"ဟဲ့နင်တို့ မြင်လိုက်တယ်မလား လုံးဝအကြွေဆင်ကြီးဟယ်"
"သူ့နားမှာနေရရင် အိမ်သာပဲဆေးရဆေးရ မိလ္လာတွင်းပဲတူးရတူးရ ငါလုပ်မှာ စောက်ရမ်းချောတာဟေး.."
"ကောင်မတွေနော် အခုခေတ်ကအကြွေဆင်တွေက ရှတာများတာနော် မမှတ်သေးဘူးလားနင်တို့"
"ရှရှဟယ် သူ့မျက်နှာလေးကြည့်နေရရင်ကို ဗိုက်ဝနေပြီ"
ရုံးခန်းအတွင်း ခပ်တိုးတိုး အချင်းချင်းပြောဆိုနေကြသည်မှာ အသစ်ရောက်လာတဲ့မန်နေဂျာကြောင့်ပင်။ စိမ်းဖန့်ဖန့်သွေးကြောတွေက အကျီဖြူဖြူက်ုခေါက်တင်လှစ်ဟပြထားသည့် လက်ဖျံဝယ် အပြိုင်းပြိုင်းထနေ၏။ ဂျယ်ဖြင့်သေချာသပ်တင်ထားသည့် ဆံပင်နက်နက်တို့မှာ ခေါင်းပေါ်တွင် တောက်ပြောင်ကာ ပုံစံတကျ။ မျက်ခုံးမျက်ဖန်ကောင်းကောင်းနှင့် နှာတံထင်းထင်းထိုယောက်ျားမှာ ရုံးခန်းအတွင်းဖြတ်လျှောက်သွားသည်မှာ တည်တည်ငြိမ်ငြိမ်ပင်။ရှည်လျားသောအရပ်က ၆ပေလောက်ဟုယူဆနိုင်ကာ ဖိနပ်ကအစနက်ပြောင်၍ မျက်စိတစ်ဆုံးငေးပစ်ချင်စရာကောင်း၏။
အမူးပြေဟင်းချိုတစ်ခွက်နှင့် ဖြစ်သလိုစားခဲ့သောမနက်စာမှာ ဗိုက်မပြည့်သေးပေမဲ့ ပိုက်ဆံရှာရမည်ဖြစ်တာကြောင့် ဘတ်ဟျွန်းကရုံးကို အလျင်မှီအောင်သွားရတော့၏။ အမူးသိပ်မပြေချင်သေးရတဲ့အထဲ
ဘတ်စ်ကားမှာ ကြပ်နေတာကြောင့် အသက်ရှုတွေပင်ကြပ်လာရတဲ့အထိပင်။
ရုံးနားကမှတ်တိုင်မှာ ဆင်းကာလေပူတစ်ချက် ဟင်းကနဲမှုတ်ထုတ်မိတော့သည်။ အလာတုန်းက ခန့်ခန့်နဲ့သန့်သန့်လေးဆိုပေမဲ့ ဘတ်စ်ကားပေါ်ကဆင်းအပြီးမှာတော့ ချွေးထုတ်ခန်းထဲကထွက်လာတဲ့ ပေါက်စီလို ချွေးတလုံးလုံးဖြူဖြူဥဥလေးဖြစ်နေသည်။
"ပိုက်ဆံမရှိတဲ့ဘဝကြီးက မကောင်းပါဘူးကွာ
ပူလိုက်တာ ..ဟူး ချောမောတဲ့ရုပ်ရည်က ကယ်နေပေလို့"
လွယ်အိတ်ကိုသေချာပြန်လွယ်လိုက်ရင်း ဘတ်ဟျွန်းကပျင်းရိဖွယ်ကောင်းတဲ့ နေစဉ်ဘဝထဲပြန်လည် လည်ပတ်ရတော့မည်ဖြစ်သည်။
"ဘတ်ဟျွန်း ဘတ်ဟျွန်းမလား"
လုပ်ဖော်ကိုင်ဖက်တချို့က တွတ်ထိုးနေရင်းမှ ဘတ်ဟျွန်းရှေ့ကိုပြေးလာကြသည်။ စိတ်အခြေနေသိပ်မကောင်းတာကြောင့် ဘတ်ဟျွန်းကခပ်ယဲ့ယဲ့လေးပြန်ပြုံးပြဖို့ပဲ တတ်နိုင်သည်။
"အမတို့ဘာတွေပြောနေကြတာလဲ တိုးတိုးတိတ်တိတ်နဲ့"
"လာလာ ချောင်ကိုကပ် ပြောပြမယ်"
ခပ်သွက်သွက်ရှိသော နာဂျောင်းက ဘတ်ဟျွန်းကလက်မောင်းကဆွဲကာ တိုင်အကွယ်ကိုခေါ်သွားသည်။ ဘယ်ကြည့် ညာကြည့် နှစ်ဖက်လုံးကိုသေချာအောင် ပြန်စောင်းကြည့်ပြီးမှ ဘတ်ဟျွန်းလက်ကို တဖတ်ဖတ်ရိုက်လာသည်။
"အား..အရမ်းချောတဲ့ဘဲကြီးဟာ ဘတ်ဟျွန်းရာ အရမ်းချောတာ နင်မမြင်လိုက်ရတာနာတယ်ငါတို့ရုံးရဲ့ မန်နေဂျာအသစ်တဲ့ နိုင်ငံခြားကလာတယ်ပြောတယ်"
"ကဲ အားလုံးပဲ ဒီရှေ့မှာ လူစုပေးကြပါ ဒီနေ့ရောက်လာတဲ့ မန်နေဂျာက အားလုံးကို မိတ်ဆက်ချင်လို့ပါတဲ့"
" Hello guys ! Glad to see you
ကိုယ်ကနိုင်ငံခြားတစ်ဝက် ကိုရီးယားတစ်ဝက် သွေးနှောပေါ့။ ဒီကိုရောက်တာနှစ်ပတ်လောက်ရှိပြီဆိုပေမဲ့ ကိုယ့်ရဲ့personal caseတစ်ခုကြောင့် နည်းနည်းကြန့်ကြာသွားတာပါ။ အားလုံးပဲကူညီပေးကြပါဦး။ ကိုယ့်နာမည်လီအင်ဝူးပါ"
ခေါင်းညွတ်လိုက်တဲ့အဆုံးမှာ လက်ခုပ်သံတွေပေါ်ထွက်လာ၏။
"ဖြောင်း ဖြောင်း ဖြောင်း"
ဘတ်ဟျွန်းကတော့ ကြောင်တောင်တောင်နဲ့ရပ်နေပြီး လက်ခုပ်ပင်မတီးနိုင်။ အကြောင်းမူကား ထိုမန်နေဂျာအသစ်ဆိုသူက ဘတ်ဟျွန်းကို မျက်လုံးတစ်ဖတ်မှိတ်ပြသွားတာကြောင့်ပင်။
"ဘာလဲဟ ဒီဘဲမျက်ကြောလိုက်နေတာလား"
မနေ့ညကဆုံတွေ့ခဲ့တာကို ဘတ်ဟျွန်းက သေးသေးလေးတောင်မှတ်မိမနေတော့ပါ။ ပုံမှန်ထက်ပိုသောက်မိတာကြောင့်ရော နှစ်ခွက်လောက်နဲ့တင် ဘတ်ဟျွန်းကမူးနေတာရောကြောင့်ပင်ဖြစ်သည်။
_____
မိုးအုံနေသော ညနေခင်းဝယ် ဘတ်ဟျွန်းက ပျင်းတွဲတွဲဖြင့် လမ်းကိုဖြေးဖြေးလျှောက်လာ၏။ မနက်ဖြန်ရုံးပိတ်တာရောကြောင့် ညဘက်တစ်ခုခုလုပ်စားဖို့ အနီးရှိ စတိုးဆိုင်လေးတစ်ခုထဲကို ဝင်လိုက်သည်။
သုံးထပ်သားဝက်သားပြားအချို့ရယ် ပါးပါးလေးလှီးထားတဲ့ အမဲသားပြားတွေရယိ ပြောင်းဖူးနှစ်ဖူးရယ် အပ်မှိုတချို့ကိုပါယူလိုက်သည်။ ထို့နောက် မက်ဂျူ2ဘူးရယ် အသင့်စားတော့ပိုကီဘူးရယ် ယူလိုက်ပြီး ကောင်တာသို့လျှောက်သွား၏။
အိတ်အမဲကိုရှေ့နောက်လွှဲယမ်းရင်း မိုးကဝေါခနဲ သွန်ချလာတော့ ဘတ်ဟျွန်းကပြုံးသည်။ ထီးမပါတဲ့ လူတစ်ချို့က ဝရုန်းသုန်းကားပြေးလွှားကာ အမိုးခိုနိုင်ဖို့ အသည်းအသန်ရှာနေကြသော်လဲ ဘတ်ဟျွန်းက ရပ်နေသောနေရာက တုတ်တုတ်မလှုပ်။ ဒီလိုအချိန် ဒီလိုအဖြစ်အပျက် တစ်ထပ်ထဲ..တစ်ထပ်ထဲပဲ
"ဗွမ်း"
ရုတ်တရက် စိုစွတ်နေတဲ့မြေပြင်ပေါ် ဒိုင်ဗင်ထိုးသလိုခုန်ကာလှဲချပစ်လိုက်သော်လဲ ဘတ်ဟျွန်းက သတိမေ့မသွား။ ပြန်ပြီးကုန်းထကာ နောက်တစ်ကြိမ် ထပ်ခုန်၍ လှဲပြန်သည်။
"အ့"
ဗွက်အိုင်အသေးလေးထဲရှိ ဖန်ကွဲစနဲ့ခြစ်မိတာကြောင့် လက်ဖဝါးမှာ နက်နက်လေးရှသွား၏။ သွေးတွေကို အသာဖိသုတ်ရင်း ထပ်တလဲလဲခုန်ကာလှဲပြန်၏
ပြန်ထလိုက် ပစ်လှဲလိုက်ဖြင့် ခပ်လှမ်းလှမ်းကလူတွေမှာ သူ့အားတီးတိုးပြောကာ ဝိုင်းကြည့်နေကြသည်။ အကြိမ်တွေရေမတွက်နိုင်တော့ ဒူးတွေ တံဆောင်ဆစ်တွေလဲ ပွန်းလွန်းလို့ သွေးပင်စို့နေလေပြီ။ထသည် ပြန်လှဲသည် ခေါင်းတွေထိုးကိုက်လာပေမဲ့သူကဆက်လုပ်နေတုန်း။ မျှော်လင့်ချက်သေးသေးလေးဆိုပေမဲ့ သူကတော့ဆုပ်ကိုင်ထားချင်နေတုန်းပဲ။ မသေချာတဲ့အရာပေမဲ့ ဘတ်ဟျွန်းက သူလုပ်နေတာ မရပ်ခဲ့ဘူး။ တော်တော်ကြာ၍ မိုးဆဲသွားတော့မှ ဘတ်ဟျွန်းက သက်ပြင်းချကာထိုင်ချ၏
"အနည်းဆုံး အနည်းဆုံးတော့ ငါကြိုးစားခဲ့သေးတယ် ပါးချိုငိ့လေးဆီ ပြန်ရောက်လာမလားလို့ ငါ..ငါ ကြိုးစားခဲ့ကြည့်သေးတယ်"
စကားသံရဲ့ အဆုံးသတ်မှာအသံတွေတိမ်ဝငိသွားပြီး စိုစွတ်နေတဲ့ခေါင်းသေးသေးလေးက ဒူးခေါင်းပေါ်မှောက်ချသွား၏။
"ပင်ပန်းလိုက်တာ မသေချာတဲ့တစ်စုံတစ်ယောက်ကို
စောင့်နေရတာ ခက်ခဲလိုက်တာ.."
၁ပတ်ကျော်လေးပဲသူ့စောင့်ခဲ့ရသေးပေမဲ့ နှစ်ပေါင်း၁၀၀ကျော် စောငိ့နေခဲ့ရတဲ့ချန်းယောလ်ကရော..
ငိုလို့ဝမှ ဘတ်ဟျွန်းက မုန့်ထုပ်လေးဆွဲပြီး အိမ်ကို taxiငှါးပြန်ခဲ့၏။ ကပ်စေးနည်းသော်လဲ လမ်းလျှောက်ဖို့နေနေသာသာ ဘတ်စ်ကားတိုးစီးနိုင်သော အငိအားလေးပင် သူ့မှာမကျန်တော့ပါ။
စာအုပ်ဆိုင်ကိုလဲ ဆေးရုံဆင်းလာတဲ့မနက်ကပင်သွားကြည့်ခဲ့ပြီးပြီ။ ၅နှစ်ကျော် ဝယ်လာတဲ့စာအုပ်ဆိုင်အစား ကော်ဖီဆိုင်လေးကနေရာယူထားလေသည်။ မေးမြန်းစုံစမ်းကြည့်ခဲ့တာတော့ စာအုပ်တွေသိပ်မရောင်းရတော့လို့ ပိတ်ပစ်လိုက်သည်ဆို၏။
ဖြစ်နိုင်ချေသေးသေးလေးရှိတဲ့ အရာတွေကအစ ဘတ်ဟျွန်းကြိုးစားခဲ့ကြည့်ဖူးပါ၏။ ကြိုးစားမှုတွေက အချည်းနှီးဖြစ်ခဲ့ရတယ်ဆိုပေမဲ့ ဘတ်ဟျွန်းက အားမလျော့သေးပါ။ ရက်နည်းနည်းပဲစောင့်ပြီး လက်လျော့ပစ်လိုက်မယ်ဆို ချန်းယောလ်ကတစ်နေရာရာကနေ လှောင်ရီနေမှာ။ ရက်စွဲဆိုတာ ကိန်းဂဏန်းသက်သပ်ပဲလို့ ဘတ်ဟျွန်းကမှတ်ယူထားလိုက်တော့တယ်။ သူစောင့်မယ် ၁လပဲဖြစ်ဖြစ် ၁နှစ်ပဲဖြစ်ဖြစ် နှစ်ပေါင်း၁၀၀မကလို့ ဟိုးနှစ်ပေါင်းမရေမတွက်နိုင်တဲ့အချိန်ထိပဲဖြစ်ဖြစ်။ ချစ်ရသူကိုစောင့်ရတာဟာ ပျော်ရွှင်ခြင်းတဲ့..
ဘတ်ဟျွန်းရဲ့ ပျင်းရိဖွယ်ကောင်းတဲ့နေ့စဉ်ဘဝထဲ အလုပ်တစ်ခုကတိုးလာတယ်။ တစ်စုံတစ်ယောက်အကြောင်းကိုတွေးပြီး အရမ်းလွမ်းလာရင်တော့မှတ်စုစာအုပ်လေးထဲ သူ့အကြောင်းတွေချရေးဖြစ်တာမျိုးပေါ့။ မနက်ခင်းတိုင်းစောစောထသလို အစောကြီးထရတဲ့အတွက် ကျိန်ဆဲနေတုန်းပဲ။ ရုံးပိတ်ရက်တွေဆို ဝရန်တာမှာထွက်ပြီး တစ်ခုခုစားတယ် အများအားဖြင့်တော့ ဆိုဂျူ မက်ဂျူ ဘီယာစသည်ဖြင့် အမျိုးစုံအောင်သောက်ပစ်လိုက်တယ်။ အဲ့တာကြောင့် ဘတ်ဟျွန်းရဲ့အရက်ခံနိုင်ရည်အားက ပိုတိုးလာခဲ့တယ်။ အထီးကျန်တဲ့နေတွေဆို ဘတ်စ်ကားကို အချိန်တော်တော်ကြာ ပတ်စီးပစ်တယ်။ အိမ်ထဲမှာပဲ စာအုပ်တွေဖတ်နေတတ်တဲ့သူက အခုခါမှာတော့ ပန်းခြံတွေသွား ရုပ်ရှင်ရုံတွေသွားပြီး အပန်းဖြေရတာကို သဘောကျလာပြီ။ ငြိမ်ပြီးနေတာထက် တစ်နေနေရာကိုလျှောက်သွားနေလိုက်ရတာဟာ ရင်ထဲက အလွမ်းဒဏ်တွေကို ပေါ့ပါးလိုပေါ့ပါးငြားပေါ့။ ဝါကျင့်ကျင့်စာအုပ်လေးက ကုတင်ဘေးကအံဆွဲရဲ့ အောက်ဆုံးထပ်မှာ ရှိနေတုန်းပါပဲ။
ထုတ်လဲမကြည့်ဖြစ်တော့သလို ကိုင်မိအောင်လဲသူမကြိုးစားခဲ့ဘူး။ ရှည်ကြာလာတဲ့နေ့ရက်တွေက နာကျင်ရတယ်ဆိုပေမဲ့ ဘတ်ဟျွန်းကပျော်အောင်တော့ကြိုးစားနေဖြစ်ခဲ့တယ်။ အချစ်ဆိုတဲ့အရာကိုတော့ မထိတွေ့ဖြစ်ခဲ့တာ ရက်ပေါင်း၃၆၀တောင် ကျော်လွန်ခဲ့ပြီ။ဘတ်ဟျွန်းရှည်ကြာလှတဲ့ တစ်နေ့တာမှာ ညအိပ်ချိန်ကလွဲလို့ တစ်နေကုန်တစ်ခုခုမတွေးဖြစိအောင် လူကိုလှုပ်လှုပ်ရှားရှား
နေတာမျိုးပဲ လုပ်နေတတ်တယ်။ စက္ကန့်တွေ မိနစ်တွေ နာရီတွေ နေ့ရက်တွေတရွေ့ရွေ့ကျော်လွန်သွားပေမဲ့ မျှော်နေရတဲ့ တစ်စုံတစ်ဦးကတော့ အခုထိ ရောက်မလာခဲ့သေးပါဘူး...ရက်ပေါင်း၃၆၅ရက်အလွန်ထိပေါ့
မရေတွက်နိုင်တဲ့ကြယ်တွေ မရေတွက်နိုင်တဲ့ညတွေကျော်လွန်ပြီးမှာ ကိုယ်တို့ပြန်တွေ့ကြမယ်ဗြောင်...
____
Note
Eriတွေသိတဲ့အတိုင်း ဆူဟိုပြောခဲ့တဲ့စကားနဲ့ ဘတ်ဟျွန်းရဲ့ VCR မှာပါတဲ့စကားလေးကcreditပါ ။ Double upတာနော် လိမ္မာတယ်မလားဟီး"