I'm Not A Villian(oc) (Comple...

By HwaXian

136K 11.4K 358

ဗီလိန် မဖြစ်ဖို့ကြိုးစားနေတဲ့ မိန်းကလေး... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၁ #Zawgyi
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
hello
အပိုင်း ၂၀
new
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၈(ဇာတ်သိမ်း)

အပိုင်း ၄၇

1.4K 107 4
By HwaXian

အပိုင်း ၄၇

ရှယွင်ဖန်း ဟိုတယ်သို့ပြန်ရောက်လာသောအခါ ဟိုတယ်ဧည့်ခန်းတွင် ရင်းနှီးသောပုံရိပ်လေးတစ်ခုတွေ့လိုက်ရသဖြင့် ထိုနေရာသို့လျှောက်သွားလိုက်သည်။

"ယာယာ?''

ရှင်းယာသည် ဖုန်းကိုငုံ့ကြည့်နေရာမှ မော့ကြည့်လိုက်သောအခါ သူမ၏ချစ်ခင်ပွန်းကိုတွေ့လိုက်ရလေသည်။

"ကိုကို''

"ယာယာ သဲဘယ်လိုလုပ်ရောက်လာတာလဲ''

"လိုင်းပေါ်က ကောလာဟလတွေကြောင့် စိုးရိမ်လို့''

"သူတို့ပြောသလောက်အခြေအနေမဆိုးသေးပါဘူး ကိုယ်အသေးစိတ်ပြောပြမယ်''

သူမတို့နှစ်ဦး ရှယွင်ဖန်း၏အခန်းထဲသို့သွားလိုက်ပြီးနောက် သူကအသေးစိတ်ရှင်းပြလေသည်။

"ဘာ ဒါဆို ဂိမ်းထဲကို မနက်ဖြန်ဝင်ရမှာပေါ့''

"အင်း''

"မဖြစ်ဘူး ကိုကို့ကိုစိတ်မချနိုင်ဘူး ဒီလိုနဲ့ကိုကိုပါပြန်မနိုးလာရင်ဘယ်လိုလုပ်မလဲ''

"အဲ့လိုမဖြစ်နိုင်ပါဘူး ကိုယ်တို့မှာ ကောင်းဖန်ရှိတဲ့အပြင် တခြားဆေးဘက်ဆိုင်ရာ ပါရဂူတွေနဲ့လဲ ဆက်သွယ်ပြီးသွားပြီ သူတို့က တစ်ခုခုဆိုဖြေရှင်းဖို့အနားမှာရှိနေလိမ့်မယ်''

"ကိုကို တစ်ယောက်ထဲလား''

"အင်း''

ရှင်းယာသည် ရှယွင်ဖန်း၏ခါးကိုဖက်လိုက်ပြီး ရင်ခွင်ထဲတိုးဝင်လိုက်ကာ...

"မသွားပါနဲ့နော် ကိုကို့ သဲစိတ်ထင့်နေတယ်''

ရှယွင်ဖန်းသည်လည်း ရှင်းယာကိုပြန်လည်ထွေးပွေ့လိုက်ပြီး...

"ကိုယ်က ဒီကိစ္စကိုစတင်ခဲ့တဲ့သူလေ ကိုယ့်ကြောင့်အပြစ်မရှိတဲ့လူတွေ ဒုက္ခရောက်တာကို ကိုယ်ဘယ်ကြည့်နေနိုင်ပါ့မလဲ သဲကရော ကိုယ့်ကို တာဝန်မယူတတ်တဲ့လူဖြစ်စေချင်လို့လား''

"....ဒါဆိုရင် သဲလဲလိုက်မယ်''

ရှယွင်ဖန်းသည် သူမကိုလွှတ်လိုက်ပြီး လေသံမာမာဖြင့်...

"မဖြစ်ဘူး သဲမလိုက်ရဘူး''

"မရဘူး ကိုကိုသွားမယ်ဆိုရင် သဲပါလိုက်ခဲ့မယ်''

ရှယွင်ဖန်းအလွန်စိုးရိမ်သွားသည်။ တကယ်တော့ဒီခရီးက သူပြောသလိုလုံခြုံစိတ်ချမှုရှိမနေပေ...သူချစ်ရသောသူ့ဇနီးချောလေး အသက်အန္တရာယ်တွေ့မှာကိုသူကြောက်သည်...

"ရှင်းယာ ငါ့စကားကိုနားထောင်စမ်း''

"ကိုကို့...ကိုကိုပြောတော့ အားလုံးစိတ်ချရတယ်ဆို ဘာလို့သဲကိုမလိုက်စေချင်ရတာလဲ ဘာလဲ ပြန်မနိုးလာနိုင်တာမျိုး ဖြစ်နိုင်တယ်မလား''

"တောက်...သဲရာ...ဒီကိစ္စကို ထပ်မပြောနဲ့တော့''

"မပြောတော့ဘူး သဲကသေချာပေါက်ကိုကိုနဲ့မခွဲဘဲရှိနေမှာ ကိုကိုသွားရင်သဲလဲသွားမယ်''

ရှင်းယာသည် ပြောချင်တာပြောပြီး ရေချိုးခန်းထဲဝင်သွားလိုက်သည်။

ရှယွင်ဖန်းလဲ စိတ်ညစ်ညစ်နဲ့ ဆံပင်ကိုခါလိုက်ပြီး လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ ထို့နောက် ဖုန်းကိုယူကာ တစ်စုံတစ်ယောက်ကိုဆက်သွယ်လိုက်သည်။

"အစီစဥ်ပြောင်းသွားပြီ''

...........

ရှင်းယာ ရေချိုးပြီးပြန်ထွက်လာသောအခါ အခန်းထဲတွင်ရှယွင်ဖန်းရှိမနေပေ။ စားပွဲပေါ်တွင် တင်ထားသော Colaဖန်ခွက်ကိုတွေ့လိုက်ရသည်။

သူမ စိတ်ညစ်လျှင် Colaသောက်တတ်သည်ကို ရှယွင်ဖန်းသိထားသောကြောင့် ထားခဲ့ပေးတာဖြစ်လိမ့်မည်။ တော်ရုံတန်ရုံဆိုလျှင် ကျန်းမာရေးနှင့်မညီညွှတ်သောကြောင့် အချိုရည်အမြဲသောက်ခြင်းကို ​တားမြစ်တတ်သူက ယခုတော့ ကိုယ်တိုင်ထားခဲ့ပေးသည်။

ရှင်းယာလဲ စိတ်ညစ်ညစ်နဲ့ တစ်ခွက်လုံးကုန်အောင်သောက်ပစ်လိုက်သည်။ ထို့နောက် မျက်လုံးများမှေးစင်းလာသဖြင့် ခုတင်ပေါ်တက်အိပ်လိုက်တော့သည်။ သူမအခန်းထဲသို့လူအချို့ဝင်လာသည်ကိုပင်သူမ မသိတော့ပေ...

သူမ အိပ်ယာနိုးလာသောအခါ နောက်တစ်နေ့နေ့လည်ခင်းကိုတောင်ရောက်နေပြီဖြစ်သည်။ နိုးနိုးချင်းမြင်တွေ့လိုက်ရသောပတ်ဝန်းကျင်ကြောင့် သူမဦးနှောက်ကိုအလုပ်ပေးလိုက်သည်။

...မနေ့က ရှယွင်ဖန်းရဲ့ဟိုတယ်အခန်းမှာ မဟုတ်ဘူးလား ဘယ်လိုလုပ်အိမ်ပြန်ရောက်နေတာလဲ...

ထို့နောက် သူမ တစ်စုံတစ်ခုကိုတွေးမိသွားပြီး အိမ်အနှံ့ရှာဖွေတော့သည်။ သူမတွေးထင်ထားသည့်အတိုင်း အိမ်တွင် ရှယွင်ဖန်းရှိမနေပါ။ သူမ ဖုန်းကိုယူလိုက်ပြီး ရှယွင်ဖန်းကိုဆက်သွယ်လိုက်သည်။ သို့သော်လည်း တပ်ဆင်ထားခြင်းမရှိပါ ဟူသော အော်ပရေတာ၏အသံမှလွဲ၍ ဘာမှထူးခြားမလာပေ။ သူမအကြိမ်ကြိမ်အခါခါ ေခါ်သော်လည်း အော်ပရေတာကတော့ အထက်ပါအတိုင်းပြောမြဲဖြစ်သည်။

သူမ ရင်ပူလာပြီး ကြံရာမရဖြစ်နေစဥ်တွင် ေကာင်းဖန်ထံမှ ဖုန်းဝင်လာခဲ့သည်။

"အကိုကောင်းဖန် ယွင်ဖန်းဘယ်မှာလဲ ကျွန်မဖုန်းခေါ်တာ ခေါ်လို့မရလို့ သူအနားမှာရှိလားဟင်''

"ရှင်းယာ ညီမလေး ဘာမှစိတ်မပူနဲ့နော် ယွင်ဖန်းက ညီမလေးတဇွတ်ထိုးလုပ်မှာစိုးလို့ အိမ်ကိုပြန်ပို့လိုက်တာပါ အကိုတို့အတူပြန်လာခဲ့မယ် စိတ်ချလက်ချနေနော် ပြီးတော့ လိုက်ရှာဖို့လဲမကြိုးစားပါနဲ့ အကိုတို့ ဒီနိုင်ငံထဲမှာမဟုတ်ဘူး ယွင်ဖန်းအမေကိုလဲ ဂရုစိုက်လိုက်ပါအုံး''

"မဟုတ်သေးပါဘူး အကိုကောင်းဖန် အခုဘယ်မှာလဲဟင် ယွင်ဖန်းကိုဖုန်းပေးလိုက်ပါ ကျွန်မသူနဲ့စကားပြောချင်တယ်''

သို့သော်လည်း ကောင်းဖန်ထံမှ တုံ့ပြန်မှုကိုမရလိုက်ဘဲ ဖုန်းချသွားခဲ့သည်။ သူမထပ်ဆက်သော်လည်း ခေါ်မရတော့ပေ...

သူမ ငိုကြွေးပြီးရင်းငိုကြွေးကာ ဆက်သွယ်မရသော ရှယွင်ဖန်း၏ဖုန်းကို message များပို့နေမိသည်။

​ပြိုကွဲနေသော သူမ၏မိသားစုကြောင့် စိတ်ဒဏ်ရာရနေသူ သူမ၏ဘဝတွင် ရှယွင်ဖန်းတစ်ဦးထဲကသာ သူမ၏ကမ္ဘာဖြစ်ခဲ့သည်။
ထိုသူကိုပထဦးဆုံးချစ်ခဲ့ပြီး ထိုသူနှင့်သာ လက်တွဲခဲ့သည်။ သူမရှယွင်ဖန်း၏ အချစ်ဦးမဟုတ်သော်လည်း အချစ်ဆုံးသူဖြစ်ခဲ့သည်။

ယခုသူထားခဲ့သည်မှာလဲ သူမအတွက်ဖြစ်ကြောင်းသူမ သိသည်။ သို့သော်လည်း ပြန်တွေ့ရဖို့မသေချာသော အခြေအနေကြောင့် သူမ၏ရင် စုတ်ပြတ်သတ်သွားသလိုခံစားနေရသည်။ သူမ၏အမေဆုံးပါးသွားတုန်းကအတိုင်း သူမ တဖန်နာကျင်နေရသည်။

ထိုနေ့က သူမအရူးတစ်ယောက်သဖွယ် အော်ဟစ်ငိုကြွေးနေမိခဲ့သည်။

ဆက်ရန်

ပြောစရာမရှိတော့ပါဘူး အရမ်းကြာသွားတာကိုတောင်းပန်ပါတယ်😁
#flamingo

.....................
.....................

#Zawgyi

အပိုင္း ၄၇

ရွယြင္ဖန္း ဟိုတယ္သို႔ျပန္ေရာက္လာေသာအခါ ဟိုတယ္ဧည့္ခန္းတြင္ ရင္းႏွီးေသာပုံရိပ္ေလးတစ္ခုေတြ႕လိုက္ရသျဖင့္ ထိုေနရာသို႔ေလွ်ာက္သြားလိုက္သည္။

"ယာယာ?''

ရွင္းယာသည္ ဖုန္းကိုငုံ႕ၾကည့္ေနရာမွ ေမာ့ၾကည့္လိုက္ေသာအခါ သူမ၏ခ်စ္ခင္ပြန္းကိုေတြ႕လိုက္ရေလသည္။

"ကိုကို''

"ယာယာ သဲဘယ္လိုလုပ္ေရာက္လာတာလဲ''

"လိုင္းေပၚက ေကာလာဟလေတြေၾကာင့္ စိုးရိမ္လို႔''

"သူတို႔ေျပာသေလာက္အေျခအေနမဆိုးေသးပါဘူး ကိုယ္အေသးစိတ္ေျပာျပမယ္''

သူမတို႔ႏွစ္ဦး ရွယြင္ဖန္း၏အခန္းထဲသို႔သြားလိုက္ၿပီးေနာက္ သူကအေသးစိတ္ရွင္းျပေလသည္။

"ဘာ ဒါဆို ဂိမ္းထဲကို မနက္ျဖန္ဝင္ရမွာေပါ့''

"အင္း''

"မျဖစ္ဘူး ကိုကို႔ကိုစိတ္မခ်နိဳင္ဘူး ဒီလိုနဲ႕ကိုကိုပါျပန္မနိုးလာရင္ဘယ္လိုလုပ္မလဲ''

"အဲ့လိုမျဖစ္နိုင္ပါဘူး ကိုယ္တို႔မွာ ေကာင္းဖန္ရွိတဲ့အျပင္ တျခားေဆးဘက္ဆိုင္ရာ ပါရဂူေတြနဲ႕လဲ ဆက္သြယ္ၿပီးသြားၿပီ သူတို႔က တစ္ခုခုဆိုေျဖရွင္းဖို႔အနားမွာရွိေနလိမ့္မယ္''

"ကိုကို တစ္ေယာက္ထဲလား''

"အင္း''

ရွင္းယာသည္ ရွယြင္ဖန္း၏ခါးကိုဖက္လိုက္ၿပီး ရင္ခြင္ထဲတိုးဝင္လိုက္ကာ...

"မသြားပါနဲ႕ေနာ္ ကိုကို႔ သဲစိတ္ထင့္ေနတယ္''

ရွယြင္ဖန္းသည္လည္း ရွင္းယာကိုျပန္လည္ေထြးေပြ႕လိုက္ၿပီး...

"ကိုယ္က ဒီကိစၥကိုစတင္ခဲ့တဲ့သူေလ ကိုယ့္ေၾကာင့္အျပစ္မရွိတဲ့လူေတြ ဒုကၡေရာက္တာကို ကိုယ္ဘယ္ၾကည့္ေနနိုင္ပါ့မလဲ သဲကေရာ ကိုယ့္ကို တာဝန္မယူတတ္တဲ့လူျဖစ္ေစခ်င္လို႔လား''

"....ဒါဆိုရင္ သဲလဲလိုက္မယ္''

ရွယြင္ဖန္းသည္ သူမကိုလႊတ္လိုက္ၿပီး ေလသံမာမာျဖင့္...

"မျဖစ္ဘူး သဲမလိုက္ရဘူး''

"မရဘူး ကိုကိုသြားမယ္ဆိုရင္ သဲပါလိုက္ခဲ့မယ္''

ရွယြင္ဖန္းအလြန္စိုးရိမ္သြားသည္။ တကယ္ေတာ့ဒီခရီးက သူေျပာသလိုလုံၿခဳံစိတ္ခ်မႈရွိမေနေပ...သူခ်စ္ရေသာသူ႕ဇနီးေခ်ာေလး အသက္အႏၱရာယ္ေတြ႕မွာကိုသူေၾကာက္သည္...

"ရွင္းယာ ငါ့စကားကိုနားေထာင္စမ္း''

"ကိုကို႔...ကိုကိုေျပာေတာ့ အားလုံးစိတ္ခ်ရတယ္ဆို ဘာလို႔သဲကိုမလိုက္ေစခ်င္ရတာလဲ ဘာလဲ ျပန္မနိုးလာနိုင္တာမ်ိဳး ျဖစ္နိုင္တယ္မလား''

"ေတာက္...သဲရာ...ဒီကိစၥကို ထပ္မေျပာနဲ႕ေတာ့''

"မေျပာေတာ့ဘူး သဲကေသခ်ာေပါက္ကိုကိုနဲ႕မခြဲဘဲရွိေနမွာ ကိုကိုသြားရင္သဲလဲသြားမယ္''

ရွင္းယာသည္ ေျပာခ်င္တာေျပာၿပီး ေရခ်ိဳးခန္းထဲဝင္သြားလိုက္သည္။

ရွယြင္ဖန္းလဲ စိတ္ညစ္ညစ္နဲ႕ ဆံပင္ကိုခါလိုက္ၿပီး ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္သည္။ ထို႔ေနာက္ ဖုန္းကိုယူကာ တစ္စုံတစ္ေယာက္ကိုဆက္သြယ္လိုက္သည္။

"အစီစဥ္ေျပာင္းသြားၿပီ''

...........

ရွင္းယာ ေရခ်ိဳးၿပီးျပန္ထြက္လာေသာအခါ အခန္းထဲတြင္ရွယြင္ဖန္းရွိမေနေပ။ စားပြဲေပၚတြင္ တင္ထားေသာ Colaဖန္ခြက္ကိုေတြ႕လိုက္ရသည္။

သူမ စိတ္ညစ္လွ်င္ Colaေသာက္တတ္သည္ကို ရွယြင္ဖန္းသိထားေသာေၾကာင့္ ထားခဲ့ေပးတာျဖစ္လိမ့္မည္။ ေတာ္႐ုံတန္႐ုံဆိုလွ်င္ က်န္းမာေရးႏွင့္မညီၫႊတ္ေသာေၾကာင့္ အခ်ိဳရည္အၿမဲေသာက္ျခင္းကို ​တားျမစ္တတ္သူက ယခုေတာ့ ကိုယ္တိုင္ထားခဲ့ေပးသည္။

ရွင္းယာလဲ စိတ္ညစ္ညစ္နဲ႕ တစ္ခြက္လုံးကုန္ေအာင္ေသာက္ပစ္လိုက္သည္။ ထို႔ေနာက္ မ်က္လုံးမ်ားေမွးစင္းလာသျဖင့္ ခုတင္ေပၚတက္အိပ္လိုက္ေတာ့သည္။ သူမအခန္းထဲသို႔လူအခ်ိဳ႕ဝင္လာသည္ကိုပင္သူမ မသိေတာ့ေပ...

သူမ အိပ္ယာနိုးလာေသာအခါ ေနာက္တစ္ေန႕ေန႕လည္ခင္းကိုေတာင္ေရာက္ေနၿပီျဖစ္သည္။ နိုးနိုးခ်င္းျမင္ေတြ႕လိုက္ရေသာပတ္ဝန္းက်င္ေၾကာင့္ သူမဦးႏွောက္ကိုအလုပ္ေပးလိုက္သည္။

...မေန႕က ရွယြင္ဖန္းရဲ႕ဟိုတယ္အခန္းမွာ မဟုတ္ဘူးလား ဘယ္လိုလုပ္အိမ္ျပန္ေရာက္ေနတာလဲ...

ထို႔ေနာက္ သူမ တစ္စုံတစ္ခုကိုေတြးမိသြားၿပီး အိမ္အႏွံ႕ရွာေဖြေတာ့သည္။ သူမေတြးထင္ထားသည့္အတိုင္း အိမ္တြင္ ရွယြင္ဖန္းရွိမေနပါ။ သူမ ဖုန္းကိုယူလိုက္ၿပီး ရွယြင္ဖန္းကိုဆက္သြယ္လိုက္သည္။ သို႔ေသာ္လည္း တပ္ဆင္ထားျခင္းမရွိပါ ဟူေသာ ေအာ္ပေရတာ၏အသံမွလြဲ၍ ဘာမွထူးျခားမလာေပ။ သူမအႀကိမ္ႀကိမ္အခါခါ ေခၚေသာ္လည္း ေအာ္ပေရတာကေတာ့ အထက္ပါအတိုင္းေျပာၿမဲျဖစ္သည္။

သူမ ရင္ပူလာၿပီး ႀကံရာမရျဖစ္ေနစဥ္တြင္ ေကာင္းဖန္ထံမွ ဖုန္းဝင္လာခဲ့သည္။

"အကိုေကာင္းဖန္ ယြင္ဖန္းဘယ္မွာလဲ ကြၽန္မဖုန္းေခၚတာ ေခၚလို႔မရလို႔ သူအနားမွာရွိလားဟင္''

"ရွင္းယာ ညီမေလး ဘာမွစိတ္မပူနဲ႕ေနာ္ ယြင္ဖန္းက ညီမေလးတဇြတ္ထိုးလုပ္မွာစိုးလို႔ အိမ္ကိုျပန္ပို႔လိုက္တာပါ အကိုတို႔အတူျပန္လာခဲ့မယ္ စိတ္ခ်လက္ခ်ေနေနာ္ ၿပီးေတာ့ လိုက္ရွာဖို႔လဲမႀကိဳးစားပါနဲ႕ အကိုတို႔ ဒီနိုင္ငံထဲမွာမဟုတ္ဘူး ယြင္ဖန္းအေမကိုလဲ ဂ႐ုစိုက္လိုက္ပါအုံး''

"မဟုတ္ေသးပါဘူး အကိုေကာင္းဖန္ အခုဘယ္မွာလဲဟင္ ယြင္ဖန္းကိုဖုန္းေပးလိုက္ပါ ကြၽန္မသူနဲ႕စကားေျပာခ်င္တယ္''

သို႔ေသာ္လည္း ေကာင္းဖန္ထံမွ တုံ႕ျပန္မႈကိုမရလိုက္ဘဲ ဖုန္းခ်သြားခဲ့သည္။ သူမထပ္ဆက္ေသာ္လည္း ေခၚမရေတာ့ေပ...

သူမ ငိုေႂကြးၿပီးရင္းငိုေႂကြးကာ ဆက္သြယ္မရေသာ ရွယြင္ဖန္း၏ဖုန္းကို message မ်ားပို႔ေနမိသည္။

​ၿပိဳကြဲေနေသာ သူမ၏မိသားစုေၾကာင့္ စိတ္ဒဏ္ရာရေနသူ သူမ၏ဘဝတြင္ ရွယြင္ဖန္းတစ္ဦးထဲကသာ သူမ၏ကမၻာျဖစ္ခဲ့သည္။
ထိုသူကိုပထဦးဆုံးခ်စ္ခဲ့ၿပီး ထိုသူႏွင့္သာ လက္တြဲခဲ့သည္။ သူမရွယြင္ဖန္း၏ အခ်စ္ဦးမဟုတ္ေသာ္လည္း အခ်စ္ဆုံးသူျဖစ္ခဲ့သည္။

ယခုသူထားခဲ့သည္မွာလဲ သူမအတြက္ျဖစ္ေၾကာင္းသူမ သိသည္။ သို႔ေသာ္လည္း ျပန္ေတြ႕ရဖို႔မေသခ်ာေသာ အေျခအေနေၾကာင့္ သူမ၏ရင္ စုတ္ျပတ္သတ္သြားသလိုခံစားေနရသည္။ သူမ၏အေမဆုံးပါးသြားတုန္းကအတိုင္း သူမ တဖန္နာက်င္ေနရသည္။

ထိုေန႕က သူမအ႐ူးတစ္ေယာက္သဖြယ္ ေအာ္ဟစ္ငိုေႂကြးေနမိခဲ့သည္။

ဆက္ရန္

ေျပာစရာမရွိေတာ့ပါဘူး အရမ္းၾကာသြားတာကိုေတာင္းပန္ပါတယ္😁
#flamingo





Continue Reading

You'll Also Like

35.4K 2.9K 30
Translation work of Best Novels Collection Team- BNC Team U can search 'Best Novels Collection Team' on Fb💛
33.4K 2.9K 51
Alternative Title ဗီလိန်အဖြစ်မွေ့လျော်ခြင်း _ ဗီလိန္အျဖစ္ေမြ့ေလ်ာ္ျခင္း ***This fiction is own creation***
794K 31.7K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
1.5M 240K 92
Title - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Modern, School Eng Translator - Flareax Myan...