~☘️
"No. 1"
ဖုန်း screen ကိုကြည့်ရင်း ချန်းယောလ်ရေရွတ်မိတယ်။ Lucky Bamboo နဲ့အတူ ဖုန်းပါဝယ်ပေးလိုက်တဲ့ တစ်ယောက်သောသူကိုသတိရမိရင်းနဲ့ ချန်းယောလ် သူ့ရဲ့အိမ်ကြီးထဲမှာ တစ်ယောက်တည်းထိုင်လျက် မနက်ခင်းတစ်ချိန်လုံးကို ဖြုန်းတီးခဲ့ပြီးဖြစ်တယ်။
တစ်ပတ်တောင်ရှိသွားပြီ။ ဘတ်ဟျွန်းနဲ့ထပ်ပြီး အဆက်အသွယ်ပြတ်နေခဲ့တာ။ ဖုန်းကိုကြည့်ရင်း ချန်းယောလ် ဘာမှမလုပ်နိုင်ခဲ့။
ဖုန်းဘယ်လိုခေါ်ရမယ်ဆိုတာ မသိသလို၊ ခေါ်ပြီးရင်လည်း ဘာအကြောင်းကိုပြောရမှန်းမသိပေ။ ဒီအတိုင်း အသံလေးဖြစ်ဖြစ်၊ မျက်နှာလေးဖြစ်ဖြစ် သူ့ကို တွေ့ချင်ရုံသက်သက်သာ။
အပြင်လောကကို ဆက်သွယ်ကြည့်ဖို့ကြိုးစားချင်ပေမယ့် တကယ်တမ်းတော့မလုပ်နိုင်။ အရွယ်ရောက်ခါစအချိန် (၁၈)နှစ်အရွယ်လောက်ကတည်းက လူ့ပတ်ဝန်းကျင်ကြီးနဲ့အဆက်အသွယ်ပြတ်ခဲ့တာ ငါးနှစ်တောင်ဆိုတော့ ချန်းယောလ်ကျင့်သားမရသေးပေ။
လိုအပ်ရင် အပြင်ခဏထွက်ပြီး store ဆိုင်မှာဈေးဝယ်ပြီး Bus ကားစီးပြီး ဆေးရုံသွားတာထက်ပြီး ပိုမလုပ်တတ်ခဲ့။
"ဘာများမှားနေတာလဲ"
နောက်တစ်ခေါက် ဖုန်း screen ကိုကြည့်ပြီး ရေရွတ်မိပြန်တယ်။ ထိုအချိန်ရုတ်တရက် ဖုန်းကတုန်ခါသွားခဲ့တယ်။
ခေါ်တဲ့သူက 'ဝတုတ်လေး' ဆိုတော့ဘယ်သူပါလိမ့်။
"အာ ငါ့သူငယ်ချင်းပဲ"
အမြန်အဆန်ပဲ ချန်းယောလ်ဖုန်းကိုင်ဖို့ကြိုးစားကြည့်တယ်။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူး။ ဖြစ်ချင်ရာဖြစ်ဆိုပြီး အစိမ်းရောင်ဘက်ကို လက်ညှိုးလေးနဲ့ဆွဲမိသွားတယ်။
"Hello!!!! Hyung !!!!!"
ကလေးလေးရဲ့ အသံကိုစကြားလိုက်ရတယ်။
တော်ပါသေးရဲ့ကွာ။
"အင်း ပြော Jaemin-na"
"Hyung ဘာလုပ်နေတာလဲဗျာ...
ဖုန်းတန်းမကိုင်ဘဲ"
ချန်းယောလ် ခေါင်းလေးကိုကုပ်ကာ
ရှက်ရှက်နဲ့ ပြန်ဖြေရတယ်။
"Hyung smart phone တွေသိပ်မကိုင်တတ်လို့ပါကွာ နေကောင်းတယ်မလား"
"သားကကောင်းတာပေါ့
Hyung သာဂရုစိုက်...
အာ ဒါနဲ့ ဟိုရုပ်ချောချောနဲ့ အစ်ကိုကြီးရော"
"ဟင် ဘယ်သူ?"
"Hyung ဘေးမှာတကောက်ကောက်
လိုက်နေတဲ့ ဆရာဝန်လေးလေဗျာ"
Jaemin ပြောမှစဉ်းစားမိလိုက်တယ်။သူက
ဘတ်ဟျွန်းနီးကို ပြောချင်တာလားလို့။
"ဘတ်ဟျွန်း? သူ့ကိုပြောတာလား"
"ဟုတ်တယ် ဘတ်ဟျွန်းနီး Hyung က
ဖုန်းနံပါတ်ပြောပြလို့ သားအခုဆက်လိုက်တာ
သူလည်းအခု အတူတူရှိနေတယ်ပြောလို့"
"ဟင် မရှိပါဘူး"
"အာ ဟုတ်လား
အဲ့တာဆိုလည်း သားဖုန်းချပြီနော်
သင်တန်းသွားရမှာမလို့"
အသံမလာတော့တဲ့ ဖုန်းလေးတောင်ပိတ်သွားပေမယ့် ချန်းယောလ်ကတော့ တစ်ခုခုကိုတွေးမိရင်း ငြိမ်သက်နေဆဲပဲ။
"သူကဘာလို့အတူရှိနေတယ်ပြော
ရတာလဲ?? ပိုသတိရအောင်လုပ်နေပြန်ပြီ"
လွမ်းနေတာ။ အသံလေးဖြစ်ဖြစ်တော့ကြားချင်မိတယ်။ ဆေးရုံမှာတုန်းက အရသာမရှိတဲ့ canteen ကထမင်းလေးကို ထူးထူးဆန်းဆန်း သတိရမိသွားတယ်။ အဲ့ဒီ့တုန်းက စားချင်စိတ်မရှိတာတောင် ဘတ်ဟျွန်းရှိနေတယ်ဆိုတဲ့ အသိနဲ့ စားဝင်ခဲ့တယ်။
ပုံမှန် ညအိပ်မပျော်လို့ စီးကရက်တွေသောက်ရင်း မိုးလင်းပေါက်တတ်ပေမယ့် ဘေးမှာ ဘတ်ဟျွန်းစောင့်နေပေးတယ်ဆိုတဲ့ အသိနဲ့ အိပ်ပျော်ခဲ့တယ်။ နှစ်ပတ်လောက် ညအိပ်ရာဝင်တိုင်း၊ မနက်နိုးလာတိုင်း ဘတ်ဟျွန်းကို မြင်တွေ့နေရတော့ အခုအိမ်မှာ တစ်ယောက်တည်း နေသားမကျသလို၊ တစ်ခုခုကိုလိုအပ်နေသလို ခံစားရတယ်။
° ting tong ting tong °
ထိုအချိန် Bell သံမြည်လာခဲ့တယ်။ ဘဝက တစ်ခါတလေ ပုံပြင်ဆန်တတ်တယ်။ တိုက်ဆိုင်တာထက် ကိုယ်က ပုံပြင်ထဲက အဓိကဇာတ်ကောင်နေရာမှာလို့ ထင်ရတယ်။
Cinderella ကဆင်းရဲတာတောင် မင်းသားလေးနဲ့ တွေ့ရတယ်။ Snow White တောင် သေရာကနေ မင်းသားလေးရဲ့အနမ်းကြောင့်ပြန်အသက်ရှင်လာရသေးတယ်။
ချန်းယောလ် တံခါးရှေ့က လူကိုကြည့်ရင်း ရပ်နေမိသည်မှာ စက္ကန့်အတော်ကြာသွားတယ်။
"အိမ်ထဲ ပေးမဝင်တော့ဘူးလား"
ဘတ်ဟျွန်းရဲ့ အသံလေးကြောင့် ချန်းယောလ် သတိပြန်ဝင်သွားတယ်။
"sorry ဝင်... ဝင်လေ"
*အဟက်*
ဘတ်ဟျွန်းတစ်ချက်ရယ်လိုက်မိတယ်။
အခု ချန်းယောလ်ပုံစံကိုကြည့်ရတာ လွန်ခဲ့တဲ့ ငါးနှစ်ကအတိုင်းပင်။
သူနဲ့စတွေ့တုန်းက စကား အ,ထစ်ထစ်နဲ့ ကောင်လေး။
အထဲရောက်တော့ အိမ်ကမှောင်မည်းနေတာမို့ ချန်းယောလ် မီးခလုတ်ကို လှမ်းနှိပ်ကာဖွင့်လိုက်ရတယ်။ မီးရောင်ကအရမ်းစူးလွန်းတာ
ကြောင့် လက်နဲ့ကာလိုက်ရတယ်။ နေ့ခင်းဘက်တောင် ချန်းယောလ် တံခါးတွေ ပြတင်းပေါက်တွေအကုန်ပိတ်ပြီးနေနေကျဆိုတော့ အလင်းရောင်ခပ်မှိန်မှိန်နဲ့သာ နေသားကျနေပြီဖြစ်တယ်။
မီးဖွင့်ပြီးသေချာကြည့်မိလိုက်မှ ဧည့်ခန်းထဲ ပရိဘောဂပစ္စည်းတွေက တစ်ခုမှမကျန်တော့ပေ။ ကံကောင်းထောက်မ၍ ထိုင်ခုံနဲ့ စားပွဲတော့ရှိနေသေးတယ်။ ဦးလေးရဲ့ လုပ်ရပ်တွေပဲပေါ့။
"ဒါကို အိမ်လို့ခေါ်တာလား"
မဲ့ သလို ရွဲ့သလို စကားစလာတဲ့ ဘတ်ဟျွန်းကြောင့် ချန်းယောလ်အားနာမိသွားတယ်။ အကြာကြီးနေမှ ဘတ်ဟျွန်းကအိမ်လာလည်တာကို အိမ်ကဒီလိုပုံစံဖြစ်နေရတယ်လို့။
"ဒီမှာမထိုင်ချင်ရင် ကျွန်တော့်အခန်းထဲ
ဖြစ်ဖြစ် သွားမလား"
"Umm??"
လှည့်ကြည့်လာတဲ့ ဘတ်ဟျွန်းက ဒီနေ့မှ
အရမ်းချောနေပုံနဲ့။ ဂျူတီကုတ်မဟုတ်ဘဲ လူကြီးဆန်ဆန် အနက်ရောင် coat နဲ့ဆိုတော့ ဘတ်ဟျွန်းက တည်ငြိမ်ရင့်ကျက်တဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ချန်းယောလ်အတွက်တော့ ငေးမောစရာပင်။
"ရပါတယ် မီးဖိုချောင်ထဲသွားရအောင်"
ဘတ်ဟျွန်းရဲ့ လက်ဆွဲခေါ်မှုနဲ့အတူ ချန်းယောလ် မီးဖိုချောင်ထဲပါသွားရတယ်။
"မှတ်မိနေတာလား"
"အရင်ကလည်းဝင်ထွက်ခဲ့ဖူးတာပဲ
ဒါမဆန်းဘူးလေ"
သူက တည်တည်ငြိမ်ငြိမ်ပဲပြန်ဖြေလာတယ်။
ပြီးတော့ သူဝယ်လာတဲ့ ဟင်းချက်စရာအသီးအရွက်တွေကိုတစ်ခုပြီးတစ်ခုထုတ်နေတယ်။
"အခု ဘာလုပ်နေတာလဲ....ဗျ"
ရုတ်တရက်လှည့်ကြည့်လာပြန်တဲ့ ဘတ်ဟျွန်းကြောင့် ချန်းယောလ်စကားကို ယဉ်ကျေးမိသွားပြန်တယ်။
"ဒီအတိုင်း ငါ့ကိုဘတ်ဟျွန်းနီး လို့ပဲ
ခေါ်ပေးလို့ရမလား Chan"
"ခင်ဗျာ"
"ဟင်းးးး
ထားလိုက်ပါ ခေါ်ချင်သလိုခေါ်တော့"
ထပ်ပြီး ချန်းယောလ်မှင်သက်ငေးမောနေရပြန်တယ်။ ဘတ်ဟျွန်းပထမဆုံးတစ်ခါ သူ့ကို
'Chan' လို့ခေါ်ချင်ကြောင်း ခွင့်တောင်းခဲ့တယ်။ အဲ့ဒီ့တုန်းက နာမည်ကိုအဖျားဆွတ်အခေါ်မခံရဖူးတော့ နည်းနည်းကြောင်တောင်တောင်နိုင်သလိုတွေးမိခဲ့တယ်။ ဒါပေမယ့်အခုက မတူတော့ဘူး။ ချန်းယောလ် ရင်ဘတ်တစ်နေရာမှာ တစ်စုံတစ်ခုက တဒုတ်ဒုတ်ခုန်ပေါက်လာခဲ့တယ်။
"Baek Baekhyunee"
ဘတ်ဟျွန်းကသူ့ကို ပြုံးပြီးကြည့်လိုက်တဲ့အကြည့်။ အား...ရူးတော့မှာပဲ။ လက်တွေအရမ်းအေးစက်လာပြီ။ နှလုံးသားက တဒုတ်ဒုတ်ခုန်ပေါက်နေတာမို့ ချန်းယောလ်
အခုစကားပြောရင် အသံတွေတုန်နေမယ်ဆိုတာ အသေအချာပင်။
"Chan ! အဆင်ပြေရဲ့လား"
"ဟမ် အင်း ခနထိုင်နေမယ်နော်
နည်းနည်းပင်ပန်းနေလို့"
"ရော့ ဒါလေးသောက်ပြီး
စောင့်နေ"
Banana milk..
ချန်းယောလ်သိပ်ကြိုက်တဲ့ အရာပဲ။ ဒါနဲ့
ဘတ်ဟျွန်းက ဘယ်လိုလုပ်အကြိုက်ကို ကွက်တိဝယ်လာနိုင်ရတာလဲ။ တိုက်ဆိုင်တာပဲလား။
ဝယ်လာတဲ့အသီးအရွက်အစုံကို ငရုတ်အနှစ်အနည်းငယ်ထည့်ကာ ထမင်းကြော်ပေးနေရင်း ဘတ်ဟျွန်းကမေးတယ်။
"အစပ်မစားနိုင်ဘူးမလား Chan
လျှော့ထည့်ပေးမယ်"
သိနေပြန်ပြီ။ ချန်းယောလ်အစပ်မစားနိုင်တာကိုပါ။ ဒီလိုအရာတွေကြောင့် ဘတ်ဟျွန်းကိုအရင်ကထက်ပိုတဲ့ ခံစားချက်မျိုးရှိနေပြီဆိုတာ ချန်းယောလ် မငြင်းရက်ပါ။
"ဘတ်ဟျွန်းနီး ဘာလို့ဖုန်းမဆက်ခဲ့တာလဲ
တစ်ပတ်လုံး"
ချန်းယောလ်ရဲ့အမေးကို ဘတ်ဟျွန်းသဘောကျတယ်။ အခုတော့ သူ ကိုယ့်ကိုမြင်ပြီပဲ ဆိုတဲ့အသိနဲ့ ပျော်ရွှင်မှုက အတိုင်းမသိပဲ။ ဒါကိုမျှော်လင့်နေလို့ ဘတ်ဟျွန်းအဆက်အသွယ်မလုပ်ခဲ့ခြင်းပင်။ ဒီနေ့ကတော့ အရမ်းလွမ်းနေလို့ မနေနိုင်ဘဲလာတွေ့ခြင်းသာဖြစ်တယ်။
ချန်းယောလ်အရမ်း အထီးကျန်နေမှာစိုးလို့
ဝတုတ်ကလေးလေးကို ဖုန်းဆက်ဖို့သတိပေးခဲ့တာလည်း ဘတ်ဟျွန်းပဲ။ ဒါကို ကလေးက ချန်းယောလ်ကိုတစ်ယောက်ထဲပစ်ထားလို့ဆိုပြီး ဆူဖို့လုပ်နေတုန်း ချန်းယောလ်နဲ့အတူရှိနေပါတယ်လို့ လိမ်လိုက်ရသေးတယ်။ သူနဲ့ပက်သက်လာရင် ကလေးလေးတစ်ယောက်ရဲ့ အပြောကိုတောင်မခံနိုင်တဲ့ ဘတ်ဟျွန်းရယ်ပါ။
"ငါလည်း ဆက်ချင်ပါတယ်
ကိစ္စလေးတွေရှိနေလို့...
ဒီနေ့ကစပြီး ညတိုင်းဖုန်းဆက်မယ်နော်
Chan...."
"အမ် အင်း ရတာပေါ့
ဆက်လေ မျှော် မျှော်နေမယ်"
ထင်တဲ့အတိုင်း ချန်းယောလ်စကားတွေထစ်လာရပြန်တယ်။ ဒါပေမယ့်လည်း ဘတ်ဟျွန်းကပြုံးနေသေးလို့တော်ပါသေးတယ်။ ထပ်ပြီး သူ့ကြောင့်ပဲ အနားကနေထွက်သွားရမှာကိုမလိုလားဘူး။ ဘတ်ဟျွန်းနဲ့အတူရှိနေချိန် ချန်းယောလ်အကောင်းဆုံးကြိုးစားချင်တယ်။ ဘတ်ဟျွန်း သူ့ကြောင့်ပြုံးလာအောင်ပေါ့။
"တကယ်တော့လေ
ငါ ချန်းယောလ် အမေဆီသွားခဲ့တယ်"
"....."
"အန်တီက သတိမရတော့
တစ်ချို့အကြောင်းအရာလေးတွေက
သိရဖို့အရမ်းကြာတယ် တစ်ပတ်လုံးမအားတာ အဲ့တာကြောင့်လည်းပါတယ်"
" ဘတ်ဟျွန်းနီးက ဘာကိုသိချင်နေတာလဲ"
"ဒီလိုပေါ့
Chan ဘာကြိုက်တတ်တယ်
ဘာကိုမကြိုက်ဘူးလဲ သိချင်လို့"
"သိချင်ရင် မေးရောပေါ့
ဘာလို့အပင်ပန်းခံရတာလဲ"
ချန်းယောလ်က သူသာကြားလောက်မယ့် အသံတိုးတိုးလေးနဲ့ ပြောကာခေါင်းကုပ်နေမိတယ်။
"အာ ဒါနဲ့ Chanမွေးနေ့က November 27
သိပ်မလိုတော့ဘူးပဲ ဘာ cakeစားချင်လဲ
ဘာလိုချင်လဲ"
ဟင့်အင်း။ငါ့အတွက်အဲ့တာတွေ ဘာမှမလိုအပ်ပါဘူး။ ဘတ်ဟျွန်းနီးနဲ့ပြန် ဆုံခွင့်ရတာနဲ့တင်... မဟုတ်သေးဘူး ခပ်နုံနုံ ခပ် အအ လူတစ်ယောက်ဆီ ပြန်လာပေးတာနဲ့တင်မွေးနေ့လက်ဆောင်ကြီးကြီးမားမားရလိုက်သလိုပါပဲ။
"ဟမ် ဘာလိုချင်လဲလို့ Chan!!!"
"ဗျာ ကျွန်တော်ကရပါတယ်
ဘာလုပ်ဖို့ အဲ့တာတွေထိ"
"မရဘူး Chan လိုချင်တာတစ်ခုတော့ပြော"
ချန်းယောလ် ဘာလိုပြောရမလဲ...ဘတ်ဟျွန်းရှိနေတာနဲ့တင်လုံလောက်တာကို။
"အဲ့တာကလေ....
မွေးနေ့ကျရင် ဘတ်ဟျွန်းအတူရှိနေပေးရင်
ရ ရပါပြီ"
"ဟင် အဲ့တာလား"
ဘတ်ဟျွန်းက တိတ်ဆိတ်သွားတယ်။
ချန်းယောလ် ဝန်ထုပ်ဝန်ပိုးဖြစ်စေမိပြီလား။
ဆေးရုံနဲ့ မအားလပ်တာကို မပြောလိုက်ရင်တောင်ကောင်းနေသား။
"မအားဘူးထင်တယ်
ရပါတယ် မွေးနေ့က အမြဲရှိနေတာကို"
"မဟုတ်ပါဘူး"
"ဟင် ဘာကို"
"တကယ် အဲ့တာပဲလားလို့
အံ့ဩသွားလို့ပါ Chan က
တကယ် ချစ်...အဲ လိမ္မာတာပဲ"
ပြောရင်းဆိုရင် အငွေ့တထောင်းထောင်းထနေတဲ့ ထမင်းကြော်က မျက်စိရှေ့ရောက်လာတယ်။
"ဝါးး အရသာရှိမယ့်ပုံပဲ
ဘတ်ဟျွန်းနီး ကျေးဇူးပါပဲ"
"ကောင်းကောင်းစား"
ခေါင်းကဆံပင်ကိုဆွဲဖွပေးလိုက်တော့ ချန်းယောလ်က ရယ်ပြနေတယ်။ မျက်မှန်အဝိုင်းလေးနဲ့ ရယ်နေတာကဘတ်ဟျွန်းကို အသက်ရှူရပ်အောင်လုပ်နေသလိုပဲ။
ချစ်စရာလေး.
လွန်ခဲ့တဲ့ ငါးနှစ်။
အတန်းထဲကို ဝင်လာတဲ့ မှန်ကြောင်ကောင်လေး။ အခုချိန် သူ့ရှေ့မှာရှိနေတဲ့ ကောင်လေးဟာ နှစ်တွေကြာသွားတာတောင်မပြောင်းလဲရတာလဲ။ အရင်လို ဘတ်ဟျွန်းအသည်း
နှလုံးကိုခြွေယူတုန်းပဲ။
လူတစ်ယောက်ကို သဘောကျဖို့က အကြောင်းပြချက်မလိုဘူး။ အချိန်အပိုင်းအခြားနဲ့မဆိုင်ဘူး။ ဒီတိုင်းလေးသဘောကျနေဖို့ပဲလိုတာပါ။
ချန်းယောလ် မသိအောင် အိမ်ရှေ့ခန်းက စားပွဲပေါ်မှာ ဝယ်လာတဲ့ အနီရောင်နှင်းဆီပန်း သုံးပွင့်ပါတဲ့ ပန်းအိုးကိုသွားတင်ထားလိုက်တယ်။
~🌷~
အနီရောင်ပန်းတွေဟာ
love at first sight ဖြစ်ပါသတဲ့~ မြင်မြင်ချင်းချစ်မိသွားတဲ့အဓိပ္ပာယ်~ နောက်ဆုံးအချိန်ထိချစ်မယ်တဲ့။
~🌷~
Rainfall 10// My Cutest Little Boy