"ဆန်းဘေး ဆန်းဘေး ထပါဦး"
ညထဲကသောက်ထားတဲ့ အရက်ရှိန်ကမပြေသေးတာမို့
အလုပ်စားပွဲခုံပေါ် ခေါင်းတင်ပြီးအသာမှိန်းနေကာမှ အိပ်ပျော်သွားရတဲ့ ဘတ်ဟျွန်းရဲ့အဖြစ်ပင်..
"အလုပ်သမားထဲကအကြီးပိုင်းအတန်းတွေကိုHallထဲခေါ်လို့ အဲ့တာသွားရမယ် CEO ရာထူးအပြောင်းအလဲရှိလို့တဲ့"
"ဘာ! ဘယ်လို.."
မှေးကျဉ်းနေသောမျက်ဝန်းတွေက ရေနဲ့ဖြန်းကနဲ ပက်ခံလိုက်ရသလို ပြူးကျယ်လာသည်။ CEO မှာ ကပ်စေးနည်းကာ ရရင်ရသလို အလုပ်ကိုဖိခိုင်းတဲ့အတွက် တော်တော်များများနဲ့အကြောမတည့် ကုမ္မဏီမှာ ၆နှစ်ကျော်လုပ်သက်ရှိတဲ့ ဘတ်ဟျွန်းတောင် ယခုအချိန်အထိ ရာထူးမတိုးသေးပေ..
အံဩမှုထက်စာရင် ဝမ်းသာမှုကပိုနေတဲ့အသံကြောင့် ဘတ်ဟျွန်းအသံမှာ စပ်ဖြဲဖြဲ..
"ငါသွားလိုက်ဦးမယ် ပြန်လာရင်အကြောင်းစုံပြန်ပြောပြမယ်"
ဂျူနီယာဝန်ထမ်းလေးအား နှုတ်ဆက်လိုက်ပြီး ဟောခန်းမထဲအား သွက်သွက်လျှောက်ရတော့သည်။
ရှေ့မှာဦးစွာရောက်နေတဲ့လူအုပ်ကြောင့်ဘတ်ဟျွန်းက လူကြားထဲကိုတကူးတကတိုးမနေတော့ပဲ နောက်ကတိုင်လုံးကိုမှီကာ ခပ်လျော့လျော့ရပ်လိုက်လေသည်။
"M group ကသားတဲ့လေ နိုင်ငံခြားကရောက်ရောက်ခြင်းကို ဒီကရှယ်ယာတွေကို စျေးမတန်မဆ ဝယ်တယ်ဆိုပဲ
ကုမ္မဏီကလဲ ယိုင်နဲ့နဲ့ဆိုတော့ ရှယ်ယာရှင်တွေကလဲ စျေးပိုပေးတာနဲ့ရောင်းလိုက်ရော ဒါပေမဲ့ဟာ သူကစောက်ရမ်းချောတယ်တဲ့ဟ CEO အသစ်လေးကိုအုပ်ချင်လိုက်တာ"
ခပ်လှမ်းလှမ်းက တတွတ်တွတ်ရေရွတ်သံတွေကို ဘတ်ဟျွန်းအတိုင်းသားကြားနေရပါ၏။
"ဘယ်နှယ့် အတင်းပြောတာတိုးတိုးမပြောကြဘူး လူတွေများ ။ပြီးတော့များ ဘာတဲ့CEO ကိုအုပ်မယ်တဲ့ ။ဘာနဲ့လဲထမိန်နဲ့လား။သူများသားသမီးကိုများ မမြင်ရသေးခင် သူတို့ကထမိန်နဲ့အုပ်ချင်သေးတာ"
တတွတ်တွတ် စကားသံတွေက ငြိမ်ကျသွားတဲ့နောက် ခပ်ဩဩစကားသံထွက်လာသည်။ အရပ်ပုတဲ့ထဲမပါပေမဲ့ ရှေ့က ယောက်ျားတစ်စုက ထိုးထိုးထောင်ထောင်အရပ်တွေနဲ့ ကာထားသလိုဖြစ်နေတာကြောင့် အသစ်ရောက်လာတဲ့ CEO ကိုမမြင်ရပေ။ ထို့ကြောင့် အပေါ်ကမမြင်ရမဲ့ အတူတူ အောက်ကိုထိုင်ချလိုက်ကာ လူတွေရဲ့ခြေထောက်ကြားထဲမှချောင်းကြည့်လိုက်သည်။
ထိပ်ချွန်ချွန်နဲ့ပြောင်နက်နေတဲ့ လည်သာရှူးဖိနပ်အမဲမှ လွဲကာတခြားဘာမှမမြင်ရတာကြောင့် မတ်တပ်သာပြန်ရပ်လိုက်ရသည်။
"ကိုယ့်နာမည်က LOEY ပါ Bossလို့ခေါ်ရမှာဝန်လေးနေရင်Mr. Loeyလို့ခေါ်နိူင်ပါတယ်။ ကိုယ့်အတွက် အတွင်းရေးမှူးမရှိသေးတာမလို့ မကြာခင်မင်းတို့ထဲက ကိုယ်ရွေးမှာပါ။ အတွင်းရေးမှူး သက်သက်ခေါ်မလာရတဲ့အကြောင်းအရင်းက ဒီကုမ္မဏီအကြောင်းကို ကိုယိ့ထက်မင်းတို့က ပိုသိနေလို့ပဲ။ ဒါဆို အားလုံးပဲကူညီပေးကြပါဦး"
ခပ်ဩဩအသံကနားထောင်လို့ကောင်းပေမဲ့ ရှေ့လှမ်းလှမ်း မမများကတော့ တီကောင်ကိုဆားနဲ့ပက်သလို ထွန့်ထွန့်လူးနေသည်။ အသိပေးတာပြီးဆုံးသွားတဲ့အတွက် ဘတ်ဟျွန်းက အလုပ်ခုံကိုသာပြန်လာခဲ့တော့သည်။
"စီနီယာ အင်ဝူး အား အင်ဝူး အင်ဝူး"
ခေါင်းပြန်ချပြီးအိပ်မယ်ကြံကာမှ တဝူးထဲဝူးနေတဲ့ မမများကြောင့် ဘတ်ဟျွန်းလဲထလိုက်ရတော့သည်။
"ဘတ်ဟျွန်းလေး ဒီနေ့ကိုယ်နဲ့အတူ နေ့လည်စာလိုက်စားပါလား"
"နေ့တိုင်းလာမေးနေရတာ ခင်ဗျားမမောပေမဲ့ နေ့တိုင်းငြင်းနေရတဲ့ကျွန်တော်တော့ ရှက်လာပြီ"
"ကိုယ်မင်းကိုသဘောကျနေတယ်လို့ ဝန်ခံပြီးပြီပဲ မင်းသဘောကျလာအောင်လုပ်ဖို့က ကိုယ့်တာဝန်လေ"
"ကျွန်တော်လဲ လူတစ်ယောက်ကလွဲပြီး ဘယ်သူ့ကိုမှမချစ်ချင်ဘူး ။ကျွန်တော့်ဆီပြန်လာမလားမသေချာတဲ့သူကိုစောင့်နေတုန်းပဲ။ သူပြန်မလာလဲကျွန်တော့်အဖြေက ခင်ဗျားအပေါ် ပြောင်းလဲမသွားမှာ မဟုတ်လို့ ခင်ဗျားပြန်ပါတော့ ။ ဝိုင်းကြည့်နေတဲ့ မျက်လုံးတွေရှိနေတယ် မဟုတ်လား"
လူတွေက သူတို့နှစ်ယောက်အချေအတင်ဖြစ်နေတာကို တီးတိုး တီးတိုးနဲ့ ခပ်ကြိတ်ကြိတ် အတင်းပြောနေကြသည်။တစ်ရုံးလုံးမှာ ပျိုတိုင်းကြိုက်နှင်းဆီခိုင် ဖြစ်တဲ့ အင်ဝူးက လူတိုင်းရဲ့စိတ်ဝင်စားခြင်းခံရတာတော့မဆန်း။ ဒါပေမဲ့သူက ဘတ်ဟျွန်းကိုမှ တွေ့တွေ့ချင်းသဘောကျမိခဲ့တာဖြစ်သည်။
"ဘတ်ဟျွန်း မင်းကို Mr Loey ခေါ်နေတယ်"
မန်နေဂျာအမ ကင်ဆယ်ယောင်းရဲ့အသံက စိုက်ကြည့်နေတဲ့ မျက်ဝန်းနှစ်စုံရဲ့အကြည့်တွေကိုပြတ်တောက်သွားစေသည်။
"ကျွန်တော့်ကိုခွင့်ပြုပါဦး"
"ဒေါက် ဒေါက်"
"ဝင်လာခဲ့ပါ"
ကျောပေးကာရပ်နေတဲ့ ကျောပြင်အကျယ်ကြီးက ဘတ်ဟျွန်းဝင်လာတာ နှစ်မိနစ်လောက်ကြာပြီဖြစ်သော်လဲ ဘာစကားမှဆိုမလာသေး။
"ဒီမှာ မစ္စတာ လုံချည်"
ခေါ်လိုက်တာ နာမည်မှားသွား၍ထင်သည်။ လှည့်ကြည့်မလာတာကြောင့် လည်ပင်းရှင်းသွားအောင်ချောင်းတစ်ချက်ဟန့်လိုက်သည်။
"အဟမ်း မစ္စတာ လုံးကြီး.."
အခုထိလှည့်မလာတာကြောင့် ဘတ်ဟျွန်းကစိတ်တိုလာပြီး အော်ချပစ်လိုက်တော့သည်။ သူ့ဟာသူ စီးအီးအိုမက လို့ဘာပဲဖြစ်ဖြစ်
"ဒီမယ် မစ္စတာအလုံးကြီး ခေါ်ထားရင်လဲအဖက်လုပ်လေ"
နှုတ်ခမ်းတစ်ဖက်ထဲကို ကော့တတ်ကာပြုံးပြလာတဲ့သူကြောင့် ဘတ်ဟျွန်းခြေထောက်တွေကို မယိုင်သွားအောင် အားတင်းရပ်ထားလိုက်ရသည်။
"မစ္စတာလုံချည်လဲမဟုတ်ဘူး
လုံးကြီးလဲမဟုတ်ဘူး အလုံးကြီးလဲမဟုတ်ဘူး
ကိုယ်ကမင်းစားချင်နေတဲ့ တော့ပိုကီ"
အကြောင်သားရပ်ကြည့်နေတဲ့ဘတ်ဟျွန်းက စကားတစ်ခွန်းမှမဆိုလာ
"ကိုယ့်ကိုလမ်းလည်ခေါင်မှာ ဆွဲလားရမ်းလားလုပ်သွားတဲ့မင်းကြောင့် ဒိကုမ္မဏီကို ကိုယ်ဝယ်ဖို့ဖြစ်လာတာ အခုတော့ တော့ပိုကီကိုအလျော်ပေးတဲ့အနေနဲ့ ရာထူးတိုးပေးမယ် ကိုယ်ရဲ့ အတွင်းရေးမှူးလုပ်ပေး ဘယ်လိုလဲ"
"လီ ယောလ်...ငါရဲ့ ..ငါ့ရဲ့ ပါးချိုင့်လေး.."
ခြေထောက်တွေကို ခွေမကျသွားအောင်တောင့်ခံထားနိုက်ပေမဲ့ မျက်ဝန်းထဲကမျက်ရည်တွေကတော့လိမ်မရတာကြောင့် တစက်စက်ကျဆင်းလာတဲ့ မျက်ရည်တွေကို လက်ခုံနဲ့ ခပ်မြန်မြန်ဆွဲသုတ်ပစ်လိုက်ကာ Mr Loeyလက်ကို ပြေးကိုင်သည်။
"ယောလ် ငါ့ရဲ့ပါးချိုင့်လေး ဒီဘက်ကို ဘယ်လိုရောက်လာတာလဲဟင်"
"မင်း ဘာတွေပြောနေတာလဲ"
"ငါ့ကိုမနောက်ပါနဲ့ ပါးချိုင့်လေးရယ် မင်းရဲ့ဗြောင်လေ မင်းရဲ့ကြင်ယာတော်လေ မမှတ်မိဘူးလား"
ဆွဲကိုင်ထားတဲ့လက်ကို ခါမထုတ်ပေမဲ့ စုကုပ်ထားတဲ့ မျက်ဝန်းတွေကတော့ အလိုမကျသယောင်။ မြတ်နိုးရတဲ့ နှုတ်ခမ်းထူထူကနေ ထွက်ကျလာတဲ့စကားစုတွေက ဆွဲကိုင်ထားတဲ့ ဘတ်ဟျွန်းလက်တွေကို အလိုလိုပြုတ်ကျသွားစေခဲ့သည်။
"ကိုယ် မင်းကိုမသိဘူး..."