𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်း...

By miss_candle

243K 20.4K 1.2K

အသက်ကိုသိပ်ချစ်၏>.< ‼️အချိုချည်းပါ၊ third wheel, childတွေပါလာနိုင်တာမို့ အဆင်ပြေမှဖတ်ပါရှင့်။ စာရေးသူ၏စိတ်ကူး... More

I
II
III
IV
V
VI
VII
VIII
IX
X
XI
XIII
XIV
XV
XVI
XVII
XVIII
XIX
XX
XXI
XXII
XXIII
XXIV End
Extra (U)
Extra (Z)
please read>.<
ဖြေရှင်းခြင်း!!

XII

8.7K 821 60
By miss_candle

Unicode

ရိပေါ်နဲ့ရှောင်းကျန့် ဒီနေ့မိဘမဲ့ဂေဟာကိုသွားမယ်ဆိုပြီး ချိန်းထားတာမို့ ရိပေါ်မနက်အစောထပြီး ပြင်ဆင်နေပြီ။ ရှောင်းကျန့်ကတော့အိပ်ကောင်းတုန်း။ ရိပေါ်ကဘယ်တော့မှရှောင်းကျန့်ကိုမနှိုးဘူး၊ ရှောင်းကျန့်အိပ်ချင်သလောက်ထိအိပ်ခိုင်းတတ်တယ်။ ရိပေါ်အဝတ်အစားဝတ်ပြီး ပြင်ဆင်ပြီးတာနဲ့ နောက်ဆုံးအနေနဲ့ ရေမွှေးစွတ်လိုက်သည်။ ရှောင်းကျန့်အိပ်နေရင်း ရေမွှေးနံ့သင်းသင်းလေးကိုရလိုက်တာမို့ နိုးလာသည်။ အပျင်းကြောဆန့်ကာ မျက်လုံးဖွင့်ကြည့်လိုက်တော့ ရိပေါ်ကသူ့ကိုကြည့်နေပြီး

"နိုးပြီလား ဒါဆိုရေချိုးတော့လေ ကျုပ်အောက်မှာစောင့်နေမယ်"

ရှောင်းကျန့်ကခေါင်းငြိမ့်ပြလိုက်တော့ ရိပေါ်ကအခန်းထဲကထွက်ခါနီးပြန်လှည့်ကာ

"ရေအကြာကြီးမချိုးနဲ့နော် ဖျားမယ်"

"အင်းပါ"

ရိပေါ်ကသတိပေးပြီးတာနဲ့အောက်ဆင်းသွားပြီ။ ရှောင်းကျန့်လဲအိပ်ရာကမထချင်ပဲ အပျင်းတစ်နေတာကို အမြန်ဖျောက်ပြီး နောက်တစ်ခေါက် အကြောထပ်ဆန့်လိုက်ကာ အိပ်ရာကထပြီး အိပ်ရာသိမ်းလိုက်သည်။ ရိပေါ်ကရှောင်းကျန့်ကို အိပ်ရာမသိမ်းနဲ့ အိမ်ကအိမ်စေကလေးမတွေလုပ်လိမ့်မယ်လို့ပြောလဲ ရှောင်းကျန့်ကလုပ်နေကြအတိုင်းပါပဲ။

ရှောင်းကျန့်လဲ ရေချိုးပြင်ဆင်ပြီးတာနဲ့ အောက်ကိုဆင်းလာလိုက်သည်။ ထမင်းစားခန်းထဲမှာရိပေါ်မရှိတာမို့ ကြီးတော်မေကိုမေးလိုက်တယ်။

"ကြီးတော်မေ အိမ်ကလူရော"

"သခင်ကြီးက ခြံထဲမှာကလေးတွေအတွက် မုန့်တွေကားထဲထည့်ဖို့ အလုပ်သမားတွေကိုခိုင်းနေတယ် သခင်လေး"

"ဟုတ်လား ဒါဆို ကျွန်တော်သွားကြည့်လိုက်ဦးမယ်"

ရှောင်းကျန့်ခြံထဲကိုထွက်လာခဲ့လိုက်ပြီး ရိပေါ်ရပ်နေတဲ့အနောက်ကိုသွားလိုက်တယ်။ ရိပေါ်ရဲ့အင်္ကျီစလေးကိုနှစ်ချက်လောက်ဆွဲလိုက်ပြီးခေါ်တော့ ရိပေါ်ကလှည့်ကြည့်လာသည်။ ပြီးနောက် ရိပေါ်ကရှောင်းကျန့်ရဲ့ကျောလေးပေါ်လက်တင်လိုက်ပြီး သူ့ဘေးကိုဆွဲခေါ်သည်။

"လာလေ မနက်စာအရင်စားနှင့်တာမဟုတ်ဘူး ဘာလို့ထွက်လာတာလဲ"

"အိမ်ကလူကလေးတွေအတွက်မုန့်ကိုကားထဲထည့်ဖို့အလုပ်သမားတွေခိုင်းနေတယ်ဆိုလို့ ထွက်ကြည့်တာ အိမ်ကလူပါ ဝင်သယ်နေမှာဆိုးလို့ မနေ့ကခါးနာနေတယ်လို့ပြောတယ်မလား"

"အင်း အခုတော်တော်လေးသက်သာလာပါပြီ"

"သက်သာမှာပေါ့ မနေ့ကဆေးလိမ်းပေးထားတာကို အဲဒါကြောင့်ပြောတာ အကြာကြီးထိုင်ပြီး အလုပ်အရမ်းမလုပ်ပါနဲ့ဆိုတာ"

"မလုပ်လို့ရမလားကွာ ကျုပ်ကဒီမြို့ရဲ့မြို့ပိုင်‌မင်းလေ ကိုယ့်မြို့ကိုတိုးတက်အောင်တော့အမြဲစဉ်းစားနေရတာပေါ့"

"အဲဒါလဲအဲဒါပေါ့ ကျန်းမာရေးလဲရှိသေးတယ်လေ ခဗျားကတစ်ယောက်ထဲမဟုတ်ဘူးနော် သတိလေးဘာလေးထားဦး"

"သိပါတယ်ဗျာ ကျုပ်မှားပါတယ် နောက်သတိထားပါ့မယ် အလုပ်လဲလျော့လုပ်ပါမယ် မနေ့ထဲကဆူနေတာ ခုထိပဲနော်"

"ခဗျားကအဲလောက်ပြောတာတောင် ရချင်မှရတာ မနက်စာစားမယ် အဲဒါနောက်မှဆက်လုပ်"

ရှောင်းကျန့်ကပြောပြီးတာနဲ့ ဆောင့်အောင့်ကာ အိမ်ထဲဝင်သွားသည်။ ရိပေါ်ကတော့ပါးစပ်ဟလို့၊ ဘယ်သူကဘယ်သူ့ကိုပြောသွားတာလဲ? ပြောစကားနားမထောင်တာကသူကို ရှောင်းကျန့်တစ်ခွန်းဆိုတစ်ခွန်းနားထောင်တဲ့ရိပေါ်ကို အပြစ်ပြန်‌ေပြာသွားသေးတယ်။ တကယ်ပါကွာ...

ရိပေါ်ခေါင်းခါလိုက်ပြီး ရှောင်းကျန့်နောက်ကိုလိုက်သွားသည်။ ထမင်းစားခန်းထဲရောက်တော့ မနက်စာကပြင်ထားပြီးပြီမို့ သူလဲနေရာမှာထိုင်လိုက်ပြီး ရှောင်းကျန့်နဲ့တူတူမနက်စာစားလိုက်ကြသည်။ နောက်တော့ မိဘမဲ့‌ေဂဟာကကလေးတွေအတွက် မုန့်တွေကစားစရာ‌ေတွ ကားပေါ်တင်လက်စတွေကို ပြန်တင်လိုက်ပြီး ရိပေါ်ကိုယ်တိုင်ပဲ ကားမောင်းကာ မိဘမဲ့ဂေဟာသို့.....

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

ရိပေါ်တို့မိဘမဲ့ဂေဟာရောက်တာနဲ့ ကလေးတွေကအကုန်ပျော်နေကြသည်။ ရှောင်းကျန့်ကိုလဲချစ်ကြသလို ရိပေါ်ကိုလဲချစ်ကြတယ်လေ။ ရှောင်းကျန့်တို့ဂေဟာမှာ ကလေးတွေနဲ့အတူ မနက်ပိုင်းကစားပေးတယ်၊ ပြီးတော့နေ့လည်ထမင်းစားချိန်မှာလဲ ကလေးတွေနဲ့အတူထမင်းစားကြသည်။ ညနေပိုင်းရောက်တော့ ကလေးတွေက ရိပေါ်ကိုပြောသည်။

"ဦးဦးရိပေါ် သားတို့ကိုသီချင်းဆိုပြ"

ကလေးတွေအားလုံးကတောင်းဆိုနေတာကြောင့် ရိပေါ်‌ရယ်ပြီး

"အေးပါအေးပါ ဟုတ်ပါပြီကွာ ဆိုပြပါ့မယ်"

ရိပေါ်ကဂေဟာထဲက ဂီတာတစ်လက်သွားယူပြီး သူတို့ထိုင်နေတဲ့သစ်ပင်ကြီးအောက်က ကွပ်ပျစ်မှာပြန်ထိုင်လိုက်တော့ ကလေးတွေကလဲ မြေပြင်မှာခင်းထားတဲ့အခင်းပေါ်ထိုင်နေကြသည်။ ရှောင်းကျန့်ကလဲ ကလေး‌ေတွနဲ့ရောပြီး အောက်မှာပဲဝင်ထိုင်လိုက်တယ်။ သူရိပေါ်သီချင်းဆိုပြမှာကို အရမ်းကိုမျှော်လင့်နေပြီ။ ရိပေါ်ကအသက်ကိုဝဝတစ်ချက်ရှူသွင်းလိုက်ပြီး ဂီတာပေါ်သူ့လက်ချောင်းတို့တင်ကာ သံစဉ်ကိုစတီးခတ်သည်။ နောက်တော့ ဩရှရှနဲ့ခပ်အေးအေးအသံဖြင့် သီချင်းစာသားတို့ကို သီဆိုလာတယ်။

• earth angel, earth angel
will you be mine?
my darling dear
love you all the time
I'm just a fool
a fool in love with you •

ရိပေါ်ဂီတာကိုတီးခတ်ရင်း သီချင်းကိုစိတ်နှစ်ပြီးသီဆိုကာ တစ်ချက်တစ်ချက် မြေပြင်မှာထိုင်ကာ ပြုံးပြီးသူ့ကိုကြည့်နေတဲ့ရှောင်းကျန့်ကို ကြည့်ကြည့်မိသည်။ သီချင်းတစ်ပုဒ်လုံးပြီးသွား‌တဲ့နောက်မှာ ရိပေါ်ကဂီတာကိုလက်နဲ့ပိုက်လိုက်တော့ ကလေးတွေနဲ့အတူ ရှောင်းကျန့်လဲလက်ခုပ်တီးတော့သည်။ ကလေးတွေကတစ်ယောက်တစ်ပေါက် ချီးကျူးစကားတွေပြောပြီး ‌ခနနေတော့ သူ့တို့ဟာသူတို့စကားပြန်ပြောနေကြသည်။ ရှောင်းကျန့်ကထိုင်နေရာကထလိုက်ပြီး ရိပေါ်ရှေ့သွားရပ်ကာ

"အိမ်ကလူကအသံကောင်းတာပဲ ဘာလို့ကျွန်တော့်ကိုမဆိုပြတာလဲ"

"ကျုပ်မှသီချင်းဆိုဖို့မအားနေပဲ နောက်ပြီးရှောင်းသခင်လေးကလဲမဆိုပြခိုင်းဘူးလေ"

"အဲဒါအိမ်ကလူသီချင်းဆိုတတ်မှန်းသိမှမသိတာ"

"ကျုပ်ကသီချင်းဆိုတတ်တာမဟုတ်ပါဘူးဗျာ အချစ်စိတ်နဲ့နားထောင်တော့ ကောင်းသွားရုံပါ"

ရိပေါ်ရဲ့ပြီတီတီမျက်နှာဘေးနဲ့ပြောလာတဲ့စကားကြောင့် ရှောင်းကျန့်မျက်လုံးလေးအနည်းငယ်ပြူးပြီး ရိပေါ်ကိုကြည့်နေကာ နောက်တော့ပါးတွေနားတွေရဲလာပြီး

"ရူးနေတာလား ဘယ်.. ဘယ်သူကအချစ်စိတ်နဲ့နားထောင်နေလို့လဲ!"

ရှောင်းကျန့်ကရှက်ရှက်နဲ့ထအော်တော့ ရိပေါ်ရှောင်းကျန့်ကိုမော့ကြည့်ရင်းနဲ့ပဲ ခေါင်းငုံ့သွားကာရယ်ပြီး ပြန်ေမာ့ကြည့်တော့ ရှောင်းကျန့်ကမျက်နှာလေးပိုရဲနေကာ

"အရူး!"

ရှောင်းကျန့်ကရိပေါ်ကိုပြောပြီး လှည့်ထွက်သွားသည်။ ရိပေါ်မှာတော့ အပြုံးတို့ကိုဖုံးမရဖိမရ။ ရိပေါ်ခနနေတော့ ဂေဟာမှူးနဲ့သွားတွေ့ကာ မိဘမဲ့ဂေဟာကိုထောက်ပဲ့စရိတ်တွေသွားပေးပြီး ပြန်ထွက်လာလိုက်သည်။ လမ်းတစ်ဝက်မှာကလေးမလေးတစ်ယောက်က ပန်းပွင့်‌ေလး လေးငါးပွင့်ကိုခူးပြီးလက်မှာစုပ်ကိုင်ထားကာ တစ်နေရာကိုသွားဖို့လုပ်နေတော့ ရိပေါ်ကလေးမလေးကိုတားလိုက်ပြီး ကလေးမလေးရှေ့မှာဒူးတစ်ဖက်ထောက်လိုက်ကာ ကလေးမလေးကိုမေးလိုက်တယ်။

"မီးမီး ဒီပန်းတွေကဘယ်သူ့ကိုပေးမလို့လဲကွ"

"ကိုကိုရှောင်းကျန့်ကို"

"ကိုကိုရှောင်းကျန့်တွက်လား ဒါဆို ဦးဦးဖို့ရော"

ရိပေါ်ကလက်ဖြန့်ပြီးတောင်းတော့ ကလေးမလေးက ပန်းလေး‌ေတွကိုသူ့ကျောနောက်ကိုဖွက်လိုက်ပြီး ခေါင်းတစ်ခါခါနဲ့

"ပေးဘူး ပေးဘူး မီးမီးကဒီပန်းတွေနဲ့ ကိုကိုရှောင်းကျန့်ကိုလက်ထပ်ခွင့်တောင်းမလို့ မီးမီးကြီးလာရင် ကိုကိုရှောင်းကျန့်ကိုပဲလက်ထပ်မှာ"

ရိပေါ်ကလေးမလေးရဲ့စကားကြောင့် ပြုံးနေရာကရပ်သွားပြီး မကြာဘူး ပြန်ပြုံးကာ

"အာ့ဆို ဘယ်လိုလုပ်တော့မလဲ ကိုကိုရှောင်းကျန့်မှာလက်ထပ်ထားတဲ့သူရှိတယ် အဲ..သူလက်ထပ်ရမယ့်သူ"

ကလေးမလေးကရိပေါ်စကားကြောင့် အံ့ဩသွားပြီး

"တကယ်လား ကိုကိုရှောင်းကျန့်မှာလက်ထပ်ထားတဲ့သူရှိတာလား ဘယ်သူလဲဟင် မီးမီးကိုပြောပြ"

ရိပေါ်ကကလေးမလေးကိုရယ်ပြလိုက်ပြီး သူလက်ကိုထောင်ပြကာ သူ့လက်သန်းကြွယ်မှာဝတ်ထားတဲ့လက်စွပ်ကိုထိုးပြပြီး

"ဦးဦးလေ ဦးဦးကကိုကိုရှောင်းကျန့်ရဲ့ခင်ပွန်းပဲ ပြီးတော့ ကိုကိုရှောင်းကျန့်ကဦးဦးအပိုင်"

ကလေးမလေးက စိတ်မကောင်းဖြစ်သွားတဲ့ပုံစံလေးနဲ့၊ ဒါပေမယ့် သူ့ကျောမှာဖွက်ထားတဲ့ပန်းလေးတွေကိုရိပေါ်ကိုပေးပြီး

"ဦးဦးနဲ့ဆို စိတ်ချပါပြီ ကိုကိုရှောင်းကျန့်ကိုစောင့်ရှောက်ပေးပါ ပြီးတော့ဦးဦးကကိုကိုရှောင်းကျန့်ကိုတကယ်‌ေရာချစ်ရဲ့လားဟင်"

ရိပေါ်က ကလေးမလေးအမေးကိုချက်ချင်းမဖြေပဲ 'ဟင်'ဆိုပြီးအာမေဋိတ်အသံလေးထွက်ကာ မျက်ခုံးတစ်ဖက်ပင့်ပြီး ကလေးမလေးကိုကြည့်နေသည်။ ‌နောက်တော့ ရိပေါ်ကတဖြေးဖြေးပြုံးလာပြီး

"အင်းချစ်တာပေါ့ အမြဲတမ်းပဲ အချိန်တိုင်း ဘာပဲဖြစ်ဖြစ်ချစ်တယ်"

ရိပေါ်ကိုကလေးမလေးကခေါင်းငြိမ့်ပြပြီး အနောက်ကိုလှည့်ကာထွက်ပြေးသွားသည်။ ရိပေါ်လဲသူ့လက်ထဲကလေးမလေးပေးသွားတဲ့ပန်းလေးတွေကိုကြည့်ပြီး မတ်တပ်ရပ်ကာ ဒီဘက်လှည့်လိုက်တော့ ရှောင်းကျန့်ကမျက်လုံးလေးပြူးကာ မျက်တောင်လေးပုတ်ခပ်ပုတ်ခပ်နဲ့ ရိပေါ်ကိုသေချာကြည့်နေတော့ ရိပေါ်လဲသက်ပြင်းချလိုက်ပြီး

"ကြားသွားတာလား"

ရှောင်းကျန့်ကရိပေါ်အမေးကိုမဖြေပဲ လှည့်ထွက်မလို့လုပ်တော့ ရိပေါ်ကရှောင်းကျန့်လက်ကိုလှမ်းဆွဲလိုက်သည်။ အဲတော့မှရှောင်းကျန့်က ရိပေါ်ကိုဖြေးဖြေးချင်းလှည့်ကြည့်လာတယ်။ ရိပေါ်ကသက်ပြင်းထပ်ချလိုက်ပြီး သူ့လက်ထဲက ကလေးပေးသွားတဲ့ပန်းပွင်‌့လေးတွေကို ရှောင်းကျန့်ဆီလက်ဆန့်တန်းကာကမ်းလိုက်ပြီး

"ချစ်တယ်ရှောင်းသခင်လေး ကျုပ်မြို့ပိုင်မင်းဝမ်ရိပေါ်က ရှောင်းကျန့်ဆိုတဲ့ခဗျားကိုချစ်တယ်"

အဲအချိန်တစ်ခန၊ လေပြေလေးကသူတို့နှစ်ယောက်ကိုဖြတ်တိုက်သွားတယ်။ ရိပေါ်ရဲ့အင်္ကျီပွပွကလဲလေမှာလွင့်နေပြီး ရှောင်းကျန့်ရဲ့ခေါင်းလျော်ရည်နံ့သင်းသင်းလေးနဲ့ဆံပင်အိအိလေးကလဲ လေအဝေ့မှာ ‌လွင့်မျောသွားတယ်။

ရှောင်းကျန့်ကရိပေါ်ကမ်းပေးတဲ့ပန်းကိုယူလဲမယူသလို ငြင်းလဲမငြင်းပဲ ရိပေါ်ရဲ့မျက်လုံးတွေကိုသေချာစိုက်ကြည့်ကာ

"အိမ်ကလူ သေချာကြည့် ကျွန်တော့်ကိုဘယ်လိုမြင်လဲ"

ရိပေါ်ကလဲ ရှောင်းကျန့်ရဲ့မျက်လုံးတွေကိုစိုက်ကြည့်ပြီး

"ရှောင်းသခင်လေး ကျုပ်မျက်လုံးကိုသေချာကြည့် ခဗျားကိုရှောင်းကျန့်လို့ပဲမြင်တယ် ရှောင်းကျန့်ကရှောင်းကျန့်ပဲ"

ရှောင်းကျန့်ရဲ့မေးခွန်းရှင်းရှင်းလေးကို ရိပေါ်ကလဲရိုးရိုးလေးပဲပြန်ဖြေခဲ့တယ်။ ဒါမယ့်သူတို့တစ်ယောက်နဲ့တစ်ယောက်မျက်လုံးချင်းစကားတွေအများကြီးပြောဖြစ်ခဲ့တယ်။ ရှောင်းကျန့်ကပြုံးကာ ရိပေါ်ပေးတဲ့ပန်းကိုယူလိုက်ပြီး ခေါင်းငြိမ့်ပြလာသည်။ ရိပေါ်ကလဲရှောင်းကျန့်ကိုကြည့်ပြီး ပြုံးနေခဲ့တယ်။ အချိန်နာရီစက္ကန့်တွေက ရပ်နေသလိုမျိုး သူတို့တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာ ပြုံးနေခဲ့တယ်။

ဆက်ရန်~~~~

တိုသွားတယ်။ ဒီficလေးမှာခဗျားတို့ကိုယ်တိုင်တွေးပြီး စိတ်ကြိုက်ယူဆရမယ့်အရာလေးတွေရှိပါတယ်။ အထူးသဖြင့်ရိပေါ်တို့ပေါ့။ ကျွန်တော်နားလည်နိုင်သလောက်တော့ရေးမှာမို့ ရှုပ်ရှက်ခက်သွားအောင်တော့မလုပ်ပါဘူး။ နောက်ပြီး မန်ထယ်နဲ့ပတ်သက်ပြီးတစ်ခုခု၊ အဲတစ်ခုခုကလဲမကြာခင်လာနိုင်ပါတယ်။ updateတစ်ခါပေးဖို့ ကျွန်တော်သုံးရက်လောက်စဉ်းစားနေရတယ်၊ တိုသွားမှာလဲဆိုးတာရယ် ကိုယ့် romantic sceneတွေကပေါ့ပျက်ပျက်ဖြစ်နေမှာလဲ တကယ်ကြောက်တယ်။ အဲတော့ ကျွန်တော်စဉ်းစားထားမိတဲ့ romantic sceneတစ်ချို့ကိုဖြုတ်ပစ်ရင်ကောင်းမလားလို့၊ အဲဒါဆို အပိုင်းကသိပ်မများတော့ဘူး၊ အပိုင်း၂၀မရောက်ခင်တောင်ပြီးသွားနိုင်တယ်။ ကိုယ်စဉ်းစားထားတဲ့plotဆိုရှည်ရှည်ဝေးဝေးမရှိဘူး၊ ကြားထဲမှာစိတ်ကြိုက်လျောက်ထည့်နေတာ။ ပြောပြရင်းရှည်သွားတယ် ဟီးဟီးʘ‿ʘ

သီချင်းက 1954တုန်းကပါ။ ရှောင်းကျန့်ရောက်တာကိုအကြမ်းဖျင်းတွက်ရင်တစ်နှစ်လောက်ပဲရှိဦးမှာ ဆိုတော့1951ပေါ့။ သီချင်းထွက်ဖို့သုံးနှစ်တောင်လိုသေးတယ်။ မသိချင်ယောင်ဆောင်လိုက်ပါရှင့်O_o

Zawgyi

ရိေပၚနဲ႕ေရွာင္းက်န႔္ ဒီေန႕မိဘမဲ့ေဂဟာကိုသြားမယ္ဆိုၿပီး ခ်ိန္းထားတာမို႔ ရိေပၚမနက္အေစာထၿပီး ျပင္ဆင္ေနၿပီ။ ေရွာင္းက်န႔္ကေတာ့အိပ္ေကာင္းတုန္း။ ရိေပၚကဘယ္ေတာ့မွေရွာင္းက်န႔္ကိုမႏွိုးဘူး၊ ေရွာင္းက်န႔္အိပ္ခ်င္သေလာက္ထိအိပ္ခိုင္းတတ္တယ္။ ရိေပၚအဝတ္အစားဝတ္ၿပီး ျပင္ဆင္ၿပီးတာနဲ႕ ေနာက္ဆုံးအေနနဲ႕ ေရေမႊးစြတ္လိုက္သည္။ ေရွာင္းက်န႔္အိပ္ေနရင္း ေရေမႊးနံ႕သင္းသင္းေလးကိုရလိုက္တာမို႔ နိုးလာသည္။ အပ်င္းေၾကာဆန႔္ကာ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ ရိေပၚကသူ႕ကိုၾကည့္ေနၿပီး

"နိုးၿပီလား ဒါဆိုေရခ်ိဳးေတာ့ေလ က်ဳပ္ေအာက္မွာေစာင့္ေနမယ္"

ေရွာင္းက်န႔္ကေခါင္းၿငိမ့္ျပလိုက္ေတာ့ ရိေပၚကအခန္းထဲကထြက္ခါနီးျပန္လွည့္ကာ

"ေရအၾကာႀကီးမခ်ိဳးနဲ႕ေနာ္ ဖ်ားမယ္"

"အင္းပါ"

ရိေပၚကသတိေပးၿပီးတာနဲ႕ေအာက္ဆင္းသြားၿပီ။ ေရွာင္းက်န႔္လဲအိပ္ရာကမထခ်င္ပဲ အပ်င္းတစ္ေနတာကို အျမန္ေဖ်ာက္ၿပီး ေနာက္တစ္ေခါက္ အေၾကာထပ္ဆန႔္လိုက္ကာ အိပ္ရာကထၿပီး အိပ္ရာသိမ္းလိုက္သည္။ ရိေပၚကေရွာင္းက်န႔္ကို အိပ္ရာမသိမ္းနဲ႕ အိမ္ကအိမ္ေစကေလးမေတြလုပ္လိမ့္မယ္လို႔ေျပာလဲ ေရွာင္းက်န႔္ကလုပ္ေနၾကအတိုင္းပါပဲ။

ေရွာင္းက်န႔္လဲ ေရခ်ိဳးျပင္ဆင္ၿပီးတာနဲ႕ ေအာက္ကိုဆင္းလာလိုက္သည္။ ထမင္းစားခန္းထဲမွာရိေပၚမရွိတာမို႔ ႀကီးေတာ္ေမကိုေမးလိုက္တယ္။

"ႀကီးေတာ္ေမ အိမ္ကလူေရာ"

"သခင္ႀကီးက ၿခံထဲမွာကေလးေတြအတြက္ မုန႔္ေတြကားထဲထည့္ဖို႔ အလုပ္သမားေတြကိုခိုင္းေနတယ္ သခင္ေလး"

"ဟုတ္လား ဒါဆို ကြၽန္ေတာ္သြားၾကည့္လိုက္ဦးမယ္"

ေရွာင္းက်န႔္ၿခံထဲကိုထြက္လာခဲ့လိုက္ၿပီး ရိေပၚရပ္ေနတဲ့အေနာက္ကိုသြားလိုက္တယ္။ ရိေပၚရဲ႕အကၤ်ီစေလးကိုႏွစ္ခ်က္ေလာက္ဆြဲလိုက္ၿပီးေခၚေတာ့ ရိေပၚကလွည့္ၾကည့္လာသည္။ ၿပီးေနာက္ ရိေပၚကေရွာင္းက်န႔္ရဲ႕ေက်ာေလးေပၚလက္တင္လိုက္ၿပီး သူ႕ေဘးကိုဆြဲေခၚသည္။

"လာေလ မနက္စာအရင္စားႏွင့္တာမဟုတ္ဘူး ဘာလို႔ထြက္လာတာလဲ"

"အိမ္ကလူကေလးေတြအတြက္မုန႔္ကိုကားထဲထည့္ဖို႔အလုပ္သမားေတြခိုင္းေနတယ္ဆိုလို႔ ထြက္ၾကည့္တာ အိမ္ကလူပါ ဝင္သယ္ေနမွာဆိုးလို႔ မေန႕ကခါးနာေနတယ္လို႔ေျပာတယ္မလား"

"အင္း အခုေတာ္ေတာ္ေလးသက္သာလာပါၿပီ"

"သက္သာမွာေပါ့ မေန႕ကေဆးလိမ္းေပးထားတာကို အဲဒါေၾကာင့္ေျပာတာ အၾကာႀကီးထိုင္ၿပီး အလုပ္အရမ္းမလုပ္ပါနဲ႕ဆိုတာ"

"မလုပ္လို႔ရမလားကြာ က်ဳပ္ကဒီၿမိဳ႕ရဲ႕ၿမိဳ႕ပိုင္‌မင္းေလ ကိုယ့္ၿမိဳ႕ကိုတိုးတက္ေအာင္ေတာ့အၿမဲစဥ္းစားေနရတာေပါ့"

"အဲဒါလဲအဲဒါေပါ့ က်န္းမာေရးလဲရွိေသးတယ္ေလ ခဗ်ားကတစ္ေယာက္ထဲမဟုတ္ဘူးေနာ္ သတိေလးဘာေလးထားဦး"

"သိပါတယ္ဗ်ာ က်ဳပ္မွားပါတယ္ ေနာက္သတိထားပါ့မယ္ အလုပ္လဲေလ်ာ့လုပ္ပါမယ္ မေန႕ထဲကဆူေနတာ ခုထိပဲေနာ္"

"ခဗ်ားကအဲေလာက္ေျပာတာေတာင္ ရခ်င္မွရတာ မနက္စာစားမယ္ အဲဒါေနာက္မွဆက္လုပ္"

ေရွာင္းက်န႔္ကေျပာၿပီးတာနဲ႕ ေဆာင့္ေအာင့္ကာ အိမ္ထဲဝင္သြားသည္။ ရိေပၚကေတာ့ပါးစပ္ဟလို႔၊ ဘယ္သူကဘယ္သူ႕ကိုေျပာသြားတာလဲ? ေျပာစကားနားမေထာင္တာကသူကို ေရွာင္းက်န႔္တစ္ခြန္းဆိုတစ္ခြန္းနားေထာင္တဲ့ရိေပၚကို အျပစ္ျပန္‌ေျပာသြားေသးတယ္။ တကယ္ပါကြာ...

ရိေပၚေခါင္းခါလိုက္ၿပီး ေရွာင္းက်န႔္ေနာက္ကိုလိုက္သြားသည္။ ထမင္းစားခန္းထဲေရာက္ေတာ့ မနက္စာကျပင္ထားၿပီးၿပီမို႔ သူလဲေနရာမွာထိုင္လိုက္ၿပီး ေရွာင္းက်န႔္နဲ႕တူတူမနက္စာစားလိုက္ၾကသည္။ ေနာက္ေတာ့ မိဘမဲ့‌ေဂဟာကကေလးေတြအတြက္ မုန႔္ေတြကစားစရာ‌ေတြ ကားေပၚတင္လက္စေတြကို ျပန္တင္လိုက္ၿပီး ရိေပၚကိုယ္တိုင္ပဲ ကားေမာင္းကာ မိဘမဲ့ေဂဟာသို႔.....

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

ရိေပၚတို႔မိဘမဲ့ေဂဟာေရာက္တာနဲ႕ ကေလးေတြကအကုန္ေပ်ာ္ေနၾကသည္။ ေရွာင္းက်န႔္ကိုလဲခ်စ္ၾကသလို ရိေပၚကိုလဲခ်စ္ၾကတယ္ေလ။ ေရွာင္းက်န႔္တို႔ေဂဟာမွာ ကေလးေတြနဲ႕အတူ မနက္ပိုင္းကစားေပးတယ္၊ ၿပီးေတာ့ေန႕လည္ထမင္းစားခ်ိန္မွာလဲ ကေလးေတြနဲ႕အတူထမင္းစားၾကသည္။ ညေနပိုင္းေရာက္ေတာ့ ကေလးေတြက ရိေပၚကိုေျပာသည္။

"ဦးဦးရိေပၚ သားတို႔ကိုသီခ်င္းဆိုျပ"

ကေလးေတြအားလုံးကေတာင္းဆိုေနတာေၾကာင့္ ရိေပၚ‌ရယ္ၿပီး

"ေအးပါေအးပါ ဟုတ္ပါၿပီကြာ ဆိုျပပါ့မယ္"

ရိေပၚကေဂဟာထဲက ဂီတာတစ္လက္သြားယူၿပီး သူတို႔ထိုင္ေနတဲ့သစ္ပင္ႀကီးေအာက္က ကြပ္ပ်စ္မွာျပန္ထိုင္လိုက္ေတာ့ ကေလးေတြကလဲ ေျမျပင္မွာခင္းထားတဲ့အခင္းေပၚထိုင္ေနၾကသည္။ ေရွာင္းက်န႔္ကလဲ ကေလး‌ေတြနဲ႕ေရာၿပီး ေအာက္မွာပဲဝင္ထိုင္လိုက္တယ္။ သူရိေပၚသီခ်င္းဆိုျပမွာကို အရမ္းကိုေမွ်ာ္လင့္ေနၿပီ။ ရိေပၚကအသက္ကိုဝဝတစ္ခ်က္ရႉသြင္းလိုက္ၿပီး ဂီတာေပၚသူ႕လက္ေခ်ာင္းတို႔တင္ကာ သံစဥ္ကိုစတီးခတ္သည္။ ေနာက္ေတာ့ ဩရွရွနဲ႕ခပ္ေအးေအးအသံျဖင့္ သီခ်င္းစာသားတို႔ကို သီဆိုလာတယ္။

• earth angel, earth angel
will you be mine?
my darling dear
love you all the time
I'm just a fool
a fool in love with you •

ရိေပၚဂီတာကိုတီးခတ္ရင္း သီခ်င္းကိုစိတ္ႏွစ္ၿပီးသီဆိုကာ တစ္ခ်က္တစ္ခ်က္ ေျမျပင္မွာထိုင္ကာ ၿပဳံးၿပီးသူ႕ကိုၾကည့္ေနတဲ့ေရွာင္းက်န႔္ကို ၾကည့္ၾကည့္မိသည္။ သီခ်င္းတစ္ပုဒ္လုံးၿပီးသြား‌တဲ့ေနာက္မွာ ရိေပၚကဂီတာကိုလက္နဲ႕ပိုက္လိုက္ေတာ့ ကေလးေတြနဲ႕အတူ ေရွာင္းက်န႔္လဲလက္ခုပ္တီးေတာ့သည္။ ကေလးေတြကတစ္ေယာက္တစ္ေပါက္ ခ်ီးက်ဴးစကားေတြေျပာၿပီး ‌ခနေနေတာ့ သူ႕တို႔ဟာသူတို႔စကားျပန္ေျပာေနၾကသည္။ ေရွာင္းက်န႔္ကထိုင္ေနရာကထလိုက္ၿပီး ရိေပၚေရွ႕သြားရပ္ကာ

"အိမ္ကလူကအသံေကာင္းတာပဲ ဘာလို႔ကြၽန္ေတာ့္ကိုမဆိုျပတာလဲ"

"က်ဳပ္မွသီခ်င္းဆိုဖို႔မအားေနပဲ ေနာက္ၿပီးေရွာင္းသခင္ေလးကလဲမဆိုျပခိုင္းဘူးေလ"

"အဲဒါအိမ္ကလူသီခ်င္းဆိုတတ္မွန္းသိမွမသိတာ"

"က်ဳပ္ကသီခ်င္းဆိုတတ္တာမဟုတ္ပါဘူးဗ်ာ အခ်စ္စိတ္နဲ႕နားေထာင္ေတာ့ ေကာင္းသြား႐ုံပါ"

ရိေပၚရဲ႕ၿပီတီတီမ်က္ႏွာေဘးနဲ႕ေျပာလာတဲ့စကားေၾကာင့္ ေရွာင္းက်န႔္မ်က္လုံးေလးအနည္းငယ္ျပဴးၿပီး ရိေပၚကိုၾကည့္ေနကာ ေနာက္ေတာ့ပါးေတြနားေတြရဲလာၿပီး

"႐ူးေနတာလား ဘယ္.. ဘယ္သူကအခ်စ္စိတ္နဲ႕နားေထာင္ေနလို႔လဲ!"

ေရွာင္းက်န႔္ကရွက္ရွက္နဲ႕ထေအာ္ေတာ့ ရိေပၚေရွာင္းက်န႔္ကိုေမာ့ၾကည့္ရင္းနဲ႕ပဲ ေခါင္းငုံ႕သြားကာရယ္ၿပီး ျပန္ေမာ့ၾကည့္ေတာ့ ေရွာင္းက်န႔္ကမ်က္ႏွာေလးပိုရဲေနကာ

"အ႐ူး!"

ေရွာင္းက်န႔္ကရိေပၚကိုေျပာၿပီး လွည့္ထြက္သြားသည္။ ရိေပၚမွာေတာ့ အၿပဳံးတို႔ကိုဖုံးမရဖိမရ။ ရိေပၚခနေနေတာ့ ေဂဟာမႉးနဲ႕သြားေတြ႕ကာ မိဘမဲ့ေဂဟာကိုေထာက္ပဲ့စရိတ္ေတြသြားေပးၿပီး ျပန္ထြက္လာလိုက္သည္။ လမ္းတစ္ဝက္မွာကေလးမေလးတစ္ေယာက္က ပန္းပြင့္‌ေလး ေလးငါးပြင့္ကိုခူးၿပီးလက္မွာစုပ္ကိုင္ထားကာ တစ္ေနရာကိုသြားဖို႔လုပ္ေနေတာ့ ရိေပၚကေလးမေလးကိုတားလိုက္ၿပီး ကေလးမေလးေရွ႕မွာဒူးတစ္ဖက္ေထာက္လိုက္ကာ ကေလးမေလးကိုေမးလိုက္တယ္။

"မီးမီး ဒီပန္းေတြကဘယ္သူ႕ကိုေပးမလို႔လဲကြ"

"ကိုကိုေရွာင္းက်န႔္ကို"

"ကိုကိုေရွာင္းက်န႔္တြက္လား ဒါဆို ဦးဦးဖို႔ေရာ"

ရိေပၚကလက္ျဖန႔္ၿပီးေတာင္းေတာ့ ကေလးမေလးက ပန္းေလး‌ေတြကိုသူ႕ေက်ာေနာက္ကိုဖြက္လိုက္ၿပီး ေခါင္းတစ္ခါခါနဲ႕

"ေပးဘူး ေပးဘူး မီးမီးကဒီပန္းေတြနဲ႕ ကိုကိုေရွာင္းက်န႔္ကိုလက္ထပ္ခြင့္ေတာင္းမလို႔ မီးမီးႀကီးလာရင္ ကိုကိုေရွာင္းက်န႔္ကိုပဲလက္ထပ္မွာ"

ရိေပၚကေလးမေလးရဲ႕စကားေၾကာင့္ ၿပဳံးေနရာကရပ္သြားၿပီး မၾကာဘူး ျပန္ၿပဳံးကာ

"အာ့ဆို ဘယ္လိုလုပ္ေတာ့မလဲ ကိုကိုေရွာင္းက်န႔္မွာလက္ထပ္ထားတဲ့သူရွိတယ္ အဲ..သူလက္ထပ္ရမယ့္သူ"

ကေလးမေလးကရိေပၚစကားေၾကာင့္ အံ့ဩသြားၿပီး

"တကယ္လား ကိုကိုေရွာင္းက်န႔္မွာလက္ထပ္ထားတဲ့သူရွိတာလား ဘယ္သူလဲဟင္ မီးမီးကိုေျပာျပ"

ရိေပၚကကေလးမေလးကိုရယ္ျပလိုက္ၿပီး သူလက္ကိုေထာင္ျပကာ သူ႕လက္သန္းႂကြယ္မွာဝတ္ထားတဲ့လက္စြပ္ကိုထိုးျပၿပီး

"ဦးဦးေလ ဦးဦးကကိုကိုေရွာင္းက်န႔္ရဲ႕ခင္ပြန္းပဲ ၿပီးေတာ့ ကိုကိုေရွာင္းက်န႔္ကဦးဦးအပိုင္"

ကေလးမေလးက စိတ္မေကာင္းျဖစ္သြားတဲ့ပုံစံေလးနဲ႕၊ ဒါေပမယ့္ သူ႕ေက်ာမွာဖြက္ထားတဲ့ပန္းေလးေတြကိုရိေပၚကိုေပးၿပီး

"ဦးဦးနဲ႕ဆို စိတ္ခ်ပါၿပီ ကိုကိုေရွာင္းက်န႔္ကိုေစာင့္ေရွာက္ေပးပါ ၿပီးေတာ့ဦးဦးကကိုကိုေရွာင္းက်န႔္ကိုတကယ္‌ေရာခ်စ္ရဲ႕လားဟင္"

ရိေပၚက ကေလးမေလးအေမးကိုခ်က္ခ်င္းမေျဖပဲ 'ဟင္'ဆိုၿပီးအာေမဋိတ္အသံေလးထြက္ကာ မ်က္ခုံးတစ္ဖက္ပင့္ၿပီး ကေလးမေလးကိုၾကည့္ေနသည္။ ‌ေနာက္ေတာ့ ရိေပၚကတေျဖးေျဖးၿပဳံးလာၿပီး

"အင္းခ်စ္တာေပါ့ အၿမဲတမ္းပဲ အခ်ိန္တိုင္း ဘာပဲျဖစ္ျဖစ္ခ်စ္တယ္"

ရိေပၚကိုကေလးမေလးကေခါင္းၿငိမ့္ျပၿပီး အေနာက္ကိုလွည့္ကာထြက္ေျပးသြားသည္။ ရိေပၚလဲသူ႕လက္ထဲကေလးမေလးေပးသြားတဲ့ပန္းေလးေတြကိုၾကည့္ၿပီး မတ္တပ္ရပ္ကာ ဒီဘက္လွည့္လိုက္ေတာ့ ေရွာင္းက်န႔္ကမ်က္လုံးေလးျပဴးကာ မ်က္ေတာင္ေလးပုတ္ခပ္ပုတ္ခပ္နဲ႕ ရိေပၚကိုေသခ်ာၾကည့္ေနေတာ့ ရိေပၚလဲသက္ျပင္းခ်လိဳက္ၿပီး

"ၾကားသြားတာလား"

ေရွာင္းက်န႔္ကရိေပၚအေမးကိုမေျဖပဲ လွည့္ထြက္မလို႔လုပ္ေတာ့ ရိေပၚကေရွာင္းက်န႔္လက္ကိုလွမ္းဆြဲလိုက္သည္။ အဲေတာ့မွေရွာင္းက်န႔္က ရိေပၚကိုေျဖးေျဖးခ်င္းလွည့္ၾကည့္လာတယ္။ ရိေပၚကသက္ျပင္းထပ္ခ်လိဳက္ၿပီး သူ႕လက္ထဲက ကေလးေပးသြားတဲ့ပန္းပြင္‌့ေလးေတြကို ေရွာင္းက်န႔္ဆီလက္ဆန႔္တန္းကာကမ္းလိုက္ၿပီး

"ခ်စ္တယ္ေရွာင္းသခင္ေလး က်ဳပ္ၿမိဳ႕ပိုင္မင္းဝမ္ရိေပၚက ေရွာင္းက်န႔္ဆိုတဲ့ခဗ်ားကိုခ်စ္တယ္"

အဲအခ်ိန္တစ္ခန၊ ေလေျပေလးကသူတို႔ႏွစ္ေယာက္ကိုျဖတ္တိုက္သြားတယ္။ ရိေပၚရဲ႕အကၤ်ီပြပြကလဲေလမွာလြင့္ေနၿပီး ေရွာင္းက်န႔္ရဲ႕ေခါင္းေလ်ာ္ရည္နံ႕သင္းသင္းေလးနဲ႕ဆံပင္အိအိေလးကလဲ ေလအေဝ့မွာ ‌လြင့္ေမ်ာသြားတယ္။

ေရွာင္းက်န႔္ကရိေပၚကမ္းေပးတဲ့ပန္းကိုယူလဲမယူသလို ျငင္းလဲမျငင္းပဲ ရိေပၚရဲ႕မ်က္လုံးေတြကိုေသခ်ာစိုက္ၾကည့္ကာ

"အိမ္ကလူ ေသခ်ာၾကည့္ ကြၽန္ေတာ့္ကိုဘယ္လိုျမင္လဲ"

ရိေပၚကလဲ ေရွာင္းက်န႔္ရဲ႕မ်က္လုံးေတြကိုစိုက္ၾကည့္ၿပီး

"ေရွာင္းသခင္ေလး က်ဳပ္မ်က္လုံးကိုေသခ်ာၾကည့္ ခဗ်ားကိုေရွာင္းက်န႔္လို႔ပဲျမင္တယ္ ေရွာင္းက်န႔္ကေရွာင္းက်န႔္ပဲ"

ေရွာင္းက်န႔္ရဲ႕ေမးခြန္းရွင္းရွင္းေလးကို ရိေပၚကလဲရိုးရိုးေလးပဲျပန္ေျဖခဲ့တယ္။ ဒါမယ့္သူတို႔တစ္ေယာက္နဲ႕တစ္ေယာက္မ်က္လုံးခ်င္းစကားေတြအမ်ားႀကီးေျပာျဖစ္ခဲ့တယ္။ ေရွာင္းက်န႔္ကၿပဳံးကာ ရိေပၚေပးတဲ့ပန္းကိုယူလိုက္ၿပီး ေခါင္းၿငိမ့္ျပလာသည္။ ရိေပၚကလဲေရွာင္းက်န႔္ကိုၾကည့္ၿပီး ၿပဳံးေနခဲ့တယ္။ အခ်ိန္နာရီစကၠန႔္ေတြက ရပ္ေနသလိုမ်ိဳး သူတို႔တစ္ေယာက္နဲ႕တစ္ေယာက္ၾကည့္ကာ ၿပဳံးေနခဲ့တယ္။

ဆက္ရန္~~~~

တိုသြားတယ္။ ဒီficေလးမွာခဗ်ားတို႔ကိုယ္တိုင္ေတြးၿပီး စိတ္ႀကိဳက္ယူဆရမယ့္အရာေလးေတြရွိပါတယ္။ အထူးသျဖင့္ရိေပၚတို႔ေပါ့။ ကြၽန္ေတာ္နားလည္နိုင္သေလာက္ေတာ့ေရးမွာမို႔ ရႈပ္ရွက္ခက္သြားေအာင္ေတာ့မလုပ္ပါဘူး။ ေနာက္ၿပီး မန္ထယ္နဲ႕ပတ္သက္ၿပီးတစ္ခုခု၊ အဲတစ္ခုခုကလဲမၾကာခင္လာနိုင္ပါတယ္။ updateတစ္ခါေပးဖို႔ ကြၽန္ေတာ္သုံးရက္ေလာက္စဥ္းစားေနရတယ္၊ တိုသြားမွာလဲဆိုးတာရယ္ ကိုယ့္ romantic sceneေတြကေပါ့ပ်က္ပ်က္ျဖစ္ေနမွာလဲ တကယ္ေၾကာက္တယ္။ အဲေတာ့ ကြၽန္ေတာ္စဥ္းစားထားမိတဲ့ romantic sceneတစ္ခ်ိဳ႕ကိုျဖဳတ္ပစ္ရင္ေကာင္းမလားလို႔၊ အဲဒါဆို အပိုင္းကသိပ္မမ်ားေတာ့ဘူး၊ အပိုင္း၂၀မေရာက္ခင္ေတာင္ၿပီးသြားနိုင္တယ္။ ကိုယ္စဥ္းစားထားတဲ့plotဆိုရွည္ရွည္ေဝးေဝးမရွိဘူး၊ ၾကားထဲမွာစိတ္ႀကိဳက္ေလ်ာက္ထည့္ေနတာ။ ေျပာျပရင္းရွည္သြားတယ္ ဟီးဟီးʘ‿ʘ

သီခ်င္းက 1954တုန္းကပါ။ ေရွာင္းက်န႔္ေရာက္တာကိုအၾကမ္းဖ်င္းတြက္ရင္တစ္ႏွစ္ေလာက္ပဲရွိဦးမွာ ဆိုေတာ့1951ေပါ့။ သီခ်င္းထြက္ဖို႔သုံးႏွစ္ေတာင္လိုေသးတယ္။ မသိခ်င္ေယာင္ေဆာင္လိုက္ပါရွင့္O_o

Continue Reading

You'll Also Like

85.3K 6.3K 13
Xiao Zhan 💕 Wang Yibo
161K 23.6K 43
You will get a heache when your dads are fudanshi🙄😑
49.6K 3.2K 21
It's a simple student sweet love story WangYibo - 🐰Dearest Baby🐰 XiaoZhan -🦁Dearest Ko Ko Photo Crd
178K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."