ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 289K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

122

6.3K 1.3K 72
By Melinoe_Megami

Unicode

“ဝေရိ၊ ခင်ဗျားက သေလမ်းရှာနေတာပဲ..!”

ရွှယ်ယို့ရှန်းက လက်မြှောက်ပြီး မြေခွေးကို အသာတွန်းဖယ်လိုက်တယ်။ ထို့နောက် ရှေ့ထွက်ကာ မတ်တပ်ရပ်လိုက်တယ်။ သူ့ရဲ့လက်ရှိစွမ်းအားက မြေခွေးထက် အနည်းငယ် သာပုံရတာကြောင့် သူ့အရှေ့မှာ မြေခွေးပိတ်ရပ်နေတာက ကာကွယ်တာမဟုတ်ဘဲ သူ့ရဲ့လမ်းကို ပိတ်ထားသလို ဖြစ်နေတယ်မဟုတ်လား..?

ရွှယ်ယို့ရှန်းက ပေါ်လွင်ထင်ရှားစွာ ရှေ့ထွက်ပြီး မေးချီလိုက်တယ်။ အလျင်မလိုတဲ့ အမူအရာနဲ့ လက်နောက်ပစ်လိုက်ပြီး ဝေရိနဲ့ နောက်လိုက်နောက်ပါတွေဆီ သူ့ရဲ့ဖိအားအရှိန်အဝါကို ထုတ်လွှတ်လိုက်တယ်။

သူ့ရဲ့စွမ်းအားကို ဘယ်လိုပုံစံမျိုးနဲ့ ဖော်ထုတ်သင့်သလဲဆိုပြီး စဉ်းစားခဲ့ဖူးတယ်။ သူ့စိတ်ထဲမှာတော့ ဒီမှော်နဲ့ဓားနယ်မြေတစ်ခုလုံးမှာ ဟိတ်ဟန်အများဆုံး.. အဲ.. မဟုတ်ပါဘူး။ စွမ်းအားအကြီးဆုံးလူသားက ရင်းဆုယဲ့ပဲ။ ဒါကြောင့် ရင်းဆုယဲ့လိုမျိုး သူ့ရဲ့စွမ်းအားကို ဖော်ထုတ်ပြသကာ ရန်သူတွေကို ခြောက်လှန့်ချင်ခဲ့တယ်။

“ရွှယ်ယို့ရှန်း.. မင်းက တလွဲဆံပင်ကောင်းနေတာပဲ၊ ခေါင်းမာလိုက်တာ..!”

ဝေရိကိုယ်တိုင်လည်း ရွှယ်ယို့ရှန်းကို စကားတစ်ခွန်းနှစ်ခွန်းပြောပြီး လှည့်စားနိုင်လိမ့်မယ်လို မတွေးထားပါဘူး။ ဒါပေမဲ့ ဒီလောက်ထိ ပြတ်ပြတ်သားသား ငြင်းဆန်လိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး။

ထို့ကြောင့် သူ့ရဲ့စွမ်းအားတွေကို ထုတ်လွှတ်ပြီး ရွှယ်ယို့ရှန်းနဲ့ တည့်တိုးရင်ဆိုင်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ထင်မြင်ချက်က ပိုမိုခိုင်မာလာပြီး ရွှယ်ယို့ရှန်းဟာ ရင်းဆုယဲ့အနားကို မကောင်းတဲ့ အကြံအစည်တွေနဲ့ ချဉ်းကပ်လာတာလို့ ယုံကြည်သွားတယ်။

ရွှယ်ယို့ရှန်းရဲ့ စွမ်းအားအရှိန်အဝါက အရမ်းပြင်းထန်တာပဲ။ ဒီလိုစွမ်းအားကြီး မိစ္ဆာတစ်ကောင်က ဘုရင်မင်းမြတ် ‘ရင်း’အနားကို လိုက်ကပ်နေတယ်၊ ဘယ်လိုပဲကြည့်ကြည့် အကြံအစည်တစ်ခုခု ရှိနေတယ်ဆိုတာ သိသာနေတယ်မဟုတ်လား..! အဲ့တော့ ဘုရင်မင်းမြတ်‘ရင်း’ရဲ့ လုံခြုံရေးအတွက်၊ လူသားမျိုးနွယ်တွေ ဘေးကင်းဖို့အတွက်၊ ရွှယ်ယို့ရှန်းကို လူသားမျိုးနွယ်ကနေ ကျိန်းသေပေါက် မောင်းထုတ်ရလိမ့်မယ်..!

“ဘုရင်မင်းမြတ်အနားကနေ ကိုယ့်ဘာသာ ထွက်မသွားချင်မှတော့ မင်းလုပ်သင့်တဲ့အရာကို ကျုပ်ကိုယ်တိုင် ရွေးချယ်ပေးရတော့မှာပေါ့..!”

အရာအားလုံးက ထိန်းချုပ်လို့မရနိုင်တဲ့ အခြေအနေသို့ ရောက်ရှိလာခဲ့ချေပြီ။ ဝေရိလည်း ဒီပြဿနာကို အေးအေးချမ်းချမ်း ဖြေရှင်းလို့မရနိုင်တော့မှန်း သဘောပေါက်လိုက်တာကြောင့် သူ့ရဲ့ငယ်သားတွေကို လှုပ်ရှားရန် လက်ဟန်ပြလိုက်တယ်။ တစ်ချိန်တည်းမှာပဲ မြေခွေးရဲ့လက်အောက်က လျှို့ဝှက်သက်တော်စောင့်တွေလည်း သတိအနေအထား ဖြစ်သွားကြတယ်။

“ဟမ့်..!”

ရွှယ်ယို့ရှန်းက အေးစက်စက် နှာမှုတ်လိုက်ကာ လက်မြှောက်လိုက်တယ်။ ဝိဉာဉ်စွမ်းအား စုစည်းပြီး သူကျွမ်းကျင်ရာဖြစ်တဲ့ မန္တန်အစီအရင်ကို စတင်ရေးဆွဲရန် ပြင်ဆင်လိုက်တယ်။

သူ ဝေရိနဲ့ ဆက်ပြီးစကားမပြောချင်တော့ဘူး။ ဒီလူက အရမ်းခေါင်းမာလွန်းပြီး နောက်ဆုတ်လို့မရတဲ့လမ်းကို လျှောက်ချင်နေတယ်။ ထို့ကြောင့် သူ့ဘက်က စပြီးတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်တယ်။

‘သံပူနေတုန်း ပုံသွင်း’ဆိုသလို လက်ဦးမှုယူပြီး တိုက်ခိုက်တဲ့မန္တန်ကို သုံးသင့်လား..? ဒါမှမဟုတ် ကိုယ့်ကိုယ်ကို အရင်ကာကွယ်ဖို့ ကာကွယ်ရေးမန္တန်ကို သုံးသင့်လား..?

ရွှယ်ယို့ရှန်းတစ်ယောက် အသုံးပြုရမယ့်မန္တန်ကို ရွေးချယ်လို့ မပြီးသေးခင်မှာပင် ဝေရိက လေထဲလွင့်ထွက်သွားပြီး ခြံစည်းရိုးနံရံနဲ့ သွားဆောင့်တာကို မြင်လိုက်ရတယ်။ ဘုန်းခနဲမြည်သံကြီးနဲ့ မြေပြင်ပေါ် လဲကျသွားပြီး သွေးအန်နေလေရဲ့။

ရွှယ်ယို့ရှန်းလည်း ဘာမှန်းမသိတဲ့ အခြေအနေကြောင့် မျက်မှောင်ကြုတ်လိုက်မိတယ်။ တိုးလိုးတန်းလန်း ဖြစ်နေတဲ့ သူ့ရဲ့လက်ကိုကြည့်ရင်း နားမလည်နိုင်တဲ့ မျက်နှာအမူအရာက ပိုမိုထင်ရှားလာခဲ့တယ်။

သူရဲ့တိုက်ကွက်ကို မစရသေးပါဘူး၊ ဟုတ်တယ်မလား..? အဲ့လိုဆိုရင် ဝေရိက ဘယ်ဖြစ်လို့ လွင့်ထွက်သွားရတာလဲ..? သူက အရမ်းစွမ်းအားကြီးလွန်းလို့ လှုပ်ရှားဖို့တောင် မလိုတာများလား..? သူ့အတွေးတစ်ချက်တည်းနဲ့ ရန်သူကို နှိမ်နှင်းနိုင်တာလား..?”

ရွှယ်ယို့ရှန်းတစ်ယောက် သူ့ကိုယ်သူ အရမ်း၊ အရမ်း၊ အရမ်းစွမ်းအားကြီးတယ်ထင်ပြီး ချီးမွမ်းလို့မဝသေးခင်မှာပင် သူ့ရဲ့နောက်ကျောဘက်မှ အလွန်ရင်းနှီးနေတဲ့အသံကို ကြားလိုက်ရလေတယ်။

“ရှောင်ယို့.. အဆင်ပြေရဲ့လား..?”

“ရင်းဆုယဲ့.. နောက်ဆုံးတော့ ခင်ဗျားနိုးလာပြီပေါ့..?!”

ရွှယ်ယို့ရှန်းရဲ့စိတ်ထဲမှာ ဝေရိကို အဖက်လုပ်ဖို့ အချိန်မပေးနိုင်တော့ဘူး။ ကမန်းကတန်း အနောက်လှည့်ကြည့်လိုက်တယ်။

အဲ့တာဆို တိုက်ခိုက်လိုက်တဲ့လူက ရင်းဆုယဲ့ပေါ့။ သူက ရင်းဆုယဲ့ရဲ့စွမ်းအားအရှိန်အဝါကို ခံနိုင်ရည်ရှိနေတော့ ရင်းဆုယဲ့ တိုက်ခိုက်လိုက်တာကို အာရုံမခံမိလိုက်တာ ဖြစ်နိုင်တယ်။

“မင်းကို အချိန်အကြာကြီး စောင့်ဆိုင်းစေမိပြီ..!”

ရင်းဆုယဲ့က ရှေ့တစ်လှမ်းတိုးကာ ရွှယ်ယို့ရှန်းအရှေ့မှာ မတ်တပ်ရပ်လိုက်တယ်။ ရွှယ်ယို့ရှန်းကို ပွေ့ဖက်လိုက်ပြီး တစ်ကိုယ်လုံး ထိခိုက်ဒဏ်ရာ လုံးဝမရှိကြောင်း သေချာသွားတဲ့အထိ ဂရုတစိုက် စစ်ဆေးကြည့်လိုက်တယ်။

တကယ်တော့ ရင်းဆုယဲ့က သတိလစ်နေတဲ့တစ်လျှောက်လုံး အပြင်မှာ ဖြစ်ပျက်နေသမျှကို သိနေခဲ့တယ်။ အလျင်စလို မနိုးထနိုင်ခဲ့တာက သူ့ရဲ့စွမ်းအားကို အတင်းအကျပ်မြှင့်တင်နိုင်ဖို့ အသုံးပြုခဲ့ရတဲ့ တားမြစ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ပဲ။ ပြီးတော့ ဝမ်ပထျန် သေဆုံးသွားတာကြောင့် လူသားဘုရင်နေရာက လစ်လပ်သွားပြီး သူလည်း ရွှေရောင်တော်ဝင်အဆင့် ၉ ကနေ ကြီးမြတ်သောဘုရင်အဆင့်ကို အဆင့်တက်သွားတာကြောင့် ဖြစ်တယ်။

ရုတ်တရက် အဆင့်တက်သွားတာကြောင့် သတိလစ်နေတဲ့ အခြေအနေက ပိုမိုကြန့်ကြာသွားခဲ့တယ်။ ထို့ကြောင့် ရင်းဆုယဲ့က ခန္ဓာကိုယ်ပြန်လည်ပြုပြင်နိုင်တဲ့ အခွင့်အရေးကိုသုံးပြီး တားမြစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို ဖယ်ထုတ်နေခဲ့ရတယ်။

တစ်ချိန်တည်းမှာပဲ သူ့ရဲ့ဝိဉာဉ်စွမ်းအားအပေါ် အာရုံစိုက်ထားပြီး ခန္ဓာကိုယ်ထဲက မှော်ပညာအုတ်မြစ်နဲ့ သိုင်းပညာအုတ်မြစ်၊ စွမ်းရည်နှစ်မျိုးလုံးကို ရွှယ်ယို့ရှန်း အကြံပြုခဲ့တဲ့အတိုင်း ‘ယင်ယန်’နည်းလမ်းနဲ့ စီးဆင်းစေလိုက်တယ်။

ပြောရမယ်ဆိုရင် ကောင်လေးပြောပြခဲ့တဲ့ နည်းလမ်းက တကယ့်ကို အသုံးဝင်တာပဲ။ သူ့ခန္ဓာကိုယ်ထဲက စွမ်းအားမျှခြေ မညီညွတ်မှုကြောင့် ဖြစ်ခဲ့ရတဲ့ အတွင်းဒဏ်ကို အမြစ်ပါမကျန်အောင် ဖယ်ရှားပေးနိုင်ခဲ့တယ်။

ဒါက ရင်းဆုယဲ့ မေ့မျောနေခဲ့ရတဲ့ အကြောင်းအရင်းအမှန်ပါပဲ။

 (TN : မှတ်မိကြသေးတယ်မလား။ ရင်းဆုယဲ့ရဲ့ မှော်ပညာနဲ့သိုင်းစွမ်းရည်က အချင်းချင်းတွန်းကန်နေတာကြောင့် အချိန်မရွေး စွမ်းအားဖောက်ပြန်နိုင်တဲ့ အခြေအနေမျိုးပါ။)

ဝမ်ပထျန်ကို ရှင်းပစ်ပြီးတာတောင် အိမ်တံခါးရှေ့အထိ ပြဿနာလာရှာရဲတဲ့လူတွေ ကျန်နေဦးမယ်လို့ ရင်းဆုယဲ့လည်း မထင်ထားခဲ့ဘူး။ ပိုပြီးမထင်ထားတာက ထိုလူတွေရဲ့ ပစ်မှတ်က ရွှယ်ယို့ရှန်းဖြစ်နေတာပဲ။

ကောင်လေးရဲ့ စွမ်းအားလှိုင်းကို အာရုံခံမိလိုက်တာနဲ့ ရင်းဆုယဲ့က စွမ်းအားမျှခြေ ထိန်းညှိနေတာကို ရပ်တန့်လိုက်ပြီး သူ့ကိုယ်သူ မေ့မျောနေရာမှ အတင်းအကျပ် နိုးထစေလိုက်တယ်။ သူပြန်နိုးတာနဲ့ ကောင်လေးကို ထိခိုက်အောင်လုပ်ချင်နေတဲ့ ဝေရိကို လွင့်ထွက်အောင် လုပ်ပစ်လိုက်တယ်။

***

“သခင်..!”

ရင်းဆုယဲ့ ထွက်ပေါ်လာသည်ကို မြင်လိုက်တာနဲ့ သက်တော်စောင့်တွေအားလုံး စိတ်လှုပ်ရှားသွားကြတယ်။

သူတို့ရဲ့သခင်ကြီး နောက်ဆုံးတော့ နိုးထလာခဲ့ပြီ။ ရွှယ်ယို့ရှန်းကို မကာကွယ်နိုင်မှာ စိတ်ပူနေစရာ မလိုတော့ဘူး။

“အင်း..”

ရင်းဆုယဲ့က လက်ကိုဝှေ့ရမ်းကာ လုပ်လက်စအလုပ်ကို ဆက်လုပ်ရန် လက်ဟန်ပြလိုက်တယ်။ ထို့နောက် ခြံဝင်းထဲက မဖိတ်ခေါ်ဘဲရောက်နေတဲ့ ဧည့်သည်တွေကို အာရုံစိုက်လိုက်တယ်။

“ဘုရင်မင်းမြတ်‘ရင်း’ !”

ဝေရိက နာကျင်မှုကို အောင့်ခံကာ မြေပြင်ပေါ်မှ ကုန်းထလိုက်တယ်။ ထို့နောက် ရင်းဆုယဲ့အား ရိုရိုသေသေ ဂါဝရပြုလိုက်တယ်။

“ဝေရိ.. မင်းအပြစ် မင်းသိလား..?”

ရင်းဆုယဲ့ရဲ့လေသံက ကြားလိုက်ရသူတိုင်း အေးခဲလုမတတ် အေးစိမ့်နေလေတယ်။

“ဒီလက်အောက်ငယ်သား ကိုယ့်အပြစ်ကိုယ်သိပါတယ်..!”

ဝေရိက ရွှယ်ယို့ရှန်းကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်ချပြီးကတည်းက ဘယ်လိုအပြစ်ဒဏ်မျိုးမဆို ခံယူဖို့အသင့်ပဲ။ ဒါပေမဲ့ သူ နောင်တမရဘူး။ သူ့ရဲ့ရည်ရွယ်ချက်ကို ပြောင်းလဲပစ်ဖို့ စိတ်ကူးမရှိဘူး။

“ဒီလက်အောက်ငယ်သား ဘုရင်မင်းမြတ်ကို ဖျောင်းဖျပါရစေ၊ မိစ္ဆာကောင် ရွှယ်ယို့ရှန်းက ဒီနေရာမှာ ရှိမနေသင့်ပါဘူး..!”

ဝေရိရဲ့ သဘောထားက လုံးဝမပြောင်းလဲသေးဘူး။

“မင်းက သေချင်နေတာပဲ..!”

ရင်းဆုယဲ့ရဲ့ မျက်လုံးထဲမှာ သွေးအေးရက်စက်မှုတွေ ဖြတ်ပြေးသွားတယ်။

ကောင်လေးကို သူ့ဘေးနားမှာ တစ်သက်လုံး ချည်နှောင်ထားဖို့ မစောင့်နိုင်တော့အချိန် တစ်စုံတစ်ယောက်က ဒီကောင်လေးကို ထွက်သွားစေချင်နေတယ်။ ခွင့်လွှတ်လို့မရတဲ့ အပြစ်ပဲ..!

“အရှင်က လူသားဘုရင်ပါ.. လူသားမျိုးနွယ်ရဲ့ ကောင်းကျိုးကိုပဲ ရှေးရှုသင့်ပါတယ်.. ဘာမဟုတ်တဲ့ မိစ္ဆာလေးတစ်ကောင်အတွက် လူသားဘုရင်တစ်ယောက်ရဲ့ တာဝန်ဝတ္တရားကို လျစ်လျူမရှုသင့်ပါဘူး..!”

ရင်းဆုယဲ့ရဲ့ ဖိအားအရှိန်အဝါအောက် ကျိုးကြေလုမတတ် ဖြစ်နေတာတောင် ဝေရိက အံတင်းတင်းကြိတ်ပြီး ခေါင်းမာနေတုန်းပဲ။ လူသားဘုရင်အသစ်က ဆုံးဖြတ်ချက်အမှားချပြီး မိစ္ဆာတစ်ကောင်ကြောင့် နာမည်ပျက်သွားမည်ကို သူလုံးဝခွင့်မပြုနိုင်ပါဘူး။

“ကျုပ်က လူသားဘုရင်.. ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးရဲ့ ဥပဒေသတွေက ကျုပ်ကို ထိန်းချုပ်လို့မရတော့ဘူး..!”

ရင်းဆုယဲ့ရဲ့ မျက်ဝန်းထဲမှာ လောကကြီးကို အရွဲ့တိုက်လိုစိတ်တွေနဲ့ ပြည့်နှက်နေလေတယ်။ သူ့ရဲ့အကြည့်က ဝေရိရဲ့ ညံ့ဖျင်းမှုကို လှောင်ပြောင်နေသလိုပဲ။

အရင်ဘဝတုန်းက သူ့ကို လူတိုင်း သစ္စာဖောက်သွားကြတယ်။ ဒီတစ်ခေါက်တော့ သူ့ကိုပစ်ပယ်ချင်တဲ့ ဘယ်သူ့ကိုမဆို အာရုံစိုက်နေစရာ အကြောင်းမရှိတော့ဘူး။

ကြီးမြတ်သောဘုရင်အဆင့်ဆိုတာ တစ်လောကလုံးမှာ စွမ်းအားအကြီးဆုံး ဖြစ်တည်မှုပဲ။ လူသားဘုရင်ဖြစ်လာပြီးနောက် ထပ်ပြီးထိန်းချုပ်ခံတော့မှာမဟုတ်ဘူး။ သူ့ဘဝကို သူ့စိတ်ကြိုက် ဖန်တီးမယ်။ ကောင်လေးကိုလည်း အကောင်းဆုံး ကာကွယ်ပေးရမယ်..!

“……”

ဒီလိုမျိုး အထက်စီးဆန်တဲ့ စကားလုံးတွေကို ကြားလိုက်ရတဲ့အချိန် ရွှယ်ယို့ရှန်းမှာ အထင်မကြီးဘဲ မနေနိုင်တော့ဘူး။

ဘာကိုဆိုလိုသလဲ..?

ရင်းဆုယဲ့ရဲ့ စကားလုံးတွေအောက်က ဖုံးကွယ်ထားတဲ့အဓိပ္ပါယ်ကို သူနားလည်တယ်။ ရင်းဆုယဲ့ရဲ့ စကားလုံးတွေက နားထောင်ရကောင်းပေမယ့် အဓိပ္ပါယ်ကတော့ ‘ထိပ်ဆုံးနေရာမှာ ရပ်တည်နေသူတိုင်း လူကောင်းမဟုတ်’လို့ ပြောလိုက်တာနဲ့ အတူတူပဲ။

အရှင်းလင်းဆုံးပြောရရင် ရင်းဆုယဲ့သာ ဆန္ဒရှိရင် ဆိုးရွားတဲ့ကိစ္စတွေ လုပ်ပစ်လိုက်နိုင်တယ်။ လူသတ်ချင်လည်း သတ်ပစ်နိုင်တယ်။ သူဖျက်ဆီးလိုသမျှကို ဖျက်ဆီးပစ်နိုင်တယ်။

ဘာလို့မကောင်းတဲ့ဥပမာတွေပဲ ပေးနေတယ်လို့ထင်လဲ..?

သေချာပေါက် ရင်းဆုယဲ့ဆိုတာ ကောက်ကျစ်ယုတ်မာတဲ့ ဗီလိန်ကြီးပဲလေ..! ပြန်မွေးဖွားလာတဲ့ ဗီလိန်ကြီးက ပျော်ပျော်ရွှင်ရွှင်နဲ့ လူသားတွေကို ကူညီပေးနေမယ်လို့ မျှော်လင့်နေတာလား..? ယုတ္တိမတန်လိုက်တာ..!

“အရှင်မင်းမြတ်က စိတ်မပြောင်းလဲဘူးဆိုရင် ကျုပ်ကလည်း ကျုပ်ရဲ့အသက်ကိုစတေးပြီး ဖျောင်းဖျပါ့မယ်..!”

ဝေရိက ရင်းဆုယဲ့ရှေ့မှာ ဒူးထောက်ပြီး ပြောလိုက်တယ်။ သူ့ရဲ့စစ်မှန်သောသဘောထားကို ထုတ်ဖော်ပြသကာ ရင်းဆုယဲ့ရဲ့စိတ်ကို ပြောင်းလဲနိုင်ဖို့ မျှော်လင့်ခဲ့တယ်။

“အဲ့တာဆိုလည်း သေလိုက်တော့..!”

ရင်းဆုယဲ့ရဲ့ မျက်ဝန်းထဲမှာ သွေးရောင်လွှမ်းလာခဲ့တယ်။

ကောင်လေးအပေါ် ဝေရိရဲ့ အစောပိုင်းအပြုအမူတွေက ရင်းဆုယဲ့ရဲ့ မျက်လုံးထဲမှာ လုံးဝခွင့်လွှတ်လို့မရတဲ့ အပြစ်တစ်ခုပဲ။ ဝေရိက အခုလို သူ့ရဲ့အသက်ကို သူကိုယ်တိုင် ပေးအပ်လာမှတော့ မဖြည့်ဆည်းပေးစရာ အကြောင်းမရှိတော့ဘူး။

ရင်းဆုယဲ့က ညင်သာစွာ လက်မြှောက်လိုက်တယ်။ သူ့ရဲ့လက်ချောင်းထိပ်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဝေရိရဲ့ ရင်ဘတ်ထဲ ထိုးဖောက်သွားခဲ့တယ်။

သိသာစွာပဲ ရင်းဆုယဲ့က သူ့ကို တစ်ခုခုလုပ်လိမ့်မယ်လို့ ဝေရိတစ်ယောက် မထင်ထားခဲ့ဘူး။ မျက်လုံးတွေက မယုံကြည်နိုင်သလို ပြူးကျယ်နေပြီး သူ့ရင်ဘတ်ထဲ ထိုးဖောက်ဝင်ရောက်သွားတဲ့ ရွှေရောင်အလင်းတန်းကို ငေးကြည့်နေခဲ့မိတယ်။ ဝေရိမှာ စကားပြောဖို့ ပါးစပ်ဖွင့်လိုက်ပေမယ့် ဘာမှမပြောနိုင်ခဲ့ဘူး။ ထို့နောက် မျက်လုံးပိတ်ကျသွားတော့တယ်။

“…………”

ရွှယ်ယို့ရှန်းလည်း ရင်းဆုယဲ့က လူတစ်ယောက်ကို လွယ်လင့်တကူ သတ်ပစ်လိုက်မယ်လို့ မထင်မှတ်ထားခဲ့ဘူး။ ပြောရမယ်ဆိုရင် ဝေရိဆိုတာ ‘ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်’ ဝတ္ထုရဲ့ အရေးပါတဲ့ ဇာတ်ပို့တစ်ယောက်ပဲ။ နောက်ပိုင်းဇာတ်ကွက်တွေမှာ အဓိကဇာတ်ကောင်အတွက် အရေးပါတဲ့ သွေးသောက်ညီအစ်ကိုကောင်းတစ်ယောက်လည်း ဖြစ်နေပြန်တယ်။ ဒါပေမဲ့ အခုတော့ ရင်းဆုယဲ့လက်ချက်နဲ့ သေသွားခဲ့ပြီ။

ဒီလိုမျိုး လွယ်လွယ်ကူကူ သေသွားတယ်၊ ဒီတိုင်းကြီး တန်းသေသွားတယ်..? Mr.Plot ခင်ဗျားကို ကယ်တင်လို့ရနိုင်သေးရဲ့လား..? (ဇာတ်ကြောင်းက အဖက်ဆယ်လို့ရသေးရဲ့လား..?)

ဒါပေမဲ့လည်း.........

လူသတ်တဲ့နေရာမှာ မျက်တောင်မခတ်တဲ့ လက်ရှိရင်းဆုယဲ့ကိုကြည့်ရင်း အရမ်းခန့်ညားတယ်လို့ ဘာလို့ခံစားမိနေပါလိမ့်..?

…………………………….................

Zawgyi

“ေဝရိ၊ ခင္ဗ်ားက ေသလမ္းရွာေနတာပဲ..!”

႐ႊယ္ယို႔ရွန္းက လက္ေျမႇာက္ၿပီး ေျမေခြးကို အသာတြန္းဖယ္လိုက္တယ္။ ထို႔ေနာက္ ေရွ႕ထြက္ကာ မတ္တပ္ရပ္လိုက္တယ္။ သူ႔ရဲ႕လက္ရွိစြမ္းအားက ေျမေခြးထက္ အနည္းငယ္ သာပုံရတာေၾကာင့္ သူ႔အေရွ႕မွာ ေျမေခြးပိတ္ရပ္ေနတာက ကာကြယ္တာမဟုတ္ဘဲ သူ႔ရဲ႕လမ္းကို ပိတ္ထားသလို ျဖစ္ေနတယ္မဟုတ္လား..?

႐ႊယ္ယို႔ရွန္းက ေပၚလြင္ထင္ရွားစြာ ေရွ႕ထြက္ၿပီး ေမးခ်ီလိုက္တယ္။ အလ်င္မလိုတဲ့ အမူအရာနဲ႔ လက္ေနာက္ပစ္လိုက္ၿပီး ေဝရိနဲ႔ ေနာက္လိုက္ေနာက္ပါေတြဆီ သူ႔ရဲ႕ဖိအားအရွိန္အဝါကို ထုတ္လႊတ္လိုက္တယ္။

သူ႔ရဲ႕စြမ္းအားကို ဘယ္လိုပုံစံမ်ိဳးနဲ႔ ေဖာ္ထုတ္သင့္သလဲဆိုၿပီး စဥ္းစားခဲ့ဖူးတယ္။ သူ႔စိတ္ထဲမွာေတာ့ ဒီေမွာ္နဲ႔ဓားနယ္ေျမတစ္ခုလုံးမွာ ဟိတ္ဟန္အမ်ားဆုံး.. အဲ.. မဟုတ္ပါဘူး။ စြမ္းအားအႀကီးဆုံးလူသားက ရင္းဆုယဲ့ပဲ။ ဒါေၾကာင့္ ရင္းဆုယဲ့လိုမ်ိဳး သူ႔ရဲ႕စြမ္းအားကို ေဖာ္ထုတ္ျပသကာ ရန္သူေတြကို ေျခာက္လွန႔္ခ်င္ခဲ့တယ္။

“႐ႊယ္ယို႔ရွန္း.. မင္းက တလြဲဆံပင္ေကာင္းေနတာပဲ၊ ေခါင္းမာလိုက္တာ..!”

ေဝရိကိုယ္တိုင္လည္း ႐ႊယ္ယို႔ရွန္းကို စကားတစ္ခြန္းႏွစ္ခြန္းေျပာၿပီး လွည့္စားႏိုင္လိမ့္မယ္လို မေတြးထားပါဘူး။ ဒါေပမဲ့ ဒီေလာက္ထိ ျပတ္ျပတ္သားသား ျငင္းဆန္လိမ့္မယ္လို႔ မထင္မွတ္ထားခဲ့ဘူး။

ထို႔ေၾကာင့္ သူ႔ရဲ႕စြမ္းအားေတြကို ထုတ္လႊတ္ၿပီး ႐ႊယ္ယို႔ရွန္းနဲ႔ တည့္တိုးရင္ဆိုင္လိုက္တယ္။ တစ္ခ်ိန္တည္းမွာပဲ သူ႔ရဲ႕ထင္ျမင္ခ်က္က ပိုမိုခိုင္မာလာၿပီး ႐ႊယ္ယို႔ရွန္းဟာ ရင္းဆုယဲ့အနားကို မေကာင္းတဲ့ အႀကံအစည္ေတြနဲ႔ ခ်ဥ္းကပ္လာတာလို႔ ယုံၾကည္သြားတယ္။

႐ႊယ္ယို႔ရွန္းရဲ႕ စြမ္းအားအရွိန္အဝါက အရမ္းျပင္းထန္တာပဲ။ ဒီလိုစြမ္းအားႀကီး မိစာၦတစ္ေကာင္က ဘုရင္မင္းျမတ္ ‘ရင္း’အနားကို လိုက္ကပ္ေနတယ္၊ ဘယ္လိုပဲၾကည့္ၾကည့္ အႀကံအစည္တစ္ခုခု ရွိေနတယ္ဆိုတာ သိသာေနတယ္မဟုတ္လား..! အဲ့ေတာ့ ဘုရင္မင္းျမတ္‘ရင္း’ရဲ႕ လုံၿခဳံေရးအတြက္၊ လူသားမ်ိဳးႏြယ္ေတြ ေဘးကင္းဖို႔အတြက္၊ ႐ႊယ္ယို႔ရွန္းကို လူသားမ်ိဳးႏြယ္ကေန က်ိန္းေသေပါက္ ေမာင္းထုတ္ရလိမ့္မယ္..!

“ဘုရင္မင္းျမတ္အနားကေန ကိုယ့္ဘာသာ ထြက္မသြားခ်င္မွေတာ့ မင္းလုပ္သင့္တဲ့အရာကို က်ဳပ္ကိုယ္တိုင္ ေ႐ြးခ်ယ္ေပးရေတာ့မွာေပါ့..!”

အရာအားလုံးက ထိန္းခ်ဳပ္လို႔မရႏိုင္တဲ့ အေျခအေနသို႔ ေရာက္ရွိလာခဲ့ေခ်ၿပီ။ ေဝရိလည္း ဒီျပႆနာကို ေအးေအးခ်မ္းခ်မ္း ေျဖရွင္းလို႔မရႏိုင္ေတာ့မွန္း သေဘာေပါက္လိုက္တာေၾကာင့္ သူ႔ရဲ႕ငယ္သားေတြကို လႈပ္ရွားရန္ လက္ဟန္ျပလိုက္တယ္။ တစ္ခ်ိန္တည္းမွာပဲ ေျမေခြးရဲ႕လက္ေအာက္က လွ်ိဳ႕ဝွက္သက္ေတာ္ေစာင့္ေတြလည္း သတိအေနအထား ျဖစ္သြားၾကတယ္။

“ဟမ့္..!”

႐ႊယ္ယို႔ရွန္းက ေအးစက္စက္ ႏွာမႈတ္လိုက္ကာ လက္ေျမႇာက္လိုက္တယ္။ ဝိဉာဥ္စြမ္းအား စုစည္းၿပီး သူကြၽမ္းက်င္ရာျဖစ္တဲ့ မႏၲန္အစီအရင္ကို စတင္ေရးဆြဲရန္ ျပင္ဆင္လိုက္တယ္။

သူ ေဝရိနဲ႔ ဆက္ၿပီးစကားမေျပာခ်င္ေတာ့ဘူး။ ဒီလူက အရမ္းေခါင္းမာလြန္းၿပီး ေနာက္ဆုတ္လို႔မရတဲ့လမ္းကို ေလွ်ာက္ခ်င္ေနတယ္။ ထို႔ေၾကာင့္ သူ႔ဘက္က စၿပီးတိုက္ခိုက္ရန္ ဆုံးျဖတ္လိုက္တယ္။

‘သံပူေနတုန္း ပုံသြင္း’ဆိုသလို လက္ဦးမႈယူၿပီး တိုက္ခိုက္တဲ့မႏၲန္ကို သုံးသင့္လား..? ဒါမွမဟုတ္ ကိုယ့္ကိုယ္ကို အရင္ကာကြယ္ဖို႔ ကာကြယ္ေရးမႏၲန္ကို သုံးသင့္လား..?

႐ႊယ္ယို႔ရွန္းတစ္ေယာက္ အသုံးျပဳရမယ့္မႏၲန္ကို ေ႐ြးခ်ယ္လို႔ မၿပီးေသးခင္မွာပင္ ေဝရိက ေလထဲလြင့္ထြက္သြားၿပီး ၿခံစည္း႐ိုးနံရံနဲ႔ သြားေဆာင့္တာကို ျမင္လိုက္ရတယ္။ ဘုန္းခနဲျမည္သံႀကီးနဲ႔ ေျမျပင္ေပၚ လဲက်သြားၿပီး ေသြးအန္ေနေလရဲ႕။

႐ႊယ္ယို႔ရွန္းလည္း ဘာမွန္းမသိတဲ့ အေျခအေနေၾကာင့္ မ်က္ေမွာင္ၾကဳတ္လိုက္မိတယ္။ တိုးလိုးတန္းလန္း ျဖစ္ေနတဲ့ သူ႔ရဲ႕လက္ကိုၾကည့္ရင္း နားမလည္ႏိုင္တဲ့ မ်က္ႏွာအမူအရာက ပိုမိုထင္ရွားလာခဲ့တယ္။

သူရဲ႕တိုက္ကြက္ကို မစရေသးပါဘူး၊ ဟုတ္တယ္မလား..? အဲ့လိုဆိုရင္ ေဝရိက ဘယ္ျဖစ္လို႔ လြင့္ထြက္သြားရတာလဲ..? သူက အရမ္းစြမ္းအားႀကီးလြန္းလို႔ လႈပ္ရွားဖို႔ေတာင္ မလိုတာမ်ားလား..? သူ႔အေတြးတစ္ခ်က္တည္းနဲ႔ ရန္သူကို ႏွိမ္ႏွင္းႏိုင္တာလား..?”

႐ႊယ္ယို႔ရွန္းတစ္ေယာက္ သူ႔ကိုယ္သူ အရမ္း၊ အရမ္း၊ အရမ္းစြမ္းအားႀကီးတယ္ထင္ၿပီး ခ်ီးမြမ္းလို႔မဝေသးခင္မွာပင္ သူ႔ရဲ႕ေနာက္ေက်ာဘက္မွ အလြန္ရင္းႏွီးေနတဲ့အသံကို ၾကားလိုက္ရေလတယ္။

“ေရွာင္ယို႔.. အဆင္ေျပရဲ႕လား..?”

“ရင္းဆုယဲ့.. ေနာက္ဆုံးေတာ့ ခင္ဗ်ားႏိုးလာၿပီေပါ့..?!”

႐ႊယ္ယို႔ရွန္းရဲ႕စိတ္ထဲမွာ ေဝရိကို အဖက္လုပ္ဖို႔ အခ်ိန္မေပးႏိုင္ေတာ့ဘူး။ ကမန္းကတန္း အေနာက္လွည့္ၾကည့္လိုက္တယ္။

အဲ့တာဆို တိုက္ခိုက္လိုက္တဲ့လူက ရင္းဆုယဲ့ေပါ့။ သူက ရင္းဆုယဲ့ရဲ႕စြမ္းအားအရွိန္အဝါကို ခံႏိုင္ရည္ရွိေနေတာ့ ရင္းဆုယဲ့ တိုက္ခိုက္လိုက္တာကို အာ႐ုံမခံမိလိုက္တာ ျဖစ္ႏိုင္တယ္။

“မင္းကို အခ်ိန္အၾကာႀကီး ေစာင့္ဆိုင္းေစမိၿပီ..!”

ရင္းဆုယဲ့က ေရွ႕တစ္လွမ္းတိုးကာ ႐ႊယ္ယို႔ရွန္းအေရွ႕မွာ မတ္တပ္ရပ္လိုက္တယ္။ ႐ႊယ္ယို႔ရွန္းကို ေပြ႕ဖက္လိုက္ၿပီး တစ္ကိုယ္လုံး ထိခိုက္ဒဏ္ရာ လုံးဝမရွိေၾကာင္း ေသခ်ာသြားတဲ့အထိ ဂ႐ုတစိုက္ စစ္ေဆးၾကည့္လိုက္တယ္။

တကယ္ေတာ့ ရင္းဆုယဲ့က သတိလစ္ေနတဲ့တစ္ေလွ်ာက္လုံး အျပင္မွာ ျဖစ္ပ်က္ေနသမွ်ကို သိေနခဲ့တယ္။ အလ်င္စလို မႏိုးထႏိုင္ခဲ့တာက သူ႔ရဲ႕စြမ္းအားကို အတင္းအက်ပ္ျမႇင့္တင္ႏိုင္ဖို႔ အသုံးျပဳခဲ့ရတဲ့ တားျမစ္ေဆးရဲ႕ ေဘးထြက္ဆိုးက်ိဳးေၾကာင့္ပဲ။ ၿပီးေတာ့ ဝမ္ပထ်န္ ေသဆုံးသြားတာေၾကာင့္ လူသားဘုရင္ေနရာက လစ္လပ္သြားၿပီး သူလည္း ေ႐ႊေရာင္ေတာ္ဝင္အဆင့္ ၉ ကေန ႀကီးျမတ္ေသာဘုရင္အဆင့္ကို အဆင့္တက္သြားတာေၾကာင့္ ျဖစ္တယ္။

႐ုတ္တရက္ အဆင့္တက္သြားတာေၾကာင့္ သတိလစ္ေနတဲ့ အေျခအေနက ပိုမိုၾကန႔္ၾကာသြားခဲ့တယ္။ ထို႔ေၾကာင့္ ရင္းဆုယဲ့က ခႏၶာကိုယ္ျပန္လည္ျပဳျပင္ႏိုင္တဲ့ အခြင့္အေရးကိုသုံးၿပီး တားျမစ္ေဆးဝါးရဲ႕ ဆိုးက်ိဳးေတြကို ဖယ္ထုတ္ေနခဲ့ရတယ္။

တစ္ခ်ိန္တည္းမွာပဲ သူ႔ရဲ႕ဝိဉာဥ္စြမ္းအားအေပၚ အာ႐ုံစိုက္ထားၿပီး ခႏၶာကိုယ္ထဲက ေမွာ္ပညာအုတ္ျမစ္နဲ႔ သိုင္းပညာအုတ္ျမစ္၊ စြမ္းရည္ႏွစ္မ်ိဳးလုံးကို ႐ႊယ္ယို႔ရွန္း အႀကံျပဳခဲ့တဲ့အတိုင္း ‘ယင္ယန္’နည္းလမ္းနဲ႔ စီးဆင္းေစလိုက္တယ္။

ေျပာရမယ္ဆိုရင္ ေကာင္ေလးေျပာျပခဲ့တဲ့ နည္းလမ္းက တကယ့္ကို အသုံးဝင္တာပဲ။ သူ႔ခႏၶာကိုယ္ထဲက စြမ္းအားမွ်ေျခ မညီၫြတ္မႈေၾကာင့္ ျဖစ္ခဲ့ရတဲ့ အတြင္းဒဏ္ကို အျမစ္ပါမက်န္ေအာင္ ဖယ္ရွားေပးႏိုင္ခဲ့တယ္။

ဒါက ရင္းဆုယဲ့ ေမ့ေမ်ာေနခဲ့ရတဲ့ အေၾကာင္းအရင္းအမွန္ပါပဲ။

 (TN : မွတ္မိၾကေသးတယ္မလား။ ရင္းဆုယဲ့ရဲ႕ ေမွာ္ပညာနဲ႔သိုင္းစြမ္းရည္က အခ်င္းခ်င္းတြန္းကန္ေနတာေၾကာင့္ အခ်ိန္မေ႐ြး စြမ္းအားေဖာက္ျပန္ႏိုင္တဲ့ အေျခအေနမ်ိဳးပါ။)

ဝမ္ပထ်န္ကို ရွင္းပစ္ၿပီးတာေတာင္ အိမ္တံခါးေရွ႕အထိ ျပႆနာလာရွာရဲတဲ့လူေတြ က်န္ေနဦးမယ္လို႔ ရင္းဆုယဲ့လည္း မထင္ထားခဲ့ဘူး။ ပိုၿပီးမထင္ထားတာက ထိုလူေတြရဲ႕ ပစ္မွတ္က ႐ႊယ္ယို႔ရွန္းျဖစ္ေနတာပဲ။

ေကာင္ေလးရဲ႕ စြမ္းအားလႈိင္းကို အာ႐ုံခံမိလိုက္တာနဲ႔ ရင္းဆုယဲ့က စြမ္းအားမွ်ေျခ ထိန္းညႇိေနတာကို ရပ္တန႔္လိုက္ၿပီး သူ႔ကိုယ္သူ ေမ့ေမ်ာေနရာမွ အတင္းအက်ပ္ ႏိုးထေစလိုက္တယ္။ သူျပန္ႏိုးတာနဲ႔ ေကာင္ေလးကို ထိခိုက္ေအာင္လုပ္ခ်င္ေနတဲ့ ေဝရိကို လြင့္ထြက္ေအာင္ လုပ္ပစ္လိုက္တယ္။

***

“သခင္..!”

ရင္းဆုယဲ့ ထြက္ေပၚလာသည္ကို ျမင္လိုက္တာနဲ႔ သက္ေတာ္ေစာင့္ေတြအားလုံး စိတ္လႈပ္ရွားသြားၾကတယ္။

သူတို႔ရဲ႕သခင္ႀကီး ေနာက္ဆုံးေတာ့ ႏိုးထလာခဲ့ၿပီ။ ႐ႊယ္ယို႔ရွန္းကို မကာကြယ္ႏိုင္မွာ စိတ္ပူေနစရာ မလိုေတာ့ဘူး။

“အင္း..”

ရင္းဆုယဲ့က လက္ကိုေဝွ႔ရမ္းကာ လုပ္လက္စအလုပ္ကို ဆက္လုပ္ရန္ လက္ဟန္ျပလိုက္တယ္။ ထို႔ေနာက္ ၿခံဝင္းထဲက မဖိတ္ေခၚဘဲေရာက္ေနတဲ့ ဧည့္သည္ေတြကို အာ႐ုံစိုက္လိုက္တယ္။

“ဘုရင္မင္းျမတ္‘ရင္း’ !”

ေဝရိက နာက်င္မႈကို ေအာင့္ခံကာ ေျမျပင္ေပၚမွ ကုန္းထလိုက္တယ္။ ထို႔ေနာက္ ရင္းဆုယဲ့အား ႐ို႐ိုေသေသ ဂါဝရျပဳလိုက္တယ္။

“ေဝရိ.. မင္းအျပစ္ မင္းသိလား..?”

ရင္းဆုယဲ့ရဲ႕ေလသံက ၾကားလိုက္ရသူတိုင္း ေအးခဲလုမတတ္ ေအးစိမ့္ေနေလတယ္။

“ဒီလက္ေအာက္ငယ္သား ကိုယ့္အျပစ္ကိုယ္သိပါတယ္..!”

ေဝရိက ႐ႊယ္ယို႔ရွန္းကို တိုက္ခိုက္ဖို႔ ဆုံးျဖတ္ခ်က္ခ်ၿပီးကတည္းက ဘယ္လိုအျပစ္ဒဏ္မ်ိဳးမဆို ခံယူဖို႔အသင့္ပဲ။ ဒါေပမဲ့ သူ ေနာင္တမရဘူး။ သူ႔ရဲ႕ရည္႐ြယ္ခ်က္ကို ေျပာင္းလဲပစ္ဖို႔ စိတ္ကူးမရွိဘူး။

“ဒီလက္ေအာက္ငယ္သား ဘုရင္မင္းျမတ္ကို ေဖ်ာင္းဖ်ပါရေစ၊ မိစာၦေကာင္ ႐ႊယ္ယို႔ရွန္းက ဒီေနရာမွာ ရွိမေနသင့္ပါဘူး..!”

ေဝရိရဲ႕ သေဘာထားက လုံးဝမေျပာင္းလဲေသးဘူး။

“မင္းက ေသခ်င္ေနတာပဲ..!”

ရင္းဆုယဲ့ရဲ႕ မ်က္လုံးထဲမွာ ေသြးေအးရက္စက္မႈေတြ ျဖတ္ေျပးသြားတယ္။

ေကာင္ေလးကို သူ႔ေဘးနားမွာ တစ္သက္လုံး ခ်ည္ေႏွာင္ထားဖို႔ မေစာင့္ႏိုင္ေတာ့အခ်ိန္ တစ္စုံတစ္ေယာက္က ဒီေကာင္ေလးကို ထြက္သြားေစခ်င္ေနတယ္။ ခြင့္လႊတ္လို႔မရတဲ့ အျပစ္ပဲ..!

“အရွင္က လူသားဘုရင္ပါ.. လူသားမ်ိဳးႏြယ္ရဲ႕ ေကာင္းက်ိဳးကိုပဲ ေရွးရႈသင့္ပါတယ္.. ဘာမဟုတ္တဲ့ မိစာၦေလးတစ္ေကာင္အတြက္ လူသားဘုရင္တစ္ေယာက္ရဲ႕ တာဝန္ဝတၱရားကို လ်စ္လ်ဴမရႈသင့္ပါဘူး..!”

ရင္းဆုယဲ့ရဲ႕ ဖိအားအရွိန္အဝါေအာက္ က်ိဳးေၾကလုမတတ္ ျဖစ္ေနတာေတာင္ ေဝရိက အံတင္းတင္းႀကိတ္ၿပီး ေခါင္းမာေနတုန္းပဲ။ လူသားဘုရင္အသစ္က ဆုံးျဖတ္ခ်က္အမွားခ်ၿပီး မိစာၦတစ္ေကာင္ေၾကာင့္ နာမည္ပ်က္သြားမည္ကို သူလုံးဝခြင့္မျပဳႏိုင္ပါဘူး။

“က်ဳပ္က လူသားဘုရင္.. ေကာင္းကင္ဘုံနဲ႔ ကမာၻေျမႀကီးရဲ႕ ဥပေဒသေတြက က်ဳပ္ကို ထိန္းခ်ဳပ္လို႔မရေတာ့ဘူး..!”

ရင္းဆုယဲ့ရဲ႕ မ်က္ဝန္းထဲမွာ ေလာကႀကီးကို အ႐ြဲ႕တိုက္လိုစိတ္ေတြနဲ႔ ျပည့္ႏွက္ေနေလတယ္။ သူ႔ရဲ႕အၾကည့္က ေဝရိရဲ႕ ညံ့ဖ်င္းမႈကို ေလွာင္ေျပာင္ေနသလိုပဲ။

အရင္ဘဝတုန္းက သူ႔ကို လူတိုင္း သစၥာေဖာက္သြားၾကတယ္။ ဒီတစ္ေခါက္ေတာ့ သူ႔ကိုပစ္ပယ္ခ်င္တဲ့ ဘယ္သူ႔ကိုမဆို အာ႐ုံစိုက္ေနစရာ အေၾကာင္းမရွိေတာ့ဘူး။

ႀကီးျမတ္ေသာဘုရင္အဆင့္ဆိုတာ တစ္ေလာကလုံးမွာ စြမ္းအားအႀကီးဆုံး ျဖစ္တည္မႈပဲ။ လူသားဘုရင္ျဖစ္လာၿပီးေနာက္ ထပ္ၿပီးထိန္းခ်ဳပ္ခံေတာ့မွာမဟုတ္ဘူး။ သူ႔ဘဝကို သူ႔စိတ္ႀကိဳက္ ဖန္တီးမယ္။ ေကာင္ေလးကိုလည္း အေကာင္းဆုံး ကာကြယ္ေပးရမယ္..!

“……”

ဒီလိုမ်ိဳး အထက္စီးဆန္တဲ့ စကားလုံးေတြကို ၾကားလိုက္ရတဲ့အခ်ိန္ ႐ႊယ္ယို႔ရွန္းမွာ အထင္မႀကီးဘဲ မေနႏိုင္ေတာ့ဘူး။

ဘာကိုဆိုလိုသလဲ..?

ရင္းဆုယဲ့ရဲ႕ စကားလုံးေတြေအာက္က ဖုံးကြယ္ထားတဲ့အဓိပၸါယ္ကို သူနားလည္တယ္။ ရင္းဆုယဲ့ရဲ႕ စကားလုံးေတြက နားေထာင္ရေကာင္းေပမယ့္ အဓိပၸါယ္ကေတာ့ ‘ထိပ္ဆုံးေနရာမွာ ရပ္တည္ေနသူတိုင္း လူေကာင္းမဟုတ္’လို႔ ေျပာလိုက္တာနဲ႔ အတူတူပဲ။

အရွင္းလင္းဆုံးေျပာရရင္ ရင္းဆုယဲ့သာ ဆႏၵရွိရင္ ဆိုး႐ြားတဲ့ကိစၥေတြ လုပ္ပစ္လိုက္ႏိုင္တယ္။ လူသတ္ခ်င္လည္း သတ္ပစ္ႏိုင္တယ္။ သူဖ်က္ဆီးလိုသမွ်ကို ဖ်က္ဆီးပစ္ႏိုင္တယ္။

ဘာလို႔မေကာင္းတဲ့ဥပမာေတြပဲ ေပးေနတယ္လို႔ထင္လဲ..?

ေသခ်ာေပါက္ ရင္းဆုယဲ့ဆိုတာ ေကာက္က်စ္ယုတ္မာတဲ့ ဗီလိန္ႀကီးပဲေလ..! ျပန္ေမြးဖြားလာတဲ့ ဗီလိန္ႀကီးက ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ လူသားေတြကို ကူညီေပးေနမယ္လို႔ ေမွ်ာ္လင့္ေနတာလား..? ယုတၱိမတန္လိုက္တာ..!

“အရွင္မင္းျမတ္က စိတ္မေျပာင္းလဲဘူးဆိုရင္ က်ဳပ္ကလည္း က်ဳပ္ရဲ႕အသက္ကိုစေတးၿပီး ေဖ်ာင္းဖ်ပါ့မယ္..!”

ေဝရိက ရင္းဆုယဲ့ေရွ႕မွာ ဒူးေထာက္ၿပီး ေျပာလိုက္တယ္။ သူ႔ရဲ႕စစ္မွန္ေသာသေဘာထားကို ထုတ္ေဖာ္ျပသကာ ရင္းဆုယဲ့ရဲ႕စိတ္ကို ေျပာင္းလဲႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့တယ္။

“အဲ့တာဆိုလည္း ေသလိုက္ေတာ့..!”

ရင္းဆုယဲ့ရဲ႕ မ်က္ဝန္းထဲမွာ ေသြးေရာင္လႊမ္းလာခဲ့တယ္။

ေကာင္ေလးအေပၚ ေဝရိရဲ႕ အေစာပိုင္းအျပဳအမူေတြက ရင္းဆုယဲ့ရဲ႕ မ်က္လုံးထဲမွာ လုံးဝခြင့္လႊတ္လို႔မရတဲ့ အျပစ္တစ္ခုပဲ။ ေဝရိက အခုလို သူ႔ရဲ႕အသက္ကို သူကိုယ္တိုင္ ေပးအပ္လာမွေတာ့ မျဖည့္ဆည္းေပးစရာ အေၾကာင္းမရွိေတာ့ဘူး။

ရင္းဆုယဲ့က ညင္သာစြာ လက္ေျမႇာက္လိုက္တယ္။ သူ႔ရဲ႕လက္ေခ်ာင္းထိပ္မွ ေ႐ႊေရာင္အလင္းတန္းတစ္ခု ထြက္ေပၚလာၿပီး ေဝရိရဲ႕ ရင္ဘတ္ထဲ ထိုးေဖာက္သြားခဲ့တယ္။

သိသာစြာပဲ ရင္းဆုယဲ့က သူ႔ကို တစ္ခုခုလုပ္လိမ့္မယ္လို႔ ေဝရိတစ္ေယာက္ မထင္ထားခဲ့ဘူး။ မ်က္လုံးေတြက မယုံၾကည္ႏိုင္သလို ျပဴးက်ယ္ေနၿပီး သူ႔ရင္ဘတ္ထဲ ထိုးေဖာက္ဝင္ေရာက္သြားတဲ့ ေ႐ႊေရာင္အလင္းတန္းကို ေငးၾကည့္ေနခဲ့မိတယ္။ ေဝရိမွာ စကားေျပာဖို႔ ပါးစပ္ဖြင့္လိုက္ေပမယ့္ ဘာမွမေျပာႏိုင္ခဲ့ဘူး။ ထို႔ေနာက္ မ်က္လုံးပိတ္က်သြားေတာ့တယ္။

“…………”

႐ႊယ္ယို႔ရွန္းလည္း ရင္းဆုယဲ့က လူတစ္ေယာက္ကို လြယ္လင့္တကူ သတ္ပစ္လိုက္မယ္လို႔ မထင္မွတ္ထားခဲ့ဘူး။ ေျပာရမယ္ဆိုရင္ ေဝရိဆိုတာ ‘ရာဇဝင္ထဲက အင္အားအႀကီးဆုံးအရွင္’ ဝတၳဳရဲ႕ အေရးပါတဲ့ ဇာတ္ပို႔တစ္ေယာက္ပဲ။ ေနာက္ပိုင္းဇာတ္ကြက္ေတြမွာ အဓိကဇာတ္ေကာင္အတြက္ အေရးပါတဲ့ ေသြးေသာက္ညီအစ္ကိုေကာင္းတစ္ေယာက္လည္း ျဖစ္ေနျပန္တယ္။ ဒါေပမဲ့ အခုေတာ့ ရင္းဆုယဲ့လက္ခ်က္နဲ႔ ေသသြားခဲ့ၿပီ။

ဒီလိုမ်ိဳး လြယ္လြယ္ကူကူ ေသသြားတယ္၊ ဒီတိုင္းႀကီး တန္းေသသြားတယ္..? Mr.Plot ခင္ဗ်ားကို ကယ္တင္လို႔ရႏိုင္ေသးရဲ႕လား..? (ဇာတ္ေၾကာင္းက အဖက္ဆယ္လို႔ရေသးရဲ႕လား..?)

ဒါေပမဲ့လည္း.........

လူသတ္တဲ့ေနရာမွာ မ်က္ေတာင္မခတ္တဲ့ လက္ရွိရင္းဆုယဲ့ကိုၾကည့္ရင္း အရမ္းခန႔္ညားတယ္လို႔ ဘာလို႔ခံစားမိေနပါလိမ့္..?

…………………………….................

Continue Reading

You'll Also Like

158K 14K 22
!!Host...တျခားဘဝကုိသြားဖုိ႔အဆင္သင့္ဘဲလာ!! . . . .!!!FUCK!!!ခ်ီးမုိ႔လုိ႔ !!!Hostစိတ္ထိန္းသင္တယ္ တာဝန္ေတြထမ္းေဆာင္ပီးမွ hostဘဝကုိျပန္သြားလုိ႔ရမွာ.... ~...
836K 148K 186
bl ဘာသာပြန် ဝတ္ထုဖြစ်တယ်။
2.9M 228K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
139K 9.6K 41
ဒါကဘာသာပြန်လုံး၀ လုံး၀ မဟုတ်ရပါ! ကျောက်မျက်များဖြင့်ဖန်တီးထားသောစကြာ၀ဠာ၏အဆင်းရဲဆုံးနဲ့အငြိမ်းချမ်းဆုံးကမ္ဘာထဲသို့၂၁ရာစုမှကောင်လေးတစ်ဦးဟာ ကလေးတစ်ယောက်...