Like Love But Not [ ဘာသာပြန် ]

By Kay_Wine

74.9K 10.5K 644

Title - Like love but not Author - Orange Rain (橙子雨) Total Chapters - 24 (MC's POV) + 16 (ML's POV) + 13 Extr... More

Description
01
02
03
04
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50

05

1.3K 205 7
By Kay_Wine

{Zawgyi}

[ အက်ဥ္းခ်ဳပ္ : ေနာက္ပိုင္း ကြၽန္ေတာ္တို႔ေတြယ္ႏွစ္စာ ခ်စ္သူေတြျစ္လာခဲ့ယ္ ]

•ေရွာင္ဟန္း•

ေလာ့ယြီခ်န္က ကတ္ထူပုံးတစ္ခုကို ရွာလိုက္ၿပီး ထိုဓာတ္ပုံေတြအားလုံးကို ႀကိဳက္သည္ျဖစ္ေစ မႀကိဳက္သည္ျဖစ္ေစ ထိုအထဲ ပစ္ထည့္လိုက္တယ္။ ထို႔ေနာက္ အမႈိက္လိုပစ္ဖို႔အတြက္ ျပင္ဆင္ထားသလိုမ်ိဳး ဂ႐ုမစိုက္စြာနဲ႔ တံခါးနားမွာ ထားထားတယ္။

အဲ့ေနာက္မွာ ထိုလူက ဆိုဖာေပၚမွာ လွဲခ်လိုက္ၿပီး ထိုအရာေတြကို ေနာက္ထပ္တစ္ႀကိမ္ေလာက္ၾကည့္ဖို႔ကိုေတာင္မွ အလြန္စိတ္အေႏွာင့္အယွက္ျဖစ္ရသလိုမ်ိဳး သိသာလြန္းလွတယ္။

ၿပီးေတာ့ ကြၽန္ေတာ္က ထိုပုံးနားမွာ ေဆာင့္ေၾကာင့္ထိုင္ၿပီး တစ္ခ်ိန္က ကြၽန္ေတာ္တန္ဖိုးထားခဲ့ရတဲ့ ထိုအမွတ္တရေတြကို ေနာက္ဆုံးအႀကိမ္အျဖစ္ ျပန္လည္ခံစားေနလိုက္တယ္။

ထိပ္ဆုံးမွာရွိေနတဲ့ဓာတ္ပုံမွာ ေနာက္ခံအျဖဴေလးရွိၿပီး သူက ကြၽန္ေတာ့္ကို အေနာက္ကေနဖက္ထားကာ စားပြဲေပၚမွာ အေတာ့္ကိုအတိတ္နမိတ္မေကာင္းလွတဲ့ အျဖဴေရာင္ပန္းတစ္ပြင့္ရွိေနတယ္။

ဒါက Bၿမိဳ႕ေတာ္ရဲ႕ ၿမိဳ႕လည္ေခါင္မွာရွိတဲ့ ေဆး႐ုံျဖစ္တယ္။

အဲ့တာက လူငယ္ဖလားဖိုင္နယ္ေန႔မတိုင္ခင္ရက္က ျဖစ္ေလာက္တယ္၊ ထိုအခ်ိန္တုန္းက ကြၽန္ေတာ္တို႔ေတြ အထက္တန္းပထမႏွစ္သာ ရွိေသးတယ္။ ၿပိဳင္ပြဲက Bၿမိဳ႕ေတာ္ရဲ႕ အားကစား႐ုံမွာ က်င္းပတာေၾကာင့္ အလည္အပတ္ၾကည့္ႏိုင္ဖို႔အတြက္ ရက္နည္းနည္းေလာက္ ႀကိဳသြားၾကဖို႔ ကြၽန္ေတာ္တို႔ေတြ ဆုံးျဖတ္ခဲ့ၾကတယ္။

ကြၽန္ေတာ္တို႔ရဲ႕ လူငယ္ဘဝ အ႐ြယ္ေကာင္းေလးျဖစ္ေနၿပီး ေလာကႀကီးရဲ႕အေၾကာင္းကို မရင္းႏွီးၾကေသးဘဲ ညလယ္စာမုန႔္စားၾကဖို႔အတြက္ ေဝးလံတဲ့ညေဈးကို ကြၽန္ေတာ္တို႔ သြားခဲ့ၾကၿပီး ျပန္လာတဲ့လမ္းမွာ ကြၽန္ေတာ္တို႔ရဲ႕ပိုက္ဆံကို ခိုးခ်င္ၾကတဲ့ လူရမ္းကားတစ္စုရဲ႕ တားဆီးျခင္းကကို ခံခဲ့ရတယ္။

ထိုအခ်ိန္ကလည္း ေသြးဆူလြယ္တဲ့လူငယ္ေတြျဖစ္တာနဲ႔အညီ တစ္ဖက္က ကြၽန္ေတာ္တို႔ထက္ သိပ္မႀကီးၾကေသးတာကို ျမင္ေတာ့ ကြၽန္ေတာ္တို႔လည္း အလြယ္တကူ လက္မေလွ်ာ့ႏိုင္ၾကဘဲ သူတို႔နဲ႔ တိုက္ခိုက္ဖို႔အတြက္ ကြၽန္ေတာ္တို႔ေတြ ဝင္လုံးခဲ့ၾကတယ္။

သို႔ေသာ္ တစ္ဖက္က ျပင္ဆင္ၿပီးလာတာျဖစ္ၿပီး ဓားတစ္ေခ်ာင္း ဝွက္ထားတယ္။

ထိုအခ်ိန္က ဖ်တ္ခနဲအလင္းေရာင္တစ္ခုကို ျမင္လိုက္ရၿပီး ထိုလူက ေလာ့ယြီခ်န္ဆီ ခုန္ဝင္သြားတာကို ကြၽန္ေတာ္ျမင္လိုက္ရေတာ့ စိတ္က လုံးဝဗလာက်င္းသြားေပမယ့္ ကြၽန္ေတာ့္ခႏၶာကိုယ္ကေတာ့ အားထုတ္စရာေတာင္မလိုေအာင္ သူ႔ေရွ႕ကို ခုန္ဝင္ၿပီးသားျဖစ္ခဲ့တယ္။

နပန္းလုံးသတ္ပုတ္လို႔ၿပီးတဲ့ေနာက္ ဓားကို ကြၽန္ေတာ့္လက္ထဲေရာက္ေအာင္ ခက္ခက္ခဲခဲ ယူႏိုင္ခဲ့ေပမယ့္ ကြၽန္ေတာ့္ရဲ႕ဘယ္ဘက္ဒူးေခါင္းမွာ ႀကီးမားတဲ့ျပတ္ရွရာႀကီးတစ္ခု ရသြားၿပီး နာက်င္မႈက အေတာမသတ္ႏိုင္ေအာင္ပဲ။ [ T/N : ခုံညင္းနဲ႔ ဒူးေခါင္းနဲ႔ တူလားမသိဘူး၊ အစ္မက ခုံညင္းဆိုတာကို မ်က္လုံးထဲမေပၚလို႔ ဒူးေခါင္းလို႔ ေရးလိုက္တာပါ ]

ေဆး႐ုံမွာ စစ္ေဆးလိုက္ေတာ့ ဒါက တကယ္ႀကီး အ႐ြတ္ကို ဟက္တက္ခြဲသလိုျဖစ္သြားတာျဖစ္တယ္။ လမ္းေလွ်ာက္တဲ့ေနရာမွာ အခက္အခဲမရွိဘူးဆိုေပမယ့္ အားသုံးရတဲ့ေလ့က်င့္ခန္းေတြ ထပ္မလုပ္ရေတာ့ဘူးဆိုေတာ့ ထိုျမက္ခင္းျပင္ေဘာလုံးကြင္းေတြမွာ ဘယ္ေတာ့မွ ထပ္မေျပးႏိုင္ေတာ့ဘူးလို႔ ေျပာလိုက္တာပဲျဖစ္တယ္။

ဆရာဝန္ရဲ႕စကားေတြကို ၾကားလိုက္ရၿပီးေနာက္မွာ ကြၽန္ေတာ္ ထုံထိုင္းသြားရတယ္။

ကြၽန္ေတာ္ အဲ့စကားကို ၾကားလိုက္ရခ်ိန္တုန္းက ကြၽန္ေတာ့္ေျခေထာက္ေတြက မခိုင္ေတာ့ဘဲ မ်က္ႏွာလည္း ျဖဴေဖ်ာ့သြားရေပမယ့္ အဲ့တာကို ကြၽန္ေတာ္ကိုယ္တိုင္က သတိမထားမိခဲ့ဘူး။

ဆရာဝန္ရဲ႕စကားေတြေၾကာင့္ ကြၽန္ေတာ့္စိတ္က ေပါက္ကြဲထြက္ေနတာေၾကာင့္ ေသခ်ာေပါက္ ထိုအရာေတြကို သတိျပဳမိေနဖို႔ အခ်ိန္မရွိခဲ့ဘူး။ က်န္ေတာ္ ေတြးေနမိတဲ့ တစ္ခုတည္းေသာအရာက _ 'ငါ့အ႐ြတ္ျပတ္သြားၿပီး ေဘာလုံး ထပ္ကစားလို႔ မရႏိုင္ေတာ့ဘူးဆိုေတာ့ ငါ ဘာလုပ္ရေတာ့မွာလဲ?'

ကြၽန္ေတာ္က ေလာ့ယြီခ်န္ရဲ႕ ဂိုးသမား၊ သူ စိတ္ေအးလက္ေအးထားၿပီး ေဆာ့ႏိုင္ေအာင္လို႔ ကြၽန္ေတာ္ အဲ့မွာ ရွိေနေပးတာ။

ကြၽန္ေတာ္တို႔ေတြ ကတိျပဳခဲ့ၾကတယ္။

သို႔ေပမယ့္ အမွန္ေတာ့ ကြၽန္ေတာ္က ေဘာလုံးကစားရတာကို ဒီေလာက္လည္း သေဘာက်တာမ်ိဳးမဟုတ္ဘူး၊ ဘာေၾကာင့္ဆို ကြၽန္ေတာ့္အတြက္ ေလာ့ယြီခ်န္ကသာ ေဘာလုံးကစားဖို႔အတြက္ အေၾကာင္းျပခ်က္ျဖစ္ေနခဲ့လို႔ျဖစ္တယ္။

ေလာ့ယြီခ်န္သာ မရွိရင္ ေဘာလုံးဆိုတာက ကြၽန္ေတာ့္အတြက္ ဘာမွမဟုတ္ဘူး။ ကြၽန္ေတာ္က ဂိုးသမားျဖစ္ေနတယ္ဆိုတာက သူ႔ေနာက္ကို လိုက္ဖို႔အတြက္၊ 'မင္းက ငါ့အေနာက္ဘက္မွာ ေစာင့္ေနေပးေတာ့ ငါ စိတ္သက္သာရာရတယ္လို႔ ခံစားရတယ္' ဆိုတဲ့ ထိုစကားလုံးေတြ ၾကားရဖို႔အတြက္သာ ျဖစ္တယ္။

ကြၽန္ေတာ္ က်ိန္ေျပာရဲတယ္၊ ေနာက္ပိုင္းမွာ ကြၽန္ေတာ္က ေလာ့ယြီခ်န္ ေျပာခဲ့သလိုမ်ိဳး လုပ္ခဲ့တာေတာ့ မဟုတ္ဘူး _ လုံးဝစိတ္လြတ္ေနကာ ကြၽန္ေတာ့္ႏွလုံးသားက ေသဆုံးသြားသလိုပုံေပါက္ေနခဲ့တာေၾကာင့္ သူ႔ကို အလြန္တရာ အျပစ္မကင္းသလိုမ်ိဳး ခံစားရေစတယ္တဲ့။

ကြၽန္ေတာ္ ဒဏ္ရာရခဲ့တာက သူ႔အမွားေၾကာင့္လို႔ သူ႔ကို ယုံၾကည္ေအာင္လုပ္ခဲ့တယ္၊ အဲ့ေတာ့မွ သူက ကြၽန္ေတာ့္အေပၚ အေႂကြးတင္သလို ခံစားရၿပီး ကြၽန္ေတာ္ကလည္း အဲ့အေၾကာင္းျပခ်က္ကိုသုံးကာ ကြၽန္ေတာ့္ေဘးမွာ သူေနရေအာင္ အတင္းအက်ပ္လုပ္ခဲ့တယ္တဲ့။

ကြၽန္ေတာ္ တကယ္ႀကီး မလုပ္ခဲ့ရပါဘူး။

ဒါေပမယ့္ ကြၽန္ေတာ္ အဲ့တာကိုလည္း မျငင္းႏိုင္ဘူး၊ ေလာ့ယြီခ်န္က ကြၽန္ေတာ့္ပုခုံးေပၚ လက္တင္ကာ "မင္းသာ ငါ့ေနာက္မွာ မရွိဘူးဆိုရင္ ငါ့မွာ အသက္ရွင္ဖို႔ ဘာအေၾကာင္းျပခ်က္မွ ရွိမွာမဟုတ္ဘူး" ဆိုၿပီး အရင္ညေတြက မအိပ္ခဲ့ရသလိုမ်ိဳး မ်က္တြင္းက်ေနတဲ့မ်က္ႏွာနဲ႔ ေျပာလာတဲ့အခါ ကြၽန္ေတာ့္ရဲ႕အသည္းႏွလုံးေအာက္ေျခကေန တကယ္ကို ပီတိျဖာခဲ့ရတယ္။

သူ႔အတြက္ေၾကာင့္သာ ကြၽန္ေတာ္ ေဘာလုံးကစားခဲ့တာျဖစ္တယ္။

ဒါေပမယ့္ ကြၽန္ေတာ္ မကစားႏိုင္ေတာ့တဲ့အခါ သူကလည္း သြားမကစားေတာ့ဘူး။

ကြၽန္ေတာ္ေတြးခဲ့မိတယ္။ ဆိုလိုခ်င္တာ ကြၽန္ေတာ့္ရဲ႕တည္ရွိမႈက သူ႔အတြက္ အေရးပါတယ္ေပါ့၊ တျခားအရာေတြထက္ ပိုၿပီး အေရးပါတယ္ေပါ့။ သူ ဒီလိုအရာေတြေျပာေနခ်ိန္မွာ သူ႔စိတ္အေျခအေနက ဘယ္လိုရွိေနမလဲဆိုတာကိုေတာင္ ကြၽန္ေတာ္ မေတြးခဲ့ဘဲ ကြၽန္ေတာ္ေတြးေနခဲ့တဲ့ တစ္ခုတည္းေသာအရာက ကြၽန္ေတာ့္အေၾကာင္းသာျဖစ္တယ္။

ေနာက္ပိုင္း ဖိုင္နယ္ပြဲေတြကိုလည္း ကြၽန္ေတာ္ သြားမၾကည့္ႏိုင္ခဲ့ဘူး။

ကြၽန္ေတာ္ ၾကားခဲ့ရတာက ေလာ့ယြီခ်န္တစ္ေယာက္ တတ္ႏိုင္သမွ် အားလုံးကို လုပ္ေပးခဲ့ေပမယ့္ အဆုံးမွာ ကြၽန္ေတာ္တို႔အသင္း ရႈံးခဲ့ရတယ္။

ကြၽန္ေတာ္တို႔ ရႈံးခဲ့ရေပမယ့္ သူ႔ရဲ႕စြမ္းေဆာင္ခ်က္ကို ႏိုင္ငံအသင္းtrainer ေတြက သေဘာက်ခဲ့ၾကတယ္။ သေဘာက်လြန္းတေၾကာင့္ သူနဲ႔ ေဆြးေႏြးဖို႔လာၾကေပမယ့္ သူကေတာ့ စိတ္မဝင္စားဟန္နဲ႔ သူတို႔ကို ေျပာခဲ့တယ္ 'တကယ္ေတာ့ ကြၽန္ေတာ္က ေဘာလုံးကစားတာကို ဒီေလာက္စိတ္ဝင္စားတာမဟုတ္ဘူး၊ ကြၽန္ေတာ္က တကၠသိုလ္ေကာင္းေကာင္းတစ္ခုကို သြားခ်င္႐ုံပဲ' တဲ့။

ေနာက္ပိုင္းမွာ သူက ဘီဒိုထဲမွာထားထားလို႔ ဖုန္တက္ေနတဲ့ေဘာလုံးကို ဖက္ထားၿပီး သူ႔မ်က္ရည္ေတြကို ခိုးသုတ္ေနတာမ်ိဳးကို ကြၽန္ေတာ္ အႀကိမ္ေပါင္းမ်ားစြာ ေတြ႕ခဲ့ရတယ္။

ထိုအခ်ိန္က သူ ေဘာလုံးကို အစစ္အမွန္ ျမတ္ႏိုးခဲ့တယ္။

သူ႔အိမ္မက္ေတြ တစ္စစီၿပိဳကြဲသြားခဲ့ရတဲ့အေၾကာင္းျပခ်က္က ကြၽန္ေတာ္ျဖစ္ေနခဲ့တယ္။ ခိုင္ခိုင္မာမာစိတ္ပိုင္းျဖတ္ၿပီး ကြၽန္ေတာ္ ကြင္းထဲမွာ မရွိရင္ေတာင္မွ သူက ဒီ့ထက္ပိုၿပီး ျမင့္ျမင့္ပ်ံသန္းႏိုင္ေၾကာင္း သူ႔ကို တြန္းအားေပးၿပီး မေျပာခဲ့တာက ကြၽန္ေတာ္ပဲျဖစ္တယ္။

တစ္ကိုယ္ေကာင္းဆန္မႈက ဝဋ္ျပန္လည္ေစတယ္။

အခ်ိန္က်လာၿပီဆိုရင္ ကိုယ္ မ်ိဳးေစ့ခ်ထားခဲ့တာကို ကိုယ္ျပန္ရိတ္သိမ္းရေတာ့တာပဲ။ ကြၽန္ေတာ္ကလည္း တူညီတဲ့အျပစ္ဒဏ္ကို လ်င္လ်င္ျမန္ျမန္ပဲ ျပန္ရခဲ့တယ္။

ထိုအခ်ိန္က ေလာ့ယြီခ်န္ရဲ႕ ႏူးညံ့မႈနဲ႔ ကြၽန္ေတာ့္ဒဏ္ရာကို ဂ႐ုစိုက္ေပးတဲ့အေပၚ ကြၽန္ေတာ္ကိုယ္တိုင္ ေလာဘႀကီးစြာနဲ႔ ေပ်ာ္ဝင္ေနခဲ့မိတယ္။

ေဆး႐ုံက ဆင္းလို႔ရေနၿပီျဖစ္ေပမယ့္ ဘူးခံျငင္းကာ ေဆး႐ုံမွာပဲ အခ်ိန္ျဖဳန္းေနခဲ့တယ္။

အဲ့လိုနဲ႔ ကြၽန္ေတာ္တို႔ေတြ ရွမင္ရႈနဲ႔ ဆုံခဲ့ရတယ္။

ထိုေန႔တုန္းက ကြၽန္ေတာ္က ဘီးတပ္ကုလားထိုင္မွာ ထိုင္ေနၿပီး ေလာ့ယြီခ်န္က ေလွ်ာက္လမ္းတစ္ေလွ်ာက္ ကြၽန္ေတာ့္ကို တြန္းေပးေနတယ္။ ေနေရာင္ကလည္း အလြန္တရာေတာက္ပေနခဲ့တယ္။

သူက တကယ္နားလည္းမေထာင္ ဂ႐ုလည္းမစိုက္ဘူးဆိုတာကို သိေနေပမယ့္ ကြၽန္ေတာ္ကေတာ့ အေထြအထူးမဟုတ္တာေတြကို အဆက္မျပတ္ေျပာေနခဲ့တယ္။ ႐ုတ္တရက္ဆိုသလို သူ႔ေျခလွမ္းေတြ ေႏွးက်သြားတယ္။

သူ အေတြးထဲ စုန္းစုန္းျမဳပ္ေနတယ္ဆိုတာကို အသည္းအသန္သတိထားမိသြားၿပီး သူ႔အၾကည့္အတိုင္း ကြၽန္ေတာ္ လိုက္ၾကည့္မိတယ္။

ထိုေန႔တုန္းက ရွမင္ရႈက ႐ူးေၾကာင္ေၾကာင္ႏိုင္တဲ့ အစင္းၾကားေဆး႐ုံဝတ္စုံကို ဝတ္ဆင္ထားၿပီး အျဖဴေရာင္ခုံတန္းရွည္ေပၚမွာ အိပ္ေပ်ာ္ေနခဲ့တယ္။

ေနေရာင္က သူ႔ရဲ႕အနက္ေရာင္ဆံပင္ကို အနီေရာင္ခပ္ေဖ်ာ့ေဖ်ာ့ေလးျဖစ္ေစၿပီး သဘာဝဆန္တဲ့အေရာင္အဝါတစ္ခု ေပးစြမ္းေနတယ္။ ထိုအခိုက္အတန႔္မွာ သူ႔ကိုၾကည့္ရတာ အိမ္မက္နဲ႔လက္ေတြ႕ၾကားေရာက္ေနတဲ့ အိပ္ေပ်ာ္ေနတဲ့နတ္သားေလးတစ္ပါးနဲ႔တူတယ္။

ေယာက်ာ္းတစ္ေယာက္ရဲ႕ အလိုလိုသိစိတ္က အမွန္ကို ေၾကာက္ဖို႔ေကာင္းလွတယ္။

ေလာ့ယြီခ်န္က သူ႔ကိုၾကည့္ေနတာကို ကြၽန္ေတာ္ ၾကည့္မိခ်ိန္မွာ ေဝးကြာလွတဲ့အနာဂတ္က ကြၽန္ေတာ့္ရဲ႕ေနာက္ဆုံးသနားစဖြယ္အဆုံးသတ္ကို ခပ္ေရးေရးႀကိဳတင္ခံစားမိခဲ့တယ္။

ျမႇားနတ္ေမာင္က က်ိဳးေၾကာင္းမဆင္ျခင္ဘဲ ေဆး႐ုံေသးေသးေလးတစ္ခုထဲမွာ သူ႔ျမႇားကို ပစ္လိုက္လိမ့္မယ္လို႔ ဘယ္သူက ထင္မိမွာလဲ။

ေနာက္ၿပီးေတာ့လည္း အပစ္ခံရၿပီးသား အရည္အခ်င္းမျပည့္မွီတဲ့ကြၽန္ေတာ့္ကို ျမင္တဲ့အခါ ေသေလာက္ေအာင္ ရယ္ေနေတာ့မွာပဲ။

မင္းအတြက္ မဟုတ္ဘူးဆိုရင္ အဲ့တာကို တိုက္ယူလို႔မရတဲ့ တခ်ိဳ႕ေသာကံၾကမၼာေတြ ရွိတတ္တယ္။

****

ကြၽန္ေတာ္ ထိုဓာတ္ပုံတစ္ပုံကို ၾကည့္ၿပီးတဲ့ေနာက္ သူ႔ေဘးမွာက်ေနတဲ့ ေနာက္တစ္ခုကို ၾကည့္လိုက္တယ္။

အဲ့တာက ႏွစ္သစ္ကူးညတုန္းက ခ်ားရဟတ္ေပၚမွာျဖစ္တယ္။

ထိုအခ်ိန္တုန္းက ေလာ့ယြီခ်န္က သူ႔ရဲ႕ငယ္႐ြယ္ၿပီး အေတြ႕အႀကဳံမရွိမႈကေန ေက်ာ္လြန္လာခဲ့ၿပီျဖစ္ကာ နာမည္ေက်ာ္လက္ဝါးကပ္တိုင္ပုံ နားကပ္ကို ဝတ္ဆင္ေနၿပီ။

ထိုႏွစ္က သူ႔ရဲ႕ဆယ့္ရွစ္ႏွစ္ျပည့္ျဖစ္တယ္။

သူက ပြဲဦးထြက္ခါစ အဆိုေတာ္တစ္ေယာက္ဆိုေပမယ့္ ေက်ာ္ၾကားမႈကေတာ့ လွ်င္ျမန္စြာ တိုးတက္ေနခဲ့တယ္။ ဘယ္လိုေနေန သူ႔ရဲ႕မ်က္စိက်ိန္းေလာက္ေအာင္ ၾကည့္ေကာင္းမႈေတြက အားလုံးျမင္သာတဲ့အထိ ရွင္းလင္းေနၿပီး လမ္းေတြေပၚမွာ အရည္အခ်င္းရွိတဲ့ကင္းေထာက္ေတြရဲ႕ မၾကာခဏတားဆီးျခင္းခံရတာက သူ႔အတြက္ေတာ့ ပုံမွန္ပဲ။

သို႔ပါေသာ္လည္း သူနဲ႔ယွဥ္ရင္ ထိုႏွစ္မွာ ဘဝရဲ႕အခ်ိဳးအေကြ႕ေျပာင္းလဲမႈေတြ အႀကဳံခဲ့ရဆုံးက တကယ္တမ္း ကြၽန္ေတာ္ျဖစ္ေနခဲ့တယ္။

ကြၽန္ေတာ္၊ လုံးဝကို သာမာန္ဆန္တဲ့ကြၽန္ေတာ္၊ ေစာေစာစီးစီး မိခင္ျဖစ္သူ ဆုံးပါးသြားခဲ့ၿပီျဖစ္တဲ့ မိဘမဲ့၊ အေဖဘယ္သူမွန္းမသိတဲ့သူ ၿပီးေတာ့ တျခားသူေတြရဲ႕ၾကင္နာမႈေတြအေပၚ မွီခိုေနရတဲ့သူ၊ ကြၽန္ေတာ့္ဆီမွာ အေတာ့္ကို ထူးျခားတဲ့အရာျဖစ္လာလိမ့္မယ္လို႔ ဘယ္တုန္းကမွ မေတြးခဲ့မိဘူး။ သို႔ေပမယ့္ ကြၽန္ေတာ့္ဘဝမွာ အစ္ကိုႀကီးတစ္ေယာက္ ႐ုတ္တရက္ ေပၚလာခဲ့တယ္။

သူ႔ရဲ႕ရွည္လ်ားေထြျပားတဲ့ ရွင္းျပခ်က္အၿပီး လူခ်မ္းသာတစ္ေယာက္က အျပစ္ကင္းတဲ့အမ်ိဳးသမီးငယ္တစ္ဦးကို လွည့္ဖ်ားၿပီးေနာက္ ရက္ရက္စက္စက္စြန႔္ပစ္သြားတဲ့ စက္ဆုပ္ဖြယ္ဇာတ္ေၾကာင္းကို သိရၿပီး ေနာက္ဆုံးမွာ ကြၽန္ေတာ့္ရဲ႕မူလဇစ္ျမစ္ကို သိခဲ့ရတယ္။

အဲ့တာေၾကာင့္ပဲ ကြၽန္ေတာ့္ဘဝက လုံးဝေျပာင္းလဲသြားခဲ့ၿပီး ကြၽန္ေတာ္လည္း အေရးပါတဲ့ေဖ်ာ္ေျဖေရးကုမၸဏီတစ္ခုက ဥကၠဌရဲ႕ တရားမဝင္သားတစ္ေယာက္ျဖစ္လာခဲ့တယ္။

ထို႔ေနာက္မွာ အဖိုးႀကီး ဆုံးပါးသြားၿပီး တခ်ိဳ႕ေသာ႐ူးေၾကာင္ေၾကာင္အေၾကာင္းျပခ်က္ေၾကာင့္ သူ႔အေမြတစ္ဝက္ကို သူ အရင္က တစ္ခါမွေတာင္ မေတြ႕ဖူးတဲ့သားျဖစ္သူ ကြၽန္ေတာ့္ဆီ ခ်န္ရစ္ခဲ့ဖို႔ ဆုံးျဖတ္ခဲ့တယ္။

ပိုလို႔ေတာင္ မယုံႏိုင္စရာေကာင္းတဲ့အရာက သူ႔ရဲ႕တရားဝင္ဆိုေပမယ့္ အခုေတာ့ ကြာရွင္းထားၿပီးသားျဖစ္တဲ့ဇနီးနဲ႔ ရထားခဲ့တဲ့ တရားဝင္သား ကြၽန္ေတာ္နဲ႔ေသြးတစ္ဝက္ေတာ္စပ္တဲ့အစ္ကိုက ေသတမ္းစာကို တိတ္တခိုး ေျပာင္းလဲတာမ်ိဳးမလုပ္ဘဲ ကြၽန္ေတာ့္ဆီ တကယ္ႀကီးေရာက္ခ်လာတယ္။ သူက တကယ့္အစ္ကိုႀကီးတစ္ေယာက္လို ခံယူၿပီး ကြၽန္ေတာ့္ကိုလည္း အထူးတလည္ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေပးတယ္။

ထို႔ေၾကာင့္ ကြၽန္ေတာ့္ဆီမွာ ႐ုတ္တရက္ ကိုယ္ေရးရာဇဝင္တစ္ခု၊ ကုမၸဏီတစ္ခု၊ ေတာ္ေတာ္ေလး အကန႔္အသတ္မရွိတဲ့ ေငြေၾကးပမာဏနဲ႔ အစ္ကိုႀကီးတစ္ေယာက္ေတာင္ ရလိုက္တယ္။

ကြၽန္ေတာ္တို႔ကုမၸဏီရဲ႕ ေခါင္းစည္းေအာက္မွာ ေလာ့ယြီခ်န္က ေဖ်ာ္ေျဖေရးသမားတစ္ေယာက္ျဖစ္လာခဲ့ၿပီး ကြၽန္ေတာ္ကေတာ့ သူ႔ရဲ႕ေအာင္ျမင္ျခင္း က်ရႈံးျခင္းေတြကို ထိန္းခ်ဳပ္တဲ့လူတစ္ေယာက္ျဖစ္လာခဲ့တယ္။

ေသခ်ာတာကေတာ့ ကြၽန္ေတာ္ ေလာ့ယြီခ်န္ကို ထိခိုက္ေအာင္မလုပ္ႏိုင္ဘူး။

ကြၽန္ေတာ္က သူ႔ကို သေဘာက်လြန္းလို႔ သူ႔ကိုကူညီေပးဖို႔ေတာင္ မေစာင့္ႏိုင္သေလာက္ပဲ။

သို႔ေပမယ့္ ထိုအခ်ိန္မွာ သူက ရွမင္ရႈနဲ႔ အတူရွိေနၿပီျဖစ္ကာ ကြၽန္ေတာ္နဲ႔ ေဝးသထက္ ေဝးကြာလာခဲ့တယ္။ သူ႔ရဲ႕ တသီးတျခားေနတတ္တဲ့ အက်င့္စ႐ိုက္ေၾကာင့္ ကြၽန္ေတာ္က ကုမၸဏီဥကၠဌျဖစ္လာတာေတာင္ ကြၽန္ေတာ့္ဆီက မ်က္ႏွာသာေပးမႈေတြရေအာင္ ေသခ်ာေပါက္ မႀကိဳးစားခဲ့ဘူး။

ဆိုေပမယ့္ မထင္မွတ္ထားတာျဖစ္ပ်က္ခဲ့ၿပီး သူ ကြၽန္ေတာ့္ကို လာရွာခဲ့တယ္။

ရွမင္ရႈကို ပိုၿပီးအေထာက္အပံ့ေပးဖို႔ ကြၽန္ေတာ့္ကို ေတာင္းဆိုခဲ့တယ္။

ရွမင္ရႈက အမွန္တကယ္ကို အေတာ္ေလးလွပေပမယ့္ ဒီေလာကထဲမွာက ၾကည့္ေကာင္းတဲ့လူေတြ အမ်ားႀကီးရွိတယ္။ ကုမၸဏီက သူတို႔ေထာက္ပံ့ေပးခ်င္တဲ့ ဘယ္သူ႔ကိုမဆို သင့္ေတာ္သလို ေထာက္ပံ့ေပးႏိုင္တယ္၊ ရွမင္ရႈျဖစ္ေနမွ မဟုတ္ဘူး ေလာ့ယြီခ်န္ျဖစ္ေနမွလည္း မဟုတ္ဘူး။

ကြၽန္ေတာ္တို႔ႏွစ္ေယာက္စလုံး ဒီအခ်က္ကို ရွင္းရွင္းလင္းလင္းသိၾကတယ္။

ထိုခဏမွာ ကြၽန္ေတာ္ ဘာေတြေတြးခဲ့မိမွန္း ကြၽန္ေတာ္ မသိေတာ့ေပမယ့္ ျပဳစားခံလိုက္ရသလိုမ်ိဳး ကြၽန္ေတာ္ သူ႔ကို အေျခအေနတစ္ခု ေပးခဲ့တယ္ _ ရွမင္ရႈနဲ႔ လမ္းခြဲဖို႔။

ၿပီးေတာ့ ကြၽန္ေတာ္နဲ႔ အတူရွိေနေပးဖို႔။

သူ စကားျပန္မေျပာဘဲ ကြၽန္ေတာ့္ကိုသာ ခပ္တန္းတန္းၾကည့္ေနခဲ့တယ္။

သိပ္သည္းလွတဲ့ တိတ္ဆိတ္မႈေတြနဲ႔ မီးေတာင္ေက်ာက္လိုမ်က္လုံးေတြက ကြၽန္ေတာ့္ကို အသက္ရႈရပ္သြားေစတယ္။

အနည္းငယ္ ထိတ္လန႔္စြာနဲ႔ ကြၽန္ေတာ္ စကားကို ျပန္ျပင္လိုက္တယ္။

ကြၽန္ေတာ္ ေျပာခဲ့တာက 'ဆယ္ႏွစ္ဆို အဆင္ေျပတယ္၊ ငါ တစ္သက္လုံးစာလည္း မလိုဘူး'

'မင္းသာ ငါနဲ႔ ဆယ္ႏွစ္ ေနေပးမယ္လို႔ ကတိေပးတယ္ဆိုရင္ ရွမင္ရႈကို အေထာက္အပံ့ေပးဖို႔ ငါကတိေပးတယ္'

ကြၽန္ေတာ္ စိတ္ကူးထားတဲ့အတိုင္း ေလာ့ယြီခ်န္က အံ့ဩသြားတဲ့ပုံမေပၚဘဲ ကြၽန္ေတာ္ သူ႔ကို ခ်စ္ေနခဲ့တယ္ဆိုတာကို သူသိထားၿပီးတဲ့ပုံေပါက္ေနတယ္။

ကြၽန္ေတာ္ ထိတ္ျပာေနခဲ့ေပမယ့္ သူ မျမင္ေအာင္ အေကာင္းဆုံး ထိန္းခ်ဳပ္ၿပီး သတ္မွတ္ခ်က္ေတြ ျပဳႏိုင္ေအာင္ ေလသံကို အတတ္ႏိုင္ဆုံး တည္ၿငိမ္ေအာင္ ထိန္းခဲ့တယ္။

ကြၽန္ေတာ္ ေျပာခဲ့တယ္ :

"ဆယ္ႏွစ္၊ မင္းနဲ႔ ငါ အတူေနၾကမယ္... တကယ့္ခ်စ္သူေတြလိုမ်ိဳးလည္း ေနရမယ္"

"ေန႔တိုင္း မင္းက ငါခ်က္ေပးတာကို စားၿပီး ငါျပင္ဆင္ေပးတဲ့ ႏြားႏို႔ကို ေသာက္ရမယ္၊ ေန႔တိုင္း ငါတို႔ေတြ အၾကင္နာေပးရမယ္ ၿပီးေတာ့ မင္း တျခားသူေတြနဲ႔ အျပင္ထြက္မယ္ဆိုရင္ ငါ့ကို အေၾကာင္းၾကားရမယ္ ၿပီးရင္ ဉာဥ့္မနက္ခင္ အိမ္ျပန္လာရမယ္... ငါတို႔ အိပ္တဲ့အခ်ိန္မွာ လွ်ပ္စစ္မီးကို ျဖဳန္းတီးသလိုျဖစ္ေပမယ့္ စားပြဲတင္မီးအိမ္ကို ဖြင့္ခြင့္ေပးမယ္"

အဲ့လိုဆိုေပမယ့္ ကြၽန္ေတာ္ ဒီလိုအရာေတြ ေျပာေနတုန္းမွာ ကြၽန္ေတာ္ အမွန္တကယ္ေတြးမိေနတာေတြက ဒီဟာေတြအားလုံးက ဒီတိုင္း အႏွစ္သာရမရွိတဲ့စကားေတြပဲလို႔သာျဖစ္တယ္။

ဒါက ကြၽန္ေတာ္ အေတာင့္တဆုံး ႐ိုးရွင္းလွပတဲ့ဘဝေလးျဖစ္တယ္။

ေလာ့ယြီခ်န္က ရွမင္ရႈအတြက္ေၾကာင့္နဲ႔ ဒီေလာက္ထိေတာင္မွ ကိုယ္က်ိဳးစြန႔္ႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ ဘယ္တုန္းကမွ မေတြးခဲ့မိဘူး။

ဒါေပမယ့္ သူက ေျပာလာတယ္ "ေကာင္းၿပီ"

မဆိုစေလာက္ေသး သံသယဝင္တာမ်ိဳး တြန႔္ဆုတ္တာမ်ိဳးေတာင္ မရွိဘဲ ကြၽန္ေတာ္က သူ႔ကို ဒီေန႔ ေခါက္ဆြဲသြားစားၾကမယ္လို႔ ႐ိုး႐ိုးရွင္းရွင္း ေျပာလိုက္သလိုမ်ိဳး လြယ္လင့္တကူ ဂ႐ုမစိုက္ဘဲ ဘာမွမေတြးဘဲ သူက ေကာင္းၿပီလို႔ ေျပာခဲ့တယ္။

ကြၽန္ေတာ္ သံသယေတြ ျပည့္ႏွက္သြားရၿပီး အနည္းငယ္အားငယ္သြားရတယ္ဆိုေပမယ့္ ဒါကလည္း ေကာင္းကင္ဘုံကေန ေငြထုပ္ႀကီးတစ္ခုက ကြၽန္ေတာ့္ေခါင္းေပၚ က်လာသလိုမ်ိဳး ျဖစ္ေနတုန္းပဲေလ။

အဲ့လိုနဲ႔ပဲ နားလည္ရခက္စြာ ကြၽန္ေတာ္လိုခ်င္တာကို ကြၽန္ေတာ္ ရခဲ့တယ္။

ေနာက္ပိုင္း ကြၽန္ေတာ္တို႔ေတြ ဆယ္ႏွစ္စာ ခ်စ္သူေတြျဖစ္လာခဲ့တယ္။



_____




{Unicode}

[ အကျဉ်းချုပ် : နောက်ပိုင်း ကျွန်တော်တို့တွေ ဆယ်နှစ်စာ ချစ်သူတွေဖြစ်လာခဲ့တယ် ]

•ရှောင်ဟန်း•

လော့ယွီချန်က ကတ်ထူပုံးတစ်ခုကို ရှာလိုက်ပြီး ထိုဓာတ်ပုံတွေအားလုံးကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ထိုအထဲ ပစ်ထည့်လိုက်တယ်။ ထို့နောက် အမှိုက်လိုပစ်ဖို့အတွက် ပြင်ဆင်ထားသလိုမျိုး ဂရုမစိုက်စွာနဲ့ တံခါးနားမှာ ထားထားတယ်။

အဲ့နောက်မှာ ထိုလူက ဆိုဖာပေါ်မှာ လှဲချလိုက်ပြီး ထိုအရာတွေကို နောက်ထပ်တစ်ကြိမ်လောက်ကြည့်ဖို့ကိုတောင်မှ အလွန်စိတ်အနှောင့်အယှက်ဖြစ်ရသလိုမျိုး သိသာလွန်းလှတယ်။

ပြီးတော့ ကျွန်တော်က ထိုပုံးနားမှာ ဆောင့်ကြောင့်ထိုင်ပြီး တစ်ချိန်က ကျွန်တော်တန်ဖိုးထားခဲ့ရတဲ့ ထိုအမှတ်တရတွေကို နောက်ဆုံးအကြိမ်အဖြစ် ပြန်လည်ခံစားနေလိုက်တယ်။

ထိပ်ဆုံးမှာရှိနေတဲ့ဓာတ်ပုံမှာ နောက်ခံအဖြူလေးရှိပြီး သူက ကျွန်တော့်ကို အနောက်ကနေဖက်ထားကာ စားပွဲပေါ်မှာ အတော့်ကိုအတိတ်နမိတ်မကောင်းလှတဲ့ အဖြူရောင်ပန်းတစ်ပွင့်ရှိနေတယ်။

ဒါက Bမြို့တော်ရဲ့ မြို့လည်ခေါင်မှာရှိတဲ့ ဆေးရုံဖြစ်တယ်။

အဲ့တာက လူငယ်ဖလားဖိုင်နယ်နေ့မတိုင်ခင်ရက်က ဖြစ်လောက်တယ်၊ ထိုအချိန်တုန်းက ကျွန်တော်တို့တွေ အထက်တန်းပထမနှစ်သာ ရှိသေးတယ်။ ပြိုင်ပွဲက Bမြို့တော်ရဲ့ အားကစားရုံမှာ ကျင်းပတာကြောင့် အလည်အပတ်ကြည့်နိုင်ဖို့အတွက် ရက်နည်းနည်းလောက် ကြိုသွားကြဖို့ ကျွန်တော်တို့တွေ ဆုံးဖြတ်ခဲ့ကြတယ်။

ကျွန်တော်တို့ရဲ့ လူငယ်ဘဝ အရွယ်ကောင်းလေးဖြစ်နေပြီး လောကကြီးရဲ့အကြောင်းကို မရင်းနှီးကြသေးဘဲ ညလယ်စာမုန့်စားကြဖို့အတွက် ဝေးလံတဲ့ညဈေးကို ကျွန်တော်တို့ သွားခဲ့ကြပြီး ပြန်လာတဲ့လမ်းမှာ ကျွန်တော်တို့ရဲ့ပိုက်ဆံကို ခိုးချင်ကြတဲ့ လူရမ်းကားတစ်စုရဲ့ တားဆီးခြင်းကကို ခံခဲ့ရတယ်။

ထိုအချိန်ကလည်း သွေးဆူလွယ်တဲ့လူငယ်တွေဖြစ်တာနဲ့အညီ တစ်ဖက်က ကျွန်တော်တို့ထက် သိပ်မကြီးကြသေးတာကို မြင်တော့ ကျွန်တော်တို့လည်း အလွယ်တကူ လက်မလျှော့နိုင်ကြဘဲ သူတို့နဲ့ တိုက်ခိုက်ဖို့အတွက် ကျွန်တော်တို့တွေ ဝင်လုံးခဲ့ကြတယ်။

သို့သော် တစ်ဖက်က ပြင်ဆင်ပြီးလာတာဖြစ်ပြီး ဓားတစ်ချောင်း ဝှက်ထားတယ်။

ထိုအချိန်က ဖျတ်ခနဲအလင်းရောင်တစ်ခုကို မြင်လိုက်ရပြီး ထိုလူက လော့ယွီချန်ဆီ ခုန်ဝင်သွားတာကို ကျွန်တော်မြင်လိုက်ရတော့ စိတ်က လုံးဝဗလာကျင်းသွားပေမယ့် ကျွန်တော့်ခန္ဓာကိုယ်ကတော့ အားထုတ်စရာတောင်မလိုအောင် သူ့ရှေ့ကို ခုန်ဝင်ပြီးသားဖြစ်ခဲ့တယ်။

နပန်းလုံးသတ်ပုတ်လို့ပြီးတဲ့နောက် ဓားကို ကျွန်တော့်လက်ထဲရောက်အောင် ခက်ခက်ခဲခဲ ယူနိုင်ခဲ့ပေမယ့် ကျွန်တော့်ရဲ့ဘယ်ဘက်ဒူးခေါင်းမှာ ကြီးမားတဲ့ပြတ်ရှရာကြီးတစ်ခု ရသွားပြီး နာကျင်မှုက အတောမသတ်နိုင်အောင်ပဲ။ [ T/N : ခုံညင်းနဲ့ ဒူးခေါင်းနဲ့ တူလားမသိဘူး၊ အစ်မက ခုံညင်းဆိုတာကို မျက်လုံးထဲမပေါ်လို့ ဒူးခေါင်းလို့ ရေးလိုက်တာပါ ]

ဆေးရုံမှာ စစ်ဆေးလိုက်တော့ ဒါက တကယ်ကြီး အရွတ်ကို ဟက်တက်ခွဲသလိုဖြစ်သွားတာဖြစ်တယ်။ လမ်းလျှောက်တဲ့နေရာမှာ အခက်အခဲမရှိဘူးဆိုပေမယ့် အားသုံးရတဲ့လေ့ကျင့်ခန်းတွေ ထပ်မလုပ်ရတော့ဘူးဆိုတော့ ထိုမြက်ခင်းပြင်ဘောလုံးကွင်းတွေမှာ ဘယ်တော့မှ ထပ်မပြေးနိုင်တော့ဘူးလို့ ပြောလိုက်တာပဲဖြစ်တယ်။

ဆရာဝန်ရဲ့စကားတွေကို ကြားလိုက်ရပြီးနောက်မှာ ကျွန်တော် ထုံထိုင်းသွားရတယ်။

ကျွန်တော် အဲ့စကားကို ကြားလိုက်ရချိန်တုန်းက ကျွန်တော့်ခြေထောက်တွေက မခိုင်တော့ဘဲ မျက်နှာလည်း ဖြူဖျော့သွားရပေမယ့် အဲ့တာကို ကျွန်တော်ကိုယ်တိုင်က သတိမထားမိခဲ့ဘူး။

ဆရာဝန်ရဲ့စကားတွေကြောင့် ကျွန်တော့်စိတ်က ပေါက်ကွဲထွက်နေတာကြောင့် သေချာပေါက် ထိုအရာတွေကို သတိပြုမိနေဖို့ အချိန်မရှိခဲ့ဘူး။ ကျန်တော် တွေးနေမိတဲ့ တစ်ခုတည်းသောအရာက _ 'ငါ့အရွတ်ပြတ်သွားပြီး ဘောလုံး ထပ်ကစားလို့ မရနိုင်တော့ဘူးဆိုတော့ ငါ ဘာလုပ်ရတော့မှာလဲ?'

ကျွန်တော်က လော့ယွီချန်ရဲ့ ဂိုးသမား၊ သူ စိတ်အေးလက်အေးထားပြီး ဆော့နိုင်အောင်လို့ ကျွန်တော် အဲ့မှာ ရှိနေပေးတာ။

ကျွန်တော်တို့တွေ ကတိပြုခဲ့ကြတယ်။

သို့ပေမယ့် အမှန်တော့ ကျွန်တော်က ဘောလုံးကစားရတာကို ဒီလောက်လည်း သဘောကျတာမျိုးမဟုတ်ဘူး၊ ဘာကြောင့်ဆို ကျွန်တော့်အတွက် လော့ယွီချန်ကသာ ဘောလုံးကစားဖို့အတွက် အကြောင်းပြချက်ဖြစ်နေခဲ့လို့ဖြစ်တယ်။

လော့ယွီချန်သာ မရှိရင် ဘောလုံးဆိုတာက ကျွန်တော့်အတွက် ဘာမှမဟုတ်ဘူး။ ကျွန်တော်က ဂိုးသမားဖြစ်နေတယ်ဆိုတာက သူ့နောက်ကို လိုက်ဖို့အတွက်၊ 'မင်းက ငါ့အနောက်ဘက်မှာ စောင့်နေပေးတော့ ငါ စိတ်သက်သာရာရတယ်လို့ ခံစားရတယ်' ဆိုတဲ့ ထိုစကားလုံးတွေ ကြားရဖို့အတွက်သာ ဖြစ်တယ်။

ကျွန်တော် ကျိန်ပြောရဲတယ်၊ နောက်ပိုင်းမှာ ကျွန်တော်က လော့ယွီချန် ပြောခဲ့သလိုမျိုး လုပ်ခဲ့တာတော့ မဟုတ်ဘူး _ လုံးဝစိတ်လွတ်နေကာ ကျွန်တော့်နှလုံးသားက သေဆုံးသွားသလိုပုံပေါက်နေခဲ့တာကြောင့် သူ့ကို အလွန်တရာ အပြစ်မကင်းသလိုမျိုး ခံစားရစေတယ်တဲ့။

ကျွန်တော် ဒဏ်ရာရခဲ့တာက သူ့အမှားကြောင့်လို့ သူ့ကို ယုံကြည်အောင်လုပ်ခဲ့တယ်၊ အဲ့တော့မှ သူက ကျွန်တော့်အပေါ် အကြွေးတင်သလို ခံစားရပြီး ကျွန်တော်ကလည်း အဲ့အကြောင်းပြချက်ကိုသုံးကာ ကျွန်တော့်ဘေးမှာ သူနေရအောင် အတင်းအကျပ်လုပ်ခဲ့တယ်တဲ့။

ကျွန်တော် တကယ်ကြီး မလုပ်ခဲ့ရပါဘူး။

ဒါပေမယ့် ကျွန်တော် အဲ့တာကိုလည်း မငြင်းနိုင်ဘူး၊ လော့ယွီချန်က ကျွန်တော့်ပုခုံးပေါ် လက်တင်ကာ "မင်းသာ ငါ့နောက်မှာ မရှိဘူးဆိုရင် ငါ့မှာ အသက်ရှင်ဖို့ ဘာအကြောင်းပြချက်မှ ရှိမှာမဟုတ်ဘူး" ဆိုပြီး အရင်ညတွေက မအိပ်ခဲ့ရသလိုမျိုး မျက်တွင်းကျနေတဲ့မျက်နှာနဲ့ ပြောလာတဲ့အခါ ကျွန်တော့်ရဲ့အသည်းနှလုံးအောက်ခြေကနေ တကယ်ကို ပီတိဖြာခဲ့ရတယ်။

သူ့အတွက်ကြောင့်သာ ကျွန်တော် ဘောလုံးကစားခဲ့တာဖြစ်တယ်။

ဒါပေမယ့် ကျွန်တော် မကစားနိုင်တော့တဲ့အခါ သူကလည်း သွားမကစားတော့ဘူး။

ကျွန်တော်တွေးခဲ့မိတယ်။ ဆိုလိုချင်တာ ကျွန်တော့်ရဲ့တည်ရှိမှုက သူ့အတွက် အရေးပါတယ်ပေါ့၊ တခြားအရာတွေထက် ပိုပြီး အရေးပါတယ်ပေါ့။ သူ ဒီလိုအရာတွေပြောနေချိန်မှာ သူ့စိတ်အခြေအနေက ဘယ်လိုရှိနေမလဲဆိုတာကိုတောင် ကျွန်တော် မတွေးခဲ့ဘဲ ကျွန်တော်တွေးနေခဲ့တဲ့ တစ်ခုတည်းသောအရာက ကျွန်တော့်အကြောင်းသာဖြစ်တယ်။

နောက်ပိုင်း ဖိုင်နယ်ပွဲတွေကိုလည်း ကျွန်တော် သွားမကြည့်နိုင်ခဲ့ဘူး။

ကျွန်တော် ကြားခဲ့ရတာက လော့ယွီချန်တစ်ယောက် တတ်နိုင်သမျှ အားလုံးကို လုပ်ပေးခဲ့ပေမယ့် အဆုံးမှာ ကျွန်တော်တို့အသင်း ရှုံးခဲ့ရတယ်။

ကျွန်တော်တို့ ရှုံးခဲ့ရပေမယ့် သူ့ရဲ့စွမ်းဆောင်ချက်ကို နိုင်ငံအသင်းtrainer တွေက သဘောကျခဲ့ကြတယ်။ သဘောကျလွန်းတကြောင့် သူနဲ့ ဆွေးနွေးဖို့လာကြပေမယ့် သူကတော့ စိတ်မဝင်စားဟန်နဲ့ သူတို့ကို ပြောခဲ့တယ် 'တကယ်တော့ ကျွန်တော်က ဘောလုံးကစားတာကို ဒီလောက်စိတ်ဝင်စားတာမဟုတ်ဘူး၊ ကျွန်တော်က တက္ကသိုလ်ကောင်းကောင်းတစ်ခုကို သွားချင်ရုံပဲ' တဲ့။

နောက်ပိုင်းမှာ သူက ဘီဒိုထဲမှာထားထားလို့ ဖုန်တက်နေတဲ့ဘောလုံးကို ဖက်ထားပြီး သူ့မျက်ရည်တွေကို ခိုးသုတ်နေတာမျိုးကို ကျွန်တော် အကြိမ်ပေါင်းများစွာ တွေ့ခဲ့ရတယ်။

ထိုအချိန်က သူ ဘောလုံးကို အစစ်အမှန် မြတ်နိုးခဲ့တယ်။

သူ့အိမ်မက်တွေ တစ်စစီပြိုကွဲသွားခဲ့ရတဲ့အကြောင်းပြချက်က ကျွန်တော်ဖြစ်နေခဲ့တယ်။ ခိုင်ခိုင်မာမာစိတ်ပိုင်းဖြတ်ပြီး ကျွန်တော် ကွင်းထဲမှာ မရှိရင်တောင်မှ သူက ဒီ့ထက်ပိုပြီး မြင့်မြင့်ပျံသန်းနိုင်ကြောင်း သူ့ကို တွန်းအားပေးပြီး မပြောခဲ့တာက ကျွန်တော်ပဲဖြစ်တယ်။

တစ်ကိုယ်ကောင်းဆန်မှုက ဝဋ်ပြန်လည်စေတယ်။

အချိန်ကျလာပြီဆိုရင် ကိုယ် မျိုးစေ့ချထားခဲ့တာကို ကိုယ်ပြန်ရိတ်သိမ်းရတော့တာပဲ။ ကျွန်တော်ကလည်း တူညီတဲ့အပြစ်ဒဏ်ကို လျင်လျင်မြန်မြန်ပဲ ပြန်ရခဲ့တယ်။

ထိုအချိန်က လော့ယွီချန်ရဲ့ နူးညံ့မှုနဲ့ ကျွန်တော့်ဒဏ်ရာကို ဂရုစိုက်ပေးတဲ့အပေါ် ကျွန်တော်ကိုယ်တိုင် လောဘကြီးစွာနဲ့ ပျော်ဝင်နေခဲ့မိတယ်။

ဆေးရုံက ဆင်းလို့ရနေပြီဖြစ်ပေမယ့် ဘူးခံငြင်းကာ ဆေးရုံမှာပဲ အချိန်ဖြုန်းနေခဲ့တယ်။

အဲ့လိုနဲ့ ကျွန်တော်တို့တွေ ရှမင်ရှုနဲ့ ဆုံခဲ့ရတယ်။

ထိုနေ့တုန်းက ကျွန်တော်က ဘီးတပ်ကုလားထိုင်မှာ ထိုင်နေပြီး လော့ယွီချန်က လျှောက်လမ်းတစ်လျှောက် ကျွန်တော့်ကို တွန်းပေးနေတယ်။ နေရောင်ကလည်း အလွန်တရာတောက်ပနေခဲ့တယ်။

သူက တကယ်နားလည်းမထောင် ဂရုလည်းမစိုက်ဘူးဆိုတာကို သိနေပေမယ့် ကျွန်တော်ကတော့ အထွေအထူးမဟုတ်တာတွေကို အဆက်မပြတ်ပြောနေခဲ့တယ်။ ရုတ်တရက်ဆိုသလို သူ့ခြေလှမ်းတွေ နှေးကျသွားတယ်။

သူ အတွေးထဲ စုန်းစုန်းမြုပ်နေတယ်ဆိုတာကို အသည်းအသန်သတိထားမိသွားပြီး သူ့အကြည့်အတိုင်း ကျွန်တော် လိုက်ကြည့်မိတယ်။

ထိုနေ့တုန်းက ရှမင်ရှုက ရူးကြောင်ကြောင်နိုင်တဲ့ အစင်းကြားဆေးရုံဝတ်စုံကို ဝတ်ဆင်ထားပြီး အဖြူရောင်ခုံတန်းရှည်ပေါ်မှာ အိပ်ပျော်နေခဲ့တယ်။

နေရောင်က သူ့ရဲ့အနက်ရောင်ဆံပင်ကို အနီရောင်ခပ်ဖျော့ဖျော့လေးဖြစ်စေပြီး သဘာဝဆန်တဲ့အရောင်အဝါတစ်ခု ပေးစွမ်းနေတယ်။ ထိုအခိုက်အတန့်မှာ သူ့ကိုကြည့်ရတာ အိမ်မက်နဲ့လက်တွေ့ကြားရောက်နေတဲ့ အိပ်ပျော်နေတဲ့နတ်သားလေးတစ်ပါးနဲ့တူတယ်။

ယောကျာ်းတစ်ယောက်ရဲ့ အလိုလိုသိစိတ်က အမှန်ကို ကြောက်ဖို့ကောင်းလှတယ်။

လော့ယွီချန်က သူ့ကိုကြည့်နေတာကို ကျွန်တော် ကြည့်မိချိန်မှာ ဝေးကွာလှတဲ့အနာဂတ်က ကျွန်တော့်ရဲ့နောက်ဆုံးသနားစဖွယ်အဆုံးသတ်ကို ခပ်ရေးရေးကြိုတင်ခံစားမိခဲ့တယ်။

မြှားနတ်မောင်က ကျိုးကြောင်းမဆင်ခြင်ဘဲ ဆေးရုံသေးသေးလေးတစ်ခုထဲမှာ သူ့မြှားကို ပစ်လိုက်လိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။

နောက်ပြီးတော့လည်း အပစ်ခံရပြီးသား အရည်အချင်းမပြည့်မှီတဲ့ကျွန်တော့်ကို မြင်တဲ့အခါ သေလောက်အောင် ရယ်နေတော့မှာပဲ။

မင်းအတွက် မဟုတ်ဘူးဆိုရင် အဲ့တာကို တိုက်ယူလို့မရတဲ့ တချို့သောကံကြမ္မာတွေ ရှိတတ်တယ်။

****

ကျွန်တော် ထိုဓာတ်ပုံတစ်ပုံကို ကြည့်ပြီးတဲ့နောက် သူ့ဘေးမှာကျနေတဲ့ နောက်တစ်ခုကို ကြည့်လိုက်တယ်။

အဲ့တာက နှစ်သစ်ကူးညတုန်းက ချားရဟတ်ပေါ်မှာဖြစ်တယ်။

ထိုအချိန်တုန်းက လော့ယွီချန်က သူ့ရဲ့ငယ်ရွယ်ပြီး အတွေ့အကြုံမရှိမှုကနေ ကျော်လွန်လာခဲ့ပြီဖြစ်ကာ နာမည်ကျော်လက်ဝါးကပ်တိုင်ပုံ နားကပ်ကို ဝတ်ဆင်နေပြီ။

ထိုနှစ်က သူ့ရဲ့ဆယ့်ရှစ်နှစ်ပြည့်ဖြစ်တယ်။

သူက ပွဲဦးထွက်ခါစ အဆိုတော်တစ်ယောက်ဆိုပေမယ့် ကျော်ကြားမှုကတော့ လျှင်မြန်စွာ တိုးတက်နေခဲ့တယ်။ ဘယ်လိုနေနေ သူ့ရဲ့မျက်စိကျိန်းလောက်အောင် ကြည့်ကောင်းမှုတွေက အားလုံးမြင်သာတဲ့အထိ ရှင်းလင်းနေပြီး လမ်းတွေပေါ်မှာ အရည်အချင်းရှိတဲ့ကင်းထောက်တွေရဲ့ မကြာခဏတားဆီးခြင်းခံရတာက သူ့အတွက်တော့ ပုံမှန်ပဲ။

သို့ပါသော်လည်း သူနဲ့ယှဉ်ရင် ထိုနှစ်မှာ ဘဝရဲ့အချိုးအကွေ့ပြောင်းလဲမှုတွေ အကြုံခဲ့ရဆုံးက တကယ်တမ်း ကျွန်တော်ဖြစ်နေခဲ့တယ်။

ကျွန်တော်၊ လုံးဝကို သာမာန်ဆန်တဲ့ကျွန်တော်၊ စောစောစီးစီး မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့ပြီဖြစ်တဲ့ မိဘမဲ့၊ အဖေဘယ်သူမှန်းမသိတဲ့သူ ပြီးတော့ တခြားသူတွေရဲ့ကြင်နာမှုတွေအပေါ် မှီခိုနေရတဲ့သူ၊ ကျွန်တော့်ဆီမှာ အတော့်ကို ထူးခြားတဲ့အရာဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ သို့ပေမယ့် ကျွန်တော့်ဘဝမှာ အစ်ကိုကြီးတစ်ယောက် ရုတ်တရက် ပေါ်လာခဲ့တယ်။

သူ့ရဲ့ရှည်လျားထွေပြားတဲ့ ရှင်းပြချက်အပြီး လူချမ်းသာတစ်ယောက်က အပြစ်ကင်းတဲ့အမျိုးသမီးငယ်တစ်ဦးကို လှည့်ဖျားပြီးနောက် ရက်ရက်စက်စက်စွန့်ပစ်သွားတဲ့ စက်ဆုပ်ဖွယ်ဇာတ်ကြောင်းကို သိရပြီး နောက်ဆုံးမှာ ကျွန်တော့်ရဲ့မူလဇစ်မြစ်ကို သိခဲ့ရတယ်။

အဲ့တာကြောင့်ပဲ ကျွန်တော့်ဘဝက လုံးဝပြောင်းလဲသွားခဲ့ပြီး ကျွန်တော်လည်း အရေးပါတဲ့ဖျော်ဖြေရေးကုမ္ပဏီတစ်ခုက ဥက္ကဌရဲ့ တရားမဝင်သားတစ်ယောက်ဖြစ်လာခဲ့တယ်။

ထို့နောက်မှာ အဖိုးကြီး ဆုံးပါးသွားပြီး တချို့သောရူးကြောင်ကြောင်အကြောင်းပြချက်ကြောင့် သူ့အမွေတစ်ဝက်ကို သူ အရင်က တစ်ခါမှတောင် မတွေ့ဖူးတဲ့သားဖြစ်သူ ကျွန်တော့်ဆီ ချန်ရစ်ခဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်။

ပိုလို့တောင် မယုံနိုင်စရာကောင်းတဲ့အရာက သူ့ရဲ့တရားဝင်ဆိုပေမယ့် အခုတော့ ကွာရှင်းထားပြီးသားဖြစ်တဲ့ဇနီးနဲ့ ရထားခဲ့တဲ့ တရားဝင်သား ကျွန်တော်နဲ့သွေးတစ်ဝက်တော်စပ်တဲ့အစ်ကိုက သေတမ်းစာကို တိတ်တခိုး ပြောင်းလဲတာမျိုးမလုပ်ဘဲ ကျွန်တော့်ဆီ တကယ်ကြီးရောက်ချလာတယ်။ သူက တကယ့်အစ်ကိုကြီးတစ်ယောက်လို ခံယူပြီး ကျွန်တော့်ကိုလည်း အထူးတလည်ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတယ်။

ထို့ကြောင့် ကျွန်တော့်ဆီမှာ ရုတ်တရက် ကိုယ်ရေးရာဇဝင်တစ်ခု၊ ကုမ္ပဏီတစ်ခု၊ တော်တော်လေး အကန့်အသတ်မရှိတဲ့ ငွေကြေးပမာဏနဲ့ အစ်ကိုကြီးတစ်ယောက်တောင် ရလိုက်တယ်။

ကျွန်တော်တို့ကုမ္ပဏီရဲ့ ခေါင်းစည်းအောက်မှာ လော့ယွီချန်က ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်လာခဲ့ပြီး ကျွန်တော်ကတော့ သူ့ရဲ့အောင်မြင်ခြင်း ကျရှုံးခြင်းတွေကို ထိန်းချုပ်တဲ့လူတစ်ယောက်ဖြစ်လာခဲ့တယ်။

သေချာတာကတော့ ကျွန်တော် လော့ယွီချန်ကို ထိခိုက်အောင်မလုပ်နိုင်ဘူး။

ကျွန်တော်က သူ့ကို သဘောကျလွန်းလို့ သူ့ကိုကူညီပေးဖို့တောင် မစောင့်နိုင်သလောက်ပဲ။

သို့ပေမယ့် ထိုအချိန်မှာ သူက ရှမင်ရှုနဲ့ အတူရှိနေပြီဖြစ်ကာ ကျွန်တော်နဲ့ ဝေးသထက် ဝေးကွာလာခဲ့တယ်။ သူ့ရဲ့ တသီးတခြားနေတတ်တဲ့ အကျင့်စရိုက်ကြောင့် ကျွန်တော်က ကုမ္ပဏီဥက္ကဌဖြစ်လာတာတောင် ကျွန်တော့်ဆီက မျက်နှာသာပေးမှုတွေရအောင် သေချာပေါက် မကြိုးစားခဲ့ဘူး။

ဆိုပေမယ့် မထင်မှတ်ထားတာဖြစ်ပျက်ခဲ့ပြီး သူ ကျွန်တော့်ကို လာရှာခဲ့တယ်။

ရှမင်ရှုကို ပိုပြီးအထောက်အပံ့ပေးဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့တယ်။

ရှမင်ရှုက အမှန်တကယ်ကို အတော်လေးလှပပေမယ့် ဒီလောကထဲမှာက ကြည့်ကောင်းတဲ့လူတွေ အများကြီးရှိတယ်။ ကုမ္ပဏီက သူတို့ထောက်ပံ့ပေးချင်တဲ့ ဘယ်သူ့ကိုမဆို သင့်တော်သလို ထောက်ပံ့ပေးနိုင်တယ်၊ ရှမင်ရှုဖြစ်နေမှ မဟုတ်ဘူး လော့ယွီချန်ဖြစ်နေမှလည်း မဟုတ်ဘူး။

ကျွန်တော်တို့နှစ်ယောက်စလုံး ဒီအချက်ကို ရှင်းရှင်းလင်းလင်းသိကြတယ်။

ထိုခဏမှာ ကျွန်တော် ဘာတွေတွေးခဲ့မိမှန်း ကျွန်တော် မသိတော့ပေမယ့် ပြုစားခံလိုက်ရသလိုမျိုး ကျွန်တော် သူ့ကို အခြေအနေတစ်ခု ပေးခဲ့တယ် _ ရှမင်ရှုနဲ့ လမ်းခွဲဖို့။

ပြီးတော့ ကျွန်တော်နဲ့ အတူရှိနေပေးဖို့။

သူ စကားပြန်မပြောဘဲ ကျွန်တော့်ကိုသာ ခပ်တန်းတန်းကြည့်နေခဲ့တယ်။

သိပ်သည်းလှတဲ့ တိတ်ဆိတ်မှုတွေနဲ့ မီးတောင်ကျောက်လိုမျက်လုံးတွေက ကျွန်တော့်ကို အသက်ရှုရပ်သွားစေတယ်။

အနည်းငယ် ထိတ်လန့်စွာနဲ့ ကျွန်တော် စကားကို ပြန်ပြင်လိုက်တယ်။

ကျွန်တော် ပြောခဲ့တာက 'ဆယ်နှစ်ဆို အဆင်ပြေတယ်၊ ငါ တစ်သက်လုံးစာလည်း မလိုဘူး'

'မင်းသာ ငါနဲ့ ဆယ်နှစ် နေပေးမယ်လို့ ကတိပေးတယ်ဆိုရင် ရှမင်ရှုကို အထောက်အပံ့ပေးဖို့ ငါကတိပေးတယ်'

ကျွန်တော် စိတ်ကူးထားတဲ့အတိုင်း လော့ယွီချန်က အံ့ဩသွားတဲ့ပုံမပေါ်ဘဲ ကျွန်တော် သူ့ကို ချစ်နေခဲ့တယ်ဆိုတာကို သူသိထားပြီးတဲ့ပုံပေါက်နေတယ်။

ကျွန်တော် ထိတ်ပြာနေခဲ့ပေမယ့် သူ မမြင်အောင် အကောင်းဆုံး ထိန်းချုပ်ပြီး သတ်မှတ်ချက်တွေ ပြုနိုင်အောင် လေသံကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းခဲ့တယ်။

ကျွန်တော် ပြောခဲ့တယ် :

"ဆယ်နှစ်၊ မင်းနဲ့ ငါ အတူနေကြမယ်... တကယ့်ချစ်သူတွေလိုမျိုးလည်း နေရမယ်"

"နေ့တိုင်း မင်းက ငါချက်ပေးတာကို စားပြီး ငါပြင်ဆင်ပေးတဲ့ နွားနို့ကို သောက်ရမယ်၊ နေ့တိုင်း ငါတို့တွေ အကြင်နာပေးရမယ် ပြီးတော့ မင်း တခြားသူတွေနဲ့ အပြင်ထွက်မယ်ဆိုရင် ငါ့ကို အကြောင်းကြားရမယ် ပြီးရင် ဉာဉ့်မနက်ခင် အိမ်ပြန်လာရမယ်... ငါတို့ အိပ်တဲ့အချိန်မှာ လျှပ်စစ်မီးကို ဖြုန်းတီးသလိုဖြစ်ပေမယ့် စားပွဲတင်မီးအိမ်ကို ဖွင့်ခွင့်ပေးမယ်"

အဲ့လိုဆိုပေမယ့် ကျွန်တော် ဒီလိုအရာတွေ ပြောနေတုန်းမှာ ကျွန်တော် အမှန်တကယ်တွေးမိနေတာတွေက ဒီဟာတွေအားလုံးက ဒီတိုင်း အနှစ်သာရမရှိတဲ့စကားတွေပဲလို့သာဖြစ်တယ်။

ဒါက ကျွန်တော် အတောင့်တဆုံး ရိုးရှင်းလှပတဲ့ဘဝလေးဖြစ်တယ်။

လော့ယွီချန်က ရှမင်ရှုအတွက်ကြောင့်နဲ့ ဒီလောက်ထိတောင်မှ ကိုယ်ကျိုးစွန့်နိုင်လိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။

ဒါပေမယ့် သူက ပြောလာတယ် "ကောင်းပြီ"

မဆိုစလောက်သေး သံသယဝင်တာမျိုး တွန့်ဆုတ်တာမျိုးတောင် မရှိဘဲ ကျွန်တော်က သူ့ကို ဒီနေ့ ခေါက်ဆွဲသွားစားကြမယ်လို့ ရိုးရိုးရှင်းရှင်း ပြောလိုက်သလိုမျိုး လွယ်လင့်တကူ ဂရုမစိုက်ဘဲ ဘာမှမတွေးဘဲ သူက ကောင်းပြီလို့ ပြောခဲ့တယ်။

ကျွန်တော် သံသယတွေ ပြည့်နှက်သွားရပြီး အနည်းငယ်အားငယ်သွားရတယ်ဆိုပေမယ့် ဒါကလည်း ကောင်းကင်ဘုံကနေ ငွေထုပ်ကြီးတစ်ခုက ကျွန်တော့်ခေါင်းပေါ် ကျလာသလိုမျိုး ဖြစ်နေတုန်းပဲလေ။

အဲ့လိုနဲ့ပဲ နားလည်ရခက်စွာ ကျွန်တော်လိုချင်တာကို ကျွန်တော် ရခဲ့တယ်။

နောက်ပိုင်း ကျွန်တော်တို့တွေ ဆယ်နှစ်စာ ချစ်သူတွေဖြစ်လာခဲ့တယ်။



_____


Thanks 🌹





Continue Reading

You'll Also Like

470K 87.3K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
157K 11.7K 45
"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."
150K 25.7K 114
နဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသ...