ဝတ်ရုံဝတ်ပေး
နံနက်ခင်း နေရောင်ခြည်သည် တောက်ပနေ၏။ ရေကူးကန်၏ အပေါ်ဘက်တွင် ဖြာကျနေပြီး အပေါ်မှ ရွှေရောင် အလင်းတန်း အလွှာကို ထုတ်လွှတ်ထားသည်။
လေညင်းသည် နူးညံ့ညင်သာလှသည်။ ရေပေါ်တွင် လှိုင်းလုံးအနည်းငယ် ဖြစ်ပေါ်နေသည်။
ရင်သပ်ရှုမောဖွယ်မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။
ဒါပေမယ့် ရှုခင်းတွေ ဘယ်လောက်ပဲ လှပပါစေ၊ မင်းသား ယွေ့ အနားမှာ ရှိနေချိန်မှာတော့ သူတို့အားလုံးက သာမည ဖြစ်သွားပါတယ်။
လောလောဆယ်တွင် ရွှေရောင်နေရောင်ခြည်သည် ထွင်းထုထားသော ပြတင်းပေါက်များမှတစ်ဆင့် လူ့ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေပါသည်။
သူ့အဝတ်အစားက နှင်းတွေလို အဖြူရောင်ဖြစ်ပြီး ဆံပင်တွေက ရေတံခွန်လိုဖြာနေခဲ့တယ်။ လေနုအေးသည် သူ့အင်္ကျီလက်များဆီရောက်လာပြီး သူ့ဆံပင်အချို့မှာလည်း လေထဲတွင် ရှိနေသည်။ အဲ့ဒါက အလွန်ကြော့ရှင်းနေတယ်
မင်းသား ယွေ့က ငြိမ်သက်စွာ ရပ်နေပြီး အဝေးကို စိုက်ကြည့်နေသည်။ သူ့တစ်ကိုယ်လုံးကို ရွှေရောင်အလင်းတန်းတွေနဲ့ ဝန်းရံထားသလိုပါပဲ။ အမှန်အတိုင်းပြောရရင် သူ့အလှက နည်းနည်းတော့ စိတ်အနှောင့်အယှက်ဖြစ်စေတယ်။
လဲ့ယောင်းယောင်းက မိုးကြိုးကြောင့် ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။ သူမ နှလုံးခုန်သံတောင် မမှန်တော့ဘူး။
သူမ၏ တောက်ပသော မျက်လုံးများသည် သူ့နောက်ကျောပေါ်သို့ ကျရောက်လာသည်နှင့်အမျှ သူမသည် ၎င်းတို့ကို မဖယ်ခွာနိုင်ပေ။
မူလက မင်းသား ယွေ့က သူ့ဆီသို့ နောက်ကျောပေးထားသည်။ သို့သော် ရုတ်တရက် တစ်ဖက်ကို အနည်းငယ် လှည့်ကြည့်လာသည်။ ဖြစ်နိုင်ချေကတော့ သူမအကြည့်တွေ ပူလောင်နေတာကို သူ သတိထားမိနေလို့ပဲ။
နေရောင်ခြည်သည် သူ့မျက်နှာပေါ် ဖြာကျလာတော့ အဲ့တာက ပြီးပြည့်စုံလွန်းတယ်။ လဲ့ယောင်းယောင်းက သဘာဝလွန်ဆန်သော လက်မှုပညာကို မြတ်နိုးနေသကဲ့သို့ ခံစားရသည်။ ဤသည်မှာ ဘုရားသခင်၏ အမှုဖြစ်သည်!
သူ့အသားအရေက ကျောက်စိမ်းလို ဖြူဖွေးချောမွတ်ပြီး သလင်းကျောက်ကဲ့သို့ ပွင့်လင်းမြင်သာမှု အရိပ်အမြွက်လည်း ရှိတယ်။
သူမျက်တောင်တွေက ရှည်လျားပြီး ထူထပ်ကာ၊ အနက်ရောင် ဘရက်ရှ်လိုပါပဲ။ လဲ့ယောင်းယောင်း အံ့သြသွားသည်။ သူက မျက်တောင်အတုတပ်ထားတာလားလို့ တွေးမိတယ် (tl: အရမ်းမိုက်တယ်..-_-)။
နောက်ဆုံးတော့ သူမသည် ဤမျှရှည်လျားသော မျက်တောင်မွှေးရှိသော ယောက်ျားကို မမြင်ဖူးပေ။ ထို့အပြင်၊ အဲ့တာတွေက ကြည့်ကောင်းသည်!
သို့သော် လဲ့ယောင်းယောင်းက မင်းသား ယွေ့ရဲ့ အေးစက်သော မျက်ဝန်းများနှင့် မျက်လုံးများ ကို တွေ့လိုက်သောအခါတွင် သူမနှလုံးသားက တုန်လှုပ်စပြုလာသောကြောင့် အိပ်မက်ကို မဆက်နိုင်တော့ပေ။
အရမ်းအေးတယ်ဟ!!!
သူ့မျက်ဝန်းတွေကို စိုက်ကြည့်ရတာ အနှစ်တစ်ထောင် ဆောင်းတွင်းကို ငေးကြည့်နေရသလိုပဲ အပူချိန်ဆိုတာလုံးဝမရှိဘူး။
သူမကို ပေါ့ပေါ့ပါးပါး ကြည့်နေပေမယ့်လည်း သူမသွေးတွေက စက္ကန့်ပိုင်းလောက် အေးသွားသလို ခံစားလိုက်ရတယ်။
လဲ့ယောင်းယောင်းက အနည်းငယ် တုန်လှုပ်သွားပြီး မျက်လုံးချင်း အကြည့်ဆုံတာကို အမြန်ဖြတ်လိုက်သည်။ အနှစ်တစ်ထောင် ဆောင်းရာသီကို သူမ ဆက်မကြည့်ဝံ့တော့ပေ။
အဘယ်ကြောင့်ဆိုသော် ဤလူ၏ အေးခဲနေသော အကြည့်များက သူမကို အေးခဲသွားစေမည်ကို သူမ ကြောက်နေသောကြောင့်ပင်။
သို့သော် စိတ်ထဲတွင် သူမဟာ သူ့ကို တိတ်တဆိတ် ဝေဖန်နေခဲ့သည်။
ငရဲမင်းသည် အမှန်ပင် ငရဲမင်းဖြစ်သည်။ သူ့ဒေါသက မတည်မငြိမ်ဖြစ်ပြီး စိတ်ရှုပ်စရာကောင်းသည်။ မနေ့ညက သူအေးစက်နေတယ်။ ယခုမူ သူသည် ပို၍ပင် အေးစက်လာခဲ့သည်။ အရိုးတွေအထိတောင်မှပေါ့ !! အေးခဲတဲ့လှိုဏ်ဂူတစ်ခုမှ ထွက်လာသကဲ့သို့ပင်။
လဲ့ယောင်းယောင်းက ပြင်းပြင်းထန်ထန် တုန်လှုပ်မချောက်ချားရန် တွန်းအားပေးကာ တီဗီတွင် မြင်ဖူးသော အစေခံများကို အတုယူခဲ့သည်။ သူမ မင်းသား ယွေ့ကို လေးစားစွာ နှုတ်ဆက်လိုက်သည်။
“မင်းသားရဲ့ကျွန်က မင်းသားကို နှုတ်ဆက်ပါတယ်။ မင်းသား ကံကောင်းခြင်းတွေ ကြုံတွေ့နိုင်ပါစေ”
“အမ်း”
လဲ့ယောင်းယောင်းရဲ့ နှုတ်ဆက်ခြင်းနှင့်ပတ်သက်ပြီး မင်းသား ယွေ့က ၎င်းအား အသိအမှတ်ပြုကြောင်း ပြသရန် အလင်းရောင်ကို ထုတ်ပြခဲ့သည်။
ထို့နောက် ရုတ်တရက် လှည့်ကြည့်လာပြီး လဲ့ယောင်းယောင်းဆီ လျှောက်လာသည်။
ဒါကို လဲ့ယောင်းယောင်း မြင်လိုက်တာနဲ့ သူမခန္ဓာကိုယ်ပေါ်က ဆံပင်တွေအားလုံး ငြိမ်ကျသွားပြီး မရပ်နိုင်ဖြစ်သွားတယ်။ သူမသည် ချက်ချင်းပင် ကျောပြင်ကို ဖြောင့်တန်းကာ မင်းသား ယွေ့ကို တည့်တည့်ကြည့်လိုက်သည်။ သူ့မျက်နှာက သတိနဲ့ပြည့်နေတယ်။
သူမ တုံ့ပြန်ပုံက သန်မာတဲ့ တိရိစ္ဆာန်ကြီးတစ်ကောင် ချဉ်းကပ်လာတာကို မြင်တဲ့အခါ အားနည်းတဲ့ တိရစ္ဆာန်က တုံ့ပြန်နေတဲ့ပုံနဲ့တူနေတယ်။ သန်မာသော တိရစ္ဆာန်ကြီးသည် သူမကို အချိန်မရွေး ထိုးဖောက်နိုင်သည် ။
သူ လာနေပြီ ။ သူဘာလုပ်ဖို့စီစဉ်ထားတာလဲ!
လဲ့ယောင်းယောင်းက အလွန်စိတ်လှုပ်ရှားသွားသည်။ အပြောအဆိုကင်းမဲ့သော မျက်နှာနှင့် ချောမောသော ယောက်ျားလေး၏ မျက်လုံးများကို ကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
ဘုရားသခင်ရဲ့ ကောင်းချီးပေးခံရတယ်ဆိုတာ ထင်ရှားပါတယ်။ ဘုန်းကြီးတဲ့ မျက်နှာကို ပေးခဲ့တယ်။ ဒါပေမယ့် အအေးဓာတ်ကလွဲလို့ ဘာမှမရှိဘူး။
သူနှင့်နီးကပ်လာသည်နှင့်အမျှ လဲ့ယောင်းယောင်းက အားပြင်းသောရေခဲအေးစီးကြောင်းတစ်ခု သူမဆီသို့ ဦးတည်လာနေသလို ခံစားလာရသည်။ ၎င်းသည် သူမ၏ နှလုံးခုန်နှုန်းကို မြန်စေခဲ့ပြီး ၎င်းသည် သူမကို အလွန်စိုးရိမ်စေသည်။
လဲ့ယောင်းယောင်း နောက်ပြန်ဆုတ်ခါနီးမှာ မင်းသား ယွေ့က သူမရှေ့က ခြေလှမ်းသုံးလှမ်းအကွာမှာ ရုတ်တရက် ရပ်သွားတယ်။ ထို့နောက် လက်နှစ်ဖက်ကို အလျားလိုက် မြှောက်လိုက်သည်။
မင်းသား ယွေ့ ၏ ကျက်သရေရှိပြီး အေးခဲနေသော အသံမထွက်မချင်း လဲ့ယောင်းယောင်းက အံ့အားသင့်လျက်ရှိကာ နားမလည်နိုင်ဟန်ရှိနေသည်။
"မင်းငါ့ကိုဝတ်မပေးဘူးလား!"
"ဟင်!?! ဝတ်...ဝတ်ပေးရမှာလား!?"
လဲ့ယောင်းယောင်းရဲ့ မျက်လုံးများသည် ကြီးမားပြီး ဝိုင်းစက်လာသည်။
ဝိုး ! ဒါနဲ့ သူက သူမကို လဲခိုင်းစေချင်လို့ သူ့ကို လာခေါ်တာလား ? ဟမ့် သူမ ဘာမှမစိုးရိမ်ဘူး ။
ဒါကိုတွေးရင်း လဲ့ယောင်းယောင်းက သက်ပြင်းတစ်ချက်ချလိုက်သည်။ ဒါပေမယ့်လည်း သူမ မျက်လုံးတွေကို မြန်မြန် မှိတ်လိုက်သည် ။
နောက်ဆုံးတော့ သူမဟာ တစ်သက်လုံး ဘယ်သူ့ကိုမှ မခစားခဲ့ဖူးဘူး။ ထို့အပြင် ရှေးခေတ်အဝတ်အစားများသည် အလွန်ရှုပ်ထွေးပါသည်။ သူမ အဲ့တာတွေကို ဘယ်လိုဝတ်ရမှန်းမသိဘူး။
ဒါပေမယ့် အဲဒီရေခဲနေတဲ့ မျက်နှာကို မော့ကြည့်လိုက်တော့ အံကြိတ်ပြီး အပြင်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။
သူမက ၂၁ ရာစုမှလာတာဖြစ်သည်။ လူသားမျိုးနွယ်အသစ်။ အဝတ်အစားတွေချည်းပဲ။ ဘယ်လောက်ခက်ခဲနိုင်မှာလဲ? သူမ သေချာပေါက် သိနိုင်တယ်။
ထို့ကြောင့် လဲ့ယောင်းယောင်း လှည့်ကြည့်လိုက်ချိန် လိုက်ကာပေါ်ရှိ ဝတ်ရုံရှည်နှင့် ပိုးသားခါးပတ်ကို ချက်ချင်း သတိထားမိသွားသည်။
လဲ့ယောင်းယောင်းက ထိုနေရာသွားကာ ပစ္စည်းအားလုံးကို သယ်လိုက်သည်။ စုစုပေါင်း ဝတ်ရုံသုံးခု ရှိသည်ကို သူမ သတိပြုမိသည်။
အလွန်ပါးလွှာသော အဖြူရောင်ဝတ်ရုံရှည်တစ်ထည်၊ ရွှေချည်ကြိုးများဖြင့် ပြုလုပ်ထားသည့် ဝတ်ရုံတစ်ထည်အပြင် အရည်အသွေးအကောင်းဆုံး ပိုးထည်မှပြုလုပ်ထားသည့် နှင်းဖြူရောင်ဝတ်ရုံရှည်တစ်ထည်လည်း ရှိသည်။
ဒါကိုကြည့်လိုက်တော့ လဲ့ယောင်းယောင်းရဲ့ မျက်လုံးတွေက ဖျက်ကနဲလက်သွားပြီး ရိပ်မိသွားပုံရတယ်။
ဒီတစ်ထည်က အရမ်းပါးတယ်၊ အတွင်းခံဖြစ်ရမယ်။ အဖြူရောင်ဝတ်ရုံက အလယ်တွင်ရှိရမည်ဖြစ်ပြီး နောက်ဆုံးအနေဖြင့် နှင်းဖြူရောင် ဝတ်ရုံက အပြင်ဘက်အလွှာဖြစ်ရမည်။
လဲ့ယောင်းယောင်းက သူမကိုယ်သူမ အလွန်သဘောကျသွားသည် ။
ဒါက သူမစိတ်ကူးထားသလောက် မခက်ခဲပါဘူး။
သူမသည် ပါးလွှာသောဂါဝန်ရှည်ကိုယူကာ မင်းသား ယွေ့ရဲ့ ဘယ်ဘက်လက်မောင်းကို ဖြတ်သွားခါနီးတွင် သူမသည် အလွန်စိတ်လှုပ်ရှားနေပါသည်။
မမျှော်လင့်ဘဲ မင်းသား ယွေ့က သူ့ဘယ်ဘက်လက်မောင်းကို သူမလက်လှမ်းမှီအောင် ချလိုက်တယ်။
"ဟင်?"
လဲ့ယောင်းယောင်းရဲ့ မျက်ဝန်းများသည် အံ့အားသင့်သွားကာ မင်းသား ယွေ့ မျက်နှာကို ကြည့်လိုက်ချိန်မှာ သူမက စိတ်ရှုပ်ထွေးနေပုံရသည်။
မင်းသား ယွေ့က မျက်ခုံးပင့်ကာ သူမကို ဘေးတိုက်အကြည့်တစ်ချက် ပေးလိုက်သည်။ သူ့နှုတ်ခမ်းတွေ ပွင့်လာပြီး အေးစက်တဲ့အသံ ထွက်လာတယ်။
“ငါ့အောက်ခံအဝတ်ကို ချွတ်လိုက် ”