အိမ်ပြန်လမ်းဟာတိတ်ဆိတ်စွာပင်။ ခြေကျင်းဝတ်ရှိအနွေးဓာတ်လေးမှာလတ်ဆတ်စွာပင်ရှိနေတုန်းဖြစ်၏။
ထိုအခိုက်တန့်ဝယ်ဖြတ်တိုက်သွားတဲ့လေပြေကအစနွေးထွေးနေခဲ့သည်။
" ငါမင်းကိုရည်းစားစကားပြောတာ "
အဲ့တာထပ်ဆင့်ပြောလာတဲ့စကားဖြစ်ပြီးနေသက်နွေးအတွက်တုံ့ပြန်ဖို့ဘယ်လိုမှမတက်နိုင်ခဲ့ပါချေ ။ ရင်ထဲတလှပ်လှပ်ဖြင့်ပူနွေးလာသောသွေးနဲ့ခြားနားစွာလက်ဖျားထိပ်ကလေးတွေကတော့အေးစက်လျက်ပင်။
' အချစ် ' ဟူသောဝေါဟာရ အတွက်သူ့မယ်မတွေးတောတက်။ ခေါင်းလေးစောင်းရင်းထိုလူ၏နောက်ကျောကိုငေးကြည့်ရင်းကနေပဲ အတွေးပါးပါးလေးတွေခေါင်းထဲဟိုသည်ဖြတ်ဝင်လာရချေသည်။
ဆိုင်ကယ်ကတော့အိမ်ရှိရာဆီအရှိန်မှန်မှန်ဖြင့်ဘီးလှိမ့်နေဆဲဖြစ်ကာ
ချောင်းနှင့်သစ်ပင်ရိပ်တွေအားတဖြေးဖြေးကျော်ဖြတ်ရင်းသောက်နေကျ အအေးဆိုင်လေးကလည်းခုံတွေမှောက်လို့ပိတ်သိမ်းသွားပြီဖြစ်သည်။
အရာရာဟာတိတ်ဆိတ်လို့ ကောင်းကင်ယံဝယ်အလင်းအသေးအမွှားသာကျန်ရှိနေ၏။ နေသက်နွေးခြေ ချောင်းလေးတွေအားမကြာခဏဆိုသလိုကုတ်ကြည့်ရင်း အဲ့သည့်အထိအတွေ့လေးကို ပြန်ရစ်နေမိသည်။
လူဖြစ်ရှုံးတယ်လို့အများကသမုတ်တဲ့သူ့ဘဝတွင်အဖိုးတန်ရတနာလေးကောက်ရလိုက်သလိုမျိုး၊ နေပူနေချိန်သစ်ပင်ရိပ်ကလေးတွေ့လိုက်ရသလိုမျိုး။
ဟုတ်ပါရဲ့ ။
ဒီလူဟာ သစ်ပင်ကလေး။ မဟုတ်ရင်ဘာကြောင့်များဒီလောက်အေးချမ်းစေပါ့မလဲ။
ရင်းနှီးနေတဲ့ပတ်ဝန်းကျင်ရဲ့မြင်ကွင်းအရအိမ်ပြန်ရောက်ပြီဆိုတာသိလိုက်ရသည်။ ဆိုင်ကယ်ဒေါင့်ထောက်ပြီးတာနှင့်ကျော်ဇေယံထွဋ်နေသက်နွေးအား ဦးထုပ်ကြိုးဖြည်ပေးလေသည် ။
" ရေမိုးချိုးပြီး ထမင်းစား။ ပြီးရင် နားတော့ "
သူ့အသံမှာပုံမှန်ဖြစ်ကာပတ်ဝန်းကျင်တွင်အမှောင်ရိပ်တွေမြူးကူးနေတာမို့ကျော်ဇေယံထွဋ်၏မျက်နှာအနေအထားအားမမြင်ရချေ။
" အ.... အဆင်... အဆင်ပြေလား... ဟင် ~ "
" ဘာကိုမေးတာတုန်း "
ကျော်ဇေယံထွဋ်၏အသံမှာအနည်းငယ်အက်ကွဲနေကာယခင်နှင့်မတူပေ။ နေသက်နွေးအလိုလိုကိုခံစားနေမိ၏။
" အမေနဲ့က ဒီတိုင်စကားနည်းနည်းများကြရုံပါ ။ မင်းစိတ်မပူပါနဲ့ ။ ငါ့ကိုဘယ်တော့အဖြေပြန်ပေးမှာလည်းသာတွေးထား ကောင်လေး "
ရုတ်တရက်ထိုစကားမှာမထင်မှတ်ထားတာကြောင့်နေသက်နွေး၏မျက်နှာလေးမှာရဲခနဲ။ ရှက်သည်းခြင်းသည်မွေးရာပါအတက်ဖြစ်ကာ၊ဖယ်ထုတ်မရသောဗီဇလည်းဖြစ်၏။
~
အန်တီမြင့်၏အသံတုန်တုန်ကြောင့်နေသက်နွေးခဏတော့တွန့်သွားမိချေသည်။ ဒီနေ့က တနဂ်နွေနေ့ဖြစ်ကာအိမ်တွင်လူစုံနေ၏။ ဆန်စက်ကိုနောက်ကျမှသွားရမည့်ရက်ဖြစ်ကာ၊ထမင်းချိုင့်ကိုလည်းစောင့်ရသည်မို့။
" ငါမသေခင်လေးနင့်ကို ပြည့်ပြည့်စုံစုံလေးမြင်သွားချင်လို့ ကျော်ဇေယံထွဋ်ရယ် "
" သားမယားနဲ့မပြည့်စုံတဲ့လူတွေလည်းလောကမှာဒုနဲ့ဒေးပါပဲအမေရယ်။ သားဘက်ကိုလည်းငဲ့ပါအုံး "
" ငါက နင့်အမေပါ ။ နင့်ကိုတော့ပြာပုံတိုးခိုင်းမလား ! "
" ဘာပဲဖြစ်ဖြစ် လက်ထပ်ဖို့ကို သားငြင်းတယ် အမေ "
မျက်မှာလွှဲချလိုက်သောအခါလိုက်ကာနောက်ကွယ်မှနေသက်နွေးအားမြင်တွေ့လိုက်သည်နှင့်ထိုလူ၏မျက်နှာမှာတမျိုးပြောင်းလဲသွား၏။
လက်ထပ်မှာ ။
နေသက်နွေးခေါင်းကိုဆက်တိုက်ဆိုသလိုစောင်းလိုက်မိခြင်းကိုတောင်သတိမမူလိုက်မိချေ ။
" ငါသေမှပဲအေးမှာ! "
အန်တီမြင့်၏နောက်ဆုံးစကားဖြစ်ကာ၊သွေးအေးရန်ပွဲမှာအနိုင်၊အရှုံးမပေါ်ပါပဲပြီးဆုံးသွားခဲ့ချေသည်။
ထိုလူကတော့နေရာတွင်ရပ်နေဆဲ ဖြစ်ကာစိတ်ပျက်အားလျှော့စွာခေါင်းကိုငုံ့ထား၏။ အိပ်ရေးပျက်ခြင်းကြောင့်လားတော့မသိပေမဲ့၊ထိုလူ၏မျက်လုံးနားတဝှိုက်တွင်အညိုကွင်းကြီးဖြစ်လို့တောက်ပခြင်းတွေမှာလည်းပျောက်ဆုံးနေခဲ့သည် ။
ငှက်ဆိုးလေး၏ သစ်ကိုင်းလေးခြောက်သွေ့စပြုနေပြီဖြစ်သည်။
နာရီသံတဂျက်ဂျက်ဟာမကြားတကြားဖြင့်လည်နေခိုက်၊အိမ်ရှေ့မှစျေးသည်တစ်ဦး၏စုံနေအောင်အော်ရောင်းသံဟာလည်းဝိုးတဝါးလိုပင်။
ဘယ်အရာမှအတိကျမရှိသလိုမျိုး။
" ငါနဲ့ခဏလိုက်ခဲ့ နွေး ... "
" ဘယ်... ဘယ်ကို... ဘယ်လိုလဲဟင်"
" ဖြစ်နိုင်ရင် ကမ္ဘာ့အပြင်ဘက်အထိပဲ နွေး ! "
ထိုစကားမှာစနောက်ကျီစယ်ဟန်အလျဥ်းမပါဝင်ချေ။ တကယ်ကိုအဝေးကိုထွက်ပြေးချင်နေတဲ့ထိုလူရဲ့အကြည့်တွေကြားနေသက်နွေးလက်ဖဝါးအားယုံယုံကြည်ကြည်ပင်အပ်နှင်းလိုက်မိသည် ။
သစ်ကိုင်းလေးကငိုရိူက်လို့တိုးတိတ်စွာပြော၏။
ငှက်ဆိုးလေးရေ ~ ငါ့ကိုဖက်ထားပါအုံးဟူ၍ ။
~
စမ်းချောင်းလေးတစ်ခုဖြစ်ချေသည်။ အောက်တွင်ကျောက်စလစ်ခဲတွေရှိနေကာ၊ချောင်းမကြီးမှခွဲထွက်စီးဆင်းသောစမ်းချောင်းသေးသေးဖြစ်၏။
တဖျောဖျောဖြင့်စမ်းချောင်းလေး၏စီးဆင်းသံမှာနာပျော်ဖွယ်။ ငှက်သံတကျီကျီမှာအဆက်မပြက်ဖြစ်ကာပဲနုတ်သမအချို့အားနေရာမှလှမ်းမြင်နေရချေသည် ။
" ငါ့အဖေက တံငါအလုပ်ကိုသိပ်ဝါသနာပါတာ ။ နောက်ဆုံးတော့လည်း သူ့ဘဝငါးတွေကြားမှာပဲအဆုံးသတ်ခဲ့ရတာပဲ "
ကွန်ပိုက်အသေးလေးအားထမ်းလို့ပြုံးကာထွက်သွားသောအဖေမှာ မုန်တိုင်းမိလို့ ငါးရက်အကြာမှရုပ်လုံးမပေါ်သောရုပ်ကလာဘ်အားကမ်းတွင်ပြန်တွေ့ခဲ့ရသည် ။
" ငါနဲ့ငါ့အမေ ဘိုဖြူရဲ့ 'အဖေ ' ဆိုတဲ့သီချင်း နားစွန်နားဖျားကြားမိရင်တောင် တစ်ယောက်နဲ့တစ်ယောက်မသိအောင်ကြိတ်ငိုခဲ့ရတာလေ"
ပြောနေရင်းကျော်ဇေယံထွဋ်၏မျက်ဝန်းတွေမှာနီရဲတက်လာချေသည်။ နေသက်နွေးခေါင်းလေးတစ်ချက်စောင်းရင်း ကိုယ််အားထိုလူဘက်လှည့်လိုက်ချေသည် ။
" ဖက်... ဖက်.... ဖက်ထားပေးမယ်"
" အင်း မင်းဖက်ထားပေးမှပဲရတော့မယ် "
ခါးကိုညွှတ်ချကာခပ်နိမ့်နိမ့်ပခုံးလေးထံမေးတင်လို့၊ ခါးသေးသေးအားဆွဲကာရင်ခွင်တွင်းပွေ့ဖက်လိုက်တော့ အထိတွေ့မှာနူးနူးညက်ညက်အိအိစက်စက်။
ကျောပြင်ကျယ်အားလက်ဖဝါးတွေဖြင့်ပွတ်သပ်ပေးရင်း ပခုံးထက်မှစိမ့်ခနဲစိုစွတ်မှုအားခံစားမိလိုက်တဲ့ခဏ နေသက်နွေးဘဝတွင် ပထမဦးဆုံးအကြိမ်ပြင်တွင်း၊ပြင်ပထိခိုက်မှုမရှိပဲနာကျင်ရခြင်းဖြစ်သည်။
" နွေး ... "
" ဟင် ... "
" ငါတော့ မင်းမရှိရင်မဖြစ်တော့ဘူးထင်တယ် "
~
ထိုအကြောင်းကိစ္စနှင့်အန်တီမြင့်နှင့်ထိူလူမှာစကားမပြောကြချေ ။ ထမင်းဝိုင်းဟာအေးစက်လို့ စကားသံတွေမှာဆိတ်ငြိမ်နေ၏။
" ဘဲဥကို အနှစ်ပါစား "
အထဲမှအနှစ်အဝါတွေအားဘေးသို့ပုံတော့မည်ကိုမြင်တာနှင့်ကျော်ဇေယံထွဋ်လှမ်းဟောက်လေသည် ။
နေသက်နွေးခေါင်းစောင်းလိုက်တော့လူကတွန့်ခနဲ ။ ငယ်စဥ်ကတည်းကအမုန်းစားလာရတာမို့ အရသာကိုပင်မနှစ်မြို့ချင်သလိုဖြစ်နေပြီဖြစ်သည်။
" နလန်ထတွေဆိုတာ အဟာရ ရှိတာတွေစားရတယ် ။ မင်းကတဖြေးဖြေး အဘိုးကြီးအိုလေးလိုဖြစ်နေပြီ "
နေသက်နွေး လက်သန်းလောက်ရှိသောအားဆေးတွေနေ့တိုင်းသောက်တာတောင်မှအစာစားချင်စိတ်ကဝင်မလာချေ ။ ထမင်းစားတိုင်း ကျော်ဇေယံထွဋ်ဆီမှအဆူခံရစမြဲ ။
" မ.. မစားချင် ...တော့ဘူး "
" သေးထွက်က အရင်လိုမဟုတ်တော့ဘူး ။ နည်းနည်းလေးဆိုးလာပြီ "
နေသက်နွေး၏နှုတ်ခမ်းပါးလေးထော်သွားတာမြင်တော့အခုရက်ပိုင်း မြင်ရခဲတဲ့အပြုံးလေးအားရုတ်ချည်းပြန်မြင်လိုက်ရ၏။
" ညနေ မင်းကြိုက်တဲ့ အာပုံလိုက်ဝယ်ကျွေးမယ်။ပန်းကန်ထဲကထမင်းကိုကုန်အောင်စား "
ဆရာဝန်ပီပီထိုကဲ့သို့အစွယ်တရားဟောကတော့တော်လေသည်။ထိုလူ၏အိတ်ထောင်တွေထဲအမြဲလိုသကြားလုံးတွေရှိနေတက်ပြီးကလေးလူနာလေးတွေဆိုအနှီသကြားလုံးတွေနှင့်မြူစွယ်တာဖြစ်၏။
" နွေး ... "
နေသက်နွေးလှည့်ကြည့်လိုက်စဥ်ထိုလူမှာ ထမင်းဝိုင်း၏အစွန်းအားလက်မဖြင့်ဖိချေနေလေသည်။
" မင်းငါ့ကို အဖြေလေးမြန်မြန်ပေးလို့ရမလား ။ ငါမင်းရဲ့သဘောထားကိုမသိပဲရှေ့ဆက်မတိုးချင်သလို ၊ မင်းရဲ့သဘောထားကိုမသိပဲလည်း နောက်မဆုတ်ချင်ဘူး "
နေသက်နွေးပန်းကန်ပြားအားလက်ဖြင့်တင်းတင်းလေးဖိကိုင်ထားမိကာခေါင်းလေးမှာလည်းဆက်ခနဲ။
" မနက်ဖြန် ငါယူရမဲ့ကောင်မလေးရောက်လာတော့မှာ "
ရင်ဘက်ထဲက ထပ်နာပြန်ပြီ။
~
စာရေးဟန်ပြောင်းထားပါတယ် ။ သည်နဲ့တယ်ကိုပါ။ရှေ့ပိုင်းတွေကိုယ်နည်းနည်းချင်းဆီပြန်ပြင်လိုက်ပါ့မယ်~♥
Zawgyi Version.
အိမ္ျပန္လမ္းဟာတိတ္ဆိတ္စြာပင္။ ေျခက်င္းဝတ္ရွိအႏြေးဓာတ္ေလးမွာလတ္ဆတ္စြာပင္ရွိေနတုန္းျဖစ္၏။
ထိုအခိုက္တန့္ဝယ္ျဖတ္တိုက္သြားတဲ့ေလေျပကအစႏြေးေထြးေနခဲ့သည္။
" ငါမင္းကိုရည္းစားစကားေျပာတာ "
အဲ့တာထပ္ဆင့္ေျပာလာတဲ့စကားျဖစ္ၿပီးေနသက္ႏြေးအတြက္တုံ႕ျပန္ဖို႔ဘယ္လိုမွမတက္နိုင္ခဲ့ပါေခ် ။ ရင္ထဲတလွပ္လွပ္ျဖင့္ပူႏြေးလာေသာေသြးနဲ႕ျခားနားစြာလက္ဖ်ားထိပ္ကေလးေတြကေတာ့ေအးစက္လ်က္ပင္။
' အခ်စ္ ' ဟူေသာေဝါဟာရ အတြက္သူ႕မယ္မေတြးေတာတက္။ ေခါင္းေလးေစာင္းရင္းထိုလူ၏ေနာက္ေက်ာကိုေငးၾကည့္ရင္းကေနပဲ အေတြးပါးပါးေလးေတြေခါင္းထဲဟိုသည္ျဖတ္ဝင္လာရေခ်သည္။
ဆိုင္ကယ္ကေတာ့အိမ္ရွိရာဆီအရွိန္မွန္မွန္ျဖင့္ဘီးလွိမ့္ေနဆဲျဖစ္ကာ
ေခ်ာင္းႏွင့္သစ္ပင္ရိပ္ေတြအားတေျဖးေျဖးေက်ာ္ျဖတ္ရင္းေသာက္ေနက် အေအးဆိုင္ေလးကလည္းခုံေတြေမွာက္လို႔ပိတ္သိမ္းသြားၿပီျဖစ္သည္။
အရာရာဟာတိတ္ဆိတ္လို႔ ေကာင္းကင္ယံဝယ္အလင္းအေသးအမႊားသာက်န္ရွိေန၏။ ေနသက္ႏြေးေျခ ေခ်ာင္းေလးေတြအားမၾကာခဏဆိုသလိုကုတ္ၾကည့္ရင္း အဲ့သည့္အထိအေတြ႕ေလးကို ျပန္ရစ္ေနမိသည္။
လူျဖစ္ရႈံးတယ္လို႔အမ်ားကသမုတ္တဲ့သူ႕ဘဝတြင္အဖိုးတန္ရတနာေလးေကာက္ရလိုက္သလိုမ်ိဳး၊ ေနပူေနခ်ိန္သစ္ပင္ရိပ္ကေလးေတြ႕လိုက္ရသလိုမ်ိဳး။
ဟုတ္ပါရဲ႕ ။
ဒီလူဟာ သစ္ပင္ကေလး။ မဟုတ္ရင္ဘာေၾကာင့္မ်ားဒီေလာက္ေအးခ်မ္းေစပါ့မလဲ။
ရင္းႏွီးေနတဲ့ပတ္ဝန္းက်င္ရဲ႕ျမင္ကြင္းအရအိမ္ျပန္ေရာက္ၿပီဆိုတာသိလိုက္ရသည္။ ဆိုင္ကယ္ေဒါင့္ေထာက္ၿပီးတာႏွင့္ေက်ာ္ေဇယံထြဋ္ေနသက္ႏြေးအား ဦးထုပ္ႀကိဳးျဖည္ေပးေလသည္ ။
" ေရမိုးခ်ိဳးၿပီး ထမင္းစား။ ၿပီးရင္ နားေတာ့ "
သူ႕အသံမွာပုံမွန္ျဖစ္ကာပတ္ဝန္းက်င္တြင္အေမွာင္ရိပ္ေတြျမဴးကူးေနတာမို႔ေက်ာ္ေဇယံထြဋ္၏မ်က္ႏွာအေနအထားအားမျမင္ရေခ်။
" အ.... အဆင္... အဆင္ေျပလား... ဟင္ ~ "
" ဘာကိုေမးတာတုန္း "
ေက်ာ္ေဇယံထြဋ္၏အသံမွာအနည္းငယ္အက္ကြဲေနကာယခင္ႏွင့္မတူေပ။ ေနသက္ႏြေးအလိုလိုကိုခံစားေနမိ၏။
" အေမနဲ႕က ဒီတိုင္စကားနည္းနည္းမ်ားၾက႐ုံပါ ။ မင္းစိတ္မပူပါနဲ႕ ။ ငါ့ကိုဘယ္ေတာ့အေျဖျပန္ေပးမွာလည္းသာေတြးထား ေကာင္ေလး "
႐ုတ္တရက္ထိုစကားမွာမထင္မွတ္ထားတာေၾကာင့္ေနသက္ႏြေး၏မ်က္ႏွာေလးမွာရဲခနဲ။ ရွက္သည္းျခင္းသည္ေမြးရာပါအတက္ျဖစ္ကာ၊ဖယ္ထုတ္မရေသာဗီဇလည္းျဖစ္၏။
~
အန္တီျမင့္၏အသံတုန္တုန္ေၾကာင့္ေနသက္ႏြေးခဏေတာ့တြန့္သြားမိေခ်သည္။ ဒီေန႕က တနဂ္ႏြေေန႕ျဖစ္ကာအိမ္တြင္လူစုံေန၏။ ဆန္စက္ကိုေနာက္က်မွသြားရမည့္ရက္ျဖစ္ကာ၊ထမင္းခ်ိဳင့္ကိုလည္းေစာင့္ရသည္မို႔။
" ငါမေသခင္ေလးနင့္ကို ျပည့္ျပည့္စုံစုံေလးျမင္သြားခ်င္လို႔ ေက်ာ္ေဇယံထြဋ္ရယ္ "
" သားမယားနဲ႕မျပည့္စုံတဲ့လူေတြလည္းေလာကမွာဒုနဲ႕ေဒးပါပဲအေမရယ္။ သားဘက္ကိုလည္းငဲ့ပါအုံး "
" ငါက နင့္အေမပါ ။ နင့္ကိုေတာ့ျပာပုံတိုးခိုင္းမလား ! "
" ဘာပဲျဖစ္ျဖစ္ လက္ထပ္ဖို႔ကို သားျငင္းတယ္ အေမ "
မ်က္မွာလႊဲခ်လိဳက္ေသာအခါလိုက္ကာေနာက္ကြယ္မွေနသက္ႏြေးအားျမင္ေတြ႕လိုက္သည္ႏွင့္ထိုလူ၏မ်က္ႏွာမွာတမ်ိဳးေျပာင္းလဲသြား၏။
လက္ထပ္မွာ ။
ေနသက္ႏြေးေခါင္းကိုဆက္တိုက္ဆိုသလိုေစာင္းလိုက္မိျခင္းကိုေတာင္သတိမမူလိုက္မိေခ် ။
" ငါေသမွပဲေအးမွာ! "
အန္တီျမင့္၏ေနာက္ဆုံးစကားျဖစ္ကာ၊ေသြးေအးရန္ပြဲမွာအနိုင္၊အရႈံးမေပၚပါပဲၿပီးဆုံးသြားခဲ့ေခ်သည္။
ထိုလူကေတာ့ေနရာတြင္ရပ္ေနဆဲ ျဖစ္ကာစိတ္ပ်က္အားေလွ်ာ့စြာေခါင္းကိုငုံ႕ထား၏။ အိပ္ေရးပ်က္ျခင္းေၾကာင့္လားေတာ့မသိေပမဲ့၊ထိုလူ၏မ်က္လုံးနားတဝွိုက္တြင္အညိုကြင္းႀကီးျဖစ္လို႔ေတာက္ပျခင္းေတြမွာလည္းေပ်ာက္ဆုံးေနခဲ့သည္ ။
ငွက္ဆိုးေလး၏ သစ္ကိုင္းေလးေျခာက္ေသြ႕စျပဳေနၿပီျဖစ္သည္။
နာရီသံတဂ်က္ဂ်က္ဟာမၾကားတၾကားျဖင့္လည္ေနခိုက္၊အိမ္ေရွ႕မွေစ်းသည္တစ္ဦး၏စုံေနေအာင္ေအာ္ေရာင္းသံဟာလည္းဝိုးတဝါးလိုပင္။
ဘယ္အရာမွအတိက်မရွိသလိုမ်ိဳး။
" ငါနဲ႕ခဏလိုက္ခဲ့ ႏြေး ... "
" ဘယ္... ဘယ္ကို... ဘယ္လိုလဲဟင္"
" ျဖစ္နိုင္ရင္ ကမၻာ့အျပင္ဘက္အထိပဲ ႏြေး ! "
ထိုစကားမွာစေနာက္က်ီစယ္ဟန္အလ်ဥ္းမပါဝင္ေခ်။ တကယ္ကိုအေဝးကိုထြက္ေျပးခ်င္ေနတဲ့ထိုလူရဲ႕အၾကည့္ေတြၾကားေနသက္ႏြေးလက္ဖဝါးအားယုံယုံၾကည္ၾကည္ပင္အပ္ႏွင္းလိုက္မိသည္ ။
သစ္ကိုင္းေလးကငိုရိူက္လို႔တိုးတိတ္စြာေျပာ၏။
ငွက္ဆိုးေလးေရ ~ ငါ့ကိုဖက္ထားပါအုံးဟူ၍ ။
~
စမ္းေခ်ာင္းေလးတစ္ခုျဖစ္ေခ်သည္။ ေအာက္တြင္ေက်ာက္စလစ္ခဲေတြရွိေနကာ၊ေခ်ာင္းမႀကီးမွခြဲထြက္စီးဆင္းေသာစမ္းေခ်ာင္းေသးေသးျဖစ္၏။
တေဖ်ာေဖ်ာျဖင့္စမ္းေခ်ာင္းေလး၏စီးဆင္းသံမွာနာေပ်ာ္ဖြယ္။ ငွက္သံတက်ီက်ီမွာအဆက္မျပက္ျဖစ္ကာပဲႏုတ္သမအခ်ိဳ႕အားေနရာမွလွမ္းျမင္ေနရေခ်သည္ ။
" ငါ့အေဖက တံငါအလုပ္ကိုသိပ္ဝါသနာပါတာ ။ ေနာက္ဆုံးေတာ့လည္း သူ႕ဘဝငါးေတြၾကားမွာပဲအဆုံးသတ္ခဲ့ရတာပဲ "
ကြန္ပိုက္အေသးေလးအားထမ္းလို႔ၿပဳံးကာထြက္သြားေသာအေဖမွာ မုန္တိုင္းမိလို႔ ငါးရက္အၾကာမွ႐ုပ္လုံးမေပၚေသာ႐ုပ္ကလာဘ္အားကမ္းတြင္ျပန္ေတြ႕ခဲ့ရသည္ ။
" ငါနဲ႕ငါ့အေမ ဘိုျဖဴရဲ႕ 'အေဖ ' ဆိုတဲ့သီခ်င္း နားစြန္နားဖ်ားၾကားမိရင္ေတာင္ တစ္ေယာက္နဲ႕တစ္ေယာက္မသိေအာင္ႀကိတ္ငိုခဲ့ရတာေလ"
ေျပာေနရင္းေက်ာ္ေဇယံထြဋ္၏မ်က္ဝန္းေတြမွာနီရဲတက္လာေခ်သည္။ ေနသက္ႏြေးေခါင္းေလးတစ္ခ်က္ေစာင္းရင္း ကိုယ္္အားထိုလူဘက္လွည့္လိုက္ေခ်သည္ ။
" ဖက္... ဖက္.... ဖက္ထားေပးမယ္"
" အင္း မင္းဖက္ထားေပးမွပဲရေတာ့မယ္ "
ခါးကိုၫႊတ္ခ်ကာခပ္နိမ့္နိမ့္ပခုံးေလးထံေမးတင္လို႔၊ ခါးေသးေသးအားဆြဲကာရင္ခြင္တြင္းေပြ႕ဖက္လိုက္ေတာ့ အထိေတြ႕မွာႏူးႏူးညက္ညက္အိအိစက္စက္။
ေက်ာျပင္က်ယ္အားလက္ဖဝါးေတြျဖင့္ပြတ္သပ္ေပးရင္း ပခုံးထက္မွစိမ့္ခနဲစိုစြတ္မႈအားခံစားမိလိုက္တဲ့ခဏ ေနသက္ႏြေးဘဝတြင္ ပထမဦးဆုံးအႀကိမ္ျပင္တြင္း၊ျပင္ပထိခိုက္မႈမရွိပဲနာက်င္ရျခင္းျဖစ္သည္။
" ႏြေး ... "
" ဟင္ ... "
" ငါေတာ့ မင္းမရွိရင္မျဖစ္ေတာ့ဘူးထင္တယ္ "
~
ထိုအေၾကာင္းကိစၥႏွင့္အန္တီျမင့္ႏွင့္ထိူလူမွာစကားမေျပာၾကေခ် ။ ထမင္းဝိုင္းဟာေအးစက္လို႔ စကားသံေတြမွာဆိတ္ၿငိမ္ေန၏။
" ဘဲဥကို အႏွစ္ပါစား "
အထဲမွအႏွစ္အဝါေတြအားေဘးသို႔ပုံေတာ့မည္ကိုျမင္တာႏွင့္ေက်ာ္ေဇယံထြဋ္လွမ္းေဟာက္ေလသည္ ။
ေနသက္ႏြေးေခါင္းေစာင္းလိုက္ေတာ့လူကတြန့္ခနဲ ။ ငယ္စဥ္ကတည္းကအမုန္းစားလာရတာမို႔ အရသာကိုပင္မႏွစ္ၿမိဳ႕ခ်င္သလိုျဖစ္ေနၿပီျဖစ္သည္။
" နလန္ထေတြဆိုတာ အဟာရ ရွိတာေတြစားရတယ္ ။ မင္းကတေျဖးေျဖး အဘိုးႀကီးအိုေလးလိုျဖစ္ေနၿပီ "
ေနသက္ႏြေး လက္သန္းေလာက္ရွိေသာအားေဆးေတြေန႕တိုင္းေသာက္တာေတာင္မွအစာစားခ်င္စိတ္ကဝင္မလာေခ် ။ ထမင္းစားတိုင္း ေက်ာ္ေဇယံထြဋ္ဆီမွအဆူခံရစၿမဲ ။
" မ.. မစားခ်င္ ...ေတာ့ဘူး "
" ေသးထြက္က အရင္လိုမဟုတ္ေတာ့ဘူး ။ နည္းနည္းေလးဆိုးလာၿပီ "
ေနသက္ႏြေး၏ႏႈတ္ခမ္းပါးေလးေထာ္သြားတာျမင္ေတာ့အခုရက္ပိုင္း ျမင္ရခဲတဲ့အၿပဳံးေလးအား႐ုတ္ခ်ည္းျပန္ျမင္လိုက္ရ၏။
" ညေန မင္းႀကိဳက္တဲ့ အာပုံလိုက္ဝယ္ေကြၽးမယ္။ပန္းကန္ထဲကထမင္းကိုကုန္ေအာင္စား "
ဆရာဝန္ပီပီထိုကဲ့သို႔အစြယ္တရားေဟာကေတာ့ေတာ္ေလသည္။ထိုလူ၏အိတ္ေထာင္ေတြထဲအၿမဲလိုသၾကားလုံးေတြရွိေနတက္ၿပီးကေလးလူနာေလးေတြဆိုအႏွီသၾကားလုံးေတြႏွင့္ျမဴစြယ္တာျဖစ္၏။
" ႏြေး ... "
ေနသက္ႏြေးလွည့္ၾကည့္လိုက္စဥ္ထိုလူမွာ ထမင္းဝိုင္း၏အစြန္းအားလက္မျဖင့္ဖိေခ်ေနေလသည္။
" မင္းငါ့ကို အေျဖေလးျမန္ျမန္ေပးလို႔ရမလား ။ ငါမင္းရဲ႕သေဘာထားကိုမသိပဲေရွ႕ဆက္မတိုးခ်င္သလို ၊ မင္းရဲ႕သေဘာထားကိုမသိပဲလည္း ေနာက္မဆုတ္ခ်င္ဘူး "
ေနသက္ႏြေးပန္းကန္ျပားအားလက္ျဖင့္တင္းတင္းေလးဖိကိုင္ထားမိကာေခါင္းေလးမွာလည္းဆက္ခနဲ။
" မနက္ျဖန္ ငါယူရမဲ့ေကာင္မေလးေရာက္လာေတာ့မွာ "
ရင္ဘက္ထဲက ထပ္နာျပန္ၿပီ။
~
စာေရးဟန္ေျပာင္းထားပါတယ္ ။ သည္နဲ႕တယ္ကိုပါ။ေရွ႕ပိုင္းေတြကိုယ္နည္းနည္းခ်င္းဆီျပန္ျပင္လိုက္ပါ့မယ္~