𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်း...
By miss_candle
243K 20.4K 1.2K
အသက်ကိုသိပ်ချစ်၏>.< ‼️အချိုချည်းပါ၊ third wheel, childတွေပါလာနိုင်တာမို့ အဆင်ပြေမှဖတ်ပါရှင့်။ စာရေးသူ၏စိတ်ကူး... More
I
II
III
IV
V
VI
VII
VIII
IX
X
XI
XII
XIII
XIV
XVI
XVII
XVIII
XIX
XX
XXI
XXII
XXIII
XXIV End
Extra (U)
Extra (Z)
please read>.<
ဖြေရှင်းခြင်း!!
XV
8K 733 54
By miss_candle
Unicode
ရိပေါ်စာကြည့်ခန်းကစားပွဲမှာထိုင်ပြီး အတော်ကုိစိတ်ညစ်နေသည်။ နောက်နှစ်ရက်နေရင် ဟောပြောပွဲတွေအတွက် သူခရီးထွက်ရတော့မယ်။ အချိန်ကလဲသုံးပတ်တောင်ကြာမှာလေ။ သူရှောင်းကျန့်နဲ့တစ်ရက်လေးတောင်ခွဲနိုင်တာမဟုတ်။ ရှောင်းကျန့်သာသိရင်လဲ စိတ်ဆိုးနိုင်သေးတယ်။ စိတ်ဆိုးတာထပ် သုံးပတ်တောင်ကြာမှာမို့ ဝမ်းနည်းပြီးငိုသွားမှာ ရိပေါ်အတော်ကိုစိုးရိမ်ရတယ်။ ရှောင်းကျန့်ကအစထဲကသူ့ကိုတွယ်ကပ်တတ်တဲ့ကလေးမလား။ ရိပေါ်သက်ပြင်းသာချလိုက်မိတယ်။
သူ့အနောက်ဘက်ကပြတင်းပေါက်တံခါးကိုတွန်းဖွင့်လိုက်ပြီး အံဆြဲထဲက ဆေးလိပ်ဘူးကိုယူလိုက်သည်။ ဆေးလိပ်သံဘူးကိုဖွင့်ကာ ဆေးလိပ်တစ်လိပ်ထုတ်လိုက်ပြီး နှုတ်ခမ်းမှာတေ့ကာ မီးခြစ်ကိုအံဆွဲထဲမှာ လိုက်ရှာလိုက်တယ်။ တွေ့သွားတော့ယူလိုက်ပြီး မီးခြစ်၍မီးညှိလိုက်သည်။ သူဆေးလိပ်မသောက်တာအတော်ကိုကြာနေပြီ။ အရင်ကစိတ်ဖိစီးမှုတွေများလို့ နေ့တိုင်း‌နီးပါးသောက်ဖြစ်ပေမယ့် ရှောင်းကျန့်မျက်နှာလေးမြင်ပြီး ရယ်သံလေး‌ကြားတာနဲ့သူ့စိတ်ထဲပျော်ရွင်နေရလို့ ထိုဆေးလိပ်တို့ကိုဂျောင်ထိုးထားတာကြာပေါ့။ အခုတော့သူစိတ်ညစ်နေတာမို့ ယူသောက်လိုက်သည်။
ဆေးလိပ်ငွေ့တို့ကို မော့ကာမှုတ်ထုတ်ရင်း သူ့အသက်လေးကိုဘယ်လိုပြောရမလဲ စဉ်းစားနေမိသည်။ မကြာပါ ရှောင်းကျန့်ကနွားနို့ခွက်လေးကိုင်ပြီး စာကြည့်ခန်းထဲဝင်လာသည်။ ရိပေါ်ကလဲ ရှောင်းကျန့်ကိုမြင်တာနဲ့
"လာလေအသက် ကျုပ်ပေါင်ပေါ်လာထိုင်"
ရှောင်းကျန့်ကနွားနို့တစ်ငုံလောက်သောက်လိုက်ပြီး ခွက်ကိုစားပွဲပေါ်တင်လာကာ ရိပေါ်ရဲ့ပေါင်ပေါ်ကို မျက်နှာချင်းဆိုင်ခွထိုင်‌လိုက်သည်။ ရိပေါ်ကလဲ လက်တစ်ဖက်ကဆေးလိပ်ကိုင်ထားတာမို့ ရှောင်းကျန့်မထိမိအောင် လက်ကိုထောင်ထားရသည်။ နောက်လက်တစ်ဖက်ကလဲ ရှောင်းကျန့်ကိုတင်ပါးကနေထိန်းကိုင်ထားရသေးသည်။ ရှောင်းကျန့်ကသူ့နှုတ်ခမ်းမှာပေနေတဲ့ နွားနို့တစ်ချို့ကို လျှာနဲ့သပ်လိုက်ပြီး ရိပေါ်ကိုမျက်စောင်းလေးချီကြည့်ကာ
"ဘာလို့ဆေးလိပ်သောက်နေတာလဲ"
"အင်း နည်းနည်းစိတ်ညစ်နေလို့"
"ဘာတွေစိတ်ညစ်နေတာလဲ ကျွန်တော်ဒီလောက်ချစ်ပေးနေတာတောင် စိတ်ညစ်သေးတယ်ပေါ့"
ရှောင်းကျန့်ကခပ်မဲ့မဲ့နဲ့ဆိုတော့ ရိပေါ်မှာသဘောတကျနဲ့ အသံထွက်အောင်ရယ်လိုက်ပြီး ဆေးလိပ်ကိုတစ်ချက်ရှိုက်လိုက်ကာ ဆေးလိပ်ငွေ့ကိုရှောင်းကျန့်မျက်နှာထံမှုတ်ထုတ်လိုက်သည်။ ရှောင်းကျန့်ကဆေးလိပ်ငွေ့တွေမှုန်သွားတာမို့ တစ်ဟွတ်ဟွတ်နဲ့ချောင်းတွေဆိုးတော့တာပဲ။ ရိပေါ်ကမျက်နှာလေးနီလာတဲ့ရှောင်းကျန့်ကိုကြည့်ပြီးပြုံးနေတယ်။ ရှောင်းကျန့်ကသက်သာသွားတော့ ရိပေါ်ရင်ဘတ်ကိုဖက်ခနဲရိုက်ပလိုက်ပြီး
"ခဗျားကျွန်တော့်ကိုရန်လာမစနဲ့နော်"
ရိပေါ်ကခပ်ဟဟရယ်ပြီး
"အမလေး ကျုပ်အသက်ကကြောက်ဖို့ကောင်းလို့ မကျီစယ်ရဲတော့ပါဘူး"
ရှောင်းကျန့်ကရိပေါ်ကိုမျက်စောင်းထိုးပြီး
"ပြောင်ချော်ချော်နဲ့"
ရိပေါ်က နောက်ထပ်ဆေးလိပ်တစ်ချက်ဖွာလိုက်ပြီး ခေါင်းဘေးစောင်းကာဆေးလိပ်ငွေ့ကိုမှုတ်ထုတ်လိုက်သည်။ ပြီးတော့ရှောင်းကျန့်စီဆေးလိပ်ငွေ့တွေရောက်မှာဆိုးတာကြောင့် ဆေးလိပ်ငွေ့တွေကို သူ့လက်နဲ့ဖယ်ရှားလိုက်တယ်။ ရှောင်းကျန့်ကရိပေါ်ကိုကြည့်နေရင်း ရိပေါ်လက်ကြားထဲဆေးလိပ်တိုလေးကိုဆွဲထုတ်လိုက်ပြီး ဆေးလိပ်ပြာခွက်ထဲတွင်ဖိချေလိုက်သည်။ ပြီးနောက် ရိပေါ်ရဲ့ပါးကိုအုပ်ကိုင်ပြီး နှုတ်ခမ်းလေးကိုခပ်ဖွဖွထိကပ်လိုက်သည်။ အင်းးးစီးကရက်နံ့လေး။ ရိပေါ်ကတော့ရှောင်းကျန့်ရဲ့မျက်လုံးတွေနဲ့နှုတ်ခမ်းကိုသာစိုက်ကြည့်နေသည်။
"အိမ်ကလူ အဲလိုဆေးလိပ်တွေသောက်ပြီး ကိုယ့်ကျန်းမာရေးကိုထိခိုက်အောင်လုပ်နေမယ့်အစား ကျွန်တော့်နှုတ်ခမ်းကိုနမ်းပါလား ဘာ‌ဘေးထွက်ဆိုးကျိုးမှမရှိတဲ့ပစ္စည်းလေးနော် ပြီးတော့ရှားရှားပါးပါး ဒီကမြို့ပိုင်မင်းကိုပဲသီးသန့်ရောင်းချနေတာ"
ရှောင်းကျန့်ကပြုံးတုံ့တုံ့နဲ့ ရိပေါ်ကိုစကားတွေပြောနေတာကြောင့် ရိပေါ်မှာထိန်းမနိုင်တော့ပဲ ရှောင်းကျန့်ရဲ့ခေါင်း‌ေလးကိုလက်တစ်ဖက်ကထိန်းကိုင်လိုက်ပြီး ရှောင်းကျန့်ရဲ့နှုတ်ခမ်းတို့ကိုလွတ်ထွက်သွားမှာဆိုးသည့်အလား စုတ်ယူနေတော့သည်။ စိတ်ကြိုက်နှုတ်ခမ်းကိုနမ်းလို့ဝတော့ ရိပေါ်ကသူ့ရဲ့လျှာကိုရှောင်းကျန့်ရဲ့ခံတွင်းထဲထည့်ကာ မွှေနှောက်ပြီး စိတ်ကြိုက်ကိုပြုမူနေတော့တာ။ အချိန်တစ်ခုထိကြလာတာမို့ ရှောင်းကျန့်အတော်ကိုမောနေပြီ။ ရိပေါ်ရဲ့အင်္ကျီစကိုစုပ်ကိုင်ထားရတာလဲ ရိပေါ်အင်္ကျီမှာကျေ‌မွနေပြီ။ ရိပေါ်ကိုအသဲယားအောင်စကားနဲ့သွားစမိတာမို့ ကိုယ့်အပြစ်နဲ့ကိုယ်ခံပေါ့။
တစ်ချက်တစ်ချက် ရိပေါ်ကရှောင်းကျန့်ရဲ့တင်ပါးတွေကိုစုပ်ကိုင်နေသေးတယ်။ ရှောင်းကျန့်ထွေထွေထူးထူးရှက်မနေတော့ပါဘူး။ ရိပေါ်ကလမ်းလျောက်ရင်တောင် ခါးကိုဖက်ထားရာကနေ တင်ပါးကိုမထင်ရင်မထင်သလို ကိုင်ကိုင်နေတာ သူရိုးတောင်နေပြီ။ ရှောင်းကျန့်တကယ်အသက်ရှူကြပ်ပြီး ကိစ္စချောတော့မလိုခံစားလာရတာကြောင့် ရိပေါ်ရဲ့အင်္ကျီကိုစုပ်ကိုင်ထားရာကနေ လက်သီးလေးစုပ်ပြီး ဆက်တိုက်ထုလာတော့ ရိပေါ်ကရှောင်းကျန့်ရဲ့နှုတ်ခမ်းကို တစ်ချက်လျှာနဲ့ယပ်လိုက်ပြီး  ရိပေါ်နှုတ်ခမ်းကခွာသွားသည်။ ရှောင်းကျန့်မှာမောလွန်းလို့ ရိပေါ်ရင်ခွင်ထဲမှာမှီပြီး အမောဖြေနေရတယ်။ အလုအယက်အသက်လုရှူနေရတဲ့ရှောင်းကျန့်ကို ရိပေါ်ကသတိပေးလာတယ်။
"အသက် ကျုပ်ကိုစိန်မခေါ်နဲ့နော် နစ်နာမှာအသက်ပဲ သိတယ်မလား"
"နစ်နာချင်လို့.."
ရင်ခွင်ထဲကနေအသံပိစိလေးထွက်လာသေးတယ်။ ရှောင်းကျန့်ကဒီလောက်ဖြစ်နေတာတောင် အလျော့မပေးသေးဘူး။ ရိပေါ်ကရှောင်းကျန့်ကိုမချီပြီး ထမလိုပြင်တော့ ရှောင်းကျန့်ကရယ်ပြီး ကိုယ်‌ေပါ်ကအတင်းလုဆင်းကာ အဝေးတစ်နေရာကနေ
"ဟီးဟီး စတဲ့ဟာကို အိမ်ကလူက‌လဲ"
"အသက်သိပ်မဆိုးနဲ့နော်"
"ဟီး မချစ်ဘူးလား"
"ဟာ ဒီအသက်ကွာ"
ရိပေါ်က‌ရှောင်းကျန့်စီလာမလို့ခြေလှမ်းတော့ ရှောင်းကျန့်ကနောက်တစ်နေရာကိုပြေးပြန်သည်။ စာအုပ်စင်တွေနဲ့အခန်းကျယ်က‌ပြည့်နေတော့ ရှောင်းကျန့်ပြေးတာဝေးဝေးလန်လန်တော့မရောက်ပါဘူး။ ရိပေါ်ကလဲတမင်သေချာမဖမ်းပဲစနောက်နေတာ။ နောက်တော့ ရှောင်းကျန့်ကသူရပ်နေတဲ့နေရာကနေ ရိပေါ်ရပ်နေတဲ့နေရာကိုပြေးလာပြီးရိပေါ်ကိုပြေးဖက်သည်။ ရိပေါ်ကလဲအလိုက်သင့်လေးပြန်ဖက်ထားလိုက်တယ်။ ရှောင်းကျန့်ကရိပေါ်ရဲ့ရင်ဘတ်ပေါ်မေးတင်ပြီး ရိပေါ်မျက်နှာကိုကြည့်ကာ
"ဘာတွေစိတ်ညစ်စရာရှိလို့လဲ ကျွန်တော့်ကိုပြောပြလို့ရတယ်လေ"
ရိပေါ်သက်ပြင်းချလိုက်ပြီး ရှောင်းကျန့်ရဲ့နဖူးလေးကိုအရင်နမ်းလိုက်ကာ
"အဲဒါက ကျုပ်နောက်နှစ်ရက်နေရင် ခရီးထွက်ရမယ် ဟောပြောပွဲကိစ္စတွေလေ သုံးပတ်လောက်တော့ကြာမယ်အသက်"
"ဟင် နောက်နှစ်ရက်နေရင်လား သုံးပတ်တောင်"
ရှောင်းကျန့်ကမျက်လုံးလေးဝိုင်းကာမေးလာတယ်။ ရိပေါ်ခေါင်းငြိမ့်ပြလိုက်တော့ ရှောင်းကျန့်မျက်လုံးလေးကလဲ့ခနဖြစ်သွားပြီး အရည်ကြည်လေးတွေဝိုင်းလာတယ်။
"မသွားလို့မရဘူးလား သုံးပတ်ကြီးတောင် ကျွန်တော်ကအိမ်ကလူနဲ့ဒီလောက်အကြာကြီးခွဲဖူးတာမှမဟုတ်ပဲ"
ရှောင်းကျန့်ကမျက်ရည်လေးတွေဝဲပြီး ပြောလာတယ်။ ခရီးထွက်ရင်လဲ အလွယ်တကူဖုန်းခေါ်လို့လဲမရ၊ လွမ်းရင်ပြေးတွေ့လို့လဲမရ၊ video callခေါ်ပြီးမျက်နှာလေးကြည့်လို့လဲမရနဲ့။ သူတကယ်ရိပေါ်ကိုမခွဲနိုင်ပါဘူး။ ဘယ်ချိန်ထဲကဒီလောက်ဖြစ်သွားမှန်းမသိပေမယ့် သူရိပေါ်နဲ့ခနလေးတောင်မခွဲချင်ဘူး။ အစထဲကရိပေါ်ကိုသူကအရင်တွယ်ကပ်ခဲ့ရတာမလား။
"မရလို့ပေါ့အသက်ရယ် ကျုပ်လဲအသက်ကိုမထားခဲ့ချင်ပါဘူး"
ရှောင်းကျန့်ကရိပေါ်ရင်ခွင်ထဲကထွက်သွားပြီး ရိပေါ်ကိုကျော်ခိုင်းထားကာ မျက်နှာကိုလက်နဲ့အုပ်ပြီး တရှုံ့ရှုံ့နဲ့ငိုနေတယ်။ ရိပေါ်ထင်တဲ့အတိုင်းပဲ ရှောင်းကျန့်ကတကယ်ငိုသွားပြီ။ ရိပေါ်ရှောင်းကျန့်ငိုတာကိုမြင်ကိုမမြင်ချင်ပါ။ ရိပေါ်ရှောင်းကျန့်ကိုအနောက်ကဖက်လိုက်ပြီး မျက်နှာအုပ်ထားတဲ့လက်လေးနှစ်ဖက်ကို သူ့လက်ဖဝါးကြီးကြီးနဲ့ဆုပ်ကိုင်ထားလိုက်ပြီး ရှောင်းကျန့်ရဲ့ဗိုက်မှာလက်ကိုတင်ကာ တင်းနေအောင်ဖက်ထားလိုက်သည်။
"အသက်ရာ ကျုပ်ကိုခက်ခဲအောင်မလုပ်ပါနဲ့ အသက်ငိုနေတော့ ကျုပ်ဘယ်လိုနေရတော့မလဲ တကယ်ပါ ကျုပ်တကယ်မသွားချင်တာပါ တစ်ချိန်လုံးလဲ အသက်ကိုဘယ်လိုချော့ပြောရမလဲစဉ်းစာ‌းနေခဲ့တာ အသက်ရဲ့မျက်နှာလေးညှိုးရင်တောင် ကျုပ်သေမလိုခံစားနေရတာ အသက်ငိုနေတော့ ကျုပ်နေစရာမရှိတော့ဘူးကွာ"
ရှောင်းကျန့်ကတရှုံ့ရှုံ့ငိုနေရင်းနဲ့ ရိပေါ်ဘက်ကိုလှည့်လိုက်ပြီး လည်ပင်းကိုသိုင်းဖက်လိုက်ကာ သူ့မျက်နှာကိုရိပေါ်ရဲ့ပုခုံးမှာအပ်လိုက်ပြီး ငိုနေပြန်သည်။ ရိပေါ်လဲရှောင်းကျန့်ကျောလေးကိုပုတ်ပေးပြီး
"မငိုပါနဲ့အသက်ရယ် မငိုနဲ့နော် ကျုပ်တောင်းပန်ပါတယ်ဗျာ မငိုပါနဲ့"
ခနနေတော့ရှောင်းကျန့်ကအငိုရပ်လာပြီး နှာလေးရှုံ့ကာ ရိပေါ်မျက်နှာကိုကြည့်ပြီး ရိပေါ်ရဲ့ပါးလေးကိုကိုင်၍ နှုတ်ခမ်းလေးကိုဖွဖွလေးနမ်းသည်။
"အင်း သုံးပတ်ထဲကို သွားနော် ကျွန်တော်‌ေမျှာ်နေမယ်"
ရိပေါ်ရဲ့မျက်နှာလေးကိုကိုင်ပြီးပြောနေရာကနေ မျက်ရည်တွေစီးကျလာတော့ ရိပေါ်ကရှောင်းကျန့်ကိုဖက်ထားလိုက်ပြန်သည်။
"အသက်ရာ..."
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
နောက်နှစ်ရက်နေတော့ ရိပေါ်ခရီးထွက်သွားသည်။ ရှောင်းကျန့်မှာ အခုမှရိပေါ်ကားလေးခြံထဲကထွက်သွားတုန်းရှိသေးတယ် ငိုလိုက်ရတာ။ ရိပေါ်မြင်ရင်စိတ်မကောင်းဖြစ်ပြီး နောက်ဆံတင်းနေမှာဆိုးလို့ သူအတတ်နိုင်ဆုံးပြုံးနေရတာ ရိပေါ်ထွက်သွားတော့တင်းမထား‌နိုင်တော့ပဲ ငိုချမိတော့ ကြီးတော်မေကဖက်ထားပေးသည်။
ရှောင်းကျန့်မှာ တစ်ရက်တစ်ရက်က စကြာဝဋာကြီးကုိပတ်‌နေရသလို ကြာလိုက်တာ၊ ရိပေါ်ကိုထိုင်လွမ်းလိုက် အိပ်လွမ်းလိုက် လမ်းလျောက်နေရင်းလွမ်းလိုက်နဲ့။ ရိပေါ်တော့ဘယ်လိုနေမလဲမသိပေမယ့် သူကတော့ရိပေါ်ကိုလွမ်းလွန်းလို့ရူးတော့မှာပဲ။ ဒါတောင်သုံးပတ်လေးပဲကြာတာ။ radioနားထောင်ရင်လဲ အလွမ်းသီချင်းတွေပဲလာနေတာမို့ သူတော့ကြောင်တော‌င်တောင်ဖြစ်နေပြီ။
တစ်ပတ်၊ ဒီလိုနဲ့ပဲနောက်တစ်ပတ်၊ ဒီ‌လိုနဲ့ ရိပေါ်ပြန်လာမယ့်ရက်ရောက်လာတယ်။ ဒီရက်တွေကို ရှောင်းကျန့်ရိပေါ်ကိုလွမ်းလို့ ငိုလိုက်စားလိုက်အိပ်လိုက်နဲ့ပဲ ဖြတ်သန်းခဲ့ရတယ်၊ နည်းနည်းလေးတောင်မပျင်းလိုက်ရ။
ရှောင်းကျန့် ရိပေါ်သွားတုန်းကမနက်အစောထွက်သွားတာမို့ ပြန်လာရင်လဲ အစောပဲပြန်လာမယ်ထင်တာကြောင့် မနက်၆နာရီလောက်‌ထဲက ထိုင်စောင့်နေတာ ဖင်တကြွကြွနဲ့ဖြစ်နေသည်။ မနက်စာလဲနောက်ကျ နေ့လည်စာလဲနောက်ကျ ညစာပါနောက်ကျနဲ့၊ ကြီးတော်မေအတင်းကျွေးနေတာမို့သာ စာ‌းနေတာ။ တစ်ချက်တစ်ချက် ရိပေါ်ကအစောပြန်မလာဘူးဆိုပြီး ထမင်းစားရင်းရှိုက်နေတာမို့ ကြီးတော်မေမှာ ခွံ့ကျွေးရသေးသည်။
ရှောင်းကျန့် ဧည့်ခန်းကနာရီကိုကြည့်လိုက်တော့ ည၁၂နာရီထိုးဖို့၅မိနစ်သာလိုတော့သည်။ အိမ်ကလူကဒီနေ့ပြန်မလာဘူးလား သူ့မှာတော့မျှော်နေရတာကို။ ‌ရှောင်းကျန့်တွေးနေရင်း ငိုချင်လာတာမို့ ခေါင်းလေးငုံ့ကာ ငိုချလိုက်တော့ ကြီးတော်မေကသူ့ငိုသံကြောင့်ထင် ဧည့်ခန်းထဲကိုပြေးဝင်လာသည်။
"သခင်လေး ငိုနေပြန်ပြီလားကွယ်"
"ကြီးတော်မေ.."
ရှောင်းကျန့်ကကြီးတော်မေကိုမြင်တာနဲ့ ပြေးဖက်ပြီးငိုပြန်ပြီ။ အငိုသန်လေး။
"သွားအိပ်တော့ပါလားကလေးရယ် သခင်ကြီးပြန်လာရင်ကားသံကြားမှာပါ အဲ့ဒါဆိုသခင်လေးနိုးလာမှာပဲ"
"ဟင့် အိမ်ကလူကလိမ်တယ် သုံးပတ်ဆိုပြီးတော့ အခုပဲသုံးပတ်နဲ့တစ်ရက်ဖြစ်နေပြီကို အဟင့်ဟင့်"
"မငိုပါနဲ့တော့သခင်လေးရယ်နော်"
ရှောင်းကျန့်ကြီးတော်မေကိုဖက်ထားရင်း ငိုနေတုန်း ခြံထဲကကားသံကိုကြားလိုက်ရတဲ့အချိန်မှာ ခေါင်းလေးထောင်ကြည့်လာသည်။ ကြီးတော်မေကိုပြန်ကြည့်ပြီး
"အိမ်ကလူပြန်လာပြီ"
ရှောင်းကျန့်ဧည့်ခန်းထဲကပြေးထွက်သွားပြီး အိမ်ရှေ့ရောက်တော့ ရိပေါ်ကကားပေါ်ကဆင်းလာကာ သူ့ကိုမြင်တာနဲ့ လက်ကိုဆန့်ထား‌ေပးသည်။ ရှောင်းကျန့်ငိုကာ ပြေးသွားပြီး ရိပေါ်ခန္ဓာကိုယ်ပေါ်ခုန်တက်လိုက်သည်။ ရိပေါ်ကလဲ အနောက်ကိုတစ်ချက်ယိုင်သွားပေမယ့် ပြန်ထိန်းလိုက်ပြီး ရှောင်းကျန့်ကိုတင်ပါးကနေထိန်းကိုင်ကာ ဖက်ထားလိုက်သည်။ ရှောင်းကျန့်ကတော့ ရိပေါ်ပုခုံးပေါ်မျက်နှာအပ်ပြီး ငိုနေတော့တာပဲ။
"အငိုသန်လေး ကျုပ်ပြန်လာပြီလေ မငိုနဲ့တော့နော် တိတ်တိတ်"
"အိမ်ကလူညာတယ် ပြောတော့ သုံးပတ်ဆို ခုသုံးပတ်နဲ့တစ်ရက်တောင်"
၁၂နာရီကျော်သွားတာနဲ့ တစ်ရက်သတ်မှတ်ပြီး ဂျစ်တိုက်နေတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်ရယ်လိုက်ပြီး
"ဟုတ်ပါတယ်ကွာ ကျုပ်တောင်းပန်ပါတယ် မနက်အစောပြန်ရောက်ရမှာကို"
ရှောင်းကျန့်က ရိပေါ်ဆီကလုံးဝဆင်းမယ့်ပုံမပေါ် ရိပေါ်ကလဲရှောင်းကျန့်ကိုအောက်ချမပေးချင်ဘူး။ အိမ်‌ဝမှာရပ်ကြည့်နေတဲ့ကြီးတော်မေကို ရိပေါ်လှမ်းနှုတ်ဆက်လိုက်သည်။
"ကြီးတော်မေ စောင့်နေတာလား နောက်ကျနေပြီကို အိပ်လိုက်တာမဟုတ်ဘူး"
"မအိပ်နိုင်ပါဘူးသခင်ကြီးရယ် သခင်လေးငို‌‌ေနတာနဲ့ ကြီးတော်မှာနေလို့ထိုင်လို့မရလို့"
ကြီးတော်မေကရယ်ကာပြောတော့ ရိပေါ်ကလဲရောပြုံးသည်။ ရှောင်းကျန့်ကတော့ရိပေါ်ပုခုံးပေါ်မျက်နှာအပ်ထားရာကနေ မခွာလာတော့။ ရိပေါ်ကြီးတော်မေကိုနားခိုင်းလိုက်ပြီး ရှောင်းကျန့်ကိုချီရက်နဲ့ပဲ အိမ်ပေါ်သို့တက်လာလိုက်သည်။ အခန်းထဲရောက်တော့ ရှောင်းကျန့်က ဝရံတာကိုသွားဖို့လက်ညှိုးထိုးပြတာကြောင့် ရိပေါ်ဝရံတာကိုသွားလိုက်သည်။ ရှောင်းကျန့်ကအဲရောက်မှ သူ့ပေါ်ကဆင်းပြီး
"ဒီညမအိပ်ပဲ ကြယ်တွေကြည့်ရအောင်"
သူတို့ဝရံတာက ဘာအမိုးအကာမှမရှိတာမို့ ကောင်းကင်ကြီးကိုအတိုင်းသားမြင်နေရသည်။ ရိပေါ်က‌ပြုံးကာခေါင်းငြိမ့်ပြသည်။ ရိပေါ်ကြမ်းပြင်မှာလှဲချလိုက်ပြီး သူ့ရဲ့လက်မောင်းကိုပုတ်ပြလိုက်တော့ ရှောင်းကျန့်ကလဲလက်‌ေမာင်း‌ေပါ်‌ေခါင်းတင်ကာလှဲလာသည်။
ရိပေါ်နဲ့ရှောင်းကျန့် လုံးဝမအိပ်ပျော်သွားပဲ ကောင်းကင်ပေါ်ကကြယ်လေးတွေကို လက်ညှိုးတထိုးထိုးနဲ့စကားတွေပြောနေကြသည်။ ရှောင်းကျန့်ကလဲအိပ်ချင်စိတ်လုံးဝမရှိသလို ရိပေါ်ကလဲ ခရီးပန်းလာတာတောင်သတိမထားမိ။ သူ့ရင်ခွင်ထဲကလူသားလေးကိုကြည့်ပြီး စိတ်တွေချမ်းသာနေလိုက်တာ။
"အသက် ကျုပ်လေအသက်ကိုသိပ်ချစ်တာပဲ"
"အပိုတွေ"
"ဟောဗျာ အပိုတွေမဟုတ်တာ အသက်သေချာပေါက်သိပါတယ်၊ ကျုပ‌်အသက်ကိုချစ်လွန်းလို့ ရူးသွားမှာတောင်ဆိုးရတယ် အသက်ကိုချစ်ကြောင်းတဖွဲ့တနွဲ့မပြောတတ်ပေမယ့် သိပ်ချစ်တယ်ဆိုတာတော့ယုံပေးပါ ကျုပ်လေအသက်မျက်နှာလေးမြင်ရတာနဲ့ ပင်ပန်းလာသမျှလဲမသိတော့ဘူး စိတ်ညစ်စရာဆိုလဲမေ့ပျောက်သွားတယ် အသက်ကလေ ကျုပ်အတွက်တကယ်ကိုအသက်ရှင်ဆေးပဲ ကျုပ်အသက်ဆက်ရှင်ဖို့အတွက်ခွန်အားဖြစ်စေတဲ့အားဆေးလေး"
ရှောင်းကျန့်ကရိပေါ်ရဲ့ချစ်ကြောင်းသီကုံးထားတဲ့စကားတွေ‌ကိုကြားရတာ ရင်ခုန်သလို ပျော်လဲပျော်တယ်။ သူရထားတဲ့သူက တကယ်နှစ်ယောက်မရှိနိုင်တဲ့လူလေ။
"အိမ်ကလူ ချစ်တယ်"
ရိပေါ်ကရှောင်းကျန့်ကိုပြုံးပြလာပြီး တဖြေးဖြေးရှောင်းကျန့်ရဲ့နှုတ်ခမ်းနားကိုတိုးကပ်လာတာမို့ ရှောင်းကျန့်မျက်လုံးလေးမှိတ်ကာ ရိပေါ်ရဲ့အနမ်းတို့ကိုစောင့်စားနေလိုက်သည်။ မကြာပါ သူ့‌နှုတ်ခမ်းကိုလာရောက်ထိကပ်လာတဲ့နောက်နှုတ်ခမ်းတစ်စုံ။ ရိပေါ်ရဲ့အနမ်းတွေကို‌ေရာသူလွမ်းနေခဲ့တာ။ ခနအကြာနမ်းပြီးတဲ့နောက် ရိပေါ်ကလွှတ်ပေးလိုက်ပြီး နဖူးချင်းထိကပ်ထားလိုက်သည်။
"အသက် သိပ်ချစ်တယ်"
ရှောင်းကျန့်နှစ်လိုလက်ရပြုံးလိုက်ပါတယ်။ အိမ်ကလူရဲ့ ချစ်ကြောင်းခနခနပြောပြမှုတွေကြောင့် သူတိုးလို့သာပျော်ရွင်ရတယ်။
အချိန်တစ်ခုထိကြာသွားတဲ့နောက်မှာ ကြယ်လေးတွေကအရောင်မှိန်လာပြီး မနက်မိုးသောက်ချိန်ကိုတဖြေးဖြေးပြောင်းလဲလာသည်။ သူတို့နှစ်ယောက် အိပ်နေရာကထထိုင်လိုက်ပြီး ရှောင်းကျန့်ကဝရံတာဘောင်မှာလက်တင်ကာသွားရပ်နေသည်။ ရိပေါ်လဲရှောင်းကျန့်ရဲ့ခါးကိုဖက်ထားလိုက်ပြီး သွားရပ်နေလိုက်သည်။ အချိန်နည်းနည်းအကြာမှာ နေလုံးကြီးကတဖြေး‌ေြဖးထွက်ပေါ်လာသည်။ ကြယ်ကြည့်ရင်းအာရုဏ်ဦးနေထွက်တာပါ တစ်ခါထဲကြည့်လိုက်ကြတယ်။
"အိမ်ကလူ နေထွက်တာလှတယ်နော် ကျွန်တော်ပထမဆုံးသတိထားပြီးကြည့်ဖူးတာပဲ"
"အင်းလှတယ် အသက်ကိုတော့မမှီဘူး အသက်ကကျုပ်အတွက် ဒီကမ္ဘာမှာအလှဆုံးပဲ"
"အိမ်ကလူ..."
ရှောင်းကျန့်ကရှက်ပြီး ရိပေါ်ရဲ့ဗိုက်ကိုတံတောင်နဲ့ထိုးကာ ခပ်ချွဲချွဲခေါ်တော့ ရိပေါ်မှာလဲပြုံးလို့။ ခနအကြာလောက်သူတို့ကြည့်ပြီး နှစ်ယောက်အတူ အင်္ကျီလဲကာ အိပ်ရာဝင်လိုက်ကြတော့သည်။ ရိပေါ်ကတော့သုံးပတ်လောက်လွမ်းနေခဲ့တဲ့ဒီခန္ဓာကိုယ်လေးကိုသိမ်းကြုံးဖက်ထားလိုက်သည်။ ရှောင်းကျန့်ကလဲ လွမ်းနေရတဲ့ရိပေါ်ရဲ့ကိုယ်သင်းနံ့လေးကိုရှူရင်း ရင်ခွင်ထဲတိုးဝင်ကာ အိပ်စက်လိုက်တော့သည်။
ဆက်ရန်~~~~
Zawgyi
ရိပေါ်ကခပ်ဟဟရယ်ပြီး
"ပြောင်ချော်ချော်နဲ့"
"နစ်နာချင်လို့.."
"ဟီး မချစ်ဘူးလား"
"ဟာ ဒီအသက်ကွာ"
"အင်း သုံးပတ်ထဲကို သွားနော် ကျွန်တော်‌မျှော်နေမယ်"
"အသက်ရာ..."
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
"ကြီးတော်မေ.."
"အိမ်ကလူပြန်လာပြီ"
"မအိပ်နိုင်ပါဘူးသခင်ကြီးရယ် သခင်လေးငို‌‌နေတာနဲ့ ကြီးတော်မှာနေလို့ထိုင်လို့မရလို့"
"အပိုတွေ"
"အိမ်ကလူ ချစ်တယ်"
"အသက် သိပ်ချစ်တယ်"
"အိမ်ကလူ..."
ဆက်ရန်~~~~
Continue Reading
You'll Also Like
47.9K 7.2K 20
a 25 years old boy falls in love with a married man. It is a novel about how to approach a loved one despite the disagreements of the community. Pari...
154K 9.2K 19
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
49.6K 3.2K 21
It's a simple student sweet love story WangYibo - 🐰Dearest Baby🐰 XiaoZhan -🦁Dearest Ko Ko Photo Crd
161K 23.6K 43
You will get a heache when your dads are fudanshi🙄😑