The little bond of the silver...

By Ruanhuali

143K 4.2K 69

{Zawgyi+Uni} Start-[ 16/Oct/2021 ] End .-[ 1/April/2022] "ငွေနှင်းမြူ၏နှောင်ကြိုးငယ်" (A little bond of the s... More

Part1
Part:2
Part:3
Part:4
Part:5
Part:6
Part:7
Part:8
Part:9
Part:10
Part:11
Part:12
Part:13
Part:14
Part:15
Part:16
Part:17
Part:18
Part:19
Part:20
Part:21
Part:22
Part:23
Part:24
Part:25
Part:26
Part:27
Part:28
Part:29
Part:30
Part:31
Part:32
Part:33
Part:34
Part:35
Part:36
Part:37
Part:38
Part:39
Part:40
Part:41
Part:42
Part:43
Part:44
Part-45
Part:46
Part:47
Part:49
Part:50
လက်ထပ်အလှူမဂင်္ လာပွဲဖိတ်စာဖိတ်ကြားခြင်း
Part : 51
Part : 52
Part : 53
Part : 54(Final)
Extra - 1
Extra - 2
Bibliobay အသုံးပြုနည်း

Part:48

1.7K 43 5
By Ruanhuali


Ep:48

နံနက်၇နာရီ၃၀မိနစ် အခန်းထဲသို့ ေန၏အလင်းရောင်က ဖြာကျလျက်ရှိသော်လည်း အိပ်ပျော်နေကြသော သူတို့နှစ်ယောက္မှာခုထိမနိုးကြသေးပေ။မနက်ဆေးသောက်ရန် လာပို့ပေးသည့်nurseက အခန်းတံခါးအား ခေါက်လိုက္မှသာ မင်းခတ္တာနိုးလာလျက် အခန်းတံခါးဖွင့်ပေးလိုက်လေသည်။ကုတင်ပေါ်တွင်အိပ်ပျော်နေသော မြူနှိုင်းဆက္မှာမူ  လှပသောအိမ်မက္များမက္နေခြင်းကြောင့်လား အိပ်ဆေးရှိန်ကြောင့်လား မသဲကွဲပဲ အိပ်မောကျနေခဲ့သည်။.

"ဒီမနက်သောက်ဖို့ဆေး လာပို့"သူနာပြုအမျိုးသမီးတစ်ယောက် ပြောလက်စစကားအား ရပ်လိုက်ကာ ကုတင်ပေါ်မှာရှိသောမြူနှိုင်းဆက်နှင့်တံခါးလာဖွင့်ပေးသော မင်းခတ္တာတို့အား ကြည့်ကာ နားမလည်သလိုပင်ဖြစ်သွားရသည်။

"လူနာက ရှင်မလား"

သူနာပြု၏မေးလိုက်သော စကားက အနည်းငယ်ကျယ်သွား၍လားမပြောတတ် အိပ်ပျော်နေသော မြူနှိုင်းဆက်ခန္ဓာကိုယ် လှုပ်ရှားလာခဲ့လေသည်။မင်းခတ္တာတစ်ယောက် သူနာပြုအမျိုးသမီးအားတိတ်တိတ်လေးနေပေးဟူသောအမူအယာအားလုပ်ပြလိုက်ကာ မနက်သောက်ရန်ဆေးများ ယူလိုက်၍ အခန်းတံခါးပြန်ပိတ်လိုက်လေတော့သည်။

အခန်းတံခါးပိတ်လိုက်ခြင်းနှင့်အတူ အပေါက်ဝ၌တွေဝေစွာရပ်နေသော ထိုအမျိုးသမီးသည်လည်း အခြေအနေအား သဘောက်ပေါက်သွားသဖြင့် ပြုံး၍သာ ထွက်သွားတော့သည်။Privateဆေးရုံမို့ ပြုံး၍ထွက်သွားခြင်းဖြစ်သော်လည်း ပြည့်သူ့ဆေးရုံကြီးဖြစ်ပါကကျယ်​ေလာင်စွာ အအော်ခံရနိုင်သည်။

သူနာပြုအမျိုးသမီးအသံကြောင့် မြူနှိုင်းဆက်ယောက်ယမ်းကာ ကုတင်ပေါ်၌အိပ်ချင်မူးတူးဖြင့်ထထိုင်နေမိလေသည်။မျက်နှာကမူ အိပ်ချင်မူးတူးပုံစံဖြင့်ပင်။မင်းခတ္တာတစ်ယောက် သူ့အားကြည့်ကာ ကြိတ်ရယ်လိုက်ပြီးနောက် ပြန်ချော့သိပ်လိုက်လေသည်။သကောင့်သားသည်လည်း နှစ်ခါချော့သိပ်စရာမလိုပဲ တန်းအိပ်ပျော်သွားတော့သည်။

နာရီဝက်ခန့်ကြာပြီးနောက် အခန်းတံခါးအားအဆက္မပြတ်ထုသံကြားလိုက်ရသဖြင့် ​မင်းခတ္တာနှင့်မြူနှိုင်းဆက်တို့အတူတူ နိုးလာခဲ့ကြကာ မင်းခတ္တာက တံခါးသွားဖွင့်ပေးသော်လည်း မြူနှိုင်းကမူ ကုတင်ပေါ်မှ မဆင်းပဲ ခေါင်းကုတ်ကာ သမ်းဝေနေလေသည်။တံခါးဖွင့်လိုက်ခြင်းနှင့်အတူ ဦးစွာတွေ့ရသူက လင်းရောင်ခြည်တို့ပင်ဖြစ်သည်။လက်ထဲတွင်လည်း မနက်စာစားရန် ဝယ်လာသောမုန့်များက မသိသည့်သူများတွေ့လိုက်ပါက ဆေးရုံသို့ပျော်ပွဲစားထွက်လာကြသလိုပင်။လင်းရောင်ခြည်တို့အုပ်စုအခန်းထဲသို့ဝင်ဝင်ချင်းမှာပင် ကုတင်ပေါ် ထိုင်ငိုက်နေသောမြူနှိုင်းဆက္အားတွေ့လိုက်ရသဖြင့် ကြောင်သွားကြလေသည်။

"ေမာင်လေးမြူက ဘယ်လိုလုပ်ကုတင်ပေါ်ရောက်နေတာလဲ".

လင်းရောင်ခြည်၏အမေးစကားကြောင့် မြူနှိုင်းဆက် ငိုက်နေသည်ပင်ပျောက်သွားကာ မျက်လုံးလေးပေကလပ်ပေကလပ်ဖြင့် ကုတင်ပေါ်ဘယ်လိုရောက်သွားလဲဟူသည့်အမေးကို စဥ်းစားနေတော့သည်။

"ဟုတ်သားပဲ ငါက ကုတင်ပေါ်ဘယ်လိုရောက်နေရတာလဲ"ဟုရေရွတ်လျက် မင်းခတ္တာအား တစ်ချက္မော့ကြည့်လိုက်လေသည်။

မင်းခတ္တာသည်လည်း သူ့အားမော့ကြည့်လာသောထိုလူသားလေးအနားသို့ကပ်သွားကာ ပါးပြင်အား နမ်းလိုက်လေသည်။မြူနှိုင်းဆက်တစ်ယောက် လူအများရှေ့တွင် အနမ်းခံရခဲ့သည်ကတစ်ကြောင်း ကုတင်ပေါ်ရောက်နေသောသူ့အား ပြုံးစိစိဖြင့်ကြည့်နေသောလူများရှိသည်ကတစ်ကြောင်း ပါးများနီရဲလာကာ ရှက်သွားရလေသည်။

"ကြည့် မတွေ့တာကြာလို့လားမသိဘူး။မောင်က ချစ်ဖို့ကောင်းလာသလို ရှက်လည်းရှက်တတ်လာတယ်။".

"ဟာ ​ပြောတတ်ပုံက မောင်ကပဲအရင်ကမရှက်တတ်ခဲ့သလိုလိုနဲ့ ဟင့်"

ပါးရဲရဲလေးဖြင့် နှုတ်ခမ်းစူကာ စိတ်ကောက်နေသည့်ကောင်လေးကြောင့် တခန်းလုံးရယ်ကြလေတော့သည်။နှစ်တွေအကြာကြီးနေမှ မြူနှိုင်းဆက်၏ယခုလိုပုံစံကို ပြန်မြင်တွေ့လိုက်ရခြင်းမဟုတ်ပါလား။

"ခတ္တာ နင်နော် ငါ့မောင်လေးကို မစပါနဲ့။သူ့ခမျာ နင်ကိုမာဝင်နေတဲ့အချိန်တုန်းကဆို နင့်အတွက်ရင်မောရတာအမော။စာတွေကြိုးစားရတာအမော။"

"စာဆိုမှ ဟုတ်သား။မောင်ခုချိန်ဆိုဘွဲ့ရပြီပေါ့။"

"ရပြီးပြီဟဲ့ မြန်မာနိုင်ငံကဘွဲ့မဟုတ်ဘူးနော်။ဂျပန်မှာဘွဲ့ရထားတဲ့သူကြီး။"

"မမခြည်ကလည်း မြှောက္နေပြန်ပါပြီ။ဒါနဲ့ ကိုကိုကကော ကျောင်းပြန်တက်ချင်လား"

"တော်ပါပြီ။ကိုယ့်အသက်လည်းကြီးပြီလေ။ပိုဆိုးတာက အငယ်တွေကြကိုယ်ကရေပန်းစားနေရင် ဘယ်လိုလုပ်မလဲ။ကိုယ့်ကြိုက်တဲ့သူတွေဝိုင်းဝိုင်းလည်နေပြီး မောင့်ကိုမေ့သွားရင်ဘယ်လိုလုပ်မတုန်း"

"ဒါဆိုလည်း ခေါင်းကိုသံတုတ်နဲ့ရိုက်ပြီး ကိုမာပြန်ဝင်ခိုင်းမယ်လေ ဘယ်လိုလဲ"

မျက်စောင်းလေးထိုးကာ ပြောလာသောမြူနှိုင်းဆက်ကြောင့် လင်းရောင်ခြည် ထပ်ရယ်မိလိုက်ပြန်သည်။​မြူနှိုင်းဆက် တကယ်လုပ်မည်ဟုမထင်ခြင်းကြောင့်ပင်ဖြစ်သည်မဟုတ်ပါလား။

"ကဲ အစားရင်စားကြအုံး။ပြီးရင်ခတ္တာက ဆေးသောက်အုံး။ငါဆရာဝန်ကြီးကိုဝင်မေးလာတာ ​ေခါင်းမူးတာဘာညာမရှိရင် ဆေးရုံဆင်းလို့ရပြီတဲ့"

"အေး မိခြည်"

"ဟယ် မောင်လေးမြူရေ မမလည်း အတိတ်မေ့နေတဲ့ခတ္တာကိုပဲ ပြန်လိုချင်တယ်။ဒီခတ္တာက တကယ်ကိုအရိုင်းအစိုင်းလေး"

"နင်နော် ငါသတိမေ့နေတုန်းဟာတွေလည်း အကုန်မှတ်မိသားပဲ။ဒါပေမယ့် သတိပြန်ရချိန်ခေါ်ရတာ အစိမ်းသက်သက်ဖြစ်နေလို့မခေါ်တာ"

"အေးပါ စားစရာရှိတာစားကြ။ပြီးရင် အိမ်ပြန်ကြမယ်။အိမ်ရောက်ရင် နင်မသိခဲ့တဲ့အချိန်အတွင်းဖြစ်ပျက်သွားတာတွေပြောပြမယ်။"

"အင်း"

အခန်းလေးအတွင်း၌နံနက်စာစားကြသော လူတစ်စုဆီမှ ရယ်မောနေသံတို့ကို ထိုအခန်းလေးရှေ့မှ ဖြတ်သွားသူတိုင်း ကြားခဲ့သည်။အဆိုးဆုံးတွေကြုံတွေ့လာပြီးမှ လွတ်လပ်စွာရယ်မောနိုင်ကြသည်မဟုတ်လား။အကုန်လုံးပြီးသည်နှင့် ဆရာဝန်ကြီးအား နှုတ်ဆက်ကာ ထိုဆေးရုံမှ အိမ်သို့ ထွက်ခွာသွားကြလေတော့သည်။မင်းခတ္တာနှင့်မြူနှိုင်းဆက်တို့လိုက်ပါလာသောကားလေးသည်။လေပြည်အေးတို့ကတိုးဝေ့လျက် အိမ်ပြန်လမ်းမထက် သီချင်းသံ၊ရယ်မောသံတို့ဖြင့်ပြည့်နှက်ကာမောင်း​နှင်နေတော့သည်။

ဆေးရုံမှအိမ်သို့ထွက်လာသောအချိန်သည် နံနက်၉နာရီဖြစ်သော်လည်း အိမ်သို့ပြန်ရောက်ချိန်သည် နေ့လည်၁၂နာရီပင်ထိုးနေပြီဖြစ်သည်။လင်းရောင်ခြည်တို့ချက်ပေးထားခဲ့သော ထမင်းနှင့်ဟင်းများအား စားသောက်ကာ မြူနှိုင်းဆက်တို့နှစ်ဦး ဧည့်ခန်းတွင်နားနေကြတော့သည်။လင်းရောင်ခြည်တို့ကမူ နေ့လည်ဆိုင်ဖွင့်လျှင်မှီနိုင်လောက်သည်ဟုပြောပြီး ပြန်သွားကြလေသည်။

"မောင် ကိုယ်ကိုမာဝင်နေတဲ့အချိန်အတွင်း မောင့်အနားမရှိပေးနိုင်တာ တောင်းပန်ပါတယ်နော်။"

"မဟုတ်တာကိုရ။မောင်သာ တောင်းပန်ရမယ့်သူပါ ကို့ကိုသေချာမကာကွယ်ပေးနိုင်ခဲ့လို့။"

"အင်းပါ ပြီးခဲ့တာတွေလည်းပြီးပါစေတော့။"

"ဒါနဲ့ကို ကြီးမေဆုံးသွားတာကိုတော့မှတ်မိတယ်မလား"

"အင်း မှတ်မိတယ်မောင်။ကိုယ်ကိုမာအဖြစ်ကနေ ပြန်သတိရလာပြီးနောက် တစ်ဖြည်းဖြည်းပြန်မှတ်မိခဲ့တာ။"

"ဟုတ် ကိုမသိခဲ့ရတာတွေရှိသေးတယ်"

"ဘာတွေလဲမောင်။"

"မေဂျူးသစ္စာအကြောင်းပါ။သူကလေ ကို့ကို သိပ်ချစ်ခဲ့တယ်သိလား"

"တော်ပါပြီမောင်ရာ တော်ကြာမောင်စိတ်ညစ်နေရပါအုံးမယ်".

"ဟော ပြောတာနားထောင်လေဗျာ။"

"ဟုတ်"

"ခုလိုအဖြစ်အပျက်တွေမှာ အများဆုံးထိခိုက်သွားတဲ့သူက မေဂျူးသစ္စာပဲကိုရ။စိတ်ကျန်းမာရေးအထူးကုနဲ့အချိန်ကြာအောင်ကုလိုက်ရပြီးနောက္မှ ​ပုံမှန်ပြန်ဖြစ်သွားတာ။ခုတော့သူ့ဘဝလည်းအေးချမ်းနေပါပြီ။"

"ဟုတ်လား"

"အင်း သားတသ်ယောက်သမီးတစ်ယောက်တောင်ရနေပြီတဲ့။သူ့အမျိုးသားက သူ့ကိုအရမ်းချစ်တယ်တဲ့လေ။"

"ဟုတ်လား မောင်နဲ့သူတွေ့သေးတာပေါ့။"

"မတွေ့သေးပါဘူး။မမခြည်ပြောပြလို့ မောင်လည်းသိရတာ။မောင်က ဂျပန်မှာပဲနေဖြစ်တာများတယ်။ဂျပန်ဆိုလို့ တီလေးကို ကိုသတိရလာပြီဆိုတာပြောဖို့မေ့နေတာပဲ။"

"ပြောလိုက်အုံးလေ မောင်ရ။"

"အင်း မောင်message ​ပို့လိုက္မယ်။တီလေးဒီကိုရောက်လာရင် မောင်တို့မဂင်္ လာဆောင်ကြမယ်လေ"

"ဟုတ်၊ဒါနဲ့ဖြိုးမာန်ခကကော"

"ကိုကြီးမာန်ခလား သူနဲ့အဆက်အသွယ်ဘယ်သူမှမရဘူး။မမခြည်ပြောတာကတော့ သူလည်းနိုင်ငံခြားထွက်သွားတယ်တဲ့လေ"

"ဪ ဟုတ်။မောင် ကိုယ်တို့ မေမေ့အုတ်ဂူဆီသွားကြရအောင်လေ။သွားတဲ့အခါ မေမေကောညီကော ကြိုက်တဲ့ ကျူးလစ်ပန်းလေးဝယ်သွားကြရအောင်။"

"ဟုတ် ကို!ဒီနေ့တော့ ကိုနားနားနေနေ နေအုံးလေ။မောင်တို့မနက်သွားကြတာပေါ့။"

"ဟုတ် ဒါဆို ကိုယ်ရေမိုးချိုးပြီး နားလိုက္မယ်နော်။ညနေစျေးသွားရင်တော့ ကိုယ်လိုက်ခဲ့မယ်နော် အပြင်မထွက်ရတာကြာပြီလေ။"

"ဟုတ်ကဲ့ပါဗျ။"

မင်းခတ္တာပြောပြီးသည်နှင့်အတူ အပေါ်ထပ်အခန်းသို့တက်သွားကာ ရေမိုးချိုးပြီးနောက် အနားယူနေတော့သည်။အောက်ထပ်တွင်ကျန်ခဲ့သောမြူနှိုင်းဆက်ကမူ ရေမလောင်းတာကြာပြီဖြစ်သော ပန်းပင်တို့အား ခြုံနွယ်ရှင်းလျက် ရေလောင်းပေးနေခဲ့သည်။ထို့နောက်ဧည့်ခန်းသို့ဝင်ကာ ယခင်က သူကြည့်ခဲ့သော ကာတွန်းကားများအားထိုင်ကြည့်နေခဲ့သည်။ငယ်စဥ်ကကြည့်ခဲ့သော ကြောင်နှင့်ကြွက် ဇာတ်လမ်းလေးသည်  အသက်ကြီးလာသဖြင့်ရိုးသွားမည်ထင်ခဲ့သော်လည်း ဘယ်ချိန်ကြည့်ကြည့် ရိုးအီမသွားခဲ့ပေ။

ဇာတ်ကားတိုင်းသည် ပေးချင်သော messageများဖြင့်ဖွဲ့စည်းထားသော်လည်း ငယ်စဥ်ကမူ သာမန်မျှသာကြည့်ခဲ့ပြီး ယခုတွင်မူ အပိုင်းတိုင်း၏ပေးသောmessageကို နားလည်နေပြီဖြစ်သည်။ဇာတ်ကားအပြီးတွင် မြူနှိုင်းဆက်ခန္ဓာကိုယ်တစ်ခုလုံးညောင်းလာသဖြင့် ဧည့်ခန်းအတွင်းမှာပင် လမ်းပတ်လျှောက်နေလိုက်ကာ ရေအေးတစ်ခွက်သောက်ပြီးနောက် ရေချိုးခန်းရှိရာသို့ထွက်သွားလေတော့သည်။

၂၅မိနစ်ခန့်ရေချိုးပြီးနောက် မြူနှိုင်းဆက် ထွက်လာကာ အပေါ်ထပ်ရှိ မိမိအခန်းသို့ တက်သွားခဲ့သည်။အခန်းထဲတွင်ရေချိုးခန်းပါသော်လည်း ပြီးစလွယ် မီးဖိုချောင်အခန်းဘေးရှိရေချိုးခန်းမှာ ချိုးလိုက်ခြင်းပင်ဖြစ်ပေသည်။ရေများပြောင်အောင်သုတ်လျက် ခပ်ပါးပါး အကျင်္ ီတစ်ထည်နှင့်ဘောင်းဘီတိုကိုသာ ဝတ်ကာ အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။ရေစိုနေသော ဆံနွယ်များအား လက်ဖြင့်ခါရမ်းလျက် အောက်ထပ်သို့ဆင်းလာသော မြူနှိုင်းဆက်အား လေပေးစက်ကိုင်ကာ ​မင်းခတ္တာတစ်ယောက် ထိုင်စောင်နေခဲ့သည်။

"ကိုကိုတောင် နိုးနေပြီလား။"

"အင်း ကိုယ့်နားထဲရေချိုးသံကြားတာနဲ့ မောင်ရေချိုးနေတာသိလိုက်လို့ နိုးလာတာ။"

"ဟုတ်"

"ကဲ လာဒီမှာလာထိုင်ပါအုံး ကိုယ့်အသည်းလေးရဲ့။ခေါင်းကရေကို ဘယ်တော့မှပြောင်အောင်မသုတ်ဘူး။"

"hee ကိုကိုသုတ်ပေးမယ်ဆိုတာ မောင်ကသိပြီးသားပဲလေ။"

"ဖြစ်ရမယ် ဒီချိန်ကိုယ့်မေမေသာရှိသေးရင် ကိုယ်တို့နှစ်ယောက်ကို မနိုင်ဘူးဆို​ပြီးလက်ခါပြမှာသိလား။"

"အင်း ခုလိုဖြစ်သွားတော့လည်း ဘာတတ်နိုင်မှာလဲလေ။မေမေနဲ့ကြီးမေတို့ ကောင်းရာမွန်ရာရောက်ပါစေပဲ ဆုတောင်းရမှာပေါ့။"

"မေမေ ဟုတ်လား ဧကန္တ ဟိုအန်တီ"

"အင်း မေမေလည်းဆုံးသွားပြီ။မောင်က မေမေ့အပေါ် အမှားတွေ ထင်နေခဲ့မိတယ်။"

"စိတ်မကောင်းမဖြစ်ပါနဲ့။မောင်လည်း သိခဲ့ရတာမှမဟုတ်တာလေ။ကဲရေပြောင်ပြီ ကိုယ်တို့စျေးသွားကြမယ်လေ။မနက်ဖြန်အတွက် ဘုရားပန်းနဲ့မေမေတို့အတွက် ပန်းပါဝယ်ကြမယ်။"

"ဟုတ် ကျူးလစ်ပန်းဝယ်ကြမယ်လေ။မေမေလည်း ကျူးလစ်ပန်းကိုသဘောကျမယ်ထင်ပါရဲ့"

"သဘောကျမှာပါ"

"ဟုတ်"

မြူနှိုင်းဆက်နှင့်မင်းခတ္တာတို့ စျေးခြင်းတောင်းအား ကိုင်လျက် ဟင်းစားနှင့်ပန်းဝယ်ရန် စျေးသို့ ထွက်သွားကြတော့သည်။

.............................................................................................

Ep:48

နံနက္၇နာရီ၃၀မိနစ္ အခန္းထဲသို႔ ေန၏အလင်းရောင်က ျဖာက်လ်က္ရွိေသာ္လည္း အိပ္ေပ်ာ္ေနၾကေသာ သူတို့နှစ်ယောက္မှာခုထိမနိုးကြသေးပေ။မနက်ဆေးသောက်ရန် လာပို႔ေပးသည့္nurseက အခန္းတံခါးအား ခေါက်လိုက္မှသာ မင္းခတၱာနိုးလာလ်က္ အခန္းတံခါးဖြင့္ေပးလိုက္ေလသည္။ကုတင္ေပၚတြင္အိပ္ေပ်ာ္ေနေသာ မြူနှိုင်းဆက္မှာမူ လှပသောအိမ်မက္များမက္နေခြင်းကြောင့်လား အိပ္ေဆးရွိန္ေၾကာင့္လား မသဲကြဲပဲ အိပ္ေမာက်ေနခဲ့သည္။.

"ဒီမနက္ေသာက္ဖို႔ေဆး လာပို႔"သူနာျပဳအမ်ိဳးသမီးတစ္ေယာက္ ေျပာလက္စစကားအား ရပ္လိုက္ကာ ကုတင္ေပၚမွာရွိေသာျမဴႏွိုင္းဆက္ႏွင့္တံခါးလာဖြင့္ေပးေသာ မင္းခတၱာတို႔အား ၾကည့္ကာ နားမလည္သလိုပင္ျဖစ္သြားရသည္။

"လူနာက ရွင္မလား"

သူနာျပဳ၏ေမးလိုက္ေသာ စကားက အနည္းငယ္က်ယ္သြား၍လားမေျပာတတ္ အိပ္ေပ်ာ္ေနေသာ ျမဴႏွိုင္းဆက္ခႏၶာကိုယ္ လႈပ္ရွားလာခဲ့ေလသည္။မင္းခတၱာတစ္ေယာက္ သူနာျပဳအမ်ိဳးသမီးအားတိတ္တိတ္ေလးေနေပးဟူေသာအမူအယာအားလုပ္ျပလိုက္ကာ မနက္ေသာက္ရန္ေဆးမ်ား ယူလိုက္၍ အခန္းတံခါးျပန္ပိတ္လိုက္ေလေတာ့သည္။

အခန္းတံခါးပိတ္လိုက္ျခင္းႏွင့္အတူ အေပါက္ဝ၌ေတြေဝစြာရပ္ေနေသာ ထိုအမ်ိဳးသမီးသည္လည္း အေျခအေနအား သေဘာက္ေပါက္သြားသျဖင့္ ၿပဳံး၍သာ ထြက္သြားေတာ့သည္။Privateေဆး႐ုံမို႔ ၿပဳံး၍ထြက္သြားျခင္းျဖစ္ေသာ္လည္း ျပည့္သူ႕ေဆး႐ုံႀကီးျဖစ္ပါကက်ယ္ေလာင်စွာ အေအာ္ခံရနိုင္သည္။

သူနာျပဳအမ်ိဳးသမီးအသံေၾကာင့္ ျမဴႏွိုင္းဆက္ေယာက္ယမ္းကာ ကုတင္ေပၚ၌အိပ္ခ်င္မူးတူးျဖင့္ထထိုင္ေနမိေလသည္။မ်က္ႏွာကမူ အိပ္ခ်င္မူးတူးပုံစံျဖင့္ပင္။မင္းခတၱာတစ္ေယာက္ သူ႕အားၾကည့္ကာ ႀကိတ္ရယ္လိုက္ၿပီးေနာက္ ျပန္ေခ်ာ့သိပ္လိုက္ေလသည္။သေကာင့္သားသည္လည္း ႏွစ္ခါေခ်ာ့သိပ္စရာမလိုပဲ တန္းအိပ္ေပ်ာ္သြားေတာ့သည္။

နာရီဝက္ခန့္ၾကာၿပီးေနာက္ အခန်းတံခါးအားအဆက္မပြတ်ထုသံကြားလိုက်ရသဖြင့် မင္းခတၱာႏွင့္ျမဴႏွိုင္းဆက္တို႔အတူတူ နိုးလာခဲ့ၾကကာ မင္းခတၱာက တံခါးသြားဖြင့္ေပးေသာ္လည္း ျမဴႏွိုင္းကမူ ကုတင္ေပၚမွ မဆင္းပဲ ေခါင္းကုတ္ကာ သမ္းေဝေနေလသည္။တံခါးဖြင့္လိုက္ျခင္းႏွင့္အတူ ဦးစြာေတြ႕ရသူက လင္းေရာင္ျခည္တို႔ပင္ျဖစ္သည္။လက္ထဲတြင္လည္း မနက္စာစားရန္ ဝယ္လာေသာမုန့္မ်ားက မသိသည့္သူမ်ားေတြ႕လိုက္ပါက ေဆး႐ုံသို႔ေပ်ာ္ပြဲစားထြက္လာၾကသလိုပင္။လင္းေရာင္ျခည္တို႔အုပ္စုအခန္းထဲသို႔ဝင္ဝင္ခ်င္းမွာပင္ ကုတင္ေပၚ ထိုင်ငိုက်နေသောမြူနှိုင်းဆက္အားတွေ့လိုက်ရသဖြင့် ေၾကာင္သြားၾကေလသည္။

"ေမာင်လေးမြူက ဘယ္လိုလုပ္ကုတင္ေပၚေရာက္ေနတာလဲ".

လင္းေရာင္ျခည္၏အေမးစကားေၾကာင့္ ျမဴႏွိုင္းဆက္ ငိုက္ေနသည္ပင္ေပ်ာက္သြားကာ မ်က္လုံးေလးေပကလပ္ေပကလပ္ျဖင့္ ကုတင္ေပၚဘယ္လိုေရာက္သြားလဲဟူသည့္အေမးကို စဥ္းစားေနေတာ့သည္။

"ဟုတ္သားပဲ ငါက ကုတင္ေပၚဘယ္လိုေရာက္ေနရတာလဲ"ဟုေရ႐ြတ္လ်က္ မင္းခတၱာအား တစ်ချက္မော့ကြည့်လိုက်လေသည်။

မင္းခတၱာသည္လည္း သူ႕အားေမာ့ၾကည့္လာေသာထိုလူသားေလးအနားသို႔ကပ္သြားကာ ပါးျပင္အား နမ္းလိုက္ေလသည္။ျမဴႏွိုင္းဆက္တစ္ေယာက္ လူအမ်ားေရွ႕တြင္ အနမ္းခံရခဲ့သည္ကတစ္ေၾကာင္း ကုတင္ေပၚေရာက္ေနေသာသူ႕အား ၿပဳံးစိစိျဖင့္ၾကည့္ေနေသာလူမ်ားရွိသည္ကတစ္ေၾကာင္း ပါးမ်ားနီရဲလာကာ ရွက္သြားရေလသည္။

"ၾကည့္ မေတြ႕တာၾကာလို႔လားမသိဘူး။ေမာင္က ခ်စ္ဖို႔ေကာင္းလာသလို ရွက္လည္းရွက္တတ္လာတယ္။".

"ဟာ ေျပာတတ္ပုံက ေမာင္ကပဲအရင္ကမရွက္တတ္ခဲ့သလိုလိုနဲ႕ ဟင့္"

ပါးရဲရဲေလးျဖင့္ ႏႈတ္ခမ္းစူကာ စိတ္ေကာက္ေနသည့္ေကာင္ေလးေၾကာင့္ တခန္းလုံးရယ္ၾကေလေတာ့သည္။ႏွစ္ေတြအၾကာႀကီးေနမွ ျမဴႏွိုင္းဆက္၏ယခုလိုပုံစံကို ျပန္ျမင္ေတြ႕လိုက္ရျခင္းမဟုတ္ပါလား။

"ခတၱာ နင္ေနာ္ ငါ့ေမာင္ေလးကို မစပါနဲ႕။သူ႕ခမ်ာ နင္ကိုမာဝင္ေနတဲ့အခ်ိန္တုန္းကဆို နင့္အတြက္ရင္ေမာရတာအေမာ။စာေတြႀကိဳးစားရတာအေမာ။"

"စာဆိုမွ ဟုတ္သား။ေမာင္ခုခ်ိန္ဆိုဘြဲ႕ရၿပီေပါ့။"

"ရၿပီးၿပီဟဲ့ ျမန္မာနိုင္ငံကဘြဲ႕မဟုတ္ဘူးေနာ္။ဂ်ပန္မွာဘြဲ႕ရထားတဲ့သူႀကီး။"

"မမျခည္ကလည္း ျမႇောေကၷျပန္ပါၿပီ။ဒါနဲ႕ ကိုကိုကေကာ ေက်ာင္းျပန္တက္ခ်င္လား"

"ေတာ္ပါၿပီ။ကိုယ့္အသက္လည္းႀကီးၿပီေလ။ပိုဆိုးတာက အငယ္ေတြၾကကိုယ္ကေရပန္းစားေနရင္ ဘယ္လိုလုပ္မလဲ။ကိုယ့္ႀကိဳက္တဲ့သူေတြဝိုင္းဝိုင္းလည္ေနၿပီး ေမာင့္ကိုေမ့သြားရင္ဘယ္လိုလုပ္မတုန္း"

"ဒါဆိုလည္း ေခါင္းကိုသံတုတ္နဲ႕ရိုက္ၿပီး ကိုမာျပန္ဝင္ခိုင္းမယ္ေလ ဘယ္လိုလဲ"

မ်က္ေစာင္းေလးထိုးကာ ေျပာလာေသာျမဴႏွိုင္းဆက္ေၾကာင့္ လင္းေရာင္ျခည္ ထပ္ရယ္မိလိုက္ျပန္သည္။ျမဴႏွိုင္းဆက္ တကယ္လုပ္မည္ဟုမထင္ျခင္းေၾကာင့္ပင္ျဖစ္သည္မဟုတ္ပါလား။

"ကဲ အစားရင္စားၾကအုံး။ၿပီးရင္ခတၱာက ေဆးေသာက္အုံး။ငါဆရာဝန္ႀကီးကိုဝင္ေမးလာတာ ေခါင်းမူးတာဘာညာမရှိရင် ေဆး႐ုံဆင္းလို႔ရၿပီတဲ့"

"ေအး မိျခည္"

"ဟယ္ ေမာင္ေလးျမဴေရ မမလည္း အတိတ္ေမ့ေနတဲ့ခတၱာကိုပဲ ျပန္လိုခ်င္တယ္။ဒီခတၱာက တကယ္ကိုအရိုင္းအစိုင္းေလး"

"နင္ေနာ္ ငါသတိေမ့ေနတုန္းဟာေတြလည္း အကုန္မွတ္မိသားပဲ။ဒါေပမယ့္ သတိျပန္ရခ်ိန္ေခၚရတာ အစိမ္းသက္သက္ျဖစ္ေနလို႔မေခၚတာ"

"ေအးပါ စားစရာရွိတာစားၾက။ၿပီးရင္ အိမ္ျပန္ၾကမယ္။အိမ္ေရာက္ရင္ နင္မသိခဲ့တဲ့အခ်ိန္အတြင္းျဖစ္ပ်က္သြားတာေတြေျပာျပမယ္။"

"အင္း"

အခန္းေလးအတြင္း၌နံနက္စာစားၾကေသာ လူတစ္စုဆီမွ ရယ္ေမာေနသံတို႔ကို ထိုအခန္းေလးေရွ႕မွ ျဖတ္သြားသူတိုင္း ၾကားခဲ့သည္။အဆိုးဆုံးေတြႀကဳံေတြ႕လာၿပီးမွ လြတ္လပ္စြာရယ္ေမာနိုင္ၾကသည္မဟုတ္လား။အကုန္လုံးၿပီးသည္ႏွင့္ ဆရာဝန္ႀကီးအား ႏႈတ္ဆက္ကာ ထိုေဆး႐ုံမွ အိမ္သို႔ ထြက္ခြာသြားၾကေလေတာ့သည္။မင္းခတၱာႏွင့္ျမဴႏွိုင္းဆက္တို႔လိုက္ပါလာေသာကားေလးသည္။ေလျပည္ေအးတို႔ကတိုးေဝ့လ်က္ အိမ္ျပန္လမ္းမထက္ သီခ်င္းသံ၊ရယ္ေမာသံတို႔ျဖင့္ျပည့္ႏွက္ကာေမာင္းႏွင္ေနေတာ့သည္။

ေဆး႐ုံမွအိမ္သို႔ထြက္လာေသာအခ်ိန္သည္ နံနက္၉နာရီျဖစ္ေသာ္လည္း အိမ္သို႔ျပန္ေရာက္ခ်ိန္သည္ ေန႕လည္၁၂နာရီပင္ထိုးေနၿပီျဖစ္သည္။လင္းေရာင္ျခည္တို႔ခ်က္ေပးထားခဲ့ေသာ ထမင္းႏွင့္ဟင္းမ်ားအား စားေသာက္ကာ ျမဴႏွိုင္းဆက္တို႔ႏွစ္ဦး ဧည့္ခန္းတြင္နားေနၾကေတာ့သည္။လင္းေရာင္ျခည္တို႔ကမူ ေန႕လည္ဆိုင္ဖြင့္လွ်င္မွီနိုင္ေလာက္သည္ဟုေျပာၿပီး ျပန္သြားၾကေလသည္။

"ေမာင္ ကိုယ္ကိုမာဝင္ေနတဲ့အခ်ိန္အတြင္း ေမာင့္အနားမရွိေပးနိုင္တာ ေတာင္းပန္ပါတယ္ေနာ္။"

"မဟုတ္တာကိုရ။ေမာင္သာ ေတာင္းပန္ရမယ့္သူပါ ကို႔ကိုေသခ်ာမကာကြယ္ေပးနိုင္ခဲ့လို႔။"

"အင္းပါ ၿပီးခဲ့တာေတြလည္းၿပီးပါေစေတာ့။"

"ဒါနဲ႕ကို ႀကီးေမဆုံးသြားတာကိုေတာ့မွတ္မိတယ္မလား"

"အင္း မွတ္မိတယ္ေမာင္။ကိုယ္ကိုမာအျဖစ္ကေန ျပန္သတိရလာၿပီးေနာက္ တစ္ျဖည္းျဖည္းျပန္မွတ္မိခဲ့တာ။"

"ဟုတ္ ကိုမသိခဲ့ရတာေတြရွိေသးတယ္"

"ဘာေတြလဲေမာင္။"

"ေမဂ်ဴးသစၥာအေၾကာင္းပါ။သူကေလ ကို႔ကို သိပ္ခ်စ္ခဲ့တယ္သိလား"

"ေတာ္ပါၿပီေမာင္ရာ ေတာ္ၾကာေမာင္စိတ္ညစ္ေနရပါအုံးမယ္".

"ေဟာ ေျပာတာနားေထာင္ေလဗ်ာ။"

"ဟုတ္"

"ခုလိုအျဖစ္အပ်က္ေတြမွာ အမ်ားဆုံးထိခိုက္သြားတဲ့သူက မေဂျူးသစ္စာပဲကိုရ။စိတ်ကျန်းမာရေးအထူးကုနဲ့အချိန်ကြာအောင်ကုလိုက်ရပြီးနောက္မှ ပုံမွန္ျပန္ျဖစ္သြားတာ။ခုေတာ့သူ႕ဘဝလည္းေအးခ်မ္းေနပါၿပီ။"

"ဟုတ္လား"

"အင္း သားတသ္ေယာက္သမီးတစ္ေယာက္ေတာင္ရေနၿပီတဲ့။သူ႕အမ်ိဳးသားက သူ႕ကိုအရမ္းခ်စ္တယ္တဲ့ေလ။"

"ဟုတ္လား ေမာင္နဲ႕သူေတြ႕ေသးတာေပါ့။"

"မေတြ႕ေသးပါဘူး။မမျခည္ေျပာျပလို႔ ေမာင္လည္းသိရတာ။ေမာင္က ဂ်ပန္မွာပဲေနျဖစ္တာမ်ားတယ္။ဂ်ပန္ဆိုလို႔ တီေလးကို ကိုသတိရလာၿပီဆိုတာေျပာဖို႔ေမ့ေနတာပဲ။"

"ေျပာလိုက္အုံးေလ ေမာင္ရ။"

"အင္း ေမာင္message ပို့လိုက္မယ်။တီလေးဒီကိုရောက်လာရင် မောင်တို့မဂင်္ လာေဆာင္ၾကမယ္ေလ"

"ဟုတ္၊ဒါနဲ႕ၿဖိဳးမာန္ခကေကာ"

"ကိုႀကီးမာန္ခလား သူနဲ႕အဆက္အသြယ္ဘယ္သူမွမရဘူး။မမျခည္ေျပာတာကေတာ့ သူလည္းနိုင္ငံျခားထြက္သြားတယ္တဲ့ေလ"

"ဪ ဟုတ္။ေမာင္ ကိုယ္တို႔ ေမေမ့အုတ္ဂူဆီသြားၾကရေအာင္ေလ။သြားတဲ့အခါ ေမေမေကာညီေကာ ႀကိဳက္တဲ့ က်ဴးလစ္ပန္းေလးဝယ္သြားၾကရေအာင္။"

"ဟုတ္ ကို!ဒီေန႕ေတာ့ ကိုနားနားေနေန ေနအုံးေလ။ေမာင္တို႔မနက္သြားၾကတာေပါ့။"

"ဟုတ္ ဒါဆို ကိုယ္ေရမိုးခ်ိဳးၿပီး နားလိုက္မယ်နော်။ညနေစျေးသွားရင်တော့ ကိုယ္လိုက္ခဲ့မယ္ေနာ္ အျပင္မထြက္ရတာၾကာၿပီေလ။"

"ဟုတ္ကဲ့ပါဗ်။"

မင္းခတၱာေျပာၿပီးသည္ႏွင့္အတူ အေပၚထပ္အခန္းသို႔တက္သြားကာ ေရမိုးခ်ိဳးၿပီးေနာက္ အနားယူေနေတာ့သည္။ေအာက္ထပ္တြင္က်န္ခဲ့ေသာျမဴႏွိုင္းဆက္ကမူ ေရမေလာင္းတာၾကာၿပီျဖစ္ေသာ ပန္းပင္တို႔အား ၿခဳံႏြယ္ရွင္းလ်က္ ေရေလာင္းေပးေနခဲ့သည္။ထို႔ေနာက္ဧည့္ခန္းသို႔ဝင္ကာ ယခင္က သူၾကည့္ခဲ့ေသာ ကာတြန္းကားမ်ားအားထိုင္ၾကည့္ေနခဲ့သည္။ငယ္စဥ္ကၾကည့္ခဲ့ေသာ ေၾကာင္ႏွင့္ႂကြက္ ဇာတ္လမ္းေလးသည္ အသက္ႀကီးလာသျဖင့္ရိုးသြားမည္ထင္ခဲ့ေသာ္လည္း ဘယ္ခ်ိန္ၾကည့္ၾကည့္ ရိုးအီမသြားခဲ့ေပ။

ဇာတ္ကားတိုင္းသည္ ေပးခ်င္ေသာ messageမ်ားျဖင့္ဖြဲ႕စည္းထားေသာ္လည္း ငယ္စဥ္ကမူ သာမန္မွ်သာၾကည့္ခဲ့ၿပီး ယခုတြင္မူ အပိုင္းတိုင္း၏ေပးေသာmessageကို နားလည္ေနၿပီျဖစ္သည္။ဇာတ္ကားအၿပီးတြင္ ျမဴႏွိုင္းဆက္ခႏၶာကိုယ္တစ္ခုလုံးေညာင္းလာသျဖင့္ ဧည့္ခန္းအတြင္းမွာပင္ လမ္းပတ္ေလွ်ာက္ေနလိုက္ကာ ေရေအးတစ္ခြက္ေသာက္ၿပီးေနာက္ ေရခ်ိဳးခန္းရွိရာသို႔ထြက္သြားေလေတာ့သည္။

၂၅မိနစ္ခန့္ေရခ်ိဳးၿပီးေနာက္ ျမဴႏွိုင္းဆက္ ထြက္လာကာ အေပၚထပ္ရွိ မိမိအခန္းသို႔ တက္သြားခဲ့သည္။အခန္းထဲတြင္ေရခ်ိဳးခန္းပါေသာ္လည္း ၿပီးစလြယ္ မီးဖိုေခ်ာင္အခန္းေဘးရွိေရခ်ိဳးခန္းမွာ ခ်ိဳးလိုက္ျခင္းပင္ျဖစ္ေပသည္။ေရမ်ားေျပာင္ေအာင္သုတ္လ်က္ ခပ္ပါးပါး အကျင်္ ီတစ္ထည္ႏွင့္ေဘာင္းဘီတိုကိုသာ ဝတ္ကာ ေအာက္ထပ္သို႔ ျပန္ဆင္းလာခဲ့သည္။ေရစိုေနေသာ ဆံႏြယ္မ်ားအား လက္ျဖင့္ခါရမ္းလ်က္ ေအာက္ထပ္သို႔ဆင္းလာေသာ ျမဴႏွိုင္းဆက္အား ေလေပးစက္ကိုင္ကာ မင္းခတၱာတစ္ေယာက္ ထိုင္ေစာင္ေနခဲ့သည္။

"ကိုကိုေတာင္ နိုးေနၿပီလား။"

"အင္း ကိုယ့္နားထဲေရခ်ိဳးသံၾကားတာနဲ႕ ေမာင္ေရခ်ိဳးေနတာသိလိုက္လို႔ နိုးလာတာ။"

"ဟုတ္"

"ကဲ လာဒီမွာလာထိုင္ပါအုံး ကိုယ့္အသည္းေလးရဲ႕။ေခါင္းကေရကို ဘယ္ေတာ့မွေျပာင္ေအာင္မသုတ္ဘူး။"

"hee ကိုကိုသုတ္ေပးမယ္ဆိုတာ ေမာင္ကသိၿပီးသားပဲေလ။"

"ျဖစ္ရမယ္ ဒီခ်ိန္ကိုယ့္ေမေမသာရွိေသးရင္ ကိုယ္တို႔ႏွစ္ေယာက္ကို မနိုင္ဘူးဆိုၿပီးလက္ခါျပမွာသိလား။"

"အင္း ခုလိုျဖစ္သြားေတာ့လည္း ဘာတတ္နိုင္မွာလဲေလ။ေမေမနဲ႕ႀကီးေမတို႔ ေကာင္းရာမြန္ရာေရာက္ပါေစပဲ ဆုေတာင္းရမွာေပါ့။"

"ေမေမ ဟုတ္လား ဧကႏၱ ဟိုအန္တီ"

"အင္း ေမေမလည္းဆုံးသြားၿပီ။ေမာင္က ေမေမ့အေပၚ အမွားေတြ ထင္ေနခဲ့မိတယ္။"

"စိတ္မေကာင္းမျဖစ္ပါနဲ႕။ေမာင္လည္း သိခဲ့ရတာမွမဟုတ္တာေလ။ကဲေရေျပာင္ၿပီ ကိုယ္တို႔ေစ်းသြားၾကမယ္ေလ။မနက္ျဖန္အတြက္ ဘုရားပန္းနဲ႕ေမေမတို႔အတြက္ ပန္းပါဝယ္ၾကမယ္။"

"ဟုတ္ က်ဴးလစ္ပန္းဝယ္ၾကမယ္ေလ။ေမေမလည္း က်ဴးလစ္ပန္းကိုသေဘာက်မယ္ထင္ပါရဲ႕"

"သေဘာက်မွာပါ"

"ဟုတ္"

ျမဴႏွိုင္းဆက္ႏွင့္မင္းခတၱာတို႔ ေစ်းျခင္းေတာင္းအား ကိုင္လ်က္ ဟင္းစားႏွင့္ပန္းဝယ္ရန္ ေစ်းသို႔ ထြက္သြားၾကေတာ့သည္။

.............................................................................................

Continue Reading

You'll Also Like

107K 7K 33
ကိုယ့်အပိုင်လို့ သတ်မှတ်ကာ စွဲလမ်းစိတ်ကြီးသူနဲ့လွတ်လပ်မှုကို ခုန်မင်တယ့် ကောင်လေးကြားက အချစ်က ရိုးရှင်းနိုင်ပါဦးမလား ကိုယ့္အပိုင္လို႔ သတ္မွတ္ကာ စြဲလမ...
1.3M 37.5K 65
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...
128K 12.3K 36
အိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ ...
264K 8.2K 69
ကိုယ်​သာ​နေကြာပန်းဆိုရင်​ မင်းက ​နေမင်း ညီ... ​နေကြာပန်းဆိုတာ ​နေမင်းကြီးရှိရာအရပ်​ကိုသာ မျက်နှာမူတယ်​.... ကိုယ်​လည်း.........