ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 288K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

108

6.9K 1.4K 69
By Melinoe_Megami

Unicode

“ကိုယ်လေ.. တစ်ခါတစ်လေ မင်းရဲ့နှလုံးသားကို ခံစားလို့မရဘူး.. ကိုယ်တို့နှစ်ယောက်ကြားမှာ အရမ်းဝေးကွာနေသလိုပဲ..”

ရင်းဆုယဲ့က သူ့ရဲ့နှလုံးသားနေရာကို ထောက်ပြပြီးနောက် ရွှယ်ယို့ရှန်းရဲ့ နှလုံးသားလေးကိုလည်း လက်ညှိုးဖြင့် ထောက်ပြလိုက်တယ်။ သူတို့နှစ်ဦးမှာ နီးကပ်နေသော်ငြား နှလုံးသားတွေက ဝေးကွာလွန်းနေကြောင်း ပြောပြနေခဲ့တယ်။

“………..”

ရင်းဆုယဲ့ မှန်ကန်ကြောင်း ရွှယ်ယို့ရှန်းအနေနဲ့ ဝန်ခံရလိမ့်မယ်။

ဘယ်လိုပဲပြောပြော သူနဲ့ရင်းဆုယဲ့က ကမ္ဘာမတူဘူးလေ။ ကမ္ဘာနှစ်ခုရဲ့ အကွာအဝေးက သူတို့နှစ်ယောက်ကို ခြားနားစေလိမ့်မယ်။ သူတို့ရဲ့အကြံဉာဏ်၊ အတွေးအခေါ်နဲ့ ရှုထောင့်တွေက ခြားနားနေတာ အမှန်ပဲ။ ထိုအချင်းအရာက အကွာအဝေးတစ်ခု ကွာခြားနေသလို ခံစားရစေလိမ့်မယ်။ တစ်ခုပဲ.. လက်ရှိအခြေအနေနဲ့ သူတို့ရဲ့စကားဝိုင်းက သိပ်မဆိုင်သလိုပဲနော်..? အရေးကြီးကိစ္စ ပြောနေရာကနေ ဘယ်လိုလုပ် မွေးရပ်မြေအကြောင်းတွေ ပါလာရတာလဲ..?

စကားလမ်းကြောင်းပြောင်းသွားတာ အရမ်းမြန်လွန်းနေတယ်မဟုတ်ဘူးလား..? ပြီးတော့ သူ(ရင်းဆုယဲ့)လည်း ကမ္ဘာမြေကနေ ဝိဉာဉ်ကူပြောင်းလာသလို ထင်ယောင်ထင်မှားတွေဖြစ်အောင် လာလုပ်နေတယ်။ မဟုတ်ရင် ‘အကွာအဝေး’ တို့၊ ‘ဝေးကွာတာ’တို့ အဲ့လိုစကားလုံးတွေ ရုတ်တရက်ကြီး ဘာလို့သုံးနှုန်းလာရတာလဲ..? ဘာရယ်မဟုတ် Tagore(တဂိုး) ရဲ့ ‘ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအ‌ဝေး’ ကိုတောင် သတိရသွားတယ်။

ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ
ရှင်ခြင်းနှင့်သေခြင်း မဟုတ်ဘူး။
နင့်ဘေးမှာ ငါရှိလျက်နဲ့ ငါချစ်တာကို နင်မသိတာပါပဲ။

ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ
နင့်ဘေးမှာ ငါရှိလျက်နဲ့ ငါချစ်တာကို နင်မသိတာ မဟုတ်ဘူး။
နှစ်ယောက်လုံး ချစ်လျက်နဲ့ အတူမနေကြရတာပါပဲ။

ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ
နှစ်ယောက်စလုံး ချစ်လျက်နဲ့ အတူမနေကြရတာ မဟုတ်ဘူး။
ချစ်နေလွမ်းနေလျက်နဲ့ စိတ်မဝင်စားသို ဟန်ဆောင်နေတာပါပဲ။

ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ
ချစ်နေလွမ်းနေလျက်နဲ့ စိတ်မဝင်စားသလို ဟန်ဆောင်နေတာ မဟုတ်ဘူး။
အေးစက်တဲ့ အသည်းနှလုံးနဲ ကိုယ့်ကိုချစ်တဲ့လူကို
ဥပေက္ခာပြုလိုက်တာပါပဲ။

(TN : Rabindranath Tagore ရဲ့ ‘The Furthest Distance In The World’ ဆိုတဲ့ ကဗျာလေးပါ။ Meli က ကဗျာနဲ့ပက်သက်ပြီး သိပ်မသိတဲ့အတွက် Facebook ပေါ်က ဘာသာပြန်ကို ယူသုံးထားပါတယ်။ Tagore (တဂိုး)က အိန္ဒိယမှာမွေးဖွားခဲ့တဲ့ ဘင်္ဂါလီလူမျိုး စာပေပညာရှင်တစ်ယောက်ပါ။ မှားယွင်းတာရှိခဲ့ရင် ထောက်ပြနိုင်ပါတယ်။)

အဲ့ကဗျာကို မြင်လိုက်တာနဲ့ ဘာလို့အရမ်းကြိုက်နှစ်သက်သွားမှန်း မသိခဲ့ဘူး။ တစ်ခါတည်း စိတ်ထဲမှာ စွဲမြဲနေခဲ့တယ်။ ဒီလိုဘာမှမဆိုင်တဲ့ အခြေအနေမျိုးမှာတောင် အဲ့ကဗျာက သူ့ရဲ့စိတ်ထဲမှာ ထွက်ပေါ်လာသေးတယ်။ သေချာတာတော့ စာရေးဆရာတစ်ယောက်ရဲ့ စာရူးပေရူးရောဂါကို မကုလို့မဖြစ်တော့ဘူး။

သူ့ကို ကယ်တင်လို့ရလောက်သေးတယ်မလား..?!

“မင်းသိရဲ့လား..? လူတွေနဲ့တွေ့တိုင်း မင်းက စိတ်ပျံ့လွင့်နေတတ်တယ်.. လူတိုင်းထက်သာလွန်တဲ့ ပုံစံမျိုးနဲ့..”

ထုံးစံအတိုင်း စိတ်ပျံ့လွင့်နေတဲ့ ကောင်လေးကိုကြည့်ရင်း ရင်းဆုယဲ့ရဲ့ မျက်ဝန်းများက မည်းမှောင်လာခဲ့တယ်။

“အခုလိုမျိုးပေါ့..!”

ရင်းဆုယဲ့က ကောင်လေးရဲ့ မျက်ဝန်းတွေထဲမှာ သူ့ရဲ့အရိပ်တစ်ခုသာ ထင်ဟပ်နေသည်အထိ မေးစေ့ကိုကိုင်ကာ ပင့်လိုက်တယ်။ ရင်းဆုယဲ့ရဲ့ စိတ်ခံစားချက်က ပိုမိုလေးနက်လာခဲ့တယ်။

“တစ်ခါတစ်လေ ကျွန်တော် စိတ်ပျံ့လွင့်နေတတ်တာတော့ ဝန်ခံပါတယ်.. ဒါပေမဲ့ တခြားလူတွေရှေ့မှာ လူတိုင်းထက်သာလွန်သလိုမျိုး တစ်ခါမှမလုပ်ဖူးပါဘူးနော်..!”

ရင်းဆုယဲ့က ရုတ်တရက်ကြီး စကားတွေအများကြီးပြောလာတာကြောင့် ရွှယ်ယို့ရှန်းခမျာ စိတ်မသက်မသာ ဖြစ်နေတော့တယ်။ သို့သော်လည်း တချို့ကိစ္စတွေက သေချာရှင်းလင်းရန် လိုအပ်လာချေပြီ။

ဦးနှောက်ထဲ အပေါက်ဖြစ်နေတာကို သူကိုယ်တိုင်လည်း ထိန်းချုပ်လို့မရဘူးလေ။ အဲ့တော့ သူ့အပြစ်မဟုတ်ဘူး။ ဒါပေမဲ့ လူတိုင်းထက်သာလွန်တဲ့ပုံစံ..? အဲ့တာဘာကြီးလဲ..? ဒါကျိန်းသေပေါက် PA လုပ်တာပဲ..!

(TN : PA = Personal Attack)

*လဲကျသွား*

ရင်းဆုယဲ့နဲ့ တွေ့ပြီးကတည်းက ‘လူတိုင်းထက်သာလွန်သလို ခံစားချက်မျိုး’ လုံးဝမရှိတော့တာ ဘုရားသခင်ပဲ သိလိမ့်မယ်။ မနာလိုဝန်တိုဖြစ်မနေတာပဲ တော်လွန်းနေပြီ..!

“ကိုယ်ပြောချင်တာကို မင်းနားမလည်သေးဘူး..”

အစကတော့ ရင်းဆုယဲ့က သူအများကြီးပြောခဲ့တာကြောင့် ကောင်လေး နားလည်သွားလောက်ပြီလို့ ထင်နေခဲ့တာ။ ဒါပေမဲ့ သူ့ကို အပြစ်တင်သလိုကြည့်နေတဲ့ ကောင်လေးရဲ့အကြည့်ကို မြင်လိုက်ရတော့မှ နားမလည်သေးဘူးဆိုတာ သိလိုက်တယ်။ ကောင်ငယ်လေးက လုံးဝနားမလည်သေးတာပဲ။

“ဟမ်..?”

ရွှယ်ယို့ရှန်းက မျက်လုံးအပြူးသားနဲ့ ရင်းဆုယဲ့ကို စိုက်ကြည့်နေခဲ့တယ်။

ရင်းဆုယဲ့ရဲ့ အလိုလိုက်သလိုလို၊ ကူကယ်ရာမဲ့နေသလိုလို လေသံကြီးက ဘာသဘောလဲဟ..? သူ့ရဲ့IQ ကို လာလှောင်နေတာလား? ဟုတ်လား..?

“ဒီကုန်းမြေရဲ့ စည်းမျဉ်းတစ်ချို့ကို မင်းပိုင်စိုးထားတယ်.. ဒီကမ္ဘာကြီးအပေါ် အတော်အသင့် ထိန်းချုပ်ထားနိုင်တယ်.. အဲ့တာကြောင့် မင်းကိုယ်တိုင် မသိလိုက်ပဲ ‘အများထက်သာလွန်တဲ့ဟန်ပန်’တစ်ခုကို ထုတ်ဖော်ပြနေတတ်တယ်..”

ရင်းဆုယဲ့က စဉ်းစားကြည့်လိုက်ပြီး တိုတိုနဲ့ လိုရင်းရောက်အောင် ရှင်းပြလိုက်တယ်။ သိသာစွာဖြင့် ကမ္ဘာကြီးရဲ့ ဥပဒေသတချို့ကို ပိုင်ဆိုင်ထားတဲ့ ရွှယ်ယို့ရှန်းရဲ့ ဖြစ်တည်မှု၊ တခြားလူတွေနဲ့ ကံကြမ္မာနဲ့ ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုအပေါ် မြင်နိုင်စွမ်းတို့ကို ရင်းဆုယဲ့က သိနေခဲ့တယ်။

“………..”

ရင်းဆုယဲ့ပြောလိုက်မှ ကမ္ဘာကြီးအပေါ်အပေါ်စီးမှကြည့်နေခဲ့မိမှန်း ရွှယ်ယို့ရှန်းတစ်ယောက် သတိထားမိသွားတော့တယ်။

သူဖန်တီးခဲ့တဲ့ ကမ္ဘာကြီးဖြစ်နေတော့ လူတွေ၊ အရာဝတ္ထုတွေအပေါ်မှာ အေးစက်စိမ်းကားသလို ဖြစ်နေခဲ့တယ်။ အဲ့တာကြောင့်လူသတ်တာပဲဖြစ်ဖြစ်၊ တခြားဆိုးဝါးတဲ့မြင်ကွင်းမျိုး မြင်တွေ့နေရရင်တောင် စိတ်ခံစားချက်မရှိပဲ လက်ခံနိုင်ခဲ့တယ်..! ဘာလို့လဲဆိုတော့ ဒီကမ္ဘာကြီးကို ဝတ္ထုတစ်ပုဒ်လို သဘောထားပြီး အစစ်အမှန်ကမ္ဘာတစ်ခုအဖြစ် မတွေးခဲ့ဖူးလို့ပဲ။ အဲ့တော့ ဘာပဲဖြစ်ဖြစ် သူ့ရဲ့စိတ်ထဲမှာ သိပ်ပြီးမခံစားခဲ့ရဘူး။ အမြဲတမ်းလိုလို စိတ်အေးလက်အေး နေနိုင်ခဲ့တယ်။

“တကယ်တော့ အရာရာတိုင်းကို သိနေတာမျိုးမဟုတ်ပါဘူး.. အနည်းဆုံးတော့ ခင်ဗျားပြန်မွေးဖွားလာတာကို မသိခဲ့ဘူးလေ..!”

သို့သော်လည်း လက်ရှိအခြေအနေမှာတော့ ဒီကမ္ဘာကြီးက အစစ်အမှန်ဖြစ်ကြောင်း ရွှယ်ယို့ရှန်းလည်း နားလည်သွားခဲ့ချေပြီ။

ဒီကမ္ဘာကြီးက သူရေးသားခဲ့တဲ့ စိတ်ကူးယဉ်ကမ္ဘာကြီး မဟုတ်တော့ဘူး။ သူကိုယ်တိုင် ဒီနေရာမှာ ကောင်းကောင်းမွန်မွန် အသက်ရှင်သန်နေရပြီ..! အဲ့တော့ သူက ‘ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်’ ဝတ္ထုကို ရေးသားခဲ့တဲ့ စာရေးဆရာဆိုပေမယ့် ဒီကမ္ဘာကြီးရဲ့ ဖန်ဆင်းရှင်မဟုတ်ဘူး..!

သူဖန်တီးခဲ့တဲ့ ကမ္ဘာမဟုတ်ဘူးဆိုတော့ သူ,မသိသေးတဲ့အရာတွေ၊ နားမလည်သေးတဲ့အရာတွေ အများကြီးရှိနေမှာပဲ။ သူ့ရဲ့ပတ်ဝန်းကျင်မှာ သူရေးသားခဲ့တာမဟုတ်တဲ့ အရာပစ္စည်းတွေလည်း အများကြီးရှိနေတယ်။ အစစ်အမှန်ကမ္ဘာနဲ့ စိတ်ကူးယဉ်ဝတ္ထုကြားက ကွာခြားချက်ပဲ..! အဲ့တော့ သူ့မှာ ဒီကမ္ဘာကြီးအပေါ် ပွဲကြည့်သူလိုမျိုး စိတ်အေးလက်အေး ကြည့်နေရလောက်တဲ့အထိ အရည်အချင်းမရှိဘူး..!

ထိုအခိုက်အတန့် ရွှယ်ယို့ရှန်းခမျာ သူဖန်တီးခဲ့တဲ့ ပုလ္လင်ပေါ်က ဆွဲချခံလိုက်ရသလို ခံစားလိုက်ရတယ်။

“ဒါပေမဲ့ မင်းက ဒီကမ္ဘာကြီးရဲ့စည်းမျဉ်းတချို့ကို ပိုင်စိုးထားတယ်လေ..”

ရုတ်တရက် စိတ်ညှိုးနွမ်းသွားတဲ့ ကောင်လေးရဲ့ပုံစံကြောင့် ရင်းဆုယဲ့မှာ နားမလည်နိုင်အောင် ဖြစ်သွားရတယ်။ သို့သော်လည်း စိတ်ရှည်လက်ရှည် ချော့မော့နေဆဲ။

စည်းမျဉ်းတချို့ကို ချုပ်ကိုင်ထားနိုင်ပေမယ့် ကောင်လေးက အရာအားလုံးကို သိနေတာတော့မဟုတ်ဘူး။ ကြည့်ရတာ လက်ရှိပြဿနာကို အဆုံးသတ်ပြီးတာနဲ့ ရွှယ်ယို့ရှန်းအပေါ် ပိုပြီးအာရုံစိုက်ရတော့မှာပဲ။

“ဘာကိုဆိုလိုတာလဲ..?”

ရင်းဆုယဲ့က သူ့အပေါ် အထင်ကြီးလွန်းနေတယ်လို့ ရွှယ်ယို့ရှန်း ခံစားလိုက်ရတယ်။

စည်းမျဉ်းကို ပိုင်စိုးတာတွေ၊ ဘာတွေညာတွေ၊ လုံးဝနားမလည်ဘူးဟ..! ကိုယ့်အကြောင်း ကိုယ်ပဲသိတယ်။ သူ့မှာ ဒီကမ္ဘာကြီးရဲ့ အပေါ်ယံဇာတ်ကြောင်းကို သိထားခဲ့တဲ့ ခပ်ပေါပေါအားသာချက်တစ်ခုပဲရှိတာ..! တစ်ခုခုသာ ပြောင်းလဲသွားခဲ့ရင် သူသိခဲ့သမျှဇာတ်ကြောင်းတွေက လုံးဝသုံးစားမရတော့ဘူး..! ဝမ်းနည်းဖို့ကောင်လိုက်တာ..! အဲ့အကြောင်းတွေးနေတာ ရပ်သင့်ပြီ..!

“မင်းသတိမထားမိဘူးလား..? မင်းသာ ဆန္ဒရှိရင် ကမ္ဘာကြီးက အတိုင်းအတာတစ်ခုအထိ ပြောင်းလဲခွင့်ပြုထားတယ်လေ..”

ကောင်လေးရဲ့ အူကြောင်ကြောင် ပုံစံလေးကိုမြင်တော့ ရင်းဆုယဲ့က နည်းနည်းထပ်ရှင်းပြလိုက်တယ်။

ကောင်လေးက သတိမထားမိတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူကတော့ အဲ့လိုမဟုတ်ဘူး။ ဥပမာပြောရရင် မြူနှင်းတောအုပ်ထဲမှာ ရှိနေတုန်းကပေါ့။ ကောင်လေးက တခြားခရီးသွားတွေနဲ့ တွေ့ချင်တယ်လို့ ပြောခဲ့တယ်။ သိပ်မကြာခင်မှာပဲ လူလေးယောက်အဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်။

နောက်ထပ်ဥပမာအနေနဲ့ လင်းစန်းမြို့ရဲ့ တည်းခိုဆောင်မှာ ထမင်းစားနေတဲ့အချိန် ကောင်လေးက တစ်ခုခုဖြစ်ပျက်လာတာမျိုး မြင်ချင်တယ်လို့ ပြောခဲ့တယ်။ အဲ့နောက်မှာတော့ ဟော်ရူယန်၊ ပိုင်ယွီတို့နဲ့ တွေ့ဆုံခဲ့ရတာပဲ။

အလားတူအခြေအနေမျိုးတွေ အများကြီးထပ်ရှိသေးတယ်။ တစ်ခေါက်တည်းဆို တိုက်ဆိုင်တာဖြစ်နိုင်တယ်။ နှစ်ခေါက်ဆိုရင်တော့ တိုင်ဆိုင်တာ မဖြစ်နိုင်တော့ဘူး..! အဲ့လောက်တိုက်ဆိုင်တဲ့ကိစ္စမျိုး ကမ္ဘာပေါ်မှာမရှိဘူး၊ အရာအားလုံးက ဖြစ်သင့်လို့ ဖြစ်လာတာချည်းပဲ..! အဲ့တာကြောင့် ဒီကမ္ဘာကြီးက ကောင်လေးကို ဗဟိုပြုပြီး အတိုင်းအတာတစ်ခုအထိ လည်ပတ်နေသလို ခံစားနေရတယ်။

“…………….”

ရွှယ်ယို့ရှန်းက အပြစ်ကင်းစင်စွာ မျက်တောင်ခတ်လိုက်တယ်။

ရင်းဆုယဲ့ရဲ့ ထင်မြင်ချက်က ဘယ်ကလာမှန်းမသိပေမယ့် သူ့ကို စိတ်သက်သာရာ ရစေတယ်..! အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို အဆင့်မြင့်တယ်လို့ ထင်မြင်စေတယ်..! တချိန်တည်းမှာပဲ ‘နိမိတ်မရှိတဲ့ပါးစပ်’က Golden Finger တစ်ခုဆိုတာ နားလည်သွားပြီ..!

ရွှယ်ယို့ရှန်းခမျာ အကျယ်ကြီး အော်ငိုမိတော့မလိုပဲ။ “Boss ကတော့ မျက်ရည်မိုးရွာအောင် လုပ်နေပြီ..!”

“မင်းဆီမှာ ကိုယ်မသိသေးတဲ့အရာတွေ အများကြီးရှိနေသေးတယ်.. ကိုယ့်ကို မလုံခြုံသလို ခံစားရစေတယ်..”

ရင်းဆုယဲ့က သူ့ရဲ့ယုံကြည်ချက်မရှိတဲ့ အမူအရာကို ရွှယ်ယို့ရှန်းရှေ့မှာ ပထမဦးဆုံးအကြိမ် ထုတ်ပြလာခဲ့တယ်။ ဆုံးရှုံးရသည်ဖြစ်စေ၊ ပိုင်ဆိုင်ရသည်ဖြစ်စေ၊ သူသိချင်တယ်။ စိတ်အေးချင်တာကြောင့် ရွှယ်ယို့ရှန်းရဲ့ သူ့အပေါ်စိတ်ရင်းကို အကြိမ်ပေါင်းများစွာ အမျိုးမျိုး စမ်းသပ်နေခဲ့မိတယ်။ ဒါပေမဲ့လည်း စမ်းသပ်လေ၊ သူနားမလည်နိုင်တဲ့ ကောင်လေးရဲ့ လုပ်ရပ်တွေကြောင့် ပိုပြီးစိတ်ပူလာရလေပဲ။

“ခင်ဗျားပြောခဲ့တာ အများကြီးပဲ.. ဒါပေမဲ့ ကျွန်တော်နားမလည်သေးဘူး.. ဒီကိစ္စတွေနဲ့ တမင်တကာ ကိုယ့်ကိုယ်ကိုနှိပ်စက်ပြီး ‘ကံကြမ္မာကူးပြောင်းခြင်း’ကို အသက်သွင်းခဲ့တဲ့ကိစ္စနဲ့ ဘာသက်ဆိုင်လို့လဲ..?”

ရင်းဆုယဲ့ကြောင့် ဘာမှမပြောနိုင်အောင် ငေးကြောင်နေမိခဲ့တာပဲ။ အစက မဟုတ်တာတွေ လျှောက်လုပ်နေတဲ့ ရင်းဆုယဲ့ကို ဆူငေါက်ပစ်ဖို့ ပြင်ဆင်ထားခဲ့တာ။ ဒါပေမဲ့ သူတို့စကားလမ်းကြောင်းက ဘယ်ရောက်သွားတာလဲ..? ရင်းဆုယဲ့က တကယ့်ကို ဉာဏ်များတာပဲ..! အချိန်ခနလေးအတွင်း လူကို မူးဝေသွားအောင် လုပ်နိုင်တယ်။

ကံကောင်းချင်တော့ သူက ဉာဏ်ကောင်းတယ်လေ။ ရင်းဆုယဲ့ရဲ့ထောင်ချောက်ထဲကို ရောက်မသွားခဲ့ဘူး။ အဲ့တာနဲ့ မူလစကားလမ်းကြောင်းကို ပြန်ပြီးဦးတည်ပေးလိုက်တာပေါ့။

ကိုယ့်ကိုယ်ကို Like 32 ခါ ပေးသင့်ပြီ..!

ဒီတစ်ခေါက်တော့ ရင်းဆုယဲ့ကို စကားလမ်းကြောင်းပြောင်းခွင့် မပေးနိုင်တော့ဘူး..!

“ဆိုင်တာပေါ့..”

ကောင်လေးက သူ့ရဲ့စကားတွေကို အစကနေအဆုံးအထိ နားမလည်နိုင်ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ အဓိကအချက်ကို လျစ်လျူရှုထားတယ်။ တကယ့်ပြဿနာကြီးကိုမှ လျစ်လျူရှုထားခဲ့ပြီး မူလပြဿနာကို ပြန်သွားချင်နေတော့ ရင်းဆုယဲ့ခမျာ ငိုရမလို၊ ရယ်ရမလို ဖြစ်နေတော့တယ်။

သူထင်ထားတာက အရမ်းရှင်းလင်းနေအောင် သူ့ရဲ့စိတ်ကို ဖော်ပြပြီးပြီလို့ပေါ့။ ရလဒ်ကတော့ ကောင်လေးက လုံးဝနားမလည်သေးဘူးပဲ။

သက်ရောက်မှုက အရမ်းနှေးကွေးလွန်းတယ်..!

ကောင်လေးကို တည့်တိုးပြောသင့်ပြီထင်တယ်..? အဲ့လိုမှမလုပ်ရင် ဒီအူတူတူလေးက သူ့ရဲ့စကားကို တစ်သက်လုံး နားလည်မှာမဟုတ်တော့ဘူး။

…………………………….

ဘာသာပြန်သူမှာ အတင်းတုပ်စရာရှိပါတယ်။

ရင်းဆုယဲ့ : “ကိစ္စတစ်ခုခုရှိတိုင်း မင်းရဲ့စိတ်က ပျံ့လွင့်နေတတ်တယ်..”

ရွှယ်ယို့ရှန်း : *စဉ်းစားနေ၊ တွေးတောနေ၊ အာရုံမရ*

Meli : “ယဲ့ကောရေ.. ခနစောင့်လိုက်ဦး.. ငတုံးလေး အဲ... ကလေးက စိတ်ပျံ့လွင့်နေတုန်းပဲ..”

…………………………….

Zawgyi

“ကိုယ္ေလ.. တစ္ခါတစ္ေလ မင္းရဲ႕ႏွလုံးသားကို ခံစားလို႔မရဘူး.. ကိုယ္တို႔ႏွစ္ေယာက္ၾကားမွာ အရမ္းေဝးကြာေနသလိုပဲ..”

ရင္းဆုယဲ့က သူ႔ရဲ႕ႏွလုံးသားေနရာကို ေထာက္ျပၿပီးေနာက္ ႐ႊယ္ယို႔ရွန္းရဲ႕ ႏွလုံးသားေလးကိုလည္း လက္ညႇိဳးျဖင့္ ေထာက္ျပလိုက္တယ္။ သူတို႔ႏွစ္ဦးမွာ နီးကပ္ေနေသာ္ျငား ႏွလုံးသားေတြက ေဝးကြာလြန္းေနေၾကာင္း ေျပာျပေနခဲ့တယ္။

“………..”

ရင္းဆုယဲ့ မွန္ကန္ေၾကာင္း ႐ႊယ္ယို႔ရွန္းအေနနဲ႔ ဝန္ခံရလိမ့္မယ္။

ဘယ္လိုပဲေျပာေျပာ သူနဲ႔ရင္းဆုယဲ့က ကမာၻမတူဘူးေလ။ ကမာၻႏွစ္ခုရဲ႕ အကြာအေဝးက သူတို႔ႏွစ္ေယာက္ကို ျခားနားေစလိမ့္မယ္။ သူတို႔ရဲ႕အႀကံဉာဏ္၊ အေတြးအေခၚနဲ႔ ရႈေထာင့္ေတြက ျခားနားေနတာ အမွန္ပဲ။ ထိုအခ်င္းအရာက အကြာအေဝးတစ္ခု ကြာျခားေနသလို ခံစားရေစလိမ့္မယ္။ တစ္ခုပဲ.. လက္ရွိအေျခအေနနဲ႔ သူတို႔ရဲ႕စကားဝိုင္းက သိပ္မဆိုင္သလိုပဲေနာ္..? အေရးႀကီးကိစၥ ေျပာေနရာကေန ဘယ္လိုလုပ္ ေမြးရပ္ေျမအေၾကာင္းေတြ ပါလာရတာလဲ..?

စကားလမ္းေၾကာင္းေျပာင္းသြားတာ အရမ္းျမန္လြန္းေနတယ္မဟုတ္ဘူးလား..? ၿပီးေတာ့ သူ(ရင္းဆုယဲ့)လည္း ကမာၻေျမကေန ဝိဉာဥ္ကူေျပာင္းလာသလို ထင္ေယာင္ထင္မွားေတြျဖစ္ေအာင္ လာလုပ္ေနတယ္။ မဟုတ္ရင္ ‘အကြာအေဝး’ တို႔၊ ‘ေဝးကြာတာ’တို႔ အဲ့လိုစကားလုံးေတြ ႐ုတ္တရက္ႀကီး ဘာလို႔သုံးႏႈန္းလာရတာလဲ..? ဘာရယ္မဟုတ္ Tagore(တဂိုး) ရဲ႕ ‘ကမာၻေပၚမွာ အေဝးဆုံး အကြာအ‌ေဝး’ ကိုေတာင္ သတိရသြားတယ္။

ကမာၻေပၚမွာ အေဝးဆုံး အကြာအေဝးဆိုတာ
ရွင္ျခင္းႏွင့္ေသျခင္း မဟုတ္ဘူး။
နင့္ေဘးမွာ ငါရွိလ်က္နဲ႔ ငါခ်စ္တာကို နင္မသိတာပါပဲ။

ကမာၻေပၚမွာ အေဝးဆုံး အကြာအေဝးဆိုတာ
နင့္ေဘးမွာ ငါရွိလ်က္နဲ႔ ငါခ်စ္တာကို နင္မသိတာ မဟုတ္ဘူး။
ႏွစ္ေယာက္လုံး ခ်စ္လ်က္နဲ႔ အတူမေနၾကရတာပါပဲ။

ကမာၻေပၚမွာ အေဝးဆုံး အကြာအေဝးဆိုတာ
ႏွစ္ေယာက္စလုံး ခ်စ္လ်က္နဲ႔ အတူမေနၾကရတာ မဟုတ္ဘူး။
ခ်စ္ေနလြမ္းေနလ်က္နဲ႔ စိတ္မဝင္စားသို ဟန္ေဆာင္ေနတာပါပဲ။

ကမာၻေပၚမွာ အေဝးဆုံး အကြာအေဝးဆိုတာ
ခ်စ္ေနလြမ္းေနလ်က္နဲ႔ စိတ္မဝင္စားသလို ဟန္ေဆာင္ေနတာ မဟုတ္ဘူး။
ေအးစက္တဲ့ အသည္းႏွလုံးနဲ ကိုယ့္ကိုခ်စ္တဲ့လူကို
ဥေပကၡာျပဳလိုက္တာပါပဲ။

(TN : Rabindranath Tagore ရဲ႕ ‘The Furthest Distance In The World’ ဆိုတဲ့ ကဗ်ာေလးပါ။ Meli က ကဗ်ာနဲ႔ပက္သက္ၿပီး သိပ္မသိတဲ့အတြက္ Facebook ေပၚက ဘာသာျပန္ကို ယူသုံးထားပါတယ္။ Tagore (တဂိုး)က အိႏၵိယမွာေမြးဖြားခဲ့တဲ့ ဘဂၤါလီလူမ်ိဳး စာေပပညာရွင္တစ္ေယာက္ပါ။ မွားယြင္းတာရွိခဲ့ရင္ ေထာက္ျပႏိုင္ပါတယ္။)

အဲ့ကဗ်ာကို ျမင္လိုက္တာနဲ႔ ဘာလို႔အရမ္းႀကိဳက္ႏွစ္သက္သြားမွန္း မသိခဲ့ဘူး။ တစ္ခါတည္း စိတ္ထဲမွာ စြဲၿမဲေနခဲ့တယ္။ ဒီလိုဘာမွမဆိုင္တဲ့ အေျခအေနမ်ိဳးမွာေတာင္ အဲ့ကဗ်ာက သူ႔ရဲ႕စိတ္ထဲမွာ ထြက္ေပၚလာေသးတယ္။ ေသခ်ာတာေတာ့ စာေရးဆရာတစ္ေယာက္ရဲ႕ စာ႐ူးေပ႐ူးေရာဂါကို မကုလို႔မျဖစ္ေတာ့ဘူး။

သူ႔ကို ကယ္တင္လို႔ရေလာက္ေသးတယ္မလား..?!

“မင္းသိရဲ႕လား..? လူေတြနဲ႔ေတြ႕တိုင္း မင္းက စိတ္ပ်ံ႕လြင့္ေနတတ္တယ္.. လူတိုင္းထက္သာလြန္တဲ့ ပုံစံမ်ိဳးနဲ႔..”

ထုံးစံအတိုင္း စိတ္ပ်ံ႕လြင့္ေနတဲ့ ေကာင္ေလးကိုၾကည့္ရင္း ရင္းဆုယဲ့ရဲ႕ မ်က္ဝန္းမ်ားက မည္းေမွာင္လာခဲ့တယ္။

“အခုလိုမ်ိဳးေပါ့..!”

ရင္းဆုယဲ့က ေကာင္ေလးရဲ႕ မ်က္ဝန္းေတြထဲမွာ သူ႔ရဲ႕အရိပ္တစ္ခုသာ ထင္ဟပ္ေနသည္အထိ ေမးေစ့ကိုကိုင္ကာ ပင့္လိုက္တယ္။ ရင္းဆုယဲ့ရဲ႕ စိတ္ခံစားခ်က္က ပိုမိုေလးနက္လာခဲ့တယ္။

“တစ္ခါတစ္ေလ ကြၽန္ေတာ္ စိတ္ပ်ံ႕လြင့္ေနတတ္တာေတာ့ ဝန္ခံပါတယ္.. ဒါေပမဲ့ တျခားလူေတြေရွ႕မွာ လူတိုင္းထက္သာလြန္သလိုမ်ိဳး တစ္ခါမွမလုပ္ဖူးပါဘူးေနာ္..!”

ရင္းဆုယဲ့က ႐ုတ္တရက္ႀကီး စကားေတြအမ်ားႀကီးေျပာလာတာေၾကာင့္ ႐ႊယ္ယို႔ရွန္းခမ်ာ စိတ္မသက္မသာ ျဖစ္ေနေတာ့တယ္။ သို႔ေသာ္လည္း တခ်ိဳ႕ကိစၥေတြက ေသခ်ာရွင္းလင္းရန္ လိုအပ္လာေခ်ၿပီ။

ဦးေႏွာက္ထဲ အေပါက္ျဖစ္ေနတာကို သူကိုယ္တိုင္လည္း ထိန္းခ်ဳပ္လို႔မရဘူးေလ။ အဲ့ေတာ့ သူ႔အျပစ္မဟုတ္ဘူး။ ဒါေပမဲ့ လူတိုင္းထက္သာလြန္တဲ့ပုံစံ..? အဲ့တာဘာႀကီးလဲ..? ဒါက်ိန္းေသေပါက္ PA လုပ္တာပဲ..!

(TN : PA = Personal Attack)

*လဲက်သြား*

ရင္းဆုယဲ့နဲ႔ ေတြ႕ၿပီးကတည္းက ‘လူတိုင္းထက္သာလြန္သလို ခံစားခ်က္မ်ိဳး’ လုံးဝမရွိေတာ့တာ ဘုရားသခင္ပဲ သိလိမ့္မယ္။ မနာလိုဝန္တိုျဖစ္မေနတာပဲ ေတာ္လြန္းေနၿပီ..!

“ကိုယ္ေျပာခ်င္တာကို မင္းနားမလည္ေသးဘူး..”

အစကေတာ့ ရင္းဆုယဲ့က သူအမ်ားႀကီးေျပာခဲ့တာေၾကာင့္ ေကာင္ေလး နားလည္သြားေလာက္ၿပီလို႔ ထင္ေနခဲ့တာ။ ဒါေပမဲ့ သူ႔ကို အျပစ္တင္သလိုၾကည့္ေနတဲ့ ေကာင္ေလးရဲ႕အၾကည့္ကို ျမင္လိုက္ရေတာ့မွ နားမလည္ေသးဘူးဆိုတာ သိလိုက္တယ္။ ေကာင္ငယ္ေလးက လုံးဝနားမလည္ေသးတာပဲ။

“ဟမ္..?”

႐ႊယ္ယို႔ရွန္းက မ်က္လုံးအျပဴးသားနဲ႔ ရင္းဆုယဲ့ကို စိုက္ၾကည့္ေနခဲ့တယ္။

ရင္းဆုယဲ့ရဲ႕ အလိုလိုက္သလိုလို၊ ကူကယ္ရာမဲ့ေနသလိုလို ေလသံႀကီးက ဘာသေဘာလဲဟ..? သူ႔ရဲ႕IQ ကို လာေလွာင္ေနတာလား? ဟုတ္လား..?

“ဒီကုန္းေျမရဲ႕ စည္းမ်ဥ္းတစ္ခ်ိဳ႕ကို မင္းပိုင္စိုးထားတယ္.. ဒီကမာၻႀကီးအေပၚ အေတာ္အသင့္ ထိန္းခ်ဳပ္ထားႏိုင္တယ္.. အဲ့တာေၾကာင့္ မင္းကိုယ္တိုင္ မသိလိုက္ပဲ ‘အမ်ားထက္သာလြန္တဲ့ဟန္ပန္’တစ္ခုကို ထုတ္ေဖာ္ျပေနတတ္တယ္..”

ရင္းဆုယဲ့က စဥ္းစားၾကည့္လိုက္ၿပီး တိုတိုနဲ႔ လိုရင္းေရာက္ေအာင္ ရွင္းျပလိုက္တယ္။ သိသာစြာျဖင့္ ကမာၻႀကီးရဲ႕ ဥပေဒသတခ်ိဳ႕ကို ပိုင္ဆိုင္ထားတဲ့ ႐ႊယ္ယို႔ရွန္းရဲ႕ ျဖစ္တည္မႈ၊ တျခားလူေတြနဲ႔ ကံၾကမၼာနဲ႔ ကမာၻႀကီးရဲ႕ ေျပာင္းလဲမႈအေပၚ ျမင္ႏိုင္စြမ္းတို႔ကို ရင္းဆုယဲ့က သိေနခဲ့တယ္။

“………..”

ရင္းဆုယဲ့ေျပာလိုက္မွ ကမာၻႀကီးအေပၚအေပၚစီးမွၾကည့္ေနခဲ့မိမွန္း ႐ႊယ္ယို႔ရွန္းတစ္ေယာက္ သတိထားမိသြားေတာ့တယ္။

သူဖန္တီးခဲ့တဲ့ ကမာၻႀကီးျဖစ္ေနေတာ့ လူေတြ၊ အရာဝတၳဳေတြအေပၚမွာ ေအးစက္စိမ္းကားသလို ျဖစ္ေနခဲ့တယ္။ အဲ့တာေၾကာင့္လူသတ္တာပဲျဖစ္ျဖစ္၊ တျခားဆိုးဝါးတဲ့ျမင္ကြင္းမ်ိဳး ျမင္ေတြ႕ေနရရင္ေတာင္ စိတ္ခံစားခ်က္မရွိပဲ လက္ခံႏိုင္ခဲ့တယ္..! ဘာလို႔လဲဆိုေတာ့ ဒီကမာၻႀကီးကို ဝတၳဳတစ္ပုဒ္လို သေဘာထားၿပီး အစစ္အမွန္ကမာၻတစ္ခုအျဖစ္ မေတြးခဲ့ဖူးလို႔ပဲ။ အဲ့ေတာ့ ဘာပဲျဖစ္ျဖစ္ သူ႔ရဲ႕စိတ္ထဲမွာ သိပ္ၿပီးမခံစားခဲ့ရဘူး။ အၿမဲတမ္းလိုလို စိတ္ေအးလက္ေအး ေနႏိုင္ခဲ့တယ္။

“တကယ္ေတာ့ အရာရာတိုင္းကို သိေနတာမ်ိဳးမဟုတ္ပါဘူး.. အနည္းဆုံးေတာ့ ခင္ဗ်ားျပန္ေမြးဖြားလာတာကို မသိခဲ့ဘူးေလ..!”

သို႔ေသာ္လည္း လက္ရွိအေျခအေနမွာေတာ့ ဒီကမာၻႀကီးက အစစ္အမွန္ျဖစ္ေၾကာင္း ႐ႊယ္ယို႔ရွန္းလည္း နားလည္သြားခဲ့ေခ်ၿပီ။

ဒီကမာၻႀကီးက သူေရးသားခဲ့တဲ့ စိတ္ကူးယဥ္ကမာၻႀကီး မဟုတ္ေတာ့ဘူး။ သူကိုယ္တိုင္ ဒီေနရာမွာ ေကာင္းေကာင္းမြန္မြန္ အသက္ရွင္သန္ေနရၿပီ..! အဲ့ေတာ့ သူက ‘ရာဇဝင္ထဲက အင္အားအႀကီးဆုံးအရွင္’ ဝတၳဳကို ေရးသားခဲ့တဲ့ စာေရးဆရာဆိုေပမယ့္ ဒီကမာၻႀကီးရဲ႕ ဖန္ဆင္းရွင္မဟုတ္ဘူး..!

သူဖန္တီးခဲ့တဲ့ ကမာၻမဟုတ္ဘူးဆိုေတာ့ သူ,မသိေသးတဲ့အရာေတြ၊ နားမလည္ေသးတဲ့အရာေတြ အမ်ားႀကီးရွိေနမွာပဲ။ သူ႔ရဲ႕ပတ္ဝန္းက်င္မွာ သူေရးသားခဲ့တာမဟုတ္တဲ့ အရာပစၥည္းေတြလည္း အမ်ားႀကီးရွိေနတယ္။ အစစ္အမွန္ကမာၻနဲ႔ စိတ္ကူးယဥ္ဝတၳဳၾကားက ကြာျခားခ်က္ပဲ..! အဲ့ေတာ့ သူ႔မွာ ဒီကမာၻႀကီးအေပၚ ပြဲၾကည့္သူလိုမ်ိဳး စိတ္ေအးလက္ေအး ၾကည့္ေနရေလာက္တဲ့အထိ အရည္အခ်င္းမရွိဘူး..!

ထိုအခိုက္အတန႔္ ႐ႊယ္ယို႔ရွန္းခမ်ာ သူဖန္တီးခဲ့တဲ့ ပုလႅင္ေပၚက ဆြဲခ်ခံလိုက္ရသလို ခံစားလိုက္ရတယ္။

“ဒါေပမဲ့ မင္းက ဒီကမာၻႀကီးရဲ႕စည္းမ်ဥ္းတခ်ိဳ႕ကို ပိုင္စိုးထားတယ္ေလ..”

႐ုတ္တရက္ စိတ္ညႇိဳးႏြမ္းသြားတဲ့ ေကာင္ေလးရဲ႕ပုံစံေၾကာင့္ ရင္းဆုယဲ့မွာ နားမလည္ႏိုင္ေအာင္ ျဖစ္သြားရတယ္။ သို႔ေသာ္လည္း စိတ္ရွည္လက္ရွည္ ေခ်ာ့ေမာ့ေနဆဲ။

စည္းမ်ဥ္းတခ်ိဳ႕ကို ခ်ဳပ္ကိုင္ထားႏိုင္ေပမယ့္ ေကာင္ေလးက အရာအားလုံးကို သိေနတာေတာ့မဟုတ္ဘူး။ ၾကည့္ရတာ လက္ရွိျပႆနာကို အဆုံးသတ္ၿပီးတာနဲ႔ ႐ႊယ္ယို႔ရွန္းအေပၚ ပိုၿပီးအာ႐ုံစိုက္ရေတာ့မွာပဲ။

“ဘာကိုဆိုလိုတာလဲ..?”

ရင္းဆုယဲ့က သူ႔အေပၚ အထင္ႀကီးလြန္းေနတယ္လို႔ ႐ႊယ္ယို႔ရွန္း ခံစားလိုက္ရတယ္။

စည္းမ်ဥ္းကို ပိုင္စိုးတာေတြ၊ ဘာေတြညာေတြ၊ လုံးဝနားမလည္ဘူးဟ..! ကိုယ့္အေၾကာင္း ကိုယ္ပဲသိတယ္။ သူ႔မွာ ဒီကမာၻႀကီးရဲ႕ အေပၚယံဇာတ္ေၾကာင္းကို သိထားခဲ့တဲ့ ခပ္ေပါေပါအားသာခ်က္တစ္ခုပဲရွိတာ..! တစ္ခုခုသာ ေျပာင္းလဲသြားခဲ့ရင္ သူသိခဲ့သမွ်ဇာတ္ေၾကာင္းေတြက လုံးဝသုံးစားမရေတာ့ဘူး..! ဝမ္းနည္းဖို႔ေကာင္လိုက္တာ..! အဲ့အေၾကာင္းေတြးေနတာ ရပ္သင့္ၿပီ..!

“မင္းသတိမထားမိဘူးလား..? မင္းသာ ဆႏၵရွိရင္ ကမာၻႀကီးက အတိုင္းအတာတစ္ခုအထိ ေျပာင္းလဲခြင့္ျပဳထားတယ္ေလ..”

ေကာင္ေလးရဲ႕ အူေၾကာင္ေၾကာင္ ပုံစံေလးကိုျမင္ေတာ့ ရင္းဆုယဲ့က နည္းနည္းထပ္ရွင္းျပလိုက္တယ္။

ေကာင္ေလးက သတိမထားမိတာ ျဖစ္ႏိုင္တယ္။ ဒါေပမဲ့ သူကေတာ့ အဲ့လိုမဟုတ္ဘူး။ ဥပမာေျပာရရင္ ျမဴႏွင္းေတာအုပ္ထဲမွာ ရွိေနတုန္းကေပါ့။ ေကာင္ေလးက တျခားခရီးသြားေတြနဲ႔ ေတြ႕ခ်င္တယ္လို႔ ေျပာခဲ့တယ္။ သိပ္မၾကာခင္မွာပဲ လူေလးေယာက္အဖြဲ႕နဲ႔ ေတြ႕ဆုံခဲ့တယ္။

ေနာက္ထပ္ဥပမာအေနနဲ႔ လင္းစန္းၿမိဳ႕ရဲ႕ တည္းခိုေဆာင္မွာ ထမင္းစားေနတဲ့အခ်ိန္ ေကာင္ေလးက တစ္ခုခုျဖစ္ပ်က္လာတာမ်ိဳး ျမင္ခ်င္တယ္လို႔ ေျပာခဲ့တယ္။ အဲ့ေနာက္မွာေတာ့ ေဟာ္႐ူယန္၊ ပိုင္ယြီတို႔နဲ႔ ေတြ႕ဆုံခဲ့ရတာပဲ။

အလားတူအေျခအေနမ်ိဳးေတြ အမ်ားႀကီးထပ္ရွိေသးတယ္။ တစ္ေခါက္တည္းဆို တိုက္ဆိုင္တာျဖစ္ႏိုင္တယ္။ ႏွစ္ေခါက္ဆိုရင္ေတာ့ တိုင္ဆိုင္တာ မျဖစ္ႏိုင္ေတာ့ဘူး..! အဲ့ေလာက္တိုက္ဆိုင္တဲ့ကိစၥမ်ိဳး ကမာၻေပၚမွာမရွိဘူး၊ အရာအားလုံးက ျဖစ္သင့္လို႔ ျဖစ္လာတာခ်ည္းပဲ..! အဲ့တာေၾကာင့္ ဒီကမာၻႀကီးက ေကာင္ေလးကို ဗဟိုျပဳၿပီး အတိုင္းအတာတစ္ခုအထိ လည္ပတ္ေနသလို ခံစားေနရတယ္။

“…………….”

႐ႊယ္ယို႔ရွန္းက အျပစ္ကင္းစင္စြာ မ်က္ေတာင္ခတ္လိုက္တယ္။

ရင္းဆုယဲ့ရဲ႕ ထင္ျမင္ခ်က္က ဘယ္ကလာမွန္းမသိေပမယ့္ သူ႔ကို စိတ္သက္သာရာ ရေစတယ္..! အနည္းဆုံးေတာ့ ကိုယ့္ကိုယ္ကို အဆင့္ျမင့္တယ္လို႔ ထင္ျမင္ေစတယ္..! တခ်ိန္တည္းမွာပဲ ‘နိမိတ္မရွိတဲ့ပါးစပ္’က Golden Finger တစ္ခုဆိုတာ နားလည္သြားၿပီ..!

႐ႊယ္ယို႔ရွန္းခမ်ာ အက်ယ္ႀကီး ေအာ္ငိုမိေတာ့မလိုပဲ။ “Boss ကေတာ့ မ်က္ရည္မိုး႐ြာေအာင္ လုပ္ေနၿပီ..!”

“မင္းဆီမွာ ကိုယ္မသိေသးတဲ့အရာေတြ အမ်ားႀကီးရွိေနေသးတယ္.. ကိုယ့္ကို မလုံၿခဳံသလို ခံစားရေစတယ္..”

ရင္းဆုယဲ့က သူ႔ရဲ႕ယုံၾကည္ခ်က္မရွိတဲ့ အမူအရာကို ႐ႊယ္ယို႔ရွန္းေရွ႕မွာ ပထမဦးဆုံးအႀကိမ္ ထုတ္ျပလာခဲ့တယ္။ ဆုံးရႈံးရသည္ျဖစ္ေစ၊ ပိုင္ဆိုင္ရသည္ျဖစ္ေစ၊ သူသိခ်င္တယ္။ စိတ္ေအးခ်င္တာေၾကာင့္ ႐ႊယ္ယို႔ရွန္းရဲ႕ သူ႔အေပၚစိတ္ရင္းကို အႀကိမ္ေပါင္းမ်ားစြာ အမ်ိဳးမ်ိဳး စမ္းသပ္ေနခဲ့မိတယ္။ ဒါေပမဲ့လည္း စမ္းသပ္ေလ၊ သူနားမလည္ႏိုင္တဲ့ ေကာင္ေလးရဲ႕ လုပ္ရပ္ေတြေၾကာင့္ ပိုၿပီးစိတ္ပူလာရေလပဲ။

“ခင္ဗ်ားေျပာခဲ့တာ အမ်ားႀကီးပဲ.. ဒါေပမဲ့ ကြၽန္ေတာ္နားမလည္ေသးဘူး.. ဒီကိစၥေတြနဲ႔ တမင္တကာ ကိုယ့္ကိုယ္ကိုႏွိပ္စက္ၿပီး ‘ကံၾကမၼာကူးေျပာင္းျခင္း’ကို အသက္သြင္းခဲ့တဲ့ကိစၥနဲ႔ ဘာသက္ဆိုင္လို႔လဲ..?”

ရင္းဆုယဲ့ေၾကာင့္ ဘာမွမေျပာႏိုင္ေအာင္ ေငးေၾကာင္ေနမိခဲ့တာပဲ။ အစက မဟုတ္တာေတြ ေလွ်ာက္လုပ္ေနတဲ့ ရင္းဆုယဲ့ကို ဆူေငါက္ပစ္ဖို႔ ျပင္ဆင္ထားခဲ့တာ။ ဒါေပမဲ့ သူတို႔စကားလမ္းေၾကာင္းက ဘယ္ေရာက္သြားတာလဲ..? ရင္းဆုယဲ့က တကယ့္ကို ဉာဏ္မ်ားတာပဲ..! အခ်ိန္ခနေလးအတြင္း လူကို မူးေဝသြားေအာင္ လုပ္ႏိုင္တယ္။

ကံေကာင္းခ်င္ေတာ့ သူက ဉာဏ္ေကာင္းတယ္ေလ။ ရင္းဆုယဲ့ရဲ႕ေထာင္ေခ်ာက္ထဲကို ေရာက္မသြားခဲ့ဘူး။ အဲ့တာနဲ႔ မူလစကားလမ္းေၾကာင္းကို ျပန္ၿပီးဦးတည္ေပးလိုက္တာေပါ့။

ကိုယ့္ကိုယ္ကို Like 32 ခါ ေပးသင့္ၿပီ..!

ဒီတစ္ေခါက္ေတာ့ ရင္းဆုယဲ့ကို စကားလမ္းေၾကာင္းေျပာင္းခြင့္ မေပးႏိုင္ေတာ့ဘူး..!

“ဆိုင္တာေပါ့..”

ေကာင္ေလးက သူ႔ရဲ႕စကားေတြကို အစကေနအဆုံးအထိ နားမလည္ႏိုင္ျဖစ္ေနလိမ့္မယ္လို႔ မထင္ထားခဲ့မိဘူး။ အဓိကအခ်က္ကို လ်စ္လ်ဴရႈထားတယ္။ တကယ့္ျပႆနာႀကီးကိုမွ လ်စ္လ်ဴရႈထားခဲ့ၿပီး မူလျပႆနာကို ျပန္သြားခ်င္ေနေတာ့ ရင္းဆုယဲ့ခမ်ာ ငိုရမလို၊ ရယ္ရမလို ျဖစ္ေနေတာ့တယ္။

သူထင္ထားတာက အရမ္းရွင္းလင္းေနေအာင္ သူ႔ရဲ႕စိတ္ကို ေဖာ္ျပၿပီးၿပီလို႔ေပါ့။ ရလဒ္ကေတာ့ ေကာင္ေလးက လုံးဝနားမလည္ေသးဘူးပဲ။

သက္ေရာက္မႈက အရမ္းေႏွးေကြးလြန္းတယ္..!

ေကာင္ေလးကို တည့္တိုးေျပာသင့္ၿပီထင္တယ္..? အဲ့လိုမွမလုပ္ရင္ ဒီအူတူတူေလးက သူ႔ရဲ႕စကားကို တစ္သက္လုံး နားလည္မွာမဟုတ္ေတာ့ဘူး။

…………………………….

ဘာသာျပန္သူမွာ အတင္းတုပ္စရာရွိပါတယ္။

ရင္းဆုယဲ့ : “ကိစၥတစ္ခုခုရွိတိုင္း မင္းရဲ႕စိတ္က ပ်ံ႕လြင့္ေနတတ္တယ္..”

႐ႊယ္ယို႔ရွန္း : *စဥ္းစားေန၊ ေတြးေတာေန၊ အာ႐ုံမရ*

Meli : “ယဲ့ေကာေရ.. ခနေစာင့္လိုက္ဦး.. ငတုံးေလး အဲ... ကေလးက စိတ္ပ်ံ႕လြင့္ေနတုန္းပဲ..”

…………………………….

Continue Reading

You'll Also Like

60.7K 4.7K 141
I do not own this story this is a fan translation credit to the original author lin yu က သူဟာ အစားထိုးခံတစ်ယောက်လို့ မထင်ထား ခဲ့ဖူး။ သူ့ကိုယ်တိုင်ဟင...
974K 114K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
1.3M 175K 149
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။