ရှန်းယိုလင် နဂိုက ထင်ခဲ့သည်က ရီဟွိုင်က
ဝမ်းနည်းလွန်းသဖြင့် အသုဘအား မလာတာဟု
ထင်ခဲ့သည်ဖြစ်သည်။ သို့သော် ထိုနေ့မှစ၍
ရီဟွိုင်မှာ ပျောက်ခြင်းမလှ ပျောက်သွားသည်။
ကမ္ဘာကြီးပေါ်ကနေ အမှုန်အမွှားဖြစ်သွားသည့်
နှယ်......
နောက်ဆုံးမှာ ရှန်းယိုလင်က ရဲများ၊ကျွမ်းကျင်သော စုံထောက်များကို ငှားကာ ရှာခိုင်းသော်လည်း အကျိုးမရှိခဲ့ပေ။
အချိန်တစ်ခုကြာသည်အထိ ရှန်းမိသားစုမှာ
ခေါင်းမပါတော့သည့် နဂါးတစ်ကောင်လို
ဖရိုဖရဲဖြဈကုန်ေတာ့သည်။
သို့သော်လည်းပဲ ရီဟွိုင်အကြောင်း
တစ်စွန်းတစ်စမျှ ရှာမတွေ့ပေ။
ရှန်းယိုလင်၏ ကလေးနှစ်ယောက်က
အလွန့်ကို ကျန်းမာကြသည်။ ရှန်းယွီချန်
သူမအတွက် ထားပေးခဲ့သော ပစ္စည်းများက
သူမတို့အတွက် မပူမပင်နေကြရသော်လည်း
သူမက ကိုယ်ပိုင်ကိတ်မုန့်ဆိုင်လေးတစ်ဆိုင်
ဖွင့်ခဲ့သည်။
အချိန်တွေက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားရင်း နှစ်နည်းနည်းလောက်လည်း
ကြာသွားပြီဖြစ်သည်။
တစ်ညမှာတော့ ရှန်းယိုလင်က သူမခင်ပွန်းသည်ကို မေးလာခဲ့သည်။
"ကျွန်မတစ်ရက်မှာ သေသွားခဲ့ရင်
ရှင်ဘယ်လိုလုပ်မလဲ?????"
သူမခင်ပွန်းက သူမခေါင်းကို ပွတ်သပ်ပေးလျက်
ချက်ချင်းပင် ပြန်ဖြေလာသည်။
"ကလေးတွေလည်း ကြီးလာပြီဆိုရင်
ကိုယ်မင်းကို လိုက်အဖော်ပြုပေးမှာပေါ့"
"ဒါပေမဲ့ ကျွန်မလက်မခံနိုင်ဘူး။ကောင်းကောင်းနေခဲ့ပါ ဟုတ်ပြီလား????ကျွန်မကို ရှင်
အဖော်လိုက်ပေးမှာ လက်မခံနိုင်ဘူး"
သို့သော်လည်း သူမခင်ပွန်းက သူမစကားများကို
ရယ်လျက် ပြန်ပြောလာသည်။
"အရူးမလေး....ဘာလို့ဒီလောက်တောင် စိတ်အားထက်သန်နေရတာလဲ????တစ်ယောက်တည်း
အထီးကျန်ပူဆွေးပြီး နေရမဲ့တူတူ မင်းနဲ့
လိုက်အဖော်ပြုပေးမှကောင်းမှာပေါ့"
တကယ်တော့ ရှန်းယိုလင် ခင်ပွန်းနှင့် ရီဟွိုင်၏
အတွေးက ဆင်တူခဲ့ကြသည်။ ထို့အပြင်
သူက ရီဟွိုင်နဲ့ သူ့ယောက်ကထီး၏
ဆက်ဆံရေးကို သူမတားမြစ်တုန်းက ဝင်ရောက်
ဖျောင်းဖြပေးခဲ့သည်ပင်။
ရုတ်တရက် ရှန်းယိုလင်ရဲ့ အမူအရာက တစ်ခုခုကို ငေးကြောင်သွားရသည်။
"ကြည့်ရတာ....ကျွန်မတစ်ခုခုကို မေ့သွားတဲ့ပုံပဲ"
"ဘာကိုလဲ???"
ရှန်းယိုလင်က စကားကိုတစ်လုံးချင်းစီ
ပြောရန်ကြိုးစားနေရပြီး သူမမျက်နှာထက်၌
ကြောက်ရွံ့မှုတွေ တဖြည်းဖြည်း ပေါ်လာရသည်။
"ရှင်မှတ်မိသေးလား????ကျွန်မအဖေကို သင်္ဂြိုလ်တော့ သူ့အရိုးပြာအိုးကို ကိုင်ရတဲ့သူက
ကျွန်မလေ"
"အင်းမှတ်မိတယ်"
"အဲဒီတုန်းက အရိုးပွာအိုးက အရမ်းကို
လေးခဲ့တယ်"
သူမခင်ပွန်းကလည်း သူမနည်းတူ ကြောင်အသွားရပြီး ချက်ချင်းကို သဘောပေါက်လာခဲ့သည်။
"မဟုတ်မှလွဲရော......"
ရှန်းယိုလင်က အံ့သြထိတ်လန့်နေသည့်ကြားထဲက ကြောက်ရွံ့စွာ ပြုံးပြလာရင်း
"ဟုတ်..လောက်တယ်...ကျွန်မတွေးတာ
များသွားလို့လည်း ဖြစ်နိုင်လောက်ပါတယ်"
အဆုံးမှာတော့ ထိုကိစ္စက ရှန်းယိုလင်ရင်ထဲမှာဖုထုံးကြီးတစ်ခုလို ဖြစ်လာခဲ့သည်။
ရှန်းယိုလင်ရဲ့ ခင်ပွန်းသည်က သူမမစားမသောက်ဘဲ စိတ်မကောင်းဖြစ်နေသည်ကို
မြင်တော့ သူမကိုပြောလာခဲ့သည်။
"ကိုယ်တို့ မင်းအဖေကို ပြန်ကြည့်ကြည့်ကြရင်ရော????"
"ရှင်....."
"အတည်ပြုကြည့်ရအောင်ပါ"
ပထမဆုံးအကြိမ်အဖြစ် ရှန်းယိုလင်ကြောက်ရွံ့လာခဲ့ရသည်။ ရှန်းယွီချန် ထွက်သွားတုန်းကတောင် ဒီလောက်မကြောက်ရွံ့ခဲ့ပေ။
"အမှန်ဖြစ်နေရင်ရော????အမှန်ဖြစ်နေရင်
ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ????"
သူမခင်ပွန်းသည်က တစ်ခဏလောက် ဆွံ့အနေပြီး တိုးတိုးလေး ပြောလာခဲ့သည်။
"အမှန်ဆိုရင် သူတို့ကိုသွားခွင့်ပြုလိုက်တာပေါ့"
စိတ်ဆုံးဖြတ်ချက်ချပြီးနောက် ရှန်းယိုလင်က
တရုတ်နိုင်ငံကို တတ်နိုင်သမျှ ချက်ချင်း
ပြန်လာပြီး သူမအဖေအုတ်ဂူဆီသို့သွားခဲ့သည်။
သူမနှလုံးအိမ်က ရုတ်တရက် တွန့်ဆိုင်းနေခဲ့သည်။
သူမခင်ပွန်းသည်က သူမစိတ်ထဲက အထုံးကို
ဖြေလျော့နိုင်ဖို့အတွက် စတင်ပြောလာသည်။
"အဖေက မင်းကိုအပြစ်မတင်လောက်ပါဘူး"
ရှန်းယိုလင်ကလည်း နောက်ဆုံးတော့
သဘောတူလိုက်သည်။
အုတ်ဂူကိုဖော်တော့ အရိုးပွာအိုးက
ပြန်ထွက်လာခဲ့သည်။
တစ်ချက်ကြည့်ရုံနဲ့ ရှန်းယိုလင်ရဲ့ ခင်ပွန်းသည်က
သာမန်အရိုးပြာအိုးအရွယ်အစား မဟုတ်ဘဲ
အရမ်းကြီးနေသည်ကိုတွေ့လိုက်ရသည်။
သူ့စိတ်ထဲမှာ စိုးရိမ်မှုအထွတ်အထိပ်ကို
ကျော်လွန်နေပေမဲ့ ရှန်းယိုလင်ကို မပြောပြခဲ့ပေ။
အရင်ဆုံး အိုးရဲ့ အလေးချိန်ကိုတိုင်းလိုက်ကြသည်။ ၁၀ကတ်တီ(၁၁ပေါင်) ရှိနေသောကြောင့်
နှစ်ယောက်စလုံး မျက်နှာမကောင်းတော့ပေ။
ရှန်းယိုလင်က အိုးကို နေရာအမျိုးမျိုးက
ကြည့်ရင်း ကြောက်ရွံ့စွာ ပြုံးရယ်လာလျက်
ပြောလာသည်။
"မဖြစ်နိုင်ပါဘူး!!!...ရီဟွိုင် နင်ဘာလို့
ဒီလိုလုပ်ရတာလဲ????နင်ဘာလို့ ဒီလိုလုပ်ရတာလဲ!!!!"
အရိုးအိုး၏ အလွတ်အလေးချိန်က ၄ကတ်တီရှိသည်။ မီးသင်္ဂြိုလ်တဲ့သူတွေပြောတာက
သူတို့မီးသင်္ဂြိုလ်ပြီးပြီးချင်းထည့်သည့်
အရိုးပွာသညျ ၃ကတ်တီသာဖြစ်ကြောင်း။
၁၀ကတ်တီ????၁၀ကတ်တီ???ဤသို့ဆိုလျှင်
ကျန်သည့် ၃ကတ်တီက မည်သူ၏ အလေးချိန်ဖြစ်နိုင်ပါသနည်း??????
ရှန်းယိုလင်က မြေကြီးပေါ်ကို ပုံကျသွားပြီး
မျက်ရည်တွေနဲ့ စတင်ငိုယိုတော့သည်။
သူမက အရိုးအိုးကိုဖကလှကှ ယူကြုံးမရစွာ
အော်ဟစ်လာသည်။
"ရီဟွိုင်....နင်ဘာလို့ ဒီလိုလုပ်ရတာလဲ????နင်ဘာလို့ဒီလိုလုပ်ရတာလဲ?????"
နာမည်မရှိ အသိအမှတ်ပြုခြင်းမရှိဘဲ
ထွက်ခွာသွားရသည်မှာ သနားစရာပင်ဖြစ်သည်။
သို့သော်လည်း ထိုသူက သူချစ်ရတဲ့သူနှင့်သာ
မခွဲမခွာနေချင်သည့် ဆန္ဒရှိသူပင်။
သူမခင်ပွန်းက သူမရဲ့ဆိုးဝါးတဲ့ အခြေအနေကြောင့် တစ်ဖန်ပြောလာပြန်သည်။
"ချိန်တာမှားတာလည်း ဖြစ်ချင်ဖြစ်မှာပါ...
ရီဟွိုင်အထဲမှာ မရှိလောက်ပါဘူး"
"ရှင်ယုံလို့လား????"
ရှန်းယိုလင်က အေးစက်စွာ ကြည့်လျက်
ပြောလာသည်။ သူမမျက်နှာ တစ်ပြင်လုံးမှာ
မျက်ရည်တွေ စိုရွှဲလျက် ပြောလာသည်။
"ရှင်နဲ့သူနဲ့က အတွေးတွေတူတာပဲကို ရှင်မှန်း
ၾကည့္ပါလား???အထဲမွာ ရီဟြိုင္ရွိမရွိ!!!!"
သူမရဲ့ ခင်ပွန်းသည်ကလည်း ပြောစရာ
စကား ပျောက်ရှသွားရပြီ။
"ကျွန်မအစောကြီးကတည်းက သိခဲ့သင့်တယ်....
ဘေးမှာ အတူသေနေမှတော့ ဘယ်လိုလောက်
အဖေမြှုပ်နှံမှုကို သူလာလို့ရမလဲ????"
သူ့ခင်ပွန်းသည်ကလည်း နှလုံးသားထဲမှာ
သက်ပြင်းအကြီးကြီး ချမိလိုက်သည်။
ထို့အပြင် ရီဟွိုင်ကို အစစ်အမှန်လေးစားသွားသည်ပင်။ ဒီကမ္ဘာပေါ်က လူတွေက သူတို့ချစ်ရသူတွေအတွက်အသက်ပင် စွန့်လွှတ်ရဲသော်လည်း အဲလိုလူက ရှားသည်ပင်။
ဝမ်းနည်းမှုတွေက ခဏတာပင်ဖြစ်သည်။
နှစ်နည်းနည်းထပ်ကြာတော့ ကျခဲ့ရတဲ့မျက်ရည်တွေနဲ့အတူ ကြားခဲ့ရတဲ့နာမည်တွေ၊ မြင်ခဲ့ရတဲ့
ရုပ်ရည်သွင်ပြင်တွေဟာ မေ့ကုန်ကြမည်ဖြစ်သည်။
"ကျွန်မ ရီဟွိုင်အတွက် ဈာပနထပ်လုပ်ပေးချင်တယ်"
သူမခင်ပွန်းသည်က ခေါင်းညိမ့်ပြီး သဘောတူခဲ့သည်။
ရှန်းယိုလင်က မျက်ရည်တွေကိုသုတ်လျက်
အရိုးအိုးကိုကိုငျကာ ပြောလာသည်။
"အဖေ ရီဟွိုင်နဲ့ တွေ့နေပြီလားဟင်????သူအဖေ့နောက်ကို အလောတကြီးလိုက်ခဲ့တယ်ဆိုပေမဲ့
သူအဖေ့ကိုမှီလောက်မှာပါ"
အုတ်ဂူပေါ်က စာသားအား ရှန်းယွီချန်၏နောက်က စာလုံး၂လုံးထပ်ထည့်လျက် ပြင်လိုက်သည်။
ရီဟွိုင်ရဲ့ဈာပနာက ရိုးရှင်းသော်လည်း
လူတိုင်းတက်ရောက်ခဲ့သည်။
ရှန်းယိုလင်က ၁၀ကတ်တီရှိသည့် အရိုးအိုးကိုပဲ တစ်ဖန်ပြန်ကိုင်ထားပေးပြီး သူမပုံစံမှာစိတ်နဲ့ကိုယ်နဲ့မကပ်ခဲ့ပေ။
ထောပနာပြုစာကို ဖတ်ပြီးသည့်နောက်မှာတော့
အတည်မြေမြှုပ်ခဲ့သည်။
အုတ်ဂူအား အင်္ဂတေပြန်ဆောက်ပြီးသွားချိန်မှာတော့ ရှန်းယိုလင်က အုတ်ဂူပေါ်က ကျန်နေသေးသည့် ရွှံ့စလေးများကို ပုဝါနှင့်ဖယ်ရှားပေးခဲ့သည်။
"ကောင်းကောင်းနေရစ်ကြပါ...သမီးနောက်လည်း
နှစ်ယောက်စလုံးကို လာကြည့်ပါ့မယ်"
"ငယ်ငယ်တုန်းက နင်က အဖေငါ့ကိုချစ်တာကို
အရမ်းအားကျခဲ့တယ်မလား???အခုတော့
အဖေ့ဘေးမှာ လဲလျောင်းနိုင်တဲ့နင့်ကို
ငါအားကျရပါပြီ"
သူမဒါကိုပြောနေချိန်မှာ သူမစိတ်ထဲ၌ ရီဟွိုင်ရဲ့
ရုပ်ရည်က ထင်ဟပ်လာခဲ့သည်။ သူဒီလောကကြီးက ထွက်သွားသည့်အချိန်က အနာဂတ်များစွာရှိသေးသည့် အသက်၂၆နှစ်အရွယ်ပင်
ဖြစ်သည်။
ရှန်းယွီချန် မရှိရင် သူ့ဘဝကြီးလည်းအရေးမပါတော့ချေ။
ရီဟွိုင်က နေခဲ့ဖို့အစား အဖော်ပြုဖို့ကိုသာ
ရွေးချယ်ခဲ့သည်။ ဘယ်သူကမှ သူတို့ကို
ခွဲလို့မရပေ။
ရှန်းယိုလင်က နောက်ဆုံးတော့ သူမရီဟွိုင်ကို
ရှာမတွေ့ရသည့် အကြောင်းအရင်းကို
သဘောပေါက်လာခဲ့သည်။
ဈာပနပြီးတော့ ရှန်းယိုလင်က အရင်နှစ်တုန်းက
ဘာဖြစ်ခဲ့လဲဆိုတာ နောက်တစ်ကြိမ် ပြန်စုံစမ်းခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ တခြားအကြောင်းကိုရှာခဲ့သည်ဖြစ်သဖြင့် လျင်မြန်စွာ အဖြေရခဲ့သည်။
ရှန်းယိုလင်ရရှိသည့်အဖြေနှင့် ခန့်မှန်းချက်က
အတူတူပင်ဖြစ်သည်။
သူမရှေ့က အရာအားလုံးကို မမြင်ရတော့သည်အထိ သူမငိုယိုခဲ့သည်။
"ဘာလို့ ဒီလိုဖြစ်ရတာလဲ???ဘာလို့ ဒီလိုဖြစ်ရတာလဲ!!!!"
သူမဘဝလေး သာယာမယ်ကြံတုန်း လောကဒဏ်၏ ရိုက်ချက်အား ခံခဲ့ရသည်။
သူမခင်ပွန်းက သူမလက်ကို တွဲရင်း
အားပေးခဲ့သည်။
"မငိုပါနဲ့တော့...သူတို့အတွက်တော့ ဒါကကောင်းတဲ့ကိစ္စပဲလေ"
"ဘယ်လိုလုပ်ကောင်းမှာလဲ?????"
သူမအဖေရဲ့သေဆုံးမှုက သဘာဝအတိုင်းဖြစ်ပြီး
ရီဟွိုင်က သတ်သေခဲ့တာလေ။ သူမအဖေသာသိရင် ပျော်ပါ့မလား??????
"မင်းအဖေ စောင့်နေရတာကို သူမလိုလားလို့လည်း ဖြစ်မှာပါ"
ရှန်းယိုလင်က စကားမပြောတော့ပေ။
သူမခင်ပွန်းသည်က ဆက်ပြောလာခဲ့သည်။
"ကိုယ်လည်း ဒီခံစားချက်ကို နားလည်တယ်"
"ကျွန်မကတော့ အိပ်မက်ဆိုးကြီး တစ်ခုမက်နေတာလို့ပဲ မြင်တယ်"
သူမခင်ပွန်းက သူမက နူးညံ့စွာ နမ်းလိုက်ပြီး
ပြောလာသည်။
"အချစ်လေး...မင်းမှာ ကိုယ်ရှိပါသေးတယ်"
ဘဝကတော့ ဆက်သွားနေရသည်ပင်။ သူမရဲ့
ကလေးတွေက မူလတန်းကနေ အလယ်တန်း
အလယ်တန်းကနေ အထက်တန်းရောက်ကုန်ပြီဖြစ်သည်။
ထိုအိပ်မက်ဆိုးများက စီးဆင်းနေသည့်ရေလို
အချိန်နဲ့အတူ ပျောက်ကွယ်သွားခဲ့သည်။
ဆောင်းရာသီတိုင်းလိုလို သူမဟာအိမ်ပြန်ပြီး
သူမအဖေနှင့် သူမ၏ ကလေးဘဝကသူငယ်ချင်းကို ဂါရဝသွားပြုခဲ့သည်။
အုတ်ဂူက သန့်ရှင်းရေးအမြဲလုပ်ပေးသောကြောင့် သန့်ရှင်းနေပြီး ရှန်းယိုလင်ကလည်း
ဂန္ဓမာပန်းတစ်စည်း တင်ပေးထားသည်။
ရှန်းယိုလင်က အုတ်ဂူပေါ်က ပုံနှစ်ပုံကိုကြည့်ရင်း
ပြောလာသည်။
"သူတို့ဘယ်လိုပုံရှိလဲ ကျွန်မမမှတ်မိတော့ဘူး"
သူမခင်ပွန်းသည်က သူမကို ပွေ့ဖက်လိုက်သည်။
"အဖေက အရမ်းကြည့်ကောင်းခဲ့တာ....ရီဟွိုင်လည်း အရမ်းကိုကြည့်ကောင်းတယ်လို့
ကျွန်မထင်မိတာပဲ"
"ဒါပေမဲ့ ကျွန်မအလုံးစုံ မမှတ်မိတော့ဘူး"
သူမက အုတ်ဂူပေါ်က ဓာတ်ပုံ၂ပုံကို ကြည့်လျက်
အထပ်အထပ်အခါအခါ မှတ်မိအောင်
ကြိုးစားခဲ့သည်။
နှစ်တွေကြာတော့ ရှန်းယိုလင်က ဟင်းချက်နေရင်း သူမခင်ပွန်းကို ပြောလာခဲ့သည်။
"ကျွန်မတစ်ခုခုမေ့နေတယ်ထင်တယ်"
"ဘာမေ့တာလဲ????"
"ကျွန်မမွေးရပ်မြေကို ပြန်ဖို့လေ"
"အဲဒီမှာ မင်းနဲ့သိတဲ့လူ တစ်ယောက်မှမရှိတော့တာ မင်းကပြန်ပြီးဘာလုပ်မှာလဲ????"
"ဟုတ်သားပဲနော်"
"ကျွန်မ မှားမှတ်မိနေတာနေမှာပါ"
"မင်းက အရာအားလုံးကို စိတ်အရမ်းပူနေတတ်လို့ပါ"
သူမက မျက်ရည်တွေ ကျရင်းရယ်မောလိုက်သည်။ ထို့နောက် မျက်ရည်တွေကို သုတ်ရင်း
မကျေမနပ်ပြောလာခဲ့သည်။
"ကျွန်မက အိုလည်းအိုပြီ သတိလည်းမရှိတော့ဘူး စိတ်လည်းကြီးလာတာကို ရှင်မကြိုက်တော့ဘူးလား?????"
"ကိုယ့်ရဲ့ မင်းသမီးလေး ကိုယ်ကမင်းကို
ဘာကြောင့် မကြိုက်ဘဲနေရဲရမှာလဲ?????"
သူမက ရုတ်တရက် သူမအား တစ်စုံတစ်ယောက်က မင်းသမီးလေးလို့ ခေါ်တာ သတိရသွားခဲ့သည်။ အဲဒီလူက ဘယ်သူများပါလိမ့်????
သူမမှတ်ဉာဏ်ထဲမှာ ပြန်ရှာကြည့်ပေမဲ့
မသိရတော့ပေ။
Note-ကိုယ်လည်း နောက်ဆုံးအပိုင်းဖတ်ရင်း
တကယ့်ကို shockedဖြစ်ပါတယ်။ amazingပါပဲ။ ကြောက်လည်းကြောက်တယ်။ အခုချိန်ထိ
စီးမြောလိုက်ပါပေးလို့ ကျေးဇူးတင်ပါတယ်
အားလုံးကို။ commentမပေးရင် စိတ်ဆိုးပါမယ်
.............................ပြီးပါပီ...................................