Unicode
ညဘက်ပါတီချိန်မှာ ရိပေါ်နဲ့ရှောင်းကျန့်ခပ်ဆင်ဆင်အဝတ်အစားကိုဝတ်ဆင်ထားကြသည်။ ရိပေါ်ကမီးခိုးရောင်တီရှပ်ကို တံတောင်ဆစ်ထိခေါက်တင်ကာ စတိုင်ပန်အနက်နဲ့တွဲဝတ်ထားသည်။ ရှောင်းကျန့်ကတော့ အနက်ရောင်တီရှပ်ကိုဘောင်းဘီအနက်ထဲထည့်ဝတ်ထားပြီး အင်္ကျီကြယ်သီးကိုအပေါ်နှစ်လုံးလောက်ဖြုတ်ထားလိုက်သည်။ အရင်ထဲကဖက်ရှင်အမြင်ရှိတဲ့သူမို့ ရှောင်းကျန့်ကall blackနဲ့ခပ်မိုက်မိုက်ရယ်။
ရှောင်းကျန့်ကရိပေါ်ရဲ့လက်မောင်းကိုအနောက်ကနေဖွဖွလေးချိတ်ပြီး ပါတီထဲကိုဝင်လာတော့ မိန်းကလေးတိုင်းရဲ့အကြည့်က သူတို့ဆီမှာ။ ရိပေါ်အနောက်ကိုေခါင်းလှည့်ကာ ရှောင်းကျန့်ရဲ့အင်္ကျီကိုဆွဲစိပလိုက်တော့ ရှောင်းကျန့်ကမျက်မှောင်ကြုတ်ပြီး သူ့အင်္ကျီကိုပြန်ဟလိုက်တယ်။ ရိပေါ်ကအနောက်ကိုသေချာလှည့်လိုက်ပြီး ရှောင်းကျန့်ဖြုတ်ထားတဲ့ ကြယ်သီးနှစ်လုံးကိုပြန်တပ်ပေးဖို့လုပ်ေနသည်။ ရှောင်းကျန့်မျက်နှာရှုံ့မဲ့ကာ ဆူပုတ်သွားတော့တယ်။ အရင်ထဲကဒီလိုပုံစံမျိုးဝတ်ချင်ခဲ့တာ၊ အလုပ်တွေကြောင့် မဝတ်နိုင်ခဲ့ဘူး။ ဒီနေရာရောက်တော့လဲ ဝတ်နိုင်ပြီထင်တာ၊ ယူထားတဲ့ယောက်ျားက အတင်းဖုံးပစ်ေနတယ်။ အိမ်ကဝတ်လာတုန်းကလဲအကောင်း တစ်လမ်းလုံးလဲအကောင်း ပါတီထဲရောက်မှဘာထဖြစ်မှန်းမသိ။
ရှောင်းကျန့် ကြယ်သီးတပ်ပေးနေတဲ့ရိပေါ်ဆီကအတင်းရုန်းထွက်နေပြီး ရိပေါ်ကလဲ ရှောင်းကျန့်ကိုချုပ်ကာ ကြယ်သီးတပ်ပေးနေသည်။ နှစ်လုံးလေးတပ်ဖို့ကို ရိပေါ်မှာအားစိုက်လိုက်ရတယ်။ ရှောင်းကျန့်ရုန်းတာကော့ပြန်နေတာပဲလေ။ အကုန်တပ်ပြီးသွားတော့ ရှောင်းကျန့်က ရိပေါ်ကိုစိတ်ဆိုးပြီးဆူပုတ်ပုတ်နဲ့
"ဘာဖြစ်တာလဲ အိမ်ကဝတ်လာတုန်းကအကောင်းကို ခဗျားကအမြင်ကပ်စရာကြီး"
ရှောင်းကျန့်ကပြောပြီးတာနဲ့ ရိပေါ်ေရှ့ကအရင်ထွက်သွားသည်။ ရိပေါ်လဲရှောင်းကျန့်ကိုကြည့်ပြီး ခေါင်းသာခါလိုက်တယ်။ ရိပေါ်အခုမှပတ်ဝန်းကျင်ကိုသတိရသွားပြီး ကြည့်လိုက်တော့ သူ့ကိုပြုံးစိစိနဲ့စိုက်ကြည့်နေတာကြောင့် မသိချင်ယောင်ဆောင်နေလိုက်သည်။ ရိပေါ်ရှောင်းကျန့်ကိုရှာကြည့်တော့ ရှောင်းသခင်ကြီးနဲ့အိမ်တော်ေတွရဲ့သခင်ကြီးတွေကြားထဲမှာပြုံးပြုံးလေးနဲ့စကားတွေပြောနေသည်။ ရိပေါ်လဲရှောင်းသခင်ကြီးကို နှုတ်ဆက်ဖို့ ထိုနားကိုသွားလိုက်သည်။
"ဆရာ.."
အရိုအသပေးေနတဲ့ရိပေါ်ကို ရှောင်းသခင်ကြီးက ရယ်ပြီး
"ရောက်ပြီလားဝမ်လေး အခုပဲ သားကျန့်ကမင်းအကြောင်းကိုတိုင်နေတယ် သူဝတ်လာတဲ့အင်္ကျီကိုကြယ်သီးတွေတပ်ပေးတယ်ဆို"
ရှောင်းသခင်ကြီးကခပ်ပြုံးပြုံးနဲ့ပြောတော့ ဘေးကလူကြီးတွေကလဲ သူတို့ကိုရယ်ကြတယ်။ ရှောင်းကျန့်ကတော့ ရိပေါ်ကိုမျက်စောင်းထိုးပြီး သူ့သူငယ်ချင်းတွေဆီထွက်သွားမလို့လုပ်တော့ ရိပေါ်ကရှောင်းကျန့်လက်ကိုလှမ်းဆွဲလိုက်ပြီး တိုးတိုးလေးကပ်ကာ
"ကျုပ်အနားမှာမရှိဘူးဆိုပြီး အင်္ကျီကြယ်သီးပြန်ဖြုတ်ကြည့် ခဗျားကိုအလုံထုပ်ပစ်မယ်"
ရှောင်းကျန့်မျက်လုံးပြူးသွားတယ်။ ပါတီကြီးမှာသူကအလုံထုပ်ပြီး ပုံတုံးကြီးနဲ့နေရမှာလား။ ဝမ်ရိပေါ်ကဘာဖြစ်ချင်နေတာလဲ။ ကြယ်သီးပဲတပ်ထားလိုက်ပါတော့မယ်၊ အလုံထုပ်တော့အဆင်ပြေမနေဘူး။
ရှောင်းကျန့် ရိပေါ်ကိုသူ့ကိုယ်လုံးနဲ့ ဝင်တိုက်ပစ်လိုက်ပြီး ထွက်သွားတော့သည်။ လူကြီးတွေကတော့ရယ်မောကုန်ကြကာ
"လူငယ်တွေများကွာ ဟားဟား"
ရယ်တာရပ်သွားတော့မှာ ရိပေါ်ကရှောင်းသခင်ကြီးကိုသေချာမေးလိုက်သည်။
"ဘယ်ချိန်ကပြန်ရောက်လဲဆရာ ကျွန်တော့်ကိုကြိုပြောတာမဟုတ်ဘူး လာကြိုမှာပေါ့"
"တော်ပါပြီ ဝမ်လေးရာ ငါအသက်အဲလောက်မကြီးသေးပါဘူးကွ"
ရှောင်းသခင်ကြီးက ပြည်ပကိုခရီးထွက်သွားတာ နှစ်လလောက်ရှိနေပြီ။ အခုရှင်းရုံရဲ့မင်္ဂလာဆောင်မို့ မနက်ထဲကလာမလို့ကို လေယာဉ်လက်မှတ်ကညပိုင်းပဲရနိုင်တော့တာမို့ ညပိုင်းပါတီကိုပဲတက်ဖြစ်လိုက်သည်။
ရိပေါ်လဲ ရှောင်းသခင်ကြီးကိုရယ်ပြပြီး လူကြီးတေွပြောတဲ့စကားတေွကိုနားထောင်နေရသည်။
ရှောင်းကျန့် သူ့သူငယ်ချင်းအုပ်စုနားရောက်တော့ ရှင်းရုံကသူ့ယောက်ျားလက်မောင်းကိုချိတ်ထားကာ ရှောင်းကျန့်ကိုစနောက်သည်။
"ဟဟ သနားစရာလေး စတိုင်မိုက်ချင်လို့ ကြယ်သီးဖြုတ်လာတာ အပေါက်ဝမှာတင် ပြန်တပ်ပေးခံလိုက်ရတယ်"
သူ့ကိုကြည့်ပြီး တစ်ဖွဲ့လုံးဝိုင်းဟားနေကြတာမို့ ရှောင်းကျန့်မျက်နှာကြီးဆူပုတ်ကာ
"အေးနင်နောက်နေလိုက် မင်္ဂလာလက်ဖွဲ့မပေးတော့ဘူး"
အဲတော့မှ ရှင်းရုံက စပ်ဖြဲဖြဲနဲ့သူ့အမျိုးသားလက်ကိုလွှတ်လိုက်ပြီး ရှောင်းကျန့်ရဲ့လက်မောင်းကိုချိတ်လိုက်ကာ
"ငါ့သူငယ်ချင်းလေးကလဲ စတဲ့ဟာကို ဘာပေးမှာလဲဟင်"
ရှင်းရုံရဲ့ပူနွေးနွေးသတို့သားလေးကတော့ ရှင်းရုံရဲ့ချစ်စရာအမူအရာလေးကိုကြည့်ပြီး ပါးစပ်မစိတော့၊ ပြုံးနေတာနားရွက်တပ်ချိတ်တော့မယ်။
ရှောင်းကျန့် ရှင်းရုံကိုပြုံးပြလိုက်ပြီး သူ့ဘောင်းဘီအိတ်ထဲထည့်ထားတဲ့သော့ကိုထုတ်ပြီး ရှင်းရုံကိုပြလိုက်သည်။ ရှင်းရုံကသော့ကိုယူလိုက်ပြီး
"ဘာသော့လဲ"
"နင်တို့အတွက် ငါနဲ့မြို့ပိုင်မင်းရဲ့လက်ဖွဲ့ အိမ်သော့"
"အိမ်သော့! ဘယ်ကအိမ်လဲ"
"**ကတောင်ပေါ်အိမ်လေး နင်တို့အပန်းဖြေဖို့သွားရင်လဲအဆင်ပြေအောင် နင်ကအပန်းဖြေရတာကြိုက်တယ်မလား ခရီးထွက်ရင် အဲကအိမ်လေးမှာနေလို့ရတာပေါ့ ဟန်းနီးမွန်းလဲအဲ့မှာသွားနေလို့ရတယ်လေ တကယ်နေလို့ကောင်းမယ်နေရာရွေးထားတာ"
"ဟာ.. ရှောင်းကျန့်တကယ်ကြီးပေါ့ နင်ကတကယ်အကောင်းဆုံးပဲ ငါဘာသဘောကျမှန်းတန်းသိတယ်"
"နင်ကြိုက်ရင်ရပြီ"
ရှင်းရုံကရယ်မောပြီးပျော်နေတော့တာပဲ။ အားလုံးကလဲရှင်းရုံပျော်နေတော့ ကျေနပ်နေကြတယ်။
"အိမ်ဝယ်ပေးဖို့ကနင့်အကြံမလား မြို့ပိုင်မင်းကလဲသဘောတူတယ်ပေါ့"
"အိမ်ကလူက ငါကြိုက်တာပေး သူအနောက်ကလိုက်စိုက်ပေးမယ်တဲ့လေ"
"ဆိုတော့ ဒီအိမ်အတွက်နင့်ပိုက်ဆံတစ်ပြားမှမပါဘူးပေါ့"
ရှင်းရုံကဆူပုတ်ပုတ်နဲ့မေးတော့ ရှောင်းကျန့်ကရယ်ပြပြီး
"ငါ့ယောက်ျားဝယ်ပေးတာ ငါဝယ်ပေးတာပဲပေါ့ ငါကနင်ဘာကြိုက်မလဲစဉ်းစားပေးထားရတာလေ လက်ဖွဲ့ပေးဖို့ ငါတစ်လလောက်စဉ်းစားထားရတာနော်"
ရှင်းရုံကအပြုံးတုကြီးနဲ့ လက်အုပ်ချီပြီး ရှောင်းကျန့်ကိုကြည့်ကာ
"ကျေးဇူးကြီးမားပါတယ် ရှောင်းသခင်ေလးရယ် တစ်လတောင်စဉ်းစားထားရတော့ တစ်ပြားမှမစိုက်ထားတာပေါ့နော်"
"နင်ကလဲ"
ရှောင်းကျန့်ကမဲ့သွားတော့ ရှင်းရုံကပြုံးပြပြီး
"ငါကစတာပါ ငါ့သူငယ်ချင်းလေးကတကယ်ကိုစဉ်းစားတတ်ပါပေတယ်"
ရှောင်းကျန့်တို့အုပ်စု ရယ်မောပြီးစကားတွေပြောနေတုန်း အမျိုးသမီးတစ်ယောက်ကရှောင်းကျန့်ကိုလာနှုတ်ဆက်သည်။
"ဟယ်လို ကျန့် မတွေ့ရတာကြာပြီနော်"
ရှောင်းကျန့်က သူ့ကိုမသိသလိုသေချာကြည့်နေတာမို့ ထိုအမျိုးသမီးက ရယ်ကာပြောလာသည်။
"အို ကျန့်ကတို့ကိုတောင်မမှတ်မိတော့ဘူးလား
ရည်းစားဟောင်းတွေများလွန်းလို့မမှတ်မိတာလား အိမ်တွင်းအောင်းတာများပြီးမမှတ်မိတာလား"
ရှောင်းကျန့်ကမဖြေပဲ ဒီတိုင်းသာရပ်ကြည့်နေတာကြောင့် ထိုအမျိုးသမီးကခေါင်းခါပြီးရယ်ကာ ရှောင်းကျန့်ဘေးကမန်ထယ်ကိုနှုတ်ဆက်လိုက်သည်။
"မန်သခင်လေးကိုလဲ မတွေ့တာကြာပြီနော်"
"အင်း နေကောင်းရဲ့လား ရင်မေ"
"ကောင်းပါ့ရှင်"
ရင်မေက သူ့ကိုမသိချင်ေယာင်ေဆာင်ေနတဲ့ရှောင်းကျန့်ဘက်လှည့်ပြီး
"မသိချင်ယောင်ဆောင်မနေပါနဲ့ကျန့်ရယ် တို့ရှင့်ကိုပြန်လာကပ်တာမဟုတ်ပါဘူးကွ ဒီတိုင်းရှင်တို့အဖွဲ့ကိုတွေ့လို့လာနှုတ်ဆက်ရုံလေးပါ"
ရှောင်းကျန့်ကရင်မေကိုပြန်ပြုံးပြလိုက်သည်။ ရင်မေက ရှင်းရုံဘက်လှည့်ပြီး
"Congratulation နောက်နှစ်တွေအကြာကြီးလက်တွဲသွားနိုင်ပါစေနော်"
ရင်မေကသူ့လက်ထဲကကိုင်ထားတဲ့ ရုန်ပိန်ခွက်လေးကိုမြောက်ပြီး ရှင်းရုံနဲ့ဟန်ဝူကျွင်းတို့ကုိဂုဏ်ပြုစကားဆိုတော့ နှစ်ယောက်လုံးကလဲ သူတို့ရှေ့ကစားပွဲပေါ်တင်ထားတဲ့ ရှန်ပိန်နှစ်ခွက်ကိုကိုင်ပြီး ခွက်ချင်းတိုက်လိုက်ကာ
"Thanks ရင်မေ"
သုံးယောက်သားကိုယ်စီရုန်ပိန်ကိုသောက်လိုက်ကြသည်။ အစမှာတော့ စကားနည်းနေကြပေမယ့် ခနကြာတော့ အကုန်လုံးကပြောနေရင်းအဆင်ပြေလာသည်။ ရှောင်းကျန့်တွေးမိလိုက်တယ်၊ ရင်မေကဆိုးတဲ့ရည်းစားဟောင်းတော့မဟုတ်ဘူး။ ပျက်သွားလဲ ခင်မင်တတ်တဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။
ရိပေါ်လူကြီးတွေနဲ့စကားပြောနေတုန်း ရှောင်းကျန့်တို့အုပ်စုစီကိုအကြည့်ရောက်သွားတယ်။ ရိပေါ်မျက်မှောင်ကြုတ်သွားတယ်။ ရှောင်းကျန့်တို့နဲ့ရယ်မောေနတဲ့ အဲဒီ့အမျိုးသမီးကို ရိပေါ်သိသည်။ ရိပေါ်တို့မလက်ထပ်ခင်က သူနဲ့ရှောင်းကျန့်တွဲသွားတာကိုမြင်ဖူးထားတယ်။
ရိပေါ်သတင်းကြားတာတော့ ထိုအမျိုးသမီးကိုရှောင်းကျန့်တွဲတဲ့သူတွေထဲမှာသဘောအကျဆုံးပဲ၊ ထိုအမျုိးသမီးနဲ့ရှောင်းကျန့်တို့တွဲတာလဲသက်တမ်းအကြာဆုံးပဲတဲ့။ နောက်တော့ ရိပေါ်နဲ့ေရှာင်းကျန့်တို့လက်ထပ်ေတာ့မယ်ဆိုတဲ့သတင်းထွက်တော့ ထိုအမျိုးသမီးကရှောင်းကျန့်ကိုဖျက်ေပးလိုက်တယ်တဲ့လေ။ အခုမှဒီအမျိုးသမီးကဘာလို့ရှောင်းကျန့်ဘေးမှာရှိနေရတာလဲ။
ရိပေါ်တစ်ချက်တစ်ချက်လှည့်လှည့်ကြည့်နေတာကို သတိထားမိသွားတဲ့ လူကြီးတွေက ရိပေါ်ကိုရယ်ပြီးစကြပြန်သည်။
"မြို့ပိုင်မင်းဝမ် ရှောင်းသခင်လေးကိုကြည့်လှချည်လားဗျ
ရှောင်းသခင်ကြီးကတော့ သားမက်ကောင်းကိုရွေးတတ်ပါ့ဗျာ"
ရှောင်းသခင်ကြီးကလဲခပ်ပြုံးပြုံးပဲ။ ရိပေါ်မှာတော့ ပြုံးတောင်ပြုံးမပြနိုင်တော့ဘူး။ ဘာလို့ဆိုရှောင်းကျန့်ရဲ့လက်ေမာင်းကုိရင်မေကလှမ်းချိတ်လိုက်တာကြောင့်ပဲ။ အဲဒါကိုရှောင်းကျန့်ကလဲ ရယ်မောနေတယ်။ တကယ်တော့ ရင်မေလက်မောင်းကိုချိတ်လိုက်တာ သူ့ရည်းစားနဲ့အကြောင်းကိုရှင်းရုံကမေးနေလို့ ရင်မေကပြောပြနေရင်း အမူအရာတွေပါ ပါလာရုံပါ။ သူတို့ဝိုင်းကတော့ ဘာပြောနေလဲသိနေတာမို့ အကုန်လုံးကရယ်မောနေကြတာ။ ရိပေါ်မျက်နှာပျက်နေတော့ လူကြီးတွေကလဲ မနေနိုင်တော့ပဲ
"ကဲ မြို့ပိုင်မင်း သဝန်တိုရင်လဲ ခဗျားအမျိုးသားလေးကိုအနားထားလိုက်လေ"
ရိပေါ်ထိုလူကြီးများကို နှုတ်ဆက်လိုက်ပြီး
"သွားဦးမယ် ဆရာ"
ရိပေါ်ပြောပြီးတာနဲ့ထိုနေရာကချက်ချင်းလှည့်ထွက်လာလိုက်သည်။ ရှောင်းကျန့်တို့နားရောက်တော့ ရှောင်းကျန့်လက်မောင်းကိုချိတ်ထားတဲ့လက်ကိုဖြုတ်လိုက်ပြီး ရှောင်းကျန့်နဲ့ထိုအမျိုးသမီးရဲ့ကြားထဲဝင်ရပ်လိုက်ပြီး ရှောင်းကျန့်ခါးကိုဖက်လိုက်သည်။ အကုန်လုံးကကြောင်သွားပေမယ့် နောက်တော့ခပ်ပြုံးပြုံးဖြစ်သွားကြသည်။ မန်ထယ်ကဝင်ပြောသည်။
"ငါtoiletသွားလိုက်ဦးမယ်"
မန်ထယ်ကပြောပြီးတာနဲ့လှည့်ထွက်သွားသည်။
ရှောင်းကျန့်လဲ ကြောင်ပြီးရိပေါ်ကိုကြည့်လိုက်တော့ မျက်နှာကတော်တော်တည်တင်းနေတာမို့ မေးလိုက်တယ်။
"အိမ်ကလူ ဘာဖြစ်လို့လဲ"
"ပြန်ကြမယ်"
"ဟမ် ပြန်တော့မှာလား"
"အင်း"
ရိပေါ်ကရှောင်းကျန့်ခါးကိုဖက်ပြီး ပြန်ဖို့ပြောနေတော့ ရှင်းရုံမနေနိုင်တော့ပဲ ဝင်ပြောလိုက်သည်။
"မြို့ပိုင်မင်း မပြန်ပါနဲ့ဦးလား ခနနေ စုံတွဲကတော့မှာလေ ကျွန်မရဲ့ပါတီလေးပြီးမှပြန်ကြပါလား"
ရိပေါ်ရှောင်းကျန့်ကိုကြည့်တော့လဲ မျက်နှာငယ်လေးနဲ့ခေါင်းငြိမ့်ပြနေတာမို့ သက်ပြင်းချလိုက်ပြီး
"အင်း"
အဲတော့မှရှင်းရုံရောရှောင်းကျန့်ရော ရိပေါ်ကိုရယ်ပြလာကြသည်။
"မြို့ပိုင်မင်း အိမ်လက်ဖွဲ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်"
"ရပါတယ် ကျွန်တော်ကဘာမှမလုပ်ပေးပါဘူး ရှောင်းကျန့်ကပဲအကုန်စီစဉ်ပေးတာ ရှောင်းကျန့်ကိုပဲကျေးဇူးတင်လိုက်ပါ"
ရိပေါ်ရဲ့စကားကြောင့် ရှင်းရုံအင်တင်တင်ဖြစ်သွားတယ်။ သူများကကျေးဇူးတင်ရင်လက်ခံလိုက်လေ!
ခနနေတော့ ဖွင့်ထားတဲ့သီချင်းသံစဉ်ကပြောင်းပြီး pianoသံငြိမ့်ငြိမ့်လေးထွက်လာသည်။ သီချင်းသံထွက်လာတာနဲ့ရှင်းရုံကိုဟန်ဝူကျွင်းက လက်ဖြန့်ကာခေါ်တော့ ရှင်းရုံကပြုံးပြီး ဟန်ဝူကျွင်းရဲ့လက်ထဲကိုသူ့လက်လေးကိုထည့်လိုက်သည်။ သူ့တို့ကစလိုက်တာ နောက်အတွဲတွေ၊ ယောက်ျားလေးတွေက ကိုယ်နှစ်သက်တဲ့မိန်းကလေးကိုအသီးသီးလပ်ကမ်းပေးပြီး အလယ်မှာသွားကနေကြပြီ။ မန်ထယ် လင်းဟန် ကျန်းဖူထျန်တို့ကလဲ သူတို့ဘေးမှာအစထဲကရှိနေတဲ့ partnerအသီးသီးကိုခေါ်ပြီးကနေကြပြီ။ ရင်မေကလဲ သူ့ရည်းစားမပါလာတာကြောင့် သူ့အဖေရင်သခင်ကြီးနဲ့ပဲသွားကနေပြီ။ ရိပေါ်နဲ့ရှောင်းကျန့်ပဲကျန်တော့တယ်။
ရှောင်းကျန့်ကဘေးပတ်လည်ကိုကြည့်ပြီး ရိပေါ်ကိုပြန်ကြည့်တော့ ရိပေါ်ကလဲသူ့ကိုကြည့်နေတယ်။ ကြည့်နေရင်းရိပေါ်ကလက်ကမ်းလာပြီး
"ကျုပ်နဲ့ကပေးနိုင်မလား ရှောင်းသခင်လေး"
ရှောင်းကျန့်မျက်လုံးဝိုင်းလေးနဲ့ရိပေါ်ကိုကြည့်ပြီး
"အိမ်ကလူ...."
ရိပေါ်အတွက်နာမ်စားကိုခပ်ဖွဖွခေါ်လိုက်တယ်။ သူတို့ကတရားဝင်လက်ထပ်ထားတာပဲကို ကလိုက်တော့ေရာဘာဖြစ်လဲ။ ရှောင်းကျန့်လဲ ရိပေါ်ရဲ့လက်ဖဝါးကြီးကြီးထဲကို သူ့လက်သွယ်သွယ်လေးထည့်လိုက်သည်။ အဲအချိန်သူခံစားရတာ နွေးထွေးတယ် လုံခြုံတယ် ဆိုတာပဲ။
ကနေတဲ့ဆီကိုသူတို့ရောက်တော့ ရိပေါ်ကသူ့လက်ထဲကရှောင်းကျန့်လက်လေးကို သူ့ပုခုံးပေါ်တင်လိုက်ပြီး သူ့လက်နှစ်ဖက်ကရှောင်းကျန့်ခါးကိုဖက်လိုက်သည်။ ရှောင်းကျန့်ကလဲ နောက်လက်တစ်ဖက်ကိုရိပေါ်ပုခုံးပေါ်ထပ်တင်လိုက်သည်။ သူတို့သံစဥ်ငြိမ့်ငြိမ့်လေးနဲ့အတူ သူတို့ရဲ့ခန္ဓာကိုယ်ကိုလဲငြိမ့်ငြိမ့်လေးပဲလှုပ်ရှားနေလိုက်တယ်။ ကနေတဲ့အချိန်မှာ ရိပေါ်ရောရှောင်းကျန့်ရော တစ်ယောက်မျက်လုံးတစ်ယောက်ကြည့်နေမိတယ်၊ အကြည့်တို့ကဘယ်ကိုမှမရွေ့သွား။ ရိပေါ်နဲ့ရှောင်းကျန့်အရပ်တွေက မတိမ်းမယိမ်းပဲ၊ ရိပေါ်ကအနည်းငယ်လေးပိုရှည်နေတာပဲရှိတာ။
သူတို့ကနေလိုက်တာ ဘေးကရှင်းရုံရဲ့ရယ်သံထွက်လာမှ ရှောင်းကျန့်လှည့်ကြည့်လိုက်တော့ ရှင်းရုံနဲ့ဟန်ဝူကျွင်းက သူတို့ကိုကြည့်ပြီး
"ရှောင်းကျန့် romantic time ခစ်ခစ်"
ရှောင်းကျန့်ကရှင်းရုံပြောချင်တာကို ရိပ်မိပြီး မျက်နှာလေးရဲသွားတယ်။ ရိပေါ်ကလဲ ရှင်းရုံကုိတစ်ချက်ကြည့်ပြီး ရှောင်းကျန့်ဆီအကြည့်ပြန်ရောက်လာသည်။ ခနနေသံစဉ်ဆုံးသွားတဲ့နောက်မှာ အတွဲတေွက နှုတ်ခမ်းလေးကိုနမ်းလိုက်ပြီး လက်ခုပ်တီးကာရယ်နေကြသည်။ ဘေးကိုကြည့်ပြီး ရှောင်းကျန့်ကမျက်လုံးပြူးကာ ရိပေါ်ကိုပြန်ကြည့်တော့ ရိပေါ်ကချက်ချင်းပဲ ရှောင်းကျန့်ခါးပေါ်မှာရှိတဲ့သူ့လက်တွေကို ရှောင်းကျန့်ရဲ့ပါးကိုေပြာင်းကိုင်လိုက်ပြီး ရှောင်းကျန့်ရဲ့နှုတ်ခမ်းလေးကို ဖိနမ်းပြီးလွှတ်ပေးလိုက်သည်။
ရှောင်းကျန့်မှာပါးစပ်ပိစိလေးဟပြီး မျက်လုံးအဝိုင်းသားနဲ့ ရိပေါ်ကိုကြောင်ကြည့်နေမိသည်။ နောက်တော့ သတိရသွားပြီး သူ့နှုတ်ခမ်းသူပြန်ကိုင်လိုက်တော့ ရိပေါ်ကသူ့ရဲ့နှုတ်ခမ်းကိုင်ထားတဲ့လက်ရော ရိပေါ်ရင်ဘတ်မှာရှိနေတဲ့လက်လေးရောကို စုပ်ကိုင်လိုက်ပြီး
"တောင်းပန်ပါတယ် ကျုပ်သတိလွှတ်သွားလို့ စိတ်မဆိုးပါနဲ့"
ရိပေါ်ကရှောင်းကျန့်ရဲ့လက်လေးကိုသူ့လက်မနဲ့ဖွဖွလေးပွတ်ပြီးပြောတော့ ရှောင်းကျန့်သက်ပြင်းချလိုက်ပြီး
"စိတ်မဆိုးပါဘူး"
တကယ်လဲရှောင်းကျန့်စိတ်မဆိုးပါဘူး။ သူတို့နှစ်ယောက်ကလက်ထပ်ထားတဲ့သူတွေပဲ ဒါမျိုးကဖြစ်နိုင်တာပဲ။ သူရောက်လာပြီး အချိန်တစ်ခုထိသူ့ကိုထိေတာင်မထိခဲ့၊ သူကသာ လက်သွားကိုင်လိုက် ရိပေါ်ရဲ့အင်္ကျီစကိုသွားကိုင်လိုက်နဲ့လုပ်နေတာ။ သူတို့ရင်းနှီးလာတော့လဲလက်ကိုင်ခါးဖက်တာကလွဲပြီး ရိပေါ်ကဘာမှမလုပ်၊ ဒီလောက်ေစာင့်ထိန်းနိုင်တဲ့လူမျိုးကို ရှောင်းကျန့်အပြစ်မမြင်ပါဘူး။ သူကရုတ်တရက်ဆိုတော့လန့်သွားရုံလေးပဲ။ စိတ်မဆိုးကြောင်းပြောပြီးတာနဲ့ ရှောင်းကျန့်ရှက်ပြီး ခေါင်းငုံ့လိုက်တော့ ရိပေါ်ကကျိတ်ပြုံးပြီး
"တော်သေးတာပေါ့ ကျုပ်ကရှောင်းသခင်လေးစိတ်ဆိုးသွားပြီထင်နေတာ"
ရှောင်းကျန့်ကခေါင်းကြီးငုံ့ပြီးရှက်နေတာကို ရိပေါ်ကပြုံးကာကြည့်နေတုန်း ခပ်လှမ်းလှမ်းကနေရှင်းရုံကလှမ်းခေါ်သည်။
"ဟေ့ ရှောင်းကျန့်!!"
ရှောင်းကျန့်နဲ့ရိေပါ် ရှင်းရုံအသံလာရာကိုလှမ်းကြည့်တော့ ရှင်းရုံကလက်ယှက်ခေါ်နေသည်။ သူတို့အုပ်စုထဲမှာမန်ထယ်ကိုတော့မတွေ့တော့။ ရှောင်းကျန့်ကရိပေါ်လက်ထဲက သူ့လက်ကိုဆွဲထုတ်ပြီးသွားမလို့ပြင်တော့ ရိပေါ်ကလဲရှောင်းကျန့်ခါးကိုကိုင်ကာ အတူလိုက်လာသည်။ ရှောင်းကျန့်သူတို့နားရောက်တာနဲ့
"မန်ထယ်ရော"
"ပြန်သွားပြီ"
ရှင်းရုံပြောပြီးတော့ လင်းဟန်ကဝင်ပြောသည်။
"ကနေရင်း ပြီးသွားတော့ သူနဲ့တွဲကတဲ့ကောင်မလေးကိုထားခဲ့ပြီး ပြန်တော့မယ်ဆိုပြီးပြောသွားတယ် အဲကောင်မျက်နှာလဲမကောင်းဘူး ဘာဖြစ်သွားတာလဲမသိဘူး"
"ဟုတ်လား"
လင်းဟန်ကပဲဆက်ပြောတယ်။
"နောက်နေ့မှငါမေးလိုက်မယ် စိတ်မပူနဲ့"
"အင်း"
ရှောင်းကျန့်ကခေါင်းငြိမ့်ပြသည်။ ပွဲကလဲပြီးတော့မှာဆိုတော့ ရိပေါ်ကရှောင်းကျန့်နားနားကပ်ပြီးပြောလိုက်တယ်။
"ပြန်ကြတော့မလား"
ရှောင်းကျန့်ကရိပေါ်ကိုခေါင်းငြိမ့်ပြလိုက်တော့ ရိပေါ်ကရှင်းရုံတို့ကိုနှုတ်ဆက်လိုက်သည်။
"ဒါဆိုကျွန်တော်တို့ပြန်လိုက်ပါဦးမယ်"
"ဟုတ်ကဲ့ မြို့ပိုင်မင်း"
"ပြန်တော့မယ်ရှင်းရုံ"
ရှင်းရုံတို့ကိုနှုတ်ဆက်ပြီးတာနဲ့ ရိပေါ်နဲ့ရှောင်းကျန့်ပွဲကထွက်လာလိုက်သည်။ ရှောင်းသခင်ကြီးကလဲပြန်သွားပြီမို့ သူတို့နှုတ်ဆက်စရာမရှိတာကြောင့် အိမ်တော်ကိုပဲတန်းပြန်လာလိုက်ကြသည်။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
ရှင်းရုံမင်္ဂလာပွဲပြီးတစ်ပတ်လုံးရှောင်းကျန့်အိမ်တွင်းပြန်အောင်းပြီး စာဖတ်နေခဲ့တယ်။ ရိပေါ်ရဲ့စာကြည့်ခန်းထဲကစာအုပ်တော်တော်များများကို သူဖတ်ပြီးနေပြီ။ ရှောင်းကျန့်နဲ့ရိပေါ်မနက်စာစားနေတုန်း ရှောင်းကျန့်ကရိပေါ်ကိုမေးလာတယ်။
"အိမ်ကလူ ဒီနေ့ရုံးမသွားဘူးမလား"
"အင်း ဘာလို့လဲ"
"ကျွန်တော် စာအုပ်ဆိုင်သွားချင်လို့ လိုက်ခဲ့ပါလား"
"အင်း လိုက်ခဲ့မယ်လေ"
ရိပေါ်တို့မနက်စာစားပြီးတာနဲ့ ပြင်ဆင်ကာ မြို့ထဲကစာအုပ်ဆိုင်ကိုရိပေါ်ကိုယ်တိုင်ကားမောင်းပြီးထွက်လာလိုက်ကြသည်။ ရိပေါ်ကစာအုပ်ဆိုင်မသွားခင် သူတို့မြို့ကအကြီးဆုံးစာကြည့်တိုက်ကိုအရင်ခေါ်လာလိုက်သည်။ စာကြည့်တိုက်ရှေ့ကကားပါကင်မှာကားကိုရပ်လိုက်ပြီး ကားပေါ်ကဆင်းလာလိုက်သည်။ ရိပေါ်ကရှောင်းကျန့်သူ့ဘေးလာမှာကိုရပ်စောင့်နေပြီး ရှောင်းကျန့်ဘေးရောက်လာတော့
"အရင်ဒီကဖတ်ချင်မယ့်စာအုပ်ရှာလိုက်လေ ပြီးရင်စာအုပ်ဆိုင်မှာသွားဝယ်ကြမယ်"
ရိပေါ်တို့စာကြည့်တိုက်ထဲဝင်သွားတော့ စာကြည့်တိုက်မှူးကနှုတ်ဆက်လာသည်။
"မြို့ပိုင်မင်းဝမ် နေကောင်းရဲ့လား မလာတာကြာပြီနော်"
"ဟုတ်တယ်ဗျ မအားတာနဲ့ ဒီနေ့နားရက်ယူတုန်း အမျိုးသားေလးကစာအုပ်ဖတ်ချင်တယ်ဆိုလို့ ခေါ်လာလိုက်တာ"
"အိမ်ကလူ..."
ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့်မျက်နှာလေးရဲသွားတယ်။ အခုရိပေါ်ကသူ့ကို အမျိုးသားလေးလို့ ပြောလိုက်တာလေ။ ရိပေါ်ရဲ့စကားဆုံးတာနဲ့ရှောင်းကျန့်ကခပ်တိုးတိုးလေးရိပေါ်ရဲ့နာမ်စားကိုခေါ်ကာတားတော့ ရိပေါ်ကသူ့ကိုကြည့်ပြီး ပြုံးပြတယ်။ စာကြည့်တိုက်မှူးကလဲ သူတို့ကိုကြည့်ပြီးပြုံးကာ
"ဒါဆို စိတ်ကြိုက်ရှာပါဗျာ ကျွန်တော်မနှောင့်ယှက်တော့ပါဘူး"
ရိပေါ်ကစာကြည့်တိုက်မှူးကုိရယ်ပြပြီး ရှောင်းကျန့်ကိုလက်မောင်းကဆွဲပြီးခေါ်သွားသည်။ ရိပေါ်ဘာသာပြန်စာအုပ်တွေထားတဲ့ စင်တွေဘက်ကိုခေါ်လာပြီး
"ကြိုက်တာရှာလေ ဒီဘက်ကဘာသာပြန်တွေချည်းပဲ ကျုပ်လဲရှာလိုက်ဦးမယ်"
ရိပေါ်ကပြောတော့ ရှောင်းကျန့်လဲခေါင်းငြိမ့်ပြလိုက်သည်။ ရိပေါ်လဲ အနည်းငယ်လှမ်းတဲ့နေရာမှာ သူဖတ်ချင်လောက်မယ့်စာအုပ်တွေသွားရှာေနလိုက်တယ်။ အချိန်ခနကြာသွားတဲ့နောက်မှာ ရိပေါ်လဲသူ့စိတ်ဝင်စားတဲ့စာအုပ်တွေကိုဖတ်နေတုန်း ရှောင်းကျန့်ကိုလှည့်ကြည့်လိုက်တော့ ရှောင်းကျန့်က လိုချင်တဲ့စာအုပ်ကိုမမှီလို့ ခုံခုကာလှမ်းယူနေသည်။ ရိပေါ်လဲအနားကိုသွားလိုက်ပြီး ခုံကိုထိန်းကိုင်ပေးထားလိုက်တယ်။ ရှောင်းကျန့်ကအောက်ကိုငုံ့ကြည့်ပြီး
"အာ အိမ်ကလူ."
"အပေါ်ကိုကြည့် ချော်ကြမယ် ကျုပ်ခုံထိန်းပေးထားမယ်"
ရှောင်းကျန့်ကခေါင်းငြိမ့်ပြပြီး သူလိုချင်တဲ့စာအုပ်ကိုယူပြီးပြန်ဆင်းတော့မှာမို့ ရိပေါ်ကခုံကိုလွှတ်လိုက်သည်။ ရှောင်းကျန့်ကစာအုပ်ကိုကြည့်နေရင်းခုံကဆင်းလိုက်တာမို့ ခြေချော်ပြီးအနောက်ကိုလှန်ကျလာတာကြောင့် ရိပေါ်အမြန်ပဲအနောက်ကလှမ်းပွေ့လိုက်သည်။ ရှောင်းကျန့်ကလန့်ပြီး ရိပေါ်ရဲ့လည်ပင်းကိုဖက်ထားလိုက်တယ်၊ အောက်သာပြုတ်ကျလို့ကတော့ ခါးကုိဆေးတစ်ပတ်လောက်လူးရမယ်။ ရိပေါ်နဲ့ရှောင်းကျန့် ငါးစက္ကန့်လောက်အကြည့်ချင်းစုံပြီးတဲ့နောက်မှာ ရိပေါ်ကရှောင်းကျန့်ကိုပွေ့ထားရာကနေ ချပေးလိုက်သည်။
"ချော်ကြမယ်လို့ သတိေပးနေတာကို ခဗျားကလေ နမော်နမဲ့နဲ့"
"လာဆူမနေပါနဲ့ စာအုပ်ကိုဖတ်လိုက်မိလို့ပါ"
"ဟောဗျာ ကျုပ်သာမဖမ်းမိပဲ ပြုတ်ကျသွားရင်ဘယ်လိုလုပ်မလဲ"
ရှောင်းကျန့်ကအဖြေပြန်မပေးပဲ သူ့ဘာသာတီးတိုးရေရွတ်လိုက်သည်။
"ဘာပဲဖြစ်ဖြစ်ဖမ်းမိမှာပဲကို"
ရိပေါ်ဆူပုတ်ပုတ်ဖြစ်နေတဲ့ရှောင်းကျန့်ကိုကြည့်ပြီး ခေါင်းသာခါလိုက်သည်။ ရှောင်းကျန့်ကဘယ်တော့မှပြောစကားနားမထောင်ဘူး။
ရှောင်းကျန့်တို့စာအုပ်ဆိုင်ကနေ စာအုပ်တွေဝယ်ပြီးသွားတော့ ရှောင်းကျန့်က မန်ထယ်ရဲ့ကော်ဖီဆိုင်သွားမယ်ဆိုသောကြောင့် ရိပေါ်လိုက်ပို့လိုက်သည်။ ကော်ဖီဆိုင်ထဲရောက်တော့ မန်ထယ်ကထောင့်တစ်ထောင့်မှာကုတ်ကုတ်လေးထိုင်နေသည်။ ပုံစံကဒီလောကထဲမှာ သူ့စိတ်ဝိညာဉ်ကမရှိနေသလိုပဲ၊ တစ်ခုခုကိုတွေးပြီး မှိုင်နေတာ။ ရှောင်းကျန့်တို့မန်ထယ်ထိုင်နေတဲ့စားပွဲမှာဝင်ထိုင်လိုက်တာတောင် မန်ထယ်သူတို့ကိုလှည့်ကြည့်မလာ။
ရှောင်းကျန့်ဆီကို လင်းဟန်ဖုန်းဆက်လာတယ်။ မန်ထယ်ကဒီရက်ပိုင်းအပြင်တောင်မထွက်တော့ဘူးတဲ့၊ ရှောင်းကျန့်မန်အိမ်တော်ကိုဖုန်းဆက်တော့လဲ မန်ထယ်ကအိမ်တော်ကိုပြန်မလာတာတစ်ပတ်ရှိပြီလို့ပြောတယ်။ ဒီရက်ပိုင်းသူဘယ်မှာသွားနေပြီး ဘာတွေဖြစ်နေလဲမသိ။ ရှောင်းကျန့်သက်ပြင်းချလိုက်ပြီး စားပွဲပေါ်တင်ထားတဲ့မန်ထယ်လက်ကိုကိုင်ပြီးလှုပ်ကာခေါ်လိုက်သည်။
"မန်ထယ်.."
အဲတော့မှမန်ထယ်ကသူ့ကိုကြည့်လာပြီး အပြုံးဖျော့ဖျော့လေးကိုဖောဖောသီသီပေးကာ
"အာ ရှောင်းကျန့် ရောက်တာကြာပြီလား"
ရှောင်းကျန့်ခေါင်းခါပြလိုက်ပြီး
"ဘာတွေဖြစ်နေတာလဲ တစ်ပတ်အတွင်းအဲလောက်တောင်ပိန်သွားတာလား ထမင်းရောစားရဲ့လား အိပ်တာရောမှန်ရဲ့လား မင်းမျက်တွင်းတော်တော်ကျနေပြီ ဘာတွေဖြစ်နေတာလဲမန်ထယ် ငါကမင်းသူငယ်ချင်းပဲ ငါ့ကိုပြောပြလို့ရပါတယ်"
မန်ထယ်ကရှောင်းကျန့်ရဲ့လက်လေးကိုပြန်ကိုင်လိုက်ပြီး
"မစိုးရိမ်ပါနဲ့ ငါသေတော့မသေလိုက်ပါဘူး"
"မန်ထယ်.."
ရှောင်းကျန့်ကသူ့နာမည်ကိုခပ်လေးလေးခေါ်လိုက်တော့ မန်ထယ်ရှောင်းကျန့်ရဲ့ခေါင်းလေးကိုပုတ်ပြီးရယ်ပြလိုက်တယ်။ ဘေးကနေရိပေါ်ကလဲ ရှောင်းကျန့်ရဲ့ခေါင်းပေါ်ကမန်ထယ်ရဲ့လက်ကိုကြည့်နေမိတယ်။ သူဘာမှတော့ဝင်မပြော။
မန်ထယ်ရဲ့အပြုံးတွေအသက်ပါပါတယ်။ ဒါမယ့်အပြုံးေတွထဲမှာပင်ပန်းပြီး အသက်ရှူရတာခက်ခဲနေသလိုဖြစ်ေနတာကုိ မြင်နေရတယ်။ ဘာတွေကများဒီေလာက်ထိခံစားေစတာလဲ မန်ထယ်ရယ်...
ဆက်ရန်~~~~
ဟယ်! နောက်ကျသွားတာပဲ ဟီးဟီး)"
Zawgyi
ညဘက္ပါတီခ်ိန္မွာ ရိေပၚနဲ႕ေရွာင္းက်န႔္ခပ္ဆင္ဆင္အဝတ္အစားကိုဝတ္ဆင္ထားၾကသည္။ ရိေပၚကမီးခိုးေရာင္တီရွပ္ကို တံေတာင္ဆစ္ထိေခါက္တင္ကာ စတိုင္ပန္အနက္နဲ႕တြဲဝတ္ထားသည္။ ေရွာင္းက်န႔္ကေတာ့ အနက္ေရာင္တီရွပ္ကိုေဘာင္းဘီအနက္ထဲထည့္ဝတ္ထားၿပီး အကၤ်ီၾကယ္သီးကိုအေပၚႏွစ္လုံးေလာက္ျဖဳတ္ထားလိုက္သည္။ အရင္ထဲကဖက္ရွင္အျမင္ရွိတဲ့သူမို႔ ေရွာင္းက်န႔္ကall blackနဲ႕ခပ္မိုက္မိုက္ရယ္။
ေရွာင္းက်န႔္ကရိေပၚရဲ႕လက္ေမာင္းကိုအေနာက္ကေနဖြဖြေလးခ်ိတ္ၿပီး ပါတီထဲကိုဝင္လာေတာ့ မိန္းကေလးတိုင္းရဲ႕အၾကည့္က သူတို႔ဆီမွာ။ ရိေပၚအေနာက္ကိုေခါင္းလွည့္ကာ ေရွာင္းက်န႔္ရဲ႕အကၤ်ီကိုဆြဲစိပလိုက္ေတာ့ ေရွာင္းက်န႔္ကမ်က္ေမွာင္ၾကဳတ္ၿပီး သူ႕အကၤ်ီကိုျပန္ဟလိုက္တယ္။ ရိေပၚကအေနာက္ကိုေသခ်ာလွည့္လိုက္ၿပီး ေရွာင္းက်န႔္ျဖဳတ္ထားတဲ့ ၾကယ္သီးႏွစ္လုံးကိုျပန္တပ္ေပးဖို႔လုပ္ေနသည္။ ေရွာင္းက်န႔္မ်က္ႏွာရႈံ႕မဲ့ကာ ဆူပုတ္သြားေတာ့တယ္။ အရင္ထဲကဒီလိုပုံစံမ်ိဳးဝတ္ခ်င္ခဲ့တာ၊ အလုပ္ေတြေၾကာင့္ မဝတ္နိုင္ခဲ့ဘူး။ ဒီေနရာေရာက္ေတာ့လဲ ဝတ္နိုင္ၿပီထင္တာ၊ ယူထားတဲ့ေယာက္်ားက အတင္းဖုံးပစ္ေနတယ္။ အိမ္ကဝတ္လာတုန္းကလဲအေကာင္း တစ္လမ္းလုံးလဲအေကာင္း ပါတီထဲေရာက္မွဘာထျဖစ္မွန္းမသိ။
ေရွာင္းက်န႔္ ၾကယ္သီးတပ္ေပးေနတဲ့ရိေပၚဆီကအတင္း႐ုန္းထြက္ေနၿပီး ရိေပၚကလဲ ေရွာင္းက်န႔္ကိုခ်ဳပ္ကာ ၾကယ္သီးတပ္ေပးေနသည္။ ႏွစ္လုံးေလးတပ္ဖို႔ကို ရိေပၚမွာအားစိုက္လိုက္ရတယ္။ ေရွာင္းက်န႔္႐ုန္းတာေကာ့ျပန္ေနတာပဲေလ။ အကုန္တပ္ၿပီးသြားေတာ့ ေရွာင္းက်န႔္က ရိေပၚကိုစိတ္ဆိုးၿပီးဆူပုတ္ပုတ္နဲ႕
"ဘာျဖစ္တာလဲ အိမ္ကဝတ္လာတုန္းကအေကာင္းကို ခဗ်ားကအျမင္ကပ္စရာႀကီး"
ေရွာင္းက်န႔္ကေျပာၿပီးတာနဲ႕ ရိေပၚေရွ႕ကအရင္ထြက္သြားသည္။ ရိေပၚလဲေရွာင္းက်န႔္ကိုၾကည့္ၿပီး ေခါင္းသာခါလိုက္တယ္။ ရိေပၚအခုမွပတ္ဝန္းက်င္ကိုသတိရသြားၿပီး ၾကည့္လိုက္ေတာ့ သူ႕ကိုၿပဳံးစိစိနဲ႕စိုက္ၾကည့္ေနတာေၾကာင့္ မသိခ်င္ေယာင္ေဆာင္ေနလိုက္သည္။ ရိေပၚေရွာင္းက်န႔္ကိုရွာၾကည့္ေတာ့ ေရွာင္းသခင္ႀကီးနဲ႕အိမ္ေတာ္ေတြရဲ႕သခင္ႀကီးေတြၾကားထဲမွာၿပဳံးၿပဳံးေလးနဲ႕စကားေတြေျပာေနသည္။ ရိေပၚလဲေရွာင္းသခင္ႀကီးကို ႏႈတ္ဆက္ဖို႔ ထိုနားကိုသြားလိုက္သည္။
"ဆရာ.."
အရိုအသေပးေနတဲ့ရိေပၚကို ေရွာင္းသခင္ႀကီးက ရယ္ၿပီး
"ေရာက္ၿပီလားဝမ္ေလး အခုပဲ သားက်န႔္ကမင္းအေၾကာင္းကိုတိုင္ေနတယ္ သူဝတ္လာတဲ့အကၤ်ီကိုၾကယ္သီးေတြတပ္ေပးတယ္ဆို"
ေရွာင္းသခင္ႀကီးကခပ္ၿပဳံးၿပဳံးနဲ႕ေျပာေတာ့ ေဘးကလူႀကီးေတြကလဲ သူတို႔ကိုရယ္ၾကတယ္။ ေရွာင္းက်န႔္ကေတာ့ ရိေပၚကိုမ်က္ေစာင္းထိုးၿပီး သူ႕သူငယ္ခ်င္းေတြဆီထြက္သြားမလို႔လုပ္ေတာ့ ရိေပၚကေရွာင္းက်န႔္လက္ကိုလွမ္းဆြဲလိုက္ၿပီး တိုးတိုးေလးကပ္ကာ
"က်ဳပ္အနားမွာမရွိဘူးဆိုၿပီး အကၤ်ီၾကယ္သီးျပန္ျဖဳတ္ၾကည့္ ခဗ်ားကိုအလုံထုပ္ပစ္မယ္"
ေရွာင္းက်န႔္မ်က္လုံးျပဴးသြားတယ္။ ပါတီႀကီးမွာသူကအလုံထုပ္ၿပီး ပုံတုံးႀကီးနဲ႕ေနရမွာလား။ ဝမ္ရိေပၚကဘာျဖစ္ခ်င္ေနတာလဲ။ ၾကယ္သီးပဲတပ္ထားလိုက္ပါေတာ့မယ္၊ အလုံထုပ္ေတာ့အဆင္ေျပမေနဘူး။
ေရွာင္းက်န႔္ ရိေပၚကိုသူ႕ကိုယ္လုံးနဲ႕ ဝင္တိုက္ပစ္လိုက္ၿပီး ထြက္သြားေတာ့သည္။ လူႀကီးေတြကေတာ့ရယ္ေမာကုန္ၾကကာ
"လူငယ္ေတြမ်ားကြာ ဟားဟား"
ရယ္တာရပ္သြားေတာ့မွာ ရိေပၚကေရွာင္းသခင္ႀကီးကိုေသခ်ာေမးလိုက္သည္။
"ဘယ္ခ်ိန္ကျပန္ေရာက္လဲဆရာ ကြၽန္ေတာ့္ကိုႀကိဳေျပာတာမဟုတ္ဘူး လာႀကိဳမွာေပါ့"
"ေတာ္ပါၿပီ ဝမ္ေလးရာ ငါအသက္အဲေလာက္မႀကီးေသးပါဘူးကြ"
ေရွာင္းသခင္ႀကီးက ျပည္ပကိုခရီးထြက္သြားတာ ႏွစ္လေလာက္ရွိေနၿပီ။ အခုရွင္း႐ုံရဲ႕မဂၤလာေဆာင္မို႔ မနက္ထဲကလာမလို႔ကို ေလယာဥ္လက္မွတ္ကညပိုင္းပဲရနိုင္ေတာ့တာမို႔ ညပိုင္းပါတီကိုပဲတက္ျဖစ္လိုက္သည္။
ရိေပၚလဲ ေရွာင္းသခင္ႀကီးကိုရယ္ျပၿပီး လူႀကီးေတြေျပာတဲ့စကားေတြကိုနားေထာင္ေနရသည္။
ေရွာင္းက်န႔္ သူ႕သူငယ္ခ်င္းအုပ္စုနားေရာက္ေတာ့ ရွင္း႐ုံကသူ႕ေယာက္်ားလက္ေမာင္းကိုခ်ိတ္ထားကာ ေရွာင္းက်န႔္ကိုစေနာက္သည္။
"ဟဟ သနားစရာေလး စတိုင္မိုက္ခ်င္လို႔ ၾကယ္သီးျဖဳတ္လာတာ အေပါက္ဝမွာတင္ ျပန္တပ္ေပးခံလိုက္ရတယ္"
သူ႕ကိုၾကည့္ၿပီး တစ္ဖြဲ႕လုံးဝိုင္းဟားေနၾကတာမို႔ ေရွာင္းက်န႔္မ်က္ႏွာႀကီးဆူပုတ္ကာ
"ေအးနင္ေနာက္ေနလိုက္ မဂၤလာလက္ဖြဲ႕မေပးေတာ့ဘူး"
အဲေတာ့မွ ရွင္း႐ုံက စပ္ၿဖဲၿဖဲနဲ႕သူ႕အမ်ိဳးသားလက္ကိုလႊတ္လိုက္ၿပီး ေရွာင္းက်န႔္ရဲ႕လက္ေမာင္းကိုခ်ိတ္လိုက္ကာ
"ငါ့သူငယ္ခ်င္းေလးကလဲ စတဲ့ဟာကို ဘာေပးမွာလဲဟင္"
ရွင္း႐ုံရဲ႕ပူေႏြးေႏြးသတို႔သားေလးကေတာ့ ရွင္း႐ုံရဲ႕ခ်စ္စရာအမူအရာေလးကိုၾကည့္ၿပီး ပါးစပ္မစိေတာ့၊ ၿပဳံးေနတာနား႐ြက္တပ္ခ်ိတ္ေတာ့မယ္။
ေရွာင္းက်န႔္ ရွင္း႐ုံကိုၿပဳံးျပလိုက္ၿပီး သူ႕ေဘာင္းဘီအိတ္ထဲထည့္ထားတဲ့ေသာ့ကိုထုတ္ၿပီး ရွင္း႐ုံကိုျပလိုက္သည္။ ရွင္း႐ုံကေသာ့ကိုယူလိုက္ၿပီး
"ဘာေသာ့လဲ"
"နင္တို႔အတြက္ ငါနဲ႕ၿမိဳ႕ပိုင္မင္းရဲ႕လက္ဖြဲ႕ အိမ္ေသာ့"
"အိမ္ေသာ့! ဘယ္ကအိမ္လဲ"
"**ကေတာင္ေပၚအိမ္ေလး နင္တို႔အပန္းေျဖဖို႔သြားရင္လဲအဆင္ေျပေအာင္ နင္ကအပန္းေျဖရတာႀကိဳက္တယ္မလား ခရီးထြက္ရင္ အဲကအိမ္ေလးမွာေနလို႔ရတာေပါ့ ဟန္းနီးမြန္းလဲအဲ့မွာသြားေနလို႔ရတယ္ေလ တကယ္ေနလို႔ေကာင္းမယ္ေနရာေ႐ြးထားတာ"
"ဟာ.. ေရွာင္းက်န႔္တကယ္ႀကီးေပါ့ နင္ကတကယ္အေကာင္းဆုံးပဲ ငါဘာသေဘာက်မွန္းတန္းသိတယ္"
"နင္ႀကိဳက္ရင္ရၿပီ"
ရွင္း႐ုံကရယ္ေမာၿပီးေပ်ာ္ေနေတာ့တာပဲ။ အားလုံးကလဲရွင္း႐ုံေပ်ာ္ေနေတာ့ ေက်နပ္ေနၾကတယ္။
"အိမ္ဝယ္ေပးဖို႔ကနင့္အႀကံမလား ၿမိဳ႕ပိုင္မင္းကလဲသေဘာတူတယ္ေပါ့"
"အိမ္ကလူက ငါႀကိဳက္တာေပး သူအေနာက္ကလိုက္စိုက္ေပးမယ္တဲ့ေလ"
"ဆိုေတာ့ ဒီအိမ္အတြက္နင့္ပိုက္ဆံတစ္ျပားမွမပါဘူးေပါ့"
ရွင္း႐ုံကဆူပုတ္ပုတ္နဲ႕ေမးေတာ့ ေရွာင္းက်န႔္ကရယ္ျပၿပီး
"ငါ့ေယာက္်ားဝယ္ေပးတာ ငါဝယ္ေပးတာပဲေပါ့ ငါကနင္ဘာႀကိဳက္မလဲစဥ္းစားေပးထားရတာေလ လက္ဖြဲ႕ေပးဖို႔ ငါတစ္လေလာက္စဥ္းစားထားရတာေနာ္"
ရွင္း႐ုံကအၿပဳံးတုႀကီးနဲ႕ လက္အုပ္ခ်ီၿပီး ေရွာင္းက်န႔္ကိုၾကည့္ကာ
"ေက်းဇူးႀကီးမားပါတယ္ ေရွာင္းသခင္ေလးရယ္ တစ္လေတာင္စဥ္းစားထားရေတာ့ တစ္ျပားမွမစိုက္ထားတာေပါ့ေနာ္"
"နင္ကလဲ"
ေရွာင္းက်န႔္ကမဲ့သြားေတာ့ ရွင္း႐ုံကၿပဳံးျပၿပီး
"ငါကစတာပါ ငါ့သူငယ္ခ်င္းေလးကတကယ္ကိုစဥ္းစားတတ္ပါေပတယ္"
ေရွာင္းက်န႔္တို႔အုပ္စု ရယ္ေမာၿပီးစကားေတြေျပာေနတုန္း အမ်ိဳးသမီးတစ္ေယာက္ကေရွာင္းက်န႔္ကိုလာႏႈတ္ဆက္သည္။
"ဟယ္လို က်န႔္ မေတြ႕ရတာၾကာၿပီေနာ္"
ေရွာင္းက်န႔္က သူ႕ကိုမသိသလိုေသခ်ာၾကည့္ေနတာမို႔ ထိုအမ်ိဳးသမီးက ရယ္ကာေျပာလာသည္။
"အို က်န႔္ကတို႔ကိုေတာင္မမွတ္မိေတာ့ဘူးလား
ရည္းစားေဟာင္းေတြမ်ားလြန္းလို႔မမွတ္မိတာလား အိမ္တြင္းေအာင္းတာမ်ားၿပီးမမွတ္မိတာလား"
ေရွာင္းက်န႔္ကမေျဖပဲ ဒီတိုင္းသာရပ္ၾကည့္ေနတာေၾကာင့္ ထိုအမ်ိဳးသမီးကေခါင္းခါၿပီးရယ္ကာ ေရွာင္းက်န႔္ေဘးကမန္ထယ္ကိုႏႈတ္ဆက္လိုက္သည္။
"မန္သခင္ေလးကိုလဲ မေတြ႕တာၾကာၿပီေနာ္"
"အင္း ေနေကာင္းရဲ႕လား ရင္ေမ"
"ေကာင္းပါ့ရွင္"
ရင္ေမက သူ႕ကိုမသိခ်င္ေယာင္ေဆာင္ေနတဲ့ေရွာင္းက်န႔္ဘက္လွည့္ၿပီး
"မသိခ်င္ေယာင္ေဆာင္မေနပါနဲ႕က်န႔္ရယ္ တို႔ရွင့္ကိုျပန္လာကပ္တာမဟုတ္ပါဘူးကြ ဒီတိုင္းရွင္တို႔အဖြဲ႕ကိုေတြ႕လို႔လာႏႈတ္ဆက္႐ုံေလးပါ"
ေရွာင္းက်န႔္ကရင္ေမကိုျပန္ၿပဳံးျပလိုက္သည္။ ရင္ေမက ရွင္း႐ုံဘက္လွည့္ၿပီး
"Congratulation ေနာက္ႏွစ္ေတြအၾကာႀကီးလက္တြဲသြားနိုင္ပါေစေနာ္"
ရင္ေမကသူ႕လက္ထဲကကိုင္ထားတဲ့ ႐ုန္ပိန္ခြက္ေလးကိုေျမာက္ၿပီး ရွင္း႐ုံနဲ႕ဟန္ဝူကြၽင္းတို႔ကုိဂုဏ္ျပဳစကားဆိုေတာ့ ႏွစ္ေယာက္လုံးကလဲ သူတို႔ေရွ႕ကစားပြဲေပၚတင္ထားတဲ့ ရွန္ပိန္ႏွစ္ခြက္ကိုကိုင္ၿပီး ခြက္ခ်င္းတိုက္လိုက္ကာ
"Thanks ရင္ေမ"
သုံးေယာက္သားကိုယ္စီ႐ုန္ပိန္ကိုေသာက္လိုက္ၾကသည္။ အစမွာေတာ့ စကားနည္းေနၾကေပမယ့္ ခနၾကာေတာ့ အကုန္လုံးကေျပာေနရင္းအဆင္ေျပလာသည္။ ေရွာင္းက်န႔္ေတြးမိလိုက္တယ္၊ ရင္ေမကဆိုးတဲ့ရည္းစားေဟာင္းေတာ့မဟုတ္ဘူး။ ပ်က္သြားလဲ ခင္မင္တတ္တဲ့ အမ်ိဳးသမီးတစ္ေယာက္ပါပဲ။
ရိေပၚလူႀကီးေတြနဲ႕စကားေျပာေနတုန္း ေရွာင္းက်န႔္တို႔အုပ္စုစီကိုအၾကည့္ေရာက္သြားတယ္။ ရိေပၚမ်က္ေမွာင္ၾကဳတ္သြားတယ္။ ေရွာင္းက်န႔္တို႔နဲ႕ရယ္ေမာေနတဲ့ အဲဒီ့အမ်ိဳးသမီးကို ရိေပၚသိသည္။ ရိေပၚတို႔မလက္ထပ္ခင္က သူနဲ႕ေရွာင္းက်န႔္တြဲသြားတာကိုျမင္ဖူးထားတယ္။
ရိေပၚသတင္းၾကားတာေတာ့ ထိုအမ်ိဳးသမီးကိုေရွာင္းက်န႔္တြဲတဲ့သူေတြထဲမွာသေဘာအက်ဆဳံးပဲ၊ ထိုအမ်ဳိးသမီးနဲ႕ေရွာင္းက်န႔္တို႔တြဲတာလဲသက္တမ္းအၾကာဆုံးပဲတဲ့။ ေနာက္ေတာ့ ရိေပၚနဲ႕ေရွာင္းက်န့္တို႔လက္ထပ္ေတာ့မယ္ဆိုတဲ့သတင္းထြက္ေတာ့ ထိုအမ်ိဳးသမီးကေရွာင္းက်န႔္ကိုဖ်က္ေပးလိုက္တယ္တဲ့ေလ။ အခုမွဒီအမ်ိဳးသမီးကဘာလို႔ေရွာင္းက်န႔္ေဘးမွာရွိေနရတာလဲ။
ရိေပၚတစ္ခ်က္တစ္ခ်က္လွည့္လွည့္ၾကည့္ေနတာကို သတိထားမိသြားတဲ့ လူႀကီးေတြက ရိေပၚကိုရယ္ၿပီးစၾကျပန္သည္။
"ၿမိဳ႕ပိုင္မင္းဝမ္ ေရွာင္းသခင္ေလးကိုၾကည့္လွခ်ည္လားဗ်
ေရွာင္းသခင္ႀကီးကေတာ့ သားမက္ေကာင္းကိုေ႐ြးတတ္ပါ့ဗ်ာ"
ေရွာင္းသခင္ႀကီးကလဲခပ္ၿပဳံးၿပဳံးပဲ။ ရိေပၚမွာေတာ့ ၿပဳံးေတာင္ၿပဳံးမျပနိုင္ေတာ့ဘူး။ ဘာလို႔ဆိုေရွာင္းက်န႔္ရဲ႕လက္ေမာင္းကုိရင္ေမကလွမ္းခ်ိတ္လိုက္တာေၾကာင့္ပဲ။ အဲဒါကိုေရွာင္းက်န႔္ကလဲ ရယ္ေမာေနတယ္။ တကယ္ေတာ့ ရင္ေမလက္ေမာင္းကိုခ်ိတ္လိုက္တာ သူ႕ရည္းစားနဲ႕အေၾကာင္းကိုရွင္း႐ုံကေမးေနလို႔ ရင္ေမကေျပာျပေနရင္း အမူအရာေတြပါ ပါလာ႐ုံပါ။ သူတို႔ဝိုင္းကေတာ့ ဘာေျပာေနလဲသိေနတာမို႔ အကုန္လုံးကရယ္ေမာေနၾကတာ။ ရိေပၚမ်က္ႏွာပ်က္ေနေတာ့ လူႀကီးေတြကလဲ မေနနိုင္ေတာ့ပဲ
"ကဲ ၿမိဳ႕ပိုင္မင္း သဝန္တိုရင္လဲ ခဗ်ားအမ်ိဳးသားေလးကိုအနားထားလိုက္ေလ"
ရိေပၚထိုလူႀကီးမ်ားကို ႏႈတ္ဆက္လိုက္ၿပီး
"သြားဦးမယ္ ဆရာ"
ရိေပၚေျပာၿပီးတာနဲ႕ထိုေနရာကခ်က္ခ်င္းလွည့္ထြက္လာလိုက္သည္။ ေရွာင္းက်န႔္တို႔နားေရာက္ေတာ့ ေရွာင္းက်န႔္လက္ေမာင္းကိုခ်ိတ္ထားတဲ့လက္ကိုျဖဳတ္လိုက္ၿပီး ေရွာင္းက်န႔္နဲ႕ထိုအမ်ိဳးသမီးရဲ႕ၾကားထဲဝင္ရပ္လိုက္ၿပီး ေရွာင္းက်န႔္ခါးကိုဖက္လိုက္သည္။ အကုန္လုံးကေၾကာင္သြားေပမယ့္ ေနာက္ေတာ့ခပ္ၿပဳံးၿပဳံးျဖစ္သြားၾကသည္။ မန္ထယ္ကဝင္ေျပာသည္။
"ငါtoiletသြားလိုက္ဦးမယ္"
မန္ထယ္ကေျပာၿပီးတာနဲ႕လွည့္ထြက္သြားသည္။
ေရွာင္းက်န႔္လဲ ေၾကာင္ၿပီးရိေပၚကိုၾကည့္လိုက္ေတာ့ မ်က္ႏွာကေတာ္ေတာ္တည္တင္းေနတာမို႔ ေမးလိုက္တယ္။
"အိမ္ကလူ ဘာျဖစ္လို႔လဲ"
"ျပန္ၾကမယ္"
"ဟမ္ ျပန္ေတာ့မွာလား"
"အင္း"
ရိေပၚကေရွာင္းက်န႔္ခါးကိုဖက္ၿပီး ျပန္ဖို႔ေျပာေနေတာ့ ရွင္း႐ုံမေနနိုင္ေတာ့ပဲ ဝင္ေျပာလိုက္သည္။
"ၿမိဳ႕ပိုင္မင္း မျပန္ပါနဲ႕ဦးလား ခနေန စုံတြဲကေတာ့မွာေလ ကြၽန္မရဲ႕ပါတီေလးၿပီးမွျပန္ၾကပါလား"
ရိေပၚေရွာင္းက်န႔္ကိုၾကည့္ေတာ့လဲ မ်က္ႏွာငယ္ေလးနဲ႕ေခါင္းၿငိမ့္ျပေနတာမို႔ သက္ျပင္းခ်လိဳက္ၿပီး
"အင္း"
အဲေတာ့မွရွင္း႐ုံေရာေရွာင္းက်န႔္ေရာ ရိေပၚကိုရယ္ျပလာၾကသည္။
"ၿမိဳ႕ပိုင္မင္း အိမ္လက္ဖြဲ႕ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ေနာ္"
"ရပါတယ္ ကြၽန္ေတာ္ကဘာမွမလုပ္ေပးပါဘူး ေရွာင္းက်န႔္ကပဲအကုန္စီစဥ္ေပးတာ ေရွာင္းက်န႔္ကိုပဲေက်းဇူးတင္လိုက္ပါ"
ရိေပၚရဲ႕စကားေၾကာင့္ ရွင္း႐ုံအင္တင္တင္ျဖစ္သြားတယ္။ သူမ်ားကေက်းဇူးတင္ရင္လက္ခံလိုက္ေလ!
ခနေနေတာ့ ဖြင့္ထားတဲ့သီခ်င္းသံစဥ္ကေျပာင္းၿပီး pianoသံၿငိမ့္ၿငိမ့္ေလးထြက္လာသည္။ သီခ်င္းသံထြက္လာတာနဲ႕ရွင္း႐ုံကိုဟန္ဝူကြၽင္းက လက္ျဖန႔္ကာေခၚေတာ့ ရွင္း႐ုံကၿပဳံးၿပီး ဟန္ဝူကြၽင္းရဲ႕လက္ထဲကိုသူ႕လက္ေလးကိုထည့္လိုက္သည္။ သူ႕တို႔ကစလိုက္တာ ေနာက္အတြဲေတြ၊ ေယာက္်ားေလးေတြက ကိုယ္ႏွစ္သက္တဲ့မိန္းကေလးကိုအသီးသီးလပ္ကမ္းေပးၿပီး အလယ္မွာသြားကေနၾကၿပီ။ မန္ထယ္ လင္းဟန္ က်န္းဖူထ်န္တို႔ကလဲ သူတို႔ေဘးမွာအစထဲကရွိေနတဲ့ partnerအသီးသီးကိုေခၚၿပီးကေနၾကၿပီ။ ရင္ေမကလဲ သူ႕ရည္းစားမပါလာတာေၾကာင့္ သူ႕အေဖရင္သခင္ႀကီးနဲ႕ပဲသြားကေနၿပီ။ ရိေပၚနဲ႕ေရွာင္းက်န႔္ပဲက်န္ေတာ့တယ္။
ေရွာင္းက်န႔္ကေဘးပတ္လည္ကိုၾကည့္ၿပီး ရိေပၚကိုျပန္ၾကည့္ေတာ့ ရိေပၚကလဲသူ႕ကိုၾကည့္ေနတယ္။ ၾကည့္ေနရင္းရိေပၚကလက္ကမ္းလာၿပီး
"က်ဳပ္နဲ႕ကေပးနိုင္မလား ေရွာင္းသခင္ေလး"
ေရွာင္းက်န႔္မ်က္လုံးဝိုင္းေလးနဲ႕ရိေပၚကိုၾကည့္ၿပီး
"အိမ္ကလူ...."
ရိေပၚအတြက္နာမ္စားကိုခပ္ဖြဖြေခၚလိုက္တယ္။ သူတို႔ကတရားဝင္လက္ထပ္ထားတာပဲကို ကလိုက္ေတာ့ေရာဘာျဖစ္လဲ။ ေရွာင္းက်န႔္လဲ ရိေပၚရဲ႕လက္ဖဝါးႀကီးႀကီးထဲကို သူ႕လက္သြယ္သြယ္ေလးထည့္လိုက္သည္။ အဲအခ်ိန္သူခံစားရတာ ေႏြးေထြးတယ္ လုံၿခဳံတယ္ ဆိုတာပဲ။
ကေနတဲ့ဆီကိုသူတို႔ေရာက္ေတာ့ ရိေပၚကသူ႕လက္ထဲကေရွာင္းက်န႔္လက္ေလးကို သူ႕ပုခုံးေပၚတင္လိုက္ၿပီး သူ႕လက္ႏွစ္ဖက္ကေရွာင္းက်န႔္ခါးကိုဖက္လိုက္သည္။ ေရွာင္းက်န႔္ကလဲ ေနာက္လက္တစ္ဖက္ကိုရိေပၚပုခုံးေပၚထပ္တင္လိုက္သည္။ သူတို႔သံစဥ္ၿငိမ့္ၿငိမ့္ေလးနဲ႕အတူ သူတို႔ရဲ႕ခႏၶာကိုယ္ကိုလဲၿငိမ့္ၿငိမ့္ေလးပဲလႈပ္ရွားေနလိုက္တယ္။ ကေနတဲ့အခ်ိန္မွာ ရိေပၚေရာေရွာင္းက်န႔္ေရာ တစ္ေယာက္မ်က္လုံးတစ္ေယာက္ၾကည့္ေနမိတယ္၊ အၾကည့္တို႔ကဘယ္ကိုမွမေ႐ြ႕သြား။ ရိေပၚနဲ႕ေရွာင္းက်န႔္အရပ္ေတြက မတိမ္းမယိမ္းပဲ၊ ရိေပၚကအနည္းငယ္ေလးပိုရွည္ေနတာပဲရွိတာ။
သူတို႔ကေနလိုက္တာ ေဘးကရွင္း႐ုံရဲ႕ရယ္သံထြက္လာမွ ေရွာင္းက်န႔္လွည့္ၾကည့္လိုက္ေတာ့ ရွင္း႐ုံနဲ႕ဟန္ဝူကြၽင္းက သူတို႔ကိုၾကည့္ၿပီး
"ေရွာင္းက်န႔္ romantic time ခစ္ခစ္"
ေရွာင္းက်န႔္ကရွင္း႐ုံေျပာခ်င္တာကို ရိပ္မိၿပီး မ်က္ႏွာေလးရဲသြားတယ္။ ရိေပၚကလဲ ရွင္း႐ုံကုိတစ္ခ်က္ၾကည့္ၿပီး ေရွာင္းက်န႔္ဆီအၾကည့္ျပန္ေရာက္လာသည္။ ခနေနသံစဥ္ဆုံးသြားတဲ့ေနာက္မွာ အတြဲေတြက ႏႈတ္ခမ္းေလးကိုနမ္းလိုက္ၿပီး လက္ခုပ္တီးကာရယ္ေနၾကသည္။ ေဘးကိုၾကည့္ၿပီး ေရွာင္းက်န႔္ကမ်က္လုံးျပဴးကာ ရိေပၚကိုျပန္ၾကည့္ေတာ့ ရိေပၚကခ်က္ခ်င္းပဲ ေရွာင္းက်န႔္ခါးေပၚမွာရွိတဲ့သူ႕လက္ေတြကို ေရွာင္းက်န႔္ရဲ႕ပါးကိုေျပာင္းကိုင္လိုက္ၿပီး ေရွာင္းက်န႔္ရဲ႕ႏႈတ္ခမ္းေလးကို ဖိနမ္းၿပီးလႊတ္ေပးလိုက္သည္။
ေရွာင္းက်န႔္မွာပါးစပ္ပိစိေလးဟၿပီး မ်က္လုံးအဝိုင္းသားနဲ႕ ရိေပၚကိုေၾကာင္ၾကည့္ေနမိသည္။ ေနာက္ေတာ့ သတိရသြားၿပီး သူ႕ႏႈတ္ခမ္းသူျပန္ကိုင္လိုက္ေတာ့ ရိေပၚကသူ႕ရဲ႕ႏႈတ္ခမ္းကိုင္ထားတဲ့လက္ေရာ ရိေပၚရင္ဘတ္မွာရွိေနတဲ့လက္ေလးေရာကို စုပ္ကိုင္လိုက္ၿပီး
"ေတာင္းပန္ပါတယ္ က်ဳပ္သတိလႊတ္သြားလို႔ စိတ္မဆိုးပါနဲ႕"
ရိေပၚကေရွာင္းက်န႔္ရဲ႕လက္ေလးကိုသူ႕လက္မနဲ႕ဖြဖြေလးပြတ္ၿပီးေျပာေတာ့ ေရွာင္းက်န႔္သက္ျပင္းခ်လိဳက္ၿပီး
"စိတ္မဆိုးပါဘူး"
တကယ္လဲေရွာင္းက်န႔္စိတ္မဆိုးပါဘူး။ သူတို႔ႏွစ္ေယာက္ကလက္ထပ္ထားတဲ့သူေတြပဲ ဒါမ်ိဳးကျဖစ္နိုင္တာပဲ။ သူေရာက္လာၿပီး အခ်ိန္တစ္ခုထိသူ႕ကိုထိေတာင္မထိခဲ့၊ သူကသာ လက္သြားကိုင္လိုက္ ရိေပၚရဲ႕အကၤ်ီစကိုသြားကိုင္လိုက္နဲ႕လုပ္ေနတာ။ သူတို႔ရင္းႏွီးလာေတာ့လဲလက္ကိုင္ခါးဖက္တာကလြဲၿပီး ရိေပၚကဘာမွမလုပ္၊ ဒီေလာက္ေစာင့္ထိန္းနိုင္တဲ့လူမ်ိဳးကို ေရွာင္းက်န႔္အျပစ္မျမင္ပါဘူး။ သူက႐ုတ္တရက္ဆိုေတာ့လန႔္သြား႐ုံေလးပဲ။ စိတ္မဆိုးေၾကာင္းေျပာၿပီးတာနဲ႕ ေရွာင္းက်န႔္ရွက္ၿပီး ေခါင္းငုံ႕လိုက္ေတာ့ ရိေပၚကက်ိတ္ၿပဳံးၿပီး
"ေတာ္ေသးတာေပါ့ က်ဳပ္ကေရွာင္းသခင္ေလးစိတ္ဆိုးသြားၿပီထင္ေနတာ"
ေရွာင္းက်န႔္ကေခါင္းႀကီးငုံ႕ၿပီးရွက္ေနတာကို ရိေပၚကၿပဳံးကာၾကည့္ေနတုန္း ခပ္လွမ္းလွမ္းကေနရွင္း႐ုံကလွမ္းေခၚသည္။
"ေဟ့ ေရွာင္းက်န႔္!!"
ေရွာင္းက်န႔္နဲ႕ရိေပၚ ရွင္း႐ုံအသံလာရာကိုလွမ္းၾကည့္ေတာ့ ရွင္း႐ုံကလက္ယွက္ေခၚေနသည္။ သူတို႔အုပ္စုထဲမွာမန္ထယ္ကိုေတာ့မေတြ႕ေတာ့။ ေရွာင္းက်န႔္ကရိေပၚလက္ထဲက သူ႕လက္ကိုဆြဲထုတ္ၿပီးသြားမလို႔ျပင္ေတာ့ ရိေပၚကလဲေရွာင္းက်န႔္ခါးကိုကိုင္ကာ အတူလိုက္လာသည္။ ေရွာင္းက်န႔္သူတို႔နားေရာက္တာနဲ႕
"မန္ထယ္ေရာ"
"ျပန္သြားၿပီ"
ရွင္း႐ုံေျပာၿပီးေတာ့ လင္းဟန္ကဝင္ေျပာသည္။
"ကေနရင္း ၿပီးသြားေတာ့ သူနဲ႕တြဲကတဲ့ေကာင္မေလးကိုထားခဲ့ၿပီး ျပန္ေတာ့မယ္ဆိုၿပီးေျပာသြားတယ္ အဲေကာင္မ်က္ႏွာလဲမေကာင္းဘူး ဘာျဖစ္သြားတာလဲမသိဘူး"
"ဟုတ္လား"
လင္းဟန္ကပဲဆက္ေျပာတယ္။
"ေနာက္ေန႕မွငါေမးလိုက္မယ္ စိတ္မပူနဲ႕"
"အင္း"
ေရွာင္းက်န႔္ကေခါင္းၿငိမ့္ျပသည္။ ပြဲကလဲၿပီးေတာ့မွာဆိုေတာ့ ရိေပၚကေရွာင္းက်န႔္နားနားကပ္ၿပီးေျပာလိုက္တယ္။
"ျပန္ၾကေတာ့မလား"
ေရွာင္းက်န႔္ကရိေပၚကိုေခါင္းၿငိမ့္ျပလိုက္ေတာ့ ရိေပၚကရွင္း႐ုံတို႔ကိုႏႈတ္ဆက္လိုက္သည္။
"ဒါဆိုကြၽန္ေတာ္တို႔ျပန္လိုက္ပါဦးမယ္"
"ဟုတ္ကဲ့ ၿမိဳ႕ပိုင္မင္း"
"ျပန္ေတာ့မယ္ရွင္း႐ုံ"
ရွင္း႐ုံတို႔ကိုႏႈတ္ဆက္ၿပီးတာနဲ႕ ရိေပၚနဲ႕ေရွာင္းက်န႔္ပြဲကထြက္လာလိုက္သည္။ ေရွာင္းသခင္ႀကီးကလဲျပန္သြားၿပီမို႔ သူတို႔ႏႈတ္ဆက္စရာမရွိတာေၾကာင့္ အိမ္ေတာ္ကိုပဲတန္းျပန္လာလိုက္ၾကသည္။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
ရွင္း႐ုံမဂၤလာပြဲၿပီးတစ္ပတ္လုံးေရွာင္းက်န႔္အိမ္တြင္းျပန္ေအာင္းၿပီး စာဖတ္ေနခဲ့တယ္။ ရိေပၚရဲ႕စာၾကည့္ခန္းထဲကစာအုပ္ေတာ္ေတာ္မ်ားမ်ားကို သူဖတ္ၿပီးေနၿပီ။ ေရွာင္းက်န႔္နဲ႕ရိေပၚမနက္စာစားေနတုန္း ေရွာင္းက်န႔္ကရိေပၚကိုေမးလာတယ္။
"အိမ္ကလူ ဒီေန႕႐ုံးမသြားဘူးမလား"
"အင္း ဘာလို႔လဲ"
"ကြၽန္ေတာ္ စာအုပ္ဆိုင္သြားခ်င္လို႔ လိုက္ခဲ့ပါလား"
"အင္း လိုက္ခဲ့မယ္ေလ"
ရိေပၚတို႔မနက္စာစားၿပီးတာနဲ႕ ျပင္ဆင္ကာ ၿမိဳ႕ထဲကစာအုပ္ဆိုင္ကိုရိေပၚကိုယ္တိုင္ကားေမာင္းၿပီးထြက္လာလိုက္ၾကသည္။ ရိေပၚကစာအုပ္ဆိုင္မသြားခင္ သူတို႔ၿမိဳ႕ကအႀကီးဆုံးစာၾကည့္တိုက္ကိုအရင္ေခၚလာလိုက္သည္။ စာၾကည့္တိုက္ေရွ႕ကကားပါကင္မွာကားကိုရပ္လိုက္ၿပီး ကားေပၚကဆင္းလာလိုက္သည္။ ရိေပၚကေရွာင္းက်န႔္သူ႕ေဘးလာမွာကိုရပ္ေစာင့္ေနၿပီး ေရွာင္းက်န႔္ေဘးေရာက္လာေတာ့
"အရင္ဒီကဖတ္ခ်င္မယ့္စာအုပ္ရွာလိုက္ေလ ၿပီးရင္စာအုပ္ဆိုင္မွာသြားဝယ္ၾကမယ္"
ရိေပၚတို႔စာၾကည့္တိုက္ထဲဝင္သြားေတာ့ စာၾကည့္တိုက္မႉးကႏႈတ္ဆက္လာသည္။
"ၿမိဳ႕ပိုင္မင္းဝမ္ ေနေကာင္းရဲ႕လား မလာတာၾကာၿပီေနာ္"
"ဟုတ္တယ္ဗ် မအားတာနဲ႕ ဒီေန႕နားရက္ယူတုန္း အမ်ိဳးသားေလးကစာအုပ္ဖတ္ခ်င္တယ္ဆိုလို႔ ေခၚလာလိုက္တာ"
"အိမ္ကလူ..."
ရိေပၚရဲ႕စကားေၾကာင့္ ေရွာင္းက်န႔္မ်က္ႏွာေလးရဲသြားတယ္။ အခုရိေပၚကသူ႕ကို အမ်ိဳးသားေလးလို႔ ေျပာလိုက္တာေလ။ ရိေပၚရဲ႕စကားဆုံးတာနဲ႕ေရွာင္းက်န႔္ကခပ္တိုးတိုးေလးရိေပၚရဲ႕နာမ္စားကိုေခၚကာတားေတာ့ ရိေပၚကသူ႕ကိုၾကည့္ၿပီး ၿပဳံးျပတယ္။ စာၾကည့္တိုက္မႉးကလဲ သူတို႔ကိုၾကည့္ၿပီးၿပဳံးကာ
"ဒါဆို စိတ္ႀကိဳက္ရွာပါဗ်ာ ကြၽန္ေတာ္မေႏွာင့္ယွက္ေတာ့ပါဘူး"
ရိေပၚကစာၾကည့္တိုက္မႉးကုိရယ္ျပၿပီး ေရွာင္းက်န႔္ကိုလက္ေမာင္းကဆြဲၿပီးေခၚသြားသည္။ ရိေပၚဘာသာျပန္စာအုပ္ေတြထားတဲ့ စင္ေတြဘက္ကိုေခၚလာၿပီး
"ႀကိဳက္တာရွာေလ ဒီဘက္ကဘာသာျပန္ေတြခ်ည္းပဲ က်ဳပ္လဲရွာလိုက္ဦးမယ္"
ရိေပၚကေျပာေတာ့ ေရွာင္းက်န႔္လဲေခါင္းၿငိမ့္ျပလိုက္သည္။ ရိေပၚလဲ အနည္းငယ္လွမ္းတဲ့ေနရာမွာ သူဖတ္ခ်င္ေလာက္မယ့္စာအုပ္ေတြသြားရွာေနလိုက္တယ္။ အခ်ိန္ခနၾကာသြားတဲ့ေနာက္မွာ ရိေပၚလဲသူ႕စိတ္ဝင္စားတဲ့စာအုပ္ေတြကိုဖတ္ေနတုန္း ေရွာင္းက်န႔္ကိုလွည့္ၾကည့္လိုက္ေတာ့ ေရွာင္းက်န့္က လိုခ်င္တဲ့စာအုပ္ကိုမမွီလို႔ ခုံခုကာလွမ္းယူေနသည္။ ရိေပၚလဲအနားကိုသြားလိုက္ၿပီး ခုံကိုထိန္းကိုင္ေပးထားလိုက္တယ္။ ေရွာင္းက်န႔္ကေအာက္ကိုငုံ႕ၾကည့္ၿပီး
"အာ အိမ္ကလူ."
"အေပၚကိုၾကည့္ ေခ်ာ္ၾကမယ္ က်ဳပ္ခုံထိန္းေပးထားမယ္"
ေရွာင္းက်န႔္ကေခါင္းၿငိမ့္ျပၿပီး သူလိုခ်င္တဲ့စာအုပ္ကိုယူၿပီးျပန္ဆင္းေတာ့မွာမို႔ ရိေပၚကခုံကိုလႊတ္လိုက္သည္။ ေရွာင္းက်န႔္ကစာအုပ္ကိုၾကည့္ေနရင္းခုံကဆင္းလိုက္တာမို႔ ေျခေခ်ာ္ၿပီးအေနာက္ကိုလွန္က်လာတာေၾကာင့္ ရိေပၚအျမန္ပဲအေနာက္ကလွမ္းေပြ႕လိုက္သည္။ ေရွာင္းက်န႔္ကလန႔္ၿပီး ရိေပၚရဲ႕လည္ပင္းကိုဖက္ထားလိုက္တယ္၊ ေအာက္သာျပဳတ္က်လိဳ႕ကေတာ့ ခါးကုိေဆးတစ္ပတ္ေလာက္လူးရမယ္။ ရိေပၚနဲ႕ေရွာင္းက်န႔္ ငါးစကၠန႔္ေလာက္အၾကည့္ခ်င္းစုံၿပီးတဲ့ေနာက္မွာ ရိေပၚကေရွာင္းက်န႔္ကိုေပြ႕ထားရာကေန ခ်ေပးလိုက္သည္။
"ေခ်ာ္ၾကမယ္လို႔ သတိေပးေနတာကို ခဗ်ားကေလ နေမာ္နမဲ့နဲ႕"
"လာဆူမေနပါနဲ႕ စာအုပ္ကိုဖတ္လိုက္မိလို႔ပါ"
"ေဟာဗ်ာ က်ဳပ္သာမဖမ္းမိပဲ ျပဳတ္က်သြားရင္ဘယ္လိုလုပ္မလဲ"
ေရွာင္းက်န႔္ကအေျဖျပန္မေပးပဲ သူ႕ဘာသာတီးတိုးေရ႐ြတ္လိုက္သည္။
"ဘာပဲျဖစ္ျဖစ္ဖမ္းမိမွာပဲကို"
ရိေပၚဆူပုတ္ပုတ္ျဖစ္ေနတဲ့ေရွာင္းက်န႔္ကိုၾကည့္ၿပီး ေခါင္းသာခါလိုက္သည္။ ေရွာင္းက်န႔္ကဘယ္ေတာ့မွေျပာစကားနားမေထာင္ဘူး။
ေရွာင္းက်န႔္တို႔စာအုပ္ဆိုင္ကေန စာအုပ္ေတြဝယ္ၿပီးသြားေတာ့ ေရွာင္းက်န႔္က မန္ထယ္ရဲ႕ေကာ္ဖီဆိုင္သြားမယ္ဆိုေသာေၾကာင့္ ရိေပၚလိုက္ပို႔လိုက္သည္။ ေကာ္ဖီဆိုင္ထဲေရာက္ေတာ့ မန္ထယ္ကေထာင့္တစ္ေထာင့္မွာကုတ္ကုတ္ေလးထိုင္ေနသည္။ ပုံစံကဒီေလာကထဲမွာ သူ႕စိတ္ဝိညာဥ္ကမရွိေနသလိုပဲ၊ တစ္ခုခုကိုေတြးၿပီး မွိုင္ေနတာ။ ေရွာင္းက်န႔္တို႔မန္ထယ္ထိုင္ေနတဲ့စားပြဲမွာဝင္ထိုင္လိုက္တာေတာင္ မန္ထယ္သူတို႔ကိုလွည့္ၾကည့္မလာ။
ေရွာင္းက်န႔္ဆီကို လင္းဟန္ဖုန္းဆက္လာတယ္။ မန္ထယ္ကဒီရက္ပိုင္းအျပင္ေတာင္မထြက္ေတာ့ဘူးတဲ့၊ ေရွာင္းက်န႔္မန္အိမ္ေတာ္ကိုဖုန္းဆက္ေတာ့လဲ မန္ထယ္ကအိမ္ေတာ္ကိုျပန္မလာတာတစ္ပတ္ရွိၿပီလို႔ေျပာတယ္။ ဒီရက္ပိုင္းသူဘယ္မွာသြားေနၿပီး ဘာေတြျဖစ္ေနလဲမသိ။ ေရွာင္းက်န႔္သက္ျပင္းခ်လိဳက္ၿပီး စားပြဲေပၚတင္ထားတဲ့မန္ထယ္လက္ကိုကိုင္ၿပီးလႈပ္ကာေခၚလိုက္သည္။
"မန္ထယ္.."
အဲေတာ့မွမန္ထယ္ကသူ႕ကိုၾကည့္လာၿပီး အၿပဳံးေဖ်ာ့ေဖ်ာ့ေလးကိုေဖာေဖာသီသီေပးကာ
"အာ ေရွာင္းက်န႔္ ေရာက္တာၾကာၿပီလား"
ေရွာင္းက်န႔္ေခါင္းခါျပလိုက္ၿပီး
"ဘာေတြျဖစ္ေနတာလဲ တစ္ပတ္အတြင္းအဲေလာက္ေတာင္ပိန္သြားတာလား ထမင္းေရာစားရဲ႕လား အိပ္တာေရာမွန္ရဲ႕လား မင္းမ်က္တြင္းေတာ္ေတာ္က်ေနၿပီ ဘာေတြျဖစ္ေနတာလဲမန္ထယ္ ငါကမင္းသူငယ္ခ်င္းပဲ ငါ့ကိုေျပာျပလို႔ရပါတယ္"
မန္ထယ္ကေရွာင္းက်န႔္ရဲ႕လက္ေလးကိုျပန္ကိုင္လိုက္ၿပီး
"မစိုးရိမ္ပါနဲ႕ ငါေသေတာ့မေသလိုက္ပါဘူး"
"မန္ထယ္.."
ေရွာင္းက်န႔္ကသူ႕နာမည္ကိုခပ္ေလးေလးေခၚလိုက္ေတာ့ မန္ထယ္ေရွာင္းက်န႔္ရဲ႕ေခါင္းေလးကိုပုတ္ၿပီးရယ္ျပလိုက္တယ္။ ေဘးကေနရိေပၚကလဲ ေရွာင္းက်န႔္ရဲ႕ေခါင္းေပၚကမန္ထယ္ရဲ႕လက္ကိုၾကည့္ေနမိတယ္။ သူဘာမွေတာ့ဝင္မေျပာ။
မန္ထယ္ရဲ႕အၿပဳံးေတြအသက္ပါပါတယ္။ ဒါမယ့္အၿပဳံးေတြထဲမွာပင္ပန္းၿပီး အသက္ရႉရတာခက္ခဲေနသလိုျဖစ္ေနတာကုိ ျမင္ေနရတယ္။ ဘာေတြကမ်ားဒီေလာက္ထိခံစားေစတာလဲ မန္ထယ္ရယ္...
ဆက္ရန္~~~~
ဟယ္! ေနာက္က်သြားတာပဲ ဟီးဟီး)"