Imaginary Sphere

By Ellena_Byun

19.7K 2.9K 217

ရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ် More

Ep 1 (Uni)
Ep 1 (Zaw)
Ep2 (Uni)
Ep 2 (Zawgyi)
Ep3 (Uni)
Ep 3 (Zaw)
Ep4 (uni)
Ep 4 (Zaw)
Ep 5 (Uni)
Ep 5 (Zaw)
Ep6 (Uni)
Ep 6 (Zaw)
Ep7 (Uni)
Ep 7 (Zaw)
Ep 8 (Uni)
Ep 8 (Zaw)
Ep 9 (Uni)
Ep 9 (Zaw)
Ep 10 (Uni)
Ep 10 (Zaw)
Ep 11(Uni)
Ep 11 (Zaw)
Cover present
Ep 12(Uni)
Ep 12 (Zaw)
Part 13 (Uni)
Ep 13 (Zaw)
Ep 14 (Uni)
Ep 14 (Zaw)
Ep 15 ( Christmas Gift) (U)
Ep 15 (Zaw)
Ep 16 (Uni)
Ep 17 (Uni)
Ep 17 (Zaw)
Not update
Ep 18 (Uni)
Ep 18(Zaw)
Ep 19 (Uni)
Ep 19 (Zaw)
Ep 20 (Uni)
Ep 20 (Zaw)
Ep 21(Uni)
Ep 21(Zaw)
Ep 22 (Uni)
Ep 22 (Zaw)
Ep 23 (Uni)
Ep 23(Zaw)
Ep 24 (Uni)
Ep 24 (Zaw)
Ep 25 (Uni)
Ep 25 (Zaw)
Ep 26 (uni)
Ep 26 (Zaw)
Ep 27 (Uni)
Ep 27 (zaw)
Ep 28 (Uni)
Ep 28 (Zaw)
Ep 29 (Uni)
Ep 29 (Zaw)
Ep 30 (Uni)
Ep 30 (Zaw)
Ep 31 (Uni)
Ep 31 (Zaw)
Ep 32 (Uni)
Ep 32 (Zaw)
Ep 33 (U)
Ep 33 (Z)
Ep 34 (U)
Ep 34(Z)
Ep 35 (U)
Ep 35(Z)
Ep 36(U)
Ep 36(Z)

Ep 16 (Zaw)

82 3 0
By Ellena_Byun


ကံကြမ္မာဟာတစ်ပတ် ပြန်လည်တတ်ပါသလား..
ဒါဆိုရင်လုပ်ယူဖန်တီးထားတဲ့ ကံကြမ္မာကရော..

ဘဝခြားနေတာသိသိရက်နဲ့ ချန်းယောလ်ရောဘတ်ဟျွန်းရော နှစ်ယောက်လုံးကပါ ထပ်ပြီးချစ်နေမိကြပြန်ပြီ။ မျက်လုံးနဲ့မမြင်နိုင်တဲ့အရာတွေ ထူးခြားဆန်းကြယ်တဲ့အရာတွေဟာ ဒီကမ္ဘာမှာရှိတယ်လို့ရော ယုံကြည်ပါသလား..

စာအုပ်တစ်အုပ်ထဲမှာ ရှင်သန်နေထိုင်ကြတဲ့လူတွေ
ဇာတ်ဆရာအလိုကျ စာရေးသူရဲ့ဖန်တီးမှုအောက်မှာပဲ ကြိုးဆွဲရာကကြရတဲ့ ဇာတ်ရုပ်တွေ..
အရာအားလုံးကိုဆန်ကျင်ပြီးတော့ နာကျင်ရမယ်မှန်း ပြစ်ဒဏ်ခတ်ခံရမယ်မှန်း သိသိရက်နဲ့ ဘတ်ဟျွန်းကို ချန်းယောလ်က ဒီစာအုပ်ထဲခေါ်သွင်းခဲ့တာ

ဖမ်းဆုပ်လို့မရတော့တဲ့ အတိတ်တွေမှာ ဘတ်ဟျွန်းကချန်းယောလ်နှလုံးသားထဲရှင်သန်နေခဲ့ဖူးတယ်။ တစ်ဖက်သတ်အချစ်ဆိုတာဖမ်းဆုပ်လို့မရတဲ့ တိမ်စိုင်တွေလိုပဲ ချစ်ရသူကို လူတိုင်းက ကိုင်တွယ်ထိတွေ့ချင်ကြတာချည်း..

ဘဝတွေခြားပေမဲ့ ချန်းယော်ရဲ့ချစ်ခြင်းတရားက ဘတ်ဟျွန်းအတွက်ဆို ထာဝရတည်မြဲတယ်။ နှစ်ပေါင်း၁၀၀မှာ ထူးဆန်းစွာ ပေါ်ထွက်လာခဲ့တာကတော့ အပြာရောင်တွေချည်းဖြစ်နေတဲ့ အမှတ်အသားတွေဖြစ်တယ်။

"အကိုတော် ဂျွန်မြောင်ကို ခေါ်လာခဲ့ပေး"

"အမိန့်တော်အတိုင်းပါမင်းကြီး"

ဟိုတစ်နေ့ညက ဘတ်ဟျွန်းရဲ့ပင်လယ်ပြာရောင်မျက်ဝန်းတွေကို အခုထိမျက်လုံးထဲမှာစွဲထင်နေတုန်း
နဖူးကအမှတ်အသားဟာလဲ အပြာရောင် ။
ထပ်ပြီးတော့ တချိန်ထဲမှာပြိုင်တူထွက်ပေါ် ပြိုင်တူမှေးမှိန်သွားတဲ့ ချန်းယောလ်နဲ့ ဘတ်ဟျွန်းရဲ့မျက်ဝန်းပြာတွေကလဲတစ်မျိုးထူးဆန်းနေသေးပြန်တယ်

ကျိန်စာဖြစ်မှပေါ်လာတတ်တဲ့ ချန်းယောလ်ရဲ့မျက်ဝန်းပြာတွေဟာ ဘာကြောင့်များ...

"အစ်ကိုတော်ဂျွန်မြောင် ဝင်ခွင့်တောင်းပါတယ်"

"ဝင်လာစေ ပြီးတော့ အဆောင်တော်ရဲ့ခပ်ဝေးဝေးမှာ အားလုံးစောင့်နေပါ"

"မင်းကြီး ဘာများအမိန့်ရှိချင်ပါသလဲ"

"အစ်ကိုတော် ကျွန်တော်.."

အရင်ကလို ကျားသစ်မျက်လုံးဟန် ရဲရင့်နေတတ်တဲ့ ချန်းယောလ်မျကိလုံးတွေက ခွေးပေါက်ကလေး အစာတောင်းသလိုမှိန်ဖျော့သွားလေရဲ့

"အပြာရောင်မျက်ဝန်းတွေက ထပ်ပေါ်လာတယ်အစ်ကိုတော်"

ထူးဆန်းတဲ့ အပြာရောင်တွေအကြောင်းနားထောင်အပြီး မှာတော့ ဂျွန်မြောင်ရဲ့မျက်ခုံးတွေက စုကုပ်သွားရတယ်

"ကျိန်စာက ဘတ်ဟျွန်းပြန်ချစ်ရင် ပြေသွားပြီ.ဒါပေမဲ့ ဒီဘက်မှာပေါင်းဖက်မရတဲ့မင်းတို့ရဲ့အချစ်ကြောင့်ကျိန်စာတစ်ခုထပ်ဖြစ်ပေါ်လာတာလား... ဘတ်ဟျွန်းရဲ့အမှတ်အသားနဲ့အပြာရောင်ပြောင်းသွားတဲ့မျက်လုံးတွေနဲ့ ပြီးတော့မင်းရဲ့အပြာရောင်မျက်လုံးတွေနဲ့ တစ်ခုခုဆက်စပ်တာလဲဖြစ်နိုင်တယ်"

အရင်ကကြင်ယာတော်ဗြောင် မနှစ်သက်ဟန်ပြုရင်
ပေါ်လာတတ်တဲ့ ချန်းယောလ်ရဲ့အပြာရောင်မျက်ဝန်းတွေလို အခုလဲပြိုင်တူဖြစ်ပေါ်လာတဲ့ မျက်ဝန်းပြာတွေက အဓိပ္ပာယ်တစ်ခု ကွဲပြားချင် ကွဲပြားနေဦးမည်။

"မင်းတို့နှစ်ယောက် ဒီဘက်ကမ္ဘာမှာ ပေါင်းဖက်လို့မရဘူး အဲ့တာကိုတော့သိတယ်မလား မသေမျိုးလူသားနဲ့ သေမျိုးလူသားဟာ ဒီကမ္ဘာမှာပေါင်းဖက်ခွင့်မရှိဘူး လီယောလ်။ ကြင်ယာတော်ကိုအတိုင်းအတာတစ်ခုထိပဲ မင်းခေါ်ထားလို့ရမှာ"

ဘာဝဋ်ကြွေးတွေများရှိခဲလို့ ချစ်ခွင့်ရဖို့တောင်ခက်ခဲနေရတာလဲ။ ချစ်ရသူနဲ့ကွေ့ကွင်းရခြင်းဆိုတဲ့ အပြစ်ဟာကြီးလေစွ။ ချစ်ရက်နဲ့ ကွေ့ကွင်းရတာ ရင်ပိုနာရတယ်ဆိုတာ အသင်လောကကြီးမသိပေလော..
____

နှုတ်ခမ်းကိုစေ့စေ့ပိတ်ပြီး လုပ်စရာရှိတဲ့အမှုတော်တွေကို ထမ်းရွက်နေပေမဲ့ ချန်းယောလ်ရဲ့မျက်လုံးကြည်ကြည်တွေကအရင်ကလို အသက်မဝင်တော့သလိုပဲ ။

အမှန်တိုင်းပြောရမယ်ဆို သူဘတ်ဟျွန်းနဲ့မခွဲနိုင်ဘူး။
ခဏတာလေးရှိခွင့်ရဖို့အတွက်တောင် ချန်းယောလ်ကဒီကမ္ဘာနဲ့အတိုက်အခံလုပ်ထားခဲ့ရတာ။ ဘတ်ဟျွန်းကိုလဲ အတူတူစိတ်ပင်ပန်းမခံစေချင်ပြန်ဘူး။ အမြဲတမ်းအတူရှိနိုင်ဖို့ ဟိုဘက်ကမ္ဘာကိုသွားရမဲ့နည်းလမ်းကိုလဲ ဘယ်သူမှမသိပြန်ဘူး။ အလုပ်တွေတောက်လျှောက်လုပ်ပြီး ချန်းယောလ်ရဲ့စိတ်ရောလူရောက တကယ်ပင်ပန်းနေပြီ။

"မင်းကြီး မယ်တော်ကြီးမွေးနေ့ပွဲအတွက် မင်းကြီးရဲ့ပုလ္လင်တော်ဘေးမှာ အတူထိုင်စေမဲ့သူကဘယ်သူပါလဲ"

"ကြင်ယာတော်ပြန်ရောက်လာပြီလေ ငါ့ရဲ့ကြင်ယာတော် ဗြောင်ဘတ်ဟျွန်းပဲပေါ့"

တီးတိုးပြောနေကြတဲ့ အမတ်တွေကိုလီယောလ် တကယ်စိတ်ရှုပ်လာရပြီ။ ခေါင်းတွေကိုဘယ်ဘယ်လှည့်လိုက် ညာဘက်လှည့်လိုက် နောက်ကိုကြည့်လိုက် ရှေ့ကိုကြည့်လိုက်နဲ့ မူလီတောင် အမတ်တွေလောက်လှည့်နိုင်မယ်မထင်ဘူး။

"ဒါပေမဲ့ ကြင်ယာတော်ကအတိတ်မေ့နေတယ်လို့ကြားသိရပါတယ်။ တခြားတိုင်းပြည်ကပါ လာမဲ့ဒီလိုကိစ္စမှာ တိုင်းပြည်ရဲ့အိမ်ရှေ့စံမငိးသားကိုမွေးဖွားပေးနိုင်မဲ့ ရာထူးအမြင့်ဆုံးဖြစ်တဲ့ မိဖုရားကြီးကိုပဲ ထားသင့်တယ်ထင်တာပဲ။ ကိုယ်ဝန်မဆောင်နိုင်တဲ့ ပုံမှန်မဟုတ်တဲ့ ယောက်ျားလေးကြင်ယာတော်ကို လက်ဆတ်ထားတဲ့မင်းကြီးက ကြင်ယာတော်ဗြောင်ဘတ်ဟျွန်းကို ပွဲမထုတ်သင့်ဘူးလို့ထင်မြင်မိပါတယ်"

"ဝုန်း!"

ရှေ့မှာတင်ထားတဲ့ စာချွန်လွှာတွေကိုလက်နှစ်ဖက်နဲ့ဆွဲချပစ်ကာ မျက်မှောင်ကြီးကြုံလို့ မတ်တပ်ထရပ်ပစ်တာ ဝုန်းကနဲ။

"လျှာရိုးမရှိတိုင်း လျှောက်ပြောချင်နေတဲ့ လျှာတွေကို ကိုယ်တော်ကမေတ္တာလက်ဆောင်အနေနဲ့ ဖြတ်ပေးရမလား ကြင်ယာတောင်ဗြောင်ကို ထပ်စော်ကားရင် ဘယ်သူဖြစ်ဖြစ်ခေါင်းနဲ့ ခန္ဓာ အိုးစားကွဲမယ်မှတ် မကြာခင်အချိန်မှာ ကြင်ယာတော်ဗြောင်ကို ဒုတိယအကြိမ်ထပ်မံထိမ်းမြားပြီး ဂျိုဆွန်းရဲ့ဒုတိယဘုရင်(ဘုရင်ခံ)အဖြစ်ချီးမြှင့်မယ်
ညီလာခံသိမ်းစေ"

ဒေါနဲ့မောနဲ့ဆင်းသွားတဲ့ လီယောလ်ကနောက်က အထိတ်တလန့်အသံတွေကိုကြားမိပေမဲ့ တစ်ချက်တောင်ဂရုစိုက်ဟန်မပြု။ ဂျိုဆွန်းရဲ့ဒုတိယဘုရင်(ဘုရင်ခံ) ဆိုတာကမင်းကြီးပြီးရင်အာဏာအကြီးဆုံးပဲမဟုတ်ပါလား။ ကြင်ယာတော်ဗြောင်ကိုစကားနဲ့တောင်မထိပါးနိုင်စေရန် မင်းကြီးရဲ့အကွက်ကျကျချီးမြှောက်မှုပင်ဖြစ်သည်။ လီယောလ်ရဲ့စိတ်ကူးထဲမှာတော့ကြင်ယာတော်ကိုဘွဲ့နာမည်အသစ်ပေးရန် စဉ်းစားပြီးဖြစ်သည်။

_____

အလယ်နန်းဆောင်မှာတော့ မိဖုရားခေါင်ကြီးနဲ့မိဖုရားတချို့အပါအဝင် ကြင်ယာတော်ဗြောင်ပါ အတူတူလက်ဖက်ရည်သုံးဆောင်နေကြသည်။

"ကြားရတဲ့သတင်းအရတော့ ကြင်ယာတော်ဗြောင်ကြောင့် ညီလာခံမှာ မင်းကြီးနဲ့အမတ်တွေ ပဋိပက္ခဖြစ်ခဲ့တယ်ဆိုပဲ"

ဘတ်ဟျွန်းနဲ့တစ်ခါပြသနာတတ်ဖူးတဲ့ မိဖုရားငယ်က မိဖုရားကြီးကိုကြည့်ရင်း ခပ်ထေ့ထေ့ဆိုလာတယ်။

"မင်းကြီးဘေးနားမှာ ထိုင်မဲ့လူကိုရွေးရင်းက ပြသနာတတ်တယ်ကြားတာပဲ။အရင်ကညီလာခံမှာ အမတ်တွေနဲ့ မင်းကြီးကအရမ်းကိုအတိုင်အဖောက်ညီခဲ့ကြတာလေ အခုကိစ္စမှ အဟင်းအဟင်း"

မိဖုရားကြီးကဘာမှမပြောပေမဲ့ မိဖုရားငယ်ကတော့ ဘတ်ဟျွန်းက မထိတရိကြည့်ကာတစ်ယောက်ထဲဆက်ပြောနေတုန်း

"ကိုယ်တော်ကတော့ မထိုင်ရလဲကိစ္စမရှိဘူး ရာထူးအာဏာတွေထက် ပိုမက်မောတာ အရှင်မင်းကြီးရဲ့နှလုံးသားမလို့လေ ဒါနဲ့ ချိန်းထားတဲ့ဧည့်သည်ရှိလို့ ဒိလောက်နဲ့ခွင့်ပြုပါဦး"

ဘတ်ဟျွန်းထလိုက်တဲ့အချိန်မှာ အပြင်ကအထိန်းတော်ကြီးရဲ့အော်သံကိုပါ တစ်ဆက်ထဲကြားလိုက်ရသည်။

"မင်းကြီး ကြွချီတော်မူလာပါပြီ"

မင်းကြီးကြွလာတာကြောင့် အားလုံးမတ်တပ်ရပ်လိုက်ရတဲ့အပြင် တံခါးပေါက်ဝနားထိဘတ်ဟျွန်းက
ထပြီးမှ ငြိမ်ငြိမ်ရပ်နေလိုက်သည်။

"ဘယ်သွားမလို့လဲဗြောင်"

မိဖုရားတွေအများကြီးရှိနေပေမဲ့ ချန်းယောလ်က ဘတ်ဟျွန်းတစ်ယောက်ထဲရှိသည့်အလား

"ကိစ္စလေးရှိလို့ ပြန်တော့မလို့ပါအရှင်မင်းကြီး"

"ခဏထိုင်ဦး"

လက်ကိုပါကိုင်ဆွဲလာပေမဲ့ ဘတ်ဟျွန်းကဒီမှာတစ်စက္ကန့်လေးတောင်ဆက်မနေချင်တော့ဘူး။ရိသဲ့သဲ့လုပ်နေကြတဲ့ မိဖုရားတွေကြား သူကတစ်ယောက်သော ယောက်ျားလေးကြင်ယာတော်မို့ အနေရခက်တာတော့အမှန်ပင်.ပညာရှိအမျက်အပြင်မထွက်ဆိုသလို စကားနည်းရန်စဲအောင် ဘတ်ဟျွန်းက ပြန်ဖို့ပြင်လိုက်ခြင်းပင်။.လောလောဆယ်မင်းကြီးမျက်နှာကိုလဲမကြည့်ချင် မိန်းမတွေအများကြီးယူထားပြီးဘတ်ဟျွန်းကိုစိတ်ဒုက္ခလာပေးနေတာမဟုတ်ပါလား

လက်ကိုဆွဲဖြုတ်လိုက်ပြီး ဆက်သွားမယ်ပြင်တော့

"ကိုယ်တော် ခဏနေဦးလို့ပြောတယ်မလား ကြင်ယာတော်ဗြောင်!"

အလုပ်ဒဏ်တွေကြောင့်ရော ပင်ပန်းတာတွေရောကြောင့် ချန်းယောလ်စိတ်ရှုပ်နေမိတာကြောင့်
အသံကခပ်ကျယ်ကျယ်နဲ့အော်သလိုဖြစ်သွားရသည်။

"ကျွန်တော်ကို လာမအော်နဲ့ ခင်ဗျား.."

ဘတ်ဟျွန်းကပြန်အော်ပစ်လိုက်တာ မင်းကြီးထက်တောင်ပိုကျယ်သွားသေးသည်။ ပွဲကြည့်ပရိသတ်မိဖုရားတွေကတော့ကြောင်အမ်းအမ်း။ မင်းကြီးကိုပြန်အော်ရဲတဲ့ အမျိုးသားကြင်ယာတော်ဘတိဟျွန်းကို အကြောင်သားငေးကြည့်နေကြသည်။ ခြေထောက်ကိုဆောင့်ပြီးထွက်သွားတဲ့ ဘတ်ဟျွန်းရဲ့မျက်ဝန်းထဲကမျက်ရည်တွေကိုတော့ ချန်းယောလ်တစ်ယောက်ထဲသာမြင်ခဲ့ရသည်။

"ကိုယ်တော်လဲ ပင်ပန်းနေပြီဗြောင်.."

Continue Reading

You'll Also Like

378K 32.9K 93
Sequel to my MHA fanfiction: •.°NORMAL°.• (So go read that one first)
756K 20.5K 76
မင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခ...
87.3K 2.9K 27
Yn was married to a cold man, Kim Taehyung, the Mafia King, who never showed any emotion towards her. He never trusted her and it caused him to take...
1.4M 32.2K 60
In which Daniel Ricciardo accidentally adds a stranger into his F1 group chat instead of Carlos Sainz.