ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { U...

By NyeinHlaingZin123

65.4K 3.7K 64

Title The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei M... More

Description
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
paid gp
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄ / ၅၅
အပိုင်း ၅၆ / ၅၇
အပိုင်း ၅၈ / ၅၉ / ၆၀
သီတင်းကျွတ် ပရိုမိုးရှင်း
အပိုင်း ၆၁ / ၆၂ / ၆၃ / ၆၄ / ၆၅
အပိုင်း ၆၆ / ၆၇
အပိုင်း ၆၈ / ၆၉ / ၇၀
အပိုင်း ၇၁ / ၇၂ / ၇၃
တန်ဆောင်တိုင် ပရိုမိုးရှင်း 🎆🎇🎆
အပိုင်း ၇၄ / ၇၅ / ၇၆
အပိုင်း ၇၇ / ၇၈
အပိုင်း ၇၉ / ၈၀
အပိုင်း ၈၁ / ၈၂
အပိုင်း ၈၃ / ၈၄
အပိုင်း ၈၅ / ၈၆
အပိုင်း ၈၇ / ၈၈
New year promotion
အပိုင်း ၈၉ / ၉၀
လျော့စျေး
အပိုင်း ၉၁/၉၂
အပိုင်း ၉၃ / ၉၄
အပိုင်း ၉၅ / ၉၆
အပိုင်း ၉၇ / ၉၈ / ၉၉ / ၁၀၀
၁၀၁ / ၁၀၂
၃ နှစ်ပြည့်
၁၀၃ / ၁၀၄ / ၁၀၅
၁၀၆ / ၁၀၇ / ၁၀၈
၁၀၉ / ၁၁၀
၁၁၁ / ၁၁၂ / ၁၁၃
၁၁၄ / ၁၁၅ / ၁၁၆
၁၁၇ / ၁၁၈ / ၁၁၉ / ၁၂၀
၁၂၁/ ၁၂၂ / ၁၂၃
၁၂၄ / ၁၂၅ / ၁၂၆ / ၁၂၇
၁၂၈ / ၁၂၉ / ၁၃၀ / ၁၃၁ / ၁၃၂
၁၃၃ / ၁၃၄ / ၁၃၅ / ၁၃၆

အပိုင်း ၂၉

725 48 2
By NyeinHlaingZin123

ကျေနပ်မှုရှိပါတယ်!

“ဗျာ?!အ.. အရှင့်ရဲ့.......အောက်..အောက်ခံအဝတ်ကို ချွတ် ပေးရမယ်...?!”

လဲ့ယောင်းယောင်း သူမ၏အသံမှ ထိတ်လန့်မှုကို မဖုံးကွယ်နိုင်ခဲ့ပေ။

ထို့နောက် သူမ မင်းသား ယွေ့ ၏ ခန္ဓာကိုယ်ကို စိုက်ကြည့်နေသည်။

မင်းသား ယွေ့က ပါးလွှာသော အတွင်းခံကိုသာဝတ်ထားပြီး  သူ့ခါးမှာ လျော့လျော့လေး ချည်နှောင်ထားတဲ့ ကြိုးထုံးလေးရှိတယ်။

ကော်လာပေါ်ကနေဖြတ်ပြီး သူ့ရဲ့ ညှို့အားပြင်းတဲ့ ကြေးညိုရောင် ရင်ဘတ်ကို မြင်နေရတယ်။

အလွန်အကျွံမဖော်ပြထားသော်လည်း အဲ့တာက လူတစ်ဦးကို အနှောက်အယှက်ဖြစ်စေမည့် တစ်စိတ်တစ်ပိုင်းကိုဖော်ပြသည့်နေရာတွေဖြစ်တယ်။

အဲ့တာက လူတစ်ယောက်ရဲ့ လူမဆန်တဲ့ဘက်အခြမ်းသို့ ထွက်ပေါ်လာစေနိုင်သည်။  သားရဲက ဒီရုပ်ချောပြီး မကောင်းဆိုးဝါးလူကြီးကို ထိပါးရန် အတွင်းခံအ၀တ်ကို ဆွဲဖြဲချင်လာသည်။

ထင်ရှားသည်မှာ၊ လဲ့ယောင်းယောင်းက ဤအရာများကို အမှန်တကယ် မလုပ်တတ်ပေ။  သူမက စိတ်ကူးယဉ်မှုကိုသာ အသုံးချခဲ့သည်။အကယ်၍ ဒီလူကို တကယ်ထိပါးချင်တယ်ဆိုရင်တော့........အင်း မေ့ထားလိုက်တော့!

သူမကို သူချေမှုန်းဖို့အတွက် လက်ညှိုးတစ်ချောင်းကိုပဲ မြှောက်ရန်သာလိုသည်။

ဒါကိုတွေးရင်း လဲ့ယောင်းယောင်း တုန်တုန်ယင်ယင်မဖြစ်ဘဲမနေနိုင်ခဲ့ပေ။ သူမအပေါ်မှ ကျယ်လောင်သော ချောင်းဟန့်သံကို ကြားသည့်တိုင်အောင် သူမ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသေးသည်။  နောက်တော့ သူမ ဘာလုပ်ရမလဲဆိုတာ ကိုမေ့လုမတတ်ဖြစ်သွားတာကို သိလိုက်ရတယ်။

သူမရှေ့က ဒီလူ မပျော်ခဲ့ဘူးဆိုရင် သူမဦးနှောက် ပြုတ်ထွက်သွားလိမ့်မယ်!

ဒီတော့ လဲ့ယောင်းယောင်းတောင် ထပ်ပြီးဂရုမစိုက်တော့ဘူး။ လန်ဂျင်းယွိရဲ့ အောက်ခံအဝတ်ကို ချွတ်ရန် သူမ၏ လက်နှစ်ဘက်လုံးကို အလျင်အမြန် အသုံးချလိုက်သည်။

ကြိုးထုံးက ရိုးရိုးရှင်းရှင်းနဲ့လျော့လျော့လေးထုံးထားတာကြောင့် သူမအဲ့တာကို လွယ်လွယ်ကူကူ​​ဖြည်နိုင်ခဲ့တယ်။

သူမ ကြိုးကို ဖြည်လိုက်သည်နှင့် ပြီးပြည့်စုံသော ခန္ဓာကိုယ်တစ်ခုက သူမရှေ့တွင် ချက်ချင်း ပေါ်လာခဲ့သည်။

သူ့အသားအရောင်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဂျုံအရောင်ဖြစ်ပြီး ကျယ်ဝန်းသောပခုံးနှင့် ခါးကျဥ်ကျဥ်လေးရှိတယ် ၊  သူ့ခြေထောက်တွေက လုံးဝဖြောင့်တန်းနေပြီး သူ့တင်ပါးတွေက အနည်းငယ် ထွက်နေတယ်။  ရိုးရိုးသားသားပြောရရင် သူက အားကောင်းတဲ့ အာဖရိက က တောလိုက်ကျားသစ်ရိုင်းနဲ့ ယှဥ်လို့တောင်ရတယ်!

ဒါက လဲ့ယောင်းယောင်း တစ်သက်မှာ တစ်ခါမှ မမြင်ဖူးတဲ့ အဟော့ဆုံး ခန္ဓာကိုယ်ပဲ  တီဗီနှင့် မဂ္ဂဇင်းတွေထဲက မော်ဒယ်တွေတောင်သူ့ကို မယှဥ်နိုင်ဘူး။

လဲ့ယောင်းယောင်း မတတ်နိုင်ဘဲ ထွက်ကျလာခါနီး တံတွေးတွေကို မျိုချလိုက်တယ်။ သူမကကြောင်ဆိုးလေးလို မျက်လုံးလေးတွေ မှိတ်တုတ်မှိတ်တုတ်ဖြင့် ထိုလူကို ကြည့်နေလေသည်။

မင်းသား ယွေ့က သူမရဲ့တုံ့ပြန်မှုကြောင့် ကျေနပ်သွားသည်။

“မင်းမြင်ရတဲ့ဟာကို ကျေနပ်မှုရှိရဲ့လား?”လို့ စနောက်လိုက်တယ်။

“အင်း ၊ ကျေနပ်မှုရှိပါတယ်!”

သူမသဘောမပေါက်ခင်မှာပဲ ထိုစကားများက ပြောထွက်သွားပြီးနေပြီဖြစ်သည်။

ချက်ချင်းဆိုသလိုပဲ လဲ့ယောင်းယောင်း ဘာပြောမိလိုက်သလဲဆိုတာကို  သဘောပေါက်သွားတယ်။ အနက်ရောင်မျက်လုံးအိမ်တစ်စုံထဲကို စိုက်ကြည့်ရင်း သူမ နိုးနိုးကြားကြားရှိလာသလိုပဲ။

မင်းသား ယွေ့ က သူမကို ကြည့်နေပြီး ပြုံးဖြဲဖြဲလုပ်ရင်း သူ့ရဲ့အေးစက်တဲ့မျက်လုံးအိမ်တွေက အခုတော့ ရယ်ချင်စိတ်တွေနဲ့ ပြည့်နှက်နေသည်။

လဲ့ယောင်းယောင်း စိတ်ထဲမှာ ပေါက်ကွဲသွားသလို ခံစားလိုက်ရပြီး အေးခဲတောင့်တင်းနေခဲ့သည်။

အို ဘုရားသခင်၊ အဲဒါ အရမ်းရှက်စရာကောင်းတယ်!

သူမက အချစ်ခံရတဲ့ မိန်းကလေးလား?

ဟော့တဲ့ယောက်ျားကို မြင်တိုင်း သူမ ဘယ်လိုနေ့ခင်းကြောင်တောင်အိမ်မက်မက်နေရတာလဲ?  အခုတော့သူမကို ဖမ်းမိသွားပြီ။  အိုး ဘုရားသခင်၊ အဖွားဖြစ်သူဆီမှာ သူမရဲ့မျက်နှာပျက်သွားသလို ခံစားလိုက်ရလို့ အရမ်းရှက်သွားခဲ့တယ်။

လဲ့ယောင်းယောင်း အဲ့အကြောင်းကို များများတွေးလေလေ တွင်းတစ်တွင်းကိုရှာပြီး ဝင်ချင်လာလေလေပဲ။

လောလောဆယ်တွင် သူမပုံစံကမှည့်နေတဲ့အနီရောင် ပန်းသီးလိုမျိုးဖြစ်နေစဥ်မှာ လန်ဂျင်းယွိက ခံစားချက်မဲ့နေသေးတဲ့ ပုံပေါ်နေတုန်းပဲ။

သို့ပေမယ့် သူ့ရဲ့အေးစက်တဲ့ အငွေ့အသက်က သိသိသာသာ လျော့ကျသွားတယ်။

တစ်ယောက်ယောက်ကသာ ဂရုတစိုက်ကြည့်လိုက်မယ်ဆိုရင် လန်ဂျင်းယွိ ရဲ့ နှုတ်ခမ်းက အနည်းငယ် ပြုံးနေတာကို တွေ့နိုင်မှာပါ။

အဲ့တာကနှစ်လိုဖွယ်ကောင်းတဲ့ အပြုံးတစ်ခုပါ ဒါပေမယ့် အဲ့တာက မြန်မြန်ဆန်ဆန်ပဲပျောက်သွားခဲ့တယ်။  အဲဒါက ညဘက်မှာ ပွင့်နေတဲ့ ရှားစောင်းလေးရဲ့ ပြဇာတ်လိုပါပဲ။ဘယ်သူမှ အဲ့တာကိုဖမ်းမိဖို့ မဖြစ်နိုင်သလောက်ပဲ။

သို့ပေမယ့် လဲ့ယောင်းယောင်း အဲ့တာကို သတိမထားမိလိုက်ဘူး သူမရှက်တဲ့ခံစားချက်တွေနဲ့အရမ်းအလှုပ်ရှုပ်နေတယ်။

အာရုံပျံ့လွင့်ခြင်း သို့မဟုတ် ရှက်ရွံ့လွန်းခြင်း ဖြစ်နိုင်သော်လည်း သူမ၏ လက်နှင့်ခြေတွေက သူမ၏ ညွှန်ကြားချက်များကို မလိုက်နာခဲ့ပေ။

'ဗျိ ' အလွန်သိသာထင်ရှားသော အဝတ်ပြဲသွားတဲ့အသံတစ်ခုကို ကြားနိုင်ပါတယ်။လန်ဂျင်းယွိရဲ့ ပါးလွှာသော အတွင်းခံက လဲ့ယောင်းယောင်းရဲ့ ဖြဲခံရတာကို  ခံစားခွင့်ရခဲ့သည်။

“အာ....!?”

လဲ့ယောင်းယောင်း အဲ့နေရာမှာပဲ အံ့အားသင့်သွားတယ်။အဲ့နောက်မှာတော့ သူမ မင်းသား ယွေ့ ကို ချက်ချင်းပဲကြည့်လိုက်တော့ သူ့မျက်ခုံးတွေကို ပင့်တင်ပြီး သူမကိုကြည့်နေတာကို သတိပြုမိလိုက်တော့ သူမခေါင်းတွေကိုက်လာပြီး စကားတွေလည်းထစ်လာတယ်။

“စိုး......စိုးရွံ့ပါတယ်..... အရှင့်ရဲ့ဒီကျွန်က ဒီဝတ်စုံကို ကောင်းမွန်အောင်ပြန်ပြင်ပေးပါ့မယ်!”

“ပြန်ပြင်တာလား?”

လန်ဂျင်းယွိ၏ ပါးစပ်ထောင့်က တွန့်ကွေးသွားခဲ့သည်။မျက်လုံးတွေက ပုတ်ခတ်ပုတ်ခတ်ဖြင့် သူ့ရင်ဘတ်ဆီကိုသာ ရောက်နေသည့် မိန်းမစိုးလေးကို ငုံ့ကြည့်လိုက်တယ်။

“သူ” ဝင်လာကတည်းက သူ(လန်ဂျင်းယွိ)က “သူ့” လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့တာ။

"သူ" က သူ့ကို အရမ်းကြောက်တယ်။ဒါ့အပြင် သူ့ရဲ့မသိစိတ်က အတွေးတွေအားလုံးက သူ့မျက်နှာပေါ်မှာ ထင်ဟပ်နေသည်။

အဲ့တာအပြင် "သူ" က အလွန်မိုက်မဲပြီး ကိုးယိုးကားယားနိုင်တဲ့သူတစ်ယောက် ။ သူ့ကိုကူညီပြီး ပြောင်းလဲဖို့ သူ အချိန်အတော်ယူခဲ့ရတယ်။  ပြီးတော့ သူ့အောက်ခံအဝတ်ကို စုတ်ဖြဲပစ်မိလောက်အောင် ကိုးကိုးကားယားနိုင်တယ်။

ဒါတင်မကသေးဘဲ သူအဲ့တာကို​ပြန်ပြင်ပေးပါ့မယ်လို့က ပြောလိုက်သေးတယ်။😅

သူက  ကောင်းကင်ဘုံ ယွမ် မင်းဆက်၏ ခမ်းနားသောမင်းသား ယွေ့ ဖြစ်သည်။ သူ့အထက်မှာ လူတစ်ယောက်ပဲရှိပြီး သူ့အောက်မှာ လူတစ်သောင်းရှိတယ်။ သူ့မှာ ငွေနဲ့ အာဏာရှိတယ်။ သူဘာလို့ အောက်ခံအဝတ်တစ်ထည်လောက်ကို ဂရုစိုက်နေရမှာလဲ?!

ပြင်ထားတဲ့ အောက်ခံအဝတ်၀တ်ထားတဲ့သူ့ကိုသာ တွေ့သွားကြရင် လူတွေရယ်ရလွန်းလို့ သွားတွေတောင်ကြွေကျသွားနိုင်လောက်တယ်မလား?

ဒါကိုတွေးပြီး လန်ဂျင်းယွိ တစ်ခုခုကိုပြောတော့မယ့်အချိန်မှာ  မမျှော်လင့်ဘဲ လဲ့ယောင်းယောင်း လှမ်းတားလိုက်သည် ။

“အရှင်မင်းသား၊ စိတ်ပူတော်မပူပါနဲ့။  အရှင့်ရဲ့ဒီကျွန်က ဒီပစ္စည်းကို သေချာပြင်ပေးပါ့မယ်!”

လဲ့ယောင်းယောင်း စုတ်ပြဲနေသော အတွင်းခံကို ဆုပ်ကိုင်ထားရင်း စိတ်ပိုင်းဖြတ်ပြီး ပြောလိုက်သည်။

ဒီအတွင်းခံကို အရည်အသွေးအမြင့်ဆုံးပိုးသားဖြင့် ပြုလုပ်ထားသည်မှာ ထင်ရှားသည်။သူမ ပစ္စည်းကို ထိလိုက်သောအခါတွင် အဲ့တာကတောက်ပပြီး ချောမွေ့နေသည်။  တစ်ချက်ကြည့်လိုက်ရုံနဲ့ အလွန်စျေးကြီးတယ်လို့ ပြောနိုင်လောက်အောင်ပါပဲ။

အခုချိန်မှာတော့ သူမဟာငွေကြေးလုံးဝမရှိတဲ့  မိန်းမစိုးတစ်ယောက်ဖြစ်နေပါတယ်။  မင်းသား ယွေ့ က သူမကို ပစ္စည်းအတွက် လျော်ကြေးပေးစေချင်ရင် သူမရဲ့သွေးတွေ အကုန်ရောင်းရရင်တောင် သူမအဲ့တာကိုမတတ်နိုင်ပါဘူး!

ဒီအကြောင်းကို သူမ ပိုတွေးလေလေ စိတ်ဓာတ်ကျလာလေလေပါပဲ။  တစ်နေ့မှာ အဝတ်အစားတစ်ထည်ဖိုးတောင် မတတ်နိုင်လောက်တဲ့ အခြေအနေမျိုးနဲ့ ကြုံရလိမ့်မယ်လို့ သူမ မထင်ထားခဲ့မိပါဘူး......


#6.4.2022

Continue Reading

You'll Also Like

609K 93.4K 145
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
8.2K 423 22
Title The Former Wife of Invisible Wealthy Man Author - Bixia Bù Shàng Cháo 陛下不上朝 Genre Comedy Romance Shoujo Supernatural Total Chapters - 145chapte...
28.9K 2.8K 19
Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this story.All credits go to original author.
165K 16.9K 128
Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Chapters -106(complet...