Destiné

Od Popoyoyo

968K 61.2K 4K

⚠️trigger warning ⚠️ Rape,Murder,Crime,Torture,violence ,Drugs,curse words ဤဝတ္ထုသည် လူသတ်မှု၊ မုဒိမ်းမှု၊ လ... Viac

Intro
I'm not a girl
Promise
Ep(1)
Ep(2)
Ep(3)
🔞Ep(4) 🔞
Ep(5)
Ep (6)
Ep (7)
Ep (8)
Ep (9)
Ep (10)
Ep (11)
Ep (12)
Ep (13)
Ep (14)
Ep (15)
Ep (16)
Ep (17)
Ep(18)
Ep(19)
Ep (20)
Ep (21)
Ep (22)
Ep (23)
Ep (24)
Ep (25)
Ep (26)
Ep (27)
Ep (28)
🍄Ep (29)🍄
🍄Ep (30)🍄
Ep (31)
Ep (32)
Ep (33)
Ep (34)
Ep (35)
Ep (36)
Ep (37)
Ep (38)
Ep (39)
Ep (40)
Ep (41)
Ep (42)
Ep (43)
Ep (44)
Ep (45)
🍄Ep (46)🍄
Ep (47)
Ep (48)
Ep (49)
🍄Ep (50)🍄
Ep (51)
Ep (52)
Ep (53)
Ep (54)
Ep (55)
Ep (56)
Ep (57)
🍑 Ep (58) 🍑
Ep (59)
🍄Ep (60)🍄
Ep (61)
Ep (62)
🍄 Ep (63) 🍄
Ep (64)
Ep (65)
Ep (66)
Ep (67)
Ep (68)
Ep (69)
Ep (70)
Ep (72)
Ep (73)
Ep (74)
Ep (75)
Ep (76)
Ep (77)
Ep (78)
Ep (79)
Ep (80) (The End)

Ep (71)

4.9K 565 38
Od Popoyoyo

ညှိနှိုင်းမရသည့်အဆုံးမှာ ramsayတစ်ယောက်နောက်ဆုံးနည်းလမ်းကိုထုတ်သုံးလိုက်သည်။ ပြင်သစ်နိုင်ငံအစိုးရက sorelကိုသူတို့နိုင်ငံသားဖြစ်သည့်အတွက် သူတို့ဆီကိုလွှဲပြောင်းပေးဖို့ရောက်ရှိလာကြသည်။ နှစ်နိုင်ငံအကျိတ်အနယ်ဆွေးနွေးကြရင်း နောက်ဆုံးမှာsorelကိုပြင်သစ်သို့လွှဲပြောင်းပေးလိုက်ရသည်။

အထက်အရာရှိတွေအားလုံးက ထိုကိစ္စကြောင့်ramsayကိုမျက်စိစပါးမွှေးစူးကုန်ကြသည်။ သူတို့လွှတ်သွားသည့်ငါးက အင်မတန်မှတန်ဖိုးကြီးသည့်ငါးကြီးတစ်ကောင်ဖြစ်လို့နေသည်မဟုတ်လား။ အမျိုးသားကိုယ်ဝန်ဆောင်တစ်ယောက်ရှိခြင်းက နိုင်ငံတကာ၏အာရုံစူးစိုက်မှုကိုခံရမည့်အပြင် သုတေသနလုပ်ချင်သူတွေအတွက် အကျိုးအမြတ်များစွာရရှိမည့်အခွင့်အရေးပင်။

"ramsay မင်းကငါတို့ကိုပုန်ကန်ချင်တာပေါ့လေ"

"ကျွန်တော်ဘယ်သူ့ကိုမှ မပုန်ကန်ဘူး။ ခင်ဗျားတို့ဆီကို ကျွန်တော်အရင်လက်ကမ်းပေးခဲ့တာပါ။ ခင်ဗျားတို့ဘာသာ ကျွန်တော်ကမ်းပေးတဲ့လက်ကိုပုတ်ချခဲ့တာလေ။ ကျွန်တော့်အပြစ်မဟုတ်ဘူးလို့ထင်တယ်"

"သူတို့ကမင်းကိုကတိတည်မယ်ထင်နေတာလား။ မင်းရှေ့မလိုသာဒီလိုလုပ်ပြနေတာ သူတို့နိုင်ငံထဲရောက်ရင်လည်း sorelကိုသုတေသနခန်းထဲပို့ကြမှာပဲလေ"

"ဟက် ခင်ဗျားတို့လိုလူ့အသက်တစ်ချောင်းကို လက်လွတ်စပယ်ကိုင်တွယ်မှာ မဟုတ်ဘူးလို့ကျွန်တော်ယုံတယ်။ အခုဟိုဘက်မှာ sorelနေဖို့အတွက်အကုန်အဆင်သင့်ပြင်ဆင်ပေးထားကြပြီးသား။ ရော့ဒီမှာ ကျွန်တော့်ရဲ့ရာထူးတံဆိပ်နဲ့ သေနတ် အေးဂျင့်အဖြစ်ကနေနှုတ်ထွက်တယ်။ နောက်သုံးလေးရက်လောက်နေရင် ကျွန်တော်လိုက်ခဲ့တဲ့အမှုတွေအကုန်ခင်ဗျားတို့ဆီလာလွှဲပြောင်းပေးမယ်။ အခုတော့ ကျွန်တော့်ချစ်ရသူလေးကိုမွေးရပ်မြေပြန်ပို့လိုက်ဦးမယ်နော် ဘိုင့်"

ramsayလှည့်ထွက်ရင်း အရာရှိတွေကိုလက်ပြကာနှုတ်ဆက်ခဲ့လိုက်သည်။ ထို့နောက်sorelကိုလွှဲပြောင်းပေးမည့်ထောင်သို့ လိုက်လာခဲ့သည်။ ထောင်ဆေးရုံမှထွက်လာသည့် sorelကိုမြင်ပြီးတစ်ဖက်နိုင်ငံမှအရာရှိတွေက မျက်လုံးအနည်းငယ်ပြူးကာ အံ့အားသင့်သွားကြသည်။

အရေးကြီးကိစ္စတွေဆောင်ရွက်နေရလို့ မတွေ့ရသည့်ရက်ပိုင်းလေးအတွင်းမှာsorelဗိုက်လေးက အနည်းငယ်ဖောင်းနေသည်။ ပိန်သွယ်သည့်ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်တာကြောင့် ဗိုက်ကလေးအနည်းငယ်ပူဖောင်းနေလျှင် သိသာသည်။ dimကsorelနားအပြေးလေးသွားပြီး

"မင်းဗိုက်က ဟိုတလောကထက်ပိုပြီးဖောင်းလာသလိုပဲ။ ငါမင်းဗိုက်ကိုultrasoundရိုက်ကြည့်ချင်နေပြီ ဟိုရောက်တဲ့အထိစောင့်နိုင်မယ်မထင်ဘူး"

dimကသာဗိုက်ကိုသေချာကြည့်ပြီးပြောနေပေမဲ့ sorelအာရုံကramsayကိုပြေးဖက်ဖို့ ပြင်နေသည်။ လှစ်ခနဲဆိုသလို ramsayရှိရာဆီပြေးသွားပြီး ရင်ခွင်ထဲတိုးဝင်လေတော့သည်။

"sorel မင်းခန္ဓာကိုယ်မပေါ့မပါးနဲ့ အဲ့လိုမပြေးရဘူးလေ။ ခလုတ်တိုက်ပြီးချော်လဲသွားရင်ဘယ်လိုလုပ်မလဲ။ မင်းကိုယ်မင်းသတိထားရမယ်ဆိုတာ မ.."

"ramကbabyကိုပစ်ထားတယ်"

sorel၏ခပ်ချွဲချွဲညုတုတုအသံလေးကြောင့် dimမှာနေရာတွင်ပင် ကြက်သေသေသွားရသည်။ သူပဲနားကြားမှားလေသလားလို့ ထင်သွားရသည်။ မျက်စိရှေ့မှသူငယ်ချင်းဖြစ်သူမှာ အမှန်တကယ်ကြီးကိုramsayရင်ခွင်ထဲဝင်ကာ ချွဲနေတာမြင်တော့မှ

"ramsay ငါ့မျက်စိရောနားရောကန်းသွားတာလား။ ငါ့ရှေ့ကလူကsorelဟုတ်ပါတယ်နော်။ တစ်သက်နဲ့တစ်ကိုယ်sorelချွဲတာ ပထမဆုံးမြင်ဖူးတာပဲ။ ငါတော့ဆေးခန်းသွားပြရတော့မယ်ထင်တယ်"

ပွစိပွစိပြောနေသည့်ဒေါက်တာဆိုသူကို ramsayရင်ခွင်ထဲကနေ sorelမျက်စောင်းထိုးပြီးကြည့်လိုက်သည်။

"ram အဲ့လူကစကားအရမ်းများတာပဲ။ နားငြီးတယ် နှင်ထုတ်လိုက်"

"မင်းကအခုတော့ငါ့ကိုနှင်ထုတ်ပြီပေါ့လေ။ မင်းကိုငါဆေးထိုးအပ်ကြီးကြီးနဲ့ဆေးထိုးပစ်မယ်"

ဆေးထိုးမယ်ပြောလို့ ramsay၏အင်္ကျီကော်လံစလေးကိုဆုပ်ကိုင်ပြီး မျက်နှာငယ်လေးနှင့်မော့ကြည့်ကာ သနားစဖွယ်ခေါင်းရမ်းနေသည့်sorelလေး

"babyကိုသူက စနေတာပါ။ တကယ်မလုပ်ပါဘူး။ babyကိုတကယ်လုပ်ရင် ကိုယ်ကအဲ့ဒေါက်တာကိုကိုင်ပေါက်ပေးမှာ ဟုတ်ပြီလား"

"အဲ့ဒါဆို အခုကိုင်ပေါက်ပေး"

dimမှာထိုနှစ်ယောက်ကိုကြည့်ပြီး မနိုင်တော့ဘူးဟူသည့်အမူအရာဖြင့် ခေါင်းရမ်းကာထွက်သွားလေသည်။ လေယာဉ်ပေါ်ရောက်ချိန်မှာ sorelလေးကအပြင်ဘက်ကိုငေးကြည့်ရင်း ငြိမ်နေတော့သည်။

"babyဘာတွေစိတ်ဝင်တစားကြည့်နေတာလဲ"

"ram ဒီတံခါးပေါက်ကိုဖွင့်ပေးပါလား"

sorelပြောလိုက်သည့်စကားကြောင့် ramsayမှာလန့်သွားရသည်။

"ဘာလို့လဲbaby အသက်ရှုကြပ်လို့လား။ ဘယ်နားအဆင်မပြေလို့လဲ။ လေယာဉ်ပေါ်မှာတံခါးဖွင့်လို့မရဘူးလေ။ တံခါးဖွင့်လိုက်ရင် ကိုယ်တို့အကုန်သေသွားလိမ့်မယ်"

ပြတင်းပေါက်မှန်ကို လက်ညိုးလေးနှင့်ထိုးနေရင်း နှုတ်ခမ်းဆူကာ

"အဲ့တိမ်တွေပေါ်မှာ ခုန်ပေါက်ပြီးပြေးဆော့ချင်တာ ဆော့လို့မရဘူးလား။ တိမ်တွေပေါ်ဆင်းချင်တယ်လို့ ram"

sorelချွဲတာပထမဆုံးမြင်ဖူးသည့်ramsayအဖို့ ထိုချစ်စရာအမူအရာလေးတွေကို ဘယ်လိုပြန်ချေပရမှန်းမသိဖြစ်ရသည်။ အမြဲတမ်းခက်ထန်မာကြောပြီး မောက်မာရိုင်းစိုင်းနေသူလေးက ချက်ချင်းဆိုသလိုနူးနူးညံ့ညံ့လေးနှင့် ချစ်စရာအသွင်အပြင်တွေပြောင်းလဲသွားတာကြောင့် ramsayမှာချေပနိုင်စွမ်းမရှိတော့ပေ။

ဒီလိုချွဲပုံမျိုးနဲ့သာဆို ဖြစ်နိုင်လျှင် လေယာဉ်တံခါးကိုဖွင့်ပြီး တိမ်တွေပေါ်စိတ်တိုင်းကျပြေးခိုင်းမိမှာအမှန်ပင်။ မဖြစ်နိုင်သည့်ကိစ္စမလို့သာ ramsayအနေနှင့်ချော့မော့ပြောဖို့ပြင်ရလေသည်။

"baby တိမ်တွေပေါ်ဆော့ချင်တာမလား။ ကိုယ်ဟိုရောက်ရင် ဖန်တီးပေးမယ်။ ဒီပေါ်မှာတော့ဆော့လို့မဖြစ်ဘူး။ ဒီပေါ်မှာဆော့ရင် ကိုယ်တို့အားလုံးသေသွားလိမ့်မယ်"

သေလိမ့်မယ်ဆိုသည့်စကားကိုကြားတော့ sorelကသူ့လက်ညှိုးလေးဖြင့် ramsayနှုတ်ခမ်းကိုပိတ်ပစ်လိုက်သည်။ ချစ်စရာအမူအရာလေးကနေ ချက်ချင်းဆိုသလိုညှိုးငယ်သွားသည့်မျက်နှာလေးက

"အဲ့လိုမပြောနဲ့။ သေတယ်ဆိုတဲ့စကား နောက်တစ်ခါမပြောနဲ့။ babyမကြိုက်ဘူး။ babyတို့နှစ်ယောက်သေကွဲကွဲခဲ့ပြီးပြီ။ နောက်တစ်ခါအဲ့လိုအဖြစ်မခံနိုင်ဘူး"

ramsayရင်ခွင်ထဲဝင်ပြီး တရှုံ့ရှုံ့နဲ့ငိုလေသည်။ ငိုနေရင်းနှင့် မျက်လုံးရွဲလေးတွေဖြင့်ramsayကိုမော့ကြည့်ကာ မကျေမနပ်ဆိုပြန်သည်။

"အဟင့် ဒီကြားထဲကဟာကြီးဖြုတ်ပေး။ ramနဲ့အတူထိုင်ချတာ။ ramဘေးမှာထိုင်ချင်တာ။ ဒါကြီးဖြုတ်ပေး"

ငိုနေရင်း သူတို့နှစ်ယောက်ကြားထဲက လက်ကိုင်တန်းကိုကိုင်ကာ ဖယ်ခိုင်းနေခြင်းဖြစ်သည်။ ramsayမှာငိုရခက် ရယ်ရခက်အခြေအနေဖြစ်သွားရသည်။

"ဒီထိုင်ခုံလက်တန်းတွေကို ကိုယ်တို့ဖြုတ်လို့မရဘူးလေbabyရဲ့ babyခုကိုယ့်ဘေးမှာထိုင်နေရတာပဲကို ဘာလို့ဒီလိုလုပ်ချင်ရတာလဲ"

"ဟင့်အင်း ဒါကြီးကbabyတို့ကိုခြားထားတာ မကြိုက်ဘူးဖြုတ်ပေး"

sorelငိုသံကြားတာကြောင့် dimလည်းအနားရောက်လာပြီး တစ်ဖက်နိုင်ငံမှဆရာဝန်လည်းရောက်လာသည်။

"ဘာဖြစ်လို့sorelငိုနေတာလဲ။ နေမကောင်းလို့လား။ ဗိုက်ထဲကအဆင်မပြေတာရှိလို့လား"

ramsayမှာsorelခေါင်းလေးကို အသာအယာပုတ်ပေးရင်း ဆရာဝန်နှစ်ယောက်မေးတာကိုရှက်ကိုးရှက်ကန်းဖြေရသည်။

"ကျွန်တော့်နားမှာထိုင်ချင်လို့ ဒီလက်တန်းကိုဖြုတ်ခိုင်းနေတာ။ အဲ့ဒါဖြုတ်လို့မရဘူးပြောတာကို ငိုသွားတာပဲ။ ကျွန်တော်လည်းရှင်းပြနေတာပဲ ဘယ်လိုမှမရလို့"

dimကမျက်နှာကိုမဲ့ရွဲ့ပြရင်း sorelကိုကြည့်လိုက်သည်။

"အဲ့လောက်အကဲမပိုစမ်းနဲ့။ အတိတ်မေ့သွားရုံလေးပဲ ဦးနှောက်သွေးကြောတော့မပြတ်ဘူးမလား။ ငါ့နဲ့ဗိုက်ထဲကငါ့ကလေးတွေများ တစ်ခုခုဖြစ်တာလားလို့ စိုးရမ်သွားတာပဲ။ လိ ငလူးအတွဲတွေမျက်စိကိုနောက်တယ်"

dimပြောလိုက်သည့်စကားကြောင့် ဘေးနားမှာရပ်နေသည့်ဆရာဝန်ဖြစ်သူမှာ မျက်မှန်ကိုင်းကိုပင့်တင့်မိတော့သည်။ ထိုဆရာဝန်ကsorelအခြေအနေကိုကြည့်ရင်း သတိအေးလာသည်။

"ဒီလူနာကကိုယ်ဝန်ဆောင်ချိန်ဖြစ်လို့ စိတ်အတက်အကျမြန်နေတာပါ။ ဖြစ်နိုင်ရင်သူ့စိတ်ကို ငြိမ်အောင်ထားပေးစေချင်ပါတယ်။ စိတ်အရမ်းလှုပ်ရှားရင် အဆင်မပြေလို့ပါ"

dimလည်းစနောက်နေရာက ထိုဆရာဝန်စကားတွေကို ဝင်ထောက်ခံသည်။

"ဟုတ်တယ်။ sorelကိုအငိုတိတ်အောင်အရင်လုပ်လိုက်ramsay။ ငါတို့အခုရောက်နေတဲ့အမြင့်ပေအနေအထားနဲ့ဆို သူငိုရင်ပိုပင်ပန်းပြီးအသက်ရှုရခက်လိမ့်မယ်။ ကိုယ်ဝန်နုသေးတဲ့အတွက် ငါတို့ပိုဂရုစိုက်သင့်တယ်"

"ကျွန်တော်နားလည်ပါပြီ"

ဘေးခုံမှာငိုနေသည့်ချစ်ရသူလေးကို ဆွေ့ခနဲပွေ့ချီလိုက်ပြီး ramsayပေါင်ပေါ်တင်လိုက်သည်။ သူ့အပြုအမူကြောင့် ဆရာဝန်နှစ်ယောက်လုံးမျက်လုံးပြူးသွားပြီး

"ramsay ဒီလိုထိုင်တာအန္တရာယ်များတယ်နော်"

"ကျွန်တော်သိတယ်။ ဒါပေမဲ့ ဒီနည်းလမ်းကသာသူ့ကိုအငိုတိတ်စေတာလေ။ လေယာဉ်မဆင်းခင်အထိ ကျွန်တော်ထိန်းထားလိုက်မယ်"

sorelကramsayပေါင်ပေါ်ထိုင်ပြီး ရင်ခွင်ထဲခေါင်းလေးတိုးကာ အငိုတိတ်သွားသည်။ ငိုရတာမောလို့ထင်သည် ramsayရင်ခွင်ထဲမှာ ခဏလေးနှင့်အိပ်မောကျသွားလေသည်။ dimရော နောက်ဆရာဝန်တစ်ယောက်ပါ sorelနှလုံးခုန်နှုန်းကိုစမ်းသပ်လိုက်ကြသည်။ စိတ်ချရသည့်အခြေအနေရောက်မှ ထိုင်ခုံနေရာတွေဆီပြန်ဝင်ထိုင်ကြသည်။

ramsayသူ့ရင်ခွင်ထဲမှ အိပ်မောကျနေသူလေး၏ကျောပြင်လေးကို ပုတ်ပေးရင်းသက်ပြင်းရှည်ကြီးချမိတော့သည်။ ဒီရက်ပိုင်းအတွင်းအလျင်အမြန်ဆွဲလိုက်ရသည့်အစီအစဉ်ဆိုပေမဲ့ ချောမွေ့သွားတာကို ramsayအနေနှင့်ကျေးဇူးတင်ရမည်ဖြစ်သည်။

sorelကိုသုတေသနဌာနမပို့နိုင်အောင် sorel၏မွေးရပ်မြေဖြစ်သည့်ပြင်သစ်နိုင်ငံအစိုးရဌာနသို့ သက်သေအချက်အလက်တွေပေးပို့ကာ အကူအညီတောင်းခဲ့ရသည်။ ကတိုက်ကရိုက်စီစဉ်လိုက်ရပေမဲ့ နှစ်ဦးနှစ်ဖက်ဆွေးနွေးကြချိန်မှာ sorelကျန်းမာရေးကိုသာအထူးအလေးပေးဆွေးနွေးခဲ့ကြတာဖြစ်သည့်အတွက် အဆင်ပြေသည်ဟုဆိုရမည်။ ramsayတောင်းဆိုသည့်အချက်တွေကို တတ်နိုင်သမျှလိုက်လျောပေးခဲ့တာကြောင့် ရွေးချယ်မှုမှန်ကန်ခဲ့သည်ဟုဆိုရမည်။

လေဆိပ်ကိုရောက်ချိန်မှာ ဆရာဝန်တွေနှင့်အရာရှိအချို့က လူနာတင်ယာဉ်ဖြင့်စောင့်ကြိုနေကြသည်။ လေယာဉ်စီးခဲ့ရတာကြောင့် sorelသက်တောင့်သက်သာမဖြစ်မှာစိုး၍ ဆေးရုံကိုလူနာတင်ယာဉ်ဖြင့်သာ ခေါ်သွားဖို့စီစဉ်ထားကြခြင်းဖြစ်သည်။

ဆေးရုံသို့ရောက်ချိန်မှာ sorelအတွက်အထူးသီးသန့်လူနာခန်းတစ်ခန်းစီစဉ်ပေးထားပြီး ဆေးစစ်ဖို့အတွက်အကျွမ်းကျင်ဆုံးပါမောက္ခတွေက အသင့်စောင့်နေလေသည်။ လိုအပ်တာတွေစစ်ဆေးလို့ပြီးသွားချိန်မှာ နောက်ဆုံးအနေဖြင့်ultrasoundရိုက်ဖို့သာကျန်သည်။

ultrasoundရိုက်ဖို့sorelဗိုက်ပေါ်ဂျယ်တွေညှစ်ချလိုက်ချိန်မှာ sorelလေးကထရယ်လေသည်။

"ခစ် ခစ် အေးတယ်"

"ငြိမ်ငြိမ်လေးနေပေးပါ။ ကျွန်တော်တို့ultrasoundစရိုက်ပါတော့မယ်"

ဗိုက်ပေါ်ကိုစက်လေးရွေ့လျားတိုင်း sorelကဗိုက်ကလေးကိုတွန့်လိမ်ပစ်လေသည်။ ဆရာဝန်ကအသက်အောင့်ထားပြောရင်လည်း အသက်မအောင့်ဘဲ အသက်ရှုသွင်းချင်သွင်းသည်။ ဆရာဝန်ပြောစကားတစ်ခွန်းမှနားမထောင်တာကြောင့် အခက်တွေ့နေကြလေသည်။

နောက်ဆုံးမှာdimဝင်ပါလိုက်ရတော့သည်။ dimကမျက်နှာခပ်တင်းတင်းဖြင့်

"sorel မင်းငါပြောတဲ့အတိုင်းလုပ်ရမယ်နော်။ မလုပ်ရင် မင်းကိုငါဘာလုပ်မယ်ဆိုတာသိတယ်မလား"

sorelမှာချက်ချင်းဆိုသလိုငြိမ်ကျသွားပြီး မျက်နှာငယ်လေးနှင့် ပြန်ကြည့်ရှာသည်။ dimစိတ်လှုပ်ရှားစွာဖြင့် sorelဗိုက်ကိုအသေးစိတ်ကြည့်လေသည်။ ပါမောက္ခကြီးတွေကလည်း tvဖန်သားပြင်ပေါ်စိတ်လှုပ်ရှားစွာကြည့်နေရင်း မှတ်ချက်အမျိုးမျိုးပေးကြသည်။

"သန္ဓေသားကကျန်းမာရေးကောင်းတယ်။ နှလုံးခုန်နှုန်းလည်းအဆင်ပြေတယ်။ ငါထင်တာမမှားဘူးဆို အမြွှာလေးဖြစ်မလားပဲ"

"ခုကသေချာမပြောနိုင်သေးတဲ့အခြေအနေလေ။ အကောင်အထည်နည်းနည်းပေါ်လာမှ ခန့်မှန့်လို့ရမှာ ခုကလနုသေးတော့ မှန်းပြောလို့မရဘူး"

"ငါလည်းအမြွှာလေးလို့ထင်နေတယ်။ သူ့ဗိုက်ကပုံမှန်ဗိုက်သက်တမ်းတွေထက် ပိုပူနေတယ်။ ပြီးတော့သန္ဓေသားလေးကလည်း နည်းနည်းကြီးနေသလိုပဲ။ သေချာပေါက်အမြွှာလေးဖြစ်မှာ"

ဆရာဝန်တွေ၏ တစ်ယောက်တစ်ခွန်းပြောနေသံကို ကြားပြီး ramsayစိတ်လှုပ်ရှားလာခဲ့သည်။ tvဖန်သားပြင်ပေါ်က ပုံရိပ်လေးတစ်ခုက သူ့ရင်ထဲကိုဒီလောက်ထိနွေးထွေးမှုတွေပေးလိမ့်မည်ဟု တစ်ခါမှမတွေးဖူးခဲ့ပေ။ sorelလက်ဖမိုးလေးကို အသာနမ်းရှိုက်ရင်း

"baby ဟိုထဲမှာကိုယ်တို့ကလေးလေးကို တွေ့လား"

"ဟင် ဘယ်မှာလဲ။ ramကဘယ်သူနဲ့ဖောက်ပြန်ပြီး ကလေးရသွားတာလဲ။ ramမကောင်းဘူး ramသစ္စာဖောက် အဟင့် အဟင့်"

ရှင်းပြချိန်ပင်မရလိုက် အငိုသန်လေးကမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျပြီး ငိုနေလေပြီ။

"ကိုယ်ဘယ်သူနဲ့မှမဖောက်ပြန်ပါဘူး။ ဒါကိုယ်တို့ရဲ့ကလေးပဲလေ။ babyနဲ့ကိုယ်နဲ့ရတဲ့ ကလေး။ ဘယ်သူ့ကလေးမှမဟုတ်ဘူး"

"မဟုတ်ဘူး ramကဖောက်ပြန်နေတာ။ ဘယ်ကောင်မက ငါ့ramကိုခိုးသွားတာလဲ။ ငါသတ်ပစ်မှာ ပေနိုးမကြီး..."

ရှင်းလေရှုပ်လေးဖြစ်နေသည့်အတွဲကို dimဒေါသထွက်လာပြီဖြစ်သည်။

"sorel ငါ့ကိုကြည့် ငါ့လက်ထဲမှာကိုင်ထားတာမြင်လား။ ဟိုtvပေါ်မှာဘာပေါ်နေလဲ"

dimဒေါသထွက်ပြီးမေးတော့ ခေါင်းညိတ်ပြီးဖြေရှာသည်။

"မည်းမည်းကြီးပေါ်နေတယ်"

"မည်းမည်းကြီးနော် ဟုတ်ပြီ။ ဒီမှာသေချာကြည့် ငါ့လက်ထဲကစက်လေးကို မင်းဗိုက်ပေါ်တင်လိုက်မယ်။ tvမှာဘာပေါ်နေလဲ"

"ဖြူဖြူနဲ့မည်းမည်းအစက်အပျောက်လေး ပြီးတော့အလုံးကြီးတစ်လုံး"

"အဲ့ဒါဘယ်သူ့ရဲ့ဟာလဲ"

"babyဗိုက်ထဲက ဟာ"

"ဟုတ်ပြီ ဒီမှာကိုယ်ပြမယ်နော်။ ဒီအမည်းစက်ပိစိလေးက sorelဗိုက်ထဲကကလေးလေး မြင်လား"

မျက်လုံးဝိုင်းလေးတွေနှင့် dimကိုပြန်ကြည့်ရှာသည်။

"babyဗိုက်ထဲမှာ ကလေးလေးရှိနေတာလား။ တကယ်ကြီးလား။ babyဗိုက်ထဲကို ဘယ်သူက ကလေးထိုးထည့်လိုက်တာလဲ အီး...ဟီး...."

sorelအမေးကြောင့် dimရူးချင်လာသလို ဒေါသတွေလည်းပေါက်ကွဲလာပြီဖြစ်သည်။ ramsayကိုလက်ညိုးထိုးပြရင်း

"အဲ့ကောင်ထိုးထည့်လိုက်တာဟေ့။ ချီးလိုပဲ ရစ်လို့ကိုမပြီးတော့ဘူး"

ဆေးတွေအကုန်စစ်ပြီးသွားလို့ အပြင်ထွက်လာချိန်မှာ kimကစောင့်ကြိုနေလေသည်။ sorelကိုမြင်တာနှင့် kimကအားရဝမ်းသွာစွာပြေးလာပြီးဖက်ဖို့လုပ်သည်။ သို့ပေမဲ့ kimဖက်ခွင့်မရလိုက်ပါ။ sorelရှေ့မှာ dimကဝင်ရပ်လိုက်ပြီး kimဖက်တာကိုမိန့်မိန့်ကြီးခံလိုက်လေသည်။

"ခင်ဗျားကဘာကိစ္စဝင်ရပ်တာလဲ ဖယ် ကျွန်တော့်bossကိုဖက်မလို့"

dimကမဖယ်ပေးဘဲ သူ့ရှေ့ကလူကောင်ပိစိလေးကို သိမ်းကျုံးဖက်ပစ်လိုက်လေသည်။

"အာ ဒီလိုရန်ထောင်နေသံလေးကို မကြားရတာဘယ်လောက်ကြာပြီလဲ။ လွမ်းလိုက်ရတာကွာ"

"ခင်ဗျားကို ဖယ်လို့ပြောနေတယ်လေ။ ဘယ်သူလွမ်းခိုင်းနေလို့လဲ ဖယ်။ boss ကျွန်တော့်ကိုမလွမ်းဘူးလား။ bossဗိုက်ထဲမှာ ကလေးလေးရှိတယ်ဆို ကျွန်တော်လှန်ကြည့်လို့ရမလား"

sorelကkimကို စိုက်ကြည့်နေပြီး ramsayကိုမေးရှာသည်။

"ram သူကဘယ်သူလဲ"

sorelအမေးကြောင့် kimအော်ငိုလေတော့သည်။ sorelနေရမည့်အိမ်ကိုရောက်သည့်အခါ arloကစီးကြိုနေလေသည်။

"bossမျက်နှာကိုနောက်ဆုံးတော့ မြင်ခွင့်ရပြီ။ ကျွန်တော်က bossဆူဆဲသံလေးတွေကိုလွမ်းနေရတာ"

sorel arloကိုကြောင်ကြည့်နေပြန်သည်။

"ram သူကရောဘယ်သူလဲ"

sorelစကားကြောင့် arloအော်ငိုလေတော့သည်။

"arlo ခင်ဗျားအားမငယ်နဲ့ bossကကျွန်တော့်ကိုလည်း မမှတ်မိဘူး"

arloနှင့်kim တစ်ယောက်ကိုတစ်ယောက်ဖက်ပြီးငိုကြလေသည်။

                                                      7.4.2022

A/N : သာသာpublishကိုတစ်ပြုံကြီးတင်လိုက်တာကြောင့် အခန်းတွေဗျောက်သောက်ဖြစ်နေရင် သာသာ့ficကိုlibraryထဲကခဏထုတ်ပြီး ပြန်ထည့်လိုက်ပါနော်။ notiတွေအများကြီးတက်သွားရင် တောင်းပန်ပါတယ်ရှင့်။ 4ရက်နေ့ကအခြေအနေအမျိုးမျိုးကြောင့် ficကိုunpublishခဏလုပ်လိုက်တာ​ပါ

------------------------------------------------

ညႇိႏွိုင္းမရသည့္အဆုံးမွာ ramsayတစ္ေယာက္ေနာက္ဆုံးနည္းလမ္းကိုထုတ္သုံးလိုက္သည္။ ျပင္သစ္နိုင္ငံအစိုးရက sorelကိုသူတို႔နိုင္ငံသားျဖစ္သည့္အတြက္ သူတို႔ဆီကိုလႊဲေျပာင္းေပးဖို႔ေရာက္ရွိလာၾကသည္။ ႏွစ္နိုင္ငံအက်ိတ္အနယ္ေဆြးေႏြးၾကရင္း ေနာက္ဆုံးမွာsorelကိုျပင္သစ္သို႔လႊဲေျပာင္းေပးလိုက္ရသည္။

အထက္အရာရွိေတြအားလုံးက ထိုကိစၥေၾကာင့္ramsayကိုမ်က္စိစပါးေမႊးစူးကုန္ၾကသည္။ သူတို႔လႊတ္သြားသည့္ငါးက အင္မတန္မွတန္ဖိုးႀကီးသည့္ငါးႀကီးတစ္ေကာင္ျဖစ္လို႔ေနသည္မဟုတ္လား။ အမ်ိဳးသားကိုယ္ဝန္ေဆာင္တစ္ေယာက္ရွိျခင္းက နိုင္ငံတကာ၏အာ႐ုံစူးစိုက္မႈကိုခံရမည့္အျပင္ သုေတသနလုပ္ခ်င္သူေတြအတြက္ အက်ိဳးအျမတ္မ်ားစြာရရွိမည့္အခြင့္အေရးပင္။

"ramsay မင္းကငါတို႔ကိုပုန္ကန္ခ်င္တာေပါ့ေလ"

"ကၽြန္ေတာ္ဘယ္သူ႔ကိုမွ မပုန္ကန္ဘူး။ ခင္ဗ်ားတို႔ဆီကို ကၽြန္ေတာ္အရင္လက္ကမ္းေပးခဲ့တာပါ။ ခင္ဗ်ားတို႔ဘာသာ ကၽြန္ေတာ္ကမ္းေပးတဲ့လက္ကိုပုတ္ခ်ခဲ့တာေလ။ ကၽြန္ေတာ့္အျပစ္မဟုတ္ဘူးလို႔ထင္တယ္"

"သူတို႔ကမင္းကိုကတိတည္မယ္ထင္ေနတာလား။ မင္းေရွ႕မလိုသာဒီလိုလုပ္ျပေနတာ သူတို႔နိုင္ငံထဲေရာက္ရင္လည္း sorelကိုသုေတသနခန္းထဲပို႔ၾကမွာပဲေလ"

"ဟက္ ခင္ဗ်ားတို႔လိုလူ႔အသက္တစ္ေခ်ာင္းကို လက္လြတ္စပယ္ကိုင္တြယ္မွာ မဟုတ္ဘူးလို႔ကၽြန္ေတာ္ယုံတယ္။ အခုဟိုဘက္မွာ sorelေနဖို႔အတြက္အကုန္အဆင္သင့္ျပင္ဆင္ေပးထားၾကၿပီးသား။ ေရာ့ဒီမွာ ကၽြန္ေတာ့္ရဲ့ရာထူးတံဆိပ္နဲ႔ ေသနတ္ ေအးဂ်င့္အျဖစ္ကေနႏႈတ္ထြက္တယ္။ ေနာက္သုံးေလးရက္ေလာက္ေနရင္ ကၽြန္ေတာ္လိုက္ခဲ့တဲ့အမႈေတြအကုန္ခင္ဗ်ားတို႔ဆီလာလႊဲေျပာင္းေပးမယ္။ အခုေတာ့ ကၽြန္ေတာ့္ခ်စ္ရသူေလးကိုေမြးရပ္ေျမျပန္ပို႔လိုက္ဦးမယ္ေနာ္ ဘိုင့္"

ramsayလွည့္ထြက္ရင္း အရာရွိေတြကိုလက္ျပကာႏႈတ္ဆက္ခဲ့လိုက္သည္။ ထို႔ေနာက္sorelကိုလႊဲေျပာင္းေပးမည့္ေထာင္သို႔ လိုက္လာခဲ့သည္။ ေထာင္ေဆး႐ုံမွထြက္လာသည့္ sorelကိုျမင္ၿပီးတစ္ဖက္နိုင္ငံမွအရာရွိေတြက မ်က္လုံးအနည္းငယ္ျပဴးကာ အံ့အားသင့္သြားၾကသည္။

အေရးႀကီးကိစၥေတြေဆာင္ရြက္ေနရလို႔ မေတြ႕ရသည့္ရက္ပိုင္းေလးအတြင္းမွာsorelဗိုက္ေလးက အနည္းငယ္ေဖာင္းေနသည္။ ပိန္သြယ္သည့္ခႏၶာကိုယ္ပိုင္ရွင္ျဖစ္တာေၾကာင့္ ဗိုက္ကေလးအနည္းငယ္ပူေဖာင္းေနလၽွင္ သိသာသည္။ dimကsorelနားအေျပးေလးသြားၿပီး

"မင္းဗိုက္က ဟိုတေလာကထက္ပိုၿပီးေဖာင္းလာသလိုပဲ။ ငါမင္းဗိုက္ကိုultrasoundရိုက္ၾကည့္ခ်င္ေနၿပီ ဟိုေရာက္တဲ့အထိေစာင့္နိုင္မယ္မထင္ဘူး"

dimကသာဗိုက္ကိုေသခ်ာၾကည့္ၿပီးေျပာေနေပမဲ့ sorelအာ႐ုံကramsayကိုေျပးဖက္ဖို႔ ျပင္ေနသည္။ လွစ္ခနဲဆိုသလို ramsayရွိရာဆီေျပးသြားၿပီး ရင္ခြင္ထဲတိုးဝင္ေလေတာ့သည္။

"sorel မင္းခႏၶာကိုယ္မေပါ့မပါးနဲ႔ အဲ့လိုမေျပးရဘူးေလ။ ခလုတ္တိုက္ၿပီးေခ်ာ္လဲသြားရင္ဘယ္လိုလုပ္မလဲ။ မင္းကိုယ္မင္းသတိထားရမယ္ဆိုတာ မ.."

"ramကbabyကိုပစ္ထားတယ္"

sorel၏ခပ္ခၽြဲခၽြဲညဳတုတုအသံေလးေၾကာင့္ dimမွာေနရာတြင္ပင္ ၾကက္ေသေသသြားရသည္။ သူပဲနားၾကားမွားေလသလားလို႔ ထင္သြားရသည္။ မ်က္စိေရွ႕မွသူငယ္ခ်င္းျဖစ္သူမွာ အမွန္တကယ္ႀကီးကိုramsayရင္ခြင္ထဲဝင္ကာ ခၽြဲေနတာျမင္ေတာ့မွ

"ramsay ငါ့မ်က္စိေရာနားေရာကန္းသြားတာလား။ ငါ့ေရွ႕ကလူကsorelဟုတ္ပါတယ္ေနာ္။ တစ္သက္နဲ႔တစ္ကိုယ္sorelခၽြဲတာ ပထမဆုံးျမင္ဖူးတာပဲ။ ငါေတာ့ေဆးခန္းသြားျပရေတာ့မယ္ထင္တယ္"

ပြစိပြစိေျပာေနသည့္ေဒါက္တာဆိုသူကို ramsayရင္ခြင္ထဲကေန sorelမ်က္ေစာင္းထိုးၿပီးၾကည့္လိုက္သည္။

"ram အဲ့လူကစကားအရမ္းမ်ားတာပဲ။ နားၿငီးတယ္ ႏွင္ထုတ္လိုက္"

"မင္းကအခုေတာ့ငါ့ကိုႏွင္ထုတ္ၿပီေပါ့ေလ။ မင္းကိုငါေဆးထိုးအပ္ႀကီးႀကီးနဲ႔ေဆးထိုးပစ္မယ္"

ေဆးထိုးမယ္ေျပာလို႔ ramsay၏အကၤ်ီေကာ္လံစေလးကိုဆုပ္ကိုင္ၿပီး မ်က္ႏွာငယ္ေလးႏွင့္ေမာ့ၾကည့္ကာ သနားစဖြယ္ေခါင္းရမ္းေနသည့္sorelေလး

"babyကိုသူက စေနတာပါ။ တကယ္မလုပ္ပါဘူး။ babyကိုတကယ္လုပ္ရင္ ကိုယ္ကအဲ့ေဒါက္တာကိုကိုင္ေပါက္ေပးမွာ ဟုတ္ၿပီလား"

"အဲ့ဒါဆို အခုကိုင္ေပါက္ေပး"

dimမွာထိုႏွစ္ေယာက္ကိုၾကည့္ၿပီး မနိုင္ေတာ့ဘူးဟူသည့္အမူအရာျဖင့္ ေခါင္းရမ္းကာထြက္သြားေလသည္။ ေလယာဥ္ေပၚေရာက္ခ်ိန္မွာ sorelေလးကအျပင္ဘက္ကိုေငးၾကည့္ရင္း ၿငိမ္ေနေတာ့သည္။

"babyဘာေတြစိတ္ဝင္တစားၾကည့္ေနတာလဲ"

"ram ဒီတံခါးေပါက္ကိုဖြင့္ေပးပါလား"

sorelေျပာလိုက္သည့္စကားေၾကာင့္ ramsayမွာလန႔္သြားရသည္။

"ဘာလို႔လဲbaby အသက္ရႈၾကပ္လို႔လား။ ဘယ္နားအဆင္မေျပလို႔လဲ။ ေလယာဥ္ေပၚမွာတံခါးဖြင့္လို႔မရဘူးေလ။ တံခါးဖြင့္လိုက္ရင္ ကိုယ္တို႔အကုန္ေသသြားလိမ့္မယ္"

ျပတင္းေပါက္မွန္ကို လက္ညိဳးေလးႏွင့္ထိုးေနရင္း ႏႈတ္ခမ္းဆူကာ

"အဲ့တိမ္ေတြေပၚမွာ ခုန္ေပါက္ၿပီးေျပးေဆာ့ခ်င္တာ ေဆာ့လို႔မရဘူးလား။ တိမ္ေတြေပၚဆင္းခ်င္တယ္လို႔ ram"

sorelခၽြဲတာပထမဆုံးျမင္ဖူးသည့္ramsayအဖို႔ ထိုခ်စ္စရာအမူအရာေလးေတြကို ဘယ္လိုျပန္ေခ်ပရမွန္းမသိျဖစ္ရသည္။ အျမဲတမ္းခက္ထန္မာေၾကာၿပီး ေမာက္မာရိုင္းစိုင္းေနသူေလးက ခ်က္ခ်င္းဆိုသလိုႏူးႏူးညံ့ညံ့ေလးႏွင့္ ခ်စ္စရာအသြင္အျပင္ေတြေျပာင္းလဲသြားတာေၾကာင့္ ramsayမွာေခ်ပနိုင္စြမ္းမရွိေတာ့ေပ။

ဒီလိုခၽြဲပုံမ်ိဳးနဲ႔သာဆို ျဖစ္နိုင္လၽွင္ ေလယာဥ္တံခါးကိုဖြင့္ၿပီး တိမ္ေတြေပၚစိတ္တိုင္းက်ေျပးခိုင္းမိမွာအမွန္ပင္။ မျဖစ္နိုင္သည့္ကိစၥမလို႔သာ ramsayအေနႏွင့္ေခ်ာ့ေမာ့ေျပာဖို႔ျပင္ရေလသည္။

"baby တိမ္ေတြေပၚေဆာ့ခ်င္တာမလား။ ကိုယ္ဟိုေရာက္ရင္ ဖန္တီးေပးမယ္။ ဒီေပၚမွာေတာ့ေဆာ့လို႔မျဖစ္ဘူး။ ဒီေပၚမွာေဆာ့ရင္ ကိုယ္တို႔အားလုံးေသသြားလိမ့္မယ္"

ေသလိမ့္မယ္ဆိုသည့္စကားကိုၾကားေတာ့ sorelကသူ႔လက္ညႇိုးေလးျဖင့္ ramsayႏႈတ္ခမ္းကိုပိတ္ပစ္လိုက္သည္။ ခ်စ္စရာအမူအရာေလးကေန ခ်က္ခ်င္းဆိုသလိုညႇိုးငယ္သြားသည့္မ်က္ႏွာေလးက

"အဲ့လိုမေျပာနဲ႔။ ေသတယ္ဆိုတဲ့စကား ေနာက္တစ္ခါမေျပာနဲ႔။ babyမႀကိဳက္ဘူး။ babyတို႔ႏွစ္ေယာက္ေသကြဲကြဲခဲ့ၿပီးၿပီ။ ေနာက္တစ္ခါအဲ့လိုအျဖစ္မခံနိုင္ဘူး"

ramsayရင္ခြင္ထဲဝင္ၿပီး တရႈံ႔ရႈံ႔နဲ႔ငိုေလသည္။ ငိုေနရင္းႏွင့္ မ်က္လုံးရြဲေလးေတြျဖင့္ramsayကိုေမာ့ၾကည့္ကာ မေက်မနပ္ဆိုျပန္သည္။

"အဟင့္ ဒီၾကားထဲကဟာႀကီးျဖဳတ္ေပး။ ramနဲ႔အတူထိုင္ခ်တာ။ ramေဘးမွာထိုင္ခ်င္တာ။ ဒါႀကီးျဖဳတ္ေပး"

ငိုေနရင္း သူတို႔ႏွစ္ေယာက္ၾကားထဲက လက္ကိုင္တန္းကိုကိုင္ကာ ဖယ္ခိုင္းေနျခင္းျဖစ္သည္။ ramsayမွာငိုရခက္ ရယ္ရခက္အေျခအေနျဖစ္သြားရသည္။

"ဒီထိုင္ခုံလက္တန္းေတြကို ကိုယ္တို႔ျဖဳတ္လို႔မရဘူးေလbabyရဲ့ babyခုကိုယ့္ေဘးမွာထိုင္ေနရတာပဲကို ဘာလို႔ဒီလိုလုပ္ခ်င္ရတာလဲ"

"ဟင့္အင္း ဒါႀကီးကbabyတို႔ကိုျခားထားတာ မႀကိဳက္ဘူးျဖဳတ္ေပး"

sorelငိုသံၾကားတာေၾကာင့္ dimလည္းအနားေရာက္လာၿပီး တစ္ဖက္နိုင္ငံမွဆရာဝန္လည္းေရာက္လာသည္။

"ဘာျဖစ္လို႔sorelငိုေနတာလဲ။ ေနမေကာင္းလို႔လား။ ဗိုက္ထဲကအဆင္မေျပတာရွိလို႔လား"

ramsayမွာsorelေခါင္းေလးကို အသာအယာပုတ္ေပးရင္း ဆရာဝန္ႏွစ္ေယာက္ေမးတာကိုရွက္ကိုးရွက္ကန္းေျဖရသည္။

"ကၽြန္ေတာ့္နားမွာထိုင္ခ်င္လို႔ ဒီလက္တန္းကိုျဖဳတ္ခိုင္းေနတာ။ အဲ့ဒါျဖဳတ္လို႔မရဘူးေျပာတာကို ငိုသြားတာပဲ။ ကၽြန္ေတာ္လည္းရွင္းျပေနတာပဲ ဘယ္လိုမွမရလို႔"

dimကမ်က္ႏွာကိုမဲ့ရြဲ႕ျပရင္း sorelကိုၾကည့္လိုက္သည္။

"အဲ့ေလာက္အကဲမပိုစမ္းနဲ႔။ အတိတ္ေမ့သြား႐ုံေလးပဲ ဦးေႏွာက္ေသြးေၾကာေတာ့မျပတ္ဘူးမလား။ ငါ့နဲ႔ဗိုက္ထဲကငါ့ကေလးေတြမ်ား တစ္ခုခုျဖစ္တာလားလို႔ စိုးရမ္သြားတာပဲ။ လိ ငလူးအတြဲေတြမ်က္စိကိုေနာက္တယ္"

dimေျပာလိုက္သည့္စကားေၾကာင့္ ေဘးနားမွာရပ္ေနသည့္ဆရာဝန္ျဖစ္သူမွာ မ်က္မွန္ကိုင္းကိုပင့္တင့္မိေတာ့သည္။ ထိုဆရာဝန္ကsorelအေျခအေနကိုၾကည့္ရင္း သတိေအးလာသည္။

"ဒီလူနာကကိုယ္ဝန္ေဆာင္ခ်ိန္ျဖစ္လို႔ စိတ္အတက္အက်ျမန္ေနတာပါ။ ျဖစ္နိုင္ရင္သူ႔စိတ္ကို ၿငိမ္ေအာင္ထားေပးေစခ်င္ပါတယ္။ စိတ္အရမ္းလႈပ္ရွားရင္ အဆင္မေျပလို႔ပါ"

dimလည္းစေနာက္ေနရာက ထိုဆရာဝန္စကားေတြကို ဝင္ေထာက္ခံသည္။

"ဟုတ္တယ္။ sorelကိုအငိုတိတ္ေအာင္အရင္လုပ္လိုက္ramsay။ ငါတို႔အခုေရာက္ေနတဲ့အျမင့္ေပအေနအထားနဲ႔ဆို သူငိုရင္ပိုပင္ပန္းၿပီးအသက္ရႈရခက္လိမ့္မယ္။ ကိုယ္ဝန္ႏုေသးတဲ့အတြက္ ငါတို႔ပိုဂ႐ုစိုက္သင့္တယ္"

"ကၽြန္ေတာ္နားလည္ပါၿပီ"

ေဘးခုံမွာငိုေနသည့္ခ်စ္ရသူေလးကို ေဆြ႕ခနဲေပြ႕ခ်ီလိုက္ၿပီး ramsayေပါင္ေပၚတင္လိုက္သည္။ သူ႔အျပဳအမူေၾကာင့္ ဆရာဝန္ႏွစ္ေယာက္လုံးမ်က္လုံးျပဴးသြားၿပီး

"ramsay ဒီလိုထိုင္တာအႏၲရာယ္မ်ားတယ္ေနာ္"

"ကၽြန္ေတာ္သိတယ္။ ဒါေပမဲ့ ဒီနည္းလမ္းကသာသူ႔ကိုအငိုတိတ္ေစတာေလ။ ေလယာဥ္မဆင္းခင္အထိ ကၽြန္ေတာ္ထိန္းထားလိုက္မယ္"

sorelကramsayေပါင္ေပၚထိုင္ၿပီး ရင္ခြင္ထဲေခါင္းေလးတိုးကာ အငိုတိတ္သြားသည္။ ငိုရတာေမာလို႔ထင္သည္ ramsayရင္ခြင္ထဲမွာ ခဏေလးႏွင့္အိပ္ေမာက်သြားေလသည္။ dimေရာ ေနာက္ဆရာဝန္တစ္ေယာက္ပါ sorelႏွလုံးခုန္ႏႈန္းကိုစမ္းသပ္လိုက္ၾကသည္။ စိတ္ခ်ရသည့္အေျခအေနေရာက္မွ ထိုင္ခုံေနရာေတြဆီျပန္ဝင္ထိုင္ၾကသည္။

ramsayသူ႔ရင္ခြင္ထဲမွ အိပ္ေမာက်ေနသူေလး၏ေက်ာျပင္ေလးကို ပုတ္ေပးရင္းသက္ျပင္းရွည္ႀကီးခ်မိေတာ့သည္။ ဒီရက္ပိုင္းအတြင္းအလ်င္အျမန္ဆြဲလိုက္ရသည့္အစီအစဥ္ဆိုေပမဲ့ ေခ်ာေမြ႕သြားတာကို ramsayအေနႏွင့္ေက်းဇူးတင္ရမည္ျဖစ္သည္။

sorelကိုသုေတသနဌာနမပို႔နိုင္ေအာင္ sorel၏ေမြးရပ္ေျမျဖစ္သည့္ျပင္သစ္နိုင္ငံအစိုးရဌာနသို႔ သက္ေသအခ်က္အလက္ေတြေပးပို႔ကာ အကူအညီေတာင္းခဲ့ရသည္။ ကတိုက္ကရိုက္စီစဥ္လိုက္ရေပမဲ့ ႏွစ္ဦးႏွစ္ဖက္ေဆြးေႏြးၾကခ်ိန္မွာ sorelက်န္းမာေရးကိုသာအထူးအေလးေပးေဆြးေႏြးခဲ့ၾကတာျဖစ္သည့္အတြက္ အဆင္ေျပသည္ဟုဆိုရမည္။ ramsayေတာင္းဆိုသည့္အခ်က္ေတြကို တတ္နိုင္သမၽွလိုက္ေလ်ာေပးခဲ့တာေၾကာင့္ ေရြးခ်ယ္မႈမွန္ကန္ခဲ့သည္ဟုဆိုရမည္။

ေလဆိပ္ကိုေရာက္ခ်ိန္မွာ ဆရာဝန္ေတြႏွင့္အရာရွိအခ်ိဳ႕က လူနာတင္ယာဥ္ျဖင့္ေစာင့္ႀကိဳေနၾကသည္။ ေလယာဥ္စီးခဲ့ရတာေၾကာင့္ sorelသက္ေတာင့္သက္သာမျဖစ္မွာစိုး၍ ေဆး႐ုံကိုလူနာတင္ယာဥ္ျဖင့္သာ ေခၚသြားဖို႔စီစဥ္ထားၾကျခင္းျဖစ္သည္။

ေဆး႐ုံသို႔ေရာက္ခ်ိန္မွာ sorelအတြက္အထူးသီးသန႔္လူနာခန္းတစ္ခန္းစီစဥ္ေပးထားၿပီး ေဆးစစ္ဖို႔အတြက္အကၽြမ္းက်င္ဆုံးပါေမာကၡေတြက အသင့္ေစာင့္ေနေလသည္။ လိုအပ္တာေတြစစ္ေဆးလို႔ၿပီးသြားခ်ိန္မွာ ေနာက္ဆုံးအေနျဖင့္ultrasoundရိုက္ဖို႔သာက်န္သည္။

ultrasoundရိုက္ဖို႔sorelဗိုက္ေပၚဂ်ယ္ေတြညႇစ္ခ်လိုက္ခ်ိန္မွာ sorelေလးကထရယ္ေလသည္။

"ခစ္ ခစ္ ေအးတယ္"

"ၿငိမ္ၿငိမ္ေလးေနေပးပါ။ ကၽြန္ေတာ္တို႔ultrasoundစရိုက္ပါေတာ့မယ္"

ဗိုက္ေပၚကိုစက္ေလးေရြ႕လ်ားတိုင္း sorelကဗိုက္ကေလးကိုတြန႔္လိမ္ပစ္ေလသည္။ ဆရာဝန္ကအသက္ေအာင့္ထားေျပာရင္လည္း အသက္မေအာင့္ဘဲ အသက္ရႈသြင္းခ်င္သြင္းသည္။ ဆရာဝန္ေျပာစကားတစ္ခြန္းမွနားမေထာင္တာေၾကာင့္ အခက္ေတြ႕ေနၾကေလသည္။

ေနာက္ဆုံးမွာdimဝင္ပါလိုက္ရေတာ့သည္။ dimကမ်က္ႏွာခပ္တင္းတင္းျဖင့္

"sorel မင္းငါေျပာတဲ့အတိုင္းလုပ္ရမယ္ေနာ္။ မလုပ္ရင္ မင္းကိုငါဘာလုပ္မယ္ဆိုတာသိတယ္မလား"

sorelမွာခ်က္ခ်င္းဆိုသလိုၿငိမ္က်သြားၿပီး မ်က္ႏွာငယ္ေလးႏွင့္ ျပန္ၾကည့္ရွာသည္။ dimစိတ္လႈပ္ရွားစြာျဖင့္ sorelဗိုက္ကိုအေသးစိတ္ၾကည့္ေလသည္။ ပါေမာကၡႀကီးေတြကလည္း tvဖန္သားျပင္ေပၚစိတ္လႈပ္ရွားစြာၾကည့္ေနရင္း မွတ္ခ်က္အမ်ိဳးမ်ိဳးေပးၾကသည္။

"သေႏၶသားကက်န္းမာေရးေကာင္းတယ္။ ႏွလုံးခုန္ႏႈန္းလည္းအဆင္ေျပတယ္။ ငါထင္တာမမွားဘူးဆို အႁမႊာေလးျဖစ္မလားပဲ"

"ခုကေသခ်ာမေျပာနိုင္ေသးတဲ့အေျခအေနေလ။ အေကာင္အထည္နည္းနည္းေပၚလာမွ ခန႔္မွန႔္လို႔ရမွာ ခုကလႏုေသးေတာ့ မွန္းေျပာလို႔မရဘူး"

"ငါလည္းအႁမႊာေလးလို႔ထင္ေနတယ္။ သူ႔ဗိုက္ကပုံမွန္ဗိုက္သက္တမ္းေတြထက္ ပိုပူေနတယ္။ ၿပီးေတာ့သေႏၶသားေလးကလည္း နည္းနည္းႀကီးေနသလိုပဲ။ ေသခ်ာေပါက္အႁမႊာေလးျဖစ္မွာ"

ဆရာဝန္ေတြ၏ တစ္ေယာက္တစ္ခြန္းေျပာေနသံကို ၾကားၿပီး ramsayစိတ္လႈပ္ရွားလာခဲ့သည္။ tvဖန္သားျပင္ေပၚက ပုံရိပ္ေလးတစ္ခုက သူ႔ရင္ထဲကိုဒီေလာက္ထိေႏြးေထြးမႈေတြေပးလိမ့္မည္ဟု တစ္ခါမွမေတြးဖူးခဲ့ေပ။ sorelလက္ဖမိုးေလးကို အသာနမ္းရွိုက္ရင္း

"baby ဟိုထဲမွာကိုယ္တို႔ကေလးေလးကို ေတြ႕လား"

"ဟင္ ဘယ္မွာလဲ။ ramကဘယ္သူနဲ႔ေဖာက္ျပန္ၿပီး ကေလးရသြားတာလဲ။ ramမေကာင္းဘူး ramသစၥာေဖာက္ အဟင့္ အဟင့္"

ရွင္းျပခ်ိန္ပင္မရလိုက္ အငိုသန္ေလးကမ်က္ရည္ေတြပိုးပိုးေပါက္ေပါက္က်ၿပီး ငိုေနေလၿပီ။

"ကိုယ္ဘယ္သူနဲ႔မွမေဖာက္ျပန္ပါဘူး။ ဒါကိုယ္တို႔ရဲ့ကေလးပဲေလ။ babyနဲ႔ကိုယ္နဲ႔ရတဲ့ ကေလး။ ဘယ္သူ႔ကေလးမွမဟုတ္ဘူး"

"မဟုတ္ဘူး ramကေဖာက္ျပန္ေနတာ။ ဘယ္ေကာင္မက ငါ့ramကိုခိုးသြားတာလဲ။ ငါသတ္ပစ္မွာ ေပနိုးမႀကီး..."

ရွင္းေလရႈပ္ေလးျဖစ္ေနသည့္အတြဲကို dimေဒါသထြက္လာၿပီျဖစ္သည္။

"sorel ငါ့ကိုၾကည့္ ငါ့လက္ထဲမွာကိုင္ထားတာျမင္လား။ ဟိုtvေပၚမွာဘာေပၚေနလဲ"

dimေဒါသထြက္ၿပီးေမးေတာ့ ေခါင္းညိတ္ၿပီးေျဖရွာသည္။

"မည္းမည္းႀကီးေပၚေနတယ္"

"မည္းမည္းႀကီးေနာ္ ဟုတ္ၿပီ။ ဒီမွာေသခ်ာၾကည့္ ငါ့လက္ထဲကစက္ေလးကို မင္းဗိုက္ေပၚတင္လိုက္မယ္။ tvမွာဘာေပၚေနလဲ"

"ျဖဴျဖဴနဲ႔မည္းမည္းအစက္အေပ်ာက္ေလး ၿပီးေတာ့အလုံးႀကီးတစ္လုံး"

"အဲ့ဒါဘယ္သူ႔ရဲ့ဟာလဲ"

"babyဗိုက္ထဲက ဟာ"

"ဟုတ္ၿပီ ဒီမွာကိုယ္ျပမယ္ေနာ္။ ဒီအမည္းစက္ပိစိေလးက sorelဗိုက္ထဲကကေလးေလး ျမင္လား"

မ်က္လုံးဝိုင္းေလးေတြႏွင့္ dimကိုျပန္ၾကည့္ရွာသည္။

"babyဗိုက္ထဲမွာ ကေလးေလးရွိေနတာလား။ တကယ္ႀကီးလား။ babyဗိုက္ထဲကို ဘယ္သူက ကေလးထိုးထည့္လိုက္တာလဲ အီး...ဟီး...."

sorelအေမးေၾကာင့္ dim႐ူးခ်င္လာသလို ေဒါသေတြလည္းေပါက္ကြဲလာၿပီျဖစ္သည္။ ramsayကိုလက္ညိဳးထိုးျပရင္း

"အဲ့ေကာင္ထိုးထည့္လိုက္တာေဟ့။ ခ်ီးလိုပဲ ရစ္လို႔ကိုမၿပီးေတာ့ဘူး"

ေဆးေတြအကုန္စစ္ၿပီးသြားလို႔ အျပင္ထြက္လာခ်ိန္မွာ kimကေစာင့္ႀကိဳေနေလသည္။ sorelကိုျမင္တာႏွင့္ kimကအားရဝမ္းသြာစြာေျပးလာၿပီးဖက္ဖို႔လုပ္သည္။ သို႔ေပမဲ့ kimဖက္ခြင့္မရလိုက္ပါ။ sorelေရွ႕မွာ dimကဝင္ရပ္လိုက္ၿပီး kimဖက္တာကိုမိန႔္မိန႔္ႀကီးခံလိုက္ေလသည္။

"ခင္ဗ်ားကဘာကိစၥဝင္ရပ္တာလဲ ဖယ္ ကၽြန္ေတာ့္bossကိုဖက္မလို႔"

dimကမဖယ္ေပးဘဲ သူ႔ေရွ႕ကလူေကာင္ပိစိေလးကို သိမ္းက်ဳံးဖက္ပစ္လိုက္ေလသည္။

"အာ ဒီလိုရန္ေထာင္ေနသံေလးကို မၾကားရတာဘယ္ေလာက္ၾကာၿပီလဲ။ လြမ္းလိုက္ရတာကြာ"

"ခင္ဗ်ားကို ဖယ္လို႔ေျပာေနတယ္ေလ။ ဘယ္သူလြမ္းခိုင္းေနလို႔လဲ ဖယ္။ boss ကၽြန္ေတာ့္ကိုမလြမ္းဘူးလား။ bossဗိုက္ထဲမွာ ကေလးေလးရွိတယ္ဆို ကၽြန္ေတာ္လွန္ၾကည့္လို႔ရမလား"

sorelကkimကို စိုက္ၾကည့္ေနၿပီး ramsayကိုေမးရွာသည္။

"ram သူကဘယ္သူလဲ"

sorelအေမးေၾကာင့္ kimေအာ္ငိုေလေတာ့သည္။ sorelေနရမည့္အိမ္ကိုေရာက္သည့္အခါ arloကစီးႀကိဳေနေလသည္။

"bossမ်က္ႏွာကိုေနာက္ဆုံးေတာ့ ျမင္ခြင့္ရၿပီ။ ကၽြန္ေတာ္က bossဆူဆဲသံေလးေတြကိုလြမ္းေနရတာ"

sorel arloကိုေၾကာင္ၾကည့္ေနျပန္သည္။

"ram သူကေရာဘယ္သူလဲ"

sorelစကားေၾကာင့္ arloေအာ္ငိုေလေတာ့သည္။

"arlo ခင္ဗ်ားအားမငယ္နဲ႔ bossကကၽြန္ေတာ့္ကိုလည္း မမွတ္မိဘူး"

arloႏွင့္kim တစ္ေယာက္ကိုတစ္ေယာက္ဖက္ၿပီးငိုၾကေလသည္။

                                                      7.4.2022

A/N : သာသာpublishကိုတစ္ျပဳံႀကီးတင္လိုက္တာေၾကာင့္ အခန္းေတြေဗ်ာက္ေသာက္ျဖစ္ေနရင္ သာသာ့ficကိုlibraryထဲကခဏထုတ္ၿပီး ျပန္ထည့္လိုက္ပါေနာ္။ notiေတြအမ်ားႀကီးတက္သြားရင္ ေတာင္းပန္ပါတယ္ရွင့္။ 4ရက္ေန႔ကအေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ ficကိုunpublishခဏလုပ္လိုက္တာ​ပါ

------------------------------------------------

Pokračovať v čítaní

You'll Also Like

623K 19.8K 97
Pls read Must read before you start reading.
76K 10.4K 76
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
19.8K 434 7
တစ်ချို့လူတွေကလေ သိပ်တော်ကြတာ တရားရုံးမရောက်အောင် ရာဇဝဏ်မှု ကျူးလွန်တတ်ကြတယ် ။ တစ္ခ်ိဳ႕လူေတြကေလ သိပ္ေတာ္ၾကတာ တရား႐ုံးမေရာက္ေအာင္ ရာဇဝဏ္မႈ က်ဴးလြန္တတ္...