နင်ငါ့ကို သေအောင် ညှစ်သတ်နေတာပဲ!
ရိုးရိုးသားသားပြောရရင်ဘယ်လိုမှော်ပညာတွေကို သူ လေးပိုင်ဆိုင်ထားတာလဲ? ငါဘာလို့ဒီလိုကြီး ခံစားနေရတာတုန်း?
လန်ဂျင်းယွိ သူ့ကိုယ်သူ မေးခွန်းထုတ်နေတုန်း လင်းယောင်းယောင်းမှာတော့ ဖိညှစ်ခံနေရလို့ သေပြီလို့တောင်ထင်နေမိတယ်။
သူမရဲ့နူးညံ့တဲ့မျက်နှာလေးဟာ အခုတော့ ဂန္ဓမာပန်းကိုခြွေချထားသလိုဖြစ်နေပြီ။လန်ဂျင်းယွိ ဖယ်ပေးဖို့ ဆန္ဒမရှိသေးဘဲ သူမကို လာစိုက်ကြည့်နေတော့......လဲ့ယောင်းယောင်းဟာ နောက်ဆုံးမှာတော့ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။
"သေစမ်း ! ထတော့ နင်ငါ့ကိုသေအောင်ဖိညှစ်သတ်နေတာပဲ!"
"ဘာ....?!"
လဲ့ယောင်းယောင်း သူ့ကိုဒေါသတကြီးအော်ဟစ်နေသံကြားတော့ လန်ဂျင်းယွိရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။ ဒေါသရိပ်တွေ မျက်လုံးကိုဖြတ်ပြီး တလတ်လတ်ထနေတယ်...
ဒီလိုပုံစံနဲ့ သူ့ကို ဘယ်သူမှ မပြောရဲကြဘူး။ ဒီမိန်းမစိုးလေးက ဘယ်လိုတောင် အရိုအသေတန်နေရတာလဲ?
ဒါပေမဲ့ လဲ့ယောင်းယောင်းအဖို့ကတော့ သူမဟာ ကျားအမြီးကိုမှတက်နင်းထားမိနေမှန်းကို မသိသေးဘူး။ လက်ရှိအချိန်မှာတော့ သူမဟာ စိတ်ပျက်စရာတွေ ကြုံနေရပါတယ်။
မင်းသားယွေ့က ဘယ်လောက်ထိ ကြောက်စရာကောင်းသည်ကို သိနေသော်လည်း သူမက စိတ်သဘောထားကို ပြသပိုင်ခွင့်ရှိသေးသည်။
ပုံမှန်အားဖြင့် သူမက အလွန်ဂရုမစိုက်ဘဲ ပြုမူတတ်သော်လည်း ရန်စခံလိုက်ရတဲ့အခါမှာတော့ အခြေအနေတွေကတင်းမာကုန်တယ်။
သူမက အိမ်မှာဆို မာနကြီးတဲ့ မင်းသမီးတစ်ယောက်ပဲ သူမနဲ့ပြဿနာဖြစ်တဲ့ သူမရဲပြိုင်ဘက်က ဘယ်သူလဲဆိုတာကို ထည့်စဥ်းစားနေစရာကိုမလိုဘူး။ အကယ်၍ ဒင်းက ဧကရာဇ်ဖြစ်နေရင်တောင် သူမ ခံပြောနေဦးမှာပဲ။
နင်ထမှာလား မထဘူးလား....ဘာလုပ်မှာလဲ? ငါဖိညှစ်ခံနေရတာကိုပျော်နေတယ်လို့များထင်နေတာလား? နင်တစ်ယောက်ယောက်ကို ဖိချင်တယ်ဆိုရင်လည်း တခြားယောကျ်ားတစ်ယောက်ကို သွားရှာလိုက်။ ငါက မိန်းမစိုး.....မိန်းမစိုးဟဲ့...နင်နားလည်ရဲ့လား!!?!
ဤတစ်ကြိမ်တွင် လဲ့ယောင်းယောင်း အမှန်တကယ်ပင် ဒေါသထွက်နေခဲ့သည်။ သူမရဲ့မျက်လုံးတွေက ပြူးကျယ်နေပြီး ၊ ပါးပြင်တွေက နီရဲလာကာ လည်ပင်းကလဲကြီးလာတယ်။ (tl: သူစိတ်ဆိုးတဲ့အခါ လည်ပင်းကြီးကြီးလာတယ်? lol..)
သေစမ်း ! ဒီလူဘာတွေများစားသောက်ထားလဲ မသိဘူး?လေးလိုက်တာမှ ဆင်ခန္ဓာကိုယ်ကြီးကျနေတာပဲ။ငါ့ကိုသေအောင်ဖိသတ်နေတာပဲ!
လန်ဂျင်းယွိ သတိပြန်လည်လာပြီး လဲ့ယောင်းယောင်းကို ငေါင်တောင်တောင်နဲ့ စိုက်ကြည့်နေသည်။ "မင်းဘာကိုပြောဖို့ကြိုးစားနေတာလဲ?"
နောက်ထပ်ယောကျ်ားတစ်ယောက်ကိုရှာလိုက်?သူ..သူငါ့ကိုခြောက်နေတယ်လို့ ပြောချင်တာလား? ငါယောကျ်ားတွေကိုပဲ စိတ်ဝင်စားတယ်ဆိုပြီးတော့လေ...!?
ဒါကိုကြားပြီးနောက် လန်ဂျင်းယွိရဲ့ မျက်နှာက ထိတ်လန့်သွားသည် ။ ထို့နောက် သူ့ရဲ့မျက်ခုံးတွေကိုကြုံ့လိုက်ပြီး သွေးဆာနေသော အရိုင်းအစိုင်းသတ္တဝါကြီးတစ်ကောင်လို လဲ့ယောင်းယောင်း ကို စိုက်ကြည့်နေတယ်။
ဒီမိန်းမစိုးလေးက ဘယ်လိုတောင် ငါ့ကိုခြောက်နေတယ်လို့ထင်ရဲရတာလဲ?!
အကယ်၍ သူ့နေရာမှာ တခြားသူသာဆိုရင် လန်ဂျင်းယွိ နေရာမှာတင် သတ်ပစ်လောက်ပြီ။
ဒါပေမယ့်...
လန်ဂျင်းယွိက နီရဲပြီးအငွေ့တွေထွက်နေတဲ့ မျက်နှာလေးကို ငုံ့ကြည့်လိုက်သည်။
"သူ" က မိန်းမစိုးလေးရောဟုတ်ရဲ့လား? ဒီလောက်လှတဲ့ မိန်းမစိုးလေးမျိုး တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှ မတွေ့ဖူးသေးဘူး။
သူ့ရဲ့ အသားအရေက ကျောက်စိမ်းဖြူလေးထက်တောင် ပိုချောမွေ့သေးတယ်။ သူ့မှာ ပန်းနုရောင် ပါးပြင်လေး ၊ မည်းနက်နေတဲ့ မျက်ခုံးလေး ၊အရည်ရွှန့်လဲ့နေတဲ့မျက်လုံးတစ်စုံနဲ့ ပြီးတော့ ဆွဲဆောင်မှုရှိတဲ့ ချယ်ရီရောင် နှုတ်ခမ်းဖူးဖူးလေးတစ်စုံရှိတယ်
ထိုနှုတ်ခမ်းလေးတွေက သူမြင်ဖူးသမျှထဲမှာ ဆွဲဆောင်မှုအရှိဆုံးပဲ။
နှုတ်ခမ်းအနားသတ်လေးတွေက ရှင်းသန့်နေရုံတင်မကဘူး အရောင်လေးကလည်း အရှေ့တိုင်း ချယ်ရီပန်းလေးအလားပဲ..... ရင်သပ်ရှုမောဖွယ်ကောင်းပြီး စိတ်ကြွလာအောင်ဆွဲဆောင်နိုင်တယ်။ သူ ထိုချယ်ရီရောင်နှုတ်ခမ်းလေးတွေကို မြည်းစမ်းကြည့်ချင်မိတယ်။ မြင်နေရသလိုမျိုးကော ချိုပါ့မလား...?
လန်ဂျင်းယွိ ပိုတွေးလေလေ သူ့ရဲ့တဏှာစိတ်တွေ ပိုကြွလာလေလေပဲ။သူ လဲ့ယောင်းယောင်းရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်တယ်..။
သူဒီအရာကို မသိစိတ်နဲ့ပြုလုပ်ခဲ့ပြီး သူ ဘယ်လောက်တောင် စိတ်ကြွနေတဲ့ ယုတ်မာပုံစံပေါက်လာလဲဆိုတာ သူကိုယ်တိုင်တောင် နားမလည်တော့ဘူး။
သူ နားမလည်ခဲ့ဘူးဆိုပေမယ့်လို့ လဲ့ယောင်းယောင်းလည်း အဲ့တာကိုမသိလိုက်ဘူးလို့ မဆိုလိုဘူးနော်။ နောက်ဆုံးတော့ သူ့အကြည့်တွေက ပူပြင်းတဲ့မီးတောက်တွေလို တောက်လောင်နေခဲ့တယ်။ မင်းသား ယွေ့ဟာ ဆာလောင်နေတဲ့သတ္တဝါအလား သူ့ရဲ့သားကောင်ကို ဆာလောင်နေတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့ပြီး အခွင့်သင့်တာနဲ့ အလဲထိုးပြီး တစ်ကောင်လုံးကိုမြိုချပစ်ဖို့ အသင့်ဖြစ်နေခဲ့တယ်။