ချစ်ကြည်ရင်းနှီးမှု
လဲ့ယောင်းယောင်းက အိပ်မက်မက်နေသလို ခံစားနေရတယ် ။
ဒါပေမယ့် အိပ်မက်ထဲက အရာအားလုံးက လက်တွေ့ဆန်တယ်လို့ ခံစားရတယ်။
သူ့စိတ်ကိုခန့်မှန်းလို့မရတဲ့ယောက်ျား ၊ လက်စားချေချင်တဲ့ လူသတ်သမား၊ နောက်ဆုံးအချက်မှာ အကြင်နာမဲ့သောမြှား။ နေရာအနှံ့မှာ သွေးတွေပြန့် ကျဲနေသည်ကို သူမ မှတ်မိတယ်
မြင်ကွင်းတိုင်းက လဲ့ယောင်းယောင်း စိတ်ထဲတွင် အဆက်မပြတ် ပြန်လည်မြင်နေရသည်။ သူမ အိပ်မက်ကနေ နိုးလာတော့ အရမ်းကြောက်နေခဲ့တယ်
သူမ နှလုံးခုန်သံပြင်းပြင်းနဲ့ ကုတင်ပေါ်ကနေ ခုန်ချလိုက်တယ်။ သူမမြင်လိုက်ရတဲ့အရာတွေနဲ့ပတ်သက်ပြီး တုန်လှုပ်နေတာကို ခံစားလိုက်ရသည်။
သူမ နဖူးမှာ ချွေးတွေစို့နေသည်။
လက်တစ်ဖက်ဖြင့် ခုန်နေသောနှလုံးကို အုပ်ကိုင်ထားလိုက်သည်။ လဲ့ယောင်းယောင်း ငြိမ်သက်သွားသည်အထိ အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် သူမက သူမကိုယ်သူမ ခပ်တိုးတိုးလေး ညည်းလိုက်တယ်
"အိုး...ကံကောင်းတာက အိပ်မက်တစ်ခုပဲ... သေလုမတတ်ကြောက်နေခဲ့တာ.. အ့...!?"
မူလက သူမ စိတ်သက်သာရာ ရသွားသည်။ ဒါပေမယ့် သူမပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လဲ့ယောင်းယောင်းက မိုးကြိုးပစ်ခံလိုက်ရသလို ခံစားရတယ်။ သူမက ရုပ်ကြွင်းတစ်ခုလို တောင့်တင်းသွားသည်။
အဖြူရောင် နံရံများ နှင့် ရိုးရှင်းသော အခန်း ၊ ထိုင်ခုံလေးလုံးပါသော သစ်သားစားပွဲ ၊ တစ်ချက်ကြည့်လိုက်လျှင် ထိုအရာများသည် ရှေးခေတ်အသုံးအဆောင် ဖြစ်ကြောင်း ထင်ရှားသည်။
သူမချစ်သော Ding Dong ပုံနဲ့ မွေ့ရာအစား သစ်သားကုတင်ပေါ်တွင် မြက်များနှင့်ပြည်နေသော မွေ့ယာပေါ်တွင် သူမအိပ်နေရသည်။
အရာအားလုံးကိုကြည့်လိုက်မိတော့ လဲ့ယောင်းယောင်း ရှုံးနိမ့်သွားသလိုခံစားလိုက်ရပြန်တယ်
ထို့ကြောင့် သူမ အိပ်မက်မမက်ကြောင်း သိလိုက်ရသည်။ သူမ တကယ်ပဲ အချိန်ခရီးသွားလာတာပဲ...
သမိုင်းစာအုပ်တွေထဲမှာတောင်မရှိတဲ့ မင်းဆက် ; ကောင်းကင်ယွမ်မင်းဆက်!
သူမ အိမ်ပြန်လို့မရတော့ဘူးလား...
လဲ့ယောင်းယောင်းက ထိုအကြောင်းကို ပိုတွေးလေလေ စိတ်ဓာတ်ကျလေလေဖြစ်သည်။
ညနက်နေပြီ ဖြစ်သောကြောင့် ဖြစ်နိုင်သည်။ တိတ်ဆိတ်မှုသာရှိနေတဲ့အခါ အထီးကျန်မှုကို ပိုသည်းမခံနိုင်တော့ဘူး။
ထို့အပြင်၊ ဤအကျွမ်းတဝင်မရှိသောမင်းဆက်တွင်ရှိနေခြင်းသည်လည်း သူမတွင် မိသားစုဝင်တစ်ဦးမျှမရှိဟု ဆိုလိုခြင်းဖြစ်သည်။
လဲ့ယောင်းယောင်းက ပိုပိုပြီး စိတ်ဆိုးလာသည်။ သူမ ပါးပြင်ပေါ်ကို မျက်ရည်များ စီးကျလာသည်။ မကြာခင်မှာပင် သူမမျက်နှာကို မျက်ရည်များ ဖုံးလွှမ်းသွားသည်။
ထိုအချိန်တွင် စိုးရိမ်သောကရောက်နေတဲ့ အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
"ရှောင်ယောင်းဇီ နင်ဘာလို့ငိုနေတာလဲ ?!"
ရှောင်မုဇီရဲ့ ကြင်နာတက်တဲ့ မျက်နှာက လဲ့ယောင်းယောင်း မြင်ကွင်းထဲသို့ တိုးဝင်လာသည်။
“ရှောင်မုဇီ….”
ရှောင်မုဇီက ဤထူးဆန်းသောတိုင်းပြည်တွင် သူမနှင့်ရင်းနှီးသော တစ်ဦးတည်းသောလူဖြစ်သည်။ သူ့ရဲ့ သူမအပေါ် စိုးရိမ်ပူပန်မှုက သူမနှလုံးသားတစ်ခုလုံး ပူနွေးစေပြီး မှုန်ဝါးဝါး ခံစားလိုက်ရသည်။
အခုချိန်မှာတော့ သူမကို ဂရုစိုက်တဲ့သူတစ်ယောက်ကိုပဲ လိုချင်ခဲ့တာပါ။
အနည်းဆုံးတော့ သူမဒီမှာ တစ်ယောက်တည်းတော့ မဟုတ်ဘူး။ သူမကို ဂရုစိုက်တဲ့သူတစ်ယောက်ရှိခဲ့တယ်။
ရှောင်မုဇီကို စိတ်မပူစေချင်တာကြောင့် လဲ့ယောင်းယောင်းက သူမရဲ့ မျက်ရည်တွေကို သုတ်လိုက်ပြီး ပြုံးပြလိုက်တယ်။
"ငါဗိုက်ဆာနေလို့"
"အိုး မင်းကငတုံးပဲ ။ ဗိုက်ဆာရင် ငါ့ကိုပြောပေါ့ ။ ဒီမှာ ဒါက မီးဖိုချောင်ကနေ ယူလာတဲ့ ပေါက်ဆီ ။ အစ်ကိုလီကို မင်းအတွက် သိမ်းထားဖို့ ငါပြောခဲ့တာ။ ဘယ်သူမှမသိဘူး။ ဒါမှမဟုတ်ရင် ဘာမှကျန်တော့မှာမဟုတ်ဘူး။ မြန်မြန်စား!"
ရှောင်မုဇီရဲ့ ငြီးတွားမှုက သူမ အခန်းဖော်ဖြစ်သူကို လဲ့ယောင်းယောင်း သတိရသွားခဲ့သည် ။
သူမအရမ်းစိတ်ညစ်နေပေမယ့် သူမကိုတကယ်ဂရုစိုက်တယ်။
ဒါကိုတွေးရင်း လဲ့ယောင်းယောင်းက ယဉ်ကျေးဟန်မဆောင်တော့ဘဲ ရှောင်မုဇီရဲ့လက်ထဲက ပေါက်ဆီကို လှမ်းတောင်းလိုက်တယ်။
ပေါက်ဆီက အေးနေပေမယ့် လဲ့ယောင်းယောင်းက အရမ်းဆာနေတာကြောင့် သူမ ဂရုမစိုက်ခဲ့ပါဘူး။ သူမက အကြီးကြီးကိုက်လိုက်ပြီး အလွန်မြန်မြန်စားလိုက်သည်။
ဒါပေမယ့် အစာစားတာ အရမ်းမြန်တာကြောင့် နင်သွားတယ်။ ကံကောင်းစွာနဲ့ပဲ ရှောင်မုဇီက ကောင်းကောင်းပြင်ဆင်ထားပြီး ရေတစ်ခွက် ပေးလာတယ်။ လဲ့ယောင်းယောင်းက အသက်ကို မှန်မှန်ပြန်ရှူနိုင်ပြီးနောက် သူမက ဆက်၍စားလိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင် သူမက နည်းနည်းချင်းစီသာ စားတော့သည် ။
ပေါက်ဆီက အလွန်သေးငယ်သည်။ သေချာတာကတော့ သူမဗိုက်ကို ဖြည့်ဖို့ မလုံလောက်ပါဘူး။ စားပြီးတာနဲ့ လဲ့ယောင်းယောင်းက ပိုလိုချင်နေသေးတာ ထင်ရှားပါတယ်။ သူမ လျှာကိုထုတ်ကာ နှုတ်ခမ်းနီရဲရဲလေးကို သပ်လိုက်သည်။
သူမကို ကြည့်ရတာ အစားကြီးတဲ့ ကြောင်လေးတစ်ကောင်နဲ့တူပြီး အရမ်းချစ်စရာကောင်းတယ်!