက်မှမထွက်တော့ အတိုင်းအတာတစ်ခုအထိ လက်ခံနိုင်သွားတာများလား..?

မည်သို့ပင်ဆိုစေ ကိုယ့်ကိုယ်ကို ၂၁ ရာစုရဲ့ လူကောင်းသူကောင်းလေးအဖြစ် သတ်မှတ်ထားတဲ့ ရွှယ်ယို့ရှန်းအတွက်တော့ ဝမ်းနည်းဖွယ်ရာ ပုံပြင်လေးတစ်ပုဒ်ပါပဲ..!

‘သူ့ရဲ့သုံးဖက်တွေးအမြင်က ပုံမှန်မဟုတ်တော့ဘူး’လို့ ရွှယ်ယို့ရှန်းကို ခံစားသွားရစေတဲ့အချက်က ရင်းဆုယဲ့ လူသတ်နေတာကိုကြည့်ရင်း…

‘လွှမ်းမိုးနိုင်စွမ်းရှိတယ်။ အထက်စီးဆန်ပြီး အရမ်းမိုက်တယ်’

..လို့ တွေးနေမိတာပါပဲ..!

ထိုအချိန်တုန်းက ရင်းဆုယဲ့က ဒီအတိုင်းလေး မတ်တပ်ရပ်နေခဲ့တာပဲ။ ဒါပေမဲ့ လှပသေသပ်တဲ့ ပန်းချီကားတစ်ချပ်လို အသက်ဝင်လွန်းတယ်။ ရွှေရောင်ဆံနွယ်တွေက လေနဲ့အတူ မျောလွင့်နေပြီး အနက်ရောင်ဝတ်ရုံက ရှည်လျားသန်မာတဲ့ သူ့ရဲ့ကိုယ်ဟန်ကို ပုံဖော်ပေးနေတယ်။ ထက်ရှစူးရဲတဲ့ မျက်ဝန်းတစ်စုံက ခိုင်မာပြတ်သားတဲ့စိတ်ကို ဖော်ပြနေတယ်။ နေရောင်ခြည် လွှမ်းခြုံထားတဲ့ သူ့ရဲ့ပုံစံက အရမ်းကိုရစ်မူးဖွယ်ရာပါပဲ..!

ရွှယ်ယို့ရှန်းတစ်ယောက် ရင်းဆုယဲ့ကိုကြည့်နေရင်း သူ့ရဲ့မျက်ဝန်းတွေက ကြယ်ရောင်စုံတဲ့ မျက်ဝန်းတွေအဖြစ် ပြောင်းလဲသွားသလို ခံစားလိုက်ရတယ်။

သူလုပ်လိုက်တဲ့ဟန်ပန်က အရမ်းမိုက်တယ်ဆိုတာ ရင်းဆုယဲ့မသိဘူးလား..? တကယ်ကြီး ဒီအတိုင်းလေး ဆက်နေလို့တောင် ရတယ်..!

“ရှောင်ယို့..”

ရင်းဆုယဲ့က နောက်လှည့်ပြီး သူ့ကို စိတ်အားထက်သန်စွာ ငေးကြည့်နေတဲ့ ရွှယ်ယို့ရှန်းကို ကြည့်လိုက်တယ်။ သွေးဆာလောင်နေတဲ့ လူသတ်ငွေ့တွေက တမဟုတ်ချင်း ပျောက်ကွယ်သွားပြီး ထိုအစား  နူးညံ့နွေးထွေးတဲ့ အငွေ့အသက်တချို့ သူ့ရဲ့မျက်နှာပေါ်မှာ ပေါ်ထွက်လာခဲ့တယ်။

ထိုအခြင်းအရာက သွေးဆာနေတဲ့ လူသတ်သမားကနေ သစ္စာရှိအိမ်မွေးခွေးလေးအသွင် ပြောင်းလဲသွားသလိုပါပဲ။

လျှို့ဝှက်သက်တော်စောင့်တွေအားလုံး သူတို့သခင်ကြီးရဲ့ မျက်နှာအပြောင်းအလဲမြန်ပုံကို ကြည့်ပြီး မျက်နှာလွှဲကာ ဘာမှမမြင်လိုက်သလို ပြုမူနေကြတော့တယ်။

သူတို့သခင်ကြီးက ဟိုလိုမျိုး စိတ်ကစဉ့်ကလျားရောဂါတော့ မဟုတ်လောက်ပါဘူးနော်..!

တစ်ချိန်တည်းမှာပဲ အခုလေးတင် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူတို့ရဲ့စိတ်ထဲမှာ စိုးရိမ်ကြောက်လန့်လာကြတယ်။

သခင်က သူ့ရဲ့လျှို့ဝှက်ချက်ကို ဖုံးကွယ်နိုင်ဖို့ သူတို့ကို ရှင်းပစ်လောက်လား..?

လျှို့ဝှက်သက်တော်စောင့်တစ်ယောက်ဖြစ်ရတာ ခက်ခဲလိုက်တာဗျာ..!

“ဒီတိုင်း သတ်ပစ်လိုက်ပြီလား..?”

ရွှယ်ယို့ရှန်းကတော့ စက္ကန့်ပိုင်းအတွင်း အမူအရာပြောင်းလဲတတ်တဲ့ ရင်းဆုယဲ့ရဲ့အကျင့်ကို ကျင့်သားရနေပြီဖြစ်တယ်။ ထို့ကြောင့် ထိုကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောခဲ့ဘူး။

အခုအခြေအနေမှာ သူစိုးရိမ်ရမှာက လက်ရှိပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာပဲ..! ရင်းဆုယဲ့က ကြီးမြတ်သော ဘုရင်အဆင့်ကို အဆင့်တက်ပြီးရုံပဲ ရှိသေးတာ။ လူသားဘုရင်အဖြစ် တင်မြှောက်မခံရသေးဘူး။ ဒါပေမဲ့ မြို့တော်ရဲ့အာဏာကို ချုပ်ကိုင်ထားတဲ့ ဝေရိကို သတ်ပစ်လိုက်မိပြီ။ တကယ်လို့ ဒီပြဿနာကို ကောင်းကောင်း မကိုင်တွယ်နိုင်ရင် ရင်းဆုယဲ့ကို နာမည်ဆိုးတွင်သွားစေလိမ့်မယ်။

‘ဘုရင်တိုင်းက သူတို့ရဲ့ကိုယ်ပိုင်စည်းမျဉ်းကို ဖော်ဆောင်တတ်ကြတယ်’ ဆိုတဲ့ ဆိုရိုးစကားရှိပေမယ့်လည်း ရင်းဆုယဲ့က ဝေရိကို ခပ်မြန်မြန် မရှင်းပစ်လိုက်သင့်ဘူး။ ဘယ်လိုပဲပြောပြော အင်အားတောင့်တင်းတဲ့ သစ္စာခံတွေမရှိရင် ရင်းဆုယဲ့အတွက်လည်း အကျိုးမဲ့စေလိမ့်မယ်။ ဘုရင်အသစ်တစ်ပါးအတွက် အခက်အခဲဖြစ်စေမယ့် ဘုရင်ဟောင်းဝမ်ပထျန်အပေါ် သစ္စာရှိတဲ့လူတွေကို အင်အားကြီးထွားလာစေလိမ့်မယ်။

‘ယုန်သေတာ မြေခွေးငိုသလို’၊ အထိကရုန်းတွေ ဖြစ်လာစေလိမ့်မယ်။ လူသတ်မှုကို အကြောင်းပြပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်လာကြလိမ့်မယ်။ အဲ့လိုဆိုရင် ရင်းဆုယဲ့က ကြီးမြတ်သောဘုရင်အဆင့်ကို ရောက်ပြီး ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေပြီဆိုပေမယ့် ‘ပြိုင်ဘက်ကင်းလုနီးပါး’ ဆိုတဲ့စကားအတိုင်း ‘ပုရွက်ဆိတ်ပင်လယ်ကြီးက ဆင်တစ်ကောင်ကို သတ်ပစ်နိုင်သလို’ ရင်းဆုယဲ့လည်း ထိုအင်အားစုကြောင့် အထိနာလိမ့်မယ်..!

ရွှယ်ယို့ရှန်းက ထိုကိစ္စနဲ့ပတ်သက်ပြီး ရင်းဆုယဲ့နဲ့ အချိန်ယူဆွေးနွေးသင့်တယ်လို့ တွေးလိုက်မိတယ်။

စွမ်းအားကြီးလွန်းလို့ လုပ်ကြံမခံရဘူးလို့ မထင်လိုက်နဲ့..!

“ဘုရင်ကိုပုန်ကန်တာ သေသင့်တယ်..!”

သူ့အတွက် စိုးရိမ်ပေးနေတဲ့ ကောင်လေးကိုကြည့်ရင်း ရင်းဆုယဲ့ရဲ့ မျက်ခုံးတန်းတွေက ပြေလျော့လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ဝေရိအပေါ် စွဲချက်တင်လိုက်တယ်။

ကောင်လေးကို ဆန့်ကျင်တာက သူ့ကိုပုန်ကန်တာပဲ..!

ပြီးတော့ ရင်းဆုယဲ့ရဲ့အမြင်မှာ ကောင်လေးကိုဆန့်ကျင်တာက သူ့ကိုပုန်ကန်တာထက် အပြစ်ပိုကြီးတယ်။ ဒါပေမဲ့ ဝေရိရဲ့ ပြစ်ဒဏ်အတွက် စွဲချက်တင်ဖို့ လိုအပ်တာကြောင့် ဒုတိယအချက်ကို အသုံးပြုလိုက်ရတယ်။

“တခြားလူတွေ ယုံပါ့မလား..?”

ရွှယ်ယို့ရှန်း တကယ်မေးလိုက်ချင်တာက .. ‘ခင်ဗျား ပေါက်ကရစွဲချက်တွေ လျှောက်ပြောနေတာ၊ ဘယ်သူယုံမှာလဲ..”

လူသားဘုရင်တစ်ပါးကို တစ်ယောက်တည်း ပုန်ကန်ရအောင် ရူးနေလို့လား..?

ရာဇဝင်ဆိုတာ အနိုင်ရတဲ့လူတွေ ဖန်တီးတာ..!

ဒီအချက်ကို သိပေမယ့်လည်း ရင်းဆုယဲ့ရဲ့ ယုံချင်စရာမရှိတဲ့ဆင်ခြေက အသုံးဝင်ပါ့မလား..?

“သူတို့ ယုံရမယ်..”

ရင်းဆုယဲ့က မျက်လုံးကိုပင့်ကာ သူ့ကိုယ်သူ အကြွင်းမဲ့ယုံကြည်ကြောင်း ထုတ်ဖော်ပြလေတယ်။

သူပြောရင် လူတိုင်းယုံကြည်ရမယ်..!

အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့တတ်တဲ့ လူသားတွေရဲ့ မကောင်းတဲ့စရိုက်ကို သူ ကောင်းကောင်း နားလည်ထားတယ်။ သူ့ရဲ့အာဏာနဲ့ ကျင့်ကြံဆင့်ကြောင့် ဝေရိရဲ့သေဆုံးမှုကို သံသယဝင်နေရင်တောင် သူ့ကို ငြင်းဆန်ရဲမှာမဟုတ်ဘူး။ ထိုအစား သူ့စကားကို သဘောတူလက်ခံကြလိမ့်မယ်။

တစ်ဖက်က လူသေဝေရိ၊ ကျန်တစ်ဖက်က လူသားဘုရင်အသစ်။ လူတိုင်း သူတို့ရပ်တည်ရမယ့်ဘက်ကို ရွေးချယ်နိုင်လိမ့်မယ်။ သေချာပေါက် သူပြောရဲတယ်။ ဘယ်သူမှ သေလမ်းရှာပြီး သူ့ကို ဆန့်ကျင်ရဲမှာမဟုတ်ဘူး။ ပြီးတော့ ‘ပုန်ကန်တယ်’ ဆိုတဲ့ စကားအတွက်လည်း အကြောင်းပြချက်များစွာ ရှိနေတယ်။

မရိုမသေလုပ်တာ ပုန်ကန်တာပဲ။ ပြန်ခံပြောတာ ပုန်ကန်တာပဲ။ လေးစားလိုက်နာမှု မရှိတာလည်း ပုန်ကန်တာပဲ။ ဝေရိရဲ့အပြုအမူတွေအရ အကြိမ်ပေါင်းများစွာ ပုန်ကန်ခဲ့တယ်လို့ ပြောနိုင်တယ်။ ဒါကြောင့် သေသင့်တယ်။ သူ့ရဲ့စကားက အမှားမပါဘူး။

“…………..”

ဗီလိန်ကြီး၊ ခင်ဗျား ဒီလိုမျိုး ‘အထက်စီးဆန်၊ မောက်မာထောင်လွှားပြီး အရမ်းမိမိုက်လွန်းနေလို့’ သူငယ်ချင်းမရှိတာ သေချာသလောက်ပဲ..!

…………………………….................

Zawgyi

“သတ္.. သတ္ပစ္လိုက္ၿပီ..?!”

ထိုျမင္ကြင္းကို ျမင္လိုက္ရတဲ့လူတိုင္း ရင္းဆုယဲ့ရဲ႕ ႐ုတ္တရက္ဆန္တဲ့ အျပဳအမူေၾကာင့္ မ်က္လုံးကြၽတ္က်လုမတက္ အံ့ဩထိတ္လန႔္သြားၾကတယ္။ အထူးသျဖင့္ ေဝရိေခၚလာေသာလူေတြက လူသားဘုရင္အသစ္ အခုလို လူသတ္လိမ့္မယ္လို႔ မထင္မွတ္ထားခဲ့ဘူး။

သူတို႔ဘာမွမတတ္ႏိုင္ခင္ သူတို႔ရဲ႕ေခါင္းေဆာင္က အသတ္ခံလိုက္ရၿပီ။ လူတိုင္း မွင္သက္သြားၿပီး မ်က္ႏွာပ်က္ယြင္းသြားၾကတယ္။ ေနာက္ေတာ့ သတၱိအနည္းငယ္ရွိတဲ့ လူတခ်ိဳ႕က အေၾကာက္တရားကို ထိန္းခ်ဳပ္ၿပီး ျပင္းထန္လြန္းတဲ့ ဖိအားေအာက္မွာ ရင္းဆုယဲ့ရဲ႕ လူမဆန္တဲ့လုပ္ရပ္အေပၚ စတင္စြပ္စြဲၾကေတာ့တယ္။

သူတို႔ရဲ႕စိတ္ထဲမွာ ရင္းဆုယဲ့ သတိလစ္ေနတဲ့တစ္ေလွ်ာက္ ေဝရိက ႀကိဳးစားပမ္းစားနဲ႔ သူတို႔ကို ဦးေဆာင္ၿပီး အရႈပ္အေထြးေတြကို ေျဖရွင္းေပးခဲ့တဲ့အတြက္ မခ်ီးမြမ္းရင္ေတာင္ အသိအမွတ္ျပဳသင့္ပါတယ္လို႔ ေတြးေနၾကေလတယ္။

သို႔ေပမယ့္ ရင္းဆုယဲ့ သတိျပန္ရလာတဲ့အခ်ိန္ အရာအားလုံးကို လ်စ္လ်ဴရႈလိမ့္မယ္လို႔ ဘယ္သူထင္ထားခဲ့မွာလဲ?

ရင္းဆုယဲ့က အသိအမွတ္မျပဳတဲ့အျပင္ ဘာမဟုတ္တဲ့ စကားအနည္းငယ္ေၾကာင့္ သူတို႔ရဲ႕ေခါင္း‌ေဆာင္ကို ဒီအတိုင္း သတ္ပစ္လိုက္တယ္။ ထိုအျခင္းအရာက သူတို႔ကို လက္မခံႏိုင္ေအာင္ ျဖစ္သြားေစတယ္။ ထို႔ေၾကာင့္ ရင္းဆုယဲ့အား မေက်မနပ္ ေျပာဆိုၾကေတာ့တယ္။

“မင္းက လူသားဘုရင္ မဟုတ္ဘူးလား..? ဒီလိုမ်ိဳး မဆင္မျခင္ လူသတ္လို႔မရဘူးေလ..”

“က်ဳပ္တို႔ေခါင္းေဆာင္က ဘာအမွားမွ မလုပ္ခဲ့ဘူး.. သူ႔ကို ဘာလို႔ေသဒဏ္ေပးလိုက္တာလဲ..?”

“ႀကီးျမတ္ေသာ ဘုရင္အဆင့္ကို ေရာက္ေနၿပီဆိုရင္ေတာင္ ခင္ဗ်ားကို ဘုရင္အသစ္အျဖစ္ မတင္ေျမႇာက္ရေသးဘူး.. စြမ္းအားသုံးၿပီး ေထာင္လႊားေနတာ တစ္ေလာကလုံးကို မ်က္လုံးထဲ မထည့္ေတာ့ဘူးလား..!”

***

တစ္ေယာက္က ေရွ႕ထြက္ေျပာလိုက္တာနဲ႔ က်န္လူေတြလည္း မ်က္စိစုံမွိတ္ လိုက္ေျပာၾကေတာ့တယ္။ တျဖည္းျဖည္းနဲ႔ သူတို႔ရဲ႕ စကားေတြက ႐ုန႔္ရင္းၾကမ္းတမ္းလာခဲ့တယ္။

“မင္းတို႔ေရာ ေသခ်င္လို႔လား..?”

ေဝရိကို ရွင္းပစ္ၿပီးေနာက္ ရင္းဆုယဲ့က ေအာ္ဟစ္ေနတဲ့ လူေတြဘက္ကို လွည့္ၾကည့္လိုက္တယ္။ သူ႔ရဲ႕အသံက ခံစားခ်က္ကင္းမဲ့ေနၿပီး ၾကားရသူတိုင္းကို ႏွလုံးသားရဲ႕ ေအာက္ေျခအထိ ေအးစိမ့္သြားေစတယ္။ ေၾကာက္မက္ဖြယ္ စူးရွေနတဲ့ မ်က္ဝန္းအစုံက ဤကမာၻတစ္ခုလုံးကို သူ႔ရဲ႕ေျခဖဝါးေအာက္ ဖိနင္းထားသလိုမ်ိဳး မာနတရားေတြနဲ႔ ဖုံးလႊမ္းေနခဲ့တယ္။ ရင္းဆုယဲ့ကို ျပစ္တင္ရႈံ႕ခ်ေနၾကတဲ့ လူေတြလည္း ခ်က္ခ်င္း လည္မ်ိဳတက္နင္းခံလိုက္ရသလို တိတ္ဆိတ္သြားၾကတယ္။

ရင္းဆုယဲ့ရဲ႕ မ်က္ဝန္းထဲကေန လွ်ံက်လာတဲ့ ဖိအားအရွိန္အဝါက မိစာၦတစ္ေကာင္ရဲ႕ အၾကည့္လို႔ အထင္မွားေစေလာက္တယ္။ သူတို႔ရဲ႕ႏွလုံးသားထဲ တင္းက်ပ္သြားရၿပီး တိုင္းဆလို႔မရတဲ့ အေၾကာက္တရားေတြ ေပၚထြက္လာခဲ့တယ္။

ေတာက္ပတဲ့ေနေရာင္ျခည္ကို ေနာက္ခံထားတဲ့ ရင္းဆုယဲ့ရဲ႕ပုံစံက ‘ေနမင္းအလင္းေရာင္’ ဆိုတဲ့ဂုဏ္ပုဒ္နဲ႔ ဆန႔္က်င္ေနၿပီး အေႏြးဓာတ္ကို မခံစားရေစ႐ုံသာမက ငရဲမွလြတ္ေျမာက္လာတဲ့ မိစာၦေကာင္လို မြန္းက်ပ္စရာေကာင္းတဲ့ ခံစားခ်က္မ်ိဳး ေပးစြမ္းေနေလတယ္။

“ဘာမွမေျပာဘူးဆိုေတာ့ အသံတိတ္သေဘာတူေနတာလား..?”

ရင္းဆုယဲ့က မ်က္ခုံးကို အသာအယာ ပင့္တင္လိုက္တယ္။ သူ႔ရဲ႕မ်က္ဝန္းထဲမွာေတာ့ ေလွာင္ေျပာင္သေရာ္ရိပ္အျပည့္။

ဒီလူေတြက သူ႔အေရွ႕မွာေတာ့ ပု႐ြက္ဆိတ္ေလးေတြလိုပဲ။ လွည့္ၾကည့္ဖို႔ေတာင္ မထိုက္တန္ဘူး။ ဒီလူေတြနဲ႔ အခ်ိန္ျဖဳန္းေနတာက သူ႔ရဲ႕ ေသြးဆာေလာင္ေနတဲ့ လူသတ္ခ်င္စိတ္ကို ႏွစ္သိမ့္ေပးခ်င္လို႔ပဲ။ ၿပီးေတာ့ ဒီလူေတြကို ေသျခင္းတရားက ဘယ္ေလာက္ ေၾကာက္စရာေကာင္းေၾကာင္း သိသြားေစခ်င္တယ္။

တကယ္ေတာ့ အရင္ဘဝက သူ႔အေပၚ သစၥာေဖာက္ခဲ့တဲ့ ေဝရိကို အခုလို လြယ္လြယ္ကူကူ ေသခြင့္မေပးခ်င္ခဲ့ဘူး။ ဒါေပမဲ့ သူစိတ္တိုေနရင္ေတာင္ ေကာင္ေလးက ေသြးလႊီမ္းေနတဲ့ျမင္ကြင္းေတြကို မႏွစ္ၿမိဳ႕ေၾကာင္း သတိရေနတုန္းပဲ။ ထို႔ေၾကာင့္ ေဝရိကို ေကာင္းေကာင္းမြန္မြန္ ေသခြင့္ေပးလိုက္ရတယ္။

သိသာစြာပဲ ေဝရိရဲ႕ေသဆုံးျခင္းက ရင္းဆုယဲ့ႏွလုံးသားထဲက လူသတ္ခ်င္စိတ္ကို ေလ်ာ့ခ်မေပးႏိုင္ခဲ့ဘူး။ ထို႔ေၾကာင့္ ရင္းဆုယဲ့ရဲ႕ ေဒါသေတြက ေဝရိေခၚေဆာင္လာတဲ့ လူေတြအေပၚကို ပုံက်သြားေတာ့တယ္။

“…………”

တစ္ေယာက္တည္း အေမးအေျဖလုပ္ေနတဲ့ ရင္းဆုယဲ့ေၾကာင့္ ထိုလူစုခမ်ာ ရင္ခံသြားရတယ္။ သူတို႔က ရင္းဆုယဲ့ဆီမွာ အသနားမခံခ်င္လို႔မဟုတ္ဘဲ ရင္းဆုယဲ့ရဲ႕ ဖိအားအရွိန္အဝါေၾကာင့္ မြန္းက်ပ္ၿပီး စကားမေျပာႏိုင္ျခင္းသာ ျဖစ္တယ္။

အခုေတာ့ သူတို႔အားလုံး ေနာင္တရခဲ့ၿပီ။ ႐ႊယ္ယို႔ရွန္းကို ျပႆနာမရွာသင့္သလို ရင္းဆုယဲ့ရဲ႕ ေဒါသကိုလည္း သြားမဆြခဲ့သင့္ဘူး။ အထူးသျဖင့္ သူမ်ားေယာင္တိုင္း လိုက္ေယာင္ၿပီး ရင္းဆုယဲ့ကို ေဝဖန္အျပစ္တင္တာမ်ိဳး မလုပ္ခဲ့သင့္ဘူး။

ဒါေပမဲ့ လက္ေတြ႕ဘဝက သူတို႔ကို ေနာင္တရခြင့္မျပဳေတာ့ပါဘူး။

ရင္းဆုယဲ့ လက္ေျမႇာက္လာတာကို အသံတိတ္ ေငးၾကည့္ေနခဲ့ရတယ္။ ရင္းဆုယဲ့ရဲ႕ လက္ညႇိဳးၫႊန္ရာအတိုင္း သူတို႔ရဲ႕ မ်က္လုံးထဲက အေၾကာက္တရား၊ စိတ္ပ်က္အားငယ္ျခင္းေတြနဲ႔အတူ ထာဝရ ပိတ္က်သြားေတာ့တယ္။

“အဲ့တာဆို ေသလိုက္ေတာ့..”

ေသြးဆာေလာင္စိတ္ဆိုတာ စိတ္႐ိုင္းဝင္ၿပီးေနာက္ပိုင္း ရင္းဆုယဲ့ရဲ႕ စ႐ိုက္လကၡဏာတစ္ခု ျဖစ္လာခဲ့တယ္။ အထူးသျဖင့္ တိုက္ပြဲဝင္ေနတဲ့အခ်ိန္မွာ သူ႔ရဲ႕စိတ္က မတည္မၿငိမ္ျဖစ္ေနေလ၊ ေသြးဆာေလာင္စိတ္က ပိုၿပီးသိသာေလပါပဲ။

ၿပီးေတာ့ ‘က်ားကို ေတာအုပ္ထဲ ျပန္မလႊတ္ႏိုင္’ ဆိုတဲ့ သူ႔ရဲ႕စည္းမ်ဥ္းအတိုင္း ရင္းဆုယဲ့က ‘က်ဴပင္ခုတ္ က်ဴငုတ္ပါမက်န္’ေအာင္ အၿမဲတမ္း ရွင္းပစ္တတ္တယ္။ ‘ေလနဲ႔အတူ ျပန္ၿပီး႐ြက္လႊင့္ခြင့္ မျပဳႏိုင္ဘူး’။

ထို႔ေၾကာင့္ ေဝရိေခၚေဆာင္လာသမွ်လူတိုင္းကို သတ္ပစ္လိုက္ျခင္း ျဖစ္တယ္။

ကံေကာင္းေထာက္မစြာနဲ႔ သူ႔ရဲ႕ႏွလုံးသားထဲမွာ လူသတ္လိုစိတ္ေတြ ျပည့္လွ်ံေနတဲ့အခ်ိန္ ႐ႊယ္ယို႔ရွန္းက သူ႔ရဲ႕ေနာက္မွာ ရပ္ေနခဲ့တယ္။ ထို႔ေၾကာင့္ ထိုလူမ်ားေတြကို ရက္စက္ဆိုးဝါးတဲ့ နည္းလမ္းေတြနဲ႔ မသတ္ပစ္ဘဲ မ်က္စိတစ္မွိတ္အတြင္း လက္စတုန္းပစ္လိုက္ရတယ္။

ရင္းဆုယဲ့က ေဝရိရဲ႕လူေတြ တစ္ေယာက္ၿပီးတစ္ေယာက္ လဲၿပိဳက်သြားတာကို ထူးမျခားနားတဲ့ မ်က္ႏွာထားနဲ႔ စိုက္ၾကည့္ေနခဲ့ေလတယ္။ သူ႔ရဲ႕ဟန္ပန္က ေအးစက္ၿပီး ရက္စက္ၾကမ္းၾကဳတ္ေပမယ့္ ၾကည့္ေကာင္းေနတုန္းပဲ။

“…………”

႐ႊယ္ယို႔ရွန္းခမ်ာ သူ႔ကိုယ္သူ ကယ္တင္လို႔မရႏိုင္ေတာ့သလို ခံစားလိုက္ရတယ္။

‘တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး’ဆိုတာ တကယ္ႀကီးဟ..!

ဗီလိန္ႀကီးရင္းဆုယဲ့ေဘးမွာ ေနတာၾကာသြားေတာ့ အခုဆိုရင္ ရင္းဆုယဲ့ သတ္ျဖတ္ေနတာကို ျမင္ေနရတာေတာင္ သိပ္မေၾကာက္ေတာ့ဘူး။ ဧကႏၲ ဒီကမာၻကို ေရာက္တာၾကာသြားလို႔ ေနသားက်သြားတာမ်ားလား..?

ဒါမွမဟုတ္ ရင္းဆုယဲ့သတ္လိုက္တဲ့ လူေတြအားလုံးက ရန္သူေတြဆိုေတာ့ သူတို႔အေပၚ ကိုယ္ခ်င္းစာစိတ္ မရွိေတာ့တာမ်ားလား..?

ဒါမွမဟုတ္ ရင္းဆုယဲ့ရဲ႕ လူသတ္နည္းက ေသြးတစ္စက္မွမထြက္ေတာ့ အတိုင္းအတာတစ္ခုအထိ လက္ခံႏိုင္သြားတာမ်ားလား..?

မည္သို႔ပင္ဆိုေစ ကိုယ့္ကိုယ္ကို ၂၁ ရာစုရဲ႕ လူေကာင္းသူေကာင္းေလးအျဖစ္ သတ္မွတ္ထားတဲ့ ႐ႊယ္ယို႔ရွန္းအတြက္ေတာ့ ဝမ္းနည္းဖြယ္ရာ ပုံျပင္ေလးတစ္ပုဒ္ပါပဲ..!

‘သူ႔ရဲ႕သုံးဖက္ေတြးအျမင္က ပုံမွန္မဟုတ္ေတာ့ဘူး’လို႔ ႐ႊယ္ယို႔ရွန္းကို ခံစားသြားရေစတဲ့အခ်က္က ရင္းဆုယဲ့ လူသတ္ေနတာကိုၾကည့္ရင္း…

‘လႊမ္းမိုးႏိုင္စြမ္းရွိတယ္။ အထက္စီးဆန္ၿပီး အရမ္းမိုက္တယ္’

..လို႔ ေတြးေနမိတာပါပဲ..!

ထိုအခ်ိန္တုန္းက ရင္းဆုယဲ့က ဒီအတိုင္းေလး မတ္တပ္ရပ္ေနခဲ့တာပဲ။ ဒါေပမဲ့ လွပေသသပ္တဲ့ ပန္းခ်ီကားတစ္ခ်ပ္လို အသက္ဝင္လြန္းတယ္။ ေ႐ႊေရာင္ဆံႏြယ္ေတြက ေလနဲ႔အတူ ေမ်ာလြင့္ေနၿပီး အနက္ေရာင္ဝတ္႐ုံက ရွည္လ်ားသန္မာတဲ့ သူ႔ရဲ႕ကိုယ္ဟန္ကို ပုံေဖာ္ေပးေနတယ္။ ထက္ရွစူးရဲတဲ့ မ်က္ဝန္းတစ္စုံက ခိုင္မာျပတ္သားတဲ့စိတ္ကို ေဖာ္ျပေနတယ္။ ေနေရာင္ျခည္ လႊမ္းၿခဳံထားတဲ့ သူ႔ရဲ႕ပုံစံက အရမ္းကိုရစ္မူးဖြယ္ရာပါပဲ..!

႐ႊယ္ယို႔ရွန္းတစ္ေယာက္ ရင္းဆုယဲ့ကိုၾကည့္ေနရင္း သူ႔ရဲ႕မ်က္ဝန္းေတြက ၾကယ္ေရာင္စုံတဲ့ မ်က္ဝန္းေတြအျဖစ္ ေျပာင္းလဲသြားသလို ခံစားလိုက္ရတယ္။

သူလုပ္လိုက္တဲ့ဟန္ပန္က အရမ္းမိုက္တယ္ဆိုတာ ရင္းဆုယဲ့မသိဘူးလား..? တကယ္ႀကီး ဒီအတိုင္းေလး ဆက္ေနလို႔ေတာင္ ရတယ္..!

“ေရွာင္ယို႔..”

ရင္းဆုယဲ့က ေနာက္လွည့္ၿပီး သူ႔ကို စိတ္အားထက္သန္စြာ ေငးၾကည့္ေနတဲ့ ႐ႊယ္ယို႔ရွန္းကို ၾကည့္လိုက္တယ္။ ေသြးဆာေလာင္ေနတဲ့ လူသတ္ေငြ႕ေတြက တမဟုတ္ခ်င္း ေပ်ာက္ကြယ္သြားၿပီး ထိုအစား  ႏူးညံ့ေႏြးေထြးတဲ့ အေငြ႕အသက္တခ်ိဳ႕ သူ႔ရဲ႕မ်က္ႏွာေပၚမွာ ေပၚထြက္လာခဲ့တယ္။

ထိုအျခင္းအရာက ေသြးဆာေနတဲ့ လူသတ္သမားကေန သစၥာရွိအိမ္ေမြးေခြးေလးအသြင္ ေျပာင္းလဲသြားသလိုပါပဲ။

လွ်ိဳ႕ဝွက္သက္ေတာ္ေစာင့္ေတြအားလုံး သူတို႔သခင္ႀကီးရဲ႕ မ်က္ႏွာအေျပာင္းအလဲျမန္ပုံကို ၾကည့္ၿပီး မ်က္ႏွာလႊဲကာ ဘာမွမျမင္လိုက္သလို ျပဳမူေနၾကေတာ့တယ္။

သူတို႔သခင္ႀကီးက ဟိုလိုမ်ိဳး စိတ္ကစဥ့္ကလ်ားေရာဂါေတာ့ မဟုတ္ေလာက္ပါဘူးေနာ္..!

တစ္ခ်ိန္တည္းမွာပဲ အခုေလးတင္ ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ သူတို႔ရဲ႕စိတ္ထဲမွာ စိုးရိမ္ေၾကာက္လန႔္လာၾကတယ္။

သခင္က သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို ဖုံးကြယ္ႏိုင္ဖို႔ သူတို႔ကို ရွင္းပစ္ေလာက္လား..?

လွ်ိဳ႕ဝွက္သက္ေတာ္ေစာင့္တစ္ေယာက္ျဖစ္ရတာ ခက္ခဲလိုက္တာဗ်ာ..!

“ဒီတိုင္း သတ္ပစ္လိုက္ၿပီလား..?”

႐ႊယ္ယို႔ရွန္းကေတာ့ စကၠန႔္ပိုင္းအတြင္း အမူအရာေျပာင္းလဲတတ္တဲ့ ရင္းဆုယဲ့ရဲ႕အက်င့္ကို က်င့္သားရေနၿပီျဖစ္တယ္။ ထို႔ေၾကာင့္ ထိုကိစၥနဲ႔ပတ္သက္ၿပီး ဘာမွမေျပာခဲ့ဘူး။

အခုအေျခအေနမွာ သူစိုးရိမ္ရမွာက လက္ရွိျပႆနာကို ဘယ္လိုေျဖရွင္းရမလဲဆိုတာပဲ..! ရင္းဆုယဲ့က ႀကီးျမတ္ေသာ ဘုရင္အဆင့္ကို အဆင့္တက္ၿပီး႐ုံပဲ ရွိေသးတာ။ လူသားဘုရင္အျဖစ္ တင္ေျမႇာက္မခံရေသးဘူး။ ဒါေပမဲ့ ၿမိဳ႕ေတာ္ရဲ႕အာဏာကို ခ်ဳပ္ကိုင္ထားတဲ့ ေဝရိကို သတ္ပစ္လိုက္မိၿပီ။ တကယ္လို႔ ဒီျပႆနာကို ေကာင္းေကာင္း မကိုင္တြယ္ႏိုင္ရင္ ရင္းဆုယဲ့ကို နာမည္ဆိုးတြင္သြားေစလိမ့္မယ္။

‘ဘုရင္တိုင္းက သူတို႔ရဲ႕ကိုယ္ပိုင္စည္းမ်ဥ္းကို ေဖာ္ေဆာင္တတ္ၾကတယ္’ ဆိုတဲ့ ဆို႐ိုးစကားရွိေပမယ့္လည္း ရင္းဆုယဲ့က ေဝရိကို ခပ္ျမန္ျမန္ မရွင္းပစ္လိုက္သင့္ဘူး။ ဘယ္လိုပဲေျပာေျပာ အင္အားေတာင့္တင္းတဲ့ သစၥာခံေတြမရွိရင္ ရင္းဆုယဲ့အတြက္လည္း အက်ိဳးမဲ့ေစလိမ့္မယ္။ ဘုရင္အသစ္တစ္ပါးအတြက္ အခက္အခဲျဖစ္ေစမယ့္ ဘုရင္ေဟာင္းဝမ္ပထ်န္အေပၚ သစၥာရွိတဲ့လူေတြကို အင္အားႀကီးထြားလာေစလိမ့္မယ္။

‘ယုန္ေသတာ ေျမေခြးငိုသလို’၊ အထိက႐ုန္းေတြ ျဖစ္လာေစလိမ့္မယ္။ လူသတ္မႈကို အေၾကာင္းျပၿပီး ျပင္းျပင္းထန္ထန္ တုံ႔ျပန္လာၾကလိမ့္မယ္။ အဲ့လိုဆိုရင္ ရင္းဆုယဲ့က ႀကီးျမတ္ေသာဘုရင္အဆင့္ကို ေရာက္ၿပီး ၿပိဳင္ဘက္ကင္းလုနီးပါး ျဖစ္ေနၿပီဆိုေပမယ့္ ‘ၿပိဳင္ဘက္ကင္းလုနီးပါး’ ဆိုတဲ့စကားအတိုင္း ‘ပု႐ြက္ဆိတ္ပင္လယ္ႀကီးက ဆင္တစ္ေကာင္ကို သတ္ပစ္ႏိုင္သလို’ ရင္းဆုယဲ့လည္း ထိုအင္အားစုေၾကာင့္ အထိနာလိမ့္မယ္..!

႐ႊယ္ယို႔ရွန္းက ထိုကိစၥနဲ႔ပတ္သက္ၿပီး ရင္းဆုယဲ့နဲ႔ အခ်ိန္ယူေဆြးေႏြးသင့္တယ္လို႔ ေတြးလိုက္မိတယ္။

စြမ္းအားႀကီးလြန္းလို႔ လုပ္ႀကံမခံရဘူးလို႔ မထင္လိုက္နဲ႔..!

“ဘုရင္ကိုပုန္ကန္တာ ေသသင့္တယ္..!”

သူ႔အတြက္ စိုးရိမ္ေပးေနတဲ့ ေကာင္ေလးကိုၾကည့္ရင္း ရင္းဆုယဲ့ရဲ႕ မ်က္ခုံးတန္းေတြက ေျပေလ်ာ့လာခဲ့တယ္။ တစ္ခ်ိန္တည္းမွာပဲ ေဝရိအေပၚ စြဲခ်က္တင္လိုက္တယ္။

ေကာင္ေလးကို ဆန႔္က်င္တာက သူ႔ကိုပုန္ကန္တာပဲ..!

ၿပီးေတာ့ ရင္းဆုယဲ့ရဲ႕အျမင္မွာ ေကာင္ေလးကိုဆန႔္က်င္တာက သူ႔ကိုပုန္ကန္တာထက္ အျပစ္ပိုႀကီးတယ္။ ဒါေပမဲ့ ေဝရိရဲ႕ ျပစ္ဒဏ္အတြက္ စြဲခ်က္တင္ဖို႔ လိုအပ္တာေၾကာင့္ ဒုတိယအခ်က္ကို အသုံးျပဳလိုက္ရတယ္။

“တျခားလူေတြ ယုံပါ့မလား..?”

႐ႊယ္ယို႔ရွန္း တကယ္ေမးလိုက္ခ်င္တာက .. ‘ခင္ဗ်ား ေပါက္ကရစြဲခ်က္ေတြ ေလွ်ာက္ေျပာေနတာ၊ ဘယ္သူယုံမွာလဲ..”

လူသားဘုရင္တစ္ပါးကို တစ္ေယာက္တည္း ပုန္ကန္ရေအာင္ ႐ူးေနလို႔လား..?

ရာဇဝင္ဆိုတာ အႏိုင္ရတဲ့လူေတြ ဖန္တီးတာ..!

ဒီအခ်က္ကို သိေပမယ့္လည္း ရင္းဆုယဲ့ရဲ႕ ယုံခ်င္စရာမရွိတဲ့ဆင္ေျခက အသုံးဝင္ပါ့မလား..?

“သူတို႔ ယုံရမယ္..”

ရင္းဆုယဲ့က မ်က္လုံးကိုပင့္ကာ သူ႔ကိုယ္သူ အႂကြင္းမဲ့ယုံၾကည္ေၾကာင္း ထုတ္ေဖာ္ျပေလတယ္။

သူေျပာရင္ လူတိုင္းယုံၾကည္ရမယ္..!

အားနည္းသူကို အႏိုင္က်င့္ၿပီး အားႀကီးသူကို ေၾကာက္႐ြံ႕တတ္တဲ့ လူသားေတြရဲ႕ မေကာင္းတဲ့စ႐ိုက္ကို သူ ေကာင္းေကာင္း နားလည္ထားတယ္။ သူ႔ရဲ႕အာဏာနဲ႔ က်င့္ႀကံဆင့္ေၾကာင့္ ေဝရိရဲ႕ေသဆုံးမႈကို သံသယဝင္ေနရင္ေတာင္ သူ႔ကို ျငင္းဆန္ရဲမွာမဟုတ္ဘူး။ ထိုအစား သူ႔စကားကို သေဘာတူလက္ခံၾကလိမ့္မယ္။

တစ္ဖက္က လူေသေဝရိ၊ က်န္တစ္ဖက္က လူသားဘုရင္အသစ္။ လူတိုင္း သူတို႔ရပ္တည္ရမယ့္ဘက္ကို ေ႐ြးခ်ယ္ႏိုင္လိမ့္မယ္။ ေသခ်ာေပါက္ သူေျပာရဲတယ္။ ဘယ္သူမွ ေသလမ္းရွာၿပီး သူ႔ကို ဆန႔္က်င္ရဲမွာမဟုတ္ဘူး။ ၿပီးေတာ့ ‘ပုန္ကန္တယ္’ ဆိုတဲ့ စကားအတြက္လည္း အေၾကာင္းျပခ်က္မ်ားစြာ ရွိေနတယ္။

မ႐ိုမေသလုပ္တာ ပုန္ကန္တာပဲ။ ျပန္ခံေျပာတာ ပုန္ကန္တာပဲ။ ေလးစားလိုက္နာမႈ မရွိတာလည္း ပုန္ကန္တာပဲ။ ေဝရိရဲ႕အျပဳအမူေတြအရ အႀကိမ္ေပါင္းမ်ားစြာ ပုန္ကန္ခဲ့တယ္လို႔ ေျပာႏိုင္တယ္။ ဒါေၾကာင့္ ေသသင့္တယ္။ သူ႔ရဲ႕စကားက အမွားမပါဘူး။

“…………..”

ဗီလိန္ႀကီး၊ ခင္ဗ်ား ဒီလိုမ်ိဳး ‘အထက္စီးဆန္၊ ေမာက္မာေထာင္လႊားၿပီး အရမ္းမိမိုက္လြန္းေနလို႔’ သူငယ္ခ်င္းမရွိတာ ေသခ်ာသေလာက္ပဲ..!

…………………………….................

Continue Reading

You'll Also Like

35.4K 4K 66
Author _ Shuiqiancheng That's not my work.I am Just Translator
181K 34.3K 70
Author - Yin Ya MM translate from English Translate Chapter (663- ) Crd to original novel
990K 116K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
2.8M 185K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022