စာစဥ္ ၂၆၊ အခန္း ၁။ ေကာင္းလိုက္တဲ့ဒရမ္မာပါလား (1)
လ်န္ေဒါ့ကူက သူမ မိသားစုနဲ႔အတူမလာပဲ က်ိဳးက်င္းနဲ႔အတူ ေနာက္က်မွေရာက္လာေလသည္ ။
တစ္နာရီေက်ာ္ေလာက္ ဧည့္သည္ေတြနဲ႔ ႏွုတ္ဆက္လို့အၿပီးမွာေတာ့ သခင္ႀကီးဂူလည္းပင္ပန္းလွၿပီမို့ နမ္နီက်န္းကို နားေနခန္းထဲလိုက္ပို့ဖို့ေျပာရသည္ ။ တရိပ္ရိပ္ ၀◌င္ေရာက္လာတဲ့ ဧည့္သည္ေတြကို သခင္ႀကီးႏွုတ္ဆက္ေနခဲ့ေပမဲ့ လ်န္ေဒါ့ကူ လာတဲ့အထိကိုေတာ့ ဆက္မႏွုတ္ဆက္နိုင္ေတာ့ေပ ။
ဂူယူရွန္းနဲ႔ ခ်င္းက်ီအိုက္လည္း တံခါးနားမွာရပ္ေနၾကတာမို့
လ်န္ေဒါ့ကူနဲ႔ က်ိဳးက်င္းကိုေတြ႕လိုက္ရတာေၾကာင့္
တစ္ေယာက္နဲ႔တစ္ေယာက္ ၾကည့္လိုက္မိသည္ ။
သူတို့ႏွစ္ေယာက္ကို ႏွုတ္မဆက္ခ်င္တာမို့
ဂူယူရွန္းလည္း သူတို့ေရာက္လာတာကို မသိခ်င္ေယာင္ေဆာင္ၿပီး ခ်င္းက်ီအိုက္နားတိုးကပ္ကာ စကားေျပာလိုက္သည္ ။
"ပင္ပန္းေနၿပီလား အေပၚထပ္မွာသြားနားမလား"
"ရပါတယ္"
"ကေလးေလးေရာ .. ကိုယ့္တို့ရဲ့ပဲေစ့ေလး ေရာ ဗိုက္ထဲမွာလွုပ္ေနၿပီလား"
"အင္း"
"ပင္ပန္းရင္ ကိုယ့္ကိုေျပာေနာ္"
စကားေတြ ဆက္တိုက္ေျပာေနတဲ့ ဂူယူရွန္းက လ်န္ေဒါ့ကူတို့ မသြားမခ်င္း ေျပာလို့မၿပီး ။ အဲ့ဒီေနာက္မွ ခ်င္းက်ီအိုက္ ခါးကို ကိုင္ကာ ၀င္လာတဲ့ ဧည့္သည္ေတြကိုဆက္ႏွုတ္ဆက္ေလသည္ ။
…
လ်န္ေဒါ့ကူက သူမ မိသားစုနဲ႔အတူထိုင္ၿပီး က်ိဳးက်င္းကေတာ့ တျခားစားပြဲမွာထိုင္ရမည္မို့ သူတို့ မထိုင္ခင္ လ်န္ေဒါ့ကူ က်ိဳးက်င္းအကၤ်ီလက္ကို ဆြဲကာ နားနားကပ္ကာစကားေျပာလိုက္သည္ ။
"အားလုံးအဆင္ေျပတယ္မလား"
"စိတ္မပူပါနဲ႔ ငါအကုန္စီစဥ္ၿပီးၿပီ ဟိုဘက္စားပြဲက တစ္ေယာက္ကို ေတြ႕တယ္မလား ငါသူ႔ကို ပိုက္ဆံေပးထားတယ္ အဲ့ဒီမိန္းမ ေသာက္မဲ့အေအးခြက္ထဲကို ေဆးထည့္ေပးလိမ့္မယ္ အဲ့ေဆးကျပင္းလို့ ေသာက္လိုက္တာနဲ႔ ကိုယ့္ကိုယ္ကိုထိန္းခ်ဳပ္နိုင္ေတာ့မွာ မဟုတ္ဘူး သူစိတ္ႂကြလာလိမ့္မယ္"
"နင္စီစဥ္ထားတဲ့လူကေရာဘယ္သူလဲ"
" သူေဌး ယန္ နင္နဲ႔ ပုံေတြနဲ႔ပတ္သက္ၿပီး သူ႔ကို တာ၀န္ယူခိုင္းတဲ့အေနနဲ႔ ဒီအစီအစဥ္မွာ သူ႔ကို ထည့္လိုက္တာ"
"ဟိုတယ္အခန္းမွာလည္း အကုန္အဆင္သင့္ပဲ ကင္မရာလည္း ဆင္ထားၿပီးၿပီ ငါစာပို့လိုက္တာနဲ႔ နင္က သခင္ႀကီးဂူအတြက္ သီခ်င္းဆိုေပးလိုက္ ..နင္ဆိုေနတဲ့အခ်ိန္ နင္ရဲ့ပုံအစားတီဗီမွာ ေပၚမွာ သူေဌး ယန္နဲ႔ ဟိုမိန္းမ ေပၚလာလိမ့္မယ္"
က်ိဳးက်င္းရဲ့ရွည္လ်ားလွတဲ့ စကားအဆုံး လ်န္ေဒါ့ကူ ျပဳံးလိုက္ကာ ....
"က်ိဳးက်င္း နင္ကအေတာ္ဆုံးပဲ"
"ရွူး"
လ်န္ေဒါ့ကူကို အသံေလ်ာ့ဖို့ ေျပာေတာ့ လ်န္ေဒါ့ကူက ေဘးပတ္၀န္းက်င္ကိုတစ္ခ်က္ၾကည့္ကာ
သူမ သိတဲ့လူေတြကိုျပဳံးျပလိုက္ေသးသည္ ။
"အိုေက ဒီမွာ လူေတြမ်ားလို့ဆက္မေျပာေတာ့တာေကာင္းမယ္
ထိုင္ခုံမွာ သြားထိုင္လိုက္ေတာ့ ငါစာပို့မွာကိုေစာင့္ေနာ္"
လ်န္ေဒါ့ကူ ေခါင္းၿငိမ့္ကာျပဳံးျပလိုက္ၿပီးေနာက္မွာေတာ့ က်ိဳးက်င္းထြက္သြားခဲ့ေတာ့ေလသည္ ....
-------------------------------------------------------------------------
စာစဥ္ ၂၆၊ အခန္း ၂။ ေကာင္းလိုက္တဲ့ ဒရမ္မာပါလား (2)
ေတာက္ေတာက္ပပျပဳံးကာ ဧည့္သည္ေတြကိုႏွုတ္ဆက္ေနတဲ့ ခ်င္းက်ီအိုက္ကို လ်န္ေဒါ့ကူ တစ္ခ်က္လွည့္ၾကည့္ၿပီးေတာ့ ေဒါသစိတ္တို့တရိပ္ရိပ္တို့တက္ေနခဲ့ေတာ့သည္ ...
ဒီအျပဳံးေတြ ဘယ္ေလာက္ ခံမလဲ ၾကည့္ရေအာင္
ခ်င္းက်ီအိုက္ သိပ္မၾကာခင္မွာပဲ နင့္ကို လူတိုင္း လက္ညိဳး၀ိုင္းထိုးၾကေတာ့မွာမို့လို့ ၿပိဳလဲေနတဲ့ နင့္ပုံစံကို ၾကည့္ရေအာင္ .....
……
ဧည့္သည္ေတြစုံလုနီးနီးျဖစ္တဲ့အခ်ိန္မွာေတာ့ ၁၁နာရီခြဲသြားေလၿပီ ...
အလည္ စားပြဲမွာ ေနရာယူေလတဲ့ သခင္ႀကီးဂူ ရဲ့စားပြဲမွာ ဂူယူရွန္း ခ်င္းက်ီအိုက္ နမ္နီက်န္း နဲ႔ တျခားေသာ အေရးပါတဲ့ ငါးေယာက္နဲ႔အတူ အဖိုးရဲ့အရင္းႏွီးဆုံးသူငယ္ခ်င္းျဖစ္တဲ့ လ်န္ေဒါ့ကူအဖိုးပါ လာေရာက္ထိုင္ၾကေလသည္ ။
ခ်င္းက်ီအိုက္ကို ဇနီးအျဖစ္ ဂူယူရွန္းကိုမိတ္ဆက္ေပးေတာ့
လ်န္ေဒါ့ကူအဖိုးက မ်က္ႏွာပ်က္သြားေလသည္ ။
လူတိုင္းကလည္း ဂူယူရွန္းကို လ်န္ေဒါ့ကူနဲ႔ပဲလက္ထပ္မည္ ထင္ခဲ့ေပမဲ့ အခုလိုတျခားမိန္းကေလးနဲ႔ လက္ထပ္သြားေတာ့ အံ့အားသင့္ေနၾကေလသည္ ။
"သခင္ႀကီးဂူ အ၀တ္အစားက ဒီေန႔ ေတာ္ေတာ္ ေတာက္ပေနတာပါပဲ"
အမ်ိဳးထဲမွာအႀကီးဆုံးအစ္မ၀မ္းကြဲ တစ္ေယာက္က ေျပာေလေတာ့ တျခားသူေတြကပါ အဖိုးရဲ့အ၀တ္အစားအေၾကာင္းကို ၀ိုင္းေဆြးေႏြးၾကေလသည္ ။
ဂူယူရွန္းကေတာ့ ခ်င္းက်ီအိုက္ကိုသာ သူတို့ကိုမိတ္ဆက္ေပးရေသးတာျဖစ္ၿပီး သူတို့ကိုေတာ့ ခ်င္းက်ီအိုက္ကို မမိတ္ဆက္ေပးရေသးတာမို့ ေခ်ာင္းဟန႔္လိုက္ကာ စကားျဖတ္ေျပာလိုက္ေတာ့သည္ ။
"ေရွာင္အိုက္သူက ကိုယ့္၀မ္းကြဲအကို အႀကီးဆုံးရဲ့ အမ်ိဳးသမီးေလ
ဒါကေတာ့ အန္တီေပါ့ သူကေတာ့ အငယ္ဆုံးအန္တီေလး.."
ဂူယူရွန္း မိတ္ဆက္ေပးတာေၾကာင့္ ခ်င္းက်ီအိုက္လည္း တစ္ေယာက္ခ်င္းစီကို ေသခ်ာႏွုတ္ဆက္ေတာ့ အကုန္လုံးက ခ်င္းက်ီအိုက္ကို အျပဳံးနဲ႔ ျပန္ႏွုတ္ဆက္ၾကသည္ ။
ေနာက္ဆုံးအေနနဲ႔ လ်န္ေဒါ့ကူအဖိုးကိုမိတ္ဆက္ေပးေတာ့ ခ်င္းက်ီအိုက္ႏွုတ္ဆက္လိုက္ေပမဲ့ လ်န္ေဒါ့ကူအဖိုးက မၾကားသလိုပင္ သခင္ႀကီးဂူကိုစကားသြားေျပာေနသည္ ။
လ်န္ေဒါ့ကူအဖိုးရဲ့အျပဳအမူေၾကာင့္ ဂူယူရွန္းမ်က္ႏွာပ်က္သြားၿပီး စားပြဲ၀ိုင္းတြင္းေလထုက အေနခက္သြားသည္ ။ သို့ေသာ္ သိပ္မၾကာခင္မွာပဲ ဧည့္သည္ေတြက သခင္ႀကီးဂူနဲ႔ ၀ိုင္ခြက္ခ်င္း လာတိုက္ၾကတာမို့ ဆူဆူညံညံ ျဖစ္သြားၾကသည္..
……
ကိုယ္၀န္နဲ႔ေပမို့ ခ်င္းက်ီအိုက္ အရက္ေသာက္လို့မရတာမို့ အသီးေဖ်ာ္ရည္ပဲေသာက္လိုက္သည္ ။
ေဖ်ာ္ရည္ေတြအမ်ားႀကီးေသာက္မိတာေၾကာင့္ ခ်င္းက်ီအိုက္ ဗိုက္ထဲ ေနလို့သိပ္မေကာင္း ၊ ဧည့္သည္ေတြလည္း သူတို့စားပြဲကေနခြာသြားၾကၿပီမို့ ဂူယူရွန္း ခ်င္းက်ီအိုက္နားနား တိုးကပ္ကာ ..
"ဗိုက္ျပည့္ေနၿပီလား"
"အင္း"
အမ်ားႀကီးစားထားတာေတာ့မဟုတ္ေပမဲ့ အေအးေတြအမ်ားႀကီး ေသာက္မိတာမို့ ဗိုက္ေတာ့ျပည့္ေနသည္ ။
"အခ်ိန္ကအမ်ားႀကီးက်န္ေသးတယ္ မင္းကိုနားေနခန္းထဲ လိုက္ပို့ေပးဖို့ ကိုယ္တစ္ေယာက္ေယာက္ေခၚလိုက္မယ္ေနာ္"
ပ်ိဳ့အန္ခ်င္သလိုပင္ ျဖစ္ေနတာမို့ ခ်င္းက်ီအိုက္ ဂူယူရွန္းစကားကိုေခါင္းၿငိမ့္ျပကာ လက္ခံလိုက္ေတာ့သည္ ။
ဂူယူရွန္းလည္း နီးစပ္ရာ၀န္ထမ္းတစ္ေယာက္ကို ေခၚလိုက္ေတာ့ ထို၀န္ထမ္းက က်ိဳးက်င္းဘက္ကို တစ္ခ်က္လွမ္းၾကည့္ၿပီးေနာက္ ဂူယူရွန္းဆီ ေလၽွာက္သြားလိုက္သည္ ။
"ဆရာဂူ"
"သူ႔ကိုအေပၚထပ္က နားေနခန္းထဲေခၚသြားေပးလိုက္ပါ"
----------------------------------------------------------------------
စာစဥ္ ၂၆၊ အခန္း ၃။ ေကာင္းလိုက္တဲ့ ဒရမ္မာပါလား (3)
"ဟုတ္ကဲ့ ဆရာဂူ"
၀န္ထမ္းမေလးက ဂူယူရွန္းကို ေခါင္းၿငိမ့္ျပၿပီးေနာက္ ခ်င္းက်ီအိုက္ကို ဓာတ္ေလွကားဆီ ဦးေဆာင္ကာ ေခၚသြားေတာ့သည္ ...
…
ခ်င္းက်ီအိုက္ကို အခန္းေသာ့ေပးလိုက္ၿပီးေနာက္...
"မိန္းကေလး ခ်င္း ကၽြန္မ ဘာမ်ားလုပ္ေပးရဦးမလဲရွင့္"
အေအးေတြအမ်ားႀကီးေသာက္ခဲ့တာမို့ ခ်င္းက်ီအိုက္ ပါးစပ္ထဲခ်ိဳေနတာေၾကာင့္ ...
"ေရတစ္ခြက္ေလာက္ယူေပးလို့ရမလား"
"သိပါၿပီ"
၀န္ထမ္းမေလးက ေရတစ္ခြက္ခ်က္ခ်င္းပဲ သြားယူေပးကာ
ခ်င္းက်ီအိုက္ကို ေပးလိုက္ၿပီးေနာက္ ..
"တစ္ခုခုလိုရင္ အခ်ိန္မေရြးေခၚလိုက္ပါရွင့္"
ခ်င္းက်ီအိုက္ ေရတစ္ငုံေသာက္လိုက္ၿပီးေနာက္ ၀န္ထမ္းမေလးကိုျပဳံးျပလိုက္ေတာ့သည္ ။
"ေကာင္းပါၿပီေက်းဇူးပါပဲ"
"ဒါဆိုမွာစရာမရွိေတာ့ရင္ ေအာက္ထပ္ကိုသြားလိုက္ပါဦးမယ္"
ခ်င္းက်ီအိုက္ေခါင္းၿငိမ့္ျပလိုက္ေတာ့ ၀န္ထမ္းမေလးက အရိုအေသတစ္ခ်က္ေပးကာ အခန္းထဲက ထြက္သြားေတာ့ေလသည္ .။
…
လူရွုပ္ေနသည့္ခန္းမ ၾကားထဲကေန ဂူယူရွန္းဆီကို ေလၽွာက္လာခဲ့ၿပီးခ်င္းက်ီအိုက္ က အခန္းနံပါတ္ ၁၃၀၂မွာ ရွိေၾကာင္းေျပာလိုက္ေတာ့ ဂူယူရွန္းကေခါင္းၿငိမ့္ျပသည္ ။
ခ်င္းက်ီအိုက္ကိုအခန္းထဲထိ လိုက္ပို့ေပးခဲ့တဲ့ ၀န္ထမ္းမေလး က်ိဳးက်င္း တို့စားပြဲနားျဖတ္ေလၽွာက္ေတာ့ က်ိဳးက်င္းက လွမ္းေခၚေလသည္ ။
“ဒီကိုခဏလာပါဦး”
“ဘာမ်ားကူညီေပးရပါမလဲရွင္”
“ေရဆာလို့ ေရတစ္ခြက္ေလာက္ေပးမလား”
က်ိဳးက်င္းက အသံကို ခပ္က်ယ္က်ယ္ေျပာလိုက္ၿပီးေနာက္ ၀န္ထမ္းမေလးနားတိုးကပ္လိုက္ကာ...
“အေျခအေနဘယ္လိုရွိလဲ”
“ခဏေလာက္ေစာင့္ရပါဦးမယ္”
၀န္ထမ္းမေလးရဲ့စကားအတိုင္း က်ိဳးက်င္းလည္း ခန္းမကိုတစ္ခ်က္ၾကည့္ကာေစာင့္ေနလိုက္ၿပီးေနာက္
ေရယူလာၿပီးလာေပးရင္း စကားလွမ္းေျပာလိုက္ေသးသည္ ။
“အကုန္အဆင္ေျပေနပါတယ္ အခန္း ၁၃၀၂ မွာပါ”
ခ်င္းက်ီအိုက္ရွိေနတဲ့ အခန္းနံပါတ္ကို ေျပာမွန္း က်ိဳးက်င္း သိတာမို့ ေရခြက္ကိုလွမ္းယူလိုက္ေတာ့သည္ ။
“ေက်းဇူး”
“ရပါတယ္..ပန္းကန္လဲေပးရမလားရွင့္”
က်ိဳးက်င္းေခါင္းၿငိမ့္ျပလိုက္ၿပီးေနာက္မွာေတာ့ ၀န္ထမ္းမေလးက က်ိဳးက်င္းတို့စားပြဲနားက ထြက္သြားခဲ့ၿပီး ခဏအၾကာမွာပဲ ပန္းကန္တစ္ခ်ပ္ယူလာကာ ညစ္ပတ္ေနၿပီျဖစ္တဲ့ပန္းကန္ကို လဲေပးလိုက္ေတာ့သည္ ...
-----------------------------------------------------------------------
စာစဥ္ ၂၆၊ အခန္း ၄။ ေကာင္းလိုက္တဲ့ဒရမ္မာပါလား (4)
၀န္ထမ္းမေလး ပန္းကန္ခ်င္းလဲကာ ထြက္သြားၿပီးေနာက္မွာေတာ့ ပန္းကန္ေအာက္က အခန္းေသာ့ကို က်ိဳးက်င္း လွန္ယူလိုက္ေတာ့သည္ ။ ေသာ့ကို အိတ္ကပ္ထဲ ထည့္ၿပီးေနာက္မွာေတာ့ သူေဌး ယန္ ဆီ စာလွမ္းပို့လိုက္သည္ ။
“အခန္းနံပါတ္ ၁၃၀၂”
၅မိနစ္ေလာက္အၾကာမွာေတာ့ သူေဌး ယန္ ကစာျပန္လာေတာ့သည္ ။
“အိုေက”
ခဏအၾကာမွာေတာ့ သူေဌး ယန္ ဓာတ္ေလွကားေပၚ တက္သြားသည္ကို က်ိဳးက်င္းေတြ႕လိုက္တာမို့ လ်န္ေဒါ့ကူကို စာပို့လိုက္ေလသည္ ။
“မိနစ္ ၂၀အတြင္းလွုပ္ရွားမွျဖစ္မယ္”
လ်န္ေဒါ့ကူဆီက စာေရာက္ေၾကာင္း ျပန္ပို့လာေတာ့မွ
က်ိဳးက်င္းလည္း ပိုက္ဆံအိတ္ကိုဆြဲကိုင္ကာ ထိုင္ခုံက ထရပ္လိုက္ၿပီး သန႔္စင္ခန္းသြားဟန္ေဆာင္လိုက္ၿပီးေနာက္ ဓာတ္ေလွကားဆီ ဦးတည္လိုက္ေတာ့သည္ ။
က်ိဳးက်င္း အေပၚထပ္ကိုေရာက္ေတာ့ သူေဌး ယန္ ကို ေတြ႕တာမို့
ျပဳံးလိုက္ၿပီး ...
“သူေဌး ယန္”
“ဘာျဖစ္လို့လဲ”
အလ်င္လိုေနပုံရတဲ့ ယန္ သူေဌး က ေသာ့လာေပးသည့္ သူမကိုပင္ စိတ္သိပ္ရွည္ပုံမေပၚ ။
“သူေဌး ယန္ ဘာေတြေလာေနတာလဲ အခန္းထဲအရမ္းသြားခ်င္ေနၿပိီလား”
က်ိဳးက်င္း လက္ထဲကေသာ့ကိုရမ္းျပလိုက္ရင္း အခန္း နံပါတ္ ၁၃၀၂ ဆီကို အရင္သြားလိုက္ေတာ့သည္ ။ အခန္းေသာ့ကိုဖြင့္ၿပီးေနာက္မွာေတာ့ သူေဌး ယန္ ကို အရင္ေပး၀င္လိုက္ၿပီးေနာက္ က်ိဳးက်င္းအေနာက္က လိုက္၀င္လာခဲ့ၿပီး အိပ္ယာေပၚကို လက္ညိဳးထိုးျပလိုက္ေတာ့သည္ ။
“ယန္ သူေဌး ရွင့္ကိုေပးခ်င္တဲ့လက္ေဆာင္ကအဲ့ဒါပဲ”
……
က်ိဳးက်င္းဆီက စာရတာနဲ႔ လ်န္ေဒါ့ကူလည္း
မိနစ္ ၂၀ ကုန္ေအာင္ေစာင့္လိုက္ၿပီးေနာက္ ထိုင္ခုံကေနထရပ္ကာ သခင္ႀကီးဂူရွိရာ စားပြဲဆီသြားလိုက္သည္ ။
ဂူယူရွန္းကေတာ့ စားပြဲ၀ိုင္းမွာရွိမေနပဲ သခင္ႀကီးဂူက တျခားေသာသူေတြႏွင့္စကားေဖာင္ဖြဲ႕ေနေလသည္ ။
လ်န္ေဒါ့ကူလည္း အဖိုးဂူဆီ တိုးကပ္သြားလိုက္ၿပီးေနာက္ ...
“အဖိုး ဂူ ေမြးေန႔ကိုဂုဏ္ျပဳပါတယ္ေနာ္”
ဂူယူရွန္းနဲ႔ ခ်င္းက်ီအိုက္ရဲ့လက္ထပ္ထားတဲ့ဆက္ဆံေရးကို အားလုံးကိုအသိေပးလိုက္ရတယ္ဆိုေပမဲ့လည္း
သခင္ႀကီးဂူကေတာ့ လ်န္ေဒါ့ကူကိုအသိအမွတ္ျပဳဆဲ ။
“ေရွာင္ကူ”
“သူငယ္ခ်င္း မင္းနဲ႔ေရွာင္ကူကိုတြဲျမင္တိုင္း ငါ့ေျမးဆိုတာထက္ မင္းေျမးလိုပဲခံစားမိေနရပါလားကြ”
လ်န္ေဒါ့ကူအဖိုးက ေျပာေလေတာ့လ်န္ေဒါ့ကူက ႏွုတ္ခမ္းဆူကာ စိတ္ဆိုးခ်င္ဟန္ေဆာင္ရင္း ...
“အဖိုး ဘာေတြေျပာေနတာလဲ ..သမီးက အဖိုးကိုလည္း ခ်စ္တယ္ အဖိုးဂူကိုလည္း ခ်စ္တယ္ေလ ႏွစ္ေယာက္စလုံးကို အတူတူပဲခ်စ္တာကို”
လ်န္ေဒါ့ကူစကားေၾကာင့္ အဖိုးႏွစ္ေယာက္လုံး ရယ္ပြဲက်သြားေလေတာ့သည္ ။
“အဖိုး ဒီေန႔က အဖိုးရဲ့ အသက္ ၈၀ျပည့္ေမြးေန႔ဆိုေတာ့ သမီးက အဖိုးအတြက္လ်ိဳ့၀ွက္ လက္ေဆာင္ျပင္ဆင္လာခဲ့တယ္”
“ဘာလက္ေဆာင္မ်ိဳးပါလိမ့္”
သခင္ႀကီးဂူက ေမးလိုက္ေတာ့ လ်န္ေဒါ့ကူအဖိုးကပါ ေနာက္က လိုက္ေျပာလာေလသည္ ။
“ဘယ္လိုလက္ေဆာင္ကို ယူလာတာတုန္းငါ့ေျမးရဲ့”
------------------------------------------------------------------------
စာစဥ္ ၂၆၊ အခန္း ၅။ ေကာင္းလိုက္တဲ့ဒရမ္မာပါလား (5)
“ေျပာလိုက္ရင္း လၽွို့၀ွက္ခ်က္ဘယ္ဟုတ္ေတာ့မလဲ အဖိုးရဲ့”
လ်န္ေဒါ့ကူ မ်က္စိမွိတ္ျပကာ ေျပာၿပီးေနာက္ အဖိုးႏွစ္ေယာက္ကို စင္ေပၚကိုလက္ညိဳးထိုးျပလိုက္ေတာ့သည္ ။
“မၾကာခင္လက္ေဆာင္ေပးပါ့မယ္
အဖိုးတို့ႏွစ္ေယာက္လုံး သေဘာက်မွာ ေသခ်ာတယ္”
လ်န္ေဒါ့ကူက စကားေျပာၿပီးေနာက္ ႏွစ္ေယာက္လုံးကိုနမ္းလိုက္ၿပီး ထြက္သြားခဲ့ေတာ့သည္ ။
သတင္းဆိုးေတြထြက္ခဲ့တယ္ ဆိုေပမဲ့လ်န္ေဒါ့ကူက နာမည္ႀကီးမင္းသမီးအျဖစ္ရွိေနဆဲမို့ သူမ စင္ေပၚတက္လိုက္သည္ႏွင့္
ခန္းမ တစ္ေလၽွာက္ ဆူသြားရေတာ့သည္ ။
လ်န္ေဒါ့ကူမိုက္ယူလိုက္ၿပီးေနာက္ ေခ်ာင္းဟန႔္လိုက္ကာ ...
“အားလုံးပဲ မဂၤလာပါ”
လ်န္ေဒါ့ကူ အသံေၾကာင့္ ခန္းမတစ္ခုလုံးတိတ္ဆိတ္သြားရေတာ့သည္ ။ မိုက္ခရိုဖုန္း ကိုင္ထားတဲ့ လ်န္ေဒါ့ကူက လွေနတာမို့ လူတိုင္းရဲ့အာ႐ုံက သူမဆီမွာသာ ။
“မဂၤလာပါ ကၽြန္မကေတာ့ လ်န္ေဒါ့ကူပါ..ဒီေန႔က အဖိုးရဲ့ ေမြးေန႔ဆိုေတာ့အရင္ဆုံး အဖိုးကို က်န္းမာၿပီး အသက္ရွည္ရွည္ေနဖို့ ဆုေတာင္းေပးခ်င္ပါတယ္ ကၽြန္မဒီေနရာမွာရပ္ေနရတာက အဖိုးအတြက္ ေဖ်ာ္ေျဖမွုတစ္ခုလုပ္ေပးခ်င္လို့ပါ အားလုံးပဲ ေက်းဇူးတင္ပါတယ္”
လ်န္ေဒါ့ကူ ခါးညြန႔္လိုက္ေတာ့ ခန္းမတစ္ခုလုံးက လူေတြက လက္ခုပ္တီးေပးၾကသည္ ။
“ကၽြန္မ ဒီေန႔ေဖ်ာ္ေျဖေပးခ်င္တဲ့သီခ်င္းကေတာ့ အေကာင္းမြန္ဆုံးေသာဆုေတာင္း ဆိုတဲ့ ေရွးက်တဲ့သီခ်င္းေလးတစ္ပုဒ္ပါပဲ”
လ်န္ေဒါ့ကူေျပာလိုက္ၿပီးေနာက္ ျပင္ဆင္စရာရွိတဲ့တီး၀ိုင္းနဲ႔ အလင္းထိုးတဲ့အဖြဲ႕ဘက္ကိုလက္မ တစ္ခ်က္ ေထာင္ျပလိုက္ေတာ့သည္ ။
ခဏအၾကာမွာေတာ့ သခင္ႀကီးဂူငယ္ငယ္ကပုံေတြနဲ႔အတူ စာေတြပါ လ်န္ေဒါ့ကူေနာက္က တီဗီမွာ ေပၚလာေလသည္ ။
“သမီးရဲ့အဖိုးဂူ ..ေမြးေန႔ကိုဂုဏ္ျပဳပါတယ္ေနာ္ အဖိုးရဲ့ေမြးေန႔ဖေယာင္းတိုင္တိုင္းကို သမီး ထြန္းေပးနိုင္ပါရေစ”
လ်န္ေဒါ့ကူ သီခ်င္းစဆိုတဲ့အခ်ိန္မွာေတာ့ သခင္ႀကီးဂူရဲ့ လက္ထပ္ပြဲပုံေတြ တီဗီထက္မွာေပၚလာခဲ့ၿပီး ဂူယူရွန္းရဲ့အေဖကို အဖိုးက ခ်ီထားတဲ့ပုံေတြ ဂူယူရွန္းေမြးခါစက အဖိုးနဲ႔အတူရိုက္ထားတဲ့ပုံေတြ အစီအရီေပၚလာေလသည္ ... ပထမဆုံးပုံတုန္းကလိုပဲလ်န္ေဒါ့ကူရဲ့ဆုေတာင္းစာေတြက ပုံတိုင္းမွာပါေနသည္ ။
“အေကာင္းဆုံးဆုေတာင္းကိုဆုေတာင္းေပးပါတယ္ အဖိုး...
အဖိုးရဲ့ေပ်ာ္ရြင္မွုက သမီးအတြက္ အေရးႀကီးဆုံးအရာပါပဲ”
အဲ့ဒီေနာက္မွာေတာ့ တီဗီမွာ အေမွာင္က်သြားခဲ့ၿပီး သီခ်င္းသံလည္း ရပ္သြားခဲ့ေတာ့ေလသည္ ....
------------------------------------------------------------------------
စာစဥ္ ၂၆၊ အခန္း ၆။ ေကာင္းလိုက္တဲ့ ဒရမ္မာပါလား (6)
“ဘာျဖစ္သြားတာလဲ”
လ်န္ေဒါ့ကူ နားမလည္ဟန္ေဆာင္ရင္း အနီးနားက ၀န္ထမ္းတစ္ေယာက္ကိုလွမ္းေမးလိုက္ေတာ့သည္ ။
“ကၽြန္မ အမွားပါ ခဏေလးပါေနာ္”
၀န္ထမ္းေကာင္ေလးက ေခါင္းတခါခါနဲ႔ ပ်ာေနလ်က္ရွိၿပီး အလုပ္ရွုပ္ေနတုန္းမွာပဲ လ်န္ေဒါ့ကူ ေနာက္က တီဗီက တစ္ဖန္ျပန္ပြင့္လာေတာ့ေလသည္ ။ သို့ေသာ္ သီခ်င္းသံေတာ့မဟုတ္ေတာ့ပဲ ရင္တုန္ေလာက္ဖြယ္ ညည္းသံတခ်ိဳ့ပင္ ။
မွားယြင္းစြာထြက္လာခဲ့တဲ့ အသံေတြေၾကာင့္ ခန္းမ တစ္ခုလုံးရဲ့အၾကည့္က တီဗီမွာပဲရွိေနၿပီး လ်န္ေဒါ့ကူ ေဘးက ၀န္ထမ္းေကာင္ေလးက ပါ လာၾကည့္ေတာ့ေလသည္ ။
တီဗီေပၚမွာ ေပၚလာခဲ့တာကေတာ့ အိပ္ယာထက္က အတြဲတစ္တြဲပင္ ။ ေသေသခ်ာခ်ာျပင္ဆင္ထားခဲ့တာေၾကာင့္ ၾကည္လင္ျပတ္သားလြန္းေနတဲ့ ဗီဒီယိုဖိုင္ေၾကာင့္ ၾကည့္ေနတဲ့ ဧည့္သည္အားလုံးမွာ ေၾကာင္အစြာ ။ တီဗီထဲက ေယာက်္ားရဲ့ေနာက္ေက်ာမွာ ေခၽြးေတြရြဲေနခဲ့ၿပီး နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနတဲ့ ခႏၶာကိုယ္ႏွစ္ခုရဲ့ ႏွီးေႏွာမွုကို ဗီဒီယိုထဲကအမ်ိဳးသမီးက စိတ္ေက်နပ္ပုံသိပ္မေပၚ ၊
“ပိုၿပီး ..ပိုအားထည့္ေပး ...အမ္း ....ေက်းဇူးျပဳၿပီး ပိုျမန္ျမန္ေလး...”
ခန္းမတစ္ခုလုံးလည္း ဆူညံေနၾကၿပီး စကားသံတို့က ေနရာအႏွံ့က ထြက္လာခဲ့ၾကေလသည္ ။
“အိုးမိုင္ေဂါ့”
“ဘာေတြျဖစ္ေနတာလဲ”
“သူတို့က ဘာလို့ဒီလိုေနရာမွာေပၚလာရတာလဲ”
ဧည့္ခန္းပြဲကိုေရာက္လာတဲ့ ကေလးအေမတစ္ေယာက္ကေတာ့ သူ႔ကေလးရဲ့မ်က္လုံးနဲ႔ နားကိုပင္လက္ႏွင့္အုပ္ထားရသည္အထိ ။
“ဟုတ္ပါရဲ့ ဘာလို့ဒီလိုဗီဒီယိုကေပၚလာတာလဲ”
“ရြံစရာႀကီး..”
စိတ္အေႏွာင့္ယွက္ျဖစ္ေစတဲ့ စကားမ်ိဳးေတြ အဆက္မျပတ္ ထြက္ေနခဲ့ေပမဲ့ ဗီဒီယိုထဲက အမ်ိဳးသမီးကေတာ့ ေက်နပ္အားရေနပုံပါပင္ ။
စင္ေပၚက လ်န္ေဒါ့ကူကေတာ့ သူ႔ေနာက္က ဗီဒီယိုမွာ ဘာေတြျဖစ္ေနသည္မွန္း မသိသည့္ႏွယ္ မလွုပ္မယွက္ႏွင့္ အေနာက္ကိုလွည့္မၾကည့္ေသး ။
ဧည့္သည္ေတြရဲ့အသံဆူညံလာမွုေၾကာင့္ ေနာက္ဆုံးမွာေတာ့ လွည့္ၾကည့္လိုက္ေတာ့တဲ့ လ်န္ေဒါ့ကူက ရွက္သလိုႏွင့္ေခါင္းကိုခ်က္ခ်င္းပဲ ျပန္လွည့္လာသည္ ။
မိနစ္ပိုင္းအၾကာမွာေတာ့ ဗီဒီယိုထဲက အမ်ိဳးသမီးက ေျခေထာက္တို့ကို အမ်ိဳးသားရဲ့ခါးမွာ ခ်ိတ္တြဲလိုက္ေပမဲ့ အမ်ိဳးသားရဲ့လုပ္ေဆာင္မွုေတြကို မေက်နပ္နိုင္တဲ့ အမ်ိဳးသမီးကေတာ့ အသက္ကိုခပ္ျပင္းျပင္းရွုကာ ...
“လိုခ်င္တယ္ ...ကၽြန္မကိုေပးပါေတာ့ အခု..အခုလိုခ်င္ေနၿပီ...”
ေျပာရင္း သူမကို အုပ္မိုးထားတဲ့အမ်ိဳးသားကို ေမြ႕ရာေပၚ လွဲေစၿပီး သူမကေတာ့ အေပၚေရာက္လာခဲ့ေတာ့သည္...
------------------------------------------------------------------------
စာစဥ္ ၂၆၊ အခန္း ၇။ ေကာင္းလိုက္တဲ့ဒရမ္မာပါလား (7)
ဧည့္ခံပြဲတြင္းက အမ်ိဳးသမီးေတြကေတာ့ ရွက္ရြံ့စြာ ေခါင္းေတြငုံ႔ထားၾကၿပီး တစ္ခ်ိဳ့အမ်ိဳးသားေတြကေတာ့ ရြံရွာသလိုအၾကည့္မ်ိဴးနဲ႔ ၾကည့္ေနၿပီး တစ္ခ်ိဳ့ကေတာ့ အၾကည့္လႊဲထားၾကသည္ ။
လ်န္ေဒါ့ကူကေတာ့ ရွက္သလို ေခါင္းကိုငုံ႔ခ်ထားၿပီး စင္ေပၚက ေျပးဆင္းလာကာ ၀န္ထမ္းေကာင္ေလးအား မိုက္ခရိုဖုန္း လွမ္းေပးရင္း ..
“ဘာေတြျဖစ္ေနတာလဲ အျမန္ ပိတ္ေလ ဘာလုပ္ေနတာလဲ”
လ်န္ေဒါ့ကူ စကားကိုၾကားမွ အသိစိတ္ျပန္၀င္လာတဲ့ ၀န္ထမ္းေကာင္ေလးက စက္ပစၥည္းတို့ထားရာအခန္းဆီ ေျပး၀င္သြားေတာ့သည္ ။
ဗီဒီယိုထဲက အမ်ိဳးသမီးရဲ့မ်က္ႏွာ ေပၚလာေတာ့မည့္အခ်ိန္မို့
လ်န္ေဒါ့ကူ ေျပာလိုက္ျခင္းပင္ ။
“ဟင္ ဒီမိန္းမ မ်က္ႏွာကို ရင္းႏွီးေနတယ္ ငါသိသလိုပဲ”
“ဟုတ္တယ္ ငါလည္း သူ႔ကို သိေနတယ္ ခုနေလးကတင္မွေတြ႕လိုက္သလိုပဲ”
“မိန္းကေလး လ်န္ အဲ့ဒါရွင့္မန္ေနဂ်ာမဟုတ္ဘူးလား”
“ဟုတ္တယ္ ဟုတ္တယ္ ငါလည္း အခုမွတ္မိသြားၿပီ
သူ႔နာမည္က က်ိဳးက်င္းေလ သူက ဟိုနားေလးမွာထိုင္ေနခဲ့တာ”
“မိန္းကေလး လ်န္ရဲ့ မန္ေနဂ်ာ အမွန္ပဲ
သူ ဘာလို့ဒီေလာက္အရွက္မရွိရတာလဲ”
…
တီးတိုး ၾကားေနရတဲ့ စကားေတြေၾကာင့္ လ်န္ေဒါ့ကူမွာမယုံနိုင္ ။
သူမ နားၾကားပဲ မွားေလသလား ။
ဘယ္လိုလုပ္ က်ိဳးက်င္းျဖစ္နိုင္ရမည္လဲ ။
လ်န္ေဒါ့ကို ေခါင္းခါကာ တီဗီကို ျပန္ၾကည့္လိုက္ေတာ့ အမ်ိဳးသားက အေပၚမွာျပန္ေရာက္ေနၿပီမို့ အမ်ိဳးသမီးမ်က္ႏွာကို ေသခ်ာမျမင္ရေတာ့ေပ ။ သို့ေသာ္ ဆြဲႀကိဳးကိုေတာ့ ေတြ႕လိုက္ရတာမို့ ခ်င္းက်ီအိုက္ မဟုတ္ပဲ က်ိဳးက်င္းျဖစ္ေနတာကို လ်န္ေဒါ့ကူ သိသြားရေတာ့၏ ။
သခင္ႀကီးဂူတို့ စားပြဲ၀ိုင္းကိုလွမ္းၾကည့္မိေတာ့ ဂူယူရွန္းလည္း ျပန္ေရာက္ေနေလသည္ ။ ဂူယူရွန္းက ေသးေသးသြယ္သြယ္ လက္တစ္စုံကို ကိုင္ထားတာေၾကာင့္ ဂူယူရွန္းေဘးက အမ်ိဳးသမီးကို ၾကည့္လိုက္ေတာ့ တကယ္ပဲ ခ်င္းက်ီအိုက္ ျဖစ္ေနေတာ့သည္ ။
-------------------------------------------------------------------------
စာစဥ္ ၂၆၊ အခန္း ၈။ ေကာင္းလိုက္တဲ့ ဒရမ္မာပါလား (8)
ခ်င္းက်ီအိုက္ အေပၚထပ္ကိုတက္မသြားခဲ့ဘူးလား ။ ေဆးခပ္မခံခဲ့ရတာလား ။
ဘယ္အခ်ိန္တုန္းက ခန္းမ ထဲျပန္ေရာက္ၿပီး ဂူယူရွန္းေဘးမွာထိုင္ေနခဲ့သည္လဲ ။
လ်န္ေဒါ့ကူ ေခါင္းထဲ ေမးခြန္းေပါင္းစုံက ၀င္လာခဲ့ၿပီး တုန္တုန္ရီရီရပ္ေနမိသည္ ။
ဗီဒီယိုထက္က အတြဲသည္လည္း မရပ္တန႔္နိုင္ေသးတာေၾကာင့္ ခန္းမ ထဲ ဆူဆူညံညံရွိေနဆဲ။
“ေသခ်ာမျမင္ရဘူးကြာ”
“အက္ရွင္ကားေတြထက္ ပိုစိတ္၀င္စားစရာေကာင္းတာပဲ”
“အိုး ...အဲ့ဒါ ယန္ယီ ကုမၸဏီက ယန္သူေဌး မဟုတ္ဘူးလား”
“ဟုတ္တယ္ ဟုတ္တယ္ အဲ့ဒါ သူေဌးေလ သူေဌး ယန္”
“ဘယ္လိုလုပ္ သူေဌး ယန္ နဲ႔ မိန္းကေလး လ်န္ ရဲ့မန္ေနဂ်ာက ဒီလိုျဖစ္ေနတာတုန္း အရင္တစ္ခါကပဲ မိန္းကေလး လ်န္ က
သူေဌး ယန္ နဲ႔ဟိုတယ္မွာ အတူရွိေနခဲ့ေၾကာင္း သတင္းထြက္ခဲ့တာေလ”
“သူေဌး ယန္ က ႐ုပ္ရွင္ေလာကမွာ အႀကီးစားရင္းႏွီးျမဳပ္ႏွံသူဆိုေတာ့ မိန္းကေလး လ်န္ နဲ႔ သူ႔မန္ေနဂ်ာက ႐ုပ္ရွင္အတြက္နဲ႔မ်ား
ဒီလိုေတြလုပ္ေနတာ မ်ားလား”
အတင္းအဖ်င္းစကားေတြၾကား လ်န္ေဒါ့ကူ တုန္ရီလ်က္ရွိၿပီး
သူမ မိသားစု၀◌င္ေတြဘက္ကိုၾကည့္မိေတာ့
သူတို့သည္လည္း တုန္လွုပ္ေနၾကပုံပင္ ။
ခ်င္းက်ီအိုက္ကို ဒုကၡေရာက္ေအာင္စီစဥ္ခဲ့တာေပမဲ့ ပစ္မွတ္က အခုလို သူမကိုယ္တိုင္ျဖစ္သြားလိမ့္မည္ဆိုတာ ဘယ္လိုမွမယုံနိုင္ ။
႐ုတ္တရက္ ဗီဒီယိုပိတ္သြားခဲ့ေတာ့ေလသည္ ။
လ်န္ေဒါ့ကူမန္ေနဂ်ာအေနနဲ႔ ဒီလိုအရွက္မဲ့ရတဲ့ ျဖစ္ရပ္မ်ိဳးက လ်န္ေဒါ့ကူအေပၚလည္း အက်ိဳးသက္ေရာက္မွုေတြရွိလာလိမ့္ဦးမည္ ။
“အဲ့အခန္းက ပီကင္းဟိုတယ္ကပဲမဟုတ္ဘူးလား”
ဧည့္သည္တစ္ေယာက္က လွမ္းေအာ္လိုက္ေတာ့ တျခားသူေတြကပါ အခန္းအေနအထားကို ျပန္စဥ္းစားၾကေတာ့ေလသည္ ။
“တကယ္ ပီကင္းဟိုတယ္ပဲ”
“အေပၚထပ္က အခန္းတစ္ခန္းျဖစ္ေလာက္တယ္”
“အဲ့လူႏွစ္ေယာက္ကလည္း အခုခန္းမထဲမွာ မရွိဘူးဆိုေတာ့
ခုနက ဗီဒီယိုက တိုက္ရိုက္ျပေနတာမ်ားလား”
“ဒါနဲ႔ ဟိုတယ္ခန္းထဲမွာ ကင္မရာေတြရွိေနတာလား”
ေမးခြန္းေတြအေတြးေတြနဲ႔ျပည့္ေနတဲ့အခန္းထဲမွာ အနက္ေရာင္၀တ္စုံနဲ႔လူတစ္ေယာက္က စင္ေပၚကို ခပ္သြက္သြက္ေလၽွာက္လာခဲ့ေတာ့သည္ ။
“ဒီလို ျဖစ္သြားရတဲ့အတြက္ ကၽြန္ေတာ္တို့ဘက္က ေတာင္းပန္ပါတယ္ခင္ဗ်ာ ဒါကကၽြန္ေတာ္တို့ဟိုတယ္ရဲ့ အခန္းနံပါတ္ ၁၃၀၂ မွာျဖစ္တာလို့အတည္ျပဳနိုင္ခဲ့ပါတယ္ ခန္းမထဲမွာ ဗီဒီယိုတစ္ခုအျဖစ္ေပၚလာရျခင္း အေၾကာင္းကိုေတာ့ ကၽြန္ေတာ္တို့ရဲ့စက္ပိုင္းဆိုင္ရာအဖြဲ႕က ရွာေဖြေနဆဲပါ ဒါေပမဲ့ ကၽြန္ေတာ္တို့ ဟိုတယ္ခန္းထဲမွာ ကင္မရာတပ္မထားတာကိုေတာ့ ေသခ်ာေျပာနိုင္ပါတယ္ ျဖစ္ခဲ့သမၽွအားလုံးအတြက္ ကၽြန္ေတာ္တို့ အႏူးအညြတ္ေတာင္းပန္ခ်င္ပါတယ္”
----------------------------------------------------------------------
စာစဥ္ ၂၆၊ အခန္း ၉။ ေကာင္းလိုက္တဲ့ဒရမ္မာပါလား (9)
ဟိုတယ္ကတာ၀န္ရွိသူတစ္ေယာက္ စင္ေပၚမွာ ေတာင္းပန္သြားခဲ့ၿပီးေနာက္မွာေတာ့ ဧည့္သည္တစ္ခ်ိဳ့က အေနက်ပ္စြာျဖစ္ေနတဲ့ေလထုကို ၿဖိဳခြင္းခ်င္တာမို့ .....
“ဘာပဲျဖစ္ျဖစ္ သခင္ႀကီးဂူရဲ့ေမြးေန႔မွာ ကၽြန္ေတာ္သီခ်င္းတစ္ပုဒ္ေတာ့ ဆိုခ်င္တယ္”
“ဟုတ္တယ္ ဆိုလိုက္ပါ”
ပုံမွန္အေျခအေနကို ျပန္ထိန္းသိမ္းနိုင္ဖို့ရာ အကုန္လုံး၀ိုင္းႀကိဳးစားၾကတာေၾကာင့္ အမ်ိဳးသားတစ္ေယာက္က သီခ်င္းဆိုဖို့ရာ စင္ေပၚကိုတက္သြားၿပီး မိုက္ခရိုဖုန္းယူလိုက္ခ်ိန္မွာပဲ ခန္းမရဲ့အေနာက္ဘက္ျခမ္းကေန က်ယ္ေလာင္တဲ့အသံတစ္ခု ထြက္လာေလေတာ့သည္ ။
အသံလာရာကို အကုန္လုံးလွည့္ၾကည့္မိၾကေတာ့ ေဒါသထြက္ေနပုံရတဲ့ခပ္၀၀အမ်ိဳးသမီးတစ္ေယာက္က စားပြဲေတြေနာက္မွာ မတ္တပ္ရပ္ေနသည္ ။ ပြဲတက္၀တ္စုံကို ၀တ္ဆင္ထားေပမဲ့ ေနေလာင္ထားတဲ့ အသားအရည္မ်ိဳးနဲ႔ သူမက လယ္သမားတစ္ေယာက္ႏွင့္ပင္တူေနေသးသည္ ။
သခင္ႀကီးဂူရဲ့ေမြးေန႔ပြဲကို တက္ေရာက္ၾကသူတိုင္းက ခ်မ္းသာၾကသူေတြပဲေပမို့ ဒီအမ်ိဳးကိုျမင္လိုက္ရတဲ့အခါ
ဧည့္သည္အားလုံး အံ့အားသင့္သြားရေတာ့သည္ ။
“ခင္ဗ်ားကဘယ္သူလဲ”
“ငါက နင္တို့ေျပာေနၾကတဲ့ သူေဌး ယန္ ရဲ့မိန္းမပဲ”
ထိုခပ္၀၀အမ်ိဳးသမီးက ထိုင္ခုံကိုကန္လိုက္ကာ ၀◌တ္ထားတဲ့ စကတ္ကို
မ လိုက္ၿပီး သန္သန္မာမာေျခေထာက္ေတြကို အားျပဳၿပီး ဓာတ္ေလွကားဆီ ေလၽွာက္သြားေတာ့ေလသည္ ။
“သူေဌး ယန္ မိန္းမတဲ့လား ။ သူက လူပ်ိဳႀကီးမဟုတ္ဘူးလား ဘယ္တုန္းကလက္ထပ္လိုက္တာလဲ”
တီးတိုးေျပာေနၾကတဲ့ စကားေတြကို ၾကားသြားတဲ့ ခပ္၀၀အမ်ိဳးသမီးက လမ္းေလၽွာက္တာကို ရပ္လိုက္ၿပီးျပန္လွည့္ၾကည့္လာသည္ ။
“သူ႔မွာအိမ္ေထာင္ရွိတာကို မသိခဲ့ၾကဘူးလား ငါက သူနဲ႔လက္ထပ္ထားတာ ၁၀ႏွစ္ေက်ာ္ေနၿပီ ငါနဲ႔လက္ထပ္တုန္းက ဘာမွမဟုတ္တဲ့အေကာင္က သူ႔မိဘေတြနဲ႔ ကေလးကို ငါေကၽြးေမြးေနရတဲ့အခ်ိန္မွာ ဒီကို တက္လာခဲ့တာ”
စကားေျပာရင္း စိတ္ဆိုးေနခဲ့တဲ့အမ်ိဳးသမီးက အလ်င္လိုေနသလို ဓာတ္ေလွကားထဲ ၀င္သြားခဲ့ၿပီး တံခါးမပိတ္ခင္အထိ
ေအာ္ေျပာသြားေသးသည္ ။
“ငါ့ကိုညာတဲ့အေကာင္ေရာ ငါ့ေယာက်္ားကို ျမဴဆြယ္တဲ့ေကာင္မေရာ ဒီေန႔ငါ့အေၾကာင္းေကာင္းေကာင္းသိေစရမယ္”
…
ခန္းမထဲမွာဘာေတြဆက္ျဖစ္မလဲဆိုတာ ခန႔္မွန္းေနၾကခ်ိန္မွာပဲဓာတ္ေလွကားျပန္ပြင့္လာၿပီးေနာက္ က်ယ္ေလာင္လွတဲ့အသံထြက္လာခဲ့ေတာ့သည္ ။
သူေဌး ယန္ ရဲ့ ဇနီးဆိုသူက ဓာတ္ေလွကားထဲကေန အမ်ိဳးသမီးတစ္ေယာက္ကို ဆံပင္ ကေနဆြဲကာ ထြက္လာၿပီး လူၾကားထဲမွာ သူမ ဆံပင္ကို အေနာက္ကေနလွန္ဆြဲလိုက္ကာ မ်က္ႏွာကိုျမင္ေအာင္ျပသည္ ။
“ေကာင္မ ဘယ္ကိုေျပးဖို့ႀကံေနတာလဲ ငါ့ေယာက်္ားနဲ႔ျဖစ္ခ်င္တိုင္းျဖစ္ေနတုန္းကေတာ့ အရွက္မရွိခဲ့တဲ့ေကာင္မက အခုမွ မ်က္ႏွာကိုျပဖို့ရွက္ေနတယ္ေပါ့ ။ အကုန္လုံး နင္တို့ရဲ့ဗီဒီယိုကိုေတြ႕ၿပီးၿပီ နင္ကဘယ္ကိုေျပးဦးမွာလဲ”
ခပ္၀၀အမ်ိဳးသမီးက က်ိဳးက်င္းကို စိတ္ရွိတိုင္း ရိုက္ႏွက္ေနခဲ့တာေၾကာင့္က်ိဳးက်င္းမ်က္ႏွာလည္း ေတာ္ေတာ္ေလး နီရဲလို့ေနၿပီျဖစ္ေပမဲ့ ႐ုန္းထြက္ေနဆဲ ။
႐ုန္းကန္ေနတာက သူမကို ပိုစိတ္ဆိုးေစသည္ထင္ ။
ဆံပင္ကို ခပ္တင္းတင္းကိုင္ၿပီး ထပ္ရိုက္ေလတဲ့ အမ်ိဳးသမီးက တစ္သက္လုံး လယ္ကြင္းမွာ ၾကမ္းၾကမ္းတမ္းတမ္းအလုပ္လုပ္ခဲ့တာေၾကာင့္ အင္အားကေတာ့မနည္းလွ ။
က်ိဳးက်င္းသည္လည္း နာက်င္လွၿပီမို့ အားေတြလည္းေလ်ာ့လာခဲ့တာေၾကာင့္ သည္းမခံနိုင္ေတာ့ပဲ ခပ္၀၀အမ်ိဳးသမီးရဲ့လက္ေမာင္းကို ကုန္းကိုက္လိုက္ေတာ့ေလသည္ ။
“နင္ကမ်ား ငါ့ကိုကိုက္တယ္ေပါ့”
နာက်င္မွုေၾကာင့္ထြက္လာတဲ့အသံက ဧည့္ခန္းထဲကလူတိုင္းရဲ့ နားစည္ေတာင္ကြဲထြက္မတတ္ပင္ ။
ဆံပင္တို့ သူမ လက္ထဲက လြတ္ထြက္သြားၿပီမို့ က်ိဳးက်င္းသည္လည္း ေၾကာက္စိတ္နဲ႔ ဧည့္သည္ေတြေရွ႕မွာေတာင္ မရွက္နိုင္ေတာ့ပဲ လဲက်ရက္သားနဲ႔ပင္ ထြက္ေျပးရေလသည္ ။
------------------------------------------------------------------------
စာစဥ္ ၂၆၊ အခန္း ၁၀။ ေကာင္းလိုက္တဲ့ဒရမ္မာပါလား (10)
ထြက္ေျပးေနတဲ့ က်ိဳးက်င္းကို ခပ္၀၀အမ်ိဳးသမီးကလည္း လြတ္ေပးလိုက္ဖို့စိတ္ကူးရွိပုံမေပၚ ။ က်ိဳးက်င္းဆီသြားကာ သူမ ေနာက္ေက်ာကို ေျခေထာက္နဲ႔ လွမ္းကန္လိုက္ေတာ့ ၾကမ္းျပင္ေပၚကို ေမွာက္လ်က္သားလဲသြားတဲ့ က်ိဳးက်င္းဆံပင္ကို ထပ္ဆြဲျပန္သည္ ။
“ငါ့ေယာက်္ားနဲ႔မ်ားနင္က အိပ္ရဲတယ္ေပါ့ေလ ေသတဲ့အထိ ရိုက္ေပးမယ္ ေကာင္မရဲ့”
ခဏအၾကာမွာေတာ့ လုံျခဳံေရးေတြ ေရာက္လာၿပီး ဆြဲၾကေပမဲ့ စိတ္မထိန္းနိုင္ျဖစ္ေနတဲ့ အမ်ိဳးသမီးကို ေယာက်္ားေတြေတာင္ဆြဲလို့မနိုင္ ။
ေနာက္ဆုံးမွာေတာ့ ထိုအမ်ိဳးသမီးက ေဘးပတ္၀န္းက်င္ကိုတစ္ခ်က္ၾကည့္ကာ ထိုင္ခုံကိုဆြဲယူၿပီး က်ိဳးက်င္းကို ရိုက္ခ်လိုက္ေတာ့သည္ ။
ေသြးသံတရဲရဲအေျခအေနအထိျဖစ္လာေတာ့တာမို့ လုံျခဳံေရးေတြလည္း ပိုအားထည့္ကာ ဆြဲရေတာ့သည္ ။
“နင္ငါ့ေရွ႕ထပ္မေပၚလာေစနဲ႔ ေအး ေတြ႕တာနဲ႔ နင္ေသဖို့သာျပင္ထားလိုက္”
ဆြဲထားသည့္ၾကားက က်ိဳးက်င္းမ်က္ႏွာကို လွမ္းကန္ေသးတဲ့ အမ်ိဳးသမီးကေနာက္ဆုံးမွာေတာ့ ခန္းမထဲက ဆြဲထုတ္ခံလိုက္ရေတာ့သည္မို့ တိတ္ဆိတ္သြားေတာ့သည္ ။
လဲက်ေနတဲ့ က်ိဳးက်င္းက ေသြးေတြပင္ထြက္ေနၿပီး ရိုက္ႏွက္ခံထားရတာမို့ အားမရွိစြာ ျပန္မထနိုင္ ။ တစ္ခ်ိဳ့ ဧည့္သည္ေတြကေတာ့ သူမ ပုံစံကို ဓာတ္ပုံရိုက္ေနၾကေသးသည္ ။
က်ိဳးက်င္း အမွားေပပဲမို့ က်ိဳးက်င္းကိုသနားမည့္သူမရွိၾက ။
“တစ္ေယာက္ေယာက္ သူ႔ကို အေပၚထပ္ကိုအျမန္ေခၚသြားလိုက္ၾကပါ”
ဧည့္သည္တစ္ေယာက္လွမ္းေအာ္လိုက္ေတာ့မွ ဟိုတယ္မန္ေနဂ်ာလည္း သတိ၀င္ၿပီး လုံျခဳံေရးႏွစ္ေယာက္ကိုလွမ္းေခၚကာ က်ိဳးက်င္းကို အေပၚေခၚသြားခိုင္းလိုက္ေတာ့သည္ ။
…
အျဖစ္အပ်က္ေတြက ရွုပ္ေထြးသြားခဲ့တာမို့ သခင္ႀကီးဂူလည္း ေမြးေန႔ပြဲဆက္က်င္းပခ်င္စိတ္မရွိေတာ့ ၊ စကားတစ္ခြန္းမွမေျပာပဲမတ္တပ္ထရပ္ကာ ဓာတ္ေလွကားဘက္ကို တုတ္ေကာက္တစ္ေခ်ာင္းနဲ႔အတူ ခ်ည္းကပ္သြားေတာ့သည္ ။
ဧည့္သည္ေတြလည္း ျပန္ရေတာ့မည့္အေျခအေနေပမို့ ဂူယူရွန္းကို သာႏွုတ္ဆက္ကာထြက္သြားခဲ့ၾကၿပီး ရင္းႏွီးသူတစ္ခ်ိဳ့သာက်န္ေနခဲ့သည္ ။
ခပ္ေ၀းေ၀းမွာရွိေနတဲ့လ်န္ေဒါ့ကူက သူမအဖိုးကို ဓာတ္ေလွကားနားမွာ ဘာေျပာေနသည္မွန္းမသိေပမဲ့ မ်က္ႏွာအမူအရာအရ ႏွုတ္ဆက္ေနသည့္ပုံပင္ ။
------------------------------------------------------------------------
စာစဥ္ ၂၆၊ အခန္း ၁၁။ ေကာင္းလိုက္တဲ့ဒရမ္မာပါလား (11)
မၾကာေသးခင္က လ်န္ေဒါ့ကူရဲ့ေဖ်ာ္ေျဖမွုက စိတ္၀◌င္စားစရာေကာင္းခဲ့ေပမဲ့ သူမ ရည္ရြယ္ခ်က္ေတြျဖစ္မလာေတာ့ ေစာေစာစီးစီးျပန္ေတာ့မည္ ျပင္ေနတဲ့လ်န္ေဒါ့ကူကိုဒီအတိုင္းေတာ့ျပန္ခြင့္မေပးနိုင္ပါ ။
လ်န္ေဒါ့ကူနဲ႔ က်ိဳးက်င္းလိုပဲ ဂူယူရွန္းသည္လည္း ေဖ်ာ္ေျဖမွု တစ္ခုျပင္ဆင္ထားသည္ေပမဲ့ စေတာင္မစရေသးခင္
လ်န္ေဒါ့ကူ ျပန္သြားလို့မျဖစ္ ။
“အဖိုးက အခုထိ ကိတ္ေတာင္မခြဲရေသးဘူး ..ၿပီးေတာ့
ဒီမွာက်န္ေနတဲ့ သူေတြက ရင္းႏွီးတဲ့သူေတြပဲဆိုေတာ့ အကုန္လုံးသေဘာတူတယ္ဆိုရင္ကၽြန္ေတာ္တို့ အေပၚထပ္ကိုသြားၿပီး ကိတ္အတူခြဲၾကမလား..အားလုံးပဲ အေရးႀကီးကိစၥမရွိၾကဘူးမလား”
“ဘယ္လိုအေရးႀကီးကိစၥပဲရွိရွိ ကၽြန္ေတာ္တို့ သခင္ႀကီးဂူရဲ့ အသက္၈၀ျပည့္ေမြးေန႔ကိုေတာ့ ၿပီးဆုံးေအာင္လုပ္ေပးရမွာေပါ့
ကိတ္ခြဲတာက အေရးႀကီးတာပဲကို ဒီအတိုင္းေတာ့ျပန္လို့မျဖစ္ဘူးေလ”
လုဘန္ခ်န္း ၀င္ေျပာေလေတာ့ အကုန္လုံးလည္း သေဘာတူၾကသည္မို့ ဓာတ္ေလွကားေပၚမတက္ခင္ ေရွာင္၀မ္ကို မွာခဲ့လိုက္သည္ ။
“အေပၚထပ္ကနားေနခန္းကို သြားမယ္ အဖိုးကို အဲ့ကိုေခၚလာခဲ့လိုက္”
“ဟုတ္ကဲ့ဆရာ”
……
သခင္ႀကီးဂူေမြးေန႔မွာ အျဖစ္အပ်က္ေတြအမ်ားႀကီး ျဖစ္ခဲ့ေပမဲ့လည္း က်န္ရွိေနတဲ့ သူေတြက ျပဳံးေနၾကတာေၾကာင့္ သက္ေတာင့္သက္သာရွိလွသည္ ။ သို့ေသာ္ သက္ေတာင့္သက္သာ မရွိသူက လ်န္ေဒါ့ကူပင္ ။ သူမကေတာ့
သူမ အေမေနာက္မွာထိုင္ေနၿပီး အျပဳံးတုကိုပန္ဆင္ထားေလသည္ ။
လ်န္ေဒါ့ကူအေမသည္လည္း သခင္ႀကီးဂူ သူမ သမီးအေပၚအျမင္ ေစာင္းသြားမည္စိုးတာေၾကာင့္ စကားစလိုက္ေတာ့သည္ ။
“ေရွာင္ကူ နင့္မန္ေနဂ်ာက ေတာ္ေတာ္လြန္တာပဲ သမီးအေပၚတစ္ခုခုမသက္ေရာက္ခင္ သူ႔ကိုျမန္ျမန္သာဖယ္ထုတ္လိုက္”
လ်န္ေဒါ့ကူအေမက စကားေျပာရင္းလ်န္ေဒါ့ကူခါးကို တံေတာင္နဲ႔တြတ္လိုက္ေတာ့ လ်န္ေဒါ့ကူလည္း စကားျပန္ေျပာရသည္ ။
“ဟုတ္ပါရဲ့အေမရယ္ သူ အဲ့လိုလုပ္လိမ့္မယ္လို့ ထင္ေတာင္မထင္ထားဘူး”
“အားလုံးကို ေတာင္းပန္ပါတယ္ရွင္ အထူးသျဖင့္ အဖိုးဂူကိုေတာင္းပန္ပါတယ္”
လ်န္ေဒါ့ကူ မ်က္ရည္ပုတ္ခတ္ပုတ္ခတ္လုပ္ကာ ေျပာေလေတာ့ ဧည့္သည္တစ္ခ်ိဳ့လည္း အခန္းတြင္းထပ္ၿပီးသက္ေတာင့္သက္သာမရွိတာမ်ိဳး မလိုခ်င္ေတာ့တာေၾကာင့္ လ်န္ေဒါ့ကူကိုႏွစ္သိမ့္ေပးၾကသည္ ။
“ေရွာင္ကူ႔အမွားမွမဟုတ္တာပဲ ေျပာရရင္ ေရွာင္ကူက သူ႔မန္ေနဂ်ာမွမဟုတ္တာ...”
“ဟုတ္တယ္ အေဒၚလ်န္ လည္း အကုန္လုံးၿပီးသြားေတာ့မွေတာ့
လ်န္ေဒါ့ကူကို မဆူပါနဲ႔ေတာ့”
၀ိုင္းႏွစ္သိမ့္ေပးၾကေပမဲ့ လ်န္ေဒါ့ကူက ဆက္ၿပီးသနားစဖြယ္ျဖစ္ေအာင္ လုပ္ခ်င္ေနပုံပင္ ။
“ဘယ္လိုပဲျဖစ္ျဖစ္ ဒါကကၽြန္မအမွားပါပဲ ကၽြန္မသာ သီခ်င္းတက္မဆိုခဲ့ရင္ ဒီလိုျဖစ္မွာမဟုတ္ဘူး”
လ်န္ေဒါ့ကူဟန္ေဆာင္ေနသမၽွကို တည္တည္ၿငိမ္ၿငိမ္ ၾကည့္ေနမိတဲ့ ဂူယူရွန္း ေနာက္ဆုံးမွာေတာ့ ႏွုတ္ခမ္းတို့ေကာ့တက္ကာ ေခါင္းငုံ႔ခ်လိုက္ၿပီး ခ်င္းက်ီအိုက္ လက္ကို လွမ္းကိုင္လိုက္ေလသည္ .....
-----------------------------------------------------------------------
စာစဥ္ ၂၆၊ အခန္း ၁၂။ ေကာင္းလိုက္တဲ့ ဒရမ္မာပါလား (12)
“စိတ္ထဲမထားပါနဲ႔ သခင္ႀကီးဂူကလည္း အဲ့အတြက္အေႏွာင့္အယွက္ျဖစ္ပုံမေပၚပါဘူး”
“ဟုတ္တယ္ ဒီအေၾကာင္းရပ္လိုက္ရေအာင္ ေရွာင္ကူလည္း ငိုေနတာတိတ္ေတာ့ ကိတ္လည္းေရာက္ၿပီဆိုေတာ့ ခြဲလိုက္ရေအာင္ေလ”
၃ေပေလာက္ရွိတဲ့ ကိတ္လည္း ေရာက္လာေလၿပီမို့ ဧည့္သည္ေတြက သခင္ႀကီးဂူနား ၀ိုင္းလာၾကေတာ့သည္ ။ ညစာစားၿပီးၿပီဆိုေပမဲ့ ေမြးေန႔ဂုဏ္ျပဳသီခ်င္းဆိုေပးၾကၿပီး ကိတ္ကို အားရပါးရစားေပးၾကသည္ ။ အဲ့ဒီေနာက္မွာေတာ့ ျဖစ္သြားခဲ့တဲ့ ကိစၥက ဧည့္သည္ေတြၾကား စကားစဖို့ရာ အေၾကာင္းအရင္းတစ္ခုျဖစ္ေနခဲ့သည္ ။
မိနစ္ ၂၀ ေလာက္အၾကာမွာေတာ့ သခင္ႀကီးဂူနဲ႔လ်န္ေဒါ့ကူအဖိုးတို့ စကားေျပာေနတဲ့ဆီ လ်န္ေဒါ့ကူေလၽွာက္သြားလိုက္ၿပီး အခန္းထဲက ထြက္သြားေလသည္မို့ လုဘန္ခ်န္းေဘးမွာ ဂိမ္းထိုင္ေဆာ့ေနတဲ့ ေရွာင္၀မ္လည္း သူမ ေနာက္လိုက္သြားခဲ့ေတာ့သည္ ။
ေရွာင္၀မ္ထြက္သြားၿပီး ခဏအၾကာမွာေတာ့ ဂူယူရွန္း ဖုန္းထဲ စာ၀င္လာခဲ့တာေၾကာင့္ ဖုန္းကိုၾကည့္မိေတာ့ ေရွာင္၀မ့္ဆီကပင္ ။
ဂူယူရွန္း စာမျပန္ပဲ လုဘန္ခ်န္းကို လွမ္းၾကည့္လိုက္ေတာ့
လုဘန္ခ်န္းက ျပန္လွည့္ၾကည့္လာၿပီး ေခါင္းတစ္ခ်က္ဆတ္ျပသည္ ။
ခဏအၾကာမွာေတာ့ လုဘန္ခ်န္း ဂိမ္းေဆာ့ရတာ ပ်င္းလာၿပီမို့ ျပတင္းေပါက္အျပင္ဘက္ကို တစ္ခ်က္လွမ္းၾကည့္ၿပီး ေခါင္းကိုႏွိပ္ေနရင္းက အျပင္ဘက္မွာ တစ္ခုခုေတြ႕လိုက္ရေလသည္ ။
“အားလုံးပဲ ဟိုကိုၾကည့္ပါဦး”
လုဘန္ခ်န္းအသံက သိပ္မက်ယ္ဘူးဆိုေပမဲ့ တစ္ခန္းလုံးၾကားေလာက္တဲ့အသံမ်ိဳးေပမို့ ျပတင္းေပါက္အျပင္ဘက္ကို လွည့္ၾကည့္လာၾကေလသည္ ။
ေရာင္စုံေဘာလုံးေတြက ေလထဲမွာ ေမ်ာေနၿပီး ေဘာလုံးေတြက ေလေပၚတက္တာ ျမန္လြန္းတာမို့ “သခင္ႀကီးဂူ” ဆိုတဲ့ စာကိုေဘာလုံးေတြေပၚမွာ ေတြ႕လိုက္ရသည္ ။
“ဘယ္သူ စီစဥ္ထားတာလဲ ဒါေလးက”
ဧည့္သည္တစ္ေယာက္က ျပတင္းေပါက္ဆီတိုးကပ္သြားၿပီး တံခါးကို ဆြဲဖြင့္လိုက္ကာ ေခါင္းထြက္ၿပီးၾကည့္သည္ ။
“ေဘာလုံးေတြက ေတာ္ေတာ္ေလး ျမင့္သြားၿပီပဲ ေအာ္...ႀကိဳးခ်ည္ထားတာပဲအေပၚမွာ ၁၇လႊာ ၁၈ လႊာ ေလာက္မွာ ႀကိဳးခ်ည္ထားတယ္ထင္တယ္”
“ဘာစာေတြေရးထားတာလဲ”
“ေသခ်ာမျမင္ရဘူး...အေပၚထပ္ကိုတက္ၾကည့္မွရမယ္”
လူတိုင္းလည္း ေရးထားတဲ့စာကို သိခ်င္ေနၾကတာေၾကာင့္ မတ္တပ္ထရပ္လိုက္ ၿပီး အေပၚထပ္ကို တက္သြားၾကေလသည္ ။ ဓာတ္ေလွကားကအထြက္မွာေတာ့ ေဘာလုံးေတြကို ပိုနီးနီးကပ္ကပ္ျမင္လိုက္ရသည္ ၊
သို့ေသာ္ ဘယ္ဘက္အခန္းထဲကေန အသံေတြၾကားလိုက္ရတာမို့ အမ်ိဳးသမီးတစ္ခ်ိဳ့က ဘာေတြျဖစ္ေနမွန္း သိခ်င္လာတာေၾကာင့္ အသံလာရာတံခါးဆီ တိုးကပ္ သြားလိုက္ၿပီး တံခါးတစ္၀က္ဟထားတဲ့ အခန္းထဲကို ေခ်ာင္းၾကည့္လိုက္ၾကေတာ့သည္ ။
“အတြဲတစ္တြဲရန္ျဖစ္ေနတာလား”
ဂူမိသားစုက အမ်ိဳးသမီးတစ္ေယာက္ကခပ္တိုးတိုး ေျပာေတာ့ တျခားအမ်ိဳးသမီးေတြလည္းစိတ္၀င္တစားရွိလာသည္ ၊
“ျဖစ္နိုင္တယ္..”
“ငါေတာ့႐ူးေတာ့မွာပဲ”
အခန္းထဲကေန ႐ုတ္တရက္ထိုးေဖာက္၀င္လာတဲ့အသံေၾကာင့္ တီးတိုးေျပာေနတဲ့ စကားတို့ ရပ္သြားရေတာ့သည္ ။
“ဟယ္ ..အဲ့ဒါေရွာင္ကူမဟုတ္ဘူးလား သူျပန္သြားၿပီထင္တာ ဘာလို့ဒီကိုေရာက္ေနတာလဲ”
--------------------------------------------------------------------
စာစဥ္ ၂၆၊ အခန္း ၁၃။ ေကာင္းလိုက္တဲ့ဒရမ္မာပါလား(13)
“ဘာေတြျဖစ္ေနတာလဲ”
လ်န္ေဒါ့ကူရဲ့အေဒၚျဖစ္သူက ေမးေလေတာ့
လ်န္ေဒါ့ကူအေမလည္း စိတ္ရွုပ္စြာပင္ ။
“ကၽြန္မ သြားၾကည့္လိုက္မယ္”
လ်န္ေဒါ့ကူအေမျဖစ္သူ ေျခလွမ္း ျပင္တုန္းမွာပဲ
လ်န္ေဒါ့ကူအသံက ထပ္ထြက္လာျပန္သည္ ။
“အကုန္လုံးအစီအစဥ္တက်ျဖစ္ေနပါၿပီဆို ဗီဒီယိုေပၚမွာအဲ့ဒီမိန္းမ မဟုတ္ပဲ ဘာလို့နင္ကေပၚလာတာလဲ က်ိဳးက်င္းတကယ္ပဲ နင္ဘာေတြလုပ္ေနတာလဲ”
ၾကားလိုက္ရတဲ့ စကားေတြေၾကာင့္ အခန္း၀မွာေရာက္ေနၾကသူေတြ ၿငိမ္သက္သြားခဲ့ရၿပီး လ်န္ေဒါ့ကူအေမကိုယ္တိုင္ မလွုပ္မယွက္ ျဖစ္သြားရသည္ ။
“နင့္ေၾကာင့္ ငါဒီေန႔ ပ်က္ဆီးေတာ့မလို့ဟဲ့ သိရဲ့လား အဖိုးဂူရဲ့ေမြးေန႔မွာ ငါ့မန္ေနဂ်ာက ဒီလိုစက္ဆုပ္ဖြယ္ ပုံစံကိုျပခဲ့တယ္ ေကာင္းတယ္ သိပ္ေကာင္းတယ္ ငါ ဂူမိသားစုေရွ႕မွာ ဘယ္လိုမ်က္ႏွာျပရေတာ့မလဲ ဟမ္”
လ်န္ေဒါ့ကူဆက္ေျပာမဲ့ စကားေတြကို ဧည့္သည္ေတြအကုန္မသိခင္
သူမ အေမျဖစ္သူ တားရေတာ့မည္မို့ ေျခလွမ္းတို့ကိုေရြ႕လိုက္ေတာ့
ဂူယူရွန္းက တားလာသည္ ။
“အန္တီ အဖိုးဂူေရာ အဖိုးလ်န္ေရာ သိရမဲ့ကိစၥတစ္ခုခုရွိေနၿပီ ထင္တယ္”
ဂူယူရွန္း သူ႔အဖိုးကိုလွည့္ၾကည့္လိုက္ေတာ့ ေခါင္းမၿငိမ့္ေခါင္းမခါႏွင့္ ။ လ်န္ေဒါ့ကူအဖိုးကေတာ့ လ်န္ေဒါ့ကူအေမကို တစ္ခ်က္ၾကည့္ကာ
တိုးတိုးေနဖို့ အခ်က္လွမ္းျပလိုက္သည္ ။
“ငါ့အေမ ၀င္ေျပာလိုက္လို့သာ ေတာ္ေသးတာေပါ့
က်ိဳက်င္း ငါ့ကိုေျပာစမ္းပါ ဘာေတြ ျဖစ္ခဲ့တာလဲ ။ ငါတို့ေသခ်ာစီစဥ္ထားခဲ့တာပဲမလား ဘယ္လိုျဖစ္ၿပီး ဒီလိုမွားသြားရတာလဲ”
တစ္ေလၽွာက္လုံးၿငိမ္ေနခဲ့တဲ့ က်ိဳးက်င္း က ေနာက္ဆုံးေတာ့ အသံခပ္ေဖ်ာ့ေဖ်ာ့ႏွင့္ စကားေျပာလာေလေတာ့သည္ ။
“ငါလည္းမသိဘူး ဟို၀န္ထမ္းကေျပာတာေတာ့ အဲ့ဒီမိန္းမက အခန္းနံပါတ္ ၁၃၀၂ မွာတဲ့ ဒါေပမဲ့ ငါ သူေဌး ယန္ ကို အဲ့အခန္းထဲေခၚသြားလိုက္ေတာ့
သူက အခန္းထဲမွာရွိမေနဘူး ငါအဲ့အခန္းထဲက ထြက္သြားခ်င္ခဲ့ေပမဲ့ ႐ုတ္တရက္ စိတ္လြတ္သြားခဲ့တာ....”
“ငါဘယ္ေလာက္ေတာင္လန႔္သြားခဲ့ရလဲသိလား ဗီဒီယိုထဲက လူက နင္ပါလို့ လူေတြေျပာေနၾကတဲ့အခ်ိန္ ငါ နားၾကားမွားတယ္ပဲ ထင္ခဲ့တာ အဲ့ဒီမိန္းမကလည္း ဂူယူရွန္းေဘးမွာ ရွိေနတာကို ေတြ႕လိုက္ရတဲ့အခ်ိန္ ငါဘယ္လိုခံစားလိုက္ရလဲ နင္သိေရာသိရဲ့လား”
ဂူယူရွန္းေဘးမွာထိုင္ေနတဲ့မိန္းမ ဆိုတဲ့ စကားကိုၾကားလိုက္ရေတာ့ နားေထာင္ေနၾကတဲ့သူေတြလည္း လ်န္ေဒါ့ကူတို့ေျပာေနတဲ့သူကို သိသြားေတာ့တာေၾကာင့္ ခ်င္းက်ီအိုက္ကို လွမ္းၾကည့္ၾကေတာ့သည္ ။.
-------------------------------------------------------------------------
စာစဥ္ ၂၆၊ အခန္း ၁၄။ ေကာင္းလိုက္တဲ့ဒရမ္မာပါလား (14)
တံခါးအျပင္ဘက္မွာ လူေတြေရာက္ေနတာကို မသိတဲ့လ်န္ေဒါ့ကူကေတာ့ ေျပာခ်င္တဲ့စကားေတြကိုပင္ စိတ္လြတ္ကိုယ္လြတ္ေျပာေနေလသည္ ။
“အဲ့ဒီမိန္းမ တျခားေယာက်္ားနဲ႔အိပ္ေနတဲ့ ပုံစံကို အဖိုးဂူနဲ႔ ဂူယူရွန္းကို ျပလိုက္ရင္ သူ႔ကို ရြံသြားလိမ့္မယ္ဆိုၿပီး ငါစီစဥ္ခဲ့တာ ဒါေပမဲ့
အဲ့ဒီအစီအစဥ္က ငါ့ကိုျပန္ဒုကၡေပးသြားလိမ့္မယ္လို့ လုံး၀ထင္မထားဘူး”
“ဟိုမိန္းမကို ခပ္မဲ့ေဆးက ဘယ္လိုလုပ္ နင့္ဆီ ေရာက္လာတာလဲ…ၿပီးေတာ့ နင္ေျပာတဲ့ ၀န္ထမ္းကိုလည္း ငါတို့ပိုက္ဆံေပးခဲ့တာပဲ တကယ့္ျပႆနာလုပ္တဲ့သူက သူပဲ...ငါအခုသူနဲ႔သြားေတြ႕မယ္”
လ်န္ေဒါ့ကူ စကားေျပာၿပီးၿပီးခ်င္းပဲ တံခါးဆီေလၽွာက္လာကာ တံခါးကိုဆြဲဖြင့္လိုက္ေတာ့ သူမ ေရွ႕မွာ လူတစ္အုပ္ေတြ႕လိုက္ရတာေၾကာင့္ လ်န္ေဒါ့ကူ လန႔္သြားမိေတာ့သည္ ။ သူမကို ၾကည့္ေနၾကတဲ့ လူေတြၾကား လ်န္ေဒါ့ကူ ေသြးျပတ္မတတ္ျဖစ္သြားခဲ့ရၿပီးေနာက္ အသံတို့ကပင္တုန္တုန္ရီရီ ။
“အဖိုး ...ဂူ ...အဖိုး ....အေဖ....အေမ ..ရွင္ ..ရွင္တို့ေတြက...”
စကားကိုပင္ဆုံးေအာင္ေျပာနိုင္မစြမ္းေတာ့တဲ့ လ်န္ေဒါ့ကူက
ႏွုတ္ခမ္းကို ဖိကိုက္ကာအေတာ္ေလးတုန္လွုပ္ေနပုံပင္ ။
ဂူယူရွန္းအဖိုးလည္း မ်က္ႏွာပ်က္ေနခဲ့ၿပီး လ်န္ေဒါ့ကူအဖိုးကေတာ့ သခင္ႀကီးဂူကို တစ္ခ်က္လွမ္းၾကည့္ကာ ဟန္လုပ္ကာရယ္ရင္း ...
“ဒါက ...ဒါကအထင္လြဲတာေနမွာပါ ..အထင္လြဲတာ”
“အထင္လြဲသတဲ့လား”
ရယ္စရာေကာင္းတဲ့ ဟာသတစ္ခုကို ၾကားလိုက္ရသလို ရယ္သံယွက္ကာ ေျပာလာေလတဲ့ ဂူယူရွန္းပါပင္ ။
“အဖိုးေမြးေန႔မွာ ဒီလိုလုပ္ရပ္မ်ိဳးလုပ္လိုက္တာက အထင္လြဲတာလား ဒါမွမဟုတ္ ေပက်င္းက ဂုဏ္သေရရွိမိသားစုေတြၾကားထဲမွာ ေဆးခတ္ခံရၿပီး ကၽြန္ေတာ့္မိန္းမ တျခားေယာက္်ားနဲ႔ အတူအိပ္ေနတဲ့ ပုံစံကို ျပဖို့ လုပ္တာက အထင္လြဲတာလား”
လ်န္ေဒါ့ကူအေမျဖစ္သူသည္လည္း
ဂူယူရွန္းကို စကားတစ္ခြန္းမွျပန္မေျပာနိုင္ ျဖစ္ေနရၿပီး
အကုန္လုံးရဲ့အၾကည့္က လ်န္ေဒါ့ကူကို ရြံရွာေနသလို ။
က်ိဳးက်င္းကို သူမ ေျပာေနခဲ့တဲ့ စကားေတြကိုလည္း အားလုံးၾကားလိုက္ၾကသည္မို့ သူမအေနနဲ႔ ျပန္အဖတ္ဆယ္စရာမရွိေတာ့ ၊ သူမ ခ်စ္ရတဲ့ မိသားစုေတြ သူငယ္ခ်င္းေတြၾကားထဲမွာ ဒီလိုပုံစံမ်ိဳးနဲ႔ အေၾကာင္းစုံေပၚသြားခဲ့ၿပီး သူမရဲ့ ဂုဏ္သိကၡာလည္း မရွိေတာ့သည္မို့ လ်န္ေဒါ့ကူ ေဆာက္တည္ရာမရ ။
သူ႔ေၾကာင့္ပဲ အားလုံး သူ႔အမွားပဲ ...
သူ႔ေၾကာင့္သာမဟုတ္ရင္ ငါ့ဘ၀လည္း ဒီလိုပ်က္ဆီးစရာမရွိဘူး ..
အျပစ္ပုံခ်ခ်င္တဲ့စိတ္က ေခါင္းထဲျပည့္လာတာေၾကာင့္
လ်န္ေဒါ့ကူ ခ်င္းက်ီအိုက္ကို လွမ္းၾကည့္လိုက္ေတာ့သည္ ။
“နင့္ေၾကာင့္ပဲ နင့္ေၾကာင့္ ဒီလိုေတြျဖစ္ရတာ ..
အဖိုးနဲ႔ တျခားသူေတြကို ဒီေနရာကိုေရာက္လာေအာင္ နင္ေခၚထားတာမဟုတ္လား”
----------------------------------------------------------------------
စာစဥ္ ၂၆၊ အခန္း ၁၅။ ေကာင္းလိုက္တဲ့ဒရမ္မာပါလား (15)
လ်န္ေဒါ့ကူက ေဒါသတႀကီး စကားေျပာေနရင္းက သူမ ပိုက္ဆံအိတ္ကို ခ်င္းက်ီအိုက္ဆီပစ္ေပါက္လိုက္တာမို့
ဂူယူရွန္း ၀င္ကာေပးလိုက္ေတာ့ ပိုက္ဆံအိတ္က ဂူယူရွန္းေနာက္ေက်ာကိုထိသြားခ်ိန္မွာပဲ ခ်င္းက်ီအိုက္ပါးစပ္ထဲကို
ဂူယူရွန္း တစ္ခုခုထည့္ေပးလိုက္ေတာ့သည္ ...
ဂူယူရွန္း လုပ္ရပ္က ျမန္ဆန္လြန္းတာမို့ဘယ္သူမွမသိလိုက္ေပမဲ့ ခ်င္းက်ီအိုက္ကေတာ့ မ်က္ရည္ေတြက်လာရေတာ့သည္ ။
ဂူယူရွန္း သူမ ပါးစပ္ထဲကို wasabi ထည့္သြားျခင္းပင္ ၊
စပ္လြန္းတာမို့ ခ်င္းက်ီအိုက္မ်က္ရည္က်လာရၿပီး ဂူယူရွန္းကို လွည့္ၾကည့္လိုက္ေတာ့ ဂူယူရွန္းက သူမကိုတိုးတိုးေနဖို့ အခ်က္ျပသည္ ။
အဲ့ဒီေနာက္ ဂူယူရွန္းက သူမ ပါးျပင္တစ္ေလၽွာက္စီးက်ေနတဲ့မ်က္ရည္တို့ကိုသုတ္ေပးရင္း သူမကိုႏွစ္သိမ့္သည္ ။
“ေရွာင္အိုက္ မင္းဘယ္လိုခံစားေနရမလဲနားလည္ေပမဲ့ ဒါကမင္းအမွားမဟုတ္ဘူးေလ ဘာလို့ငိုေနတာလဲ”
“ကၽြန္မ....”
ခ်င္းက်ီအိုက္ စကားေျပာဖို့ျပင္တုန္းမွာပဲ ဂူယူရွန္းက သူမ ခါးကို အသာတို့ေလေတာ့ ခ်င္းက်ီအိုက္ စကားဆက္မေျပာျဖစ္ေတာ့ ။
“မင္းဘယ္ေလာက္ေၾကာက္ေနမလဲ ကိုယ္နားလည္ပါတယ္ ဒါေပမဲ့ ေဆးအခတ္မခံလိုက္ရတာပဲ ကံေကာင္းလွၿပီလို့ ေတြးေနာ္ မငိုနဲ႔….
တိတ္ေတာ့”
ဂူယူရွန္းတို့ႏွစ္ေယာက္တည္း တစ္ကမၻာျဖစ္ေနတဲ့ပုံစံကို လ်န္ေဒါ့ကူ တကယ္ပဲဆက္မၾကည့္နိုင္ေတာ့ ။
“ဘာလို့ အပိုေတြလုပ္ေနတာလဲ နင့္ေၾကာင့္သာမဟုတ္ရင္ ငါလည္း ဒီလိုအေျခအေနမ်ိဳးျဖစ္ရမွာ မဟုတ္ဘူး အားလုံးနင့္ေၾကာင့္ပဲ”
ခ်င္းက်ီအိုက္ စပ္လြန္းေနတာမို့ မ်က္ရည္ေတြက်ေနဆဲျဖစ္သည္ကို တျခားသူေတြကေတာ့ လ်န္ေဒါ့ကူေၾကာင့္ ေၾကာက္ၿပီး ငိုေနသည္ပဲ ထင္ေနၾကေလသည္ ။
“ဒီမွာရွိေနတဲ့လူေတြက တစ္ေယာက္မွအ႐ူးမပါဘူး မိန္းကေလး လ်န္..မင္းေျပာေနတဲ့စကားေတြကိုလူတိုင္းၾကားတယ္ အခုဘယ္သူ႔ကိုအျပစ္ေလၽွာက္တင္ေနတာလဲ”
စကားသံေတြတစ္ေယာက္တစ္ေပါက္ ထြက္လာၾကခ်ိန္
ခ်င္းက်ီအိုက္ ဘာစကားမွမေျပာခဲ့ေပမဲ့
ဂူယူရွန္းကေတာ့ သူမ စကားေျပာသလိုႏွင့္
သူမ ဆံပင္တို့ကို ပြတ္သပ္ေပးေနေလသည္ ။
“ေဆးသာအခတ္ခံရရင္ ဗိုက္ထဲက ကေလးကိုပါ ထိမွာကို ေၾကာက္ေနတာကို ကိုယ္နားလည္ပါတယ္...”
အေျခအေနေတြပိုတင္းမာလာေအာင္ “ကေလး” ဆိုတဲ့စကားကိုပါ ဂူယူရွန္းေျပာလိုက္ေတာ့ အဖိုးဂူလည္း လွုပ္လွုပ္ရွားရွားျဖစ္လာေလသည္ ။
“ဟုတ္ပါရဲ့ ကိုယ္၀န္လည္း ရွိေနတာကို ဘယ္လိုလုပ္မ်ား ဒီေလာက္ရက္ရက္စက္စက္လုပ္နိုင္ရတာလဲ”
“သူ႔အစီအစဥ္ေတြသာ တကယ္ျဖစ္သြားခဲ့ရင္ မေတြးရဲစရာပဲ”
“တကယ့္မိန္းမယုတ္ပဲ လ်န္မိသားစုမွာ ဘယ္လိုလုပ္ ဒီလို သမီးမ်ိဳးရွိလာရတာလဲ”
အျပစ္တင္ေျပာဆိုေနၾကတဲ့ စကားေတြၾကား လ်န္ေဒါ့ကူ အသိစိတ္မဲ့စြာျဖစ္ရၿပီး ခ်င္းက်ီအိုက္ကို ထပ္ၿပီး စကားလုံးေတြနဲ႔ထိုးႏွက္ေလျပန္သည္ .....
--------------------------------------------------------------------
စာစဥ္ ၂၆၊ အခန္း ၁၆။ ေကာင္းလိုက္တဲ့ဒရမ္မာပါလား (16)
တစ္ေလၽွာက္လုံးဘာစကားမွမေျပာတဲ့ သခင္ႀကီးဂူ ႐ုတ္တရက္ တုတ္ေကာက္ကို ေျမႇာက္ကာ ေဘးနားကနံရံကိုရိုက္လိုက္ေတာ့သည္ ။
“သူငယ္ခ်င္းလ်န္ ...ငါတို့ျပန္မယ္ မင္းေျမးကို ငါ ဘာစကားမွမေျပာခ်င္ေတာ့ဘူး”
သခင္ႀကီးဂူက ေျပာရင္း ဂူမိသားစု၀င္ေတြကို
ၾကည့္လိုက္ကာ ...
“ဘာလုပ္ေနတာလဲ သြားၾကမယ္”
အေရွ႕က ဦးေဆာင္ကာ ထြက္သြားေလတဲ့သခင္ႀကီးဂူေနာက္ကို ဂူမိသားစု၀င္ေတြလည္း လိုက္လာခဲ့ၾကၿပီး ဓာတ္ေလွကားထဲ အ၀င္မွာေတာ့ မ်က္ရည္ေတြက်ေနေသးတဲ့ ခ်င္းက်ီအိုက္ကို သခင္ႀကီးဂူတစ္ခ်က္လွည့္ၾကည့္မိသည္ ။
ခ်င္းက်ီအိုက္ကို ႏွစ္သိမ့္စကားေျပာေပးဖို့ ပါးစပ္ျပင္လိုက္ေပမဲ့
စကားလုံးတို့ ထြက္ဖို့ခက္ခဲတာမို့ သခင္ႀကီးဂူလည္း မေျပာေတာ့ပဲ ခ်င္းက်ီအိုက္ဆီက အၾကည့္လႊဲလိုက္ေတာ့သည္ ။
……
အသက္ ၈၀ ျပည့္ေမြးေန႔မွာ ဒီလိုရွုပ္ေထြးလွတဲ့ ကိစၥေတြျဖစ္ခဲ့တာမို့
သခင္ႀကီး ဂူလည္း စိတ္ထိခိုက္လိမ့္မည္မွာအေသအခ်ာပင္ ။
ဟိုတယ္ကေနျပန္လာၾကတဲ့ လမ္းမွာ သခင္ႀကီးဂူရဲ့အေျခအေနကို
နမ္နီက်န္း ေတာက္ေလၽွာက္ ေစာင့္ၾကည့္ေနခဲ့ရၿပီး
သခင္ႀကီးဂူက ျပတင္းေပါက္အျပင္ဘက္ကို ေငးကာ ...
“ေရွာင္က်န္း ၿပီးခဲ့တဲ့ တ႐ုတ္ႏွစ္ကူးတုန္းက ျဖစ္ခဲ့တဲ့ ကားအက္ဆီးဒင့္ တုန္းကလူကိုအခု ဆက္သြယ္လို့ရနိုင္ေသးလား”
ေမၽွာ္လင့္မထားတဲ့ ေမးခြန္းျဖစ္တာေၾကာင့္ နမ္နီက်န္း ခဏတာေၾကာင္အသြားခဲ့ရေလသည္ ။
“ဟုတ္ကဲ့”
“သူ႔ကိုဖုန္းဆက္ၿပီး ခဏေနေတြ႕မယ္လို့ေျပာလိုက္”
……
ခ်င္းက်ီအိုက္ သန႔္စင္ခန္းသြားေနစဥ္ ဂူယူရွန္းကေတာ့ ဟိုတယ္အျပင္ဘက္ကိုထြက္လာကာ လမ္းမီးတိုင္နား ရပ္ရင္း ေဆးလိပ္ေသာက္လ်က္ ခ်င္းက်ီအိုက္ကိုေစာင့္ေနမိသည္ ။
ေဆးလိပ္ေငြ႕ေတြၾကားက ေတြ႕လိုက္ရတဲ့က်ိဳးက်င္းကို သတိျပဳမိေတာ့ က်ိဳးက်င္းက သူ႔ကိုၾကည့္ေနသည္မို့ ဂူယူရွန္း အၾကည့္လႊဲကာ ေဆးလိပ္ေငြ႕တို့ကိုႏွာေခါင္းေပါက္ထဲကေန မွုတ္ထုတ္လိုက္ခ်ိန္ က်ိဳးက်င္းက သူ႔ဆီေလၽွာက္လာခဲ့ေလၿပီ ။
“အဲ့ဒီ၀န္ထမ္းကို ရွင္ လာဘ္ထိုးခဲ့တာမလား”
သူမ စကားကိုမၾကားသလိုေနရင္း
ဂူယူရွန္း ေဆးလိပ္ဆက္ေသာက္ေနလိုက္ေတာ့
စကားထပ္ေျပာလာေလတဲ့ က်ိဳးက်င္းပါပင္ ။
“သူေဌး ယန္ မွာ အိမ္ေထာင္ရွိတာကိုလည္း ရွင္သိေနခဲ့တယ္မလား”
------------------------------------------------------------------------
ႀကိဳတင္ဖတ္႐ႈလိုပါက စာစဥ္ ၂၈ ထိကို ၁၀၀၀ က်ပ္ျဖင့္ စာစဥ္တစ္ခုလံုးကို ၀ယ္ယူဖတ္႐ႈႏိုင္ပါၿပီ ။
ေဘလႊဲရမယ့္နံပတ္ေလးကေတာ့ 09402842937 ပါ ။ ေကာင္းေသာညခ်မ္းေလး ျဖစ္ၾကပါေစ 😘
....
Unicode
စာစဉ် ၂၆၊ အခန်း ၁။ ကောင်းလိုက်တဲ့ဒရမ်မာပါလား (1)
လျန်ဒေါ့ကူက သူမ မိသားစုနဲ့အတူမလာပဲ ကျိုးကျင်းနဲ့အတူ နောက်ကျမှရောက်လာလေသည် ။
တစ်နာရီကျော်လောက် ဧည့်သည်တွေနဲ့ နှုတ်ဆက်လို့အပြီးမှာတော့ သခင်ကြီးဂူလည်းပင်ပန်းလှပြီမို့ နမ်နီကျန်းကို နားနေခန်းထဲလိုက်ပို့ဖို့ပြောရသည် ။ တရိပ်ရိပ် ဝ◌င်ရောက်လာတဲ့ ဧည့်သည်တွေကို သခင်ကြီးနှုတ်ဆက်နေခဲ့ပေမဲ့ လျန်ဒေါ့ကူ လာတဲ့အထိကိုတော့ ဆက်မနှုတ်ဆက်နိုင်တော့ပေ ။
ဂူယူရှန်းနဲ့ ချင်းကျီအိုက်လည်း တံခါးနားမှာရပ်နေကြတာမို့
လျန်ဒေါ့ကူနဲ့ ကျိုးကျင်းကိုတွေ့လိုက်ရတာကြောင့်
တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်မိသည် ။
သူတို့နှစ်ယောက်ကို နှုတ်မဆက်ချင်တာမို့
ဂူယူရှန်းလည်း သူတို့ရောက်လာတာကို မသိချင်ယောင်ဆောင်ပြီး ချင်းကျီအိုက်နားတိုးကပ်ကာ စကားပြောလိုက်သည် ။
"ပင်ပန်းနေပြီလား အပေါ်ထပ်မှာသွားနားမလား"
"ရပါတယ်"
"ကလေးလေးရော .. ကိုယ့်တို့ရဲ့ပဲစေ့လေး ရော ဗိုက်ထဲမှာလှုပ်နေပြီလား"
"အင်း"
"ပင်ပန်းရင် ကိုယ့်ကိုပြောနော်"
စကားတွေ ဆက်တိုက်ပြောနေတဲ့ ဂူယူရှန်းက လျန်ဒေါ့ကူတို့ မသွားမချင်း ပြောလို့မပြီး ။ အဲ့ဒီနောက်မှ ချင်းကျီအိုက် ခါးကို ကိုင်ကာ ဝင်လာတဲ့ ဧည့်သည်တွေကိုဆက်နှုတ်ဆက်လေသည် ။
…
လျန်ဒေါ့ကူက သူမ မိသားစုနဲ့အတူထိုင်ပြီး ကျိုးကျင်းကတော့ တခြားစားပွဲမှာထိုင်ရမည်မို့ သူတို့ မထိုင်ခင် လျန်ဒေါ့ကူ ကျိုးကျင်းအင်္ကျီလက်ကို ဆွဲကာ နားနားကပ်ကာစကားပြောလိုက်သည် ။
"အားလုံးအဆင်ပြေတယ်မလား"
"စိတ်မပူပါနဲ့ ငါအကုန်စီစဉ်ပြီးပြီ ဟိုဘက်စားပွဲက တစ်ယောက်ကို တွေ့တယ်မလား ငါသူ့ကို ပိုက်ဆံပေးထားတယ် အဲ့ဒီမိန်းမ သောက်မဲ့အအေးခွက်ထဲကို ဆေးထည့်ပေးလိမ့်မယ် အဲ့ဆေးကပြင်းလို့ သောက်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး သူစိတ်ကြွလာလိမ့်မယ်"
"နင်စီစဉ်ထားတဲ့လူကရောဘယ်သူလဲ"
" သူဌေး ယန် နင်နဲ့ ပုံတွေနဲ့ပတ်သက်ပြီး သူ့ကို တာဝန်ယူခိုင်းတဲ့အနေနဲ့ ဒီအစီအစဉ်မှာ သူ့ကို ထည့်လိုက်တာ"
"ဟိုတယ်အခန်းမှာလည်း အကုန်အဆင်သင့်ပဲ ကင်မရာလည်း ဆင်ထားပြီးပြီ ငါစာပို့လိုက်တာနဲ့ နင်က သခင်ကြီးဂူအတွက် သီချင်းဆိုပေးလိုက် ..နင်ဆိုနေတဲ့အချိန် နင်ရဲ့ပုံအစားတီဗီမှာ ပေါ်မှာ သူဌေး ယန်နဲ့ ဟိုမိန်းမ ပေါ်လာလိမ့်မယ်"
ကျိုးကျင်းရဲ့ရှည်လျားလှတဲ့ စကားအဆုံး လျန်ဒေါ့ကူ ပြုံးလိုက်ကာ ....
"ကျိုးကျင်း နင်ကအတော်ဆုံးပဲ"
"ရှူး"
လျန်ဒေါ့ကူကို အသံလျော့ဖို့ ပြောတော့ လျန်ဒေါ့ကူက ဘေးပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ကာ
သူမ သိတဲ့လူတွေကိုပြုံးပြလိုက်သေးသည် ။
"အိုကေ ဒီမှာ လူတွေများလို့ဆက်မပြောတော့တာကောင်းမယ်
ထိုင်ခုံမှာ သွားထိုင်လိုက်တော့ ငါစာပို့မှာကိုစောင့်နော်"
လျန်ဒေါ့ကူ ခေါင်းငြိမ့်ကာပြုံးပြလိုက်ပြီးနောက်မှာတော့ ကျိုးကျင်းထွက်သွားခဲ့တော့လေသည် ....
-------------------------------------------------------------------------
စာစဉ် ၂၆၊ အခန်း ၂။ ကောင်းလိုက်တဲ့ ဒရမ်မာပါလား (2)
တောက်တောက်ပပပြုံးကာ ဧည့်သည်တွေကိုနှုတ်ဆက်နေတဲ့ ချင်းကျီအိုက်ကို လျန်ဒေါ့ကူ တစ်ချက်လှည့်ကြည့်ပြီးတော့ ဒေါသစိတ်တို့တရိပ်ရိပ်တို့တက်နေခဲ့တော့သည် ...
ဒီအပြုံးတွေ ဘယ်လောက် ခံမလဲ ကြည့်ရအောင်
ချင်းကျီအိုက် သိပ်မကြာခင်မှာပဲ နင့်ကို လူတိုင်း လက်ညိုးဝိုင်းထိုးကြတော့မှာမို့လို့ ပြိုလဲနေတဲ့ နင့်ပုံစံကို ကြည့်ရအောင် .....
……
ဧည့်သည်တွေစုံလုနီးနီးဖြစ်တဲ့အချိန်မှာတော့ ၁၁နာရီခွဲသွားလေပြီ ...
အလည် စားပွဲမှာ နေရာယူလေတဲ့ သခင်ကြီးဂူ ရဲ့စားပွဲမှာ ဂူယူရှန်း ချင်းကျီအိုက် နမ်နီကျန်း နဲ့ တခြားသော အရေးပါတဲ့ ငါးယောက်နဲ့အတူ အဖိုးရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ လျန်ဒေါ့ကူအဖိုးပါ လာရောက်ထိုင်ကြလေသည် ။
ချင်းကျီအိုက်ကို ဇနီးအဖြစ် ဂူယူရှန်းကိုမိတ်ဆက်ပေးတော့
လျန်ဒေါ့ကူအဖိုးက မျက်နှာပျက်သွားလေသည် ။
လူတိုင်းကလည်း ဂူယူရှန်းကို လျန်ဒေါ့ကူနဲ့ပဲလက်ထပ်မည် ထင်ခဲ့ပေမဲ့ အခုလိုတခြားမိန်းကလေးနဲ့ လက်ထပ်သွားတော့ အံ့အားသင့်နေကြလေသည် ။
"သခင်ကြီးဂူ အဝတ်အစားက ဒီနေ့ တော်တော် တောက်ပနေတာပါပဲ"
အမျိုးထဲမှာအကြီးဆုံးအစ်မဝမ်းကွဲ တစ်ယောက်က ပြောလေတော့ တခြားသူတွေကပါ အဖိုးရဲ့အဝတ်အစားအကြောင်းကို ဝိုင်းဆွေးနွေးကြလေသည် ။
ဂူယူရှန်းကတော့ ချင်းကျီအိုက်ကိုသာ သူတို့ကိုမိတ်ဆက်ပေးရသေးတာဖြစ်ပြီး သူတို့ကိုတော့ ချင်းကျီအိုက်ကို မမိတ်ဆက်ပေးရသေးတာမို့ ချောင်းဟန့်လိုက်ကာ စကားဖြတ်ပြောလိုက်တော့သည် ။
"ရှောင်အိုက်သူက ကိုယ့်ဝမ်းကွဲအကို အကြီးဆုံးရဲ့ အမျိုးသမီးလေ
ဒါကတော့ အန်တီပေါ့ သူကတော့ အငယ်ဆုံးအန်တီလေး.."
ဂူယူရှန်း မိတ်ဆက်ပေးတာကြောင့် ချင်းကျီအိုက်လည်း တစ်ယောက်ချင်းစီကို သေချာနှုတ်ဆက်တော့ အကုန်လုံးက ချင်းကျီအိုက်ကို အပြုံးနဲ့ ပြန်နှုတ်ဆက်ကြသည် ။
နောက်ဆုံးအနေနဲ့ လျန်ဒေါ့ကူအဖိုးကိုမိတ်ဆက်ပေးတော့ ချင်းကျီအိုက်နှုတ်ဆက်လိုက်ပေမဲ့ လျန်ဒေါ့ကူအဖိုးက မကြားသလိုပင် သခင်ကြီးဂူကိုစကားသွားပြောနေသည် ။
လျန်ဒေါ့ကူအဖိုးရဲ့အပြုအမူကြောင့် ဂူယူရှန်းမျက်နှာပျက်သွားပြီး စားပွဲဝိုင်းတွင်းလေထုက အနေခက်သွားသည် ။ သို့သော် သိပ်မကြာခင်မှာပဲ ဧည့်သည်တွေက သခင်ကြီးဂူနဲ့ ဝိုင်ခွက်ချင်း လာတိုက်ကြတာမို့ ဆူဆူညံညံ ဖြစ်သွားကြသည်..
……
ကိုယ်ဝန်နဲ့ပေမို့ ချင်းကျီအိုက် အရက်သောက်လို့မရတာမို့ အသီးဖျော်ရည်ပဲသောက်လိုက်သည် ။
ဖျော်ရည်တွေအများကြီးသောက်မိတာကြောင့် ချင်းကျီအိုက် ဗိုက်ထဲ နေလို့သိပ်မကောင်း ၊ ဧည့်သည်တွေလည်း သူတို့စားပွဲကနေခွာသွားကြပြီမို့ ဂူယူရှန်း ချင်းကျီအိုက်နားနား တိုးကပ်ကာ ..
"ဗိုက်ပြည့်နေပြီလား"
"အင်း"
အများကြီးစားထားတာတော့မဟုတ်ပေမဲ့ အအေးတွေအများကြီး သောက်မိတာမို့ ဗိုက်တော့ပြည့်နေသည် ။
"အချိန်ကအများကြီးကျန်သေးတယ် မင်းကိုနားနေခန်းထဲ လိုက်ပို့ပေးဖို့ ကိုယ်တစ်ယောက်ယောက်ခေါ်လိုက်မယ်နော်"
ပျို့အန်ချင်သလိုပင် ဖြစ်နေတာမို့ ချင်းကျီအိုက် ဂူယူရှန်းစကားကိုခေါင်းငြိမ့်ပြကာ လက်ခံလိုက်တော့သည် ။
ဂူယူရှန်းလည်း နီးစပ်ရာဝန်ထမ်းတစ်ယောက်ကို ခေါ်လိုက်တော့ ထိုဝန်ထမ်းက ကျိုးကျင်းဘက်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ဂူယူရှန်းဆီ လျှောက်သွားလိုက်သည် ။
"ဆရာဂူ"
"သူ့ကိုအပေါ်ထပ်က နားနေခန်းထဲခေါ်သွားပေးလိုက်ပါ"
----------------------------------------------------------------------
စာစဉ် ၂၆၊ အခန်း ၃။ ကောင်းလိုက်တဲ့ ဒရမ်မာပါလား (3)
"ဟုတ်ကဲ့ ဆရာဂူ"
ဝန်ထမ်းမလေးက ဂူယူရှန်းကို ခေါင်းငြိမ့်ပြပြီးနောက် ချင်းကျီအိုက်ကို ဓာတ်လှေကားဆီ ဦးဆောင်ကာ ခေါ်သွားတော့သည် ...
…
ချင်းကျီအိုက်ကို အခန်းသော့ပေးလိုက်ပြီးနောက်...
"မိန်းကလေး ချင်း ကျွန်မ ဘာများလုပ်ပေးရဦးမလဲရှင့်"
အအေးတွေအများကြီးသောက်ခဲ့တာမို့ ချင်းကျီအိုက် ပါးစပ်ထဲချိုနေတာကြောင့် ...
"ရေတစ်ခွက်လောက်ယူပေးလို့ရမလား"
"သိပါပြီ"
ဝန်ထမ်းမလေးက ရေတစ်ခွက်ချက်ချင်းပဲ သွားယူပေးကာ
ချင်းကျီအိုက်ကို ပေးလိုက်ပြီးနောက် ..
"တစ်ခုခုလိုရင် အချိန်မရွေးခေါ်လိုက်ပါရှင့်"
ချင်းကျီအိုက် ရေတစ်ငုံသောက်လိုက်ပြီးနောက် ဝန်ထမ်းမလေးကိုပြုံးပြလိုက်တော့သည် ။
"ကောင်းပါပြီကျေးဇူးပါပဲ"
"ဒါဆိုမှာစရာမရှိတော့ရင် အောက်ထပ်ကိုသွားလိုက်ပါဦးမယ်"
ချင်းကျီအိုက်ခေါင်းငြိမ့်ပြလိုက်တော့ ဝန်ထမ်းမလေးက အရိုအသေတစ်ချက်ပေးကာ အခန်းထဲက ထွက်သွားတော့လေသည် .။
…
လူရှုပ်နေသည့်ခန်းမ ကြားထဲကနေ ဂူယူရှန်းဆီကို လျှောက်လာခဲ့ပြီးချင်းကျီအိုက် က အခန်းနံပါတ် ၁၃၀၂မှာ ရှိကြောင်းပြောလိုက်တော့ ဂူယူရှန်းကခေါင်းငြိမ့်ပြသည် ။
ချင်းကျီအိုက်ကိုအခန်းထဲထိ လိုက်ပို့ပေးခဲ့တဲ့ ဝန်ထမ်းမလေး ကျိုးကျင်း တို့စားပွဲနားဖြတ်လျှောက်တော့ ကျိုးကျင်းက လှမ်းခေါ်လေသည် ။
“ဒီကိုခဏလာပါဦး”
“ဘာများကူညီပေးရပါမလဲရှင်”
“ရေဆာလို့ ရေတစ်ခွက်လောက်ပေးမလား”
ကျိုးကျင်းက အသံကို ခပ်ကျယ်ကျယ်ပြောလိုက်ပြီးနောက် ဝန်ထမ်းမလေးနားတိုးကပ်လိုက်ကာ...
“အခြေအနေဘယ်လိုရှိလဲ”
“ခဏလောက်စောင့်ရပါဦးမယ်”
ဝန်ထမ်းမလေးရဲ့စကားအတိုင်း ကျိုးကျင်းလည်း ခန်းမကိုတစ်ချက်ကြည့်ကာစောင့်နေလိုက်ပြီးနောက်
ရေယူလာပြီးလာပေးရင်း စကားလှမ်းပြောလိုက်သေးသည် ။
“အကုန်အဆင်ပြေနေပါတယ် အခန်း ၁၃၀၂ မှာပါ”
ချင်းကျီအိုက်ရှိနေတဲ့ အခန်းနံပါတ်ကို ပြောမှန်း ကျိုးကျင်း သိတာမို့ ရေခွက်ကိုလှမ်းယူလိုက်တော့သည် ။
“ကျေးဇူး”
“ရပါတယ်..ပန်းကန်လဲပေးရမလားရှင့်”
ကျိုးကျင်းခေါင်းငြိမ့်ပြလိုက်ပြီးနောက်မှာတော့ ဝန်ထမ်းမလေးက ကျိုးကျင်းတို့စားပွဲနားက ထွက်သွားခဲ့ပြီး ခဏအကြာမှာပဲ ပန်းကန်တစ်ချပ်ယူလာကာ ညစ်ပတ်နေပြီဖြစ်တဲ့ပန်းကန်ကို လဲပေးလိုက်တော့သည် ...
-----------------------------------------------------------------------
စာစဉ် ၂၆၊ အခန်း ၄။ ကောင်းလိုက်တဲ့ဒရမ်မာပါလား (4)
ဝန်ထမ်းမလေး ပန်းကန်ချင်းလဲကာ ထွက်သွားပြီးနောက်မှာတော့ ပန်းကန်အောက်က အခန်းသော့ကို ကျိုးကျင်း လှန်ယူလိုက်တော့သည် ။ သော့ကို အိတ်ကပ်ထဲ ထည့်ပြီးနောက်မှာတော့ သူဌေး ယန် ဆီ စာလှမ်းပို့လိုက်သည် ။
“အခန်းနံပါတ် ၁၃၀၂”
၅မိနစ်လောက်အကြာမှာတော့ သူဌေး ယန် ကစာပြန်လာတော့သည် ။
“အိုကေ”
ခဏအကြာမှာတော့ သူဌေး ယန် ဓာတ်လှေကားပေါ် တက်သွားသည်ကို ကျိုးကျင်းတွေ့လိုက်တာမို့ လျန်ဒေါ့ကူကို စာပို့လိုက်လေသည် ။
“မိနစ် ၂၀အတွင်းလှုပ်ရှားမှဖြစ်မယ်”
လျန်ဒေါ့ကူဆီက စာရောက်ကြောင်း ပြန်ပို့လာတော့မှ
ကျိုးကျင်းလည်း ပိုက်ဆံအိတ်ကိုဆွဲကိုင်ကာ ထိုင်ခုံက ထရပ်လိုက်ပြီး သန့်စင်ခန်းသွားဟန်ဆောင်လိုက်ပြီးနောက် ဓာတ်လှေကားဆီ ဦးတည်လိုက်တော့သည် ။
ကျိုးကျင်း အပေါ်ထပ်ကိုရောက်တော့ သူဌေး ယန် ကို တွေ့တာမို့
ပြုံးလိုက်ပြီး ...
“သူဌေး ယန်”
“ဘာဖြစ်လို့လဲ”
အလျင်လိုနေပုံရတဲ့ ယန် သူဌေး က သော့လာပေးသည့် သူမကိုပင် စိတ်သိပ်ရှည်ပုံမပေါ် ။
“သူဌေး ယန် ဘာတွေလောနေတာလဲ အခန်းထဲအရမ်းသွားချင်နေပြီလား”
ကျိုးကျင်း လက်ထဲကသော့ကိုရမ်းပြလိုက်ရင်း အခန်း နံပါတ် ၁၃၀၂ ဆီကို အရင်သွားလိုက်တော့သည် ။ အခန်းသော့ကိုဖွင့်ပြီးနောက်မှာတော့ သူဌေး ယန် ကို အရင်ပေးဝင်လိုက်ပြီးနောက် ကျိုးကျင်းအနောက်က လိုက်ဝင်လာခဲ့ပြီး အိပ်ယာပေါ်ကို လက်ညိုးထိုးပြလိုက်တော့သည် ။
“ယန် သူဌေး ရှင့်ကိုပေးချင်တဲ့လက်ဆောင်ကအဲ့ဒါပဲ”
……
ကျိုးကျင်းဆီက စာရတာနဲ့ လျန်ဒေါ့ကူလည်း
မိနစ် ၂၀ ကုန်အောင်စောင့်လိုက်ပြီးနောက် ထိုင်ခုံကနေထရပ်ကာ သခင်ကြီးဂူရှိရာ စားပွဲဆီသွားလိုက်သည် ။
ဂူယူရှန်းကတော့ စားပွဲဝိုင်းမှာရှိမနေပဲ သခင်ကြီးဂူက တခြားသောသူတွေနှင့်စကားဖောင်ဖွဲ့နေလေသည် ။
လျန်ဒေါ့ကူလည်း အဖိုးဂူဆီ တိုးကပ်သွားလိုက်ပြီးနောက် ...
“အဖိုး ဂူ မွေးနေ့ကိုဂုဏ်ပြုပါတယ်နော်”
ဂူယူရှန်းနဲ့ ချင်းကျီအိုက်ရဲ့လက်ထပ်ထားတဲ့ဆက်ဆံရေးကို အားလုံးကိုအသိပေးလိုက်ရတယ်ဆိုပေမဲ့လည်း
သခင်ကြီးဂူကတော့ လျန်ဒေါ့ကူကိုအသိအမှတ်ပြုဆဲ ။
“ရှောင်ကူ”
“သူငယ်ချင်း မင်းနဲ့ရှောင်ကူကိုတွဲမြင်တိုင်း ငါ့မြေးဆိုတာထက် မင်းမြေးလိုပဲခံစားမိနေရပါလားကွ”
လျန်ဒေါ့ကူအဖိုးက ပြောလေတော့လျန်ဒေါ့ကူက နှုတ်ခမ်းဆူကာ စိတ်ဆိုးချင်ဟန်ဆောင်ရင်း ...
“အဖိုး ဘာတွေပြောနေတာလဲ ..သမီးက အဖိုးကိုလည်း ချစ်တယ် အဖိုးဂူကိုလည်း ချစ်တယ်လေ နှစ်ယောက်စလုံးကို အတူတူပဲချစ်တာကို”
လျန်ဒေါ့ကူစကားကြောင့် အဖိုးနှစ်ယောက်လုံး ရယ်ပွဲကျသွားလေတော့သည် ။
“အဖိုး ဒီနေ့က အဖိုးရဲ့ အသက် ၈၀ပြည့်မွေးနေ့ဆိုတော့ သမီးက အဖိုးအတွက်လျို့ဝှက် လက်ဆောင်ပြင်ဆင်လာခဲ့တယ်”
“ဘာလက်ဆောင်မျိုးပါလိမ့်”
သခင်ကြီးဂူက မေးလိုက်တော့ လျန်ဒေါ့ကူအဖိုးကပါ နောက်က လိုက်ပြောလာလေသည် ။
“ဘယ်လိုလက်ဆောင်ကို ယူလာတာတုန်းငါ့မြေးရဲ့”
------------------------------------------------------------------------
စာစဉ် ၂၆၊ အခန်း ၅။ ကောင်းလိုက်တဲ့ဒရမ်မာပါလား (5)
“ပြောလိုက်ရင်း လျှို့ဝှက်ချက်ဘယ်ဟုတ်တော့မလဲ အဖိုးရဲ့”
လျန်ဒေါ့ကူ မျက်စိမှိတ်ပြကာ ပြောပြီးနောက် အဖိုးနှစ်ယောက်ကို စင်ပေါ်ကိုလက်ညိုးထိုးပြလိုက်တော့သည် ။
“မကြာခင်လက်ဆောင်ပေးပါ့မယ်
အဖိုးတို့နှစ်ယောက်လုံး သဘောကျမှာ သေချာတယ်”
လျန်ဒေါ့ကူက စကားပြောပြီးနောက် နှစ်ယောက်လုံးကိုနမ်းလိုက်ပြီး ထွက်သွားခဲ့တော့သည် ။
သတင်းဆိုးတွေထွက်ခဲ့တယ် ဆိုပေမဲ့လျန်ဒေါ့ကူက နာမည်ကြီးမင်းသမီးအဖြစ်ရှိနေဆဲမို့ သူမ စင်ပေါ်တက်လိုက်သည်နှင့်
ခန်းမ တစ်လျှောက် ဆူသွားရတော့သည် ။
လျန်ဒေါ့ကူမိုက်ယူလိုက်ပြီးနောက် ချောင်းဟန့်လိုက်ကာ ...
“အားလုံးပဲ မင်္ဂလာပါ”
လျန်ဒေါ့ကူ အသံကြောင့် ခန်းမတစ်ခုလုံးတိတ်ဆိတ်သွားရတော့သည် ။ မိုက်ခရိုဖုန်း ကိုင်ထားတဲ့ လျန်ဒေါ့ကူက လှနေတာမို့ လူတိုင်းရဲ့အာရုံက သူမဆီမှာသာ ။
“မင်္ဂလာပါ ကျွန်မကတော့ လျန်ဒေါ့ကူပါ..ဒီနေ့က အဖိုးရဲ့ မွေးနေ့ဆိုတော့အရင်ဆုံး အဖိုးကို ကျန်းမာပြီး အသက်ရှည်ရှည်နေဖို့ ဆုတောင်းပေးချင်ပါတယ် ကျွန်မဒီနေရာမှာရပ်နေရတာက အဖိုးအတွက် ဖျော်ဖြေမှုတစ်ခုလုပ်ပေးချင်လို့ပါ အားလုံးပဲ ကျေးဇူးတင်ပါတယ်”
လျန်ဒေါ့ကူ ခါးညွန့်လိုက်တော့ ခန်းမတစ်ခုလုံးက လူတွေက လက်ခုပ်တီးပေးကြသည် ။
“ကျွန်မ ဒီနေ့ဖျော်ဖြေပေးချင်တဲ့သီချင်းကတော့ အကောင်းမွန်ဆုံးသောဆုတောင်း ဆိုတဲ့ ရှေးကျတဲ့သီချင်းလေးတစ်ပုဒ်ပါပဲ”
လျန်ဒေါ့ကူပြောလိုက်ပြီးနောက် ပြင်ဆင်စရာရှိတဲ့တီးဝိုင်းနဲ့ အလင်းထိုးတဲ့အဖွဲ့ဘက်ကိုလက်မ တစ်ချက် ထောင်ပြလိုက်တော့သည် ။
ခဏအကြာမှာတော့ သခင်ကြီးဂူငယ်ငယ်ကပုံတွေနဲ့အတူ စာတွေပါ လျန်ဒေါ့ကူနောက်က တီဗီမှာ ပေါ်လာလေသည် ။
“သမီးရဲ့အဖိုးဂူ ..မွေးနေ့ကိုဂုဏ်ပြုပါတယ်နော် အဖိုးရဲ့မွေးနေ့ဖယောင်းတိုင်တိုင်းကို သမီး ထွန်းပေးနိုင်ပါရစေ”
လျန်ဒေါ့ကူ သီချင်းစဆိုတဲ့အချိန်မှာတော့ သခင်ကြီးဂူရဲ့ လက်ထပ်ပွဲပုံတွေ တီဗီထက်မှာပေါ်လာခဲ့ပြီး ဂူယူရှန်းရဲ့အဖေကို အဖိုးက ချီထားတဲ့ပုံတွေ ဂူယူရှန်းမွေးခါစက အဖိုးနဲ့အတူရိုက်ထားတဲ့ပုံတွေ အစီအရီပေါ်လာလေသည် ... ပထမဆုံးပုံတုန်းကလိုပဲလျန်ဒေါ့ကူရဲ့ဆုတောင်းစာတွေက ပုံတိုင်းမှာပါနေသည် ။
“အကောင်းဆုံးဆုတောင်းကိုဆုတောင်းပေးပါတယ် အဖိုး...
အဖိုးရဲ့ပျော်ရွင်မှုက သမီးအတွက် အရေးကြီးဆုံးအရာပါပဲ”
အဲ့ဒီနောက်မှာတော့ တီဗီမှာ အမှောင်ကျသွားခဲ့ပြီး သီချင်းသံလည်း ရပ်သွားခဲ့တော့လေသည် ....
------------------------------------------------------------------------
စာစဉ် ၂၆၊ အခန်း ၆။ ကောင်းလိုက်တဲ့ ဒရမ်မာပါလား (6)
“ဘာဖြစ်သွားတာလဲ”
လျန်ဒေါ့ကူ နားမလည်ဟန်ဆောင်ရင်း အနီးနားက ဝန်ထမ်းတစ်ယောက်ကိုလှမ်းမေးလိုက်တော့သည် ။
“ကျွန်မ အမှားပါ ခဏလေးပါနော်”
ဝန်ထမ်းကောင်လေးက ခေါင်းတခါခါနဲ့ ပျာနေလျက်ရှိပြီး အလုပ်ရှုပ်နေတုန်းမှာပဲ လျန်ဒေါ့ကူ နောက်က တီဗီက တစ်ဖန်ပြန်ပွင့်လာတော့လေသည် ။ သို့သော် သီချင်းသံတော့မဟုတ်တော့ပဲ ရင်တုန်လောက်ဖွယ် ညည်းသံတချို့ပင် ။
မှားယွင်းစွာထွက်လာခဲ့တဲ့ အသံတွေကြောင့် ခန်းမ တစ်ခုလုံးရဲ့အကြည့်က တီဗီမှာပဲရှိနေပြီး လျန်ဒေါ့ကူ ဘေးက ဝန်ထမ်းကောင်လေးက ပါ လာကြည့်တော့လေသည် ။
တီဗီပေါ်မှာ ပေါ်လာခဲ့တာကတော့ အိပ်ယာထက်က အတွဲတစ်တွဲပင် ။ သေသေချာချာပြင်ဆင်ထားခဲ့တာကြောင့် ကြည်လင်ပြတ်သားလွန်းနေတဲ့ ဗီဒီယိုဖိုင်ကြောင့် ကြည့်နေတဲ့ ဧည့်သည်အားလုံးမှာ ကြောင်အစွာ ။ တီဗီထဲက ယောကျ်ားရဲ့နောက်ကျောမှာ ချွေးတွေရွဲနေခဲ့ပြီး နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ ခန္ဓာကိုယ်နှစ်ခုရဲ့ နှီးနှောမှုကို ဗီဒီယိုထဲကအမျိုးသမီးက စိတ်ကျေနပ်ပုံသိပ်မပေါ် ၊
“ပိုပြီး ..ပိုအားထည့်ပေး ...အမ်း ....ကျေးဇူးပြုပြီး ပိုမြန်မြန်လေး...”
ခန်းမတစ်ခုလုံးလည်း ဆူညံနေကြပြီး စကားသံတို့က နေရာအနှံ့က ထွက်လာခဲ့ကြလေသည် ။
“အိုးမိုင်ဂေါ့”
“ဘာတွေဖြစ်နေတာလဲ”
“သူတို့က ဘာလို့ဒီလိုနေရာမှာပေါ်လာရတာလဲ”
ဧည့်ခန်းပွဲကိုရောက်လာတဲ့ ကလေးအမေတစ်ယောက်ကတော့ သူ့ကလေးရဲ့မျက်လုံးနဲ့ နားကိုပင်လက်နှင့်အုပ်ထားရသည်အထိ ။
“ဟုတ်ပါရဲ့ ဘာလို့ဒီလိုဗီဒီယိုကပေါ်လာတာလဲ”
“ရွံစရာကြီး..”
စိတ်အနှောင့်ယှက်ဖြစ်စေတဲ့ စကားမျိုးတွေ အဆက်မပြတ် ထွက်နေခဲ့ပေမဲ့ ဗီဒီယိုထဲက အမျိုးသမီးကတော့ ကျေနပ်အားရနေပုံပါပင် ။
စင်ပေါ်က လျန်ဒေါ့ကူကတော့ သူ့နောက်က ဗီဒီယိုမှာ ဘာတွေဖြစ်နေသည်မှန်း မသိသည့်နှယ် မလှုပ်မယှက်နှင့် အနောက်ကိုလှည့်မကြည့်သေး ။
ဧည့်သည်တွေရဲ့အသံဆူညံလာမှုကြောင့် နောက်ဆုံးမှာတော့ လှည့်ကြည့်လိုက်တော့တဲ့ လျန်ဒေါ့ကူက ရှက်သလိုနှင့်ခေါင်းကိုချက်ချင်းပဲ ပြန်လှည့်လာသည် ။
မိနစ်ပိုင်းအကြာမှာတော့ ဗီဒီယိုထဲက အမျိုးသမီးက ခြေထောက်တို့ကို အမျိုးသားရဲ့ခါးမှာ ချိတ်တွဲလိုက်ပေမဲ့ အမျိုးသားရဲ့လုပ်ဆောင်မှုတွေကို မကျေနပ်နိုင်တဲ့ အမျိုးသမီးကတော့ အသက်ကိုခပ်ပြင်းပြင်းရှုကာ ...
“လိုချင်တယ် ...ကျွန်မကိုပေးပါတော့ အခု..အခုလိုချင်နေပြီ...”
ပြောရင်း သူမကို အုပ်မိုးထားတဲ့အမျိုးသားကို မွေ့ရာပေါ် လှဲစေပြီး သူမကတော့ အပေါ်ရောက်လာခဲ့တော့သည်...
------------------------------------------------------------------------
စာစဉ် ၂၆၊ အခန်း ၇။ ကောင်းလိုက်တဲ့ဒရမ်မာပါလား (7)
ဧည့်ခံပွဲတွင်းက အမျိုးသမီးတွေကတော့ ရှက်ရွံ့စွာ ခေါင်းတွေငုံ့ထားကြပြီး တစ်ချို့အမျိုးသားတွေကတော့ ရွံရှာသလိုအကြည့်မျိူးနဲ့ ကြည့်နေပြီး တစ်ချို့ကတော့ အကြည့်လွှဲထားကြသည် ။
လျန်ဒေါ့ကူကတော့ ရှက်သလို ခေါင်းကိုငုံ့ချထားပြီး စင်ပေါ်က ပြေးဆင်းလာကာ ဝန်ထမ်းကောင်လေးအား မိုက်ခရိုဖုန်း လှမ်းပေးရင်း ..
“ဘာတွေဖြစ်နေတာလဲ အမြန် ပိတ်လေ ဘာလုပ်နေတာလဲ”
လျန်ဒေါ့ကူ စကားကိုကြားမှ အသိစိတ်ပြန်ဝင်လာတဲ့ ဝန်ထမ်းကောင်လေးက စက်ပစ္စည်းတို့ထားရာအခန်းဆီ ပြေးဝင်သွားတော့သည် ။
ဗီဒီယိုထဲက အမျိုးသမီးရဲ့မျက်နှာ ပေါ်လာတော့မည့်အချိန်မို့
လျန်ဒေါ့ကူ ပြောလိုက်ခြင်းပင် ။
“ဟင် ဒီမိန်းမ မျက်နှာကို ရင်းနှီးနေတယ် ငါသိသလိုပဲ”
“ဟုတ်တယ် ငါလည်း သူ့ကို သိနေတယ် ခုနလေးကတင်မှတွေ့လိုက်သလိုပဲ”
“မိန်းကလေး လျန် အဲ့ဒါရှင့်မန်နေဂျာမဟုတ်ဘူးလား”
“ဟုတ်တယ် ဟုတ်တယ် ငါလည်း အခုမှတ်မိသွားပြီ
သူ့နာမည်က ကျိုးကျင်းလေ သူက ဟိုနားလေးမှာထိုင်နေခဲ့တာ”
“မိန်းကလေး လျန်ရဲ့ မန်နေဂျာ အမှန်ပဲ
သူ ဘာလို့ဒီလောက်အရှက်မရှိရတာလဲ”
…
တီးတိုး ကြားနေရတဲ့ စကားတွေကြောင့် လျန်ဒေါ့ကူမှာမယုံနိုင် ။
သူမ နားကြားပဲ မှားလေသလား ။
ဘယ်လိုလုပ် ကျိုးကျင်းဖြစ်နိုင်ရမည်လဲ ။
လျန်ဒေါ့ကို ခေါင်းခါကာ တီဗီကို ပြန်ကြည့်လိုက်တော့ အမျိုးသားက အပေါ်မှာပြန်ရောက်နေပြီမို့ အမျိုးသမီးမျက်နှာကို သေချာမမြင်ရတော့ပေ ။ သို့သော် ဆွဲကြိုးကိုတော့ တွေ့လိုက်ရတာမို့ ချင်းကျီအိုက် မဟုတ်ပဲ ကျိုးကျင်းဖြစ်နေတာကို လျန်ဒေါ့ကူ သိသွားရတော့၏ ။
သခင်ကြီးဂူတို့ စားပွဲဝိုင်းကိုလှမ်းကြည့်မိတော့ ဂူယူရှန်းလည်း ပြန်ရောက်နေလေသည် ။ ဂူယူရှန်းက သေးသေးသွယ်သွယ် လက်တစ်စုံကို ကိုင်ထားတာကြောင့် ဂူယူရှန်းဘေးက အမျိုးသမီးကို ကြည့်လိုက်တော့ တကယ်ပဲ ချင်းကျီအိုက် ဖြစ်နေတော့သည် ။
-------------------------------------------------------------------------
စာစဉ် ၂၆၊ အခန်း ၈။ ကောင်းလိုက်တဲ့ ဒရမ်မာပါလား (8)
ချင်းကျီအိုက် အပေါ်ထပ်ကိုတက်မသွားခဲ့ဘူးလား ။ ဆေးခပ်မခံခဲ့ရတာလား ။
ဘယ်အချိန်တုန်းက ခန်းမ ထဲပြန်ရောက်ပြီး ဂူယူရှန်းဘေးမှာထိုင်နေခဲ့သည်လဲ ။
လျန်ဒေါ့ကူ ခေါင်းထဲ မေးခွန်းပေါင်းစုံက ဝင်လာခဲ့ပြီး တုန်တုန်ရီရီရပ်နေမိသည် ။
ဗီဒီယိုထက်က အတွဲသည်လည်း မရပ်တန့်နိုင်သေးတာကြောင့် ခန်းမ ထဲ ဆူဆူညံညံရှိနေဆဲ။
“သေချာမမြင်ရဘူးကွာ”
“အက်ရှင်ကားတွေထက် ပိုစိတ်ဝင်စားစရာကောင်းတာပဲ”
“အိုး ...အဲ့ဒါ ယန်ယီ ကုမ္ပဏီက ယန်သူဌေး မဟုတ်ဘူးလား”
“ဟုတ်တယ် ဟုတ်တယ် အဲ့ဒါ သူဌေးလေ သူဌေး ယန်”
“ဘယ်လိုလုပ် သူဌေး ယန် နဲ့ မိန်းကလေး လျန် ရဲ့မန်နေဂျာက ဒီလိုဖြစ်နေတာတုန်း အရင်တစ်ခါကပဲ မိန်းကလေး လျန် က
သူဌေး ယန် နဲ့ဟိုတယ်မှာ အတူရှိနေခဲ့ကြောင်း သတင်းထွက်ခဲ့တာလေ”
“သူဌေး ယန် က ရုပ်ရှင်လောကမှာ အကြီးစားရင်းနှီးမြုပ်နှံသူဆိုတော့ မိန်းကလေး လျန် နဲ့ သူ့မန်နေဂျာက ရုပ်ရှင်အတွက်နဲ့များ
ဒီလိုတွေလုပ်နေတာ များလား”
အတင်းအဖျင်းစကားတွေကြား လျန်ဒေါ့ကူ တုန်ရီလျက်ရှိပြီး
သူမ မိသားစုဝ◌င်တွေဘက်ကိုကြည့်မိတော့
သူတို့သည်လည်း တုန်လှုပ်နေကြပုံပင် ။
ချင်းကျီအိုက်ကို ဒုက္ခရောက်အောင်စီစဉ်ခဲ့တာပေမဲ့ ပစ်မှတ်က အခုလို သူမကိုယ်တိုင်ဖြစ်သွားလိမ့်မည်ဆိုတာ ဘယ်လိုမှမယုံနိုင် ။
ရုတ်တရက် ဗီဒီယိုပိတ်သွားခဲ့တော့လေသည် ။
လျန်ဒေါ့ကူမန်နေဂျာအနေနဲ့ ဒီလိုအရှက်မဲ့ရတဲ့ ဖြစ်ရပ်မျိုးက လျန်ဒေါ့ကူအပေါ်လည်း အကျိုးသက်ရောက်မှုတွေရှိလာလိမ့်ဦးမည် ။
“အဲ့အခန်းက ပီကင်းဟိုတယ်ကပဲမဟုတ်ဘူးလား”
ဧည့်သည်တစ်ယောက်က လှမ်းအော်လိုက်တော့ တခြားသူတွေကပါ အခန်းအနေအထားကို ပြန်စဉ်းစားကြတော့လေသည် ။
“တကယ် ပီကင်းဟိုတယ်ပဲ”
“အပေါ်ထပ်က အခန်းတစ်ခန်းဖြစ်လောက်တယ်”
“အဲ့လူနှစ်ယောက်ကလည်း အခုခန်းမထဲမှာ မရှိဘူးဆိုတော့
ခုနက ဗီဒီယိုက တိုက်ရိုက်ပြနေတာများလား”
“ဒါနဲ့ ဟိုတယ်ခန်းထဲမှာ ကင်မရာတွေရှိနေတာလား”
မေးခွန်းတွေအတွေးတွေနဲ့ပြည့်နေတဲ့အခန်းထဲမှာ အနက်ရောင်ဝတ်စုံနဲ့လူတစ်ယောက်က စင်ပေါ်ကို ခပ်သွက်သွက်လျှောက်လာခဲ့တော့သည် ။
“ဒီလို ဖြစ်သွားရတဲ့အတွက် ကျွန်တော်တို့ဘက်က တောင်းပန်ပါတယ်ခင်ဗျာ ဒါကကျွန်တော်တို့ဟိုတယ်ရဲ့ အခန်းနံပါတ် ၁၃၀၂ မှာဖြစ်တာလို့အတည်ပြုနိုင်ခဲ့ပါတယ် ခန်းမထဲမှာ ဗီဒီယိုတစ်ခုအဖြစ်ပေါ်လာရခြင်း အကြောင်းကိုတော့ ကျွန်တော်တို့ရဲ့စက်ပိုင်းဆိုင်ရာအဖွဲ့က ရှာဖွေနေဆဲပါ ဒါပေမဲ့ ကျွန်တော်တို့ ဟိုတယ်ခန်းထဲမှာ ကင်မရာတပ်မထားတာကိုတော့ သေချာပြောနိုင်ပါတယ် ဖြစ်ခဲ့သမျှအားလုံးအတွက် ကျွန်တော်တို့ အနူးအညွတ်တောင်းပန်ချင်ပါတယ်”
----------------------------------------------------------------------
စာစဉ် ၂၆၊ အခန်း ၉။ ကောင်းလိုက်တဲ့ဒရမ်မာပါလား (9)
ဟိုတယ်ကတာဝန်ရှိသူတစ်ယောက် စင်ပေါ်မှာ တောင်းပန်သွားခဲ့ပြီးနောက်မှာတော့ ဧည့်သည်တစ်ချို့က အနေကျပ်စွာဖြစ်နေတဲ့လေထုကို ဖြိုခွင်းချင်တာမို့ .....
“ဘာပဲဖြစ်ဖြစ် သခင်ကြီးဂူရဲ့မွေးနေ့မှာ ကျွန်တော်သီချင်းတစ်ပုဒ်တော့ ဆိုချင်တယ်”
“ဟုတ်တယ် ဆိုလိုက်ပါ”
ပုံမှန်အခြေအနေကို ပြန်ထိန်းသိမ်းနိုင်ဖို့ရာ အကုန်လုံးဝိုင်းကြိုးစားကြတာကြောင့် အမျိုးသားတစ်ယောက်က သီချင်းဆိုဖို့ရာ စင်ပေါ်ကိုတက်သွားပြီး မိုက်ခရိုဖုန်းယူလိုက်ချိန်မှာပဲ ခန်းမရဲ့အနောက်ဘက်ခြမ်းကနေ ကျယ်လောင်တဲ့အသံတစ်ခု ထွက်လာလေတော့သည် ။
အသံလာရာကို အကုန်လုံးလှည့်ကြည့်မိကြတော့ ဒေါသထွက်နေပုံရတဲ့ခပ်၀၀အမျိုးသမီးတစ်ယောက်က စားပွဲတွေနောက်မှာ မတ်တပ်ရပ်နေသည် ။ ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားပေမဲ့ နေလောင်ထားတဲ့ အသားအရည်မျိုးနဲ့ သူမက လယ်သမားတစ်ယောက်နှင့်ပင်တူနေသေးသည် ။
သခင်ကြီးဂူရဲ့မွေးနေ့ပွဲကို တက်ရောက်ကြသူတိုင်းက ချမ်းသာကြသူတွေပဲပေမို့ ဒီအမျိုးကိုမြင်လိုက်ရတဲ့အခါ
ဧည့်သည်အားလုံး အံ့အားသင့်သွားရတော့သည် ။
“ခင်ဗျားကဘယ်သူလဲ”
“ငါက နင်တို့ပြောနေကြတဲ့ သူဌေး ယန် ရဲ့မိန်းမပဲ”
ထိုခပ်၀၀အမျိုးသမီးက ထိုင်ခုံကိုကန်လိုက်ကာ ဝ◌တ်ထားတဲ့ စကတ်ကို
မ လိုက်ပြီး သန်သန်မာမာခြေထောက်တွေကို အားပြုပြီး ဓာတ်လှေကားဆီ လျှောက်သွားတော့လေသည် ။
“သူဌေး ယန် မိန်းမတဲ့လား ။ သူက လူပျိုကြီးမဟုတ်ဘူးလား ဘယ်တုန်းကလက်ထပ်လိုက်တာလဲ”
တီးတိုးပြောနေကြတဲ့ စကားတွေကို ကြားသွားတဲ့ ခပ်၀၀အမျိုးသမီးက လမ်းလျှောက်တာကို ရပ်လိုက်ပြီးပြန်လှည့်ကြည့်လာသည် ။
“သူ့မှာအိမ်ထောင်ရှိတာကို မသိခဲ့ကြဘူးလား ငါက သူနဲ့လက်ထပ်ထားတာ ၁၀နှစ်ကျော်နေပြီ ငါနဲ့လက်ထပ်တုန်းက ဘာမှမဟုတ်တဲ့အကောင်က သူ့မိဘတွေနဲ့ ကလေးကို ငါကျွေးမွေးနေရတဲ့အချိန်မှာ ဒီကို တက်လာခဲ့တာ”
စကားပြောရင်း စိတ်ဆိုးနေခဲ့တဲ့အမျိုးသမီးက အလျင်လိုနေသလို ဓာတ်လှေကားထဲ ဝင်သွားခဲ့ပြီး တံခါးမပိတ်ခင်အထိ
အော်ပြောသွားသေးသည် ။
“ငါ့ကိုညာတဲ့အကောင်ရော ငါ့ယောကျ်ားကို မြူဆွယ်တဲ့ကောင်မရော ဒီနေ့ငါ့အကြောင်းကောင်းကောင်းသိစေရမယ်”
…
ခန်းမထဲမှာဘာတွေဆက်ဖြစ်မလဲဆိုတာ ခန့်မှန်းနေကြချိန်မှာပဲဓာတ်လှေကားပြန်ပွင့်လာပြီးနောက် ကျယ်လောင်လှတဲ့အသံထွက်လာခဲ့တော့သည် ။
သူဌေး ယန် ရဲ့ ဇနီးဆိုသူက ဓာတ်လှေကားထဲကနေ အမျိုးသမီးတစ်ယောက်ကို ဆံပင် ကနေဆွဲကာ ထွက်လာပြီး လူကြားထဲမှာ သူမ ဆံပင်ကို အနောက်ကနေလှန်ဆွဲလိုက်ကာ မျက်နှာကိုမြင်အောင်ပြသည် ။
“ကောင်မ ဘယ်ကိုပြေးဖို့ကြံနေတာလဲ ငါ့ယောကျ်ားနဲ့ဖြစ်ချင်တိုင်းဖြစ်နေတုန်းကတော့ အရှက်မရှိခဲ့တဲ့ကောင်မက အခုမှ မျက်နှာကိုပြဖို့ရှက်နေတယ်ပေါ့ ။ အကုန်လုံး နင်တို့ရဲ့ဗီဒီယိုကိုတွေ့ပြီးပြီ နင်ကဘယ်ကိုပြေးဦးမှာလဲ”
ခပ်၀၀အမျိုးသမီးက ကျိုးကျင်းကို စိတ်ရှိတိုင်း ရိုက်နှက်နေခဲ့တာကြောင့်ကျိုးကျင်းမျက်နှာလည်း တော်တော်လေး နီရဲလို့နေပြီဖြစ်ပေမဲ့ ရုန်းထွက်နေဆဲ ။
ရုန်းကန်နေတာက သူမကို ပိုစိတ်ဆိုးစေသည်ထင် ။
ဆံပင်ကို ခပ်တင်းတင်းကိုင်ပြီး ထပ်ရိုက်လေတဲ့ အမျိုးသမီးက တစ်သက်လုံး လယ်ကွင်းမှာ ကြမ်းကြမ်းတမ်းတမ်းအလုပ်လုပ်ခဲ့တာကြောင့် အင်အားကတော့မနည်းလှ ။
ကျိုးကျင်းသည်လည်း နာကျင်လှပြီမို့ အားတွေလည်းလျော့လာခဲ့တာကြောင့် သည်းမခံနိုင်တော့ပဲ ခပ်၀၀အမျိုးသမီးရဲ့လက်မောင်းကို ကုန်းကိုက်လိုက်တော့လေသည် ။
“နင်ကများ ငါ့ကိုကိုက်တယ်ပေါ့”
နာကျင်မှုကြောင့်ထွက်လာတဲ့အသံက ဧည့်ခန်းထဲကလူတိုင်းရဲ့ နားစည်တောင်ကွဲထွက်မတတ်ပင် ။
ဆံပင်တို့ သူမ လက်ထဲက လွတ်ထွက်သွားပြီမို့ ကျိုးကျင်းသည်လည်း ကြောက်စိတ်နဲ့ ဧည့်သည်တွေရှေ့မှာတောင် မရှက်နိုင်တော့ပဲ လဲကျရက်သားနဲ့ပင် ထွက်ပြေးရလေသည် ။
------------------------------------------------------------------------
စာစဉ် ၂၆၊ အခန်း ၁၀။ ကောင်းလိုက်တဲ့ဒရမ်မာပါလား (10)
ထွက်ပြေးနေတဲ့ ကျိုးကျင်းကို ခပ်၀၀အမျိုးသမီးကလည်း လွတ်ပေးလိုက်ဖို့စိတ်ကူးရှိပုံမပေါ် ။ ကျိုးကျင်းဆီသွားကာ သူမ နောက်ကျောကို ခြေထောက်နဲ့ လှမ်းကန်လိုက်တော့ ကြမ်းပြင်ပေါ်ကို မှောက်လျက်သားလဲသွားတဲ့ ကျိုးကျင်းဆံပင်ကို ထပ်ဆွဲပြန်သည် ။
“ငါ့ယောကျ်ားနဲ့များနင်က အိပ်ရဲတယ်ပေါ့လေ သေတဲ့အထိ ရိုက်ပေးမယ် ကောင်မရဲ့”
ခဏအကြာမှာတော့ လုံခြုံရေးတွေ ရောက်လာပြီး ဆွဲကြပေမဲ့ စိတ်မထိန်းနိုင်ဖြစ်နေတဲ့ အမျိုးသမီးကို ယောကျ်ားတွေတောင်ဆွဲလို့မနိုင် ။
နောက်ဆုံးမှာတော့ ထိုအမျိုးသမီးက ဘေးပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ကာ ထိုင်ခုံကိုဆွဲယူပြီး ကျိုးကျင်းကို ရိုက်ချလိုက်တော့သည် ။
သွေးသံတရဲရဲအခြေအနေအထိဖြစ်လာတော့တာမို့ လုံခြုံရေးတွေလည်း ပိုအားထည့်ကာ ဆွဲရတော့သည် ။
“နင်ငါ့ရှေ့ထပ်မပေါ်လာစေနဲ့ အေး တွေ့တာနဲ့ နင်သေဖို့သာပြင်ထားလိုက်”
ဆွဲထားသည့်ကြားက ကျိုးကျင်းမျက်နှာကို လှမ်းကန်သေးတဲ့ အမျိုးသမီးကနောက်ဆုံးမှာတော့ ခန်းမထဲက ဆွဲထုတ်ခံလိုက်ရတော့သည်မို့ တိတ်ဆိတ်သွားတော့သည် ။
လဲကျနေတဲ့ ကျိုးကျင်းက သွေးတွေပင်ထွက်နေပြီး ရိုက်နှက်ခံထားရတာမို့ အားမရှိစွာ ပြန်မထနိုင် ။ တစ်ချို့ ဧည့်သည်တွေကတော့ သူမ ပုံစံကို ဓာတ်ပုံရိုက်နေကြသေးသည် ။
ကျိုးကျင်း အမှားပေပဲမို့ ကျိုးကျင်းကိုသနားမည့်သူမရှိကြ ။
“တစ်ယောက်ယောက် သူ့ကို အပေါ်ထပ်ကိုအမြန်ခေါ်သွားလိုက်ကြပါ”
ဧည့်သည်တစ်ယောက်လှမ်းအော်လိုက်တော့မှ ဟိုတယ်မန်နေဂျာလည်း သတိဝင်ပြီး လုံခြုံရေးနှစ်ယောက်ကိုလှမ်းခေါ်ကာ ကျိုးကျင်းကို အပေါ်ခေါ်သွားခိုင်းလိုက်တော့သည် ။
…
အဖြစ်အပျက်တွေက ရှုပ်ထွေးသွားခဲ့တာမို့ သခင်ကြီးဂူလည်း မွေးနေ့ပွဲဆက်ကျင်းပချင်စိတ်မရှိတော့ ၊ စကားတစ်ခွန်းမှမပြောပဲမတ်တပ်ထရပ်ကာ ဓာတ်လှေကားဘက်ကို တုတ်ကောက်တစ်ချောင်းနဲ့အတူ ချည်းကပ်သွားတော့သည် ။
ဧည့်သည်တွေလည်း ပြန်ရတော့မည့်အခြေအနေပေမို့ ဂူယူရှန်းကို သာနှုတ်ဆက်ကာထွက်သွားခဲ့ကြပြီး ရင်းနှီးသူတစ်ချို့သာကျန်နေခဲ့သည် ။
ခပ်ဝေးဝေးမှာရှိနေတဲ့လျန်ဒေါ့ကူက သူမအဖိုးကို ဓာတ်လှေကားနားမှာ ဘာပြောနေသည်မှန်းမသိပေမဲ့ မျက်နှာအမူအရာအရ နှုတ်ဆက်နေသည့်ပုံပင် ။
------------------------------------------------------------------------
စာစဉ် ၂၆၊ အခန်း ၁၁။ ကောင်းလိုက်တဲ့ဒရမ်မာပါလား (11)
မကြာသေးခင်က လျန်ဒေါ့ကူရဲ့ဖျော်ဖြေမှုက စိတ်ဝ◌င်စားစရာကောင်းခဲ့ပေမဲ့ သူမ ရည်ရွယ်ချက်တွေဖြစ်မလာတော့ စောစောစီးစီးပြန်တော့မည် ပြင်နေတဲ့လျန်ဒေါ့ကူကိုဒီအတိုင်းတော့ပြန်ခွင့်မပေးနိုင်ပါ ။
လျန်ဒေါ့ကူနဲ့ ကျိုးကျင်းလိုပဲ ဂူယူရှန်းသည်လည်း ဖျော်ဖြေမှု တစ်ခုပြင်ဆင်ထားသည်ပေမဲ့ စတောင်မစရသေးခင်
လျန်ဒေါ့ကူ ပြန်သွားလို့မဖြစ် ။
“အဖိုးက အခုထိ ကိတ်တောင်မခွဲရသေးဘူး ..ပြီးတော့
ဒီမှာကျန်နေတဲ့ သူတွေက ရင်းနှီးတဲ့သူတွေပဲဆိုတော့ အကုန်လုံးသဘောတူတယ်ဆိုရင်ကျွန်တော်တို့ အပေါ်ထပ်ကိုသွားပြီး ကိတ်အတူခွဲကြမလား..အားလုံးပဲ အရေးကြီးကိစ္စမရှိကြဘူးမလား”
“ဘယ်လိုအရေးကြီးကိစ္စပဲရှိရှိ ကျွန်တော်တို့ သခင်ကြီးဂူရဲ့ အသက်၈၀ပြည့်မွေးနေ့ကိုတော့ ပြီးဆုံးအောင်လုပ်ပေးရမှာပေါ့
ကိတ်ခွဲတာက အရေးကြီးတာပဲကို ဒီအတိုင်းတော့ပြန်လို့မဖြစ်ဘူးလေ”
လုဘန်ချန်း ဝင်ပြောလေတော့ အကုန်လုံးလည်း သဘောတူကြသည်မို့ ဓာတ်လှေကားပေါ်မတက်ခင် ရှောင်ဝမ်ကို မှာခဲ့လိုက်သည် ။
“အပေါ်ထပ်ကနားနေခန်းကို သွားမယ် အဖိုးကို အဲ့ကိုခေါ်လာခဲ့လိုက်”
“ဟုတ်ကဲ့ဆရာ”
……
သခင်ကြီးဂူမွေးနေ့မှာ အဖြစ်အပျက်တွေအများကြီး ဖြစ်ခဲ့ပေမဲ့လည်း ကျန်ရှိနေတဲ့ သူတွေက ပြုံးနေကြတာကြောင့် သက်တောင့်သက်သာရှိလှသည် ။ သို့သော် သက်တောင့်သက်သာ မရှိသူက လျန်ဒေါ့ကူပင် ။ သူမကတော့
သူမ အမေနောက်မှာထိုင်နေပြီး အပြုံးတုကိုပန်ဆင်ထားလေသည် ။
လျန်ဒေါ့ကူအမေသည်လည်း သခင်ကြီးဂူ သူမ သမီးအပေါ်အမြင် စောင်းသွားမည်စိုးတာကြောင့် စကားစလိုက်တော့သည် ။
“ရှောင်ကူ နင့်မန်နေဂျာက တော်တော်လွန်တာပဲ သမီးအပေါ်တစ်ခုခုမသက်ရောက်ခင် သူ့ကိုမြန်မြန်သာဖယ်ထုတ်လိုက်”
လျန်ဒေါ့ကူအမေက စကားပြောရင်းလျန်ဒေါ့ကူခါးကို တံတောင်နဲ့တွတ်လိုက်တော့ လျန်ဒေါ့ကူလည်း စကားပြန်ပြောရသည် ။
“ဟုတ်ပါရဲ့အမေရယ် သူ အဲ့လိုလုပ်လိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး”
“အားလုံးကို တောင်းပန်ပါတယ်ရှင် အထူးသဖြင့် အဖိုးဂူကိုတောင်းပန်ပါတယ်”
လျန်ဒေါ့ကူ မျက်ရည်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောလေတော့ ဧည့်သည်တစ်ချို့လည်း အခန်းတွင်းထပ်ပြီးသက်တောင့်သက်သာမရှိတာမျိုး မလိုချင်တော့တာကြောင့် လျန်ဒေါ့ကူကိုနှစ်သိမ့်ပေးကြသည် ။
“ရှောင်ကူ့အမှားမှမဟုတ်တာပဲ ပြောရရင် ရှောင်ကူက သူ့မန်နေဂျာမှမဟုတ်တာ...”
“ဟုတ်တယ် အဒေါ်လျန် လည်း အကုန်လုံးပြီးသွားတော့မှတော့
လျန်ဒေါ့ကူကို မဆူပါနဲ့တော့”
ဝိုင်းနှစ်သိမ့်ပေးကြပေမဲ့ လျန်ဒေါ့ကူက ဆက်ပြီးသနားစဖွယ်ဖြစ်အောင် လုပ်ချင်နေပုံပင် ။
“ဘယ်လိုပဲဖြစ်ဖြစ် ဒါကကျွန်မအမှားပါပဲ ကျွန်မသာ သီချင်းတက်မဆိုခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး”
လျန်ဒေါ့ကူဟန်ဆောင်နေသမျှကို တည်တည်ငြိမ်ငြိမ် ကြည့်နေမိတဲ့ ဂူယူရှန်း နောက်ဆုံးမှာတော့ နှုတ်ခမ်းတို့ကော့တက်ကာ ခေါင်းငုံ့ချလိုက်ပြီး ချင်းကျီအိုက် လက်ကို လှမ်းကိုင်လိုက်လေသည် .....
-----------------------------------------------------------------------
စာစဉ် ၂၆၊ အခန်း ၁၂။ ကောင်းလိုက်တဲ့ ဒရမ်မာပါလား (12)
“စိတ်ထဲမထားပါနဲ့ သခင်ကြီးဂူကလည်း အဲ့အတွက်အနှောင့်အယှက်ဖြစ်ပုံမပေါ်ပါဘူး”
“ဟုတ်တယ် ဒီအကြောင်းရပ်လိုက်ရအောင် ရှောင်ကူလည်း ငိုနေတာတိတ်တော့ ကိတ်လည်းရောက်ပြီဆိုတော့ ခွဲလိုက်ရအောင်လေ”
၃ပေလောက်ရှိတဲ့ ကိတ်လည်း ရောက်လာလေပြီမို့ ဧည့်သည်တွေက သခင်ကြီးဂူနား ဝိုင်းလာကြတော့သည် ။ ညစာစားပြီးပြီဆိုပေမဲ့ မွေးနေ့ဂုဏ်ပြုသီချင်းဆိုပေးကြပြီး ကိတ်ကို အားရပါးရစားပေးကြသည် ။ အဲ့ဒီနောက်မှာတော့ ဖြစ်သွားခဲ့တဲ့ ကိစ္စက ဧည့်သည်တွေကြား စကားစဖို့ရာ အကြောင်းအရင်းတစ်ခုဖြစ်နေခဲ့သည် ။
မိနစ် ၂၀ လောက်အကြာမှာတော့ သခင်ကြီးဂူနဲ့လျန်ဒေါ့ကူအဖိုးတို့ စကားပြောနေတဲ့ဆီ လျန်ဒေါ့ကူလျှောက်သွားလိုက်ပြီး အခန်းထဲက ထွက်သွားလေသည်မို့ လုဘန်ချန်းဘေးမှာ ဂိမ်းထိုင်ဆော့နေတဲ့ ရှောင်ဝမ်လည်း သူမ နောက်လိုက်သွားခဲ့တော့သည် ။
ရှောင်ဝမ်ထွက်သွားပြီး ခဏအကြာမှာတော့ ဂူယူရှန်း ဖုန်းထဲ စာဝင်လာခဲ့တာကြောင့် ဖုန်းကိုကြည့်မိတော့ ရှောင်ဝမ့်ဆီကပင် ။
ဂူယူရှန်း စာမပြန်ပဲ လုဘန်ချန်းကို လှမ်းကြည့်လိုက်တော့
လုဘန်ချန်းက ပြန်လှည့်ကြည့်လာပြီး ခေါင်းတစ်ချက်ဆတ်ပြသည် ။
ခဏအကြာမှာတော့ လုဘန်ချန်း ဂိမ်းဆော့ရတာ ပျင်းလာပြီမို့ ပြတင်းပေါက်အပြင်ဘက်ကို တစ်ချက်လှမ်းကြည့်ပြီး ခေါင်းကိုနှိပ်နေရင်းက အပြင်ဘက်မှာ တစ်ခုခုတွေ့လိုက်ရလေသည် ။
“အားလုံးပဲ ဟိုကိုကြည့်ပါဦး”
လုဘန်ချန်းအသံက သိပ်မကျယ်ဘူးဆိုပေမဲ့ တစ်ခန်းလုံးကြားလောက်တဲ့အသံမျိုးပေမို့ ပြတင်းပေါက်အပြင်ဘက်ကို လှည့်ကြည့်လာကြလေသည် ။
ရောင်စုံဘောလုံးတွေက လေထဲမှာ မျောနေပြီး ဘောလုံးတွေက လေပေါ်တက်တာ မြန်လွန်းတာမို့ “သခင်ကြီးဂူ” ဆိုတဲ့ စာကိုဘောလုံးတွေပေါ်မှာ တွေ့လိုက်ရသည် ။
“ဘယ်သူ စီစဉ်ထားတာလဲ ဒါလေးက”
ဧည့်သည်တစ်ယောက်က ပြတင်းပေါက်ဆီတိုးကပ်သွားပြီး တံခါးကို ဆွဲဖွင့်လိုက်ကာ ခေါင်းထွက်ပြီးကြည့်သည် ။
“ဘောလုံးတွေက တော်တော်လေး မြင့်သွားပြီပဲ အော်...ကြိုးချည်ထားတာပဲအပေါ်မှာ ၁၇လွှာ ၁၈ လွှာ လောက်မှာ ကြိုးချည်ထားတယ်ထင်တယ်”
“ဘာစာတွေရေးထားတာလဲ”
“သေချာမမြင်ရဘူး...အပေါ်ထပ်ကိုတက်ကြည့်မှရမယ်”
လူတိုင်းလည်း ရေးထားတဲ့စာကို သိချင်နေကြတာကြောင့် မတ်တပ်ထရပ်လိုက် ပြီး အပေါ်ထပ်ကို တက်သွားကြလေသည် ။ ဓာတ်လှေကားကအထွက်မှာတော့ ဘောလုံးတွေကို ပိုနီးနီးကပ်ကပ်မြင်လိုက်ရသည် ၊
သို့သော် ဘယ်ဘက်အခန်းထဲကနေ အသံတွေကြားလိုက်ရတာမို့ အမျိုးသမီးတစ်ချို့က ဘာတွေဖြစ်နေမှန်း သိချင်လာတာကြောင့် အသံလာရာတံခါးဆီ တိုးကပ် သွားလိုက်ပြီး တံခါးတစ်ဝက်ဟထားတဲ့ အခန်းထဲကို ချောင်းကြည့်လိုက်ကြတော့သည် ။
“အတွဲတစ်တွဲရန်ဖြစ်နေတာလား”
ဂူမိသားစုက အမျိုးသမီးတစ်ယောက်ကခပ်တိုးတိုး ပြောတော့ တခြားအမျိုးသမီးတွေလည်းစိတ်ဝင်တစားရှိလာသည် ၊
“ဖြစ်နိုင်တယ်..”
“ငါတော့ရူးတော့မှာပဲ”
အခန်းထဲကနေ ရုတ်တရက်ထိုးဖောက်ဝင်လာတဲ့အသံကြောင့် တီးတိုးပြောနေတဲ့ စကားတို့ ရပ်သွားရတော့သည် ။
“ဟယ် ..အဲ့ဒါရှောင်ကူမဟုတ်ဘူးလား သူပြန်သွားပြီထင်တာ ဘာလို့ဒီကိုရောက်နေတာလဲ”
--------------------------------------------------------------------
စာစဉ် ၂၆၊ အခန်း ၁၃။ ကောင်းလိုက်တဲ့ဒရမ်မာပါလား(13)
“ဘာတွေဖြစ်နေတာလဲ”
လျန်ဒေါ့ကူရဲ့အဒေါ်ဖြစ်သူက မေးလေတော့
လျန်ဒေါ့ကူအမေလည်း စိတ်ရှုပ်စွာပင် ။
“ကျွန်မ သွားကြည့်လိုက်မယ်”
လျန်ဒေါ့ကူအမေဖြစ်သူ ခြေလှမ်း ပြင်တုန်းမှာပဲ
လျန်ဒေါ့ကူအသံက ထပ်ထွက်လာပြန်သည် ။
“အကုန်လုံးအစီအစဉ်တကျဖြစ်နေပါပြီဆို ဗီဒီယိုပေါ်မှာအဲ့ဒီမိန်းမ မဟုတ်ပဲ ဘာလို့နင်ကပေါ်လာတာလဲ ကျိုးကျင်းတကယ်ပဲ နင်ဘာတွေလုပ်နေတာလဲ”
ကြားလိုက်ရတဲ့ စကားတွေကြောင့် အခန်းဝမှာရောက်နေကြသူတွေ ငြိမ်သက်သွားခဲ့ရပြီး လျန်ဒေါ့ကူအမေကိုယ်တိုင် မလှုပ်မယှက် ဖြစ်သွားရသည် ။
“နင့်ကြောင့် ငါဒီနေ့ ပျက်ဆီးတော့မလို့ဟဲ့ သိရဲ့လား အဖိုးဂူရဲ့မွေးနေ့မှာ ငါ့မန်နေဂျာက ဒီလိုစက်ဆုပ်ဖွယ် ပုံစံကိုပြခဲ့တယ် ကောင်းတယ် သိပ်ကောင်းတယ် ငါ ဂူမိသားစုရှေ့မှာ ဘယ်လိုမျက်နှာပြရတော့မလဲ ဟမ်”
လျန်ဒေါ့ကူဆက်ပြောမဲ့ စကားတွေကို ဧည့်သည်တွေအကုန်မသိခင်
သူမ အမေဖြစ်သူ တားရတော့မည်မို့ ခြေလှမ်းတို့ကိုရွေ့လိုက်တော့
ဂူယူရှန်းက တားလာသည် ။
“အန်တီ အဖိုးဂူရော အဖိုးလျန်ရော သိရမဲ့ကိစ္စတစ်ခုခုရှိနေပြီ ထင်တယ်”
ဂူယူရှန်း သူ့အဖိုးကိုလှည့်ကြည့်လိုက်တော့ ခေါင်းမငြိမ့်ခေါင်းမခါနှင့် ။ လျန်ဒေါ့ကူအဖိုးကတော့ လျန်ဒေါ့ကူအမေကို တစ်ချက်ကြည့်ကာ
တိုးတိုးနေဖို့ အချက်လှမ်းပြလိုက်သည် ။
“ငါ့အမေ ဝင်ပြောလိုက်လို့သာ တော်သေးတာပေါ့
ကျိုကျင်း ငါ့ကိုပြောစမ်းပါ ဘာတွေ ဖြစ်ခဲ့တာလဲ ။ ငါတို့သေချာစီစဉ်ထားခဲ့တာပဲမလား ဘယ်လိုဖြစ်ပြီး ဒီလိုမှားသွားရတာလဲ”
တစ်လျှောက်လုံးငြိမ်နေခဲ့တဲ့ ကျိုးကျင်း က နောက်ဆုံးတော့ အသံခပ်ဖျော့ဖျော့နှင့် စကားပြောလာလေတော့သည် ။
“ငါလည်းမသိဘူး ဟိုဝန်ထမ်းကပြောတာတော့ အဲ့ဒီမိန်းမက အခန်းနံပါတ် ၁၃၀၂ မှာတဲ့ ဒါပေမဲ့ ငါ သူဌေး ယန် ကို အဲ့အခန်းထဲခေါ်သွားလိုက်တော့
သူက အခန်းထဲမှာရှိမနေဘူး ငါအဲ့အခန်းထဲက ထွက်သွားချင်ခဲ့ပေမဲ့ ရုတ်တရက် စိတ်လွတ်သွားခဲ့တာ....”
“ငါဘယ်လောက်တောင်လန့်သွားခဲ့ရလဲသိလား ဗီဒီယိုထဲက လူက နင်ပါလို့ လူတွေပြောနေကြတဲ့အချိန် ငါ နားကြားမှားတယ်ပဲ ထင်ခဲ့တာ အဲ့ဒီမိန်းမကလည်း ဂူယူရှန်းဘေးမှာ ရှိနေတာကို တွေ့လိုက်ရတဲ့အချိန် ငါဘယ်လိုခံစားလိုက်ရလဲ နင်သိရောသိရဲ့လား”
ဂူယူရှန်းဘေးမှာထိုင်နေတဲ့မိန်းမ ဆိုတဲ့ စကားကိုကြားလိုက်ရတော့ နားထောင်နေကြတဲ့သူတွေလည်း လျန်ဒေါ့ကူတို့ပြောနေတဲ့သူကို သိသွားတော့တာကြောင့် ချင်းကျီအိုက်ကို လှမ်းကြည့်ကြတော့သည် ။.
-------------------------------------------------------------------------
စာစဉ် ၂၆၊ အခန်း ၁၄။ ကောင်းလိုက်တဲ့ဒရမ်မာပါလား (14)
တံခါးအပြင်ဘက်မှာ လူတွေရောက်နေတာကို မသိတဲ့လျန်ဒေါ့ကူကတော့ ပြောချင်တဲ့စကားတွေကိုပင် စိတ်လွတ်ကိုယ်လွတ်ပြောနေလေသည် ။
“အဲ့ဒီမိန်းမ တခြားယောကျ်ားနဲ့အိပ်နေတဲ့ ပုံစံကို အဖိုးဂူနဲ့ ဂူယူရှန်းကို ပြလိုက်ရင် သူ့ကို ရွံသွားလိမ့်မယ်ဆိုပြီး ငါစီစဉ်ခဲ့တာ ဒါပေမဲ့
အဲ့ဒီအစီအစဉ်က ငါ့ကိုပြန်ဒုက္ခပေးသွားလိမ့်မယ်လို့ လုံးဝထင်မထားဘူး”
“ဟိုမိန်းမကို ခပ်မဲ့ဆေးက ဘယ်လိုလုပ် နင့်ဆီ ရောက်လာတာလဲ…ပြီးတော့ နင်ပြောတဲ့ ဝန်ထမ်းကိုလည်း ငါတို့ပိုက်ဆံပေးခဲ့တာပဲ တကယ့်ပြဿနာလုပ်တဲ့သူက သူပဲ...ငါအခုသူနဲ့သွားတွေ့မယ်”
လျန်ဒေါ့ကူ စကားပြောပြီးပြီးချင်းပဲ တံခါးဆီလျှောက်လာကာ တံခါးကိုဆွဲဖွင့်လိုက်တော့ သူမ ရှေ့မှာ လူတစ်အုပ်တွေ့လိုက်ရတာကြောင့် လျန်ဒေါ့ကူ လန့်သွားမိတော့သည် ။ သူမကို ကြည့်နေကြတဲ့ လူတွေကြား လျန်ဒေါ့ကူ သွေးပြတ်မတတ်ဖြစ်သွားခဲ့ရပြီးနောက် အသံတို့ကပင်တုန်တုန်ရီရီ ။
“အဖိုး ...ဂူ ...အဖိုး ....အဖေ....အမေ ..ရှင် ..ရှင်တို့တွေက...”
စကားကိုပင်ဆုံးအောင်ပြောနိုင်မစွမ်းတော့တဲ့ လျန်ဒေါ့ကူက
နှုတ်ခမ်းကို ဖိကိုက်ကာအတော်လေးတုန်လှုပ်နေပုံပင် ။
ဂူယူရှန်းအဖိုးလည်း မျက်နှာပျက်နေခဲ့ပြီး လျန်ဒေါ့ကူအဖိုးကတော့ သခင်ကြီးဂူကို တစ်ချက်လှမ်းကြည့်ကာ ဟန်လုပ်ကာရယ်ရင်း ...
“ဒါက ...ဒါကအထင်လွဲတာနေမှာပါ ..အထင်လွဲတာ”
“အထင်လွဲသတဲ့လား”
ရယ်စရာကောင်းတဲ့ ဟာသတစ်ခုကို ကြားလိုက်ရသလို ရယ်သံယှက်ကာ ပြောလာလေတဲ့ ဂူယူရှန်းပါပင် ။
“အဖိုးမွေးနေ့မှာ ဒီလိုလုပ်ရပ်မျိုးလုပ်လိုက်တာက အထင်လွဲတာလား ဒါမှမဟုတ် ပေကျင်းက ဂုဏ်သရေရှိမိသားစုတွေကြားထဲမှာ ဆေးခတ်ခံရပြီး ကျွန်တော့်မိန်းမ တခြားယောက်ျားနဲ့ အတူအိပ်နေတဲ့ ပုံစံကို ပြဖို့ လုပ်တာက အထင်လွဲတာလား”
လျန်ဒေါ့ကူအမေဖြစ်သူသည်လည်း
ဂူယူရှန်းကို စကားတစ်ခွန်းမှပြန်မပြောနိုင် ဖြစ်နေရပြီး
အကုန်လုံးရဲ့အကြည့်က လျန်ဒေါ့ကူကို ရွံရှာနေသလို ။
ကျိုးကျင်းကို သူမ ပြောနေခဲ့တဲ့ စကားတွေကိုလည်း အားလုံးကြားလိုက်ကြသည်မို့ သူမအနေနဲ့ ပြန်အဖတ်ဆယ်စရာမရှိတော့ ၊ သူမ ချစ်ရတဲ့ မိသားစုတွေ သူငယ်ချင်းတွေကြားထဲမှာ ဒီလိုပုံစံမျိုးနဲ့ အကြောင်းစုံပေါ်သွားခဲ့ပြီး သူမရဲ့ ဂုဏ်သိက္ခာလည်း မရှိတော့သည်မို့ လျန်ဒေါ့ကူ ဆောက်တည်ရာမရ ။
သူ့ကြောင့်ပဲ အားလုံး သူ့အမှားပဲ ...
သူ့ကြောင့်သာမဟုတ်ရင် ငါ့ဘဝလည်း ဒီလိုပျက်ဆီးစရာမရှိဘူး ..
အပြစ်ပုံချချင်တဲ့စိတ်က ခေါင်းထဲပြည့်လာတာကြောင့်
လျန်ဒေါ့ကူ ချင်းကျီအိုက်ကို လှမ်းကြည့်လိုက်တော့သည် ။
“နင့်ကြောင့်ပဲ နင့်ကြောင့် ဒီလိုတွေဖြစ်ရတာ ..
အဖိုးနဲ့ တခြားသူတွေကို ဒီနေရာကိုရောက်လာအောင် နင်ခေါ်ထားတာမဟုတ်လား”
----------------------------------------------------------------------
စာစဉ် ၂၆၊ အခန်း ၁၅။ ကောင်းလိုက်တဲ့ဒရမ်မာပါလား (15)
လျန်ဒေါ့ကူက ဒေါသတကြီး စကားပြောနေရင်းက သူမ ပိုက်ဆံအိတ်ကို ချင်းကျီအိုက်ဆီပစ်ပေါက်လိုက်တာမို့
ဂူယူရှန်း ဝင်ကာပေးလိုက်တော့ ပိုက်ဆံအိတ်က ဂူယူရှန်းနောက်ကျောကိုထိသွားချိန်မှာပဲ ချင်းကျီအိုက်ပါးစပ်ထဲကို
ဂူယူရှန်း တစ်ခုခုထည့်ပေးလိုက်တော့သည် ...
ဂူယူရှန်း လုပ်ရပ်က မြန်ဆန်လွန်းတာမို့ဘယ်သူမှမသိလိုက်ပေမဲ့ ချင်းကျီအိုက်ကတော့ မျက်ရည်တွေကျလာရတော့သည် ။
ဂူယူရှန်း သူမ ပါးစပ်ထဲကို wasabi ထည့်သွားခြင်းပင် ၊
စပ်လွန်းတာမို့ ချင်းကျီအိုက်မျက်ရည်ကျလာရပြီး ဂူယူရှန်းကို လှည့်ကြည့်လိုက်တော့ ဂူယူရှန်းက သူမကိုတိုးတိုးနေဖို့ အချက်ပြသည် ။
အဲ့ဒီနောက် ဂူယူရှန်းက သူမ ပါးပြင်တစ်လျှောက်စီးကျနေတဲ့မျက်ရည်တို့ကိုသုတ်ပေးရင်း သူမကိုနှစ်သိမ့်သည် ။
“ရှောင်အိုက် မင်းဘယ်လိုခံစားနေရမလဲနားလည်ပေမဲ့ ဒါကမင်းအမှားမဟုတ်ဘူးလေ ဘာလို့ငိုနေတာလဲ”
“ကျွန်မ....”
ချင်းကျီအိုက် စကားပြောဖို့ပြင်တုန်းမှာပဲ ဂူယူရှန်းက သူမ ခါးကို အသာတို့လေတော့ ချင်းကျီအိုက် စကားဆက်မပြောဖြစ်တော့ ။
“မင်းဘယ်လောက်ကြောက်နေမလဲ ကိုယ်နားလည်ပါတယ် ဒါပေမဲ့ ဆေးအခတ်မခံလိုက်ရတာပဲ ကံကောင်းလှပြီလို့ တွေးနော် မငိုနဲ့….
တိတ်တော့”
ဂူယူရှန်းတို့နှစ်ယောက်တည်း တစ်ကမ္ဘာဖြစ်နေတဲ့ပုံစံကို လျန်ဒေါ့ကူ တကယ်ပဲဆက်မကြည့်နိုင်တော့ ။
“ဘာလို့ အပိုတွေလုပ်နေတာလဲ နင့်ကြောင့်သာမဟုတ်ရင် ငါလည်း ဒီလိုအခြေအနေမျိုးဖြစ်ရမှာ မဟုတ်ဘူး အားလုံးနင့်ကြောင့်ပဲ”
ချင်းကျီအိုက် စပ်လွန်းနေတာမို့ မျက်ရည်တွေကျနေဆဲဖြစ်သည်ကို တခြားသူတွေကတော့ လျန်ဒေါ့ကူကြောင့် ကြောက်ပြီး ငိုနေသည်ပဲ ထင်နေကြလေသည် ။
“ဒီမှာရှိနေတဲ့လူတွေက တစ်ယောက်မှအရူးမပါဘူး မိန်းကလေး လျန်..မင်းပြောနေတဲ့စကားတွေကိုလူတိုင်းကြားတယ် အခုဘယ်သူ့ကိုအပြစ်လျှောက်တင်နေတာလဲ”
စကားသံတွေတစ်ယောက်တစ်ပေါက် ထွက်လာကြချိန်
ချင်းကျီအိုက် ဘာစကားမှမပြောခဲ့ပေမဲ့
ဂူယူရှန်းကတော့ သူမ စကားပြောသလိုနှင့်
သူမ ဆံပင်တို့ကို ပွတ်သပ်ပေးနေလေသည် ။
“ဆေးသာအခတ်ခံရရင် ဗိုက်ထဲက ကလေးကိုပါ ထိမှာကို ကြောက်နေတာကို ကိုယ်နားလည်ပါတယ်...”
အခြေအနေတွေပိုတင်းမာလာအောင် “ကလေး” ဆိုတဲ့စကားကိုပါ ဂူယူရှန်းပြောလိုက်တော့ အဖိုးဂူလည်း လှုပ်လှုပ်ရှားရှားဖြစ်လာလေသည် ။
“ဟုတ်ပါရဲ့ ကိုယ်ဝန်လည်း ရှိနေတာကို ဘယ်လိုလုပ်များ ဒီလောက်ရက်ရက်စက်စက်လုပ်နိုင်ရတာလဲ”
“သူ့အစီအစဉ်တွေသာ တကယ်ဖြစ်သွားခဲ့ရင် မတွေးရဲစရာပဲ”
“တကယ့်မိန်းမယုတ်ပဲ လျန်မိသားစုမှာ ဘယ်လိုလုပ် ဒီလို သမီးမျိုးရှိလာရတာလဲ”
အပြစ်တင်ပြောဆိုနေကြတဲ့ စကားတွေကြား လျန်ဒေါ့ကူ အသိစိတ်မဲ့စွာဖြစ်ရပြီး ချင်းကျီအိုက်ကို ထပ်ပြီး စကားလုံးတွေနဲ့ထိုးနှက်လေပြန်သည် .....
--------------------------------------------------------------------
စာစဉ် ၂၆၊ အခန်း ၁၆။ ကောင်းလိုက်တဲ့ဒရမ်မာပါလား (16)
တစ်လျှောက်လုံးဘာစကားမှမပြောတဲ့ သခင်ကြီးဂူ ရုတ်တရက် တုတ်ကောက်ကို မြှောက်ကာ ဘေးနားကနံရံကိုရိုက်လိုက်တော့သည် ။
“သူငယ်ချင်းလျန် ...ငါတို့ပြန်မယ် မင်းမြေးကို ငါ ဘာစကားမှမပြောချင်တော့ဘူး”
သခင်ကြီးဂူက ပြောရင်း ဂူမိသားစုဝင်တွေကို
ကြည့်လိုက်ကာ ...
“ဘာလုပ်နေတာလဲ သွားကြမယ်”
အရှေ့က ဦးဆောင်ကာ ထွက်သွားလေတဲ့သခင်ကြီးဂူနောက်ကို ဂူမိသားစုဝင်တွေလည်း လိုက်လာခဲ့ကြပြီး ဓာတ်လှေကားထဲ အဝင်မှာတော့ မျက်ရည်တွေကျနေသေးတဲ့ ချင်းကျီအိုက်ကို သခင်ကြီးဂူတစ်ချက်လှည့်ကြည့်မိသည် ။
ချင်းကျီအိုက်ကို နှစ်သိမ့်စကားပြောပေးဖို့ ပါးစပ်ပြင်လိုက်ပေမဲ့
စကားလုံးတို့ ထွက်ဖို့ခက်ခဲတာမို့ သခင်ကြီးဂူလည်း မပြောတော့ပဲ ချင်းကျီအိုက်ဆီက အကြည့်လွှဲလိုက်တော့သည် ။
……
အသက် ၈၀ ပြည့်မွေးနေ့မှာ ဒီလိုရှုပ်ထွေးလှတဲ့ ကိစ္စတွေဖြစ်ခဲ့တာမို့
သခင်ကြီး ဂူလည်း စိတ်ထိခိုက်လိမ့်မည်မှာအသေအချာပင် ။
ဟိုတယ်ကနေပြန်လာကြတဲ့ လမ်းမှာ သခင်ကြီးဂူရဲ့အခြေအနေကို
နမ်နီကျန်း တောက်လျှောက် စောင့်ကြည့်နေခဲ့ရပြီး
သခင်ကြီးဂူက ပြတင်းပေါက်အပြင်ဘက်ကို ငေးကာ ...
“ရှောင်ကျန်း ပြီးခဲ့တဲ့ တရုတ်နှစ်ကူးတုန်းက ဖြစ်ခဲ့တဲ့ ကားအက်ဆီးဒင့် တုန်းကလူကိုအခု ဆက်သွယ်လို့ရနိုင်သေးလား”
မျှော်လင့်မထားတဲ့ မေးခွန်းဖြစ်တာကြောင့် နမ်နီကျန်း ခဏတာကြောင်အသွားခဲ့ရလေသည် ။
“ဟုတ်ကဲ့”
“သူ့ကိုဖုန်းဆက်ပြီး ခဏနေတွေ့မယ်လို့ပြောလိုက်”
……
ချင်းကျီအိုက် သန့်စင်ခန်းသွားနေစဉ် ဂူယူရှန်းကတော့ ဟိုတယ်အပြင်ဘက်ကိုထွက်လာကာ လမ်းမီးတိုင်နား ရပ်ရင်း ဆေးလိပ်သောက်လျက် ချင်းကျီအိုက်ကိုစောင့်နေမိသည် ။
ဆေးလိပ်ငွေ့တွေကြားက တွေ့လိုက်ရတဲ့ကျိုးကျင်းကို သတိပြုမိတော့ ကျိုးကျင်းက သူ့ကိုကြည့်နေသည်မို့ ဂူယူရှန်း အကြည့်လွှဲကာ ဆေးလိပ်ငွေ့တို့ကိုနှာခေါင်းပေါက်ထဲကနေ မှုတ်ထုတ်လိုက်ချိန် ကျိုးကျင်းက သူ့ဆီလျှောက်လာခဲ့လေပြီ ။
“အဲ့ဒီဝန်ထမ်းကို ရှင် လာဘ်ထိုးခဲ့တာမလား”
သူမ စကားကိုမကြားသလိုနေရင်း
ဂူယူရှန်း ဆေးလိပ်ဆက်သောက်နေလိုက်တော့
စကားထပ်ပြောလာလေတဲ့ ကျိုးကျင်းပါပင် ။
“သူဌေး ယန် မှာ အိမ်ထောင်ရှိတာကိုလည်း ရှင်သိနေခဲ့တယ်မလား”
------------------------------------------------------------------------
ကြိုတင်ဖတ်ရှုလိုပါက စာစဉ် ၂၈ ထိကို ၁၀၀၀ ကျပ်ဖြင့် စာစဉ်တစ်ခုလုံးကို ဝယ်ယူဖတ်ရှုနိုင်ပါပြီ ။
ဘေလွှဲရမယ့်နံပတ်လေးကတော့ 09402842937 ပါ ။ ကောင်းသောညချမ်းလေး ဖြစ်ကြပါစေ 😘