တစ်ခါတစ်လေကျရင်တော့ ကံကြမ္မာက ကျီစားတတ်တယ်။ ကံတစ်ခါဆိုးရင် ကံဆိုးမှုတွေက ဆက်တိုက်လိုက်လာတာမျိုးပေါ့... အဲ့အခါကျ ကံကောင်းမှုတွေ ကိုယ့်ဆီပြန်ရောက်လာတဲ့အခါကျရင်ရော ကောင်းတဲ့ကံတွေက ဆက်တိုက်လိုက်ပါလာဦးမလား...
အရက်နှစ်ခွက်လောက်ဝင်တာနဲ့ မျက်နှာတွေရဲ လည်ပင်းသားတွေပါရဲနေတုန်း ဆိုပေမဲ့ ခါးသက်တဲ့အရည်တွေကို နှစ်တစ်ခုကျော်လာတဲ့အထိ ဘတ်ဟျွန်းက စွဲလမ်းစွာသောက်နေတုန်းပဲ။ ၄ခွက်လောက်ဆို မူးပြီးထိုးအိပ်လောက်ဖို့ လုံလောက်နေပြီ ဆိုပေမဲ့ မအိပ်ခင်အချိန်လေးမှာ သူက တော့ပုကီပူပူလေးစားချင်နေခဲ့သေးတာ။
သောက်လက်စဖန်ခွက်ကို စားပွဲခုံပေါ် ဆောင့်ချခဲ့ပြီး
ပိုက်ဆံအိတ်ကို အကျီအိတ်ကပ်ထဲ ထိုးကာ ဆိုင်တွေမပိတ်ခင် ယိုင်ထိုးထိုးခန္ဓာကိုယ်နဲ့ လမ်းထိပ်ထိရောက်အောင်
ခပ်သွက်သွက်လျှောက်ရတယ်။
"အေ့ တော့ပိုကီဘူးကြီးတစ်ဘူးပေးပါ"
ဆိုင်ပိတ်တော့မဲ့အချိန်ဖြစ်တာကြောင့် သာမန်ထက်ပိုစွာ ဘတ်ဟျွန်းကိုင်ထားတဲ့ ဖော့ဘူးလေးမှာ တော့ပုကီတွေက ပြည့်မောက်လုလု။ အိမ်ရောက်တဲ့ထိ စောင့်မနေတော့ပဲ
တုတ်ချောင်းကို တော့ပိုကီအသားအိအိထဲ နစ်ဝင်အောင်ထိုးလိုက်တယ်။ ပါးစပ်ထဲသုံးခုလောက်ထည့်ပြီး ပလုတ်ပလောင်း ဝါးပစ်လိုက်တော့ နှုတ်ခမ်းပါးပါးဟာ အပေါ်ကိုကော့တတ်သွားတယ်။
"ဘုန်း"
ဘယ်ကနေ ဘယ်လို လွင့်လာမှန်းမသိရတဲ့ ပိုက်ဆံအိတ်အနီရဲရဲဟာ တော့ပိုကီဘူးကိုင်ထားတဲ့ ဘတ်ဟျွန်းရဲ့လက်တည့်တည့်ကိုမှလာမှန်ပြီး အနီရောင်တော့ပိုကီအရည်တွေဟာ ဘတ်ဟျွန်းအရှေ့ကလူရဲ့ ရှပ်အကျီအဖြူပေါ်ကို သွားစင်တယ်။
"ချွဲမင်ဟီး...."
ဘတ်ဟျွန်းအရှေ့ကလူရဲ့ ခပ်ဩဩအော်သံအဆုံးမှာ
ထိုလူရဲ့အနောက် အမျိုးသမီးတစ်ယောက်က ပြေးလာတယ်။
"ဟို ဒီကမောင်လေး ကျွန်မမရည်ရွယ်ပါဘူး
ကျွန်မက သူ့ကို အိတ်ပစ်ပေးတာကို မဖမ်းပဲ ရှောင်လိုက်လို့ ထိသွားရတာပါ"
ရေမွှေးနဲ့ခပ်သင်းသင်းရတဲ့ ထိုအမျိူးသမီးကိုလှမ်းကြည့်တော့ သူမက ခေါင်းငုံ့ကာတောင်းပန်စကားဆိုလာပေမဲ့ ဘတ်ဟျွန်းအရှေ့ကထိုလူကတော့ သူ့အကျီမှာပေသွားတဲ့ အနီရောင်အစွန်းတွေကို တစ်ရှူးစနဲ့ခပ်ကြမ်းကြမ်းဖိသုတ်နေတုန်း
"အာ သူဆက်ရှင်းပေးမှာမလို့ ကျွန်မကိုခွင့်ပြုပါဦးနော်
အဖေဖုန်းဆက်နေပြီမလို့ ကျွန်မကအဖေကိုကြောက်ရလို့"
ဒေါက်ဖိနပ်သံတဂွပ်ဂွပ်က တဖြည်းဖြည်းဝေးကွာသွားပြီးတဲ့နောက် ဘတ်ဟျွန်းကရှေ့တည့်တည့်ကလူကိုမော့ကြည့်လိုက်သည်။ အရက်မူးနေတဲ့အရှိန်ကြောင့်ရော ဒီနှစ်အတွင်းမှာ အလုပ်နဲ့မျက်နှာနဲ့မခွါတဲ့ ဘတ်ဟျွန်းက မျက်မှန်တွေပါ တပ်လိုက်ရတာကြောင့် မျက်မှန်လဲမပါ မူးလဲမူးနေတဲ့သူက အရှေ့ကိုထိုလူသေချာမမြင်ရပေ။ ဒါပေမဲ့ လူတစ်ယောက်ရပ်နေမှန်းတော့သူသိပါ၏
"ဘယ်လိုလုပ်ပေးမှာလဲ ခင်ဗျားက"
"ရော့ ဒါယူလိုက်"
မကျေမနပ်အသံနဲ့အတူ ဘတ်ဟျွန်းရှေ့ကို ထိုးပေးလာတာက black cardတစ်ကတ်ပင်
"ခင်ဗျားရဲ့ အဲ့ကတ်ကိုဘာလုပ်ရမှာလဲ ကျွန်တော်ပြောတာ ကျွန်တော့်ရဲ့တော့ပိုကီတွေကိုပြောတာ"
"ဟား ဒီကတ်နဲ့ဆိုမင်းတစ်ကမ္ဘာလုံးက တောပိုကီတွေပြန်ဝယ်လိုက်လို့တောင်ရတယ်"
"ဝယ်တာတော့ မင်းတင်မဟုတ်ဘူး မူကြိုကလေးကအစ ဝယ်တတ်တယ်။ ငါကအခုစားချင်နေတာ ဒီအချ်န်ဆို ဆိုင်တွေအကုန်ပိတ်ကုန်ပြီ။ တအားစားချင်နေလို့ မူးနေတာတောင်လာဝယ်တာကွာ"
"ကျစ်.."
ကျစ်ခနဲစုပ်သပ်လိုက်တဲ့အရှေ့ကထိုလူကြောင့် ဘတ်ဟျွန်းမျက်မှောင်ဟာ ပိုလို့ပင်စုကုပ်သွားရသည်။
"လာရစ်နေတာပဲ ဘာလဲမင်းက ကိုယ့်ကိုစိတ်ဝင်စားနေတာလား"
လေသံတစ်ချက်မှလျော့မလာတဲ့ လေသံခပ်တင်းတင်း
ထိုလူရဲ့ဘောင်းဘီခါးပတ်ကို ဘတ်ဟျွန်းက ရုတ်တရက်ဆွဲကိုင်လိုက်သည်။
"အေး မင်းကိုစိတ်ဝင်စားနေတော့မဟုတ်ဘူး မစားလိုက်ရတဲ့ငါ့ဆန်မုန့်ချောင်းတွေနေရာမှာ မင်းဟာကိုဖြတ်ပြီး အချဉ်နဲ့တို့စားမလားလို့ ငါ့ကိုလာမစမ်းနဲ့"
စကားအဆုံးမှာ ဘတ်ဟျွန်းကသူ့ရင်အုပ်ကို တွန်းပြီး
ပြန်လှည့်ထွက်လာခဲ့သည်။ ပြောမဲ့သာပြောခဲ့တာ သူ့အချောင်းက တော့ပိုကီအချောင်းလောက်ရော လူစဉ်မှီပါမလား...
မူးနေရင်ပေါက်ကရလုပ်တတ်တဲ့အကျင့်က မပျောက်သေးတဲ့အတွက် အရှက်သည်းတတ်တဲ့သူက မရှက်နိုင်။ ကီုယ်ပြောခဲ့တဲ့စကားကိုယ်ပြန်တွေးပြီး သူ့ကိုမျက်လုံးကြီးပြူးကြည့်နေသည့် ထိုလူ့မျက်နှာကိုမြင်ယောင်ပြီး တဟားဟားအော်ရီနေသည်။
စကားထပ်မဆိုလာတဲ့အတွက်ကြောင့်သာ ဘတ်ဟျွန်းကဒီတိုင်းလှည့်ပြန်ခဲ့ခြင်းပင်။ စကားထပ်ထွက်လာလို့ကတော့ ဘတ်ဟျွန်းကိုမစားရတဲ့အမဲ သဲနဲ့ပက်ဆိုသလို သူ့တော့ပိုကီချောင်းကို ဆောင့်ဆွဲလာခဲ့မှာအမှန်။ ယနေ့တော့ ဘတ်ဟျွန်းလေး တောပိုကီငတ်သွားရှာပေမဲ့ သူများကို ပြသနာရှာလိုက်ရ၍ အူမြူးနေမိသည်။
အရက်ပုလင်းတွေကိုသိမ်းမနေတော့ပဲ အိပ်ရာပေါ်ကိုသာထိုးအိပ်ပစ်လိုက်သည်။ မနက်ဖြန်မနက်ခင်းမှာတော့ ငတ်သွားတဲ့တော့ပိုကီအစား ထူးခြားဆန်းပြားတဲ့ တော့ပိုကီကတော့ သူ့ကိုစောင့်ကြိုနေပေလိမ့်မည်။