Unicode
ရွှယ်ယို့ရှန်းတစ်ယောက် တာဝန်အသီးသီး ခွဲဝေပေးပြီးနောက် အချိန်ကို လက်ချိုးရေကာ လျှို့ဝှက်စခန်းထဲ သတင်းထိုင်စောင့်နေခဲ့တယ်။ မနက်မှ နေ့လည်၊ နေ့လည်မှ ညနေ၊ ညနေမှ ညအထိ၊ ထိုမှ နောက်တစ်ရက်မနက်ထိ ထိုင်စောင့်နေခဲ့တယ်။ ရင်းဆုယဲ့ရဲ့ ‘ကံကြမ္မာကူးပြောင်းခြင်း’ ပြီးဆုံးခါနီးအချိန် ရွှယ်ယို့ရှန်းလည်း နောက်ဆုံးတော့ စိတ်မရှည်တော့ဘူး။
“မြေခွေး.. ငါတို့ ရင်းဆုယဲ့ကို သွားကြည့်သင့်တယ်နော်..”
ရွှယ်ယို့ရှန်းမှာ စောင့်မျှော်နေရင်း မြေခွေးကို တောင်းဆိုလိုက်တယ်။
ဒီနေ့မတိုင်ခင် ပြင်ဆင်စရာရှိတာတွေကို တစ်ရက်တည်းနဲ့ ပြင်ဆင်ခဲ့ရတာဆိုတော့ အချိန်က ကျပ်တည်းလွန်းတယ်။ အဲ့တာကြောင့် လျှို့ဝှက်တပ်ဖွဲ့ကို တာဝန်ပြီးတာနဲ့ စခန်းကိုပြန်မလာပဲ ရင်းဆုယဲ့ဆီကို တန်းသွားဖို့ တစ်ခါတည်း ပြောလိုက်တယ်။ အဲ့လိုဆို ရင်းဆုယဲ့ ‘ကံကြမ္မာကူးပြောင်းခြင်း’ ပြီးဆုံးသွားတဲ့အချိန် သူတို့တွေ ရင်းဆုယဲ့ရဲ့အမိန့်ကို လက်ခံနိုင်လိမ့်မယ်။
ရင်းဆုယဲ့က အပြစ်ဒဏ်ခံယူပြီးတာနဲ့ ဝမ်ပထျန်နဲ့ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားတယ်ဆိုတာ သူသိတယ်။ ဘာသတင်းမှမရတော့ အရမ်းစိတ်ပူမိတယ်။
“ဒါပေမဲ့ သခင်က မင်းကို အန္တရာယ်ကြားထဲ တိုးမဝင်စေချင်ဘူး..”
မြေအောက်အကျဉ်းထောင်ကနေ ပြန်ထွက်လာတဲ့အချိန် ရွှယ်ယို့ရှန်းကို ကာကွယ်ပေးရန် အထူးတလည် အမိန့်ပေးလိုက်တဲ့ ရင်းဆုယဲ့ရဲ့စကားကို မြေခွေးက ပြန်သတိရလိုက်တယ်။ ထို့နောက် ခေါင်းခါလိုက်ကာ ရွှယ်ယို့ရှန်းရဲ့ တောင်းဆိုမှုကို ငြင်းပယ်လိုက်တယ်။
“ကျွန်တော့်ကိုယ်ကျွန်တော် စောင့်ရှောက်နိုင်ပါတယ်..”
ရွှယ်ယို့ရှန်းလည်း ရင်းဆုယဲ့ကိုပေးခဲ့တဲ့ သူ့ရဲ့ကတိကို မှတ်မိနေတယ်။ ဒါပေမဲ့ တိုက်ပွဲစတင်တော့မယ့် အခုလိုအချိန်မှာ ကတိမတည်ချင်တော့ဘူး။
“အခုချိန် မင်းထွက်သွားရင် သခင့်ကို မကူညီနိုင်တဲ့အပြင် ဆွဲချသလို ဖြစ်လိမ့်မယ်..!”
မြေခွေးလည်း အကျိုးသင့်အကြောင်းသင့် ပြောပြလိုက်တယ်။
မြေခွေးက ဖြစ်ပျက်သမျှ အလုံးစုံကို နားလည်ထားတယ်။ သူ့ရဲ့သခင်က ရွှယ်ယို့ရှန်းကို ဘယ်လောက်အထိ ဂရုစိုက်ကြောင်း ရှင်းရှင်းလင်းလင်း သိနေတယ်။ သူသာ ရွှယ်ယို့ရှန်းကို ကာကွယ်ပေးနိုင်သရွေ့ သခင့်ရဲ့ စိုးရိမ်ပူပန်မှုကို အတိုင်းအတာတစ်ခုအထိ လျော့ချပေးနိုင်လိမ့်မယ်။
“သခင်နဲ့လက်ရှိဘုရင်တို့ရဲ့တိုက်ပွဲက လူသားတွေကြားက တိုက်ပွဲတစ်ခုပဲ.. မိစ္ဆာမျိုးနွယ်ဖြစ်တဲ့မင်းသာ တိုက်ပွဲထဲ ဝင်ပါလိုက်ရင် သခင့်ရဲ့ရပ်တည်မှုကို ကမောက်ကမ ဖြစ်စေလိမ့်မယ်..!”
သူ့စကားနားမထောင်တဲ့ ရွှယ်ယို့ရှန်းကိုကြည့်ရင်း မြေခွေးက ဆက်လက်ဖျောင်းဖျလိုက်တယ်။
လူသားမျိုးနွယ်အချင်းချင်း တိုက်ပွဲက ဘယ်လောက်ပဲကြမ်းတမ်းပါစေ၊ ဒါက တန်းတူရည်တူ ယှဉ်ပြိုင်ပွဲတစ်ခုပဲ။ တကယ်လို့ တခြားမျိုးနွယ်စုသာ ရုတ်တရက် ဝင်ကူခဲ့ရင် မျိုးနွယ်စုတွေကြားက တိုက်ပွဲဖြစ်သွားလိမ့်မယ်။ ပြင်ပမျိုးနွယ်ရဲ့ အကူအညီကို ရယူခဲ့တဲ့လူကလည်း လူသားမျိုးနွယ်စုရဲ့ ဘုံရန်သူဖြစ်သွားလိမ့်မယ်။
“………….”
မြေခွေးက ဒီတစ်ခေါက် အရမ်းတင်းကျပ်နေလိမ့်မယ်လို့ ရွှယ်ယို့ရှန်းလည်း မထင်ထားခဲ့ဘူး။ ဒီစကားကို မပြောချင်ပေမယ့် မြေခွေးရဲ့စကားက မှန်တယ်ဆိုတာ သူဝန်ခံရလိမ့်မယ်။ ရင်းဆုယဲ့ကို စိတ်ပူနေတော့ အခြေအနေကို သွားကြည့်ချင်မိတယ်။ ဒါပေမဲ့ သူက လူသားမျိုးနွယ်မဟုတ်ပဲ လူသားတွေရဲ့ရန်ဘက် မိစ္ဆာမျိုးနွယ်ဖြစ်နေတာကို မေ့လျော့သွားခဲ့တယ်။
မိစ္ဆာတစ်ကောင်ကို ကာကွယ်ပေးနေတဲ့ ရင်းဆုယဲ့ရဲ့အားနည်းချက်ကို ဆုပ်ကိုင်ပြီး မကောင်းကြံချင်နေတဲ့လူတွေ ရှိနေနိုင်တယ်။ ရင်းဆုယဲ့က မိစ္ဆာမျိုးနွယ်နဲ့ ပူးပေါင်းကြံစည်ပြီး လူသားမျိုးနွယ်ကို သစ္စာဖောက်ချင်နေတယ်လို့ စွပ်စွဲကြလိမ့်မယ်။ အဲ့လိုသာဆို ရင်းဆုယဲ့ နာမည်ပျက်ရုံတင်မကဘူး၊ လူသားမျိုးနွယ်ရဲ့ ဘုံရန်သူလည်း ဖြစ်သွားလိမ့်မယ်။
မြေခွေးရဲ့စကားကြောင့် ရွှယ်ယို့ရှန်းလည်း မြေခွေးကို ဖီဆန်ပြီး ရင်းဆုယဲ့ဆီကို မသွားနိုင်တော့ဘူး။ တချိန်တည်းမှာပဲ ‘ကံကြမ္မာကူးပြောင်းခြင်း’ ပြီးဆုံးသွားမှ ဝမ်ပထျန်နဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့ ရင်းဆုယဲ့ရဲ့အကြံဉာဏ်ကို နားလည်သွားခဲ့တယ်။ သူသာ ‘သေလမ်းရှာပြီး’ လူသားတွေရဲ့တိုက်ပွဲထဲ ဝင်မပါသရွေ့ ဘယ်သူမှ ရင်းဆုယဲ့ကို မိစ္ဆာမျိုးနွယ်နဲ့ ပူးပေါင်းပါတယ်ဆိုပြီး စွပ်စွဲလို့ရတော့မှာမဟုတ်ဘူး။
ရင်းဆုယဲ့ရဲ့စိတ်ကို နားလည်သွားတာကြောင့် ရွှယ်ယို့ရှန်းလည်း လျှို့ဝှက်စခန်းမှာသာ ထိုင်စောင့်နေရတော့တယ်။
“မြို့တော်ရဲ့အခြေအနေကို ပုံဖော်ပေးနိုင်တဲ့ ကြေးမုံဆီကို ခေါ်သွားပေးမယ်ဆိုရင်ရော..? အဲ့ကနေပြီး သခင့်ရဲ့လက်ရှိအခြေအနေကို ကြည့်လို့ရတယ်လေ..”
နားလည်သွားပုံရတဲ့ ရွှယ်ယို့ရှန်းကိုကြည့်ကာ မြေခွေးလည်း အနည်းငယ် စိတ်သက်သာရာ ရသွားတယ်။ ဒါပေမဲ့ စိတ်ပျက်လက်ပျက် ဖြစ်နေပြန်တဲ့ ရွှယ်ယို့ရှန်းကြောင့် မြေခွေးလည်း ကြေးမုံမှန်အကြောင်း ချက်ချင်း သတိရလိုက်တယ်။
တကယ်တော့ သူ့ရဲ့သခင် ပြန်ရောက်လာတဲ့အချိန် ဒီလိုမျိုးဖြစ်နေတဲ့ ရွှယ်ယို့ရှန်းကိုကြည့်ပြီး ကောင်းကောင်း ဂရုမစိုက်ပေးဘူးလို့ ထင်သွားမှာကို သူစိုးရိမ်တယ်။ သခင်က သူ့ကို ခွင့်လွှတ်မှာမဟုတ်ဘူး။ ကြေးမုံမှန်က ဒီစခန်းရဲ့ ရတနာပစ္စည်းဆိုပေမယ့် သူ့ရဲ့အနာဂါတ်လေး သာယာလှပဖို့ ရွှယ်ယို့ရှန်းကို ဘိုးဘေးတစ်ယောက်လို ဆက်ဆံမှဖြစ်တော့မယ်။ အပြင်မထွက်ရင် အကုန်အဆင်ပြေတယ်။
“ပြီးရော..”
ရွှယ်ယို့ရှန်းက စိတ်ပျက်လက်ပျက် ပြန်ဖြေလိုက်တယ်။
ဘာမှမလုပ်နိုင်တာထက်တော့ အဆင်ပြေပါတယ်လေ..! သူလုပ်သင့်တာ အကုန်လုပ်ပေးပြီးပြီ။ အခုချိန်သွားရင်လည်း ရင်းဆုယဲ့ကို ကူညီနိုင်မှာမဟုတ်ဘူး။ ပြီးတော့လည်း သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က ကောင်းမှမကောင်းတာ။
“ခဏစောင့်နော်..!”
ရွှယ်ယို့ရှန်း လက်ခံလိုက်တာကြောင့် မြေခွေးလည်း ကြေးမုံမှန်ကို အမြန်ပြေးယူရတော့တယ်။
မြေခွေး နောက်လှည့်လိုက်ရုံသာ ရှိသေးတယ်။ နားကန်းနေတဲ့လူတောင် ကြားနိုင်လောက်တဲ့ ပေါက်ကွဲသံကြီးကို ကြားလိုက်ရလေတယ်။ ထို့နောက် မြေပြင်တစ်ခုလုံး တုန်ခါလာခဲ့တယ်။ မြေခွေးခမျာ မှန်ကိုဂရုမစိုက်နိုင်တော့ဘဲ ရွှယ်ယို့ရှန်းဆီ ကမန်းကတန်း ပြေးသွားပြီး ရှေ့မှပိတ်ရပ်လိုက်ကာ သတိအနေအထားဖြင့် အသင့်ပြင်လိုက်တယ်။
“ငလျင်လှုပ်တာလား..?”
ရွှယ်ယို့ရှန်းက ကိုယ်ကိုယ့်ကို တည်ငြိမ်အောင် ထိန်းချုပ်ရင်း နားရွက်ကိုလက်ဖြင့်အုပ်ကာ မြေခွေးကို မေးလိုက်တယ်။
“မဟုတ်ဘူး..”
မြေခွေးရဲ့ အန္တရာယ်ကို အာရုံခံနိုင်စွမ်းက ရွှယ်ယို့ရှန်းရဲ့ အလိုလိုသိစိတ်ထက် ပိုထက်မြက်တယ်။
“အဆင့်မြင့်တိုက်ခိုက်ရေးသမားတွေရဲ့ တိုက်ပွဲကြောင့် ဖြစ်လာမျိုးပဲ..”
မြေခွေးက သူ့ရဲ့ထင်မြင်ချက်ကို ပြောလိုက်တယ်။
“ရင်းဆုယဲ့မဟုတ်လောက်ပါဘူးနော်..?!”
‘အဆင့်မြင့်တိုက်ခိုက်ရေးသမား’ ဆိုတဲ့စကားလုံးကို ကြားလိုက်တာနဲ့ ရွှယ်ယို့ရှန်းရဲ့စိတ်ထဲမှာ ရင်းဆုယဲ့ကိုသာ အရင်ဆုံး တွေးမိလိုက်တယ်။
“ကြည့်ရတာ သခင့်ရဲ့စွမ်းအားကြောင့် ဖြစ်မယ်.. ဟိုးဘက်က လာတာ..!”
မြေခွေးက မျက်လုံးကိုမှိတ်ကာ စွမ်းအင်လမ်းကြောင်းကို အာရုံခံပြီး အရပ်မျက်နှာတစ်ခုကို ညွှန်ပြလိုက်တယ်။
ရွှယ်ယို့ရှန်းလည်း သူ့ရဲ့ဝိဉာဉ်စွမ်းအားကို မျက်လုံးနဲ့နားရွက်ဆီ ဖြန့်ကျက်လိုက်ပြီး မြေခွေးညွှန်ပြတဲ့ အရပ်မျက်နှာကို လှမ်းကြည့်လိုက်တယ်။
သူမြင်လိုက်ရတာက ရင်းဆုယဲ့ကို ချုပ်နှောင်ထားတဲ့နေရာမှာ အလင်းတန်းတွေ ဖြာထွက်နေပြီး မြေမှုန်တွေ ပျံ့လွင့်နေတာပဲ။ မီးခိုးငွေ့တွေနဲ့ မီးတောက်တွေက ကောင်းကင်ယံကို ထိုးဖောက်လုမတတ် ရဲရဲတောက်နေတယ်။
ပတ်ဝန်းကျင်တစ်ခုလုံး စွမ်းအင်ကမောက်ကမဖြစ်စေတဲ့ လူနှစ်ယောက်ကတော့ တစ်ဦးကိုတစ်ဦး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေလေတယ်။ သူတို့နှစ်ဦး ရင်ဆိုင်မိတိုင်း အဆောက်အအုံတွေကို ပြိုပျက်သွားစေပြီး အဆုံးမရှိတဲ့ ဖုန်လုံးကြီးတွေကို ဖြစ်ပေါ်စေတယ်။
ရွှယ်ယို့ရှန်းက သူ့ရဲ့မျက်လုံးပေါ် ဝိဉာဉ်စွမ်းအား ပိုတိုးလိုက်တယ်။ ထိုအခါမှ စွမ်းအင်လှိုင်းအလယ် တိုက်ခိုက်နေသော လူနှစ်ယောက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့တယ်။ ရင်းဆုယဲ့နဲ့ ဝမ်ပထျန်ပဲ..?!
ချက်ချင်းကြီး ထတိုက်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ သူတို့နှစ်ယောက် ညှိနှိုင်းဆွေးနွေးတာတောင် မရှိပဲ ချက်ချင်း ထတိုက်ကြတာလား..?! အဲ့တာကြောင့် ငလျင်လှုပ်သွားတာ ဖြစ်ရမယ်။
ဝမ်ပထျန်နဲ့ လက်ရည်တူတိုက်ခိုက်နေတဲ့ ရင်းဆုယဲ့ကိုကြည့်ရင်း ရွှယ်ယို့ရှန်းသိလိုက်တယ်။ ‘ကံကြမ္မာကူးပြောင်းခြင်း’က ရင်းဆုယဲ့ကို ကြီးကြီးမားမား မထိခိုက်စေခဲ့ဘူး။ ဒါမှမဟုတ် မတိုက်ခိုက်ခင် သူ့ရဲ့ဒဏ်ရာများကို တိတ်တဆိတ် ကုသလိုက်တာ ဖြစ်နိုင်တယ်။
ရင်းဆုယဲ့က ချည်ထည်ကြမ်းကို ဝတ်ထားဆဲဆိုပေမယ့် အပြစ်အနာအဆာမရှိတဲ့ သူ့ရဲ့ကိုယ်ဟန်ကို မဖုံးကွယ်နိုင်ဘူး။
ရှည်လျားတဲ့အရပ်၊ မျောလွင့်နေတဲ့ ရွှေရောင်ဆံနွယ်တွေနဲ့ ရေခဲတမျှအေးစက်တဲ့ အရှိန်အဝါ၊ လေးနက်သော မျက်ဝန်းအစုံတို့က ရူးသွပ်မှုတို့ကို ဆောင်ယူလျက် လောကကြီးတစ်ခုလုံးကို ချောက်နက်ကြီးထဲ ဆွဲချပစ်ချင်နေသယောင်။
လူအများ သက်ပြင်းမောချရလောက်အောင် ချောမောခန့်ညားလွန်းတဲ့ မျက်နှာသွင်ပြင်က လက်ရှိအခြေအနေမှာ မိစ္ဆာတစ်ကောင်လိုမျိုး မျက်ဝန်းတွေက သွေးဆာရက်စက်မှုတွေနဲ့ ပြည့်နှက်နေတော့တယ်။
ဖက်ရှင်ဂွမ်းနေတဲ့ ဘိုးတော်ဝမ်ပထျန်နဲ့ ယှဉ်ရပ်နေတော့ ရင်းဆုယဲ့ရဲ့တောက်ပမှုက ပိုပြီးတောင် သိသာသေးတယ်။ ရင်းဆုယဲ့ရဲ့ အေးစက်ခန့်ညားတဲ့ အသွင်အပြင်ကို အကောင်းဆုံး ဖော်ပြနိုင်တဲ့ အခိုက်အတန့်ပဲ..! ဒီထက်ပိုကောင်းတာ မရှိနိုင်တော့ဘူး..!
ရင်းဆုယဲ့နဲ့ ဝမ်ပထျန်တို့ရဲ့ တိုက်ပွဲက ပိုပြီးကြီးမားလာတာကြောင့် မြို့တော်ထဲက ပြည်သူတွေလည်း လန့်နိုးလာကြတော့တယ်။ မြို့တော်ရဲ့ မှိန်ပျပျမနက်ခင်းက ရုတ်တရက် လင်းထိန်သွားတယ်။ တစ်မြို့လုံးက လူတွေအားလုံး ပြင်းထန်လှတဲ့ တိုက်ပွဲကြောင့် လန့်နိုးလာမှန်း သိသာလွန်းနေတယ်။
တချို့လူတွေဆို လန့်ဖြန့်သွားပြီး အိမ်ထဲမှစပ်စုရန်သာ ရွေးချယ်လိုက်ကြတယ်။
တချို့ကတော့ အင်္ကျီလဲပြီး တိုက်ပွဲရှိရာသို့ အပြေးသွားကြတယ်။
တချို့က အနီးပတ်ဝန်းကျင်ကလူတွေကို စုရုံးကာ အချင်းချင်း နှစ်သိမ့်နေကြတော့တယ်။
ဒါပေမဲ့ တိုက်ပွဲဆီကို အပြေးသွားကြည့်တဲ့အဖွဲ့က တိုက်ပွဲအနားရောက်တာနဲ့ ပြင်းထန်တဲ့ စွမ်းအားလှိုင်းကြောင့် လွင့်ထွက်ကုန်တော့တယ်။ တစ်နည်းပြောရလျှင် ရင်းဆုယဲ့နဲ့ ဝမ်ပထျန်တို့ တိုက်ခိုက်နေတဲ့နေရာက ကန့်သတ်နယ်မြေလို ဖြစ်သွားပြီး အပြင်လူ ဝင်လို့မရတော့ဘူး။
အစောပိုင်းက မြေခွေး သူ့ကို တားဆီးခဲ့တဲ့အတွက် ရွှယ်ယို့ရှန်းမှာ ဝမ်းသာသွားရတယ်။ မဟုတ်ရင် သူ့ရဲ့လက်ရှိစွမ်းအားနဲ့ ထိုလူအုပ်ကြီးလို ဖြစ်သွားနိုင်တယ်။ လူသားဘုရင်တစ်ယောက်ရဲ့ စွမ်းအားအတိမ်အနက်ကို သာမန်မျက်စိနဲ့ တိုင်းတာလို့မရနိုင်ဘူး။
တစ်ချိန်တည်းမှာပဲ လူအုပ်နဲ့ခပ်လှမ်းလှမ်းမှာ ပုန်းကွယ်နေကြတဲ့ တိရစ္ဆာန်မျက်နှာဖုံးအသီးသီးနဲ့ လျှို့ဝှက်သက်တော်စောင့်တွေကို မြင်လိုက်ရတာကြောင့် ရွှယ်ယို့ရှန်းမှာ စိတ်သက်သာရာ ရသွားတယ်။
သူလွှတ်လိုက်တဲ့ သက်တော်စောင့်တွေက တာဝန်ကျေတဲ့အပြင် ရင်းဆုယဲ့နဲ့ အောင်အောင်မြင်မြင် တွေဆုံနိုင်ခဲ့တာပဲ။ အဲ့တာကြောင့် ရင်းဆုယဲ့ ပိုပြီးတက်ကြွနေတာ။ ရင်းဆုယဲ့ရဲ့ လက်ရှိစွမ်းအင်အရ ဝမ်ပထျန်ရဲ့ ပြိုင်ဘက်မဟုတ်သေးဘူး။ အဲ့တာကြောင့် စွမ်းအင်ကွာခြားမှုကို ဖြည့်တင်းနိုင်ဖို့အတွက် သူသိထားတဲ့ဇာတ်ကွက်ကို အသုံးချပြီး ရင်းဆုယဲ့ကို ကူညီပေးလိုက်တယ်။
အဲ့တာ BUG တစ်ခုလိုပဲ။ ခဏခဏ သုံးလို့မကောင်းဘူး..!
အဲ့တာကြောင့်လည်း ရင်းဆုယဲ့အတွက် အရမ်းစိတ်မပူပဲ လျှို့ဝှက်စခန်းထဲမှာ လိမ်လိမ်မာမာ စောင့်နေတာပေါ့။
(TN : လူလိမ်.. စိတ်မပူလို့ပဲ)
ပတ်ဝန်းကျင်အခြေအနေကို သေသေချာချာ အကဲခတ်ပြီးနောက် ရွှယ်ယို့ရှန်းလည်း ဘာချို့ယွင်းချက်မှ မရှိတော့ကြောင်း သိလိုက်တယ်။ ထို့ကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားပြီး ဝမ်ပထျန်နဲ့ တိုက်ခိုက်နေတဲ့ ရင်းဆုယဲ့အပေါ်သာ အာရုံစိုက်ထားလိုက်တော့တယ်။
…………………………………………..
Zawgyi
႐ႊယ္ယို႔ရွန္းတစ္ေယာက္ တာဝန္အသီးသီး ခြဲေဝေပးၿပီးေနာက္ အခ်ိန္ကို လက္ခ်ိဳးေရကာ လွ်ိဳ႕ဝွက္စခန္းထဲ သတင္းထိုင္ေစာင့္ေနခဲ့တယ္။ မနက္မွ ေန႔လည္၊ ေန႔လည္မွ ညေန၊ ညေနမွ ညအထိ၊ ထိုမွ ေနာက္တစ္ရက္မနက္ထိ ထိုင္ေစာင့္ေနခဲ့တယ္။ ရင္းဆုယဲ့ရဲ႕ ‘ကံၾကမၼာကူးေျပာင္းျခင္း’ ၿပီးဆုံးခါနီးအခ်ိန္ ႐ႊယ္ယို႔ရွန္းလည္း ေနာက္ဆုံးေတာ့ စိတ္မရွည္ေတာ့ဘူး။
“ေျမေခြး.. ငါတို႔ ရင္းဆုယဲ့ကို သြားၾကည့္သင့္တယ္ေနာ္..”
႐ႊယ္ယို႔ရွန္းမွာ ေစာင့္ေမွ်ာ္ေနရင္း ေျမေခြးကို ေတာင္းဆိုလိုက္တယ္။
ဒီေန႔မတိုင္ခင္ ျပင္ဆင္စရာရွိတာေတြကို တစ္ရက္တည္းနဲ႔ ျပင္ဆင္ခဲ့ရတာဆိုေတာ့ အခ်ိန္က က်ပ္တည္းလြန္းတယ္။ အဲ့တာေၾကာင့္ လွ်ိဳ႕ဝွက္တပ္ဖြဲ႕ကို တာဝန္ၿပီးတာနဲ႔ စခန္းကိုျပန္မလာပဲ ရင္းဆုယဲ့ဆီကို တန္းသြားဖို႔ တစ္ခါတည္း ေျပာလိုက္တယ္။ အဲ့လိုဆို ရင္းဆုယဲ့ ‘ကံၾကမၼာကူးေျပာင္းျခင္း’ ၿပီးဆုံးသြားတဲ့အခ်ိန္ သူတို႔ေတြ ရင္းဆုယဲ့ရဲ႕အမိန႔္ကို လက္ခံႏိုင္လိမ့္မယ္။
ရင္းဆုယဲ့က အျပစ္ဒဏ္ခံယူၿပီးတာနဲ႔ ဝမ္ပထ်န္နဲ႔ရင္ဆိုင္ဖို႔ ဆုံးျဖတ္ထားတယ္ဆိုတာ သူသိတယ္။ ဘာသတင္းမွမရေတာ့ အရမ္းစိတ္ပူမိတယ္။
“ဒါေပမဲ့ သခင္က မင္းကို အႏၲရာယ္ၾကားထဲ တိုးမဝင္ေစခ်င္ဘူး..”
ေျမေအာက္အက်ဥ္းေထာင္ကေန ျပန္ထြက္လာတဲ့အခ်ိန္ ႐ႊယ္ယို႔ရွန္းကို ကာကြယ္ေပးရန္ အထူးတလည္ အမိန႔္ေပးလိုက္တဲ့ ရင္းဆုယဲ့ရဲ႕စကားကို ေျမေခြးက ျပန္သတိရလိုက္တယ္။ ထို႔ေနာက္ ေခါင္းခါလိုက္ကာ ႐ႊယ္ယို႔ရွန္းရဲ႕ ေတာင္းဆိုမႈကို ျငင္းပယ္လိုက္တယ္။
“ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ေစာင့္ေရွာက္ႏိုင္ပါတယ္..”
႐ႊယ္ယို႔ရွန္းလည္း ရင္းဆုယဲ့ကိုေပးခဲ့တဲ့ သူ႔ရဲ႕ကတိကို မွတ္မိေနတယ္။ ဒါေပမဲ့ တိုက္ပြဲစတင္ေတာ့မယ့္ အခုလိုအခ်ိန္မွာ ကတိမတည္ခ်င္ေတာ့ဘူး။
“အခုခ်ိန္ မင္းထြက္သြားရင္ သခင့္ကို မကူညီႏိုင္တဲ့အျပင္ ဆြဲခ်သလို ျဖစ္လိမ့္မယ္..!”
ေျမေခြးလည္း အက်ိဳးသင့္အေၾကာင္းသင့္ ေျပာျပလိုက္တယ္။
ေျမေခြးက ျဖစ္ပ်က္သမွ် အလုံးစုံကို နားလည္ထားတယ္။ သူ႔ရဲ႕သခင္က ႐ႊယ္ယို႔ရွန္းကို ဘယ္ေလာက္အထိ ဂ႐ုစိုက္ေၾကာင္း ရွင္းရွင္းလင္းလင္း သိေနတယ္။ သူသာ ႐ႊယ္ယို႔ရွန္းကို ကာကြယ္ေပးႏိုင္သေ႐ြ႕ သခင့္ရဲ႕ စိုးရိမ္ပူပန္မႈကို အတိုင္းအတာတစ္ခုအထိ ေလ်ာ့ခ်ေပးႏိုင္လိမ့္မယ္။
“သခင္နဲ႔လက္ရွိဘုရင္တို႔ရဲ႕တိုက္ပြဲက လူသားေတြၾကားက တိုက္ပြဲတစ္ခုပဲ.. မိစာၦမ်ိဳးႏြယ္ျဖစ္တဲ့မင္းသာ တိုက္ပြဲထဲ ဝင္ပါလိုက္ရင္ သခင့္ရဲ႕ရပ္တည္မႈကို ကေမာက္ကမ ျဖစ္ေစလိမ့္မယ္..!”
သူ႔စကားနားမေထာင္တဲ့ ႐ႊယ္ယို႔ရွန္းကိုၾကည့္ရင္း ေျမေခြးက ဆက္လက္ေဖ်ာင္းဖ်လိုက္တယ္။
လူသားမ်ိဳးႏြယ္အခ်င္းခ်င္း တိုက္ပြဲက ဘယ္ေလာက္ပဲၾကမ္းတမ္းပါေစ၊ ဒါက တန္းတူရည္တူ ယွဥ္ၿပိဳင္ပြဲတစ္ခုပဲ။ တကယ္လို႔ တျခားမ်ိဳးႏြယ္စုသာ ႐ုတ္တရက္ ဝင္ကူခဲ့ရင္ မ်ိဳးႏြယ္စုေတြၾကားက တိုက္ပြဲျဖစ္သြားလိမ့္မယ္။ ျပင္ပမ်ိဳးႏြယ္ရဲ႕ အကူအညီကို ရယူခဲ့တဲ့လူကလည္း လူသားမ်ိဳးႏြယ္စုရဲ႕ ဘုံရန္သူျဖစ္သြားလိမ့္မယ္။
“………….”
ေျမေခြးက ဒီတစ္ေခါက္ အရမ္းတင္းက်ပ္ေနလိမ့္မယ္လို႔ ႐ႊယ္ယို႔ရွန္းလည္း မထင္ထားခဲ့ဘူး။ ဒီစကားကို မေျပာခ်င္ေပမယ့္ ေျမေခြးရဲ႕စကားက မွန္တယ္ဆိုတာ သူဝန္ခံရလိမ့္မယ္။ ရင္းဆုယဲ့ကို စိတ္ပူေနေတာ့ အေျခအေနကို သြားၾကည့္ခ်င္မိတယ္။ ဒါေပမဲ့ သူက လူသားမ်ိဳးႏြယ္မဟုတ္ပဲ လူသားေတြရဲ႕ရန္ဘက္ မိစာၦမ်ိဳးႏြယ္ျဖစ္ေနတာကို ေမ့ေလ်ာ့သြားခဲ့တယ္။
မိစာၦတစ္ေကာင္ကို ကာကြယ္ေပးေနတဲ့ ရင္းဆုယဲ့ရဲ႕အားနည္းခ်က္ကို ဆုပ္ကိုင္ၿပီး မေကာင္းႀကံခ်င္ေနတဲ့လူေတြ ရွိေနႏိုင္တယ္။ ရင္းဆုယဲ့က မိစာၦမ်ိဳးႏြယ္နဲ႔ ပူးေပါင္းႀကံစည္ၿပီး လူသားမ်ိဳးႏြယ္ကို သစၥာေဖာက္ခ်င္ေနတယ္လို႔ စြပ္စြဲၾကလိမ့္မယ္။ အဲ့လိုသာဆို ရင္းဆုယဲ့ နာမည္ပ်က္႐ုံတင္မကဘူး၊ လူသားမ်ိဳးႏြယ္ရဲ႕ ဘုံရန္သူလည္း ျဖစ္သြားလိမ့္မယ္။
ေျမေခြးရဲ႕စကားေၾကာင့္ ႐ႊယ္ယို႔ရွန္းလည္း ေျမေခြးကို ဖီဆန္ၿပီး ရင္းဆုယဲ့ဆီကို မသြားႏိုင္ေတာ့ဘူး။ တခ်ိန္တည္းမွာပဲ ‘ကံၾကမၼာကူးေျပာင္းျခင္း’ ၿပီးဆုံးသြားမွ ဝမ္ပထ်န္နဲ႔ ထိပ္တိုက္ရင္ဆိုင္တဲ့ ရင္းဆုယဲ့ရဲ႕အႀကံဉာဏ္ကို နားလည္သြားခဲ့တယ္။ သူသာ ‘ေသလမ္းရွာၿပီး’ လူသားေတြရဲ႕တိုက္ပြဲထဲ ဝင္မပါသေ႐ြ႕ ဘယ္သူမွ ရင္းဆုယဲ့ကို မိစာၦမ်ိဳးႏြယ္နဲ႔ ပူးေပါင္းပါတယ္ဆိုၿပီး စြပ္စြဲလို႔ရေတာ့မွာမဟုတ္ဘူး။
ရင္းဆုယဲ့ရဲ႕စိတ္ကို နားလည္သြားတာေၾကာင့္ ႐ႊယ္ယို႔ရွန္းလည္း လွ်ိဳ႕ဝွက္စခန္းမွာသာ ထိုင္ေစာင့္ေနရေတာ့တယ္။
“ၿမိဳ႕ေတာ္ရဲ႕အေျခအေနကို ပုံေဖာ္ေပးႏိုင္တဲ့ ေၾကးမုံဆီကို ေခၚသြားေပးမယ္ဆိုရင္ေရာ..? အဲ့ကေနၿပီး သခင့္ရဲ႕လက္ရွိအေျခအေနကို ၾကည့္လို႔ရတယ္ေလ..”
နားလည္သြားပုံရတဲ့ ႐ႊယ္ယို႔ရွန္းကိုၾကည့္ကာ ေျမေခြးလည္း အနည္းငယ္ စိတ္သက္သာရာ ရသြားတယ္။ ဒါေပမဲ့ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနျပန္တဲ့ ႐ႊယ္ယို႔ရွန္းေၾကာင့္ ေျမေခြးလည္း ေၾကးမုံမွန္အေၾကာင္း ခ်က္ခ်င္း သတိရလိုက္တယ္။
တကယ္ေတာ့ သူ႔ရဲ႕သခင္ ျပန္ေရာက္လာတဲ့အခ်ိန္ ဒီလိုမ်ိဳးျဖစ္ေနတဲ့ ႐ႊယ္ယို႔ရွန္းကိုၾကည့္ၿပီး ေကာင္းေကာင္း ဂ႐ုမစိုက္ေပးဘူးလို႔ ထင္သြားမွာကို သူစိုးရိမ္တယ္။ သခင္က သူ႔ကို ခြင့္လႊတ္မွာမဟုတ္ဘူး။ ေၾကးမုံမွန္က ဒီစခန္းရဲ႕ ရတနာပစၥည္းဆိုေပမယ့္ သူ႔ရဲ႕အနာဂါတ္ေလး သာယာလွပဖို႔ ႐ႊယ္ယို႔ရွန္းကို ဘိုးေဘးတစ္ေယာက္လို ဆက္ဆံမွျဖစ္ေတာ့မယ္။ အျပင္မထြက္ရင္ အကုန္အဆင္ေျပတယ္။
“ၿပီးေရာ..”
႐ႊယ္ယို႔ရွန္းက စိတ္ပ်က္လက္ပ်က္ ျပန္ေျဖလိုက္တယ္။
ဘာမွမလုပ္ႏိုင္တာထက္ေတာ့ အဆင္ေျပပါတယ္ေလ..! သူလုပ္သင့္တာ အကုန္လုပ္ေပးၿပီးၿပီ။ အခုခ်ိန္သြားရင္လည္း ရင္းဆုယဲ့ကို ကူညီႏိုင္မွာမဟုတ္ဘူး။ ၿပီးေတာ့လည္း သူ႔ရဲ႕တိုက္ခိုက္ေရးစြမ္းရည္က ေကာင္းမွမေကာင္းတာ။
“ခဏေစာင့္ေနာ္..!”
႐ႊယ္ယို႔ရွန္း လက္ခံလိုက္တာေၾကာင့္ ေျမေခြးလည္း ေၾကးမုံမွန္ကို အျမန္ေျပးယူရေတာ့တယ္။
ေျမေခြး ေနာက္လွည့္လိုက္႐ုံသာ ရွိေသးတယ္။ နားကန္းေနတဲ့လူေတာင္ ၾကားႏိုင္ေလာက္တဲ့ ေပါက္ကြဲသံႀကီးကို ၾကားလိုက္ရေလတယ္။ ထို႔ေနာက္ ေျမျပင္တစ္ခုလုံး တုန္ခါလာခဲ့တယ္။ ေျမေခြးခမ်ာ မွန္ကိုဂ႐ုမစိုက္ႏိုင္ေတာ့ဘဲ ႐ႊယ္ယို႔ရွန္းဆီ ကမန္းကတန္း ေျပးသြားၿပီး ေရွ႕မွပိတ္ရပ္လိုက္ကာ သတိအေနအထားျဖင့္ အသင့္ျပင္လိုက္တယ္။
“ငလ်င္လႈပ္တာလား..?”
႐ႊယ္ယို႔ရွန္းက ကိုယ္ကိုယ့္ကို တည္ၿငိမ္ေအာင္ ထိန္းခ်ဳပ္ရင္း နား႐ြက္ကိုလက္ျဖင့္အုပ္ကာ ေျမေခြးကို ေမးလိုက္တယ္။
“မဟုတ္ဘူး..”
ေျမေခြးရဲ႕ အႏၲရာယ္ကို အာ႐ုံခံႏိုင္စြမ္းက ႐ႊယ္ယို႔ရွန္းရဲ႕ အလိုလိုသိစိတ္ထက္ ပိုထက္ျမက္တယ္။
“အဆင့္ျမင့္တိုက္ခိုက္ေရးသမားေတြရဲ႕ တိုက္ပြဲေၾကာင့္ ျဖစ္လာမ်ိဳးပဲ..”
ေျမေခြးက သူ႔ရဲ႕ထင္ျမင္ခ်က္ကို ေျပာလိုက္တယ္။
“ရင္းဆုယဲ့မဟုတ္ေလာက္ပါဘူးေနာ္..?!”
‘အဆင့္ျမင့္တိုက္ခိုက္ေရးသမား’ ဆိုတဲ့စကားလုံးကို ၾကားလိုက္တာနဲ႔ ႐ႊယ္ယို႔ရွန္းရဲ႕စိတ္ထဲမွာ ရင္းဆုယဲ့ကိုသာ အရင္ဆုံး ေတြးမိလိုက္တယ္။
“ၾကည့္ရတာ သခင့္ရဲ႕စြမ္းအားေၾကာင့္ ျဖစ္မယ္.. ဟိုးဘက္က လာတာ..!”
ေျမေခြးက မ်က္လုံးကိုမွိတ္ကာ စြမ္းအင္လမ္းေၾကာင္းကို အာ႐ုံခံၿပီး အရပ္မ်က္ႏွာတစ္ခုကို ၫႊန္ျပလိုက္တယ္။
႐ႊယ္ယို႔ရွန္းလည္း သူ႔ရဲ႕ဝိဉာဥ္စြမ္းအားကို မ်က္လုံးနဲ႔နား႐ြက္ဆီ ျဖန႔္က်က္လိုက္ၿပီး ေျမေခြးၫႊန္ျပတဲ့ အရပ္မ်က္ႏွာကို လွမ္းၾကည့္လိုက္တယ္။
သူျမင္လိုက္ရတာက ရင္းဆုယဲ့ကို ခ်ဳပ္ေႏွာင္ထားတဲ့ေနရာမွာ အလင္းတန္းေတြ ျဖာထြက္ေနၿပီး ေျမမႈန္ေတြ ပ်ံ႕လြင့္ေနတာပဲ။ မီးခိုးေငြ႕ေတြနဲ႔ မီးေတာက္ေတြက ေကာင္းကင္ယံကို ထိုးေဖာက္လုမတတ္ ရဲရဲေတာက္ေနတယ္။
ပတ္ဝန္းက်င္တစ္ခုလုံး စြမ္းအင္ကေမာက္ကမျဖစ္ေစတဲ့ လူႏွစ္ေယာက္ကေတာ့ တစ္ဦးကိုတစ္ဦး ျပင္းျပင္းထန္ထန္ တိုက္ခိုက္ေနေလတယ္။ သူတို႔ႏွစ္ဦး ရင္ဆိုင္မိတိုင္း အေဆာက္အအုံေတြကို ၿပိဳပ်က္သြားေစၿပီး အဆုံးမရွိတဲ့ ဖုန္လုံးႀကီးေတြကို ျဖစ္ေပၚေစတယ္။
႐ႊယ္ယို႔ရွန္းက သူ႔ရဲ႕မ်က္လုံးေပၚ ဝိဉာဥ္စြမ္းအား ပိုတိုးလိုက္တယ္။ ထိုအခါမွ စြမ္းအင္လႈိင္းအလယ္ တိုက္ခိုက္ေနေသာ လူႏွစ္ေယာက္ကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရေတာ့တယ္။ ရင္းဆုယဲ့နဲ႔ ဝမ္ပထ်န္ပဲ..?!
ခ်က္ခ်င္းႀကီး ထတိုက္လိမ့္မယ္လို႔ မထင္ထားခဲ့မိဘူး။ သူတို႔ႏွစ္ေယာက္ ညႇိႏႈိင္းေဆြးေႏြးတာေတာင္ မရွိပဲ ခ်က္ခ်င္း ထတိုက္ၾကတာလား..?! အဲ့တာေၾကာင့္ ငလ်င္လႈပ္သြားတာ ျဖစ္ရမယ္။
ဝမ္ပထ်န္နဲ႔ လက္ရည္တူတိုက္ခိုက္ေနတဲ့ ရင္းဆုယဲ့ကိုၾကည့္ရင္း ႐ႊယ္ယို႔ရွန္းသိလိုက္တယ္။ ‘ကံၾကမၼာကူးေျပာင္းျခင္း’က ရင္းဆုယဲ့ကို ႀကီးႀကီးမားမား မထိခိုက္ေစခဲ့ဘူး။ ဒါမွမဟုတ္ မတိုက္ခိုက္ခင္ သူ႔ရဲ႕ဒဏ္ရာမ်ားကို တိတ္တဆိတ္ ကုသလိုက္တာ ျဖစ္ႏိုင္တယ္။
ရင္းဆုယဲ့က ခ်ည္ထည္ၾကမ္းကို ဝတ္ထားဆဲဆိုေပမယ့္ အျပစ္အနာအဆာမရွိတဲ့ သူ႔ရဲ႕ကိုယ္ဟန္ကို မဖုံးကြယ္ႏိုင္ဘူး။
ရွည္လ်ားတဲ့အရပ္၊ ေမ်ာလြင့္ေနတဲ့ ေ႐ႊေရာင္ဆံႏြယ္ေတြနဲ႔ ေရခဲတမွ်ေအးစက္တဲ့ အရွိန္အဝါ၊ ေလးနက္ေသာ မ်က္ဝန္းအစုံတို႔က ႐ူးသြပ္မႈတို႔ကို ေဆာင္ယူလ်က္ ေလာကႀကီးတစ္ခုလုံးကို ေခ်ာက္နက္ႀကီးထဲ ဆြဲခ်ပစ္ခ်င္ေနသေယာင္။
လူအမ်ား သက္ျပင္းေမာခ်ရေလာက္ေအာင္ ေခ်ာေမာခန႔္ညားလြန္းတဲ့ မ်က္ႏွာသြင္ျပင္က လက္ရွိအေျခအေနမွာ မိစာၦတစ္ေကာင္လိုမ်ိဳး မ်က္ဝန္းေတြက ေသြးဆာရက္စက္မႈေတြနဲ႔ ျပည့္ႏွက္ေနေတာ့တယ္။
ဖက္ရွင္ဂြမ္းေနတဲ့ ဘိုးေတာ္ဝမ္ပထ်န္နဲ႔ ယွဥ္ရပ္ေနေတာ့ ရင္းဆုယဲ့ရဲ႕ေတာက္ပမႈက ပိုၿပီးေတာင္ သိသာေသးတယ္။ ရင္းဆုယဲ့ရဲ႕ ေအးစက္ခန႔္ညားတဲ့ အသြင္အျပင္ကို အေကာင္းဆုံး ေဖာ္ျပႏိုင္တဲ့ အခိုက္အတန႔္ပဲ..! ဒီထက္ပိုေကာင္းတာ မရွိႏိုင္ေတာ့ဘူး..!
ရင္းဆုယဲ့နဲ႔ ဝမ္ပထ်န္တို႔ရဲ႕ တိုက္ပြဲက ပိုၿပီးႀကီးမားလာတာေၾကာင့္ ၿမိဳ႕ေတာ္ထဲက ျပည္သူေတြလည္း လန႔္ႏိုးလာၾကေတာ့တယ္။ ၿမိဳ႕ေတာ္ရဲ႕ မွိန္ပ်ပ်မနက္ခင္းက ႐ုတ္တရက္ လင္းထိန္သြားတယ္။ တစ္ၿမိဳ႕လုံးက လူေတြအားလုံး ျပင္းထန္လွတဲ့ တိုက္ပြဲေၾကာင့္ လန႔္ႏိုးလာမွန္း သိသာလြန္းေနတယ္။
တခ်ိဳ႕လူေတြဆို လန႔္ျဖန႔္သြားၿပီး အိမ္ထဲမွစပ္စုရန္သာ ေ႐ြးခ်ယ္လိုက္ၾကတယ္။
တခ်ိဳ႕ကေတာ့ အက်ႌလဲၿပီး တိုက္ပြဲရွိရာသို႔ အေျပးသြားၾကတယ္။
တခ်ိဳ႕က အနီးပတ္ဝန္းက်င္ကလူေတြကို စု႐ုံးကာ အခ်င္းခ်င္း ႏွစ္သိမ့္ေနၾကေတာ့တယ္။
ဒါေပမဲ့ တိုက္ပြဲဆီကို အေျပးသြားၾကည့္တဲ့အဖြဲ႕က တိုက္ပြဲအနားေရာက္တာနဲ႔ ျပင္းထန္တဲ့ စြမ္းအားလႈိင္းေၾကာင့္ လြင့္ထြက္ကုန္ေတာ့တယ္။ တစ္နည္းေျပာရလွ်င္ ရင္းဆုယဲ့နဲ႔ ဝမ္ပထ်န္တို႔ တိုက္ခိုက္ေနတဲ့ေနရာက ကန႔္သတ္နယ္ေျမလို ျဖစ္သြားၿပီး အျပင္လူ ဝင္လို႔မရေတာ့ဘူး။
အေစာပိုင္းက ေျမေခြး သူ႔ကို တားဆီးခဲ့တဲ့အတြက္ ႐ႊယ္ယို႔ရွန္းမွာ ဝမ္းသာသြားရတယ္။ မဟုတ္ရင္ သူ႔ရဲ႕လက္ရွိစြမ္းအားနဲ႔ ထိုလူအုပ္ႀကီးလို ျဖစ္သြားႏိုင္တယ္။ လူသားဘုရင္တစ္ေယာက္ရဲ႕ စြမ္းအားအတိမ္အနက္ကို သာမန္မ်က္စိနဲ႔ တိုင္းတာလို႔မရႏိုင္ဘူး။
တစ္ခ်ိန္တည္းမွာပဲ လူအုပ္နဲ႔ခပ္လွမ္းလွမ္းမွာ ပုန္းကြယ္ေနၾကတဲ့ တိရစာၦန္မ်က္ႏွာဖုံးအသီးသီးနဲ႔ လွ်ိဳ႕ဝွက္သက္ေတာ္ေစာင့္ေတြကို ျမင္လိုက္ရတာေၾကာင့္ ႐ႊယ္ယို႔ရွန္းမွာ စိတ္သက္သာရာ ရသြားတယ္။
သူလႊတ္လိုက္တဲ့ သက္ေတာ္ေစာင့္ေတြက တာဝန္ေက်တဲ့အျပင္ ရင္းဆုယဲ့နဲ႔ ေအာင္ေအာင္ျမင္ျမင္ ေတြဆုံႏိုင္ခဲ့တာပဲ။ အဲ့တာေၾကာင့္ ရင္းဆုယဲ့ ပိုၿပီးတက္ႂကြေနတာ။ ရင္းဆုယဲ့ရဲ႕ လက္ရွိစြမ္းအင္အရ ဝမ္ပထ်န္ရဲ႕ ၿပိဳင္ဘက္မဟုတ္ေသးဘူး။ အဲ့တာေၾကာင့္ စြမ္းအင္ကြာျခားမႈကို ျဖည့္တင္းႏိုင္ဖို႔အတြက္ သူသိထားတဲ့ဇာတ္ကြက္ကို အသုံးခ်ၿပီး ရင္းဆုယဲ့ကို ကူညီေပးလိုက္တယ္။
အဲ့တာ BUG တစ္ခုလိုပဲ။ ခဏခဏ သုံးလို႔မေကာင္းဘူး..!
အဲ့တာေၾကာင့္လည္း ရင္းဆုယဲ့အတြက္ အရမ္းစိတ္မပူပဲ လွ်ိဳ႕ဝွက္စခန္းထဲမွာ လိမ္လိမ္မာမာ ေစာင့္ေနတာေပါ့။
(TN : လူလိမ္.. စိတ္မပူလို႔ပဲ)
ပတ္ဝန္းက်င္အေျခအေနကို ေသေသခ်ာခ်ာ အကဲခတ္ၿပီးေနာက္ ႐ႊယ္ယို႔ရွန္းလည္း ဘာခ်ိဳ႕ယြင္းခ်က္မွ မရွိေတာ့ေၾကာင္း သိလိုက္တယ္။ ထို႔ေၾကာင့္ အနည္းငယ္ စိတ္သက္သာရာ ရသြားၿပီး ဝမ္ပထ်န္နဲ႔ တိုက္ခိုက္ေနတဲ့ ရင္းဆုယဲ့အေပၚသာ အာ႐ုံစိုက္ထားလိုက္ေတာ့တယ္။
…………………………………………..