အငြိမ်းစားဗီလိန်မမှ အမြှောက်စ...

By Cup-Of-Luckiness

163K 21.5K 915

အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေ... More

Story Description
RVTIACF Chapter-(1)
RVTIACF Chapter-(2)
RVTIACF Chapter-(3)
RVTIACF Chapter-(4)
RVTIACF Chapter-(5)
RVTIACF Chapter-(6)
RVTIACF Chapter-(7)
RVTIACF Chapter-(8)
RVTIACF Chapter-(9)
RVTIACF Chapter-(10)
RVTIACF Chapter-(11)
RVTIACF Chapter-(12)
RVTIACF Chapter-(13)
RVTIACF Chapter-(14)
RVTIACF Chapter-(15)
RVTIACF chapter-(16)
RVTIACF Chapter-(18)
RVTIACF chapter-(19)
RVTIACF chapter-(20)
RVTIACF chapter(21)
RVTIACF chapter-(22)
RVTIACF chapter-(23)
RVTIACF chapter-(24)
RVTIACF chapter-(25)
RVTICF Chapter-(26)
RVTIACF chapter-(27)
RVTIACF chapter-(28)
RVTCF Chapter-(29)
RVTIACF chapter-(30)
RVTIACF chapter-(31)
RVTIACF Chapter-(32)
RVTIACF chapter-(33)
RVTIACF Chapter-34
RVTIACF chapter-(35)
RVTIACF Chapter-(36)
RVTIACF chapter-(37)
RVTIACF chapter-38
RVTIACF Chapter-(39)
RVTIACF Chapter-(40)
RVTIACF Chapter-(41)
RVTIACF Chapter-(42)
RVTIACF Chapter-(43)
RVTIACF Chapter-(44+45)
RVTIACF Chapter-(46)
RVTIACF Chapter-(47)
RVTIACF Chapter-(48)
RVTIACF Chapter-(49)
RVTIACF Chapter-(50)
RVTIACF Chapter-(51 + 52)
RVTIACF Chapter-(53)🍭
RVTIACF Chapter-(54)
RVTIACF Chapter-(55)
RVTIACF Chapter-(56)
RVTIACF Chapter-(57)
RVTIACF-(58)
RVTIACF-(59)

RVTIACF chapter-(17)

3.2K 483 23
By Cup-Of-Luckiness

CHAPTER-(17)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

"အိုကေ သမီးသင်ချင်တာမှန်သမျှ မေမေသင်ပေးမယ်။ သမီးကုမ္ပဏီတစ်ခုကို အုပ်ချုပ်နိုင်ဖို့ လေ့ကျင့်မှုတွေလိုတယ်။ ရှောင်းမိသားစုကိုတွေ့ဆုံတဲ့အခါ ဘာလို့မကူညီခိုင်းရမှာလဲ? သူတို့နဲ့ဆက်သွယ်တာရော၊ အထူးလက်ထောက်လင်းနဲ့ ချိန်းတဲ့အခါရောသမီးမှာ တာဝန်ရှိလာလိမ့်မယ်။

အလုပ်အစည်းအဝေးရှိလာရင် လိုက်ခဲ့ပြီးမှတ်တမ်းယူ၊ ပြီးရင်လည်း ပရောဂျက်နဲ့ဆက်နွယ်တဲ့အစီအစဥ်တွေ အကြမ်းဆွဲပြီးလုပ်စရာတွေကို သီးသန့်လုပ်ပေါ့။ မေမေက ပရောဂျက်ကိုသေချာကြည့်ပေးပြီး တုံ့ပြန်ချက်ပေးမယ်လေ။"

ဒါတွေအားလုံးက အလုပ်ပရောဂျက်ရဲ့အခြေခံအကျဆုံးအဆင့်တွေ ဖြစ်သည်။ မခက်ခဲပေမယ့် ဒါတွေကိုလုပ်ရင်းသူမ ပရောဂျက်နဲ့ဆက်နွယ်တဲ့အရာတိုင်းကို ရှင်းရှင်းလင်းလင်းနားလည်နိုင်လာမည် ဖြစ်သည်။

သူမ အစကနေအဆုံးအထိ ဖန်ချင်းနောက်ကလိုက်ပြီး ပရောဂျက်ရဲ့အဆင့်တိုင်းကို မှတ်တမ်းယူရင်း ပရောဂျက်ပြီးသွားတာနဲ့ပျော်ရွှင်မှုနဲ့ အလုပ်ကြိုးစားမှူကို တစ်ပြိုင်တည်းခံစားတော့မည်။ဒါချူရှောင်းကြီးပြင်းလာဖို့ တကယ်အသင့်တော်ဆုံး နည်းလမ်းတွေပင်။

ချူရှောင်းသူမခေါင်းကို ပျော်ပျော်ကြီးငြိမ့်ကာ

"အိုကေ! သမီးအတွင်းရေးမှူးလုကို အစည်းအဝေးတွေ ဘယ်လိုမှတ်တမ်းယူရမယ်ဆိုတာနဲ့ ရှောင်းမိသားစုနဲ့ ဆက်သွယ်တဲ့အခါဘယ်လို ကာကွယ်မှူတွေလုပ်ထားရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေမေးလိုက်မယ်။

ချူရှောင်းသူမရဲ့နို့လက်ဖက်ရည်ခွက် တစ်ဝက်ကိုခပ်မြန်မြန်သောက်ပြီး လက်တော့ပ်နှိပ်ရင်း အတွင်းရေးမှူးရုံးခန်းဆီသို့ အပြေးလေးလစ်တော့သည်။ ဖန်ချင်းလည်းခေါင်းယမ်းကာ ရယ်၏။

"ပြောတဲ့အတိုင်း လုပ်တာပဲ။"

ချူတုံ့ချီတစ်ယောက် ဆိုဖာကိုမှီကာ လက်ဖက်ရည်တစ်ငုံစာသောက်ရင်း မျက်လုံးများကျဥ်းမိတော့၏။

"တို့သမီးက ကောင်းကောင်းလုပ်နေတာပဲ။ အလုပ်မှာတော်ရုံတင်မဟုတ်ဘူး ဘဝကိုလည်းအတော်လေး အသည်းအသန်ဖြစ်နေရှာတာ။ ကောင်လေးနဲ့ပြတ်ပြီးသတ်​သေသွားတဲ့ အမျိူးသမီးတွေအကြောင်း သတင်းဖတ်ဖူးတယ်မလား? ချူရှောင်းအက်ဆီးဒန့်ကနေ အမြန်သက်သာလာရုံတင်မဟုတ်ဘဲ ဘဝမှာလည်းပိုတိုးတတ်တဲ့အလားအလာတွေ ရှိလာတာကို မြင်ရလို့ ကိုယ်တော့ဝမ်းသာမိတယ်။"

"ဒီအကြောင်းပြောမှ ယိကျန့်ဟုန်နဲ့ပြောတာရော ဘယ်လိုဖြစ်သွားလဲ? သူရှင်နဲ့အကြီး
ကျယ်ငြင်းခုံဖို့တော့ မ​ကြိုးစားဘူးမလား?

ဖန်ချင်းမှာလည်း ဒီသမီးတစ်ယောက်ပဲရှိသည်။ သူမသမီးကိုဆူဖို့ရိုက်ဖို့တောင် ဝန်လေးနေတာ။ သူမသမီးယိချန်ဆီကအနိုင်ကျင့်ခံရတာကိုသိသွားတော့ သူမအတော်စိတ်တိုမိသည်။ အခုတော့ ယိမိသားစုနဲ့ပတ်သတ်ပြီး သူမတွေးထားသမျှကို အော့ကြောလန်နေပြီဖြစ်၏။

ချူတုံချီ ညှင်သာစွာနှာမှုတ်လိုက်သည်။

"သူသာငါနဲ့အချင်းများရဲရင် ငါ့ကိုယ်ငါအထိခိုက်ခံပြီး သူ့ကိုအရေခွံနွာပစ်ရလိမ်မယ်။ စိတ်မပူပါနဲ့။ အခုဒီအစည်းအဝေးမှာ မင်းကိုပြောဖို့အချိန်မရှိဘူး။

ဒါမဲ့ဒီမနက်စောစောက သူ့နဲ့ဖုန်းပြောပြီးသွားပြီ။ စေ့စပ်ပွဲကိုဖျက်သိမ်းမယ့်အကြောင်းလည်း ဆွေးနွေးပြီးပြီ။ ရှောင်းရှောင်းနဲ့ယိချန်က အနာဂတ်မှာပတ်သတ်မှုရှိလာမှာမဟုတ်တော့ဘူး။"

ဖန်ချင်း စိတ်ချသွား၏။

"ကောင်းသားပဲ။ ပိုင်ရွယ်ဝေ့ကိုစောင့်ကြည့်ဖို့ အထူးလက်ထောက်လင်းကိုထားလိုက်မယ်။ ပိုင်လင်းနဲ့သူ့သမီးနှစ်ယောက်လုံး ယိချန်နာမည်နဲ့တိုက်ခန်းမှာ နေနေကြတာ။ သူတို့မပြောင်းရသေးပုံထောက်တော့ ယိကျန့်ဟုန်နဲ့သူ့မိန်းမက ယိချန်ကိုအပြစ်မပေးကြဘူးပဲ။
အနာဂတ်မှာ သူတို့လိုလူမျိုးတွေနဲ့ အဆက်အဆံလုပ်စရာကိုမလိုတာ။ အဲ့လိုဖြစ်လာတယ်ဆိုတာ ရှောင်းမိသားစုရဲ့တိုးတက်မှုက ယိမိသားစုနဲ့အဆက်ဖြတ်ပြီး ဖြစ်လာတဲ့လိုငွေတွေကို ဖြည့်ပေးနိုင်တယ်။ အနာဂတ်မှာယိမိသားစုနဲ့ဝေးဝေးနေပြီး ဒီတစ်လောက်ပူးပေါင်းမှုမှာ ရှောင်းမိသားစုနဲဆက်ဆံရေးတည်ဆောက်ရမယ်။"

"မိန်းမအမိန့်အတိုင်း လုပ်ပါ့မယ်"

ချူတုံ့ချီပြုံးပြီး သူ့မိန်းမကိုအရိုအသေပြုလိုက်တာက ဖန်ချင်းကိုပြုံးသွားစေသည်။ ဆုံးရှုံးမှုမရှိဘဲ ယိမိသားစုနဲ့အဆက်ဖြတ်နိုင်လိုက်တာကို သူတို့နှစ်ဦးလုံးပျော်ရွှင်နေကြသည်။ သူတို့ရှောင်းမိသားစုနဲ့ပူးပေါင်းမှုကို မျှော်လင့်နေကြသည်။

တစ်ဖက်မှာတော့ ယိကျန့်ဟုန်ကခေါင်းခဲလေပြီ။ အဲ့လိိုမျိုး အက်ဆီးဒန့်အသေးလေးက ပြင်းထန်တဲ့အကျိူးဆက်တွေ ဖြစ်လာမယ်လို့ထင်မထားခဲ့။ သူမနေနိုင်ဘဲ ချူမိသားစုကသူတို့ကလေးအပေါ် အရမ်းကာကွယ်တယ်လို့ ခံစားရသည်။ သူတို့လိုချမ်းသာတဲ့မိသားစုတွေမှာ တစ်ခါလောက်တော့ ဒီလိုပြသနာတွေရှိလာတာ ပုံမှန်ပဲမဟုတ်ဘူးလား?

အကျိုးဆက်ကြီးကြီးမားမားတွေ ဖြစ်မလာသေးခင်အထိတော့ ကောင်းကောင်းမွန်မွန်ရှိနေရမှာ။ ယိချန်လုပ်တာကနေ စေ့စပ်ပွဲဖျက်တာအထိတော့ အကဲပိုပေမယ့် သူပြသနာကိုထိန်းချုပ်နိုင်မှန်း ယိကျန့်ဟုန်သိနေသည်။ ချူမိသားစုသူနဲ့ အဆက်ဖြတ်တဲ့အခါ ပြင်ဆင်ဖို့အခွင့်အရေးလေးတောင် မပေးပေ။ ဒါကသူ့ကို စိတ်ဓာတ်ကျစေသည်။

တင်းမာမှုကိုပြေငြိမ်းစေဖို့ နည်းလမ်းကိုမစဥ်းစားခင် ယိချန်သူ့ဆီ ​ဖုန်းခေါ်လာသည်။ ယိချန်လေသံက ရေခဲတမျှအေးစက်လို့နေသည်။

"အဖေဘာပဲပြောပြော ကျွန်တော်ဒီစေ့စပ်ပွဲကို ဖျက်မှာ။ ကျွန်တော်ချူရှောင်းကို သည်းမခံနိုင်တော့ဘူး။ ဒီနေ့ကျောင်းက ကျောင်းသားပေါင်းရာချီရှေ့မှာ ကျွန်တော့်ကိုအရှက်ခွဲတယ်။ သူ့လို မိန်းမမျိုးကိုလက်ထပ်ရင် ဆယ်နှစ်လောက် အသက်တိုသွားလိမ့်မယ်! ကျွန်​
တော့် ခရက်ဒစ်ကတ်တွေကိုပိတ်ပြီး ချိန်းခြောက်ဖို့လည်း မကြိုးစားပါနဲ့။ အဖေဘယ်လိုနည်းပဲသုံးသုံး ကျွန်တော်ချူရှောင်းကို လက်မထပ်ဘူး။ အသုံးမဝင်ဖြစ်သွားလိမ့်မယ်!"

ယိကျန့်ဟုန် သူ့ကိုသရော်တော့သည်။

"မင်းသူ့ကို လက်မထပ်ချင်သေးဘူးပေါ့? အင်း...မင်းလက်ထပ်ချင်ရင်တောင် ရတော့မှာမဟုတ်ဘူး။ ချူမိသားစုက စေ့စပ်ပွဲကိုအတင်းအကျပ် ဖျက်လိုက်ပြီ။ မင်းနဲ့ချူရှောင်းက ဘာပတ်သတ်မှုမှ မရှိတော့ဘူး။ မင်းအခုပျော်သွားပြီလား? ကုမ္ပဏီက ယွမ်ဘီလီလျံနဲ့ချီပြီး ထိခိုက်ဆုံးရှူံးသွားပြီ။ အိမ်ဖော်သမီးမင်းရည်းစားက ယွမ်ဘီလီလျံချီနဲ့ တန်လို့လား?"

ယိချန်တစ်ခဏမျှငြိမ်သက်သွားပြီး သူနားကြားမှားလေသလား သံသဃဝင်လာသည်။ အချိန်အတော်ကြာသွားပြီး နောက်ဆုံးတော့ သူမေးလာသည်။

"တစ်ကယ်ပဲချူရှောင်းက စေ့စပ်ပွဲဖျက်ဖို့ သဘောတူလိုက်တာလား? အဖေကျွန်တော့်ကို လိမ်နေတာလား?"

"ငါကမင်းကိုဘာလို့လိမ်ရမှာလဲ? မင်းချက်ချင်းအိမ်ပြန်လာပြီး အဲ့ဒီမရှင်းမရှင်းလူတွေနဲ့ အပြင်ထွက်တာကို ရပ်တော့။ ဒီနေ့ညမင်းကိုအိမ်မှာ မမြင်ရရင်လား..မင်းကတ်တွေအကုန်ပိတ်ပစ်မယ်။"

သူလေသံမာမာ စကားပြောပြီးသည်နှင့်ချက်ချင်း ဖုန်းကိုချပစ်လိုက်တော့သည်။

27.3.2022💖

CHAPTER-(17)
Title: ခင္ပြန္းေလာင္းကအိမ္အကူရဲ႕သမီးနဲ႕ခ်စ္မိသြားတယ္

"အိုေက သမီးသင္ခ်င္တာမွန္သမွ် ေမေမသင္ေပးမယ္။ သမီးကုမၸဏီတစ္ခုကို အုပ္ခ်ဳပ္နိုင္ဖို႔ ေလ့က်င့္မႈေတြလိုတယ္။ ေရွာင္းမိသားစုကိုေတြ႕ဆုံတဲ့အခါ ဘာလို႔မကူညီခိုင္းရမွာလဲ? သူတို႔နဲ႕ဆက္သြယ္တာေရာ၊ အထူးလက္ေထာက္လင္းနဲ႕ ခ်ိန္းတဲ့အခါေရာသမီးမွာ တာဝန္ရွိလာလိမ့္မယ္။

အလုပ္အစည္းအေဝးရွိလာရင္ လိုက္ခဲ့ၿပီးမွတ္တမ္းယူ၊ ၿပီးရင္လည္း ပေရာဂ်က္နဲ႕ဆက္ႏြယ္တဲ့အစီအစဥ္ေတြ အၾကမ္းဆြဲၿပီးလုပ္စရာေတြကို သီးသန့္လုပ္ေပါ့။ ေမေမက ပေရာဂ်က္ကိုေသခ်ာၾကည့္ေပးၿပီး တုံ႕ျပန္ခ်က္ေပးမယ္ေလ။"

ဒါေတြအားလုံးက အလုပ္ပေရာဂ်က္ရဲ႕အေျခခံအက်ဆဳံးအဆင့္ေတြ ျဖစ္သည္။ မခက္ခဲေပမယ့္ ဒါေတြကိုလုပ္ရင္းသူမ ပေရာဂ်က္နဲ႕ဆက္ႏြယ္တဲ့အရာတိုင္းကို ရွင္းရွင္းလင္းလင္းနားလည္နိုင္လာမည္ ျဖစ္သည္။

သူမ အစကေနအဆုံးအထိ ဖန္ခ်င္းေနာက္ကလိုက္ၿပီး ပေရာဂ်က္ရဲ႕အဆင့္တိုင္းကို မွတ္တမ္းယူရင္း ပေရာဂ်က္ၿပီးသြားတာနဲ႕ေပ်ာ္႐ႊင္မႈနဲ႕ အလုပ္ႀကိဳးစားမႉကို တစ္ၿပိဳင္တည္းခံစားေတာ့မည္။ဒါခ်ဴေရွာင္းႀကီးျပင္းလာဖို႔ တကယ္အသင့္ေတာ္ဆုံး နည္းလမ္းေတြပင္။

ခ်ဴေရွာင္းသူမေခါင္းကို ေပ်ာ္ေပ်ာ္ႀကီးၿငိမ့္ကာ

"အိုေက! သမီးအတြင္းေရးမႉးလုကို အစည္းအေဝးေတြ ဘယ္လိုမွတ္တမ္းယူရမယ္ဆိုတာနဲ႕ ေရွာင္းမိသားစုနဲ႕ ဆက္သြယ္တဲ့အခါဘယ္လို ကာကြယ္မႉေတြလုပ္ထားရမယ္ဆိုတဲ့ လမ္းၫႊန္ခ်က္ေတြေမးလိုက္မယ္။

ခ်ဴေရွာင္းသူမရဲ႕နို႔လက္ဖက္ရည္ခြက္ တစ္ဝက္ကိုခပ္ျမန္ျမန္ေသာက္ၿပီး လက္ေတာ့ပ္ႏွင့္ အတြင္းေရးမႉး႐ုံးခန္းဆီသို႔ အေျပးေလးလစ္ေတာ့သည္။ ဖန္ခ်င္းလည္းေခါင္းယမ္းကာ ရယ္၏။

"ေျပာတဲ့အတိုင္း လုပ္တာပဲ။"

ခ်ဴတုံ႕ခ်ီတစ္ေယာက္ ဆိုဖာကိုမွီကာ လက္ဖက္ရည္တစ္ငုံစာေသာက္ရင္း မ်က္လုံးမ်ားက်ဥ္းမိေတာ့၏။

"တို႔သမီးက ေကာင္းေကာင္းလုပ္ေနတာပဲ။ အလုပ္မွာေတာ္႐ုံတင္မဟုတ္ဘူး ဘဝကိုလည္းအေတာ္ေလး အသည္းအသန္ျဖစ္ေနရွာတာ။ ေကာင္ေလးနဲ႕ျပတ္ၿပီးသတ္ေသသြားတဲ့ အမ်ိဴးသမီးေတြအေၾကာင္း သတင္းဖတ္ဖူးတယ္မလား? ခ်ဴေရွာင္းအက္ဆီးဒန့္ကေန အျမန္သက္သာလာ႐ုံတင္မဟုတ္ဘဲ ဘဝမွာလည္းပိုတိုးတတ္တဲ့အလားအလာေတြ ရွိလာတာကို ျမင္ရလို႔ ကိုယ္ေတာ့ဝမ္းသာမိတယ္။"

"ဒီအေၾကာင္းေျပာမွ ယိက်န့္ဟုန္နဲ႕ေျပာတာေရာ ဘယ္လိုျဖစ္သြားလဲ? သူရွင္နဲ႕အႀကီး
က်ယ္ျငင္းခုံဖို႔ေတာ့ မႀကိဳးစားဘူးမလား?

ဖန္ခ်င္းမွာလည္း ဒီသမီးတစ္ေယာက္ပဲရွိသည္။ သူမသမီးကိုဆူဖို႔ရိုက္ဖို႔ေတာင္ ဝန္ေလးေနတာ။ သူမသမီးယိခ်န္ဆီကအနိုင္က်င့္ခံရတာကိုသိသြားေတာ့ သူမအေတာ္စိတ္တိုမိသည္။ အခုေတာ့ ယိမိသားစုနဲ႕ပတ္သတ္ၿပီး သူမေတြးထားသမွ်ကို ေအာ့ေၾကာလန္ေနၿပီျဖစ္၏။

ခ်ဴတုံခ်ီ ညွင္သာစြာႏွာမႈတ္လိုက္သည္။

"သူသာငါနဲ႕အခ်င္းမ်ားရဲရင္ ငါ့ကိုယ္ငါအထိခိုက္ခံၿပီး သူ႕ကိုအေရခြံႏြာပစ္ရလိမ္မယ္။ စိတ္မပူပါနဲ႕။ အခုဒီအစည္းအေဝးမွာ မင္းကိုေျပာဖို႔အခ်ိန္မရွိဘူး။

ဒါမဲ့ဒီမနက္ေစာေစာက သူ႕နဲ႕ဖုန္းေျပာၿပီးသြားၿပီ။ ေစ့စပ္ပြဲကိုဖ်က္သိမ္းမယ့္အေၾကာင္းလည္း ေဆြးႏြေးၿပီးၿပီ။ ေရွာင္းေရွာင္းနဲ႕ယိခ်န္က အနာဂတ္မွာပတ္သတ္မွာရွိလာမွာမဟုတ္ေတာ့ဘူး။"

ဖန္ခ်င္း စိတ္ခ်သြား၏။

"ေကာင္းသားပဲ။ ပိုင္႐ြယ္ေဝ့ကိုေစာင့္ၾကည့္ဖို႔ အထူးလက္ေထာက္လင္းကိုထားလိုက္မယ္။ ပိုင္လင္းနဲ႕သူ႕သမီးႏွစ္ေယာက္လုံး ယိခ်န္နာမည္နဲ႕တိုက္ခန္းမွာ ေနေနၾကတာ။ သူတို႔မေျပာင္းရေသးပုံေထာက္ေတာ့ ယိက်န့္ဟုန္နဲ႕သူ႕မိန္းမက ယိခ်န္ကိုအျပစ္မေပးၾကဘူးပဲ။
အနာဂတ္မွာ သူတို႔လိုလူမ်ိဳးေတြနဲ႕ အဆက္အဆံလုပ္စရာကိုမလိုတာ။ အဲ့လိုျဖစ္လာတယ္ဆိုတာ ေရွာင္းမိသားစုရဲ႕တိုးတက္မႈက ယိမိသားစုနဲ႕အဆက္ျဖတ္ၿပီး ျဖစ္လာတဲ့လိုေငြေတြကို ျဖည့္ေပးနိုင္တယ္။ အနာဂတ္မွာယိမိသားစုနဲ႕ေဝးေဝးေနၿပီး ဒီတစ္ေလာက္ပူးေပါင္းမႈမွာ ေရွာင္းမိသားစုနဲဆက္ဆံေရးတည္ေဆာက္ရမယ္။"

"မိန္းမအမိန့္အတိုင္း လုပ္ပါ့မယ္"

ခ်ဴတုံ႕ခ်ီၿပဳံးၿပီး သူ႕မိန္းမကိုအရိုအေသျပဳလိုက္တာက ဖန္ခ်င္းကိုၿပဳံးသြားေစသည္။ ဆုံးရႈံးမႈမရွိဘဲ ယိမိသားစုနဲ႕အဆက္ျဖတ္နိုင္လိုက္တာကို သူတို႔ႏွစ္ဦးလုံးေပ်ာ္႐ႊင္ေနၾကသည္။ သူတို႔ေရွာင္းမိသားစုနဲ႕ပူးေပါင္းမႈကို ေမွ်ာ္လင့္ေနၾကသည္။

တစ္ဖက္မွာေတာ့ ယိက်န့္ဟုန္ကေခါင္းခဲေလၿပီ။ အဲ့လိိုမ်ိဳး အက္ဆီးဒန့္အေသးေလးက ျပင္းထန္တဲ့အက်ိဴးဆက္ေတြ ျဖစ္လာမယ္လို႔ထင္မထားခဲ့။ သူမေနနိုင္ဘဲ ခ်ဴမိသားစုကသူတို႔ကေလးအေပၚ အရမ္းကာကြယ္တယ္လို႔ ခံစားရသည္။ သူတို႔လိုခ်မ္းသာတဲ့မိသားစုေတြမွာ တစ္ခါေလာက္ေတာ့ ဒီလိုျပသနာေတြရွိလာတာ ပုံမွန္ပဲမဟုတ္ဘူးလား?

အက်ိဳးဆက္ႀကီးႀကီးမားမားေတြ ျဖစ္မလာေသးခင္အထိေတာ့ ေကာင္းေကာင္းမြန္မြန္ရွိေနရမွာ။ ယိခ်န္လုပ္တာကေန ေစ့စပ္ပြဲဖ်က္တာအထိေတာ့ အကဲပိုေပမယ့္ သူျပသနာကိုထိန္းခ်ဳပ္နိုင္မွန္း ယိက်န့္ဟုန္သိေနသည္။ ခ်ဴမိသားစုသူနဲ႕ အဆက္ျဖတ္တဲ့အခါ ျပင္ဆင္ဖို႔အခြင့္အေရးေလးေတာင္ မေပးေပ။ ဒါကသူ႕ကို စိတ္ဓာတ္က်ေစသည္။

တင္းမာမႈကိုေျပၿငိမ္းေစဖို႔ နည္းလမ္းကိုမစဥ္းစားခင္ ယိခ်န္သူ႕ဆီ ဖုန္းေခၚလာသည္။ ယိခ်န္ေလသံက ေရခဲတမွ်ေအးစက္လို႔ေနသည္။

"အေဖဘာပဲေျပာေျပာ ကြၽန္ေတာ္ဒီေစ့စပ္ပြဲကို ဖ်က္မွာ။ ကြၽန္ေတာ္ခ်ဴေရွာင္းကို သည္းမခံနိုင္ေတာ့ဘူး။ ဒီေန႕ေက်ာင္းက ေက်ာင္းသားေပါင္းရာခ်ီေရွ႕မွာ ကြၽန္ေတာ့္ကိုအရွက္ခြဲတယ္။ သူ႕လို မိန္းမမ်ိဳးကိုလက္ထပ္ရင္ ဆယ္ႏွစ္ေလာက္ အသက္တိုသြားလိမ့္မယ္! ကြၽန္
ေတာ့္ ခရက္ဒစ္ကတ္ေတြကိုပိတ္ၿပီး ခ်ိန္းေျခာက္ဖို႔လည္း မႀကိဳးစားပါနဲ႕။ အေဖဘယ္လိုနည္းပဲသုံးသုံး ကြၽန္ေတာ္ခ်ဴေရွာင္းကို လက္မထပ္ဘူး။ အသုံးမဝင္ျဖစ္သြားလိမ့္မယ္!"

ယိက်န့္ဟုန္ သူ႕ကိုသေရာ္ေတာ့သည္။

"မင္းသူ႕ကို လက္မထပ္ခ်င္ေသးဘူးေပါ့? အင္း...မင္းလက္ထပ္ခ်င္ရင္ေတာင္ ရေတာ့မွာမဟုတ္ဘူး။ ခ်ဴမိသားစုက ေစ့စပ္ပြဲကိုအတင္းအက်ပ္ ဖ်က္လိုက္ၿပီ။ မင္းနဲ႕ခ်ဴေရွာင္းက ဘာပတ္သတ္မႈမွ မရွိေတာ့ဘူး။ မင္းအခုေပ်ာ္သြားၿပီလား? ကုမၸဏီက ယြမ္ဘီလီလ်ံနဲ႕ခ်ီၿပီး ထိခိုက္ဆုံးရႉံးသြားၿပီ။ အိမ္ေဖာ္သမီးမင္းရည္းစားက ယြမ္ဘီလီလ်ံခ်ီနဲ႕ တန္လို႔လား?"

ယိခ်န္တစ္ခဏမွ်ၿငိမ္သက္သြားၿပီး သူနားၾကားမွားေလသလား သံသဃဝင္လာသည္။ အခ်ိန္အေတာ္ၾကာသြားၿပီး ေနာက္ဆုံးေတာ့ သူေမးလာသည္။

"တစ္ကယ္ပဲခ်ဴေရွာင္းက ေစ့စပ္ပြဲဖ်က္ဖို႔ သေဘာတူလိုက္တာလား? အေဖကြၽန္ေတာ့္ကို လိမ္ေနတာလား?"

"ငါကမင္းကိုဘာလို႔လိမ္ရမွာလဲ? မင္းခ်က္ခ်င္းအိမ္ျပန္လာၿပီး အဲ့ဒီမရွင္းမရွင္းလူေတြနဲ႕ အျပင္ထြက္တာကို ရပ္ေတာ့။ ဒီေန႕ညမင္းကိုအိမ္မွာ မျမင္ရရင္လား..မင္းကတ္ေတြအကုန္ပိတ္ပစ္မယ္။"

သူေလသံမာမာ စကားေျပာၿပီးသည္ႏွင့္ခ်က္ခ်င္း ဖုန္းကိုခ်ပစ္လိုက္ေတာ့သည္။

27.3.2022💖

Continue Reading

You'll Also Like

96.4K 9.6K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
598K 92.6K 145
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
48K 3.8K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
44.1K 4.2K 167
ယန်ချီရောက်ရှိသွားတဲ့ လောကကြီးမှာဆိုရင် နတ်ဆိုးမိစ္ဆာတွေနဲ့ လူသားတွေက နေရာလု တိုက်ခိုက်နေကြပြီး တနေ့မှာတော့ ယန်ချီက စနစ်တစ်ခုကို မတော်တဆ ရရှိသွားခဲ့တ...